Latest News

Tuesday, August 10, 2021

ပေ ၅၀ ကျော်အမြင့်ကိုပဲရွေးခဲ့ကြတယ်..


ဒူးထောက်လိုက်ရင် မြင့်လှ ၂ပေ ပေါ့..

ဒါပေမယ့် ပေ ၅၀ ကျော်အမြင့်ကိုပဲရွေးခဲ့ကြတယ်..
ဘလာဘလာဘလာအတွက်
ငါ၏အသက်ကိုစွန့်ပါမယ်လို့
ယောင်လို့တောင်တစ်ခါမှ မအော်ဖူးခဲ့ကြသူတွေက
မနက်တိုင်းဆူညံသံဖြစ်ရုံ
ဘလစ်ဘလစ်ဘလစ်နဲ့
အော်ခဲ့ကြတဲ့အရိုးမဲ့လျှာတွေကို
ပါးဖြတ်ရိုက်ပြီး သင်ပြခဲ့တဲ့ အရှက်တရား..
လက်ချင်းချိတ်ပြီး မကြောက်နဲ့လို့ အားပေးခဲ့ကြသလား..
အကြည့်တစ်ချက်နဲ့ ယုံကြည်မှုတွေစီးဆင်းခဲ့ကြသလား..
ခေါင်းတဆတ်အငြှိမ့်မှာ တိုင်ပင်မခေါ်ပဲ ရဲရင့်ခဲ့ကြသလား..
တဒိတ်ဒိတ် နှလုံးခုန်နေတယ်..
ငါလဲကြောက်တယ်..
ငါရောပဲ..
သိပ်ကြောက်တယ်..
အမြင့်ကြီးပဲနော်..
ဒါပေမယ့်
၀မ်း..
တူး..
သရီး..
မြေကြီးက မာတယ်..
ငါတို့က ပိုမာမှာပါ လို့ ယုံကြည်ခဲ့ကြသူတွေ..
အစွန်အဖျားတစ်နေရာမှာ ရပ်ဖူးသူတိုင်းသိတဲ့
အကြောက်တရားကို သူတို့ရှိသမျှအားလေးတွေနဲ့
ချေ ဖျက် ပြ သ ခဲ့ ကြပြီးပြီ
အောက်ကိုခုန်ချပြီး
အမြင့်ကိုခုန်တက်သွားကြသူတွေ..
အောက်ကိုခုန်ချပြီ..
အမြင့်ဆုံးကို ခုန်တက်သွားခဲ့ကြတဲ့
သူ တို့ လို ကြယ် တွေ..

No comments:

Post a Comment