Latest News

Tuesday, May 31, 2016

မလျော်သြဇာသုံးစွဲငါးလုပ်ငန်းလုပ်ကိုင်သည်ဟုတင်ပြခြင်းနှင့် NLD ပါတီပုံရိပ်နှင့်သိက္ခာထိခိုက်ပါသဖြင့်ထိရောက်စွာအရေးယူရန်တင်ပြခြင်း


ပန်းတနော်မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့်ဒဲ့ ရှင်း ကြ မယ်။
(ပန်းတနော်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ လာဘ်စားပါက ထိုက်တန်သော
အပြစ်ရစေရမည် ဖြစ်ပါသည်။
မဟုတ်မမှန် လုပ်ကြံတိုင်တန်းပါက တိုင်ကြားသူများ အနေဖြင့် ကိုယ့်ကိစ္စ ကိုယ်ရှင်းရပါလိမ့်မည်။ )
Myat Thura 


ယနေ့ညနေ ကန်သုံးဆင့်ကန်ပတ်လမ်းရေဆင်း တံတား ရှိ လက်ရန်းဘဲရုပ်များကို ခြေထောက်ဖြင့်ကန်ပြီး ဖျက်ဆီး


ယနေ့ညနေ ကန်သုံးဆင့်ကန်ပတ်လမ်းရေဆင်း တံတား ရှိ လက်ရန်းဘဲရုပ်များကို ခြေထောက်ဖြင့်ကန်ပြီး ဖျက်ဆီးမှုဖြစ်ပွား
ဖျက်ဆီးသူများအားဖမ်းဆီးမိ အရေးယူဆောင် ရွက်လျက်ရှိ
ပုသိမ်မြို့နယ်စည်ပင်သာယာရေး ကော်မတီ



ငွေကြေးတောင်းသည်ဟုဆိုကာ တိုင်ကြားခံ ရ သည့်ကျောင်း ကို စစ်ဆေး


မျိုးမင်းပိုင်
ကျောင်းပြောင်းလက်မှတ် အတွက် ငွေကြေးတစ်သောင်းခွဲ တောင်းသည်ဟုဆိုကာ တိုင်ကြားခံရသည့် ပုသိမ်မြို့ နယ် ရှိ ကြည်သာကျေးရွာ အ.မ.က ၂၃၁ ကျောင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး က ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ သည်။
ဒီလိုပဲ သတင်းထွက်လို့ လာကြည့်တာပါ ဟု ဒေါက်တာလှမြတ်သွေးကဆိုသော်လည်း စစ်ဆေးမှုများကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ကြည်သာဒေသခံ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ရပ်ကျေးအတွင်းရေးမှူး မှပုသိမ်မြို့ နယ်လွတ်တော်ကိုယ်စားလှယ် (NLD)ဦးစိုးဝင်းကိုဖုန်းဖြင့် ဆက်သွယ် တိုင်ကြားရာမှ လူမှုရေးဝန်ကြီးက သွားရောက် စစ်ဆေးခဲ့ ခြင်းဖြစ်သည်။
သူမ၏ လေးတန်းကျောင်းသားကလေးကျောင်း ပြောင်းလက်မှတ် ရယူရန် ကျောင်းအုပ်ဆရာမကြီးက ငွေကျပ်တစ်သောင်းခွဲတောင်းခံခဲ့သည်ဟု တိုင်ကြားသူ
ကြည်သာကျေးရွာ ဒေသခံ ဒေါ်သီတာမြင့်ကမီဒီယာများကိုပြောသည်။
ငွေတောင်းတာကတော့ ဟုတ်သင့် သလောက်လဲ ရှိပါတယ်ဟုဆိုသော်လည်း တောင်းသည့်အထောက်အထားကိုတော့ The Messenger Media ၏ မေးမြန်းမှုအပေါ်တိုင်ကြားသူက အတိအကျ ပြောဆိုနိုင်ခြင်းမရှိပေ။
တောင်းလဲ မတောင်းခဲ့ ဘူး ယူလဲ မယူခဲ့ ဘူး သူနဲ့ ဘယ်နှစ်ခါ စကားပြောခဲ့ လဲ ဘယ်နေရာမှာတောင်းတာလဲ ဘယ်သူနဲ့ ပေးတာလဲ ဘယ်နေရာမှာပေးတာလဲဆိုတာလဲ တိုင်တဲ့ သူကိုမေးချင်တယ် သူနဲ့ တစ်ခါမှတောင်စကားမပြောခဲ့ ဘူးပါဘူး ဒီအချိန်မှာ ပိုက်ဆံ မကောက်ရဘူးဆိုတာ အားလုံသိနေကြတာ နောက်ဆုံးအလှူခံတာတောင် မလုပ်ရဘူးလို့ ပြောထားတာ တောင်းတယ်ဆိုရင် ကျွန်မလောက်မိုက်မဲတဲ့ သူရှိမှာ မဟုတ်ဘူး သို့ သော် သူတို့ က အပြင်မှာ သပုတ်လေလွင့်သတင်းတွေလွင့်နေတဲ့ အပေါ် လူမှုရေးဝန်ကြီးကလာကြည့်တာပေါ့ ဆရာမကြီး ဘက်က တော့ ငွေကြေးလဲ ခက်ခံမထားဘူးတောင်းလဲမတောင်းခဲ့ ဘူးဖြစ်တဲ့ အတွက် ရှင်းမှာပဲသို့ သော် ဆရာမကြိးအတွက် သိက္ခာကျတာပေါ့ အရှက်နဲ့ သိက္ခာဆိုတာ ဆရာမကြီးတို့ ဘ၀မှာ အရမ်းအရေးကြီးပါတယ်သို့ သော် ဒီလို သိက္ခာကျအောင်လုပ်တဲ့ အပေါ်ဝန်ထမ်းတစ်ယောက်ဖြစ်နေတဲ့ အတွက် တုန့်ပြန်မှာတော့ မဟုတ်ဘူး အတတ်နိုင်ဆုံးရှင်းပြသွားမှာပါဟု အ.မ.က ၂၃၁ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။
ဆရာ ဆရာမများ အနေဖြင့် ကျောင်းအပ်နံမှုများကျောင်းပြောင်းလက်မှတ် ရယူမှုများတွင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနများမှ ညွန်ကြားထားပြီး လိုက်နာခြင်းမရှိက ထိရောက် စွာအရေးယူမည်ဟု သတင်းထုတ်ပြန်ထားသည်။
မန္တလေးအလင်းနေ့ စဉ်ထုတ်သတင်းစာ

ဒီရေတောများ ဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်


ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ကျင်းပ


ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများ ဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုက ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကမ်းရိုးတန်းဒေသများ ပင်လယ်ကမ်း ခြေဒေသများရှိ ပြည်သူများ၏ သဘာဝ ဘေးအန္တရာယ် လုံခြုံရေးနှင့် ဂေဟစနစ်များ မပျက်သုန်းစေရေးအတွက် ဒီရေတော များဖွဲ့စည်းသင့်ကြောင်းကို ထောက်ပြထားသည်။

ထို့ပြင် အစည်းအဝေးတွင် ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက် ၏ ကျောက်တံတားမြို့နယ်အတွင်း၌ မဲစာရင်များ မှားယွင်းနေမှု အပေါ် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နောင်လာမည့်ရွေးကောက်ပွဲ ကာလ၌ မဲစာရင်း မှန်ကန်နိုင်စေရန် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က နောင်လာမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းမှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်ပြုစုခဲ့သော မဲဆန္ဒရှင်များအား အခြေခံ၍ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်း ကောက်ယူပြီး ပိုမိုပြည့်စုံတိကျ မှန်ကန်စေရေး ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ် မံစီမဲဆန္ဒနယ်မှ ဦးချင်းဖေလင်း၏ ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောတွင်း ကျရောက် လျက်ရှိသော ကျေးရွာများ၊ ကျေးရွာမြေများအား သစ်တောဧရိယာမှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လူဦးရေတိုးတက်လာသည်နှင့်အမျှ လူနေအိမ်များ တိုးချဲ့လုပ်ဆောင်နိုင်ရန်နှင့် စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်နိုင်ရန် အတွက် ကြိုးပြင်ကာကွယ်တောဧရိယာများ လျှော့ချပေး ရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်၊ မရှိပါက အဘယ်ကြောင့်မရှိသည်တို့ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် သစ်တောကြိုးဝိုင်း(၁၁)ခု၊ ဧရိယာ ၁သိန်းကျော် ကြိုးပြင်ကာကွယ်တော(၉)ခု၊ ဧရိယာ ၃ သိန်းကျော် စုစုပေါင်း သစ်တောမြေ လေးသိန်းငါးသောင်းကျော်ရှိပြီး နယ်မြေလုံခြုံရေး ကောင်းမွန်မှု မရှိ သဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများတွင် သစ်တောမြေအတွင်း ကျူးကျော်မှု စာရင်းအား မြို့နယ်အတွင်း နေရာအားလုံးတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပါကြောင်း။

