Latest News

Sunday, May 29, 2016

ဟင်္သာတဇောတိကလမ်းတွင် စိတ်ကြွရူးသွပ်ဆေးရောင်းသူဖမ်းဆီးမိ


၂၈.၅.၂၀၁၆ရက်နေ့ ၁၃၃၀အချိန်တွင် ဟင်္သာတမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်နေမျိုးလင်းနှင့်အဖွဲ့ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ ရယကသက်သေများနှင့်အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ပန်းဘဲတန်းရပ်ကွက်၊ ဇောတိကလမ်းရှိ အိုကေအရက်ဆိုင်တွင် စောင့်ဆိုင်းနေသူ
ကျော်စိုးဝင်း(သ)၃၀နှစ်၊ (ဘ)ဦးဝင်းမြင့်၊ ယာဉ်မောင်း၊ အောင်ချမ်းသာလမ်းလယ်တီကွင်းရပ်ကွက်၊ ဟင်္သာတမြို့နေသူ စီးနင်းလာသည့် နံပါတ်မပါ လော်ကျား-၁၁၀၊ အနက်ရောင်၊ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၄င်းဝတ်ဆင်ထားသော ချမ်းသာတံဆိပ်၊ အညိုရောင်ကွက်စိပ်ပုဆိုး၏ ယာဘက်
ခါးကြားအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ခဲစက္ကူအပိုင်းအစအတွင်းမှ 88 စာတန်းပါ၊ ကျောဘက်တွင် 1 ဟုရေးသားထားသောပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉)ပြား၊ အလေးချိန်(၁.၉)ဂရမ်၊ တန်ဘိုးတစ်ပြားလျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး(၄၇၅၀၀)ကျပ်အား သက်
သောများနှင့်အတူ တွေ့ရှိကာ သိမ်းဆည်းရရှိပြီး စိတ်ကြွရူးသွပ်ဆေးပြားများအား လက်ဝယ်ထားရှိရောင်းချသုံးစွဲသူ ကျော်စိုးဝင်းအား ရဲအုပ် နေမျိုးလင်းမှတရားလိုပြုလုပ်တိုင်တန်းပြီး ဟင်္သာတမြို့မရဲစခန်း၊မယ(ပ)၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-
၁၅/၁၆(ဂ)/၂၀(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပါသည်။

Ayeyarwaddy region police force



No comments:

Post a Comment