Latest News

Saturday, November 17, 2018

ဒီ ၂၀၀၈ အခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။ ရအောင်ကို ပြင်ရမယ်။ ရွေးကောက်ပွဲက သိပ်အရေးမကြီးဘူး။


မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲ မဝင်မီကာလနဲ့ ဝင်ပြီးကာလမှာ
လုပ်ဆောင်ချက် ၊ အားနည်းချက်လေးတွေဘာတွေရှိလဲလို့ အဘ သုံးသပ်မိပါသလဲခင်ဗျ။

ဦးဝင်းတင် ။ ။ ကျွန်တော့်အမြင်အရ ပြောရရင်ဒေါ်အောင်ဆန်းစုကြည်က
ထူးချွန်ထက်မြက်တဲ့ခေါင်းဆောင် ဖြစ်တဲ့အတွက် တစ်ခုချင်း၊ တစ်ခုချင်းမှာ
သိပ်ပြီး ဝေဖန်စရာမရှိပါဘူး။

ဒါပေမယ့် မတူတာတွေတော့ ရှိတယ်။ဆိုပါတော့ဗျာ ...
သူ နဲ့ ကျွန်တော် အခြေခံအကျဆုံး မတူညီတဲ့ဟာဘာလဲဆိုတော့ ဒီနေ့အချိန်ထိ ဒီမိုကရေစီဆိုတာ
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အနေနဲ့ ပြောနေတာပါ။ ကျွန်တော်တို့ လုပ်နေရမှာက
အာဏာရှင်စနစ်ကို တိုက်ဖျက်နေရမှာ။

ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့တယ်၊အာဏာရှင်စနစ်ကို ဖြိုဖျက်နေရတာ။
ကျွန်တော်တို့ရဲ့ နိုင်ငံရေးက အင်္ဂလိပ်လိုပြောရရင် Dynamic အမြဲတမ်း ဖြစ်နေမှ
ကျွန်တော် ကြိုက်တယ်။

ကျွန်တော်တို့ နိုင်ငံရေးက ပုံမှန်ချောမွေ့နေတဲ့ Formal နိုင်ငံရေး မဟုတ်ဘူး။
Dynamic ဖြစ်တဲ့ နိုင်ငံရေးဗျ။
ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကအမြဲတမ်း ယဉ်ကျေးသိမ်မွေ့ချင်တယ်။
သာယာငြိမ့်ညောင်း ဖြစ်ချင်တယ်။သက်တောင့်သက်သာ ဖြစ်ချင်တယ်။
ဒီမိုကရေစီနည်းလမ်းတကျ ဖြစ်ချင်တယ်။သူက အကုန်လုံး ချောမွေ့တဲ့နည်းနဲ့ သွားချင်တယ်။
သူက ပုံမှန်အတိုင်း သွားချင်တယ်။

သူ့မှာ တော်လှန်ရေးလုပ်နိုင်တဲ့ စွမ်းအင်တွေ ရှိတယ်။
တိုက်ပွဲဝင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်။သတ္တိတွေ ရှိတယ်။
သူက ရှစ်လေးလုံးကာလတုန်းကလည်း တိုက်ပွဲဝင်နိုင်တဲ့ စိတ်ဆိုတာ ရှိတာပဲ။
ဒါပေမယ့် သူက တိုက်ပွဲဝင်ချင်တဲ့စိတ်ကနည်းတယ်ဗျ။
သူက အမြဲတမ်း ချောချောမွေ့မွေ့နဲ့ ဒိုင်ယာလော့ဂ်တို့ ၊ ဘာတို့နဲ့ အပေးအယူ
လုပ်ချင်တယ်။

ကျွန်တော်တို့အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
လွန်ခဲ့တဲ့ ၂၄ ၊ ၂၅ နှစ်ကာလက အာဏာရှင်စနစ်
ဆန့်ကျင်ရေးတိုက်ပွဲက ကောင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်သာ မဟုတ်ဘူး။
အခြား လူပေါင်းများစွာရဲ့ ခေါင်းဆောင်ပါ။
လူငယ်တွေ ၊ ကျောင်းသားလူငယ်တွေရဲ့ခေါင်းဆောင်လည်း ဖြစ်တယ်။
သတ္တိလည်း ရှိတယ်။
လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ထိုးထွင်းဥာဏ်လည်း ရှိပါတယ်။
သို့သော် ..
သူက အမြဲတမ်း ငြိမ်းချမ်းချင်တဲ့နည်းနဲ့လုပ်ချင်တယ်။
သာယာငြိမ့်ညောင်းစွာနဲ့ လုပ်ချင်တယ်။Very Formal နည်းလမ်းနဲ့လုပ်ချင်တယ်။

ဒါပေမယ့် .. ဒီနေ့ နိုင်ငံရေးအခြေအနေကဒီမိုကရေစီခေတ်ရောက်တာ မဟုတ်သေးဘူး။
လွှတ်တော်ရှိတာကလည်း ဒီမိုကရေစီလွှတ်တော် မဟုတ်ဘူး။
ရွေးကောက်ပွဲ လုပ်တာနဲ့လည်း ဒီမိုကရေစီစနစ်ကို မရောက်သေးဘူး။

အခုဟာက အာဏာရှင်တွေပဲဗျ။
လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းကရှိခဲ့တဲ့ အာဏာရှင်ပုံစံမျိုး မရှိပေမယ့်လည်း
အာဏာရှင်အတိုင်းပဲ ကျင့်သုံးတာပဲ။ပါနေတုန်းပဲ။
လုပ်တာကိုင်တာတွေကို ကြည့်မယ်ဆိုရင်
အိမ်တွေ ဖျက်တာ ၊ လယ်ယာတွေ သိမ်းတာတို့
ဆိုတာတွေက သူတို့ဟာ သူတို့ လုပ်ချင်တာ လုပ်နေတုန်းပဲ။
ဒီအာဏာရှင်စနစ်ကို မဖျက်နိုင်ရင် မရဘူးလို့ ကျွန်တော် ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည်က Formal နိုင်ငံရေးကို လုပ်ချင်တယ်။
လွှတ်တော်အတိုင်းပဲ စည်းနဲ့ကမ်းနဲ့ လုပ်ပါလို့ ပြောတယ်။
စည်းကမ်းရှိဖို့လိုတယ်ဆိုတာ ဘယ်သူမှ ငြင်းစရာအကြောင်း မရှိဘူး။
သို့သော် Formal နိုင်ငံရေးက မဟုတ်သေးဘူး။
ဒီလို Formal နိုင်ငံရေးနဲ့ သွားတာ မမှန်ဘူးလို့ ကျွန်တော် ထင်တယ်။
ဒီနေ့ဟာ အာဏာရှင်စနစ် အကြွင်းအကျန်တွေရှိတယ်။

အင်္ဂလိပ်ခေတ်တုန်းကလည်း တော်လှန်ရေးတိုက်ပွဲဝင်ဖို့အတွက်
တို့ဗမာအစည်းအရုံးထဲမှာ ပြဿနာတွေ တက်ကြတာ။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်ပေါ့ဗျာ။
သခင်စိုး ၊ သခင်သန်းထွန်းတို့ ဆိုရှယ်လစ်လမ်းစဉ်ကို ဆွေးနွေးကြတာ။
ဒါပေမယ့် တချို့သူတွေက မဟုတ်ဘူး။
လွတ်လပ်ရေးက အရေးကြီးတယ်လို့ ဆိုတယ်။
အဲဒီမှာ ဆိုရှယ်လစ်စနစ်က လျော့သွားတယ်။
သတင်းစာတွေကလည်း အပြန်အလှန် ရေးကြတယ်။
လွတ်လပ်ရေးအတွက် လုပ်ကြမယ်ဆိုပြီး ဖြစ်သွားတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အလုံးစုံ မြင်တဲ့သူဆိုတော့
နောက်ဆုံးတော့ ရဲဘော်သုံးကျိပ် ဖွဲ့စည်းဖို့ ဖြစ်လာတယ်။
ဒီနေ့အချိန်မှာလည်း ဒီမိုကရေစီရေးအတွက်
လွှတ်တော် ပါလီမန်အတွင်းကနေ လုပ်မယ်ဆိုတာ
တကယ်တမ်းတော့ မရဘူး။

ကျွန်တော်ကတော့ အာဏာရှင်စနစ်ကို မြင်နေတယ်။
ဒီအာဏာရှင်စနစ်ရဲ့ အဓိက အကျဆုံးက
ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။
ဒီနေ့အချိန်က အခြေခံဥပဒေတိုက်ပွဲပဲ။
ဒီအခြေခံဥပဒေမှ မပြင်ဘူးဆိုရင် မြန်မာပြည်နိုင်ငံရေးက ဘာမှ လုပ်လို့ မရဘူး။
ဒီလိုမှမဟုတ်ရင် စစ်အစိုးရရဲ့ နိုင်ငံရေးအတိုင်းဆက်လုပ်နေရမှာပဲ။

စစ်အစိုးရပြောနေတဲ့ စကားရှိတယ်။
အခုအခြေအနေက လမ်းခုလတ်လို့ ဆိုတယ်။
ကျွန်တော်ပြောချင်တာကတော့
လမ်းခုလတ်လို့တောင် မဆိုချင်ဘူး။
လမ်းသစ်ရှာပြီး ဆက်လျှောက်ချင်
လျှောက်ရတော့မယ်လို့ ထင်တယ်။

ကျွန်တော်ပြောနေတဲ့ တတိယ အရေးတော်ပုံ
ပေါ်နိုင်တယ်ဆိုတာ အဲဒါတွေပဲ။
ဒီ ၂၀၀၈ အခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။
ရအောင်ကို ပြင်ရမယ်။
ရွေးကောက်ပွဲက သိပ်အရေးမကြီးဘူးလို့ ကျွန်တော် ထင်တယ်။

Refး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏
ဟံသာဝတီမိန့်မှာတမ်း စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်

ဦးခေါင်းတွင် ရေအိတ်အပိုပါလာသည့် ကလေးငယ် ခွဲစိတ်ကုသရန် အကူအညီလိုအပ်နေ


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကြက္ခတန်းကျေးရွာမှ ၁ လသားအရွယ် ကလေးငယ်တစ်ဦးမှာ ဦးခေါင်းတွင် ရေအိတ်သဖွယ်အပိုပါလာသဖြင့် အသက်ရှင်သန်နိုင်ရေး အချိန်မှီ ခွဲစိတ်ကုသရန် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ ကလေးမှာ ဦးနိုင်လင်းနှင့် ဒေါ်ခိုင်သင်းဝေတို့၏ သားလေးဖြစ်ပြီး မြန်အောင်ပြည်သူ့ဆေးရုံ၌ ပြသရာတွင် အချိန်မှီ ကုသမှုပြုလုပ်မှသာ အသက်ရှင်နိုင်မည်ဟုဆိုသဖြင့် အကူအညီလိုအပ်နေကြောင်း ကလေးမိဘများ ထံမှ သိရသည်။

''စမွေးကတည်းက ပါလာတာပါ။ ပုံသဏ္ဍန်က ရေအိတ်ပုံသဏ္ဍာန်ဖြစ်ပါတယ်။ မြန်အောင် ပြည်သူ့ဆေးရုံကို သွားပြတော့ အချိန်မှီ ကုသဖို့လိုပါတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ဆီကို မြောင်းမြမြို့နယ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကလည်း ကူညီဆောင်ရွက်ပေးဖို့ ဆက်သွယ်လာတာရှိပါတယ်''ဟု ကလေးငယ်၏ ဖခင် ဦးနိုင်လင်းက ပြောသည်။

အဆိုပါကလေးငယ်၏ မိဘများမှာ မြောင်းမြမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးနှင့် အဆက်အသွယ်ရသဖြင့် ပုသိမ်ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာ ၁၆ ရက်တွင် ဆေးကုသမှုခံယူရန် ယင်းလွှတ်တော် ကိုယ်စားလှယ်က ချိတ်ဆက်ဆောင်ရွက်ပေးထားပြီး ပုသိမ်ဆေးရုံမှ ရန်ကုန်သို့ သွားရောက်ကုသမှုခံယူရမည် ဆိုပါက ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။

''ဒီကနေ့ သူတို့ဆီကနေ ကျွန်မတို့ဆီကိုလာပါမယ်၊ လာဖို့ချိတ်ထားပါတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေး ရှိပါတယ်။ သူတို့လာတာနဲ့ အစည်းအဝေးပြီးတာနဲ့ ကျွန်မသွားမှာပါ။ အမြန်ဆုံး သွားရောက်ကုသမှုခံယူရမယ့် အခြေအနေဖြစ်ပါတယ်။ ရေအိတ်က အညိုရောင်တို့၊ ဘာတို့ ဖြစ်လာတတ်လို့ အချိန်မီကုသဖို့လိုတယ်လို့ သိရ ပါတယ်။ ကျွန်မက မြောင်းမြကိုယ်စားလှယ်ဖြစ်ပေမယ့် တိုင်းဒေသကြီးအတွင်းမှာ ပြည်သူတွေရဲ့အခက်အခဲ တွေကို တတ်အားသရွေ့ကူညီပေးပါတယ်။ အခုလည်း ပို့စ်တင်ပြီး အကူအညီလိုအပ်ကြောင်း ပြောလိုက်တာနဲ့ ဒီကနေ့တော့ မိတ်ဆွေတွေက ဖုန်းကနေ လှူမယ်ဆိုပြီးပြောလာတာတွေ ငွေဆယ်သိန်းနီးပါးလောက်တော့ရ နေပါပြီ။ လိုအပ်တာကို ဆက်လက်ကူညီပေးပါ့မယ်။ ဒါ့အပြင် သရုပ်ဆောင် ကိုပြေတီဦးကလည်း လှူဒါန်းကူညီ ဖို့ ချိတ်ဆက်လာတာရှိပါတယ်။'' ဟု မြောင်းမြမြို့နယ်မဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောသည်။

မိဘများနှင့် ကလေးမှာ နိုဝင်ဘာ ၁၆ ရက်တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ပြသကုသမှုခံယူရန်ထွက်ခွာလာပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၏ အစီအစဉ်ဖြင့် လွှတ်တော်ရုံးမှ မော်တော်ယာဉ်ဖြင့် ကူညီပေးရန် ပြင်ဆင်ထားကြောင်း သိရသည်။

ကလေးငယ်အား ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံများသို့ လွှဲပြောင်းကုသရန်ညွန်ကြားပါက ရန်ကုန်သို့လာရောက် ကုသမည်ဆိုလျှင် ကူညီဆောင်ရွက်ပေးရန် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးထံ ချိတ်ဆက်ထားကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးထံမှ သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/

