Latest News

Tuesday, May 31, 2016

ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ညောင်တုန်းမြို့မြစ်ကမ်း ရေကာတာတည်ဆောက်ရေးလုပ်ငန်း အပြီးသတ်ရန် နှောင့်နှေးကြန့်ကြာ


မကြာမီက တိုက်ခတ်ခဲ့သော ရွန်နူ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ညောင်တုန်းမြို့နယ်အပါအဝင် ဧရာဝတီတိုင်းတစ်တိုင်းလုံးတွင် မိုးရွာသွန်းမှု များပြားခဲ့မှုကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တည်ဆောက်ရေး(၉)က တာဝန်ယူတည်ဆောက်လျှက်ရှိသော ညောင်တုန်းမြို့မြစ်ကမ်း ရေကာတာတည်ဆောက်ရေးလုပ်ငန်း အပြီးသတ်ရန် နှောင့်နှေးကြန့်ကြာနေရကြောင်း သိရသည်။

အဆက်မပြတ်မိုးရွာသွန်းနေမှုကြောင့် မြေသယ်ခြင်း၊ မြေဖို့ခြင်း၊ မြေညှိ ခြင်း လုပ်ငန်းများနှင့် ကွန်ကရစ်လုပ်ငန်းများ၊ မြစ်ကမ်းနံရံ ကျောက်စီခြင်း လုပ်ငန်းများကို ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရကြောင်း သိရသည်။
ညောင်တုန်းမြို့အရှေ့ပိုင်းနှင့် ကျွန်း ထိပ်ပိုင်းတို့တွင် တည်ဆောက် ခဲ့သော မြေသားတာပေါင် မြှင့်တင်ခြင်း၊ အုတ်ကွန်ကရစ်ဖြင့် တာပေါင်မြှင့်တင်ခြင်း၊ ပုံစံကျတည်ဆောက်ခြင်း လုပ်ငန်းပြီးစီးနေပြီဖြစ်သည့်အပြင်
 ညောင်တုန်းမြို့ ၉ လမ်း မှ ၁၂ လမ်း ကွဲအက်နိမ့်ကျခဲ့သော ရေကာတာနေရာတွင် အဓိကထား ဆောင်ရွက်လျှက်ရှိသည့် နေရာတွင်လည်း သဲအိတ်ကြီးများချခြင်း၊ ရေရှိန်သတ် သုံးချောင်းထောက် ကျောက်တုံးများချခြင်း၊ ဘိုးပိုင်များရိုက်ခြင်း၊ သံကူ ကွန်ကရစ်ပိုင်ခုံများနှင့် ရေကာနံရံ တည် ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးနေသော်လည်း နောက်ဆုံးအပြီးသတ်ရန်အတွက် ကျန်ရှိနေသေးသည့် မြေသယ်ခြင်း၊ မြေဖို့ခြင်း၊ မြေညှိခြင်း၊ ကွန်ကရစ်လုပ်ငန်းနှင့် ကျောက်စီလုပ်ငန်းများ အနည်းငယ်ကျန်ရှိနေခြင်း ဖြစ်သည်။

မိုးရွာသွန်းမှုကြောင့် မြေဖို့ခြင်း၊ မြေညှိခြင်းလုပ်ငန်းများတွင် ဗွက်လည်နေမှုကြောင့် ခက်ခဲစွာ ဆောင်ရွက်နေရသော်လည်း လုပ်ငန်းများ မကြာမီပြီးဆုံးစေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
MOI

No comments:

Post a Comment