မံစီမြို့နယ်အတွင်း စာရင်းကောက်ယူရရှိသည့် လုံဂျာကြိုးဝိုင်း၏ တစိတ်တ ဒေသဖြစ်သော ကောင်ရာရပ်ကွက်မြေ (၂ ဒသမ ၇၁) ဧက၊ ပြင်ဦးလွင်ရပ်ကွက်မြေ (၇ ဒသမ ၁၅)ဧကနှင့် သာသနာ / အများပိုင်မြေ (၁၈ ဒသမ ၀၄) ဧက စုစုပေါင်း (၂၇ ဒသမ ၉)ဧကအား သစ်တော်မြေမှ ပယ်ဖျက်ပေးပြီးဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေ ကောင်းမွန်ပါက ဌာနစုံပါဝင်သော စုပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူ၍ ကြိုးဝိုင်း /ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်အတန်ကြာ ကျူးကျော်နေထိုင် လုပ်ကိုင်လျက်ရှိသော ကျေးရွာများမှ လယ်၊ ရွာမြေ၊ သာသနာ/ အများပိုင်မြေများအား သစ်တောမြေ အဖြစ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ကရင်ပြည်နယ် ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၏ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာ သတ်မှတ် နှုန်းထားအတိုင်း သက်သာသောစရိတ်နှုန်းထားဖြင့် နိုင်ငံသား တိုင်းအပေါ် တပြေးညီ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကရင်ပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်၌ (NRC)၏ပံ့ပိုးမှုဖြင့် တစ်လလျှင် အနည်းဆုံး တစ်ကြိမ်နှုန်းဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ ကျေးရွာတာဝန်ရှိ သူများ၏ ဖိတ်ခေါ်မှုအရ လည်းကောင်း၊ ကျေးရွာအရောက်လုပ်ငန်းများ အခမဲ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဘားအံမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (၂၃၀၀)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၉၆၇၈) ဦးအား ဆောင်ရွက်ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။

================

MOI Webportal Myanmar

နေပြည်တော် မေ ၃၀

ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ညောင်တုန်းမြို့မြစ်ကမ်း ရေကာတာတည်ဆောက်ရေးလုပ်ငန်း အပြီးသတ်ရန် နှောင့်နှေးကြန့်ကြာ


မကြာမီက တိုက်ခတ်ခဲ့သော ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ညောင်တုန်းမြို့နယ်အပါအဝင် ဧရာဝတီတိုင်းတစ်တိုင်းလုံးတွင် မိုးရွာသွန်းမှု များပြားခဲ့မှုကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တည်ဆောက်ရေး(၉)က တာဝန်ယူတည်ဆောက်လျှက်ရှိသော ညောင်တုန်းမြို့မြစ်ကမ်း ရေကာတာတည်ဆောက်ရေးလုပ်ငန်း အပြီးသတ်ရန် နှောင့်နှေးကြန့်ကြာနေရကြောင်း သိရသည်။

အဆက်မပြတ်မိုးရွာသွန်းနေမှုကြောင့် မြေသယ်ခြင်း၊ မြေဖို့ခြင်း၊ မြေညှိ ခြင်း လုပ်ငန်းများနှင့် ကွန်ကရစ်လုပ်ငန်းများ၊ မြစ်ကမ်းနံရံ ကျောက်စီခြင်း လုပ်ငန်းများကို ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရကြောင်း သိရသည်။
ညောင်တုန်းမြို့အရှေ့ပိုင်းနှင့် ကျွန်း ထိပ်ပိုင်းတို့တွင် တည်ဆောက် ခဲ့သော မြေသားတာပေါင် မြှင့်တင်ခြင်း၊ အုတ်ကွန်ကရစ်ဖြင့် တာပေါင်မြှင့်တင်ခြင်း၊ ပုံစံကျတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးနေပြီဖြစ်သည့်အပြင်
 ညောင်တုန်းမြို့ ၉ လမ်း မှ ၁၂ လမ်း ကွဲအက်နိမ့်ကျခဲ့သော ရေကာတာနေရာတွင် အဓိကထား ဆောင်ရွက်လျှက်ရှိသည့် နေရာတွင်လည်း သဲအိတ်ကြီးများချခြင်း၊ ရေရှိန်သတ် သုံးချောင်းထောက် ကျောက်တုံးများချခြင်း၊ ဘိုးပိုင်များရိုက်ခြင်း၊ သံကူ ကွန်ကရစ်ပိုင်ခုံများနှင့် ရေကာနံရံ တည် ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးနေသော်လည်း နောက်ဆုံးအပြီးသတ်ရန်အတွက် ကျန်ရှိနေသေးသည့် မြေသယ်ခြင်း၊ မြေဖို့ခြင်း၊ မြေညှိခြင်း၊ ကွန်ကရစ်လုပ်ငန်းနှင့် ကျောက်စီလုပ်ငန်းများ အနည်းငယ်ကျန်ရှိနေခြင်း ဖြစ်သည်။

မိုးရွာသွန်းမှုကြောင့် မြေဖို့ခြင်း၊ မြေညှိခြင်းလုပ်ငန်းများတွင် ဗွက်လည်နေမှုကြောင့် ခက်ခဲစွာ ဆောင်ရွက်နေရသော်လည်း လုပ်ငန်းများ မကြာမီပြီးဆုံးစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
MOI

အစားအသောက်ကောင်းကြိုက်သူတို့အတွက် ပုသိမ်မြို့၏စားကောင်းသော အစားအစာလေးများ


**အစားအသောက်ကောင်းကြိုက်သူတို့အတွက် ပုသိမ်မြို့၏စားကောင်းသော အစားအစာလေးများ ****
1. M2 က ဝက်သားတုတ်ထိုး
2 .River viewကဝက်သားပြားကျော်
3. ဈေးလေးကရွာသစ်မုန့်ဟင်းခါး
4. super cool က အခေါက်ကင်
5. Perfectကကော်ဖီနဲ့ ခေါပုပ်ကြော်
6.ဧသီရံကကြက်ချိုချဉ်
7.၂၄အမကကျောင်းရှေ့က
ညဘက်ဖွင့်တဲ့ဒေါ်ရှဲမုန့်
8.
chan ကရှမ်းခေါက်ဆွဲ
9. Family က မာလာဟင်း
10.မန်း ကော်ရည် ဆီချက်
11.ဈေးလေးရှေ့က အညာသား
ထမင်းဆိုင်က ကြက်ကြော်
12. Super Cool က ဝက်နံရိုးကြော်
13. ထိပ်တန်းကခေါက်ဆွဲကြော်
ကြာဇံကြော်
14. တည်းကြီးကုန်း blossom က အသားကင်
15မိန်းလမ်းက ဒေါ်ပု အသုတ်
16.ထက်အောင်က ပသျှူးထမင်းကြော်
17. စွမ်းစွမ်း သင်္ဘောသီး ထောင်း
18. ရန်ကင်းတောင်ဘောလုံးကွင်းရှေ့က 19.အန်တီကြီး မုန့်တီသုပ်
20.အရှေ့ရွာကအသားကင်ထမင်းကြော်
21 .G7က..ပုစွန်မြေအိုးထမင်းပေါင်း🍜🍜
22 . Riverview က တုံယမ်းဟင်းရည်...
23 .ဆေးရုံရှေ့က ကျော်ခိုင် 24.ကြေးအိုးဆီချက်ဆိုင်
25.Cafe Cafe က
ဝက်ကြွပ်ကြော်ဂျင်းထမင်းကြော်..
26.Royal lake က Hotpot ..
27.. Pambo က နို့အေး..
28. နောင်ရိုးက ထမင်းကြော်..
29.သရ၀ဏ် က မြေအိုးမြီးရှည်
30.မန်းဆန်သူက ကတ်ကြေးကိုက် ကြေးအိုးဆီချက်..
31ရွှေစည်းခုံထိပ် ရွှေပြည့်စုံက ကြံခင်းထမင်းသုပ်..
32.တောင်ပေါ် Data FC က ပုန်းရည်ကြီးထမင်းသုပ် ယုန်ကြော်.. 33.ရွှေမြေက ၀က်စတူး..
34.ဈေးလေးက မသင်းမုန့်ဟင်းခါး
35.ရွှေစည်းခုံထိပ် ရွှေပြည့်စုံက လက်ဘက်ရည် ပဲလိပ် နန်းပြားသုတ် 😁
36.Delta Fcကပုစွန်ကင် ကော့တေး
ထမင်းပေါင်း
37.ဘူတာဈေးရှေ့က ခင်မို့မို့ မုန့်ဟင်းခါး
38.ကမ်းနားညဈေးကရခိုင်မကြီးအာပူလျာပူ
39.silver house က ငါးခဲပတ်
40.ပန်းမြို့တော်ကော်ရည်ဆီချက် (ရုပ်ရှင်ရုံအောက်မှာ)
41.ဒေါ်မြစိန်လမ်းကကိုအေးမြင့်ခေါက်ဆွဲ
42.အရှေ့ရွာ က ပုဇွန် အစိမ်းသုပ်
ငါးသံပုရာပေါင်း
43.ဟိုဘက်ကမ်းက ကြယ်စင်က ရှမ်းရေဖျော်။မြေအိုးမြီးရှည်
44.Pambo က ကြေးအိုးဆီချက်
45.အောင်ချမ်းသာ လမင်းအိမ် က နန်းကြီးသုတ်
46.ဈေးရပ်တန်းက ဒေါ်ရှမ်း နံရိုးပေါင်းရှမ်းခေါက်ဆွဲ
47.သမ္မတက အာပူလျှာပူ
ငဖယ်အစာသွပ်
မြေပုံသီးအစာသွပ်
48.အောင်သုခလမ်းက အသားလုံးကော်ရည် ရိုးရိုးကော်ရည် အသားလိပ်
49. ပုသိမ် တစ်ဖက်ကမ်းက (စိန်ကုန်းကူးတို့ဆိပ်) ရာစုသစ် လဖက်ရည်ဆိုင်က
ဆီချက်ခေါက်ဆွဲ နဲ့ထမင်းပေါင်း
50.Dalta FC မြေအိုးအာပူရှာ ပူ (sea food )
51.ဘူတာဈေးရှေ့က ထမင်းကြော်
52.ဓနိတန်းလမ်းက နန်းကြီးသုတ်
လိုတာတွေ ကိုယ်တိုင် ထပ်ဖြည့်ပါ ရန်:-P
‪AKM‬
Aung Kyaw Moe