Friday, November 16, 2018

အကျဉ်ထောင်အတွင်း ကျနော်ဖတ်ခဲ့ဖူးသော ကဗျာတပုဒ် ။ (၈)


ကျတော်တို့ နေထိုင်ချုပ်လှောင်ခံထာရာ နရသိန်အကျဉ်းထောင်ထဲက အကျဉ်းခန်းလေးတွေကို အုပ်ချုပ်သူ စစ်အာဏာရှင်တွေက ငရဲဘုံးတခုလို ဖန်တီးအုပ်ချုပ် ဖိနှိပ်ထားသော်လည်း ကျတော်တို့ အားလုံးဟာ ရှိသမျှစိတ်ဓာတ်ခွန်းအား ဥာဏ်စွမ်းဥာဏ်စတွေနဲ့ ပဲ ခုခံကာကွယ်ကြရင်း အချင်းချင်းလက်တွဲခေါ် အားပေးကြပြီး မိမိတို့ ရဲ သတ်မှတ်ပြစ်ဒဏ်တွေ နှစ်စေ့သည့်တိုင် ကြံ့ကြံ့ခိုင် ဖြတ်သန်းကြရသည်။ အမေအိမ်လောက်အဆင်မပြေတဲ့အရပ်မှာ ရဲဘော်ရဲဖက်စိတ်ဓာတ်တွေနဲ့ ပဲ ရှင်းသန်နေထိုင်ကြတော့သည်။ အမေအိမ်းတွ အချိန်တန် လက်ဆေးထမင်းစား၊ သုံးဖို့ ငွေလက်ဖြန့် တောင်းရင်းကျောင်းတက် ဖွန်ကြောင်၊ နိုင်ငံရေးလှုပ်ရှား အစိုးရဆန့် ကျင်ရေး လုပ်ကြရင်း ထောင်ထဲ ရောက်လာကြသော အမောင်ကျောင်းသားမျာသည် ရောက်ရာအရပ်တွင်လဲ ဖြစ်သလို့ နေထိုင်တက်ကြပါသည်။ အင်းစိန်သီသန့် ထောင်ထဲမှာ ဘယ်လောက်ပဲ ကြပ်တည်းသည့်ကာလဖြစ်နေကြပါစေ စိတ်ဓာတ်ကျသူတွေ နည်းပါးလှသည်။ နှစ်ပေါင်းများစွာ တနေ့ ကို(၁၅)မိနစ်ပဲ ရေချိုး၊မိလ္လာချခွင့်ရရ၊ မိနစ်(၆၀)လောက်ပဲ အောက်ဆင်းရပြီး တနေကုန် အခန်းကျဉ်းလေ ၈ပေ၊ ၁၁ပေ အခန်းတွေထဲမှာ တခန်း ၃ ယောက်၊ ၄ယောက်နေရနေရ နေနိုင်ကြသည်။ ကြပ်ကြပ်တည်းတည်း ထမင်းစာလဲ ဒီနေရာ၊ အီးပါ၊သေးပေါက်လဲ ဒီနေရာ၊ ညအိပ်ရင်းလဲ ဒီနေရာ တနေရာထဲမှာပဲ နှစ်ပေါင်းများစွာ ကြက်ခြင်းထဲက ကြက်တွေလို ချုပ်နှောင် ပိတ်လှောင်ခြင်းခံထားရသော်လည်း အင်းစိန်သီးသန့် ထောင်ရဲ့ တိုက်ဆောင်(၂) ၊ နောက်ဖက်ခြမ်းလေးဟာ အတော်ကလေးလွတ်လွတ်လပ်လပ်နေထိုင်ခွင့် ရှိပြီး ဆူဆူညံညံလေး တခန်းနဲ့ တခန်း စကားအော်ပြောကြ၊ သီချင်းဆိုကြနဲ့  ညဖက်ဆိုရင် အိပ်ချိန်(၉)နာရီထိုးမှပဲ တိတ်ဆိတ်သွားတက်ပါတယ်။

ဒီအင်းစိန်သီးသန့် ထောင်ဟာ အင်္ဂလိပ်ခေတ်ကတည်းက နယ်ချဲတော်လှန်ရေးကို လုပ်ကြတဲ့ မျိုးချစ်တော်လှန်ရေးသမားတွေ ဖြစ်ကြတဲ့ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်နု၊ သခင်ဗဟိန် စတဲ့ သခင်လူငယ် နိုင်ငံရေးသမားတွေအပြင် အင်္ဂလိပ်ခေတ်ရဲ့ပထမဆုံး နန်ရင်းဝန်း ဒေါက်တာဘမော်လို လူမျိုးတောင် ကင်းခဲ့တဲ့နေရာမဟုတ်ခဲ့ပါ။ အခုကျတော်တို့ ကို ချုပ်လှောင်ထားတဲ့အခန်းတွေဟာ ၁၉၈၈ မတ်လ နောက်ပိုင်းမှ အခန်း။ကျဉ်းတိုက်ပိတ်ခန်းတွေ ဖြစ်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ် ကိုလိုနှီခေတ်ကတည်းက ဟောခန်းကြီးတွေဖြစ်ပြီး ထိုဟောခန်းကြီးတွေမှာ အဖမ်းအဆီခံထာရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် သင်တန်းကျောင်းတွေလိုတောင်ဖြစ်ခဲ့ဖူးသေးသည်။ သခင်စိုးနဲ့ သခင်သန်းထွန်းတို့ က နိုင်ငံရေးသင်တန်းတွေ ပိုချခဲ့သလို ၊ သခင်နုကလဲ ဗူးသီနုနု လိင်ပညာပေးသင်တန်းများပေးခဲ့ရာ နေရာလဲဖြစ်ခဲ့ဖူးကြောင်းနှင် အငြိမ့်ကခြင်း၊ ပြဇာတ်ကခြင်းများတောင် လုပ်ခွင့်ရခဲ့ကြသည်ဟုပင် သူတို့ ၏ကိုယ်တိုင်ရေး စာအုပ်များတွင် လေ့လာမှတ်သားခဲ့ရသည်။ ကျနော်တို့ ခေတ်မှတော့ စစ်အာဏာရှင်က အင်္ဂလိပ်ထက်ကို ရက်စက်သည်။ လူမနေသင့်သော လေ၀င်လေထွက်မရှိသော နရသိန်အခန်းကျဉ်းထဲ ကျနော်တို့ အား နှစ်ပေါင်းများစွာ ပြစ်ဒဏ်ချပြီး အသေသတ်ချင်ကြသည်။ ကျတော်တို့ က အသတ်မခ၊ သေသည့်တိုင်ကြံကြံ့ခိုင် တောက်ခံကြရင်း ပျော်အောင်နေတက်ကြသည်။ အင်းစိန်သီးသန့် ထောင် မည်သို့ ပင်ကြပ်တည်သော်လည်း တိုက်ဆောင်(၂)၏ နောက်ဖက်ခြမ်းလေးကတော့ ညအခါတီးဝိုင်းသံနဲ့ ဆူညံနေတက်ပါသည်။

ထိုတီးဝိုင်းကို ဦးဆောင်သူက အခန်း(၁၉)မှ ကိုကြည်မိုးနိုင်ဖြစ်သည်။ သူက ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေး ရရှိခဲ့သည့်၁၉၉၁ ဒီဇင်ဘာ ၁၀-၁၁ နေ့ ရက်များမှာ ဖြစ်ပွားခဲ့သော ထောက်ခံဆန္ဒပြပွဲတွင် စက်မှုတက္ကသိုလ်တွင် ဦးဆောင်ခဲ့သူတွေထဲ ပါဝင်ခဲ့သည့်အတွက် ထောင်(၁၅)နှစ်ချခံထားရသူတယောက်ဖြစ်သည်။ လူပုံက သွတ်သွတ်လပ်လပ်ပျော်ပျော်ပါးပါးနေထိုင်တက်သူဖြစ်ပြီး အမြဲတမ်းပြုံးနေတက်သူဖြစ်သည်။ သူ၏ဇာတိက တောာင်ငူအနီးအနားက သာဂရမြို့ ကလေးကဖြစ်သည်။ အဆိုအတီးကို ၀ါသနာထုံသူတဦးဖြစ်တာကြောင်း သူ၏မြို့ လေးမှာပင် သာဂရခေတ်ပေါ် တေးဂီတ တီးဝိုင်းလေးကို ဦးစီးတည်ထောင်က မြို့ ၏ ပွဲလမ်းသဘင်ရာသီချိန်များတွင် ဖျော်ဖြေတီးခတ်နေကြဖြစ်သည်။ သူအပါအ၀င် ကိုမြင့်ဆွေ၊ ကိုအံ့ဘွယ်ကျော်၊ ကိုကျော်ကျော်ဦး၊ စိန်ကျော်ဦး ၊ ပြည်စိုးတို့ က ၁၉၉၁ ဒီဇင်ဘာလကတည်းက အင်းစိန်သီးသန့် ထောင်ရှိ ကျွန်းတိုက်ထဲတွင် နေခဲ့ကြသူများဖြစ်ပြီး ၁၉၉၃ နှစ်ကုန်လောက်မှာမှ ကျတော်တို့ တိုက်ဆောင်(၂)သို့ ရောက်လာကြသူတွေဖြစ်ကြသည်။ သူတို့ ရောက်ကတည်းက အနောက်ဖက်ခြမ်း(၁၉)ခန်းတွင် သူ၊ ကိုအံ့ဘွယ်ကျော်၊ ယဉ်မင်းဦး(ဗူးသီး)တို့ အတူနေကြရသည်။ သူက ကျွန်းတိုက်မှာရှိစဉ်ကတည်းက သူ၏တီးချင်၊ခတ်ချင်သော ၀ါသနာကို မဖျောက်နိုင်ပဲ အမြဲတမ်း ရဲဘော်ရဲဖတ်တွေကို ညစဉ်ညတိုင်း နီးပါ တီခတ်ဖျော်ဖြေနေကြဖြစ်သည်။ ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားများကအနုပညာနဲ့ နီးစပ်သူတွေပါကြမြဲမို့  ကဗျာစပ်၊ သီချင်းရေး၊ ဂီတတူရိယာများ ထောင်တွင်းလက်ဖြစ်များကို အနေချောင်သောကာလလေးများတွင် ဖန်တီးတီထွင်တက်ကြသည်။ အင်းစိန်ထောင်မကြီးထဲရှိတိုက်ခန်းများတွင်ရှိကြသော နိုင်ငံရေးအကျဉ်းသား ကျောင်းသားများက မိုလာပလတ်စတစ်ဗုံးများကို ဂီတာအသံအိုးအဖြစ်ဖန်တီးကာ ဂီတာတီး၊ သီချင်းဆိုကြသည်ဟု သိရသော်လည်း အင်းစိန်သီးသန့် ထောင်ထဲမှာတော့ ထိုကဲသို့ ဂီတာလုပ်သူမရှိခဲ့ချေ။

ကိုကြည်မိုးတယောက်ကတော့ သူ၏သာဂရတီးဝိုင်းတွင် ဒရမ်းတီးခတ်ခဲ့သူဖြစ်တာကြောင့် ထောင်တွင်းဖြစ် ဒရမ်းတီဝိုင်းတခုဖြစ်အောင်သူက ဖန်တီးခဲ့သည်။ အင်းစိန်ထောင်မကြီးက ထောင်တွင်းလက်ဖြစ် ဂီတာများကို ထောင်ရှာဖွေရေးတွင် အသိမ်းခံရသည်ဟု ကြားခဲ့ဖူးသော်လည်း သူ၏ဒရမ်းမာတီးဝိုင်းက ထောင်ရှာဖွေရေးလဲလွတ်သည့် ပစ္စည်းများဖြစ်သည့် ထောင်ပုံစံစောင်၊ ထောင်ပုံစံပုဂံ၊ အိမ်က တရားဝင်သွင်းခွင့်ရသော သစ်သား ၁၀၈လုံး ပုတီးတကုံး၊ မိုလာပလတ်စတစ်ဗုံးတဗုံးဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ဂွမ်စောင်တထည်ကို အောက်ဖက်တွင် ထူထူခေါက်ခင်းထားပြီး ထိုဂွမ်းစောင်ပေါ်တွင် ထောင်ပုံစံပုဂံပြာတချပ်ကို မှောက်ထားလိုက်ပြီး ထိုပုံစံပုဂံပြား၏ ခွပ်နေသော ဖင်ပိုင်းကို သစ်သားပုတီးကို (၂)ပတ်ခေါက်ကာ စွပ်ပြီးမှ နောက်ထပ်ပုံစံပုဂံတချပ် ထပ်အုပ်လိုက်သည်.။ ထိုနောက် ပုံစံစောင်ပါးပါးလေးကို ခေါက်ချိုးခေါက်ပြီး အပေါ်ဆုံးမှာ ထပ်အုပ်ပြီး လက်ဖနှောက်နဲ့ ထုတီးလိမ့်၊ ခေါက်လိမ့်၊ မိုလာဗုံးကို ထုလိုက်နဲ့  စည်းချက်ညီညီတီးပါက ဒရမ်မားတီခတ်နေသကဲ့သို့  တုန်း ချပ်ချပ် --တုန်းချပ်ချပ် အသံထွက်နေပြီး တီးဝိုင်းလေးနဲ့ တူသွားတော့သည်။ သူတို့ အခန်းက ကိုအံ့ဘွယ်ကျော်က အတွေးသမား သီချင်းမဆိုပါ။ ကိုကြည်မိုးနိုင်က သူကိုယ်တိုင်တီးခတ်ပြီ စည်းချက်ကြကြ သီးချင်းဆို သလို တခါတလေလဲ ဘိုကလေးသား ယဉ်မင်းဦး(ဗူးသီး)က သီချင်းဆိုပါသည်။ နောက်ပိုင်းဗူးသီးလဲ ကိုကြည်မိုးနိုင်ဆီက ဒရမ်းတီးနည်းသင်ယူကာ သူကိုယ်တိုင်တီး၊ သူကိုယ်တိုင်ဆိုလာတက်တော့သည်။ တခါတလေသူတို့ အခန်းအနီးရှိ အခြားအခန်းမှ ရဲဘော်များက သီချင်းဆိုပြီး သူတို့ အခန်းက ဒရမ်းမာတီးခတ်က ဂီတ၀ိုင်းလေးတ၀ိုင်းဖြစ်အောင် ဖန်တီကြသေးသည်။ ကိုကြည်မိုးနိုင်၏ ဒရမ်မာတီးဝိုင်းနဲ့ အလိုက်ဖက်ဆုံးသီချင်းတွေက မြူမြူကြွကြွ သီချင်းတွေဖြစ်သည်။ နိုင်ငံရေးအခမ်းအနားနဲ့ သက်ဆိုင်သောနေ့ ရက်များတွင် အလိုက်ဖက်ဆုံးသီချင်းက ကိုထူးအိမ်သင် ရေးစပ်ခဲ့ပြီး ကိုမွန်အောင် သီဆိုခဲ့သော

