Latest News

Tuesday, November 20, 2018

ချင်းပြည်နယ်တွင် ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့သည့်မြေအား တင်ဝင်းထွန်းကုမ္ပဏီ က မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ မြေသိမ်းပြီး ဟော်တယ်ဇုံဆောက်လုပ်ရန်ကြိုးပမ်းနေ


ချင်းပြည်နယ်တွင် ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့သည့်မြေအား တင်ဝင်းထွန်းကုမ္ပဏီ က မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ မြေသိမ်းပြီး ဟော်တယ်ဇုံဆောက်လုပ်ရန်ကြိုးပမ်းနေသောကြောင့် တီးတိန်​မြို့နယ်​၊ ​ခေါ်ဆ​ကျေးရွာအုပ်​စု၊ သိုင်းငင်း​ကျေးရွာမှ ဒေသခံများစိုးရိမ်မှူမြင့်တက်....

ကန့်​ကွက်​​ခံနေရသည့်​ ကြားမှ ဟိုတယ်​ဇုံတည်​​ဆောက်​နိုင်​ရန်​ ကြိုးပမ်း​လုပ်​​ဆောင်​​နေမှုအ​ပေါ် ​​​ဒေသခံများစိုးရိမ်

ချင်းပြည်​၊ တီးတိန်​မြို့နယ်​၊ ​ခေါ်ဆ​ကျေးရွာအုပ်​စု၊ သိုင်းငင်း​ကျေးရွာ၏ အ​နောက်​ဘက်​ရှိ ​မြေကွက်​တစ်​​နေရာအား တင်​ဝင်းထွန်း ကုမ္ပဏီနှင့်​ မြတ်​နိုးသူ ကုမ္ပဏီတို့ မှ ​ဒေသခံရွာသားများ ၏ အကြိမ်​ကြိမ်​ ကန့်​ကွက်​​နေသည့်​ ကြား မှ ကမ္ဘာ့အဆင့်​မှီဟိုတယ်​တည်​​ဆောက်​ရန်​ ဟူသည့်​ အ​ကြောင်းပြချက်​ဖြင့်​ ဆက်​လက်​ကြိုးပမ်းလုပ်​​ဆောင်​​နေမှုအ​​ပေါ် ​​ဒေသခံ သိုင်းငင်း​ကျေးရွာလူထုမှ စိုးရိမ်​​နေရ​ကြောင်း ​ဒေသခံ
များ ထံမှ သတင်းရရှိပါသည်​။

ဒီ အ​ကြောင်း နှင့်​ပတ်​သက်​ပြီး ​​မြေပြင်​ သတင်း အချက်​အလက်​များသိရှိရန် ​Area Peace and Development Forword , ဇိုမီး​ကျာင်းသားနှင့်လူငယ်အဖွဲ့နှင့်​ ​မြွေ​တောင်​​ဒေသဖွံ့ဖြိုး​ရေးအဖွဲ့ တို့ ဦး​​ဆောင်သည့် ​​အရပ်ဖက်​​ပူး​​ပေါင်းအဖွဲ့
အစည်းများမှ ဒေသခံများအား ​သွား​ရောက်​ ​တွေ့ဆုံ​မေးမြန်းရာမှာ ​``အခုပြဿနာဖြစ်​​နေတဲ့​မြေကွက်​ဟာ တင်​ဝင်းထွန်းကုမ္ပဏီက ၂၀၁၂ က​နေ စပြီး ဇိုဇန်​ ​ကျေးရွာ နှင့်​ ဆိုဇန်​ ​ကျေးရွာ ကြား ရွာချင်းဆက်​ လမ်း​ဖောက်​ချိန်​ကာလအတွင်း စက်​သုံးဆီသို​လှောင်​ရန်​နှင့်​ စက်​ယန္တရားများထားရှိဖို့အတွက်​ ယာယီ အသုံးပြုခွင့်​ ​တောင်း ခဲ့သည့်​ ​မြေ​နေရာသာဖြစ်​ပါတယ်​။ လမ်း​ဖောက်​လုပ်​မှု ပြီးစီးတဲ့ချိန်​မှာ မစွန့်​လွတ်​ချင်​​တော့ပဲ ပုံစံ ၁၀၅-၁၀၆ တို့ ​လျှောက်​လာတယ်​။
မိမိတို့က ၂၀၁၆ က​နေ ဒီနှစ်​အထိ ဌာနဆိုင်​ရာများသို့ ကန့်​ကွက်​စာ အကြိမ်​ကြိမ်​ တင်ခဲ့ပါ​တယ်​။
ကျွန်​​တော်​တို့ သိရသ​လောက်​က အဲ့သည်​​မြေမှာ ကမ္ဘာ့အဆင့်​မှီ ဟိုတယ်​ဇုံကြီးတည်​​ဆောက်​နိုင်​ဖို့ကြိုးစား​နေတယ်​ လို့ပဲ ကြားရပါတယ်​´´လို့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ဟောင်းလည်းဖြစ်​ လက်​ရှိ ​ကျေးရွာ အုပ်​ချုပ်​​ရေးအဖွဲ့ဝင်​ တာဝန်​ထမ်း​ဆောင်​​နေဆဲ ဖြစ်​တဲ့ သိုင်း​ငင်း​ကျေးရွာ​ မှ ဦးငင့်​နန်​က ​ပြောပြပါတယ်​။