သဘာဝ သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးဆေးစွမ်း


စိတ်ဓာတ်ကျရင် - မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည် သောက်ပါ။
ပြည်တည်နာ ဖြစ်တဲ့အခါ - ကော်ဖီထုပ်ဖျော်ရည်၊ တရုတ်နံနံဖျော်ရည်၊ မုန်လာဥနီဖျော်ရည် သောက်ပါ။
ကျောက်ကပ်သန့်စင်စေဖို့အတွက် - ဖရဲသီးဖျော်ရည်၊ သခွားသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ နံနံပင်ဖျော်ရည် သောက်ပါ။
သွေးတိုးတဲ့အခါ - ပန်းသီးဖျော်ရည်၊ ဂျင်းဖျော်ရည်၊ သခွားသီးဖျော်ရည်၊ တရုတ်နံနံဖျော်ရည် သောက်ပါ။
ပင်ပန်းနွမ်းနယ်နေရင် - မုန်လာဥနီဖျော်ရည်၊ ပန်သီးစိမ်းဖျော်ရည်၊ သံပရာရည်၊ ဟင်းနုနွယ်ရွက်ဖျော်ရည် သောက်ပါ။
ဝမ်းချုပ်နေရင် - ပန်းသီးဖျော်ရည်၊ ဂေါ်ဖီထုပ်ဖျော်ရည်၊ မုန်လာဥနီဖျော်ရည် သောက်ပါ။ပန်းနာရင်ကျပ် ဖြစ်နေရင် - ကြက်သွန်ဖြူဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်၊ သံပရာရည်၊ ဟင်းနုနွယ်ရွက်ဖျော်ရည် သောက်ပါ။
ခေါင်းကိုက်တဲ့အခါ - ပန်းသီးဖျော်ရည်၊ ဂေါ်ဖီထုပ်ဖျော်ရည်၊ ကိုက်လန်ဖျော်ရည်၊ ဂျင်းဖျော်ရည်၊ တရုတ်နံနံဖျော်ရည် သောက်ပါ။
အဆစ်အမြစ် ရောင်ရမ်းနာကျင်ခဲ့ရင် - နာနာတ်သီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ တရုတ်နံနံဖျော်ရည်၊ သံပရာရည် သောက်ပါ။
စိတ်ဖိစီးမှု ခံစားရတဲ့အခါ - ငှက်ပျောသီးဖျော်ရည်၊ စတော်ဘယ်ရီသီးဖျော်ရည်၊ သစ်တော်သီဖျော်ရည် သောက်ပါ။
အစာမကြေဖြစ်ခဲ့ရင် - နာနာတ်သီးဖျော်ရည်၊ သံပရာရည်၊ မုန်လာဥနီဖျော်ရည်၊ ပူဒီနာရွက်ဖျော်ရည် သောက်ပါ။
ဆီးချိုရောဂါအတွက် - တရုတ်နံနံဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ ဟင်းနုနွယ်ရွက်ဖျော်ရည် သောက်ပါ။
အရက်မူးလွန်ခဲ့ရင် - ပန်းသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ သံပရာရည် သောက်ပါ။
Credit: Duwun
ဒို့ရွှေမြန်မာတိုင်းရင်းဆေးထုတ်လုပ်ရေး

လူသေဆုံးမှုအပေါ် လပွတ္တာမြို့နယ် တူးမြောင်းစခန်းရဲတပ်ဖွဲ့က ခြိမ်းခြောက် ရိုက်နှက်စစ်ဆေးပြီး မမှန်မကန်သက်သေထွက်ဆိုခိုင်းဟုဆို

 လူသေဆုံးမှုအပေါ် လပွတ္တာမြို့နယ် တူးမြောင်းစခန်းရဲတပ်ဖွဲ့က ခြိမ်းခြောက် ရိုက်နှက်စစ်ဆေးပြီး မမှန်မကန်သက်သေထွက်ဆိုခိုင်းဟုဆို

လပ္ပတ္တာမြိုနယ် ဘီတွတ်ကျေးရွာအထက်တန်းကျောင်းဝင်ခွင့်တွင် ‪‎ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း‬ ‪သို့ဝင်ရောက်ပြီး‬/မပြီးအချက်ပါဝင်နေ



ဧရာဝတီတိုင်း လပ္ပတ္တာမြိုနယ် ဘီတွတ်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း ၏
ကျောင်းဝင်ခွင့်လျောက်လွာ အပိုဒ်(၁၄) တွင်‪‎ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း‬
‪သို့ဝင်ရောက်ပြီး‬/မပြီးဆိုသောအချက်ပါဝင်နေတာတွေ့ ရှိရပါသည်။
သတင်းဓာတ်ပုံ-Kmt Kyawmin




ရဲဘက်စခန်းမှ ထွက်ပြေးလာသူများ ဖမ်းမိ


၃၁.၅.၂၀၁၆ရက်နေ့ ၁၀၃၀အချိန် ဓနုဖြူမြို့မရဲစခန်းမှ ရဲအုပ်ရန်နိုင်ဦး ဦးစီးတပ်ဖွဲ့ဝင်များသည် ရက်(၁၀၀) စီမံချက်အရ ရဲစခန်းပိုင်နယ်မြေအတွင်း လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ဓနုဖြူမြို့(၅) ရပ်ကွက် အရောက်တွင် အဆိုပါ ရပ်ကွက်ထဲရှိ ကမ်းနားလမ်း၊ စံကင်းကူတို့ဆိပ်အနီးရှိ တာဇံလိုင်စင်ရ အရက်ဆိုင်တွင် ဖိနပ်မပါ ဘောင်းဘီတိုများဖြင့် မသင်္ကာဖွယ်ရာ လူ(၃)ဦး ရောက်ရှိနေကြောင်း သတင်းအရ ရပ်ကွက်နေပြည်သူလူထုနှင့် ပူးပေါင်းပြီး ၀ိုင်းဝန်းဖမ်းဆီးရာ ၃၁.၅.၂၀၁၆ရက်နေ့ ၀၁၁၅အချိန် ရန်ကုန်တိုင်းဒေသကြီး
တိုက်ကြီးမြို့နယ်၊ ဘ၀သစ် မြရည်ကုန်းရဲဘက်စခန်းမှ ထွက်ပြေးလာသည့် ---


၁။ အောင်သူ(၂၄)နှစ်၊ (ဘ)ဦးကျော်နိုင်ဝင်း၊ တောင်ဥက္ကလာစီမံကိန်း ကျူးကျော်မြေ၊ ရန်ကုန်မြို့၊


၂။ ရဲထွဋ်ဦး(ခ)အောင်ကြီး(၂၃)နှစ်၊ (ဘ)ဦးအောင်ဆန်းဦး၊ သခင်ဖိုးလှကြီး၊ (၆)လမ်း၊အမှတ်(၁၈)
ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့၊


၃။ ဖိုးဆိုး(ခ)လှိုင်ထွန်း၊ (၂၇)နှစ်၊ ဦးတင်လှိုင်၊ ပြည်တော်သာပတ်လမ်း၊ အမှတ်(၁၀)ရပ်ကွက်၊
ရွှေပြည်သာမြို့နေသူတို့ဖြစ်ကြောင်း၊ ၄င်းတို့၏ ထွက်ဆိုချက်အရ သိရှိခဲ့ရပြီး ၄င်းတို့နှင့်အတူ
ရဲဘက်စခန်းမှ ထွက်ပြေးလာသူ စုစုပေါင်း(၆)ဦးဖြစ်ကြောင်း အခြား(၃)ဦးမှာ ၄င်းတို့နှင့်အတူ
ပုကွန်ကျေးရွာမှ ဌားရမ်းစီးနင်းလာသည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ(၃)ဦးအနက် (၁)ဦးအား
ခေါ်ဆောင်ပြီး ဓနုဖြူမြို့၊ စီဘီ ဘဏ်သို့သွားရောက်နေကြောင်း စစ်ဆေးသိရှိရသဖြင့် ဖမ်းဆီးရ
မိသူ ရဲဘက်ပြေးတရားခံ(၃)ဦးအား ဓနုဖြူရဲစခန်းတွင် အပ်နှံထားရှိပြီး ရဲအုပ်ရန်နိုင်ထွန်းဦးစီး
တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ပူးပေါင်းကာ စီဘီ ဘဏ်သို့ သွားရောက် ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ နေလင်းဆန်း (၂၂)နှစ်၊ (ဘ)ဦးဆန်းနိုင်၊ ၁၄/ဓနုဖြူ(နိုင်)၀၄၄၃၇၉ပုကွန်ကျေးရွာ၊ ဓနုဖြူမြို့နယ်နေသူ၏ မှတ်ပုံတင်ကို အသုံးပြုပြီး စီဘီဘဏ်အတွင်းသို့ မရိုးမဖြောင့်သောနည်းဖြင့် ၀င်ရောက်ရန် ကြိုးစားနေစဉ် ---