''''''အရေးကြီးပြီး ညီနောင်အပေါင်းတို့ '''''''

သီချင်ဖြစ်ဖြစ်ပြီ။ နောက်တပုဒ်မှာ

'''''''ဘ၀တက္ကသိုလ် အောင်မြေနန်း''''''

တို့ ဖြစ်ပါသည်။ ထို့ သာဂရခေတ်ပေါ်တီးဝိုင်းလေးသည် ၁၉၉၃ ခုနှစ်မှ ၁၉၉၇ နိုဝင်ဘာ (၁၇)ရက်နေ့ အထိ သီးသန့် ထောင် တိုက်ဆောင်(၂) နောက်ဖက်ခြမ်းလေးတွင် ရာသီမရွေးတီးခတ်ဖျော်ဖြေခဲ့ဖူးသည်။ (ယခုအခါ ကိုကြည်မိုးနိုင်သည် သာဂရမြို့ ၏ အမျိုးသားလွတ်တော်ကိုယ်စလှယ်ဖြစ်ခဲ့ပြီးနောက် လွတ်တော်ဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ တူးဖော်ထုတ်လုပ်ရေးကော်မတီဥက္ကဌ တယောက်ဖြစ်နေခဲ့ပြီ ဖြစ်သည်။)

(ဆက်ရန်)

