Latest News

Thursday, April 7, 2016

ဧရာဝတီတိုင္းေဒသႀကီးစည္ပင္ အေၾကြးပိေန၍ အစိုးသစ္ထံ တိုင္ၾကား


သတင္း ျပည္တြင္း
စည္သူေမာင္ေမာင္

ယခင္တိုင္းအစိုးရမွ ဘတ္ဂ်က္ခ်ထားေပးျခင္းမရွိဘဲ ေဆာက္လုပ္ရန္ညႊန္ၾကားထားသည့္ ေရအိမ္ကို ဧၿပီ ၇ရက္ေန႔က ေတြ႔ရစဥ္။ ဓာတ္ပံု - စည္သူေမာင္ေမာင္

ယခင္အစိုးရက ဘတ္ဂ်က္ခ်ထားေပးျခင္းမရွိဘဲ လုပ္ငန္းမ်ားတည္ေဆာက္ရန္ ညႊန္ၾကားထားသည့္အတြက္ လုပ္ငန္းေဖာ္ေဆာင္ရာတြင္ အေၾကြးမ်ားပိေန၍ တိုင္းအစိုးရသစ္မွ ေျဖရွင္းေပးရန္ တိုင္ၾကားစာပို႔ထားေၾကာင္း စည္ပင္သာယာမွ အင္ဂ်င္နီယာမွဴးဦးရဲဝင္းေအာင္က အမဇၩိမသုိ႔ေျပာသည္။

"ကြၽန္ေတာ္ ဌာနကို အရင္တိုင္းအစုိးရက ကမ္းနားေရေပၚေစ်းတိုးခ်ဲ့ေဆာင္ႏွင့္ သန္႔စန္ခန္းတို႔ ေဆာက္လုပ္ေပးရန္ ၫြန္ၾကားတယ္၊ေဆာက္လုပ္ၿပီးေတာ့ ဘက္ဂ်က္လည္းခ်ထားေပးတာမရိွဘူး ၊အခက္အခဲေတြျဖစ္ေနတယ္ အေႂကြးသမားေတြကေတာင္းေနၿပီး"ဟု ၎ကေျပာသည္။

ပုသိမ္ၿမိဳ႕၊ကမ္းနားလမ္းရိွေရေပၚေစ်းတိုးခ်ဲ့ေဆာင္ႏွင့္သန္႔စန္ခန္းအား ၂၀၁၅ခုႏွစ္ ေမတြင္စတင္ေဆာက္လုပ္ခဲ့ၿပီး ၂၀၁၅ခုႏွစ္ႏုိဝင္ဘာလ တြင္ေဆာက္လုပ္ၿပီးစီးခ့ဲေၾကာင္း၊ ေရေပၚေစ်းအတြက္ ကုန္က်စရိတ္သိန္း၇၀၀က်ပ္၊သန္႔စန္ခန္းအတြက္ကုန္က်စရိတ္သိန္း၈၀၀က်ပ္ကုန္က်ေၾကာင္းသိရိွရသည္။

"သူတို႔ ေဆာက္လုပ္ကုန္က်စရိတ္မ႐ွင္းပဲ ဖြင့္ပြဲလုပ္ေတာ့ ၁၆သိန္းေလာက္ကုန္ေသးတယ္၊၂၀၁၆/၁၇ ဘက္ဂ်က္မွာလည္းမပါဘူး " ဟု ၎ကဆိုသည္။

"သူတို႔ခိုင္းလို ကြၽန္ေတာ္တို႔စည္ပင္သာယာကတာဝန္ခံၿပီးေဆာက္လုပ္ေပးတယ္၊သူတို႔ကတာဝန္ယူရမယ္ ကုန္က်စရိတ္က်ေတာ့တာဝန္ယူမႈမရိွဘူး၊အေႂကြးေတြကို ေဆာက္လုပ္ေရးပစၥည္းဆိုင္ေတြက ယူထားတယ္၊ျပင္ပပုဂၢိဳလ္ေတြကေခ်းရတာေတြေကာ၊လုပ္အားခေတြေကာမ႐ွင္းရေသးဘူး၊အခု တာဝန္မယူပဲခ့ဲဘူး"ဟု ပုသိမ္ၿမိဳ႕စည္ပင္သာယာေရးအဖြဲ႔မွ တည္ေဆာက္ေရးတာဝန္ခံမွ ဦးရဲဝင္းေအာင္က ေျပာသည္။

တိုင္ၾကားစာတြင္ "စည္ပင္အေနျဖင့္ မိမိေငြေၾကးျဖင့္မလုပ္ထားသက့ဲသုိ႔ အစုိးရ၏ စုိက္ထုတ္ေငြျဖင့္လုပ္ထားျခင္းမရိွပါသျဖင့္ ယင္းလုပ္ငန္းမ်ား၏ ေငြေၾကးေပးေခ်မႈအား ပုံမွန္နည္းအားျဖင့္ မေဆာင္ရြက္ႏိုင္ပါက အမ်ားသုံးသန္႔စင္ခန္းကို B.O.Tစနစ္ျဖင့္ ႏွစ္႐ွည္အဌားခ်ထားမည္ဆိုပါက ျပႆနာေျပလည္စြာေျဖ႐ွင္းႏိုင္ေၾကာင့္ႏွင့္ စည္ပင္အေနျဖင့္ဝန္ထုပ္ဝန္ပိုးေလ်ာ့သြားမည္ဟု"ထည့္သြင္း တင္ျပထားသည္။

