အခုည ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရ ( 24.11.2018 )
မလေးရှားနိုင်ငံ ဘန်ဂီးမှ လာရောက်အားပေးသော လူဦးရေ ၂၀ ဦးခန့် မိန်းခလေးများလည်းပါပြီး ဘောလုံးပွဲအပြီး bus ကားစောင့်နေစဉ် မလေးလူမျိုး အယောက် ၃၀ ခန့်မှ ( ဘာဘီ ) ဟုပြောပြီး ဝိုင်းရိုက်တာ ခံလိုက်ရပါသည်။
ဝိုင်းရိုက်တာ ခံလိုက်ရသောကိုယ့်အဖွဲ့များမှာ ဟိုပြေးဒီပြေးနှင့် မြောင်းထဲပြုတ်ကျသူက ကျနှင့် ဒဏ်ရာများရရှိကာ အခုကျွန်တော်တို့ နှလုံးလှ ပရဟိတအဖွဲ့မှ ရောက်ရှိသွားပြီး ဆေးရုံသို့ပို့ဆောင်နေကြပါသည်။
အရိုက်ခံရသူများအဖွဲ့မှ တယ်လီဖုန်းများလည်း ပါသွားကြပါသည်။
ဦးခေါင်းဒဏ်ရာရရှိသူက သက်ညီညီ ဖြစ်ပြီး ဒဏ်ရာနဲနဲများပါသည်။
ခြေထောက် လက်တို့ ဒဏ်ရာရရှိသူကတော့ အောင်မျိုးသူ ဖြစ်ပါတယ်
နောက်ထပ် ဦးခေါင်းဒံရာ ရရှိသူကတော့ ကိုမြင့်စိုး ဖြစ်ပါတယ်။
လူအားလုံးနီးပါ အရိုက်ခံရပါသောလည်း ဒီ ၃ ဦးကတော့ နဲနဲများတဲ့အတွက် ဆေးကုသရခြင်း ဖြစ်ပါတယ်။
အဖွဲ့မှာပါတဲ့ မိန်းခလေးများပါ ခြေထောက်ဖြင့် အကန်ခံရခြင်းဖြစ်ပါတယ် ဒဏ်ရာတော့မများကြပါ။
စိတ်မကောင်းပါဘူး မလေးနှင့် ကန်သည့်ပွဲတိုင်း အရိုက်ခံနေရတာ ဘောလုံးပွဲလည်း ရှုံးသေးတယ် အခုဖြစ်နေတာကို ရဲသွားခေါ်တော့ မင်းတို့နှောက်ရှက်လို့ ဖြစ်ထာမဟုတ်လာတဲ့ ရတဲ့ကားနဲ့ မြန်မြန်ပြန်ကြတဲ့ တော်တော်အားကိုးရတဲ့ရဲ
မလေးကိုသာ ကျွန်တော်တို့ နိုင်ခဲ့ရင် အသေများသတ်မလားပဲ
ကိုယ့်ညီလေးတွေ အမြန်ဆုံးကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်။
အခုည ၃း၃၀ ဘောလုံးကွင်းကြီးကတော့ တိတ်စိတ်သွားပါပြီ ကျွန်တော်တို့ နှလုံးလှ အဖွဲ့နှင့် လူနာတွေကတော့ ဆေးကုသခန်းမှပဲရှိပါသေးသည်။
မေးမြန်းလိုပါက ကိုသက် နှလုံးလှ ( 0172838470 )
( 24.11.2018 ) နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ မလေးရှား/ မြန်မာ
No comments:
Post a Comment