Latest News

Monday, April 10, 2017

'' မင်းကောင်းမင်းမြတ် အောက် မှာဘယ်တော့မှ သူပုန်မဖြစ်စေနဲ့ ''

'' မင်းကောင်းမင်းမြတ် အောက် မှာဘယ်တော့မှ သူပုန်မဖြစ်စေနဲ့  ''


NLD အစိုးရ ကို ကန့်လန့်တိုက်တာ နဲ့ ဘယ်လောက်ပဲ နိုင်ငံရေး လုပ်ခဲ့လုပ်ခဲ့ Go သွားတာပဲ။

ဒါဟာ စဉ်းစားစရာပဲ Democracy စနစ်လို့လဲပြောသေးတယ်။ အစိုးရ ကို ကန့်လန့်တိုက်ရင် မြောင်းထဲ ရောက်ရောက်ကုန်တယ်။

အဖြေက ရှင်းရှင်းလေးပါပဲ။ အခုတက်လာတဲ့ NLD အစိုးရ ဆိုတာ မဲစနစ် နဲ့ ပြည်သူ့ ယုံကြည်မှု ကို ရွေးချယ်ခံပြီး  Democracy နည်းလမ်းကျကျ တက်လာတဲ့ အစိုးရ ပြည်သူတင်တဲ့ ပြည်သူ့အစိုးရ ဖြစ်နေလို့ပါပဲ။

ပြည်သူ့ အစိုးရ ကို ကန့်လန့်တိုက် လို့ ပြည်သူ ကလက်မခံတာ အဆန်း မဟုတ်သလို လွမ်းစရာလဲ မဟုတ်ပါဘူး။နိုင်ငံရေးလုပ်ပြီး နိုင်ငံရေးပါး ဝ ရင်တော့ ပြည်သူ့အစိုးရ ကို ကန့်လန့်တိုက်ဖို့ အိမ်မက်တောင် မက်မှာ မဟုတ်ပါဘူး။ ဒါမှ မဟုတ်ဘဲ အစိုးရ ကို တော်လှန်မှ နိုင်ငံရေး ပါ ဆိုပြီး ကန့်လန့်တိုက်မယ် ဆိုရင်တော့ ပြည်သူ့အပေါ် အကြွေးတင်သွားပါလိမ့်မယ်။

ပြည်သူ့အပေါ် အကြွေးတင်သွားရင်တော့ ဆွေစဉ်မျိုးဆက် ဆပ်လို့ကြေမှာ မဟုတ်ပါဘူး။

ဥပမာဒီကနေ့တပ်မတော်သားတွေကိုပဲကြည့်ပါ။၁၉၆၂ ကစလို့ ၂၀၀၇ အထိ တပ်ရဲ့ ထိပ်တန်း အရာရှိတွေရဲ့ ပြည်သူ့အပေါ်တင်ခဲ့ တဲ့အကြွေး တွေကြောင့် သူတို့ ပြန်ပေးဆပ်ရတာ ဟာ သူတို့ သားစဉ်မျိုးဆက် ရဲ့ သိက္ခာတွေပါပဲ ။

တိုင်းပြည် ဘဏ္ဍာငွေကို ရာထူးရှိသွား လို့ခိုးတာ ကိစ္စမရှိပါဘူး။ လက်နက်ကိုင်ထားလို့ ခြိမ်းခြောက်တောင်းယူတာ ပြဿနာမဟုတ်ပါဘူး။ အာဏာရထားလို့ စည်းစိမ်ယစ်မူးနေတာ မပြောပလောက်ပါဘူး။ဒါပေမဲ့ ပြည်သူ့အပေါ် အကြွေးတင် မိလိုက်တဲ့ အချိန်မှာတော့  ပြန်ဆပ် ရတဲ့ သားစဉ်မြေးဆက် တွေ ဟာ သိက္ခာ တရား နဲ့ လူတောတိုးလို့မရတဲ့ မိသားစု အနာဂက်တွေပဲဖြစ်ပါတယ်။