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

၁၆-၁၁- ၁၈

ဖျောက်နေသည့်ကြား ပျောက်မသွားသေးသူ ဒေါက်တာထင်အောင်


ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၀)
ဝင်းအောင်ကြီး (မောင်အောင်မွန်)
ဖျောက်နေသည့်ကြား ပျောက်မသွားသေးသူ ဒေါက်တာထင်အောင်
(၁)
၁၉၅၁ ခု၊ကျွန်တော် အကြိုတက္ကသိုလ်ဝင်တန်း (Pre- Matric) ရောက်လာ၍ အင်္ဂလိပ်စာ(၃)အုပ်ထဲ Selections From Burmese Folk-Tales By Maung Htin Aung လည်းပါသည်။ စာအုပ်ရေးသူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်မှန်းလည်း သိလိုက်ရသည်။ ကြားဖူးပြီးသား ရိုးရာပုံပြင်များပါ။ အသင်ပြကောင်းသောဆရာကြောင့် ဒေါက်တာထင်အောင်၏ အင်္ဂလိပ်စာရေးသားပုံကို မြည်းစမ်းခွင့်ရလိုက်ပြီ။
နောက်နှစ်ကျတော့ ရန်ကုန်တက္ကသိုလ်ရောက် သူငယ်ချင်းကိုတင်ညွန့်ထံမှ စာတွေထဲ ဒေါက်တာထင်အောင် အကြောင်းမကြာခဏပါ၏။ မမြင်ဖူးခင်ကတည်းက သဘောကျနေသော ဆရာကြီးအား ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆုံခွင့်ကြုံခွင့်ရကတည်းက ကြိုက်လိုက်ရာ ယနေ့အထိပါ။
၁၉၀၉ ခု၊ မေလ (၁၀)ရက်နေ့ဖွား မောင်ထင်အောင်တို့ သားချင်း (၆)ယောက်အနက် ယောက်ျားလေး (၄)ယောက်ထဲ သူကအငယ်ဆုံးဖြစ်သည်။ မောင်တင်ထွဋ်၊ မောင်မြင့်သိန်းနှင့် မောင်ကျော်မြင့်ပြီးတော့မှသူပါ။ နှမနှစ်ယောက်က တင်စောမူနှင့် ခင်စောမူ။ ညီအစ်ကိုတွေထဲ နံပါတ်(၄) ဖြစ်သောကြောင့်နေပါလိမ့်မည်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်လာစဉ် အမျိုးသား အဆောင်လိုက် ဘော်လီဘောပြိုင်ပွဲ ဒေါက်တာထင်အောင်က သူချီးမြှင့်သည့်ဖလားကို 4th Brother’s Cup ဟုနာမည်ပေး၏။
ကျောင်းသားများက ညီပုလေးဒိုင်းဟု ချစ်စနိုးခေါ်ကြသည်။
(၂)
၁၉၄၈ ခု၊ စက်တင်ဘာလ (၁၈)ရက်ညကို ဒေါက်တာထင်အောင် မေ့၍ရမည်မထင်ပါ။
သူတို့အစ်ကိုကြီး ICS ဦးတင်ထွဋ်သည် သြဂုတ်လ(၁၆)ရက်နေ့ကမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ်က နှုတ်ထွက်ကာ တပ်မင်းကြီးဖြစ်လာ၏။ စက်တင်ဘာလ (၁၇)ရက်ညတွင် သူအယ်ဒီတာချုပ်လုပ်နေသော New Time of Burma သတင်းစာ ခေါင်းကြီးပိုင်းရေး အပြန်ကားပေါ်သို့ လူတစ်ယောက်က လက်ပစ်ဗုံးပစ်ဖောက်ရာ ပြင်းထန်စွာ ဒဏ်ရာရ၏။ သွေးသံရဲရဲနှင့် ဆေးရုံကြီးသို့သယ်သွား၍ ဒေါက်တာထင်အောင်တို့ အပြေးအလွှား လိုက်သွားကြသည်။
ဦးတင်ထွဋ်သည် နဖူး၊ ဘယ်ဘက်မေး၊ ဘယ်ဘက်ပေါင်၊ ဘယ်ဘက်ဒူး၊ ဘယ်ဘက်ခြေမျက်စိ၊ ဘယ်ဘက်ခြေဖျား၊ဘယ်ဘက်လက်ဖျားထိပ်- ဒဏ်ရာပေါင်း (၈) ခုနှင့် လူးလှိမ့်ခံနေရသည်ကို ဒေါက်တာဘသန်းတို့ ကြိုးစားကုသနေကြ၏။ စစ်ဦးစီး ဗိုလ်ချုပ်စမစ်ဒွန်းရောက်လာ၏။ မနက်မိုးလင်းတော့ ရက်သားပူပူနွေးနွေး နိုင်ငံခြားရေးဝန်ကြီး နာမည်ကြီး ဦးကျော်ငြိမ်းနှင့် အတူရောက်လာသော ၀န်ကြီးချုပ် သခင်နုက အိန္ဒိယကဆရာဝန်ကြီး ပင့်ကာကုသလိုကြောင်း ပြောကြားသည်။
သို့သော်လည်း ည(၇)နာရီ (၃၅)မိနစ်အချိန်၌ ဦးတင်ထွဋ် ကွယ်လွန်သွား၏။
လူသတ်ကောင်ကို ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်တို့ စုံစမ်းနေရာ ပေါ်လုလုအခြေတွင် သခင်နုတို့က ဦးအောင်ချိန်အား ဖယ်ရှားပြီး သူ့နေရာလူစားခန့်လိုက်သည်။ လူသတ်ကောင်ကို တပြည်လုံးသိကြပြီး သေသည်ထိပေါ်တင်ကြီးနေသွား၏။
ဒေါက်တာထင်အောင်သည် ပုထုစဉ်လူသားမို့ အဘယ်မှာလျှင် မနာကြည်းပဲ နေပါမည်နည်း။
(၃)
ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းက ၁၀ တန်းအောင်သော မောင်ထင်အောင်၊ ပညာဆက်သင်ပုံ အကြောင်းရှာမရပါ။ အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်နှင့် Cambridge တက္ကသိုလ်တို့တွင် တက်ခဲ့ပုံသာသွား တော့ရပါသည်။ Burmese Folk-Tales By Maung Htin Aung စာအုပ်ကို Oxford တက္ကသိုလ်က ၁၉၃၇ ခု၊၌ ပုံနှိပ်ထုတ်ဝေကြောင်းတွေ့ရသည်။
၁၉၃၆ ခု၊ ဒုတိယကောလိပ်သပိတ်အပြီး ပေါ်ထွက်လာသော အမျိုးသားတက္ကသိုလ် ညနေသင်တန်း၌ အင်္ဂလိပ်စာနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ စေတနာ့ဝန်ထမ်း ပို့ချကြောင်း မှတ်တမ်းများတွင်ပါရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်သောအခါ ၁၉၄၆-၄၇ အထိ အုပ်ချုပ်ရေးမှူး၊ အခေါ်အဝေါ်ပြောင်းလိုက်၍ ၁၉၄၇-၅၉ ခု၊အထိ ပါမောက္ခချုပ်ဖြစ်ခဲ့၏။
၁၉၅၉ ခု၊ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက ဒေါက်တာထင်အောင်အား ပါမောက္ခချုပ်အဖြစ်က ဖယ်ရှားပြီး ဒုတိယအဓိပတိ အဖြစ်သို့ပို့လိုက်သည်။ ထို့နောက် သီရိလင်္ကာဆိုင်ရာ မြန်မာသံအမတ်အဖြစ် ကိုလံဘိုမြို့သွားရောက်အမှု ထမ်းရသည်။ ထိုစဉ်က သံအမတ်ဆိုသည်မှာ ယခင်ကကဲ့သို့ Career Diplomats များမဟုတ်တော့ဘဲ ပြည်တွင်း၌ မထားလိုသူများကိုသာ ခန့်လေ့ရှိ၏။
ဒေါက်တာထင်အောင်လို ပုဂ္ဂိုလ်အား ပဲခူတိုင်းလောက် မရှိတရှိနိုင်ငံသို့ ပို့ခြင်း၏နောက်ကွယ်က အကြောင်းကို စိတ်ဝင်စား၍ ကျွန်တော်ရှာဖွေလေ့လာရတော့သည်။
တပ်မတော်အရာရှိများ အရည်အသွေးမြင့်မားရေးကို အစဉ်တစိုက်လုပ်လေ့ရှိသော Brain of Army ဟု တင်စားခံရသူ ဗိုလ်မှူးကြီးမောင်မောင်က ဦးဆောင်ပြီး စစ်တက္ကသိုလ် (DSA) ဖွင့်ရန်စီစဉ်သည်။ ဘွဲ့ရပြီးမှ တပ်ထဲဝင်ခြင်းထက် (၁၀)တန်းအောင်ကတည်း စစ်ပညာနှင့် တက္ကသိုလ်ပညာ ပြိုင်တူသင်ကြခြင်း၏ သက်ရောက်မှုမို့ အစိုးရကလည်း သဘောတူဖော်ဆောင်ပေး၏။
ပါမောက္ခချုပ်ဒေါက်တာထင်အောင်တို့ကလည်း သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာ၌ ၀င်ကူသလို ဆရာများလည်း စေလွှတ်ပေး၏။ သည်လိုနှင့် ၁၉၅၅ ခု၊ နှစ်တွင် စစ်တက္ကသိုလ် (DSA) ဖွင့်၏။ အဆင်ပြေ၏။ သို့သော်လည်း (DSA) သင်တန်းသားတွေထဲ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်ပဲ တန်းမြင့် (High School Final) သာအောင်သူများ ပါနေ၍ ပြဿနာတက်လာပြီ။
(DSA)သည် ရန်ကုန်တက္ကသိုလ်နှင့် ဆက်နွှယ်ထားသည်။
ဘွဲ့ကိုလည်း ရန်ကုန်တက္ကသိုလ်ကသာ ပေးရပါမည်။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်သူများသာ ရန်ကုန်တက္ကသိုလ် တက်ခွင့်ရှိ၍ ဘွဲ့ပေးချိန်တွင် ပြဿနာဖြစ်မည်။ ဒေါက်တာထင်အောင်သည် ဥပဒေ ပါရဂူ ( LLD) ဘွဲ့ကို တက္ကသိုလ်ကြီး (၄) ခုလောက်က ရထားသူ၊ ၀တ်လုံတော်ရလည်း ဖြစ်နေသူ၊ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူဖူးသူ စသည်တို့ကြောင့် ထိုကိစ္စအရေးကြီးပုံကို ကောင်းစွာသိ၏။
ထိုသင်တန်းသားများအား ထုတ်ပယ်ခြင်းမပြုဘဲ တက္ကသိုလ်ဝင်စာမေးပွဲ သီးသန့်လုပ်ပေးရန် အကြံပေးကမ်းလှမ်းသည်။ ပညာတတ် ဗိုလ်မှူးကြီးမောင်မောင် ( ပထ၀ီဝင် ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်၏မောင်) က သဘောပေါက်နားလည်၍ ပြဿနာပြေလည်ကာ (DSA) 1st Batch သင်တန်း ဆင်းနိုင်ခဲ့ကြပုံကိုကြည့်ပါ။
ဗထူး၌(၂)နှစ် မေမြို့သို့ပြောင်းပြီး(၂) နှစ် ပြည့်ပြီးနောက် သင်တန်းသား (၅၄)ယောက်အား စစ်ဘက် ဆိုင်ရာများစစ်ဆေးသလို ပညာပိုင်းဘာသာရပ်များက ရန်ကုန်တက္ကသိုလ်က သွားစစ်ပြီးနောက် အောင်စာရင်း ထွက်လာသောအခါ (၃၆) ယောက်အောင်သည်၊ ၁၉၅၉ ခု၊ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် အိမ်စောင့် အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း အဓိပတိအဖြစ် ဘွဲ့လက်မှတ်များပေးပြီး ကြည်း-ရေ-လေ တပ်များ၌ ဗိုလ်များဖြစ်ခဲ့ကြ၏။
သို့သော်လည်း ထိုကိစ္စကို သေချာစွာ မသိသော ဗိုလ်ချုပ်ကြီးနေ၀င်းက ဒေါက်တာထင်အောင်အပေါ် အထင်လွဲဆဲဟု ဆိုကြ၏။ ထို့ပြင် တကသ နှင့် ရောလွန်း၍ ကြည့်မရခြင်းဟုလည်းဆိုကြပြန်သည်။
(၄)
တကယ်တော့ တကသ သည် ကျောင်းသားအားလုံးကို ကိုယ်စားပြုသည်ဟု ရန်ကုန်တက္ကသိုလ် အက်ဥပဒေ၌ အတိအလင်းဖော်ပြထားပါသည်။
တကသ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန် ပါမောက္ခချုပ်၌ တရားဝင်တာဝန်ရှိ၏။ ၁၉၄၉ ခု၊၌ ကျောင်းသားအချို့သည် တောခို၍ဖြစ်စေ၊ တပ်မတော်ဘက်က ၀င်တိုက်ရင်းဖြစ်စေ တိုက်ပွဲတွင်ကျဆုံးကြ၏။ ပညာတိုင်းတစနှင့် အချိန်မတန်မီ သေဆုံးသွားရသူများအား ၁၉၅၀ ခု၊ တွင် ဂုဏ်ပြုဆုတောင်းပွဲတရပ်ကို တကသ အမှုဆောင်ဖြစ်ဖူးသူ ပါမောက္ခ ဒေါက်တာသာလှတိှု့နှင့်အတူ ပါမောက္ခချုပ်က ကျင်းပရာသို့ တကသ ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်တို့လည်း တက်ရောက်ကြသည်။
တက္ကသိုလ်စာတိုက်ရှေ့ ကွင်းပြင်ကို အောင်ကျော်ရင်ပြင်ဟု ခေါ်တွင်စေသည်။
၁၉၅၃ ခု၊ သြဂုတ်လ တကသ ပထမအသုတ် ရွေးကောက်ပွဲ ပျက်သွားသည်။ အောက်တိုဘာ ကျောင်းပိတ်ရက်ကို တလအစား (၁၅) ရက်သို့ ပြောင်းလဲရန် ဆီနိတ်ကဆုံးဖြစ်ရာ၊ ကျောင်းသားများက မကျေနပ်ကြ၊ ယခင်ကကဲ့သို့ တလပိတ်စေချင်သည်။ ထိုသဘောထား တင်ပြမည့် တကသ မရှိ။ အဖွဲ့အစည်း ပေါင်းစုံကိုယ်စား Action Committeee ၀င်တို့အား ဒေါက်တာထင်အောင်က သူ၏မော်တော်ကားနှင့် ခေါ်ဆောင်ကာ ဒု အဓိပတိ ဒေါက်တာဘိုကြီးနှင့် ဆွေးနွေးညှိနှိုင်းစေသည်။ သို့သော် မပြေလည်။
ကမ္ဘာအလယ် ထယ်ဝါတင့်တယ်သော ရန်ကုန်တက္ကသိုလ်သို့ လက်နက်ကိုင်တပ်များဝင်ပြီ။
ကျောင်းသားတို့သွေး မြေကျရလေပြီ။ သီးခြားကင်းလွတ်သော တက္ကသိုလ် ( Independent University) ဖြစ်မှုတွင်းသို့ ၀င်ရောက်စွက်ဖက်မှုကို ပါမောက္ခတို့ တုံလှုပ်သွားကြ၏။ တကသ မရှိ၍သာထိုသို့ ဖြစ်ရဟုလည်း ယုံကြည်ကြသည်။
ထို့ကြောင့် တကသ အဓွန့်ရှည်ရေး ၁၉၅၄-၅၅ ခု ရွေးကောက်ပွဲကို ကြီးကြပ်ပေးရန် ပါမောက္ခ(၆)ဦး ပါဝင်သောအဖွဲ့ကို ဒေါက်တာထင်အောင်တို့က လုပ်ဆောင်ပေး၏။ ၁၆-၁-၅၁ နေ့တုန်းကလည်း တကသ က တက္ကသိုလ်ချင်းနှင့် နိုင်ငံခြား ဆက်သွယ်ရေးဋ္ဌာနဖွင့်ရာ ဒေါက်တာထင်အောင်က သဘာပတိ၊ တကသဥက္ကဋ္ဌ ဒု သဘာပတိ၊ ဒေါက်တာသာလှက ဘဏ္ဍာရေးမှူးအပြင် အခြားပါမောက္ခများ၊ ကျေင်းသားခေါင်းဆောင်များပါဝင် နိုင်ငံတကာ ဆက်ဆံရေးကိစ္စများစွာ ဆောင်ရွက်သည်၊ အစဉ်အလာ လမ်းဖွင့်ပေးခဲ့သည်။
ပါမောက္ခချုပ်တာဝန်နှင့်သာမဟုတ် တကသ အတွက်ဆို ဒေါက်တာထင်အောင်က လိုလိုလားလားပါ။
ထိုခေတ်က မြန်မာပြည်သို့ အလည်ရောက်လာသော နိုင်ငံခြာဧည့်သည်တော်ကြီးများ ရန်ကုန်တက္ကသိုလ်သို့ လာရောက်လေ့ရှိ၏။ ဘွဲ့နှင်းသဘင်ခန်းမ၌ အိမ်ရှင်အဖြစ် ဒေါက်တာထင်အောင်က ကြိုဆိုမိတ်ဆက်ပေးပြီးနောက် ကျောင်းသားများအား နှုတ်ခွန်းဆက်စကား ပြေကြားစေလေ့ရှိသည်။
၁၉၅၇ ခု၊ နှစ်က မြောက်ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းအား ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ (LLD) ကိုအဓိပတိဦးနုက အပ်နှင်းသည်။ စိတ်ဝင်စားသူများ တက်ခွင့်ရ၍ ကျွန်တော်လည်း ရောက်သွားသည်။ ဒေါက်တာထင်အောင်က ဧည့်သည်တော် သမတကြီးခင်ဗျာ၊ ကျွန်ုပ်တို့ တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌပါ--ဟုကြောညာလိုက်ရာ ခေါင်းပေါင်းနှင့် တကသ ဥက္ကဋ္ဌ ဦးစိုးသိန်း
ဝင်လာတော့ တယောက်မကျန် မတတ်ရပ်ကာ ကြိုဆိုကြသည်။
ဒေါက်တာထင်အောင်က မိတ်ဆက်ပေးအပြီး ဦးစိုးသိန်းက ဟိုချီမင်းအား တကသ အလံငယ်ပေး၏။
(၅)
၁၉၅၆-၅၇ ခု၊ တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း၏ အထွေထွေအတွင်းရေးမှူး အဖြစ်အရွေးခံရသည်။
တနေ့တွင် ပါမောက္ခချုပ်ရုံးသို့ အမြန်လာရောက်ရန် ဆင့်ခေါ်စာရရှိ၍ အပြေးအလွှားရောက်သွား၏။ ခပ်လှမ်းလှမ်းကသာ မြင်ဖူးသော ဒေါက်တာထင်အောင်အား အနီးကပ်မြင်ရ၊ နှစ်ယောက်ချင်း စကားပြောခွင့် ရလိုက်လေပြီ။ ရန်ကင်းကောလိပ်တွင် ပဲခူးသားများနှင့် စိန်ပေါလ်ကျောင်းသားဟောင်းများ ရန်ဖြစ်ကြသောကိစ္စ သွားရောက်ဖြေရှင်း ခိုင်းခြင်းဖြစ်ပါသည်။
အခြေအနေအရ ရန်ကင်းကိုဖြစ်စေ ထီးတန်းကိုဖြစ်စေ မလွှဲမရှောင်သာလို့ ပို့ထားရပေမေယ့် တက္ကသိုလ်ကျောင်းသား Gentleman ဆိုတာသိဖို့လိုတယ်၊ တက္ကသိုလ်ကျောင်းသားချင်း ရန်ဖြစ်တယ်ဆိုတာ ဟောဒီလို ဘယ်လက်သီးနဲ့ညာလက်သီး ထိုးသလိုပဲ၊ ကိုယ်ပဲနာတာတယ်မဟုတ်လား၊ အေး အဲဒါသွားရှင်းပြဟု ခေါ်ဆိုတာဝန် ပေးခြင်းဖြစ်သည်။
ဒေါက်တာထင်အောင်သည် ပဲခူးသား၊ စိန်ပေါလ်ကျောင်းသားဟောင်း။
သို့သော်ယခုကိစ္စ၌ ပါမောက္ခချုပ်အနေနှင့် ကျယ်ကျယ်ဝန်းဝန်း ရှုမြင်သုံးသပ်ကြောင်း ထိုစဉ်ကပင် ကျွန်တော်သဘောပေါက် နားလည်ခဲ့၏။ ဆရာက ကျောင်းသားများကိုချစ်၏။ ဆရာ့ကိုလည်း ကျောင်းသားများက ချစ်ကြ၏။
ထိုနှစ်တွင် ကျွန်တော်တို့ အမှုဆောင်အဖွဲ့က ပဲခူမဂ္ဂဇင်းထုတ်သည်။
ပါမောက္ခချုပ်၏ သ၀ဏ်လွှာ ချီးမြှင့်ဖို့ ကျွန်တော်သွားရောက် မေတ္တာရပ်ခံရာ ရေးပေး၏။ ဒေါက်တာထင်အောင် အဆုံးသတ်ထားပုံက -----I myself can claim to be a Puguan, as I was born at Pegu, and I offer my felicitations to my fellow Peguans. ထို့နောက် ဆရာ့နာမည်နှင့် ရှည်လျားလှသည့် ဘွဲ့များဖော်ပြထား၏။
၁၉၅၅ ခု၊ ဒီဇင်ဘာလ (၆) ရက်နေ့ကို ကျွန်တော်ကောင်းစွာ မှတ်မိနေသေး၏။
ထိုနေ့က ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး နီကေတာ ခရုရှော့ဖ်နှင့် ၀န်ကြီးချုပ် ဘူဂါနင်တို့ ရန်ကုန်တက္ကသိုလ်သို့ အလည်လာရောက်၍၊ အစဉ်အလာအတိုင်း ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ခန်းမ၌ ဧည့်ခံမိတ်ဆက်စကား အသီးသီးပြောကြားပြီး ပြန်အထွက်၌ ကျွန်တော်တို့ လက်ဝဲကျောင်းသားများ အနီးကပ်သွားကြ၏။ သုံးလေးယောက်လောက် လက်ဆွဲနှုတ်ဆက်လိုက်ရ၏။ အနားရောက်ဖို့ တိုးဝှေ့ကြရာ ကျွန်တော်လည်း အတော်နီးသွားပြီ။
ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည်။
တော်ကြရောပေါ့ကွာ-- ဧည့်သည်တွေကို အားနာဖို့ကောင်းတယ်ဟု အသံအုပ်ပြီး ခပ်တိုးတိုး သတိပေးရာ ဆရာ့စကား နားထောင်ကြရင်း ထိုစဉ်က ခေတ်စားသော ကြွေးကြော်သံကို တယောက်က ပါမောက္ခချုပ် ဒို့ဆရာ-- ကျန်ကျောင်းသားများက သက်တော်ရာကျော် ရှည်ပါစေသား ဟုဆိုကြ၏။ ခရုရှော့ဖ်နား မကပ်ရသော ကျွန်တော်သည် ဆရာ့အနားမှာရှိနေ၍ ပြုံးလိုက်သည့် ဆရာ့မျက်နှာကို ကောင်းစွာမြင်လိုက်၏။
နောက်တကြိမ် ပါမောက္ခချုပ် ဒို့ဆရာ--ဟုတိုင်သောအခါ ရှည်ပါစေ--ရှည်ပါစေ ဟု အော်ကြရာ ဒေါက်တာထင်အောင်က ဒီအရွယ်ရောက်မှတော့ ရှည်မယ်မထင်တော့ပါဘူးကွာလို့ ရယ်ကာပြောသည်။ ဆရာသည် ၀ပြီး အရပ်ပုသောကြောင့် ချစ်စနိုးကျီစားကြခြင်းပါ။
အဲဒါ ဒေါက်တာထင်အောင်နှင့် သူချစ်သေ သူ့ကိုချစ်သောကျောင်းသားများပါ။
(၆)
အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ကြီး(၁၅) အုပ်ရေးသားသူ ဒေါက်တာထင်အောင် မြန်မာလိုလည်း အရေးကောင်း အပြောကောင်း၏။
မြန်နိုင်ငံ ဘာသာပြန်စာပေ အသင်း အဖွဲ့ဝင်ဖြစ်၏။ စာပေဗိမာန်ရှေ့ မြက်ခင်းပြင်တွင် ညဘက် ဟောပြောပွဲများလုပ်၏။ ဒေါက်တာထင်အောင်က သူ၏ Thirty Seven Lords ကိုအခြေခံပြီး (၃၇) မင်း နတ်များအကြောင်း ဟောပြောရာ၊ လူ့ပြည့်လျှံနေ၏။ ကျွန်တော်လည်းသွား နားထောင်သည်။ ခပ်အေးအေး ရှင်းလင်းစွာပြော၏။ ဆရာ့မှာ ဟသရှိရာ ပြုံးပြီးပြော၏။
ဒေါက်တာထင်အောင်၏ ဂုဏ်သိက္ခာအရှိန်ကြောင့် ပရိသတ်က မရယ်ဝံ့သောအခါ သူကိုယ်တိုင် ရယ်ပြီးပြော၏။ ဘယ့်လောက်ချစ်စရာ ကောင်းလိုက်ပါသနည်း။
ဒေါက်တာထင်အောင်သည် သူပျော်မွေ့သော ရန်ကုန်တက္ကသိုလ် ပရ၀ဏ်မှ ထွက်ခွါသွားရသည်။ ပညာသင်ယူခြင်းနှင့် ပညာသင်ပေးခြင်း၌သာ သူ့ဘ၀ကိုနှစ်မြှုတ်ထားသူမို့ စာမသင်ပဲနေနိုင်သူမဟုတ်၊ ပါမောက္ခချုပ်ဘ၀နှင့်ပင် အင်္ဂလိပ်စာ ဂုဏ်ထူးတန်း၌ သွားရောက်ပို့ချသည်။
၁၉၆၂ ခု၊ မတ်လ (၂)ရက်နေ့၌ စစ်တပ်က အာဏာသိမ်းတော့ သူ့အစ်ကို တရားသူကြီးချုပ် ဦမြင့်သိန်း အဖမ်းခံရပြီး နှစ်အတန်ကြာ ထောင်သွင်းအကျဉ်းချခံရသည်။
မေလ(၉)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြီးကို ကြေညာချက်တိုလေးနှင့်ဖျက်လိုက်၏။
ကိုယ်စားလှယ်စုံ (၄၀) ကျော် တက္ကသိုလ်ကောင်စီကို စစ်ဗိုလ်(၄)ဦး ကထိကတဦးနှင့်အစားထိုး၏
ဇူလိုင်လ (၇)ရက်နေ့တွင် ကျောင်းသားများစွာ ပစ်သတ်ခံရ၏။
ဇူလိုင်လ (၈)ရက်နေ့နံနက်တွင် တကသ အဆောက်အအုံ ဖြိုဖျက်ခံလိုက်ရ၏။
ထိုသို့သိရပြီးနောက် ဒေါက်တာထင်အောင်သည် သူချစ်သော ရန်ကုန်တက္ကသိုလ်တွင် သင်ပေးခွင့်မရတော့သည့်အဆုံး Columbia University တွင် ဧည့်ပါမောက္ခ သွားလုပ်သည်။ နှစ်စေ့သွား၍ Fake Forest University သို့ပြောင်း၏။ ထို့နောက် ဘာသတင်းမှ မကြားရတော့။
၁၉၇၈ ခု၊မေလ(၁၀) ရက်နေ့တွင် ကွယ်လွန်ကြောင်း နာရေးကြော်ပါလာသည်။
ထိုနေ့ထုတ် အစိုးရသတင်းစာတွေထဲ တပ်ထွက် စာရေးဆရာ ဆွေလှိုင်ဦး ကွယ်လွန်ကြောင်းသတင်း ဓာတ်ပုံများနှင့် ဝေေ၀ဆာဆာဖော်ပြကြ၏။ ဒေါက်တာထင်အောင်အကြောင်း သတင်းတို တ၀ါကျ စာတလုံး လေးပင်မပါ၊ ယခုဆောင်းပါးရေးချိန်ထိ ကျွန်တော်မှတ်မိ ခံစားရဆဲပါ။
(၇)
ကြုံတုန်း ဆုံခိုက် ကြိုက်လိုက်ရသူများ စာအုပ်ထဲထည့်ရန် ဒေါက်တာထင်အောင်အကြောင်း ရှာဖွေ၏။ Google ထဲအထိ လိုက်ပြီးဖျောက်ထားကြသည်။ ရန်ကုန်တက္ကသိုလ်အကြောင်းတွင်လည်း မထင်မရှား ၀ိုးတ၀ါးနှင့် နှစ်ကြောင်း၊ သုံးကြောင်း၊ ဆရာ့ပုံမတွေ့၊ ဦးနေ၀င်းပုံတွေ။
ဒေါက်တာထင်အောင်ဟုရှာပြန်ရာ ဒေါက်တာထင်အောင်တွေ အများကြီးတွေ့၏။ နာမည်တူမရှားကိုး။ တက္ကသိုလ်တွေပေါ P.hD တွေ ဒုနှင့်ဒေး ပေါကြွယ်ဝသည့် ဒေသ၌ တဦးတယောက်က သူသာလျှင် ကမ္ဘာကျော်စာအုပ်ကြီး (၁၅) အုပ်ကို ရေးသူပါဟု ပြောလာလျှင်လည်း ၀ိုင်းယုံကြပေလိမ့်မည်။
ဤဆောင်းပါရေးချိန်ထိတော့ စနစ်တကျ ၀ိုင်းဖျောက်ထားသည့်ကြား ဒေါက်တာထင်အောင်ကတော့ ပျောက်မသွားသေးဟု တွေးမိကြောင်းပါ။
၂၀၁၇ ခု၊ နိုဝင်ဘာလ (၁၄)ရက်နေ့

