Latest News

Saturday, May 28, 2016

ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်


ဝါးခယ်မ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် ပတ္တမြားရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ ရေနုတ်မြောင်းများ မိုးတွင်းအခါ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းနှင့် ပြန်လည် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပတ္တမြားရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရေနုတ်မြောင်းနှင့် ဈေးရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် မြို့မလမ်းထောင့်ရှိ ရေနုတ်မြောင်းတို့မှာ အဓိကရေထွက်ပေါက်များဖြစ်သည့်အတွက် မိုးတွင်းအခါ ရေစိးရေလာကောင်းမွန်စေရန် ပြန်လည်တူးဖော် အသစ်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပတ္တမြားရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ရေနုတ်မြောင်းမှာ အကျယ် ၄၀ ပေ၊ အရှည် ၄ ပေခွဲ၊ အနက် ၄ ပေ ၃ လက်မရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရံပုံငွေကျပ် ၂၅ သိန်း၊ ဈေးရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် မြို့မလမ်းထောင့်ရှိ ရေနုတ်မြောင်းမှာ အကျယ် ၄၉ ပေ၊ အရှည် ၅ ပေ ၃ လက်မ၊ အနက် ၄ ပေ ၃ လက်မရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရံပုံငွေ ကျပ် ၃၅ ဒသမ ၅ သိန်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လွှမ်းသီဟ (၀ါးခယ်မ)

No comments:

Post a Comment