၎။ နိုင်နိုင်ထွန်း(သ)၂၅နှစ်၊ (ဘ)ဦးလှမြင့်၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၁၅၅)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်၊ ရန်ကုန်မြို့၊


၅။ ပြည့်ဖြိုးအောင်(သ)၂၃နှစ်၊ (ဘ)ဦးကျော်ဝေ၊ လက်ခုပ်ကုန်းကျေးရွာ၊ ကွမ်းခြုံကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

၆။ အာကာ(ခ)အာကာစိုး (သ)၂၂နှစ်၊ (ဘ)ဦးစိုးအောင်၊ အမှတ်(၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊
ရန်ကုန်မြို့ နေသူ(၃)ဦီးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

Ayeyarwaddy region police

Monday, May 30, 2016

ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော် အတွက် အစိုးရသစ် စဉ်းစားပေးမည်မဟုတ်


မျိုးမင်းပိုင်
စည်ပင်ဝန်ထမ်းများ စိုက်ထုတ် သုံးစွဲထားသော ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်ကို အစိုးရသစ် အနေဖြင့် စဉ်းစားပေးမည် မဟုတ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်က The Messenger Media သို့ ပြောကြားသည်။
ယခင်တာဝန်ယူခဲ့သော ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင် လက်ထက်တွင် ဆောင်ရွက်ခိုင်းခဲ့သည့် ကွန်ကရစ်လမ်းများ အပါဝင် ရေပေါ် ဈေးတိုးချဲ့ဆောင်နှင့် အဆင့်မြင့် အိမ်သာ တည်ဆောက်ရေး လုပ်ငန်းများ အတွက် ကုန်ကျငွေ၊ ငွေကျပ်သိန်း ပေါင်းကိုးထောင်ခန့်ကို စည်ပင်ဝန် ထမ်းများက စိုက်ထုတ်သုံးစွဲထား ခြင်းဖြစ်သည်။
““ဘတ်ဂျက်ထဲမှာ မပါတော့ ပေးစရာလည်း မလိုဘူး။ အဲဒီသဘောတော့ ရှိတယ်။ စိုက်ထားတာ ကတော့ စိုက်ထားတဲ့ သူခံပေါ့။ အစိုးရသစ် အနေနဲ့ကတော့ ဘတ်ဂျက်မှာ မပါတဲ့ အတွက် ပေးဖို့အစီအစဉ် မရှိဘူး။ မစဉ်းစားဘူး”” လို့ ဦးကျော်မြင့်က ဆိုပါသည်။
ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် အစိုးရအဖွဲ့သက်တမ်းမကုန်မီ ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် ၂၀၁၆-၁၇ ဘတ်ဂျက်နှစ်မှ ရရှိလာမည့် ဘတ်ဂျက် ငွေကျပ်သိန်းပေါင်း ရှစ်ထောင့်လေးရာ လေးဆယ့်တစ်သိန်းကို ကြိုတင်သုံးစွဲကာ ပုသိမ်မြို့နယ် အတွင်း ကွန်ကရစ်လမ်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်ယခင်အစိုးရ ဆောင်ရွက်ခိုင်းခဲ့သော ရေပေါ်ဈေးတိုးချဲ့ဆောင်နှင့် အဆင့်မြင်အိမ်သာ တည်ဆောက်ရေး အတွက် ကျပ် (၁၄၉၁) သိန်းကိုလည်း ငွေပေးချေခဲ့ခြင်း မရှိဘဲ ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးရဲဝင်းအောင်က စိုက်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး စည်ပင်သာယာ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ၄င်းတို့အစိုးရအဖွဲ့ ကာလအတွင်း ဆောင်ရွက်ရန် ယခင်အစိုးရက တရားဝင်ခွင့်ပြုချက်ပေး ဆောင်ရွက်ခိုင်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ငွေကျပ်သိန်းပေါင်း ရှစ်ထောင်ကျော်ကို ၄င်းနှင့်သူ၏စည်ပင်ဝန်ထမ်းများက ခေတ္တစိုက်ပေးထားရကြောင်း ပြောသည်။
ယင်းသို့ ဆောင်ရွက်ခဲ့မှုများသည် ရွေးကောက်ပွဲကာလ၌ ယင်းတို့၏ လုပ်ဆောင်မှုကို ပေါ်လွင်စေချင်သောကြောင့် ယခင်အစိုးရက ဆောင်ရွက်ခိုင်းခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်းများ အနေဖြင့် သဘောတူညီမှု၊ ညှိနှိုင်းမှုများကို အရင်ရယူသင့်ကြောင်း ဦးကျော်မြင့်က ဆိုသည်။
အဆိုပါကိစ္စအတွက် တိုင်းဒေသကြီး စည်ပင်သာယာ ညွှန်ကြားရေးမှူး အပါဝင် စည်ပင်သာယာ ၀န်ထမ်း နှစ်ဆယ်ခန့်ကို တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူးနှင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးတို့ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့မှ မတ်လအတွင်း စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။
““ဘတ်ဂျက် သဘော သဘာဝကတော့ ကြိုသုံးလို့မရဘူး။ ကြိုသုံးလည်း ကြိုသုံးတဲ့ငွေကို ဘတ်ဂျက်က ပေးလို့မရဘူး။ ဘတ်ဂျက်ရဲ့ စည်းကမ်းနဲ့အညီပဲ ပေးလို့ရတယ်။ တစ်ခုတော့ ရှိတယ်။ ဒီလမ်းတွေထဲမှာ (၁၆- ၁၇) ဘတ်ဂျက်မှာပါတဲ့ လမ်းဆိုရင်တော့ စဉ်းစားလို့ရမယ်။ ပြန်ရနိုင်တဲ့ အလားအလာတော့ ရှိတယ်”” ဟု ဦးကျော်မြင့်က ပြောသည်။
ယင်းသို့ စိုက်ထုတ်သုံးစွဲထားရခြင်း အတွက် တာဝန်ခံ အင်ဂျင်နီယာမှ အစိုးရဟောင်း၏ တာဝန်ယူမှု တာဝန်ခံမှုမရှိ တာဝန်ပေးအပ်ခြင်းနှင့် ၄င်း၏ ငွေကြေးနစ်နာမှုတို့ကို သနားငဲ့ညှာသောအားဖြင့် ဆောင်ရွက်ပေးပါရန် အစိုးရအဖွဲ့သစ်ထံ သနားခံစာ တစ်စောင်လည်း ပေးပို့ထားသည်။
““အစိုးရအဖွဲ့သစ် အနေနဲ့တော့ စဉ်းစားပေးမယ်လို့ ထင်တယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ ညွှန်ကြားရေးမှူး အပေါ် မူတည်တယ်။ ကိုယ်က ရုံးဝန်ထမ်းဆိုတဲ့ အတွက်တော့ သူ့ညွှန်ကြားချက် လိုက်နာရမှာပေါ့”” ဟု ကိုရဲဝင်းအောင်က ဆိုသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်က သမ္မတဦးသိန်းစိန်မှ ပေးအပ်ခဲ့သော မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အကောင်းဆုံးဆုကို ပုသိမ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ရရှိခဲ့သည်။
Messenger News Journal
ဆက်စပ်သတင်း

Sunday, May 29, 2016

လယ်ယာမြေပြဿနာများအမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို အမှန်တကယ်သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်


နေပြည်တော် မေ ၂၇

လယ်ယာမြေပြဿနာများအမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို အမှန်တကယ် သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးသွားကြရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အငြင်းပွားမှုပြဿနာများကို သိမ်းဆည်း ထားသည့် မြေပမာဏ၊ သိမ်းဆည်း မှုကြောင့် သက်ရောက်မှု ရှိစေသည့် တောင်သူ လယ်သမားဦးရေနှင့် စီးပွားရေးထိခိုက်နစ်နာမှု ပမာဏများ အပေါ် မူတည်ပြီး ဦးစားပေး အဆင့်သတ်မှတ်ကာ အထူးအဖွဲ့ခွဲများဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်ပေးရန် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌက ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို နိုင်ငံတော်သမ္မတရုံး၊ အစည်း အဝေးခန်းမတွင် ယနေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပစဉ် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိုင်ငံအတွင်း မြို့ပြဆိုင်ရာ အခြေခံ အဆောက်အအုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ လုံခြုံရေးဆိုင်ရာ အထူးစီမံကိန်း နယ်မြေများ သတ်မှတ်ခြင်း၊ စီးပွားရေးဆိုင်ရာ အထူး စီးပွားရေးဇုန်များ စက်မှုဇုန်များ တည်ဆောက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများအတွက် ဌာနဆိုင်ရာ/ ပုဂ္ဂလိကကုမ္ပဏီများကို မြေနေရာချထား ပေးခြင်းများကြောင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း။

မြေပြဿနာအငြင်းပွားမှု ဖြစ်ပွားရခြင်းမှာ မြေယာစီမံခန့်ခွဲသည့်ဌာနများ၊ အဖွဲ့အစည်းများအကြား ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများကို စီမံခန့်ခွဲသည့်အစိုးရ၊ ပြည်သူနှင့် ရင်းနှီးမြှုပ်နှံ သူများအကြား လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် အငြင်းပွားခြင်း၊ မြေမဲ့ယာမဲ့နှင့် မြေကျူးကျော်မှုများ ဖြစ်ပွားခြင်းတို့ ကြောင့် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် အဆိုပါပြဿနာများကို ပြည်သူများ မနစ်နာစေရန် စေတနာထားကာ ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် ရှင်းလင်းလွယ်ကူသော မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက် ပေးသွားမှာ ဖြစ်ပြီး လိုအပ်ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း။