Wednesday, November 14, 2018

တရုတ်နိုင်ငံသားနှစ်ဦးအား လူသတ်မှုကျူးလွန်သူ မြန်မာ အမျိုးသားနှစ်ဦးကို မြစ်ကြီးနားခရိုင်တရားရုံးက သေဒဏ်ချမှတ်


မြစ်ကြီးနား နိုဝင်ဘာ ၁၄

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအနီးရှိ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားနှစ်ဦးအား လူသတ်မှုကျူးလွန်ခဲ့သည့် မြန်မာအမျိုးသားနှစ်ဦးကို နိုဝင်ဘာ ၁၃ရက် ညနေ၅နာရီက မြစ်ကြီးနားခရိုင်တရားရုံက သေဒဏ်ချမှတ် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် မေလက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာနှင့် သုံးမိုင်ခန့်ဝေးသည့် စိုက်ပျိုးရေးခြံတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် မဟာပူခရိုင် ကွမ်ရှီးပြည်နယ် ပိုင်ရှားမြို့ ဝူရှင်းကျေးရွာနေ ရန်ရှီကွမ်း(၄၅)နှစ်နှင့် ဝူးပေခရိုင် ကွမ်းရှီးပြည်နယ် လျှို့ချိန်းကျေးရွာ နေ ဝေဖုန်းရေ့(၄၄)နှစ်တို့ နှစ်ဦးအား လူသတ်မှုကျူးလွန်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့ မိုးကောင်းရပ်ကွက်နေ ဇော်မင်း(ခ)ဇော်မင်းထွန်း(ခ)မင်းမင်း(၃၉)နှစ် နှင့် တင်မျိုးဝင်း(ခ) အောင်အောင်(၃၀)နှစ်တို့ နှစ်ဦးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ခ)အရ ရန်ရှီကွမ်းအား သေဆုံးစေမှုအတွက် သေဒဏ်ကျ ခံစေရန်နှင့် ဝေဖုန်းရေ့အား သေဆုံးစေမှုအတွက် သေဒဏ်ကျ ခံစေရန်ကို ပြစ်မှုတစ်ခုပြီးမှ တစ်ခုကျခံစေရန်နှင့် (မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရမည်) ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Tuesday, November 13, 2018

အလုံမြို့နယ်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ကုမ္ပဏီဝင်းအတွင်းသို့ တုတ်/ဓားကိုင် အမျိုးသား ၁၀ ဦးခန့်မှ ဝင်ရောက်အနိုင်အထက်ပြု၍ အမျိုးသား ၁ ဦးအား ခေါ်ဆောင်သွားမှုမှ တရားခံ ၅ ဦးမိပြီ



















 ပြည်ထဲရေးဝန်ကြီးဌာန


#Unicode Version#

အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ တုတ်/ဓားကိုင် အမျိုးသား ၁၀ ဦးခန့်မှ ဝင်ရောက်အနိုင်အထက်ပြု၍ အမျိုးသား ၁ ဦးအား ခေါ်ဆောင်သွားမှုမှ တရားခံ ၅ ဦးကို ဖမ်းဆီရမိပြီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျန်၅ဦးကိုလည်း ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်းသိရသည်။

ယမန်နေ့(နိုဝင်ဘာလ ၁၂ ရက်နေ့) ညနေ ၇နာရီခန့်က အလုံမြို့နယ်၊ စောရန်ပိုင်၊ အရှေ့ ရပ်ကွက်ရှိ KGL အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်းသို့ 6E/×××× လိုက်ထရပ်ယာဉ် ဖြင့် သူရ(၄၂)နှစ်၊ (၁၃၃)ရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူပါ အမျိုးသား ၁၀ ဦးခန့် (စိစစ်ဆဲ)သည် မျက်နှာတွင် Mask များ တပ်ဆင်ထားပြီး တုတ်/ ဓားများ ကိုင်ဆောင်ဝင်ရောက်လာခဲ့ကြသည်။

ထိုသို့ဝင်ရောက်လာခဲ့ကြပြီးနောက် ကုမ္ပဏီဝန်ထမ်း သားဒို(ခ)စောမူးဖွဲ့ထူး(၂၄)နှစ်၊ ဒေါင်ကြီးကျေးရွာ၊ ကန်ကြီးဒေါင့်မြို့နယ်နေသူအပါအဝင် အမျိုးသား ၃ ဦး အား ကြိုးဖြင့် တုပ်ပြီး ယင်းတို့၏ ဖုန်း ၃ လုံးကို သိမ်းဆည်း၍ ကုမ္ပဏီရုံးခန်းအတွင်း တပ်ဆင်ထားသော CCTV ကိုပါ ဖြုတ်ယူသွားခဲ့ကာ လိုက်ထရပ်ယာဉ်ဖြင့် ပြန်ထွက်သွားခဲ့ပြီး၊ ကုမ္ပဏီမန်နေဂျာ ဦးမြင့်စိန်(ခ)ဖီးလစ်(၄၈)နှစ်ကိုလည်း ၎င်းပိုင် 3F/×××× လင်ခရူဆာယာဉ်နှင့် အတူခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ၎င်း၏ စမ်းချောင်းမြို့နယ်၊ ပြည်လမ်းနှင့် မပိုလမ်းအရောက်၌ ဦးမြင့်စိန်၏ ဖုန်း ၂ လုံးအား ယူဆောင်၍ ကားပေါ်မှဆင်းပြေးသွားခဲ့သဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပိတ်ဆို့ရှာဖွေခဲ့ရာ ည ၇နာရီခွဲအချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ပြည်လမ်း နိုဗိုတယ်ဟိုတယ်ရှေ့ တွင် ဦးမြင့်စိန်(ခ)ဖီးလစ်အား ၎င်းပိုင်ယာဉ်ဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးရာ သူရ(၄၂)နှစ်ပါ အမျိုးသား ၂ ဦးအား အခင်းဖြစ်အရပ်၌လည်းကောင်း၊ ဇော်ထူး(ခ)ကရင်(၄၈)နှစ်၊ (၁၃၂)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နေသူပါ အမျိုးသား ၂ ဦးတို့အား (၁၃၃)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင်လည်းကောင်း၊ လိုက်ထရပ်ယာဉ်နှင့် ထွန်းထွန်း (၄၂)နှစ်၊ ပေဆင်ကုန်း ရပ်ကွက်၊ သုံးဆယ်မြို့နယ်နေသူအား တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်၊ ဗီးနပ်စ်ဖုန်းဆိုင်ရှေ့၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထိုအမှုကို ဦးမြင့်စိန်(ခ)ဖီးလစ်၏ အကိုဖြစ်သူ ဦးကျော်မြင့်မှတရားလိုပြုလုပ် တိုင်တန်းသဖြင့် သူရ(၄၂)နှစ်ပါ ၅ ဦး(ဖမ်းမိ)နှင့် မျိုးမြင့်အောင်(ခ) အရှည်ကြီး(စိစစ်ဆဲ)၊ (၁၄၀) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူအပါအဝင် ဖမ်းမမိသေးသည့် ၅ ဦးခန်ကိုပါ အလုံမြို့မရဲစခန်းမှ (ပ) ၄၃၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ (ဓားပြမှု) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှသိရသည်။

 ပြည်ထဲရေးဝန်ကြီးဌာန

Monday, November 12, 2018




စင်ကာပူ နိုဝင်ဘာ ၁၂







ပြုပြင်ပြောင်းလဲမှုများအနက် သိသာထင်ရှားသည့် အပြောင်းအလဲဟု ဆိုနိုင်မည့် နှစ် ၁၀၀ ကျော် သက်တမ်းရှိသော ကုမ္ပဏီအက်ဥပဒေကို လက်ရှိစီးပွားရေးဝန်းကျင်နှင့် ကိုက်ညီစေရန် မကြာသေးမီက ပြောင်းလဲနိုင်ခဲ့ခြင်းသည် အရေးပါသော ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်ခဲ့ပါကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် အသက်ဝင်ခဲ့ပါကြောင်း၊ ယင်းကုမ္ပဏီဥပဒေအသစ်တွင် ပါဝင်သော Electronic Registry စနစ်ကြောင့် MyCO ဟုခေါ်သည့် Myanmar Company Online ကိုအသုံးပြု၍ ကုမ္ပဏီများ အနေဖြင့် နာရီအနည်းငယ် အတွင်း မှတ်ပုံတင်နိုင်ပါကြောင်း၊ ကုမ္ပဏီများ ဥပဒေအသစ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အစုအဖွဲ့ လုပ်ငန်းပုံစံကို ပြောင်းလဲစေခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီအဖြစ် လွယ်ကူစွာ မှတ်ပုံတင်ရှိ နိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် မိမိစီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီအတွင်းစီမံခန့်ခွဲမှုများကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတည်တံ့ခိုင်မာမှု အာမခံချက်ကိုလည်းရရှိ စေမည်ဖြစ်ပါကြောင်း။




အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအကြား အောင်မြင်ခဲ့သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုမှာ သီလဝါ အထူး စီးပွားရေးဇုန်ဖြစ်ပါကြောင်း၊ သီလဝါစက်မှုဇုံသည် အချိန်တိုကာလအတွင်း သိသာထင်ရှားသော အောင်မြင်မှု ရရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၉၁ သန်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ ဒေါ်လာငွေကြေး ပမာဏမှာ မြန်မာ့စီးပွားရေးအတွင်း ဝင်ရောက်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြသနေပါကြောင်း၊ သီလဝါစက်မှုဇုံ၌ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် ထိုင်ဝမ်တို့မှ ရင်းနှီးမြှုပ်နှံကြပြီး သီလဝါ အထူးစီးပွားရေး စက်မှုဇုန်ဘီတွင် ရင်းနှီးမြှုပ်နှံရန်လည်း စိတ်အား ထက်သန်လျက်ရှိကြကြောင်း။





မိမိတို့အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ သဘောတူ စာချုပ်ပါ အချက်အလက်များ၏ အသီးအပွင့်များကို ခံစားနေကြရပြီဖြစ်ပါကြောင်း၊ ထို့အတူ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-တရုတ်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဟောင်ကောင် သဘောတူစာချုပ်များအပြင် အာဆီယံ-သြစတြေးလျ-နယူးဇီလန် ကုန်သွယ်ရေးသဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးပြီး ဖြစ်ရာ ၎င်းတို့မှတစ်ဆင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါကြောင်း။




(Zawgyi Version)

------------------------------------------------------------

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

စင်ကာပူ နိုဝင်ဘာ ၁၂
စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံ Marina Bay Sands ၌ ကျင်းပလျက်ရှိသည့် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာထိပ်သီးအစည်းအဝေး (ASEAN Business and Investment Summit -2018 ) သို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဤထိပ်သီးအစည်းအဝေးသို့ မိမိအနေဖြင့် ဒုတိယအကြိမ်မြောက်ပါဝင် ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ASEAN Business and Investment Summit သည် မြန်မာနိုင်ငံအပြင် အာဆီယံအတွက် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ကောင်းမွန်သည့်နေရာ တစ်ခုဖြစ်ပါကြောင်း၊ မိမိယနေ့ ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်မှာ “မြန်မာနိုင်ငံနှင့် အာဆီယံတွင် စီးပွားရေး နှင့်ရင်းနှီးမြှုပ်နှံမှု” ဖြစ်ပါကြောင်း။

မိမိ၏ဆွေးနွေးမှုကိုမြန်မာ့စီးပွားရေး၏ နောက်ခံအချက်အလက်နှင့် စတင်လိုပါကြောင်း၊ မြန်မာနိုင်ငံ၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားလုံးပါဝင်ပြီး ပြည်သူကို ဗဟိုပြုသည့် အမျိုးသား စီးပွားရေးမူဝါဒ ၁၂ ချက်ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒသည် အမျိုးသား စီးပွားရေးမူဝါဒနှင့် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပါကြောင်း။

မြန်မာနိုင်ငံအတွင်း ဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေစေမည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများကို ဖန်တီးနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ပေါ်လာရန်နှင့်ဒေသတွင်း၊ နိုင်ငံတကာ သဘောတူညီမှုများနှင့်ကိုက်ညီသည့် စီးပွားရေးဖြစ်ထွန်းစေရန်အတွက် International Finance Corporation ၏ နည်းပညာအကူအညီဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပါကြောင်း။

