Latest News

Monday, April 10, 2017

အတာအိုးကို ဘယ်လို ပြင်ဆင်မလဲ

အတာအိုးကို ဘယ်လို ပြင်ဆင်မလဲ

သင်္ကြန်နဲ့ပတ်သက်ပြီး မြန်မာတို့ဓလေ့မှာ မပါမဖြစ်ကတော့ အတာအိုးပါ။အတာအိုးဟာ သင်္ကြန်ကိုကြိုတဲ့ ဓလေ့ဖြစ်တာကြောင့် သင်္ကြန် မကျခင်ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အခုခေတ်ဈေးတွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ကြည်လင်ပြီးအေးမြတဲ့ရေအမွှေး နံ့သာထည့်ထားပြီး ပြင်ဆင်ရပါမယ်။

အတာအိုးမှာနေ့နံခုနစ်မျိုးကို ကိုယ်စား ပြုတဲ့ ပန်း ခုနစ်မျိုးဒါမှမဟုတ် အညွှန့်ခုနစ်မျိုးကို အိုးထဲမှာ ထည့်ကြရပါမယ်။ ထည့်ရမယ့် အညွှန့်တွေကတော့ တနင်္ဂနွေနံကို ကိုယ်စားပြုတဲ့ အုန်းလက်၊ တနင်္လာနံကို ကိုယ်စားပြုတဲ့ ခရေ၊ အင်္ဂါနံကို ကိုယ်စားပြုတဲ့ စိန်ပန်း၊ ဗုဒ္ဓဟူးနံကို ကိုယ်စားပြုတဲ့ ရွက်လှ၊ ကြာသ ပတေးနံကို ကိုယ်စားပြုတဲ့မြေဇာ၊ သောကြာနံကို ကိုယ်စားပြုတဲ့ သီး သီးညွှန့်၊ စနေနံကိုကိုယ်စားပြုတဲ့ ဒါန်းတို့ကိုထည့် ရမှာဖြစ်ပါတယ်။
အတာအိုးထဲမှာ မြန်မာလူမျိုးတို့ရဲ့ အောင်နိုင်ခြင်းလို့ အဓိပ္ဗာယ်ရတဲ့ သပြေညွှန့်ကိုလည်း ထိုးလေ့ရှိပါတယ်။

အတာအိုးရဲ့ အဓိပ္ဗာယ်က သိကြားမင်းကိုကြိုဆိုတဲ့ အပြင်ကမ္ဘာနဲ့ ပြည်သူတွေရဲ့အေးချမ်းခြင်းကိုဖော်ဆောင်ပါတယ်။

ရည်ညွှန်းကိုးကား (သင်္ကြန်ဓလေ့များစာအုပ်)
Kumudra

No comments:

Post a Comment