မိမိတို့ဒေသအတွင်း မြေသိမ်းဆည်းမှု ပြဿနာများကို ပြန်လည်စိစစ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နေပြည် တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် ဝန်ကြီးဌာန များမှ တာဝန်ရှိသူများသာမက သက်ဆိုင်ရာနယ်မြေအလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ လယ်ယာ မြေဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တောင်သူလယ်သမား ကိုယ်စား လှယ်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းသွားမည်ဟု သိရသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်တို့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးအတွက် အဆင့်ဆင့်လုပ်ငန်းဖွဲ့စည်းဆောင်ရွက်မှုတို့ကို တင်ပြဆွေးနွေးကြသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၀န်ကြီးချုပ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနှင့် ပတ်သက်ပြီး ပြန်လည်ပေးအပ် နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သမ္မတကြီး၏ လမ်းညွှန် ချက်နှင့်အညီ လယ်ယာမြေများနှင့် အခြားမြေသိမ်းဆည်း ခံရမှုများအား ပြန်လည်ပေး အပ်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ကြစေလိုကြောင်း၊ အခက်အခဲများလည်း ရှိနိုင်ကြောင်း၊ တစ်ချို့လယ်ယာမြေကိစ္စများသည် မှန်ကန်မှု ရှိသလို တစ်ချို့မှာ မမှန်မကန်ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ မည်သို့ပင်ဖြစ်စေ၊ စိတ်စေတနာ သန့်သန့်ဖြင့် စေတနာထားပြီး မှန်မှန်ကန်ကန် အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားသည်။
MOI Webportal Myanmar

ဦးဌေးဦးယာဉ်တန်း လုံခြုံရေး လိုက်ပါမပေးကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးငြင်း


မျိုးသူရကိုကို
ဟင်္သာတ၊ မေ ၂၉ ။              ။ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့နယ်တွင်း ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယာဉ်တန်း ပေးအပ်ထားဟု သတင်းထွက်ပေါ်နေမှုမှာ မဟုတ်ဟု ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတိုးဝင်းက မဇ္ဈိမကို ပြောသည်။

"လုံခြုံရေးယာဉ်တန်းကော တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လိုက်ပါခြင်း မရှိပါဘူးခင်ဗျ။" ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြ မေးမြန်းထားခြင်းဖြစ်သည်။

ဟင်္သာတမြို့ရှိ ဦးဌေးဦး၏ နေအိမ်တွင် နေထိုင်သူတစ်ဦးက "အဘ လာရင်တော့ သူစီးနေကျ ကားနှစ်စီးအပြင် မြို့နယ် ပြည်ခိုင်ဖြိုးက ကားတွေ ပါတာတွေ့ရတယ်။ တစ်ခြားကားတွေလည်း တွေ့တာပေါ့။ အရင်လတွေကအထိ သူလာရင် မော်တော်ပီကယ်ပါတယ်။ မော်တော်ပီကယ်တွေက ရွှေစေတီလမ်းနဲ့ ဈေးကလေးလမ်းဆုံတဲ့ အဘအိမ်နားက လမ်းဆုံမှာ စောင့်ရတယ်။ အခုတစ်ခေါက်တော့ မော်တော်ပီကယ်တို့ လုံခြုံရေး ရဲတို့ ကျနော်လည်း မတွေ့မိသလိုပဲဗျ။ ပုံမှန်အားဖြင့်တော့ ခယက ကားနဲ့ တစ်ခြားကားတွေ ပါလာတာတွေ့ရတယ် ခင်ဗျ။ မှတ်မှတ်ရရ သူတိုင်းမှူး စဖြစ်ခါစ ပထမဆုံး အခေါက်ကဆို သူလာရင် ရပ်ကွက်ထဲ ဝင်ထွက် သွားလာခွင့် ပိတ်တယ်ခင်ဗျ။ သူပြောလိုက်ပုံရပါတယ်။ နောက်တော့ လုံခြုံရေးကားတွေ ပါလာတာ မတွေ့ရသလို သူလိုကိုယ်လိုပဲ ညဘက်ကြီးလည်း ရောက်ချလာတာပါပဲ" ဟု မဇ္ဈိမကို ပြောသည်။

ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးဌေးဦး အနေဖြင့် ဟင်္သာတမြို့နယ်သို့ သွားလာရာတွင် လုံခြုံရေးယာဉ်တန်း လိုက်ပါမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေပြီး ဝေဖန်သံများ ရှိနေသည်။

- See more at: http://mizzimaburmese.com/article/14674#sthash.eAEthzIl.dpuf

ဧရာဝတီ ကျောင်းသားသမဂ္ဂများ ဟင်္သာတမြို့တွင် တွေ့ဆုံ


မျိုးသူရကိုကို
ဟင်္သာတ မေ ၂၉
ဧရာဝတီတိုင်းအတွင်းမှ ကျောင်းသားသမဂ္ဂများ တွေ့ဆုံဆွေးနွေးပွဲကို ဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းတိုက်တွင် မေလ ၂၈ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲမှ ကျောင်းသမဂ္ဂများတရားဝင် လွတ်လပ်စွာရပ်တည်နိုင်ရေး၊ နိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံ၊ ပညာရေးကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။ မကြာသေးခင်ကမှ အသစ်ဖွဲ့စည်းလိုက်သော န.က.သ နှင့် ပက်သက်၍ မှတ်ချက်ပေးရန်မရှိကြောင်း ကျောင်းသားထု နှင့် ပြည်သူ့အကျိုးအတွက် အစဉ်ရပ်တည်သွားမည် ဖြစ်ကြောင်း ဧရာဝတီကျောင်းသာ သမဂ္ဂများ၏ သဘောထားအနေဖြင့် သိရသည်။
Mizzima

ဦးဌေးဦး လမ်းကြောင်း လုံခြုံရေးယာဉ်ပေးထားသည့် ကိစ္စ တိုင်းအစိုးရအဖွဲ့ကို မေးမြန်းထားဟုဆို

ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့နယ်တွင်း ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယာဉ်တန်းပေးအပ်ထားသည့် ကိစ္စရပ် နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြ မေးမြန်းထားကြောင်း ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကို ကပြောကြားသည်။
“ဦးဌေးဦးက အစိုးရအဖွဲ့ဝင်တစ်ယောက်လည်း မဟုတ်သလို နိုင်ငံအကြီးအကဲတစ်ယောက်လည်း မဟုတ်ဘူး။ အဲဒီ ကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်။ တိုင်းအစိုးရအဖွဲ့က ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးအောင်ကိုကိုက ဆိုသည်။
ဟင်္သာတခရိုင်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် သွားလာလျက်ရှိသော ဦးဌေးဦး၏ လမ်းကြောင်း ခရီးစဉ်များတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေး ယာဉ်တန်းကို အသုံးပြုလျက်ရှိသောကြောင့် ဒေသခံ အချို့၏ ကန့်ကွက်ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိခဲ့ပေ။
သို့သော် ဟင်္သာတ မြို့နယ် ရဲသတင်းတပ်ဖွဲ့ထံ ထပ်မံမေးမြန်းရာ တွင် တာဝန်ရှိသူတစ်ဦးက “သူ့ယာဉ်တန်းနဲ့ သူ သွားနေတာပါ။ ကျန်တာတော့မသိဘူး” ဟုဆိုသည်။
ဦးဋ္ဌေးဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်ကာ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဟင်္သာတမြို့နယ်မှ ထပ်မံ ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။
-
The Voice

ဟင်္သာတဇောတိကလမ်းတွင် စိတ်ကြွရူးသွပ်ဆေးရောင်းသူဖမ်းဆီးမိ


၂၈.၅.၂၀၁၆ရက်နေ့ ၁၃၃၀အချိန်တွင် ဟင်္သာတမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်နေမျိုးလင်းနှင့်အဖွဲ့ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ ရယကသက်သေများနှင့်အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ပန်းဘဲတန်းရပ်ကွက်၊ ဇောတိကလမ်းရှိ အိုကေအရက်ဆိုင်တွင် စောင့်ဆိုင်းနေသူ
ကျော်စိုးဝင်း(သ)၃၀နှစ်၊ (ဘ)ဦးဝင်းမြင့်၊ ယာဉ်မောင်း၊ အောင်ချမ်းသာလမ်းလယ်တီကွင်းရပ်ကွက်၊ ဟင်္သာတမြို့နေသူ စီးနင်းလာသည့် နံပါတ်မပါ လော်ကျား-၁၁၀၊ အနက်ရောင်၊ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၄င်းဝတ်ဆင်ထားသော ချမ်းသာတံဆိပ်၊ အညိုရောင်ကွက်စိပ်ပုဆိုး၏ ယာဘက်
ခါးကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ခဲစက္ကူအပိုင်းအစအတွင်းမှ 88 စာတန်းပါ၊ ကျောဘက်တွင် 1 ဟုရေးသားထားသောပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉)ပြား၊ အလေးချိန်(၁.၉)ဂရမ်၊ တန်ဘိုးတစ်ပြားလျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး(၄၇၅၀၀)ကျပ်အား သက်
သောများနှင့်အတူ တွေ့ရှိကာ သိမ်းဆည်းရရှိပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား လက်ဝယ်ထားရှိရောင်းချသုံးစွဲသူ ကျော်စိုးဝင်းအား ရဲအုပ် နေမျိုးလင်းမှတရားလိုပြုလုပ်တိုင်တန်းပြီး ဟင်္သာတမြို့မရဲစခန်း၊မယ(ပ)၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-
၁၅/၁၆(ဂ)/၂၀(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။