အဆိုပါ ဥပဒေသစ်တွင်စီးပွားရေးလုပ်ငန်းရှင်များအား တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိသော၊ လွယ်ကူမြန်ဆန်သော နည်းလမ်းများမှတစ်ဆင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့် အရေးကြီးသော အချက်များစွာပါဝင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအားလုံးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ရယူရန် မလိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း သိမ်းပိုက်ခံရခြင်းမရှိစေရန် အာမခံပါကြောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကိုလည်း နေရာဒေသနှင့် ဦးစားပေးကဏ္ဍအလိုက် ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် များ၏ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်နည်းပါးစေရန် ရည်ရွယ်လျက် အာဏာခွဲဝေအပ်နှင်းမှုနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နစ်နာမှုမရှိစေမည့်စနစ် ထူထောင်သွားမည်ဖြစ်ပါကြောင်း၊ နောက်ဆက်တွဲ နည်းဥပဒေများကိုလည်း ၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကဏ္ဍစုံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ အချို့ပြုပြင် ပြောင်းလဲမှုများကို ထင်ရှားစွာတွေ့မြင်နိုင်သော်လည်း အချို့ ပြောင်းလဲမှုများကို ထင်ရှားစွာ တွေ့မြင်နိုင်ခြင်း မရှိပါကြောင်း၊ နိုင်ငံတွင်း မေခရို စီးပွားရေး စီမံခန့်ခွဲမှုကို ပိုမိုအားကောင်းလာစေရန် ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများမှာ စီးပွားရေးတည်ငြိမ်မှုအတွက် များစွာအရေးပါပြီး ရင်းနှီးမြှုပ်နှံမှု များကို ဆွဲဆောင်ရာတွင် အထောက်အကူဖြစ်စေပါကြောင်း၊ အဆိုပါပြုပြင်ပြောင်းလဲမှုများကို သာမန် အားဖြင့် မမြင်တွေ့နိုင်သော်လည်း ပြောင်းလဲမှုများသည် သိသာပြီး ရေရှည်အတွက် များစွာအကျိုးရှိစေ နိုင်ပါကြောင်း။

ပြုပြင်ပြောင်းလဲမှုများအနက် သိသာထင်ရှားသည့် အပြောင်းအလဲဟု ဆိုနိုင်မည့် နှစ် ၁၀၀ ကျော် သက်တမ်းရှိသော ကုမ္ပဏီအက်ဥပဒေကို လက်ရှိစီးပွားရေးဝန်းကျင်နှင့် ကိုက်ညီစေရန် မကြာသေးမီက ပြောင်းလဲနိုင်ခဲ့ခြင်းသည် အရေးပါသော ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်ခဲ့ပါကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် အသက်ဝင်ခဲ့ပါကြောင်း၊ ယင်းကုမ္ပဏီဥပဒေအသစ်တွင် ပါဝင်သော Electronic Registry စနစ်ကြောင့် MyCO ဟုခေါ်သည့် Myanmar Company Online ကိုအသုံးပြု၍ ကုမ္ပဏီများ အနေဖြင့် နာရီအနည်းငယ် အတွင်း မှတ်ပုံတင်နိုင်ပါကြောင်း၊ ကုမ္ပဏီများ ဥပဒေအသစ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အစုအဖွဲ့ လုပ်ငန်းပုံစံကို ပြောင်းလဲစေခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ကုမ္ပဏီအဖြစ် လွယ်ကူစွာ မှတ်ပုံတင်ရှိ နိုင်မည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် မိမိစီးပွားရေးလုပ်ငန်းနှင့် ကုမ္ပဏီအတွင်းစီမံခန့်ခွဲမှုများကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းတည်တံ့ခိုင်မာမှု အာမခံချက်ကိုလည်းရရှိ စေမည်ဖြစ်ပါကြောင်း။

ကုမ္ပဏီဥပဒေသစ်သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် လွယ်ကူသည့် အဆင့် သတ်မှတ်ချက် ကောင်းမွန်လာစေရန်အတွက် အဓိကကျသည့် စီးပွားရေးစတင်ဆောင်ရွက်ရန် လွယ်ကူသည့်အဆင့် သတ်မှတ်ချက်ကို ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ အထိ ကုမ္ပဏီပေါင်း (၁၄၀၀၀) ကျော်ခန့်သည် အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံတင်ပြီးဖြစ်ပြီး ကုမ္ပဏီပေါင်း (၄၀၀၀) ကျော်မှာလည်း အွန်လိုင်းစနစ်ဖြင့် အသစ်ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သည့်အဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းထားပါကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လွယ်ကူရှင်းလင်းပြီး ကြိုတင် မှန်းဆ၍ရသည့် လုပ်ထုံးလုပ်နည်းများကို ချမှတ်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်း သာမက အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကိုပါ ပြန်လည် သုံးသပ်လျက် ရှိပါကြောင်း။

အဆိုပါ ဆောင်ရွက်ချက်သည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်စရာမလိုသော ပြတင်းတစ်ပေါက်စနစ် ပေါ်ထွန်းလာရေးကို အထောက်အကူ ဖြစ်စေမည်ဟုမျှော်လင့်ပါကြောင်း၊ ပြတင်းတစ်ပေါက်စနစ်သည် ရင်းနှီးမြှုပ်နှံသူများကြုံတွေ့နေရသော နှောင့်နှေးကြန့်ကြာမှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မီနှင့်ပြုလုပ်ပြီး ကာလများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်းနှင့် ပြတင်းတစ်ပေါက်စနစ်ပေါ်ထွန်းရေး ဆောင်ရွက်ခြင်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရုံသာမက ကြိုတင်ခန့်မှန်းနိုင်မှု၊ အထောက်အကူပြုမှုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် ပတ်ဝန်းကျင်ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအကြား အောင်မြင်ခဲ့သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုမှာ သီလဝါ အထူး စီးပွားရေးဇုန်ဖြစ်ပါကြောင်း၊ သီလဝါစက်မှုဇုံသည် အချိန်တိုကာလအတွင်း သိသာထင်ရှားသော အောင်မြင်မှု ရရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၉၁ သန်း ရရှိခဲ့ပါကြောင်း၊ အဆိုပါ ဒေါ်လာငွေကြေး ပမာဏမှာ မြန်မာ့စီးပွားရေးအတွင်း ဝင်ရောက်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို ပြသနေပါကြောင်း၊ သီလဝါစက်မှုဇုံ၌ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် ထိုင်ဝမ်တို့မှ ရင်းနှီးမြှုပ်နှံကြပြီး သီလဝါ အထူးစီးပွားရေး စက်မှုဇုန်ဘီတွင် ရင်းနှီးမြှုပ်နှံရန်လည်း စိတ်အား ထက်သန်လျက်ရှိကြကြောင်း။

ကမ္ဘာအနှံ့တွင် ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒများ အရှိန်အဟုန်မြင့်မားနေပြီး နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုမှ နှစ်နိုင်ငံချင်းဆက်ဆံရေးကို ပိုမိုအသားပေးလာချိန်၊ အချို့ကဏ္ဍများ၌ တံခါးပိတ်ဝါဒကို ကျင့်သုံးလာပြီး အချို့နိုင်ငံများအကြားငွေကြေးနှင့် ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန် ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ရှင်သန်လာပါကြောင်း။

ယနေ့မြန်မာနိုင်ငံသည် လွန်ခဲ့သော ၁၀ နှစ်ကနှင့်မတူမကြုံစဖူး ကမ္ဘာ့မေခရို စီးပွားရေးစနစ်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကြုံတွေ့နိုင်သည့် အနေအထားတွင်ရှိနေပါကြောင်း၊ ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေချိန်တွင် ၂၀၁၈ ခုနှစ်အတွက် အာရှတိုက်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှာ ၆ ရာခိုင်နှုန်းရှိပြီး၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ က အာရှဖွံ့ဖြိုးတိုးတက် ရေး ဘဏ်မှ ထုတ်ပြန်ထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁ ရာခိုင်နူန်း တိုးတက် လာသည်ကို တွေ့ရှိရပါကြောင်း၊ အာရှတိုက်၏စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း အလားအလာကောင်းများရှိလာပါကြောင်း။

မြန်မာနိုင်ငံဈေးကွက်ပွင့်လင်းလာရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ၏ အလားအလာရှိသော နောက်ဆုံးဈေးကွက်ဟု ဆိုသည့် အားလျော်စွာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာရှိပါကြောင်း၊ အချို့ကမြင်သာပြီးအချို့ကို အမျှော်အမြင်ကြီးမှုနှင့် တွေးခေါ်ကြံဆမှုတို့ဖြင့် တွေ့မြင်ရမည်ဖြစ်ပါကြောင်း။

ယခု အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအကြောင်းကို ပြောကြားလိုပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သော တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာတို့ဖြင့် တစ်ခုတည်းသော အသိုက်အဝန်း တစ်ခုအဖြစ်သို့ ဦးတည်လျှောက်လှမ်းလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွက်လည်း အာဆီယံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် ၄၅ ရာခိုင်နူန်း (အမေရိကန်ဒေါ်လာ ၃၅၅၀၇ ဒသမ ၃၄၉ သန်း) မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဖြစ်ပါကြောင်း၊ ဤသည်ကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ခိုင်မာသော စီးပွားရေးဆက်သွယ်မှုရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း။

မိမိတို့အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ သဘောတူ စာချုပ်ပါ အချက်အလက်များ၏ အသီးအပွင့်များကို ခံစားနေကြရပြီဖြစ်ပါကြောင်း၊ ထို့အတူ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-တရုတ်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဟောင်ကောင် သဘောတူစာချုပ်များအပြင် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် ကုန်သွယ်ရေးသဘောတူစာချုပ်များကိုလည်း လက်မှတ်ရေးထိုးပြီး ဖြစ်ရာ ၎င်းတို့မှတစ်ဆင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများက အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါကြောင်း။

မိမိတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ထိရောက်မှု၊ ထုတ်လုပ်အား နှင့် အမြတ်အစွန်းများ ပိုမိုခံစားရရှိနိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုဖန်တီးနိုင်မည်ဟု မိမိ အနေဖြင့် အခိုင်အမာ ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် အခွင့်အခါသင့်ခိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ အဓိကဦးစားပေးကဏ္ဍများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးမြှင့်လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ရေးစက်မှုလုပ်ငန်းများ၊ သွင်းကုန် အစားထိုးစက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးသင့် အိမ်ယာ တည်ဆောက်ရေးနှင့် စက်မှုဇုန်များတည်ထောင်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် လိုပါကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍတွင် အရေးပါပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ပုဂ္ဂလိကအခန်းကဏ္ဍမြှင့်တင်ရေး၏ အရေးကြီးပုံကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဦးဆောင်သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ အနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အတူ လစဉ်ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်မှသတ်မှတ်သည့် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူသည့် အဆင့်သတ်မှတ်ချက် ကောင်းမွန်လာစေရန် ရည်ရွယ်လျက် လုပ်ငန်းအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ ၁၀ ဖွဲ့ ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကောင်းကျိုးရလဒ်များ ပြန်လည်ခံစားရမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်းပြောကြားသည်။

မိန့်ခွန်းပြောကြားမှုအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရင်းရင်းနှီးနှီးလာရောက် နှုတ်ဆက်ကြသည်။

(Unicode Version)
Myanmar State Counsellor Office









Saturday, November 10, 2018

အကျဉ်းထောင်တွင်းက ကျနော်ဖတ်ဖူးခဲ့သော ကဗျာတပုဒ် ။ (၇)

အင်းစိန်သီးသန့် ထောင်ရဲ့ သာသာယာယာရှိတဲ့အချိန်တွေကို ၁၉၉၅နှစ်ဦးပိုင်းလောက်ကစပြီး ထောင်ပြောင်းမပါကြပဲ ကျန်ရစ်ကြသူတွေ အကုန်လုံးခံစားရပါတော့သည်။ ပထမဦးဆုံးထောင်ပြောင်းရသူတွေက သရက်ထောင်နဲ့ တောင်ငူ၊ သယာဝတီထောင်တွေကို ပြောင်းရွေ့ ခံလိုက်ရတာဖြစ်ပြီး အဲ့ဒီအသုတ်ထဲမှာ ဘိုးဘိုးကြီး(ထွန်းမြင့်ထွေး)၊ နိုင်နိုင်၊စိန်ကျော်ဦး၊ စိုမြင့်(ဒုတ်ကြီး)၊ ကိုဆန်နီ(သီဟသူ)၊ မင်းမင်းစိုး(ကုလား)တို့ က သရက်ထောင်၊ ဦးလေးဦးစောဝင်း၊ ဦးဇင်းဇ၀နတို့ က သာယာဝတီထောင်၊ ထွန်းထွန်းဦး ၊ ကိုအောင်ခိုင်း၊ကိုသန်လွင်ဦး၊ ကိုသန်းမြင့်တို့ က တောင်ငူထောင်သို့ ရောက်သွားခဲ့ကြပြီး ဒုတိယအသုတ်ထောင်ပြောင်းမှာ ကိုတင်ထွန်း၊ ကိုမြတ်လှိုင်း၊ ကိုသက်ထွန်း၊ သားလေး၊ အောင်မျိုးကျော်၊ ကိုလှိုင်မိုးသန်း၊ ကိုရွှေကို၊ ဦးကြည်မြင့်တို့ က မြင်းခြံထောင်သို့ ပြောင်းရွေ့ ခံလိုက်ကြရတော့သည်။ သူတို့ နှင့်အတူ အင်းစိန်ထောင်မကြီးဖက်မှ ပြောင်းရွေးထားခံရသော ရာဇ၀တ်နှစ်ကြီးကျ အကျဉ်းသားနှင့် အရေးအခင်မှုများပါ တပါတည်းပြောင်းရွေ့ သွားသဖြင့် အင်းစိန်သီးသန့် ထောင်ထဲ လူအတော်ကို ရှင်းသွားခဲ့သည်။ တိုက်ဆောင်များမှာ လူနည်းလာသဖြင့် အနေချောင်လာခဲ့သည်။