ေရေပၚေစ်းပင္မေနရာ တည္ေဆာက္ကုန္က်ေငြအား တိုင္းေဒသႀကီးအစုိးရ ရန္ပုံေငြမွက်ခံသုံးစြဲခ့ဲ့ၿပီး၊တိုးခ်ဲ့ေနရာအတြက္ ပထမအႀကိမ္ တိုင္းအစုိးရမွ႐ွင္းလင္းမႈမရိွ၍ ဒုတိယအႀကိမ္တိုင္းအစုိးရမွေျဖရွင္းေပးပါရန္ တိုင္ၾကားစာတြင္ေဖာ္ျပထားသည္။
Mizzima
.........................
ဧရာဝတီတိုင်းဒေသကြီးစည်ပင် အကြွေးပိနေ၍ အစိုးသစ်ထံ တိုင်ကြား
သတင်း ပြည်တွင်း
စည်သူမောင်မောင်

ယခင်တိုင်းအစိုးရမှ ဘတ်ဂျက်ချထားပေးခြင်းမရှိဘဲ ဆောက်လုပ်ရန်ညွှန်ကြားထားသည့် ရေအိမ်ကို ဧပြီ ရရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူမောင်မောင်

ယခင်အစိုးရက ဘတ်ဂျက်ချထားပေးခြင်းမရှိဘဲ လုပ်ငန်းများတည်ဆောက်ရန် ညွှန်ကြားထားသည့်အတွက် လုပ်ငန်းဖော်ဆောင်ရာတွင် အကြွေးများပိနေ၍ တိုင်းအစိုးရသစ်မှ ဖြေရှင်းပေးရန် တိုင်ကြားစာပို့ထားကြောင်း စည်ပင်သာယာမှ အင်ဂျင်နီယာမှူးဦးရဲဝင်းအောင်က အမဇ္ဈိမသို့ပြောသည်။

"ကျွန်တော် ဌာနကို အရင်တိုင်းအစိုးရက ကမ်းနားရေပေါ်စျေးတိုးချဲ့ဆောင်နှင့် သန့်စန်ခန်းတို့ ဆောက်လုပ်ပေးရန် ညွန်ကြားတယ်၊ဆောက်လုပ်ပြီးတော့ ဘက်ဂျက်လည်းချထားပေးတာမရှိဘူး ၊အခက်အခဲတွေဖြစ်နေတယ် အကြွေးသမားတွေကတောင်းနေပြီး"ဟု ၎င်းကပြောသည်။

ပုသိမ်မြို့၊ကမ်းနားလမ်းရှိရေပေါ်စျေးတိုးချဲ့ဆောင်နှင့်သန့်စန်ခန်းအား ၂၀၁၅ခုနှစ် မေတွင်စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ခုနှစ်နိုဝင်ဘာလ တွင်ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ ရေပေါ်စျေးအတွက် ကုန်ကျစရိတ်သိန်းရ၀၀ကျပ်၊သန့်စန်ခန်းအတွက်ကုန်ကျစရိတ်သိန်း၈၀၀ကျပ်ကုန်ကျကြောင်းသိရှိရသည်။

"သူတို့ ဆောက်လုပ်ကုန်ကျစရိတ်မရှင်းပဲ ဖွင့်ပွဲလုပ်တော့ ၁၆သိန်းလောက်ကုန်သေးတယ်၊၂၀၁၆/၁၇ ဘက်ဂျက်မှာလည်းမပါဘူး " ဟု ၎င်းကဆိုသည်။

"သူတို့ခိုင်းလို ကျွန်တော်တို့စည်ပင်သာယာကတာဝန်ခံပြီးဆောက်လုပ်ပေးတယ်၊သူတို့ကတာဝန်ယူရမယ် ကုန်ကျစရိတ်ကျတော့တာဝန်ယူမှုမရှိဘူး၊အကြွေးတွေကို ဆောက်လုပ်ရေးပစ္စည်းဆိုင်တွေက ယူထားတယ်၊ပြင်ပပုဂ္ဂိုလ်တွေကချေးရတာတွေကော၊လုပ်အားခတွေကောမရှင်းရသေးဘူး၊အခု တာဝန်မယူပဲခဲ့ဘူး"ဟု ပုသိမ်မြို့စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးတာဝန်ခံမှ ဦးရဲဝင်းအောင်က ပြောသည်။

တိုင်ကြားစာတွင် "စည်ပင်အနေဖြင့် မိမိငွေကြေးဖြင့်မလုပ်ထားသကဲ့သို့ အစိုးရ၏ စိုက်ထုတ်ငွေဖြင့်လုပ်ထားခြင်းမရှိပါသဖြင့် ယင်းလုပ်ငန်းများ၏ ငွေကြေးပေးချေမှုအား ပုံမှန်နည်းအားဖြင့် မဆောင်ရွက်နိုင်ပါက အများသုံးသန့်စင်ခန်းကို B.O.Tစနစ်ဖြင့် နှစ်ရှည်အဌားချထားမည်ဆိုပါက ပြဿနာပြေလည်စွာဖြေရှင်းနိုင်ကြောင့်နှင့် စည်ပင်အနေဖြင့်ဝန်ထုပ်ဝန်ပိုးလျော့သွားမည်ဟု"ထည့်သွင်း တင်ပြထားသည်။

ရေပေါ်စျေးပင်မနေရာ တည်ဆောက်ကုန်ကျငွေအား တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှကျခံသုံးစွဲခဲ့့ပြီး၊တိုးချဲ့နေရာအတွက် ပထမအကြိမ် တိုင်းအစိုးရမှရှင်းလင်းမှုမရှိ၍ ဒုတိယအကြိမ်တိုင်းအစိုးရမှဖြေရှင်းပေးပါရန် တိုင်ကြားစာတွင်ဖော်ပြထားသည်။
Mizzima

No comments:

Post a Comment