Latest News

Tuesday, May 31, 2016

ငွေကြေးတောင်းသည်ဟုဆိုကာ တိုင်ကြားခံ ရ သည့်ကျောင်း ကို စစ်ဆေး


မျိုးမင်းပိုင်
ကျောင်းပြောင်းလက်မှတ် အတွက် ငွေကြေးတစ်သောင်းခွဲ တောင်းသည်ဟုဆိုကာ တိုင်ကြားခံရသည့် ပုသိမ်မြို့ နယ် ရှိ ကြည်သာကျေးရွာ အ.မ.က ၂၃၁ ကျောင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး က ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ သည်။
ဒီလိုပဲ သတင်းထွက်လို့ လာကြည့်တာပါ ဟု ဒေါက်တာလှမြတ်သွေးကဆိုသော်လည်း စစ်ဆေးမှုများကိုတော့ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ကြည်သာဒေသခံ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ရပ်ကျေးအတွင်းရေးမှူး မှပုသိမ်မြို့ နယ်လွတ်တော်ကိုယ်စားလှယ် (NLD)ဦးစိုးဝင်းကိုဖုန်းဖြင့် ဆက်သွယ် တိုင်ကြားရာမှ လူမှုရေးဝန်ကြီးက သွားရောက် စစ်ဆေးခဲ့ ခြင်းဖြစ်သည်။
သူမ၏ လေးတန်းကျောင်းသားကလေးကျောင်း ပြောင်းလက်မှတ် ရယူရန် ကျောင်းအုပ်ဆရာမကြီးက ငွေကျပ်တစ်သောင်းခွဲတောင်းခံခဲ့သည်ဟု တိုင်ကြားသူ
ကြည်သာကျေးရွာ ဒေသခံ ဒေါ်သီတာမြင့်ကမီဒီယာများကိုပြောသည်။
ငွေတောင်းတာကတော့ ဟုတ်သင့် သလောက်လဲ ရှိပါတယ်ဟုဆိုသော်လည်း တောင်းသည့်အထောက်အထားကိုတော့ The Messenger Media ၏ မေးမြန်းမှုအပေါ်တိုင်ကြားသူက အတိအကျ ပြောဆိုနိုင်ခြင်းမရှိပေ။
တောင်းလဲ မတောင်းခဲ့ ဘူး ယူလဲ မယူခဲ့ ဘူး သူနဲ့ ဘယ်နှစ်ခါ စကားပြောခဲ့ လဲ ဘယ်နေရာမှာတောင်းတာလဲ ဘယ်သူနဲ့ ပေးတာလဲ ဘယ်နေရာမှာပေးတာလဲဆိုတာလဲ တိုင်တဲ့ သူကိုမေးချင်တယ် သူနဲ့ တစ်ခါမှတောင်စကားမပြောခဲ့ ဘူးပါဘူး ဒီအချိန်မှာ ပိုက်ဆံ မကောက်ရဘူးဆိုတာ အားလုံသိနေကြတာ နောက်ဆုံးအလှူခံတာတောင် မလုပ်ရဘူးလို့ ပြောထားတာ တောင်းတယ်ဆိုရင် ကျွန်မလောက်မိုက်မဲတဲ့ သူရှိမှာ မဟုတ်ဘူး သို့ သော် သူတို့ က အပြင်မှာ သပုတ်လေလွင့်သတင်းတွေလွင့်နေတဲ့ အပေါ် လူမှုရေးဝန်ကြီးကလာကြည့်တာပေါ့ ဆရာမကြီး ဘက်က တော့ ငွေကြေးလဲ ခက်ခံမထားဘူးတောင်းလဲမတောင်းခဲ့ ဘူးဖြစ်တဲ့ အတွက် ရှင်းမှာပဲသို့ သော် ဆရာမကြိးအတွက် သိက္ခာကျတာပေါ့ အရှက်နဲ့ သိက္ခာဆိုတာ ဆရာမကြီးတို့ ဘ၀မှာ အရမ်းအရေးကြီးပါတယ်သို့ သော် ဒီလို သိက္ခာကျအောင်လုပ်တဲ့ အပေါ်ဝန်ထမ်းတစ်ယောက်ဖြစ်နေတဲ့ အတွက် တုန့်ပြန်မှာတော့ မဟုတ်ဘူး အတတ်နိုင်ဆုံးရှင်းပြသွားမှာပါဟု အ.မ.က ၂၃၁ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။
ဆရာ ဆရာမများ အနေဖြင့် ကျောင်းအပ်နံမှုများကျောင်းပြောင်းလက်မှတ် ရယူမှုများတွင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနများမှ ညွန်ကြားထားပြီး လိုက်နာခြင်းမရှိက ထိရောက် စွာအရေးယူမည်ဟု သတင်းထုတ်ပြန်ထားသည်။
မန္တလေးအလင်းနေ့ စဉ်ထုတ်သတင်းစာ

No comments:

Post a Comment