ထိုအတောအတွင်း ၁၉၈၉လောက်ကတည်းက ထောင်ကျနေခဲ့ကြသူတွေလဲ ပြန်လွတ်သွားကြပြီး၊ ရိုဟင်ဂျာပါတီတခုဖြစ်တဲ့ အမျိုးသားပါတီက ဗိုလ်မှုးထွန်းကျော်ဦး၊ ဦးကျော်စိုး၊ ဦကျော်တင့်၊ ဦးကျော်တင့် (ဗလီဆရာ)၊ဦးကျော်လှတို့ ကို ၄၀၁ ပုဒ်မဖြင့်ပြန်လွတ်ပေးခဲ့သည့်အတွက်လဲ လူကပိုနည်းသွားရသည်။ ဗိုလ်အောင်ကြီးပါတီမှ ဗိုလ်အောင်ကြီး မယားညီအကို ဦးမောင်မောင်၊ ဦးမြင့်သိန်းတို့ လဲ ၄၀၁ ပုဒ်မနှင့်ပြန်လွတ်သွားကြသလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွတ်တော်ကိုယ်စလှယ် ဗိုလ်မှုးကြီး ကျော်ဆန်းလဲ လွတ်သွားခဲ့ပြန်သည်။ တိုက်ဆောင်(၂)မှ လူအတော်နည်းသွားသဖြင့် တိုက်ဆောင်(၁)ဖက်မှ ဦးအေးခိုင်(ကံဆောင်သပိတ်)၊ ကိုစံဝင်း၊ကိုဇေယျ(ကုလာမ)၊ ဦးဘမြင့်၊ ကိုမြတ်သူရ တို့ က တိုက်ဆောင်(၂)ဖက်သို့ ပြောင်းရွေ့ ခြင်ခံရသဖြင့် လူပြန်များခဲ့ရသည်။ ၁၉၉၅ ခုနှစ်မှာ တိုက်ဆောင်(၂)ဖက်ခြမ်းတွင် လူပေါင်း(၅၀)ခန့် သာ ကျန်ရစ်တော့သည်။ ထိုအတောအတွင်း အချိန်ပို (၁)နာရီနီးပါး အောက်ဆင်းခွင့်ရသဖြင့် တောင်ယာစိုက်ပျိုး၊ ခြင်ခတ်၊ ဟင်ခိုးချက်ကြသည့်အပြင် အဆောင်တွင် ပန်းပုပညာကို တဖက်ကမ်းလောက် စီးပွားဖြစ် လုပ်ကိုင်ခဲ့သူ ကိုမြတ်သူရလဲ ရှိသဖြင့် လူငယ်ကျောင်းသာများက သူထံတွင် ပန်းပုပညာအခြေခံများကို သင်ကြားခဲ့ကြသည်။ သူကလဲ တကယ်ပညာရှင်တယောက်ဖြစ်တာကြောင့် သင်ယူစိတ်ရှိသူများကို ဘယ်လို သင်ကြာပေးရမလဲကိုပင် နားလည်သူတယောက်ဖြစ်သည်။ အဆောင်ဘေးတွင်ရှိသော သဲများနှင့် ပန်းပုရုပ်အချိုးအဆစ်များကို ပုံဆောင်ခဲလုပ်ပြီး စသင်ပေးသည်။

ထိုမှတဆင့် ရွှေဝါဆပ်ပြာခဲများဖြင့် အချိုးအဆစ် အထုအထွင်း အနှိုတ်အကော် လိုအပ်သည့် အချိုးအဆစ်များကို လှီးထုတ်ခြင်းများကို သင်ကြားပေးသည်။ ရွှေဝါဆပ်ပြာခဲများဖြင့် သင်ကြားသဖြင့် အခဲတုံးများ ပုံပျက်သွားသော်လည်း ပြန်လုံးယူက အ၀တ်လျော်၊ ကိုယ်တိုက်ပြန်လုပ်ရသဖြင့် သင်ကြားသူများအတွက် အတော်လေး အဆင်ပြေရသည်။ ထိုရွှေဝါဆပ်ပြာအား ကောင်းကောင်းကိုင်တွယ်တက်သူအား နောက်တဆင့် အမွှေးတုံး ကိုယ်တိုက်ဆပ်ပြာတို့ ဖြစ် တဆင့်တိုး သင်ကြားပေးပြန်သည်။ သူ၏သင်ကြားပေးသော ပညာရပ်ကြောင့် အဆောင်တွင် ဆပ်ပြာပန်ပုဘုရားဆင်းတုများ ထုတက်သူ ၃- ၄ယောက်ဖြစ်လာတော့သည်။ ထိုဘုရားဆင်းတု ပန်းပုထုဆစ်တက်ကြသူများအတွက် ကိုယ်တိုက်ဆပ်ပြာမရှာတော့၊ မိမိတို့ ထောင်ဝင်စာတွင် မိသာစုအား ထိုဆပ်ပြာပန်းပုဘုရားဆင်းတုများလက်ဆောင်ပေးလိုသူများက အပ်ထည်များအချင်းချင်းအပ်လာကြသည်။ ပန်းပုဆင်းတုရုပ်ဖြစ်ရင် လှီးဖြတ်ကော်ထုတ်ရသော ဆပ်ပြာအစများက ဆပ်ပြာတုံး၏ ၃ပုံ၁ပုံခန့် ရှိသည်အတွက်ကြောင့် ထိုအစများကို ပြန်လုံးကာ ကိုယ်တိုက်ဆပ်ပြာအဖြစ်အသုံးပြုကြသည့်အတွက် ပန်းပုပညာတက်သွားသောသူများအလုပ်ဖြစ်လာကြသည်။ ဆင်းတုအပ်သူကလဲ လက်ခအဖြစ် ထောင်ဝင်စာမှပါလာသော မုန့် နှင့်ဟင်း၊ကော်ဖီမစ်တို့ ပေးကြသဖြင့် အစားအသောက်လဲ အဆင်ပြေကြသည်။ ကိုမြတ်သူရ၏ ကောင်းမှုကြောင့် အဆောင်းတွင်အတော်များများ အုန်းသီးအခွံမာပေါ်တွင် အရုပ်လေးများ၊ နာမည်စာလုံးလေးများ၊ အုန်မှုတ်ခွံဆွဲကြိုးလေးများကို ထွင်းတက်လာကြပြီး အမှတ်တရ ပစ္စည်းလေးများလုပ်တက်လာကြသည်။

နောက်တယောက်က ပန်းချီဆရာဦးဘမြင့်ဖြစ်သည်။ သူက ပန်းချီစိတ်ဝင်စားသူများကို ပန်းချီသင်ကြားပေးသည်။ သို့သော် ပန်းချီပညာကို စိတ်ဝင်စားသူက နည်းပါးပြီး ကျနော်တယောက်သာလျှင် သူ၏ သင်တန်သားဖြစ်ခဲ့ရသည်။ သူက ပန်းချီအခြေခံတို့ အား ကျနော်အားသင်ကြားပေးခဲ့သည်။ တခန်းတည်းအတူနေကြသူတွေဖြစ်တာကြောင့် သူ၏ပန်းချီပညာနဲ့ ပတ်သတ်သမျှ နားရည်ဝခဲ့ရသည်။ နောက်တခု ရီစရာတခုက သူပန်ချီပညာကို အမှန်တကယ်အားပေးသူ တယောက်ရှိသေးသည်။ သူက ကိုစိုးမြင့်ဖြစ်သည်။ သူသည် ကပ်စီးနည်းပြီး သူထောင်ဝင်စာအား သူတယောက်တည်း စားသူဖြစ်သည်။ တခါတလေး သူသဒ္ဒါစိတ်ရှိသူကို ကျွေးမွေတက်ပါသည်။ သူက မဂ္ဂဇင်စာအုပ်ထဲမှာပါသော ကောင်းမလေးပုံတွေကို သိမ်းထားတက်သူဖြစ်ပြီး ထိုအတွက်ကြောင့် ကျနော်တို့ အခန်း ထောင်ဝင်စာပျက်လတ်သောအခါ ပန်းချီဆရာဦးဘမြင့်က ထိုပုံလေးများကို ပလိပ်ဓါးနဲ့ အပေါ်ယံ အ၀တ်အစားများချွတ်ပြီး ခဲတံနှင့် ရေကူးဝတ်စုံ မလုံတလုံပြန်ဆွဲထားပြီး ရုပ်ရှင်မင်းသမီးလေးများ ရေကူးဝတ်စုံ၊ မလုံတလုံအ၀တ်အစားနဲ့ မခိုတရို့ အလှတရားများဖြင့် စိတ်ကြွစရာ စိတ်ဝင်စားစရာပုံလေးများဖန်တီဖြစ်သည်အခါ စိုးမြင့်ကြီးအား ပြလိုက်ပါက စိုးမြင့်ကြီးဆီမှ ငပိကြော်တခွတ် ၊ ဒါမှမဟုတ် ၀က်ဆီဖက်ကြော်တို့ ရတက်ပါသည်။ ပွဲစား ကျနော်အတွက်က စိုးမြင့်ကြီး တိတ်တိတ်ကျွေးသော မုန့် တို့ ကိုစားရတက်သည်။ စိုးမြင်းကြီးသရက်ထောင်သို့ မပြောင်းခင်က တလကို (၂)လောက် ပန်းချီဦးဘမြင့်၏လက်ရာ ချွတ်ခွာမင်းသမီးလေးများ၏ ပုံလေးများဖြင့် အပျော်တမ်း ဟင်းစားရှာရသည်။

နောက်တယောက်က စာကြည့်တိုက်မှုးကြီး ဦးဝင်းကြည်(ပုဆီုတိုဝင်းကြည်)၊ သူက ဘ၀ပေါင်းများစွာကို ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ပညာအရည်အချင်းက သူတိုခေတ်(၁၀)တန်းကျောင်းသားဘ၀ဖြင့် အိမ်ထောင်ကျခဲ့သူဖြစ်သည်။ ကျူရှင်လောကတွင် သချင်္ာဆရာ ဦးသာ၏ စာရေးဘ၀မှ ဦးသာအောင်မြင်လာသောအခါ ကျူရှင်လောကတွင် သူကပါ အုပ်ချုပ်ရေး စီမံခန့် ခွဲရေးတွင် လုပ်ကိုင်ရသောမန်နေဂျာတယောက်ဖြစ်လာခဲ့သည်။ ဦးသာကွယ်လွန်ပြီနောက်မှာ သူက စာအုပ်အဟောင်း ၀ယ်ရောင်လောကထဲ ရောက်လာခဲ့ပြီး စာအတော်များများဖတ်လာသူဖြစ်ကာ စာအုပ်များအကြောင်းနှင့်  စာရေးဆရာများအကြောင်းကို အတော်ပြောနိုင်၊ မှတ်နိုင်အားကောင်းခဲ့သူဖြစ်သည်။ ဘယ်စာရေးဆရာ ဘယ်စာအုပ် ဘာအကြောင်းရေးထားတာ စသဖြင့် အတိအကျကို ပြောပြနိုင်သူဖြစ်သည်။ မြန်မာနိုင်ငံရေးသမိုင်ကို သရုပ်သဏ္ဍန်ခွဲပြီး နိုင်ငံရေးခေါင်ဆောင်ဆိုသူများ၏ လုပ်ဆောင်ခဲ့သောလုပ်ဆောင်မှုတွေအပြင် သူတို့ ၏စရိုက်လဏ္ခာများကိုပါ ပြောပြတက်သူဖြစ်သည်။

စာအုပ်အရောင်သမားသတ်သတ်မဟုတ် သူက ကျနော်တို့ အတွက် စာကြည့်တိုက်ကြီးတတိုက်ဖြစ်တော့သည်။ ထောင်ထဲတွင် စာဖတ်ခွင့်က တရားဝင်မရကြသဖြင့် ခိုးကြောင်ခိုးဝှတ်ဖတ်ကြရသော စာအုပ်များက ခေတ်ပေါ်မဂ္ဂဇင်း၊ စီးပွားရေးမဂ္ဂဇင်၊ သတင်းမဂ္ဂဇင်၊ များသာဖြစ်ကြသည်။ ဈေးကြီးပေးဝယ်ရသဖြင့် များများစားစားလဲ မ၀ယ်နိုင်ကြ။ စာအုပ်တအုပ်ရလျှင် တခန်းချင်း လက်ဆင့်ကမ်းဖတ်ကြရသည်။ ကိုယ်အခန်းထဲတွင် လူကြီးတွေပါပြီး ၊ ကြောက်တက်သူများပါပါက အခန်းတွင်း ယူဖတ်၍မရသဖြင့် မဖတ်ကြရသူတွေလဲရှိသည်။ လူကြီးတွေ ကြောက်မယ်ဆိုလဲကြောက်စရာဖြစ်သည်။ ထောင်ရှာဖွေရေးတွင် စာအုပ်မိသွားပါက တိုက်ပိတ် အရေးယူ ထောင်ဝင်စာပါပိတ်ခံကြရမည့်အပြင် ထောင်ပြောင်းရာသီရောက်ပါက ထောင်ပြောင်းရွေ့ ခံရမည်။ နယ်ထောင်များသို့ ရောက်သွားလဲ မိသာစုမျာ လိုက်လာဖို့ ပိုမိုခတ်ခဲကာ ဒုကရောက်ကြရမည်ကို တချို့ ကလဲ စိုးရိမ်ကြသည်။ ရန်ကုန်သားများဖြစ်ကြသည်အတွက် အင်းစိန်ထောင်တွင်းသာ နှစ်စေ့ထောင်ကျပြီးပြန်လွတ်သွားပါက မိသာစုရော ကိုယ်အတွက်ပါ အဆင်ပြေမည်ဟုတွက်ကာ တချို့ လဲ ထောင်ဥပဒေအတိုင်းလိုက်နာနေထိုင်ခဲ့ကြသည်။ ထိုအတွေးအခေါ်က အရာမထင်ပါ။ ထောင်ပြောင်းချိန်တွင် ထောက်လှမ်းရေးက သူတို့ ပြောင်းရွေ့ စေလိုသော နိုင်ငံရေးအကျဉ်းသားများစာရင်းကို ထောင်အာဏာပိုင်များလက်ထဲသို့  ထည့်ပေးလိုက်ပြီး ထိုစာရင်းအတိုင်း ထောင်အာဏာပိုင်များက လိုက်နာဆောင်ရွက်ရခြင်းသာဖြစ်သည်။ ထောင်ပြောင်းဖို့ တံခါးဖွင့် လူထုတ်ပြီဆိုရင် ထိုသူများက အရင်ဆုံးထုတ်ခံကြရသည်။ ဘာပဲပြောပြော အဆောင်ရှိသူ အချင်းချင်းတော့ ရိုင်းပင်းကူညီကြ။ တိုင်ပင်ဆွေးနွေးကြနဲ့ အချိန်တွေကုန်စေခဲ့ကြရသည်။ ထိုအချိန်ထိုကာလ ထောင်တွင်ဖြတ်သန်းမှု အချိန်ကာလများက ပျော်စရာလိုတောင်ဖြစ်ခဲ့ရဖူးကြသည်။ ပုဆိုးတို ဦးဝင်းကြည်အကြောင်း ပြန်ဆက်ရရင် သူက ကျနော်တို့ မဖတ်ဖူးသော စာရေးဆရားများဖြစ်ကြသော ဆရာကြီးတာဂုန်တာရာ၊ ဆရာကြီးဗန်မော်တင်အောင်၊ သခင်မြသန်း၊ ဆရာကြီးမြသန်းတင့်၊ ဆရာကြီးပါရဂူ၊ တကသိုလ်ဘုန်းနိုင် စသဖြင့် စာရေးဆရာကြီးများ၏ လက်ရာကောင်းစာအုပ်များ၏ အမြည်အစမ်းလေးများကို ဦးဝင်ကြည့်ဆီမှ နားထောင်ခွင့်ရလိုက်ခဲ့သည်။