Ayeyarwaddy region police force



Saturday, May 28, 2016

မျက်မြင်သက်သေကို ရိုက်နှက်ခြိမ်းခြောက်စစ်သည့် စခန်းမှူးအား အရေးယူပေးရန် ရဲချုပ်ထံ တိုင်ကြား


ရန်ကုန်၊ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လှိုင်ဘုံးကျေးရွာအုပ်စု၊ ခရေကုန်းကျေးရွာသူ မ၀င်းဝင်းသန်း သေဆုံးမှုနှင့် ပတ်သက် ၍ အဓိက မျက်မြင်သက်သေဖြစ်သော ခရေကုန်းကျေးရွာမှ မောင်ကြက်တူရွေး (ခ)မောင်ဇော်မျိုးဝင်းအား တူးမြောင်းစခန်းမှူး ဦးအောင်မိုးနိုင်က ခေါ်ယူစစ်ဆေးရာတွင် ရိုက်နှက်ခြိမ်းခြောက် စစ်ဆေးသည့်အတွက် အရေးယူပေးရန်နှင့် အမှုမှန်ဖော်ထုတ်ပေးရန် ဒေသခံများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ထံ မေ ၁၆ ရက်နေ့တွင် စာပေးပို့ တိုင်ကြားခဲ့ကြောင်း ခရေကုန်းရွာသား ဦးကျော်ရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ခရေကုန်းရွာသူ မ၀င်းဝင်းသန်း သေဆုံးမှုအား တူးမြောင်း စခန်းမှူးက ရေနစ်သေဆုံးသည်ဟု သတ်မှတ်ထားသဖြင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်ကာ တိုင်ကြားခဲ့သောကြောင့် အမှု၏ အဓိကမျက်မြင်သက်သေဖြစ်သော ကိုဇော်မျိုးဝင်းအား ရိုက်နှက် စစ်ဆေးထွက်ဆိုခိုင်းသဖြင့် ယခုကဲ့သို့ တင်ပြတိုင်ကြားခဲ့ခြင်း ဖြစ်သည်။

““သေဆုံးသူ မ၀င်းဝင်းသန်းကို သူတို့က ရေနစ်သေတယ်ပေါ့၊ အဲဒါမကျေနပ်လို့ ရွာသားတွေစုပြီး ထပ်တိုင်တော့ အဓိက မျက်မြင်သက်သေဖြစ်တဲ့ ဇော်မျိုးဝင်းကို ခေါ်စစ်တယ်။ ဇော်မျိုးဝင်းကလည်း သူမြင်တဲ့အတိုင်း ပြောတယ်။ အဲဒါကိုရဲတွေက ရိုက်နှက်ခြိမ်းခြောက်ပြီး ““မူးလို့ ပြောမိတာလို့ ပြောခိုင်းတော့ ကြောက်ပြီး ပြောခဲ့ရတယ်တဲ့၊ ပြီးတော့ အဲဒီထွက်ချက်အတိုင်း လက်မှတ်ထိုးခိုင်းတယ်။ အဲဒါတွေကိုရော အမှုမှန်ပေါ်အောင်ရော ဆောင်ရွက်ပေးဖို့ ရဲချုပ်ဆီတိုင်ကြားခဲ့တာပါ””ဟု ဦးကျော်ရွှေ က ပြောသည်။

အဆိုပါ တိုင်ကြားစာနှင့် ပတ်သက်၍ အမှုအဓိက မျက်မြင်သက်သေ ကိုဇော်မျိုးဝင်းအား မေးမြန်းရာ ““ညနေ ၄ နာရီအချိန်လောက် ကိုတာတီးတို့ လယ်ကွင်းထဲကို အပေါ့အပါးသွားပါတယ်။ သွားတဲ့အချိန်မှာ ကလေး တစ်ယောက် ငိုသံကြားပါတယ်။ အမေကြီးကို အဖေကြီး သတ်လိုက်ပြီလို့ ငိုသံကြားတာကြောင့် လှည့်ကြည့် လိုက်မိပါတယ်။ ကြည့်လိုက်မိတဲ့အချိန်မှာ ယောက်ျားနှစ်ယောက်၊ မိန်းကလေးတစ်ယောက်၊ ကလေးတစ် ယောက်တွေ့ရပါတယ်။ ယောက်ျား တစ်ယောက်က ဦးခေါင်းပိုင်းကိုပွေ့ပြီး ကျန်ယောက်ျား တစ်ယောက်က ခြေထောက်နှစ်ချောင်းကို ပွေ့ထားပြီး ကျန်သူတို့ ဘယ်ကိုခေါ်ပြီး ဘယ်သွားတယ်ဆိုတာ မသိပါဘူး။ တူး မြောင်း ရဲစခန်းက ကျွန်တော့်ကို ခေါ်စစ်ဆေးပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်ပြောပြပါတယ်။ ပြောပြတော့ သူတို့က အရက်မူးလို့ ပြောတာပါပြော၊ အဲလိုမပြောရင် မင်းကို ထောင်ချမယ်။ ဗိုလ်ကြီးတို့ ကြိုက်သလိုလုပ်ပါ။ အဲဒါ ရဲတစ်ယောက် ၀င်လာပြီးတော့ ကျွန်တော်ရဲ့ ကုပ်ပိုးကို ရိုက်လိုက်တဲ့အခါေ၀၀ါးသွားပါတယ်။ ကျွန်တော် လည်း ကြောက်လန့်လာပြီး ပြောခိုင်းသလို ပြောပြီးတော့ စစ်တမ်းရေးပြီးတော့ လက်မှတ်ထိုးခိုင်းပါတယ်”” ဟု ကိုဇော်မျိုးဝင်းက ပြောသည်။

အဆိုပါ မ၀င်းဝင်းသန်း သေဆုံးမှုအား လပွတ္တာမြို့နယ် တူးမြောင်းနယ်မြေ ရဲစခန်း၌ သေမှုသေခင်းအမှတ် (ပ) ၁/၂၀၁၆ ဖြင့် အမှုလက်ခံ ဖွင့်လှစ်ထားပြီး လပွတ္တာမြို့နယ် တရားရုံးသို့ အမှုတွဲ ပေးပို့ထားပြီးဖြစ်သည်။
အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ တူးမြောင်းနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်မိုးနိုင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ““တရားသူကြီးစစ်ဖို့အတွက် အမှုတွဲတင်ထားပြီးပြီလေ။ ကျွန်တော်တို့က တွေ့ရှိချက်တွေပဲ၊ သက်သေတွေရဲ့ ထွက်ဆိုချက်၊ ဒါတွေပဲ တရားရုံးကို တင်ပေးရတာ။ တရားရုံးက အမိန့်ချတဲ့အခါမှာ ဒါအထောက်အထားတွေက ရေနစ်သေဆုံးတယ်လို့ ယူဆရင် ရေနစ်သေဆုံခြင်း ဖြစ်တယ်လို့ အမိန့်ချ၊ ဒါမှမဟုတ်ရင် တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် သေဆုံးတာ ဖြစ်တယ်ဆိုရင်လည်း တွေ့ရှိချက်တွေနဲ့ အမိန့်ချမှာ။ ဒီအပေါ်မှာမှ ကျွန်တော်တို့က ဆက်ပြီးဆောင်ရွက်ရမှာ။ သူတို့ဘက်က တိုင်တာလေ၊ သူတို့ကို မတိုင်ပါနဲ့လို့ ပြောလို့မရဘူး။ သူတို့တိုင်ရင် ကျွန်တော်တို့က ရှင်းဖို့ပဲ ရှိတာလေ။ ဘာမှရိုက်တာလည်း မရှိဘူး၊ နှက်တာလည်းမရှိဘူး။ တိုင်တာကတော့ သူတို့တိုင်ရင် ကျွန်တော်တို့က ရှင်းရမှာပေါ့။ သူတို့ခံစားမှုနဲ့သူတို့ တိုင်တာလေ၊ ရှင်းဖို့ပဲရှိတာလေ””ဟု ပြန်လည်ဖြေဆိုခဲ့သည်။
ရန်နိုင်စိုး
Myanmar Thandaw Sint News

ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို ဒေါ်အောင်ဆန်းစုကြည် ဘာတွေ မှာလိုက်သလဲ


ဧရာဝတီ၊ မေ ၂၈ ၊ ၂၀၁၆

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို နေပြည်တော်မှာ ယမန်နေ့က ခေါ်ယူတွေ့ဆုံပြီး အချက် ၈ ချက် မှာကြားလိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတင်းထုတ်ပြန်သည်။

ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် ၁၄ ဦးကို ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် ၈ ချက်မှာ

■ နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန်၊

■ ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊
■ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊

■ အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိချုပ်နှင့် ဥပဒေပညာရှင်များ၏ သဘောထားကို အလေးထား ဆောင်ရွက်ကြရန်၊

■ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့နည်းပပျောက်စေရန်အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထားဆောင်ရွက်ကြရန်၊

■ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊

■ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေ အထားမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊

■ နိုင်ငံတကာအဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

The Irrawaddy (Burmese Version)

