Latest News

Tuesday, May 31, 2016

ရဲဘက်စခန်းမှ ထွက်ပြေးလာသူများ ဖမ်းမိ


၃၁.၅.၂၀၁၆ရက်နေ့ ၁၀၃၀အချိန် ဓနုဖြူမြို့မရဲစခန်းမှ ရဲအုပ်ရန်နိုင်ဦး ဦးစီးတပ်ဖွဲ့ဝင်များသည် ရက်(၁၀၀) စီမံချက်အရ ရဲစခန်းပိုင်နယ်မြေအတွင်း လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ဓနုဖြူမြို့(၅) ရပ်ကွက် အရောက်တွင် အဆိုပါ ရပ်ကွက်ထဲရှိ ကမ်းနားလမ်း၊ စံကင်းကူတို့ဆိပ်အနီးရှိ တာဇံလိုင်စင်ရ အရက်ဆိုင်တွင် ဖိနပ်မပါ ဘောင်းဘီတိုများဖြင့် မသင်္ကာဖွယ်ရာ လူ(၃)ဦး ရောက်ရှိနေကြောင်း သတင်းအရ ရပ်ကွက်နေပြည်သူလူထုနှင့် ပူးပေါင်းပြီး ၀ိုင်းဝန်းဖမ်းဆီးရာ ၃၁.၅.၂၀၁၆ရက်နေ့ ၀၁၁၅အချိန် ရန်ကုန်တိုင်းဒေသကြီး
တိုက်ကြီးမြို့နယ်၊ ဘ၀သစ် မြရည်ကုန်းရဲဘက်စခန်းမှ ထွက်ပြေးလာသည့် ---


၁။ အောင်သူ(၂၄)နှစ်၊ (ဘ)ဦးကျော်နိုင်ဝင်း၊ တောင်ဥက္ကလာစီမံကိန်း ကျူးကျော်မြေ၊ ရန်ကုန်မြို့၊


၂။ ရဲထွဋ်ဦး(ခ)အောင်ကြီး(၂၃)နှစ်၊ (ဘ)ဦးအောင်ဆန်းဦး၊ သခင်ဖိုးလှကြီး၊ (၆)လမ်း၊အမှတ်(၁၈)
ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်မြို့၊


၃။ ဖိုးဆိုး(ခ)လှိုင်ထွန်း၊ (၂၇)နှစ်၊ ဦးတင်လှိုင်၊ ပြည်တော်သာပတ်လမ်း၊ အမှတ်(၁၀)ရပ်ကွက်၊
ရွှေပြည်သာမြို့နေသူတို့ဖြစ်ကြောင်း၊ ၄င်းတို့၏ ထွက်ဆိုချက်အရ သိရှိခဲ့ရပြီး ၄င်းတို့နှင့်အတူ
ရဲဘက်စခန်းမှ ထွက်ပြေးလာသူ စုစုပေါင်း(၆)ဦးဖြစ်ကြောင်း အခြား(၃)ဦးမှာ ၄င်းတို့နှင့်အတူ
ပုကွန်ကျေးရွာမှ ဌားရမ်းစီးနင်းလာသည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ(၃)ဦးအနက် (၁)ဦးအား
ခေါ်ဆောင်ပြီး ဓနုဖြူမြို့၊ စီဘီ ဘဏ်သို့သွားရောက်နေကြောင်း စစ်ဆေးသိရှိရသဖြင့် ဖမ်းဆီးရ
မိသူ ရဲဘက်ပြေးတရားခံ(၃)ဦးအား ဓနုဖြူရဲစခန်းတွင် အပ်နှံထားရှိပြီး ရဲအုပ်ရန်နိုင်ထွန်းဦးစီး
တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ပူးပေါင်းကာ စီဘီ ဘဏ်သို့ သွားရောက် ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ နေလင်းဆန်း (၂၂)နှစ်၊ (ဘ)ဦးဆန်းနိုင်၊ ၁၄/ဓနုဖြူ(နိုင်)၀၄၄၃၇၉ပုကွန်ကျေးရွာ၊ ဓနုဖြူမြို့နယ်နေသူ၏ မှတ်ပုံတင်ကို အသုံးပြုပြီး စီဘီဘဏ်အတွင်းသို့ မရိုးမဖြောင့်သောနည်းဖြင့် ၀င်ရောက်ရန် ကြိုးစားနေစဉ် ---

၎။ နိုင်နိုင်ထွန်း(သ)၂၅နှစ်၊ (ဘ)ဦးလှမြင့်၊ အောင်မင်္ဂလာလမ်း၊ အမှတ်(၁၅၅)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်၊ ရန်ကုန်မြို့၊


၅။ ပြည့်ဖြိုးအောင်(သ)၂၃နှစ်၊ (ဘ)ဦးကျော်ဝေ၊ လက်ခုပ်ကုန်းကျေးရွာ၊ ကွမ်းခြုံကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊

၆။ အာကာ(ခ)အာကာစိုး (သ)၂၂နှစ်၊ (ဘ)ဦးစိုးအောင်၊ အမှတ်(၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊
ရန်ကုန်မြို့ နေသူ(၃)ဦီးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

Ayeyarwaddy region police

No comments:

Post a Comment