တခါတလေ ဆရာနိုင်ဝင်ဆွေ၏ ရေဆန်လမ်း၊ မဟူရာမေတ္တာ၊ မသိန်းရှင်ပါ မကျန် စာရေးဆရားများ၏ နိုင်ငံရေးဖြတ်သန်မှုများပါ ပါလိုက်သေးသည်။ သမိုင်းဆိုင်ရာ၊ နိုင်ငံရေဆိုင်ရာ စာအုပ်များအကြောင်းပြောသည်အခါ သူမွှေနှောက်ဖတ်ထားသော သမိုင်းဆိုင်ရာ နိုင်ငံရေးဆိုင်ရာစာအုပ်များအကြောင်းတို့ ကို ပြောကြားရာမှာလဲ သူကို အတော်ကလေးတော့ သီခံရပြီး စိတ်ရှည်ရှည်နာထောင်ရသည်။ ထိုအခါမျိုးတွင် သူမျက်နာက ချက်ချင်းပြောင်းသွားသည်။ နိုင်ငံရေးသင်တန်းကျောင်အုပ်ကြီးပမာ ခပ်တည်တည်ရုပ်ကြီးဖြစ်သွားကာ သင်တန်းပို့ ချနေသော နိုင်ငံရေးကျောင်အုပ်ကြီးမျက်နာမျိုးဖြစ်သွားကာ တခါတလေ အခြောက်တိုက် ဟောက်ငန်းပါတော့သည်။ တခါတလေမှာ ဗမာပြည်ကွန်မြူနစ်ဆိုင်ရာ နိုင်ငရေးလှုပ်ရှားမှုတွေ အကြောင်းပြောသည်အခါ သူကိုယ်သူ မြေပေါ်ပေါ်လစ်ဗြူတို တယောက်အလာ ထင်လာအောင်ပင် ပြောတက်ပါသေးသည်။ တကယ်တော့ သူပြောပြသည့်အကြောင်းအရာများက တကယ်အဖြစ်များသာဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြစ်ဝကျွန်ပေါ်စစ်ဆင်တွေ၊ တပ်မတော်ရဲ့ ထိုးစစ်တွေ၊ ကွန်မြူနစ်ပါတီဖက်က ခံစစ်တွေ ၊ တန်ပြန်ပြန်ထိုးစစ်တွေအကြောင်းအပြင် ပဲခူးရိုးမအတွင်းက ဗမာပြည်ကွန်မြုနစ်ပါတီနှင့် တပ်မတော်ထိုးစစ်များအကြောင်း၊ သခင်သန်းထွန်းကို လုပ်ကြံသတ်ဖြတ်ခံနေရချိန်တွင် သူမျက်စီရှေ့ တွင် ဖြစ်ပျက်သကဲ့သို့ သော်လည်းကောင်း၊ သခင်ဇင်နှင့် သခင်ချစ်တို့ ၏ နောက်ဆုံဖြတ်လေးဖြတ်နဲ့ ပိတ်ဆို့ ဝိုင်ခံထားရချိန်တွင် ထိုအရပ်ဒေသတ၀ိုက် သူပဲရောက်နေသကဲ့သို စိတ်ဝင်တစားဖြစ်အောင် သိုင်းဝိုင်းပြောဆိုတက်သူဖြစ်သည်။ သူက သခင်သန်းထွန်း၏ နောက်ဆုံးနေ့ များ၊ ဇင်ချစ်၏ နောက်ဆုံးနေ့ များကို ဖတ်ထားသည့်အပြင့် သက်ဆိုင်သူများမှ ရရှိသော သတင်းအချက်အလတ် အမှန်အကန်တို့ ကို အခြေခံကာ ထိုစာအုပ်များထဲမှ ဘယ်အချက်များက မဟုတ်ပဲ ချဲကားလွန်သည်။ အဖြစ်အပျက်အမှန်က ဒီလို စသဖြင့် ဝေဖန်သရုပ်ခွဲပြတက်သူဖြစ်သည်။ ကွန်မြူနစ်ပါတီ ပဲခူးရိုးမခေတ်မှစ၍ ဖမ်းဆီးရမိသော ကွန်မြူနစ်ပါတီမြေအောက်ယူဂျီများအကြောင်း ဘယ်နှစ်ခုနှစ်၊ ဘယ်သူတွေ ဖမ်းဆီးခံကြရပြီး နောက်ဆုံး၄၈၂၈ ယူဂျီထိပ်ပိုင်းခေါင်းဆောင်များ အထိ သူနဲ့ ရင်းနှီကြသယောင်း ရုပ်တိရှိရှိပြောဆိုတက်သူဖြစ်သည်။ နောက်ဆုံးသူပြောသမျှ အချက်အလတ်အတော်များများက အတွင်းကျကျ လေ့လာထားခြင်းဖြစ်ပြီး အခန်းတွင်း တခန်းထဲအတူနေထိုင်သူ ကွန်မြူနစ်ပါတီယူဂျီကတောင် သြချလောက်အောင်ကို ပြောပြနိုင်သူဖြစ်သည်။ အမှန်တော့ သူက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လုံးဝပတ်သတ်ခဲ့ခြင်းမရှိသူ တယောက်သာဖြစ်ပြီး အကြောင်းအရာတော်တော်များများက သူလေ့လာထားသော စာအုပ်များသာဖြစ်တော့သည်။

ထိုစာကြည့်တိုက်ကြီးက နောက်ဆုံးတွင် ကျနော်နှင့်တခန်းထဲအတူနေရသဖြင့် ကျနော်သည်လဲ နေ့ စဉ်စာအုပ်ဖတ်နေရသူ ဖြစ်မှန်မသိ ဖြစ်ခဲ့ရတော့သည်။ သူနဲ့ အတူနေထိုင်ခဲ့ရသော အချိန်ကာလများကို အကြိုးရှိရှိအသုံးချက နေ့ စဉ် စာပေဗဟုသုတကို ထိုစာကြည့်တိုက်ကြီးမှ စိတ်ရှည်သီခံစွာ ဖတ်ခဲ့ရဖူးပါသည်။

ထိုကဲသို့ အဆောင်တွင်စာကြည့်တိုက်တခုရှိယုံ မကသေး ရုပ်ရှင်ရုံတရုံလဲရှိခဲ့ပြန်သေးသည်။ သူက ကိုစည်သူမြသန်းဖြစ်သည်။ အထက်မှာပြောခဲ့သည့်အတိုင်း သူတို့ အမှုဖြစ်စဉ်နဲ့  သူတို့ ၏ဘ၀တစိတ်တဒေသကို ဖေါ်ပြခဲ့ပြီးသားဖြစ်သော်လည်း သူသည် အဆောင်ရှိ ကျနော်တို့ အတွက်တော့ ရုပ်ရှင်ရုံတရုံဖြစ်တော့သည်။ သူတို့ ၏ မိသာစု ဘ၀ဇာတ်ကြောင်းတွေကို ရုပ်ရှင်တကားကြည်နေရသလို ဇာတ်ညွန်သရုပ်ခွဲကာ ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင်ပြောပြတက်သူဖြစ်သည်။ သူဖခင်ဆရာကြီး သခင်မြသန်း၏ စာပေအမွေကို ဆက်ခံကာ စာရေးဆရာ ၊ ဗွီဒီယိုရုပ်ရှင်ဒါရိုက်တာအဖြစ်အသက်မွေးဝမ်းကြောင်းပြုနေသူလဲဖြစ်သည်။ အအောင်မြင်ကြီး မဟုတ်သော်လည်း သူဖခင်ရေးသားချန်ရစ်ခဲ့သော ၀တ္တုဇာတ်လမ်းများကို သူကိုယ်တိုင် ဇာတ်ညွန်းပြန်ရေးကာ ရုပ်ရှင်ရိုက်ကူးခြင်း၊ ဗွီဒီယိုရိုက်ကူးဒါရိုက်တာလုပ်ခြင်းဖြင့် သူဘ၀ဇာတ်ကြောင်းတို့ ကို ပြန်ပြောပြတက်သည်။ ထိုအတွက်ကြောင့် အခန်းဖွင့်ချိန်များ ၊ နေ့ ခင်းအိပ်ဆောင်ပိတ်ချိန်များတွင်း သူအခန်းသို့  ကျနော်တို့ လူငယ်တွေက သွားလည်ပြီး ရုပ်ရှင်ဇာတ်လမ်းတွေ နားထောင်ကြသည်။ သူထံ၌ ဇာတ်ညွန်းရေးနည်းတို့ ကို လေ့လာကြသည်။ ကျနော်တို့ ထဲတွင် အတက်ကြွဆုံးလူငယ်က ဘိုးဘိုးကြီး(ထွန်းမြင့်ထွေး)ဖြစ်သည်။ သူထောင်မပြောင်းခင်းအချိန်များတွင် သူက အသေအချာ စာရွတ်တို့ ဖြစ် ဇာတ်ညွန်ရေးနည်းတို့ ကို လေ့လာခဲ့သည်။ သူက ထောင်ပြန်လွတ်ပါက စာရေးဆရာအဖြစ်ရပ်တည်ရှင်သန်ရန်ပင် စိတ်ဆုံးဖြတ်ပြီးသားသူလဲဖြစ်သည်။ ကိုစည်သူပြောပြသော သူဖခင်၏ ၀တ္တုဇာတ်လမ်းတွေထဲက အညတရ ကြက်တော ၀တ္တုကို သူကိုယ်တိုင် ဇာတ်ညွန်းရေးသား သရုပ်ခွဲပြပြီး ထိုဇာတ်လမ်းထဲတွင် ပါဝင်ကြသော ဇာတ်ကောင်းစရိုက်များ၊ ဒိုင်ယာလော့ ခေါ် ဇာတ်ကောင်းတို့ ပြောကြားရမည့် စကားလုံများကို သူကိုတိုင်း သရုပ်ဆောင်ပြောပြနေခြင်းတို့ သည်ကလဲ ကျနော်တို့ အဖို့ ပြဇတ်တပုဒ်ကို ကြည့်နေရသည်နှယ် မာန်၊ ဟန်ပါလှသော ဇာတ်လမ်းများဖြစ်တော့သည်။

မှတ်မှတ်ရရ ၁၉၉၅ ခုနှစ် သီတင်းကျွတ် တန်ဆောင်တိုင်ကာလတွင် ဒါရိုက်တာကြီးက သူ၏ အနုပညာလက်ယာကို ထုတ်ပြသည်အနေဖြင့် အဆောင်တွင် ရေချိုး၊မိလ္လာချချိန်း ၁ နာရီအချိန်တိုလေးအတွင် ဘိုကလေးတင်အောင်၏ ငယ်ကျွတ်ဆွေ ဇာတ်လမ်းကို တိုက်ဆောင်ရှေ့ ဖက်ခြမ်း ကော်ရစ်တာတွင် တင်ဆက်ပြသပတော့သည်။ သူ၏သရုပ်ဆောင်များက အင်းစိန် ထောင်မကြီး ဖက်မှ ပြောင်းရွေ့ပြီး တိုက်ဆောင်(၂) နောက်ဖက်ခြမ်းသို့  ရောက်နေကြသော မိမနိုင်၊ဖမနိုင် ၊ ထောင်ပိုင်မနိုင်၊ ထောင်ဆူ အခြောက်များဖြစ်ကြသည်။ ထိုအခြောက်များကို ထောင်မကြီးတွင်ထားရာမှာ ပြဿနာများလွန်သဖြင့် သီးသန်ထောင်ဖက်သို့ ရွေ့ထားရခြင်ဖြစ်ပြီး လူဦရေး (၃၀)ခန့် ရှိသည်။ သူတို့ က အဆောင်သန့် ရှင်ရေး ၊ စိုက်ပျိုးရေ အလုပ်များကိုလုပ်ကြရသည်။ ထိုနှစ်သီသင်ကျွတ်တွင် ကျနော်တို့ ၏ဒါရိုက်တာ ကိုစည်းသူမြသန်းက အခြောက်များကို စည်းရုံးကာ ငယ်ကျွမ်ဆွေ ဇာတ်လမ်းကို ပြဇာတ်ဖန်တီကာ ကပြပါတော့သည်။ အနုပညာနှင့်သိပ်မဝေးလှသော ဆံပင်ညှပ်၊မိတ်ကပ်၊ အလှဖန်တီရှင်တွေထဲက အခြောက်တွေဖြစ်ကြသည့် ငယ်ငယ်၊ လှဦး၊ဂျမ်တော၊ တိုဂျိုသန်းအေး စသည် အခြောက်များကို ထုတ်ယူဇာတ်တိုက်သင်ပေးပြီး အဆောင်ရှိလူအများရှေ့ တွင် ဖျော်ဖြေတင်ဆက်ပြတော့သည်။ သိပ်တော့မဆိုလှချေ။ ပျော်စရာမရှိသောအရပ်တွင် ကိုစည်သူမြသန်း၏ ငယ်ကျွမ်းဆွေပြဇာတ်လေးက ကောင်းလွန်းနေခဲ့သည်။ သရုပ်ဆောင်ကြသော အခြောက်များကလဲ နဂိုကတည်းက ရှောက်သီးဆေးပြာသည်၊ မိတ်ကပ်၊ဆံပင် အလှဖန်တီးရှင်များဖြစ်ကြလေရာ ဒါရိုက်တာ၏ပညာနှင့် သူတို့၏ကြိုးစာသရုပ်ဆောင်မှုများက ပျော်စရာ ဖျော်ဖြေပွဲလေး မှတ်မှတ်ရရဖြစ်သွားတော့သည်။ ဆွေးမျိုးမရှိသောအရပ်တွင် အဖိနှိပ်ခံနေရာသောအချိန်များမှာပင် ကျနော်တို့ က ပျော်အောင်နေလာကြသူတွေဖြစ်တော့သည်။

(ဆက်ရန်)

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

၁၀-၁၁-၁၈

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post