လူငယ်သုံးယောက် ရှမ်းကုန်းပိုင်တောင်ထိပ် တွင်ရှိသော မီးပွိုင့်အား ပစ်ခတ်ဖျက်စီး


24.5.2016 နေ့ည သန်ခေါင်းယံအချိန်မှ စ၍ 25.5.2016 နေ့ည သန်ခေါင်ယံအချိန်တွင် လူငယ်သုံးယောက် ဆိုင်ကယ် ၂စီးကို မောင်းနှင်ကာ ရှမ်းကုန်းပိုင်တောင်ထိပ် တွင်ရှိသော မီးပွိုင့်အား ပြစ်ခတ်ဖျက်စီး ပြီး 26.52016 ည မနတ် ၂နာရီခွဲခန့်တွင် ဒိန်းဒေါင်းတစ်စီးလူသုံးယောက် မောင်းလာပြီးထိုမီးပွိုင့်အား ပြစ်ခတ်ဖျတ်စီးခဲ့ပါသည် ....
မြောင်မြသားများ သည် ကိုယ့်အတွတ်အကျိုးမရှိသည့် အလုပ်အား ဘာကြောင့်လုပ်ရပါသနည်း ......
အကျိုးရှိသည်ဆိုလျှင် လုပ်ပါ
ခုဟာက မကူညီတဲ့အပြင် နှောင့်ယှက်ဖို့စဉ်းစားနေတဲ့ဦးနှောက်အား ချီးကျူးမိပါသည် ....
မြောင်းမြမှာ အခုလို ဖျက်စီး နေတာ မကောင်းဘူးလို့ထင်ပါတယ် အနော်နဲ့တော့မဆိုင်ပါဘူး ဗျာ ဒါပေမဲ့ အခုလို အုပုမူမျိုး မဖြစ်စေ ချင်လို့ပါ သတ္တိရှိရင် မကြေနပ်တဲ့အကြောင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းကိုသွားပြီးပြောပါလား
အဲလိုကြတော့မပြောရဲကြဘူးလေ
ည လူခြေတိတ်ချိန်မှခုလို ဖျတ်စီးတာ ပုဆိုးခြုံထဲလက်သီးပုန်းပြတာနဲ့အတူတူဘဲလေ .....
ခုတော့ မီးပွိုင့်ကြီး ကွဲသွားပြီး။
ဘကြီး မှုံ 


ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်


ဝါးခယ်မ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ပတ္တမြားရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ ရေနုတ်မြောင်းများ မိုးတွင်းအခါ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ပြန်လည် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပတ္တမြားရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရေနုတ်မြောင်းနှင့် ဈေးရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် မြို့မလမ်းထောင့်ရှိ ရေနုတ်မြောင်းတို့မှာ အဓိကရေထွက်ပေါက်များဖြစ်သည့်အတွက် မိုးတွင်းအခါ ရေစိးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော် အသစ်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပတ္တမြားရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရေနုတ်မြောင်းမှာ အကျယ် ၄၀ ပေ၊ အရှည် ၄ ပေခွဲ၊ အနက် ၄ ပေ ၃ လက်မရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရံပုံငွေကျပ် ၂၅ သိန်း၊ ဈေးရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် မြို့မလမ်းထောင့်ရှိ ရေနုတ်မြောင်းမှာ အကျယ် ၄၉ ပေ၊ အရှည် ၅ ပေ ၃ လက်မ၊ အနက် ၄ ပေ ၃ လက်မရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရံပုံငွေ ကျပ် ၃၅ ဒသမ ၅ သိန်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ (၀ါးခယ်မ)

Friday, May 27, 2016

ညောင်တုန်း သဇင်ရေကျော် တောင်သူ ၂၀၀ကျော် ငါးကန်တူးခြင်းရပ်ပေးရန် ဆန္ဒပြ


စည်သူမောင်မောင်

ပုသိမ်၊ မေ ၂၇ ။  ။ ညောင်တုန်းမြို့၊ သဇင်​​ရေ​ကျော်​​ကျေးရွာ မှ ​တောင်​သူလယ်​သမား အင်​အား၂၀၀​ကျော်​မှာ သဇင်​​ကျေးရွာအနီးရှိ ငါးကန်​တူး​နေခြင်းကို ချက်​ချင်းရပ်​ဆိုင်း​ပေး​ရန်​ ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ထံ ဆန္ဒ​ဖော်​ထုတ်​​တောင်းဆိုပွဲကို ​မေလ၂၇ရက်​​နေ့တွင်​ ပုသိမ်​မြို့တွင်​ ပြုလုပ်ခဲ့သည်။

"ကျွန်​​တော်​တို့ ​ဒေသခံပြည်​သူ​တွေမှာ လယ်​မဲ့ယာမဲ့လည်းဖြစ်​တယ်​။ လုပ်​ကိုင်​စား​သောက်​ဖို့​နေရာလည်းမရှိဘူး၊ကုမ္ပဏီ​တွေက မလုပ်​နိုင်​လို့ပြန်​အပ်​ထားတဲ့ အင်း​တွေကို ကျွန်​​တော်​တို့က လယ်​​မြေယာ​မြေအဖြစ်​​လျှောက်​တယ်။ ကျွန်​​တော်​တို့ တ​ယောက်​ နှစ်ဧကပဲရတယ်​။ အစိုးရကို ဆင်းရဲနွမ်းပါးတဲ့လူ​တွေကို တန်းတူညီမျှ​ပေး​စေချင်​ပါတယ်​"ဟု သ​ဇင်​​ကျေးရွာ​နေ ဦးဟင်​သန်းက ဆန္ဒ​ဖော်​ထုတ်​ရမှုအား မဇ္ဈိမသို့​ပြောသည်​။

ဆန္ဒ​ဖော်​ထုတ်​ပွဲတွင်​ သဇင်​​ရေ​ကျော်​ ​ကျေးရွာအနီးရှိ အင်း​ချောင်းများအား​ ဒေသခံ​ရေလုပ်​သားများ လွတ်​လပ်​စွာ ရှာ​ဖွေစား​သောက်​​ခွင့်​ရရှိ​ရေး၊ သဇင်​​ကျေးရွာအနီးရှိ ငါးကန်​တူ​နေခြင်းကို ချက်​ချင်းရပ်​ဆိုင်း​ပေး​စေ​ရေး၊ ဆန္ဒ​ဖော်​ထုတ်​​တောင်းဆိုချက်​များကို အမြန်​ဆုံး ကွင်းဆင်းစစ်​​ဆေး​ပေး​ရေး တို့အ​ရေး စသည့်​​ကြွေး​ကြော်​သံများ၊ လက်​ကိုင်​ဆိုင်းပုဒ်​များဖြင့်​ ​တောင်းဆိုခဲ့သည်​။

"ကျွန်​​တော်​တို့က အစိုးရကို သိ​အောင်​ထုတ်​​ဖော်​ပြရတာ၊ ကျွန်​​တော်​တို့ ​တွေ့ဆုံညှိနှိုင်းတာ မြို့နယ်​၊ ခရိုင်​၊ တိုင်းမှာလည်း လယ်​ဆည်​ဝန်​ကြီးနဲ့​တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်​။ လုပ်​​ပေးမယ်​လို​ပြောပြီး ယ​နေ့အထိမလုပ်​​ပေးလို့ ဆန္ဒ​ဖော်​ထုတ်​ရတာပါ။ ဆန္ဒ​ဖော်​ထုတ်​တာ ​ငွေကုန်​တယ်။ လူပင်ပန်းတယ်။ မလုပ်​​ပေးလွန်​အားကြီးလို့ တွေ့ဆုံညှိနှိုင်း​ရေးကို သူတို့ဘက်​က လျစ်​လျရှုလို့လုပ်​ရတာပါ" ဟု လယ်​သမားအ​ရေးလိုက်​ပါ​ဆောင်​ရွက်​​ပေးသူ ပုသိမ်​မြို့​မှ နေဦးမြင့်​နိုင်​က မီဒီယာများကို ပြောသည်​။

၂၀၁၄ခုနှစ်​တွင်​ သဇင်​​ကျေးရွာမှ လယ်​သမား၁၂၉ဦးမှ လယ်​ယာလုပ်​ပိုင်​​ခွင့်​​လျှောက်​ထား​သော်​လည်းမရရှိဘဲ၊လယ်​သမား၆၆ဦးအား တ​ယောက်​လယ်​​မြေ နှစ်ဧကစီ လက်ရှိအစိုးရက လုပ်​ခွင့်​​ပေးပြီး၊ လုပ်​ငန်းရှင်​၅ဦးအား ဧက၄၀၀​ကျော်​ကို ယခင်အစိုးရက ချပေးခဲ့ချထား​ပေး​ကြောင်း ဆန္ဒ​ဖော်​ထုတ်​သူများက ဆိုသည်။
- See more at: http://mizzimaburmese.com/article/14612#sthash.7ZutVU1Z.gnhdQ3uN.dpuf