ဒါဟာ ပြည်သူ က ဒဏ်ခက်တာပါ။ အစိုးရ ကို ကန့်လန့် မတိုက် နဲ့လို့ပြောတာမဟုတ်ပါဘူး။ တိုက်ပါ democracy အစိုးရ မို့လို့ သေချာပေါက် တောင်းဆိုစရာရှိတာ တောင်းဆိုရမယ်။ တော်လှန်စရာရှိတာ တော်လှန်ရမယ်။ ဒါတွေ ကို လက်ခံလို့လဲ နိုင်/ကျဉ်း နဲ့ တက်ကြွလှုပ်ရှားသူတွေ ကို အာဏာရပြီး ရက်ပိုင်း အတွင်းပဲ အကျဉ်းထောင် အသီးသီးထဲက လွှတ်ပေးခဲ့တာပဲ။ ဒါပေမဲ့ ဘီအီးဒီ အောင်သိုက် ပြောထားတဲ့ စကားတစ်ခုရှိပါတယ် မင်းကောင်းမင်းမြတ် အောက် မှာ ဘယ်တော့မှ သူပုန်မဖြစ်စေနဲ့ မင်းစိုးမင်းညစ် လက်ထက် မှာ သူပုန်ဘဝ နဲ့ ဂုဏ်ယူစမ်းပါ ဆိုတဲ့ စကားလုံးလေးအတိုင်း ကိုယ်က အခု မင်းကောင်း မင်းမြတ် အောက်မှ လား မင်းဆိုးမင်း ညစ် အောက် မှာ လားဆိုတာ သည်းကွဲဖို့ တော့လိုပါတယ်။ တစ်ချိန်ကတော့ မင်းစိုးမင်းညစ် လက်ထက် မှာ သူပုန်ဘဝ နဲ့ ဂုဏ်ယူစွာ နဲ့ ပြည်သူ့ ဘဝတွေ အတွက် နေခဲ့ပြီးပြီ အခု ပြည်သူက လိုလိုလားလား တင်ထားတဲ့ အစိုးရ ကို ကန့်လန့် တိုက်မယ်ဆိုရင်တော့ မင်းကောင်းမင်းမြတ် အောက်မှာ သူပုန်လမ်းကို ရွေးသလိုဖြစ်သွား ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတဲ့ အဖြေက အာဏာရှင် တွေကြား က အသက် တွေပေးပြီးခက်ခက်ခဲခဲ ဆွဲထုတ်ထားတဲ့ ပြည်သူကတင်တဲ့ ပြည်သူအစိုးရဖြစ်နေလို့။

ပြည်သူ့ အစိုးရ ကို ကန့်လန့်တိုက် ရင် ပြည်သူ နဲ့ ထိပ်တိုက် တွေ့မှာသေချာတယ်။ Democracy ခေတ်မှာ  ပြည်သူနဲ့ ထိပ်တိုက်တွေ့ရင်တော့ ဘယ်လောက်ပဲ နိုင်ငံရေး အရ ဘဝတွေ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့ အခြေအနေ နဲ့ အချိန်အခါ မခွဲခြားတက် ရင်တော့ မိမိတို့ သွေးနဲ့ ရေးခဲ့တဲ့ သမိုင်း တွေဟာ စာမျက်နှာ မှားရေး မိလို့  စုတ်ပြဲ ခံရသလိုမျိုး သဲထဲ ရေသွန် ဖြစ်မှာ အမှန်မလွဲပါပဲ။ ထိပ်တိုက်မတွေ့ခင် စဉ်းစားဖို့က Democracy စနစ် ဆိုတာ ပြည်သူ က ထိန်းကျောင်းတဲ့ စနစ် ပြည်သူက အုပ်ချုပ်တဲ့ စနစ်ဆိုတာလေးတော့ နိုင်ငံရေး ပါး 'ဝ' 'ဝ' လေးနဲ့ တွေး နိုင်ကြပါစေ။

------------
မင်းရသ

No comments:

Post a Comment