ကြံခိုင်ရေးပါတီဥက္ကဌဟောင်း ဦးဌေးဦး ရဲယာဉ်တန်းကိုအသုံးပြု


ကြံခိုင်ရေးပါတီဥက္ကဌဟောင်း ဦးဌေးဦးဟာ ယခုချိန်ထိ ရဲယာဉ်တန်းကို အသုံးပြုဆဲဖြစ်ပြီး၂၇၊၅၊၂၀၁၆ ဟင်္သာတမြို့ အလက(၅)မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ မြို့နယ်နဲ့ခရိုင် အုပ်ချုပ်ရေးမှူးတွေက စီစဉ်ပေးခဲ့သည်ဟုကြားသိရ။
ဦးဌေးဦးနှင့်လွှတ်တော်အမတ်ဟောင်း ဦးခင်မောင်ရီတို့ သည် ခရိုင်အုပ်/မှူး ဦးစန်းဌေး၊မြို့ နယ်အုပ်/မှူး ဦးသန်းလှိုင် ဒုဦးစီးနဲ့ ထွေအုပ်ဝန်ထမ်းများ၊စည်ပင်ဥက္ကဌ ဦးတင်နိုင်လင်း၊တိုင်း၊ခရိုင်၊မြို့ နယ်ပညာရေးမှူးများဖြစ်သည့် ဦးဝင်းမောင်၊ဒေါ်စန်းဌေး၊ဦးအေးနိုင်နှင့် ဒုမြို့နယ်ပညာရေးမှူး ဦးအောင်စိုးတို့ လိုက်ပါပြီး ဟင်္သာတမြို့ ၊ရုံးကြီးရပ်ကွက်ရှိ အလက(၅) ဆရာ၊ဆရာမများနှင့်တွေ့ဆုံခဲ့သည်ဟုသိရှိရ။
၂၈.၅..၁၆

ဧရာဝတီတိုင်းဒေသကြီးရှိ လမ်း၊တံတားများ လေလံတင်ဒါ စိတ်ဝင်စားကြေး စနစ် ပယ်ဖျက်


ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတားများ တည်ဆောက်ရေး တင်ဒါ ခေါ်ယူရာတွင် လျှောက်ထားလိုသူများ ကြိုတင်ပေးဆောင်ရသော စိတ်ဝင်စားကြေး စနစ်ကို တိုင်းဒေသကြီး အစိုးရသစ်လက်ထက်၌ ပယ်ဖျက်လိုက်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
"စိတ်ဝင်စားကြေး မကောက်ဖို့ကို တိုင်းအစိုးရက ညွှန်ကြားတဲ့အတွက် မကောက်တော့ဘူး၊ အရင်တုန်းက ကောက်ခဲ့တဲ့ငွေကိုလည်း တိုင်းအစိုးရကို ပေးသွင်းရတာပါ"ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက ရှင်းပြသည်။
ယခင်အစိုးရလက်ထက်က လမ်းတံတားတည်ဆောက် ပြုပြင်ရေး တင်ဒါခေါ်ယူရာတွင် တင်ဒါလျှောက်ထားလိုသူများက တင်ဒါကြေး၏ ၀ ဒသမ ၂ ရာခိုင်နှုန်းကို စိတ်ဝင်စားကြေးအဖြစ် ကြိုတင်ပေးသွင်းမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ကြောင်း၊ ယင်းစနစ်ကို ယခု အစိုးရသစ် လက်ထက်တွင် ပယ်ဖျက်လိုက်ကြောင်း ၄င်းကဆိုသည်။
တင်ဒါလျှောက်ထားလိုသူများ ပေးသွင်းရသော စိတ်ဝင်စားကြေးမှာ လေလံ အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ ပြန်လည် မရရှိသဖြင့် လျှောက်ထားသူများအတွက် လေလံ မရသူအတွက် အကြောင်းမဲ့ ပေးသွင်းရသကဲ့သို့ ဖြစ်နေသောကြောင့် နစ်နာကြောင်း ပုသိမ်မြို့ရှိ လေလံတင်ဒါ လုပ်ကိုင်သူများက ပြောဆိုသည်။
"ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်က လမ်း၊ တံတားတွေကိုလည်း လေလံ တင်ဒါခေါ်ရာမှာ စိတ်ဝင်စားကြေးတွေ မကောက်ဖို့ ညွန်ကြားထားပါတယ်၊ ဒါကလည်း အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းထဲမှာပါတဲ့ စီမံချက်တစ်ခုပါ"ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ လမ်း၊ တံတား အသုံးပြုခ ကောက်ခံသည့် ဂိတ်ပေါင်း ၂၂ ဂိတ် လုပ်ငန်းများကို အစိုးရသစ်က ပိတ်သိမ်းခဲ့သည့်အတွက် ယင်းဂိတ်များ လုပ်ကိုင်ခွင့်ရရှိရန် ပေးသွင်းခဲ့ရသော လေလံ တင်ဒါ လျှောက်ထားခဲ့သူများက စိတ်ဝင်စားကြေး ကျပ်သိန်း ၃၂၀၀ ကျော်ကို ပြန်ထုတ်ပေးရန် ဧပြီလက တောင်းဆိုခဲ့သည်။
မောင်မျိုးထက်(ပုသိမ်)

The Voice Weekly

ကွမ်းစားသုံးခြင်း ၊ ကွမ်းတံတွေးထွေးခြင်းတွေကို ဥပဒေ ၊ စည်းမျဉ်းတွေနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ အကြောင်းကြား စာထုတ်ပြန်


နိုင်ငံတစ်ဝှမ်းလုံးရှိ ဌာနဆိုင်ရာ ရုံး၊ကျောင်း၊အဖွဲ့အစည်းတွေရဲ့ဝန်ထမ်းတွေကို တာဝန်ချိန်အတွင်း ကွမ်းယာစားသုံးခြင်းမရှိစေရေး ၊ ဌာနဆိုင်ရာ အဆောက်အဦးနဲ့ပရ၀ဏ်အတွင်း ကွမ်းအရောင်းဆိုင်တွေ မရှိစေရေး စည်းကမ်းသတ်မှတ်ပြီး ထိရောက်တဲ့ အပြစ်ပေးအရေးယူခြင်းတွေနဲ့ စံနမူနာဖြစ်စေရေး ဆောင်ရွက်သွားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေထံ အကြောင်းကြားစာတစ်စောင်ပေးပို့လိုက်ပါတယ်။

အဲဒီအကြောင်းကြားစာကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၊ ညွှန်ကြားရေးမှူးချုပ်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအကြောင်းကြားစာမှာ ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ရောဂါတွေ နဲ့ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးတာတွေနဲ့ သတိပေးနှိုးဆော်တာတွေပြုလုပ်ဖို့ ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်၊ရပ်ကွက် နဲ့ ကျေးရွာအုပ်စုအဆင့် ကော်မတီတွေဖွဲ့စည်းပြီး ဥပဒေတွေ ၊ ဒေသန္တရအမိန့်တွေရေးဆွဲထုတ်ပြန်ဖို့စတာတွေပါဝင်ပါတယ်။

 ဒါ့အပြင် ဆေးရုံ၊ဆေးခန်းတွေမှာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၊ ကျောင်းသူ၊ကျောင်းသားတွေ ဆရာ၊ဆရာမတွေကို ကျန်းမာရေးအသိပညာပေးဖို့နဲ့ ကျောင်းဝင်းအတွင်း ကွမ်းစားတာ၊ စည်းကမ်းမဲ့ ကွမ်းတံထွေးထွေးမှုတွေမပြုလုပ်ဖို့ စည်းကမ်းထုတ်ပြန်ပေးဖို့ ၊ ကျူးလွန်ရင် ပြစ်ဒဏ်ပေးမှုတွေ ဆောင်ရွက်ဖို့ ပါရှိပါတယ်။

 တာဝန်ရှိသူတွေအကြားအစည်းအဝေးတွေပြုလုပ်ပြီး ဥပဒေအာဏာသက်ဝင်ရေးနဲ့ ဥပဒေစည်းကမ်းတွေနဲ့အညီ ၀န်ကြီးဌာနတွေ ၊ မြို့တော်စည်ပင်သာယာရေးကော်မတီတွေ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေကိုလည်း ဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5plusnews

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တို့ အစည်းအဝေးပြုလုပ်



နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တို့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမတွင် ယနေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီက အစည်းအဝေးပြုလုပ်နေကြစဉ်။
(Photo- Myanmar State Counsellor Office Facebook)
The Voice Weekly



Myanmar State Counsellor Office
■ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ တရားမျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာကြား ■
နေပြည်တော် မေ ၂၇
ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ တရားမျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။
ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးအစည်းအဝေးခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နေပြည်တော်ကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ တက်ရောက်သည့် အစည်းအဝေးတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အုပ်ချုပ်ရေး ယန္တရားအသစ် စတင်ဆောင်ရွက်သည့်ကာလတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို သိလိုပါကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်မည့်နည်းလမ်းများကို ဆွေးနွေး ကြမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအဖွဲ့များသည် ပြည်ထောင်စုအစိုးရနှင့် အချိတ် အဆက်မိမိ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချိတ်အဆက် မိမှသာ အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအနေဖြင့်လည်း တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရတို့အကြား ဆက်သွယ် ဆောင် ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးလိုသည်များကို ပွင့်ပွင့်လင်းလင်း ပြည့်ပြည့်စုံစုံ ဆွေးနွေးတင်ပြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်း တင်ပြကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်း တင်ပြချက် ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က -
■ နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံ ဆောင်ရွက်ရန်၊
■ ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊
■ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာ သိမ်းဆည်းမှုများ ရပ်ဆိုင်းထားရေး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်၊
■ အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဥပဒေအရာရှိချုပ်နှင့် ဥပဒေပညာရှင်များ၏ သဘောထားကို အလေးထား ဆောင်ရွက်ကြရန်၊
■ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့နည်းပပျောက်စေရန်အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင် လာရေး အလေးထားဆောင်ရွက်ကြရန်၊
■ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊
■ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေ အထားမျိုး မဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊
■ နိုင်ငံတကာအဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။