ဆက်​လက်​ပြီး ဦးငင့်​နန်​က ``ဒီ​မြေ​နေရာ​တွေက ကျွန်​​တော်​တို့ ဘိုးဘွားကတည်းက ​​ရေ​ဝေ​ရေလဲအဖြစ်​ ထိန်းသိမ်းကာကွယ်​ခဲ့တဲ့ သစ်​​တော​မြေလည်းဖြစ်​တယ်​။ ပြီး​တော့ နိုင်​ငံ​တော်​က မိုးကြိုးဝိုင်းအဖြစ် သတ်​မှတ်​ခဲ့ပြီးသားလည်းဖြစ်​တဲ့အတွက်​ အခုလည်း
အဲ့ဒီနေရာက သစ်​​တော​တွေဖုံးလွမ်း​နေဆဲဖြစ်​တယ်​ဆိုတာ မျက်​မြင်​ကိုယ်​​တွေ့ ကြည့်​လို့ရ​တယ်​။ အခု ဟိုတယ်​ဇုန်​ တည်​​ဆောက်​​ရေး ကြိုးပမ်း​နေတာ တင်​ဝင်းထွန်းကုမ္ပဏီနှင့်​ မြတ်​နိုးသူကုမ္ပဏီ နှစ်​ခုတို့ 
ပေါင်းထားတယ်​လို့ သိရပါတယ်​´´လို့ ဆက်​လက်​​ပြောကြားပါတယ်​။

အဆိုပါ ကျေးရွာ​တွင်​​နေထိုင်​ပြီး စား​သောက်​ဆိုင်​ဖွင့်​​နေတဲ့​ဒေသခံတစ်​ဦးက​တော့``ကျွန်​​တော်​တို့ ဘိုးဘွားစဉ်​ဆက်​ ထိန်းသိမ်းလာခဲ့တဲ့​မြေကို ဆုံးရှူံးရမည်​သာမကဘဲ ​​ကျေးရွာလူထု၏ လက်​ရှိ အသက်​​မွေးဝမ်း​ကျောင်းအဖြစ်​ အားကိုးအားထားပြုတဲ့ စိုက်​ပျိုးသီးနှံ​ရောင်းဝယ်​​ရေးနှင့်​ စားသုံးကုန်​ ​ဈေးဆိုင်​ငယ်​​တွေ ထိခိုက်​နိုင်​တဲ့အပြင်​ ကိုယ့်​​မြေေ​ပါ်​နေပြီး တစ်​ပါးကျွန်​ဘဝသို့ ​ရောက်​သွားမှာကိုလည်း အလွန်​စိုးရိမ်​မိပါတယ်​´´ လို့ ရင်​ဖွင့်​​ပြောဆိုခဲ့ပါတယ်​။

ဒီသတင်းနှင့်​ပတ်​သက်​ပြီး Area Peace and Development Forword ၏ ဒရိုက်​တာ ဦးGS Mang က​ ``လက်​ရှိမြန်​မာနိုင်​ငံရဲ့​ 
မြေယာဥပ​ဒေများသည်​ တိုင်းရင်းသားလူမျိုးများ၏ အခွင့်​အ​ရေးကို အကာအကွယ်​မ​ပေးသည့်​အပြင်​ ဘိုးဘွားပိုင်​​မြေများ ချိုး​ဖောက်ခံ​​​နေရသည့်​ ​မြေယာဥပ​ဒေများဖြစ်​နေသည့်အတွက် အခုလို တိုင်းရင်း
သားလူမျိုးများထိခိုက်​​စေနိုင်​သည့်​ မည်​သည့်​စီမံကိန်းကိုမှ ခွင့်​မပြု​ပေးသင့်​​ကြောင်း´´​ပြောပါတယ်​။

တီးတိန်​မြို့နယ်​၊ ​ခေါ်ဆ​ကျေးရွာအုပ်​စု၊ သိုင်းငင်း​ကျေးရွာသည်​ အိမ်​​ခြေ ၂၅ အိမ်​ခန့်​ရှိပြီး လူဦး​ရေ ၁၀၀ ​ကျော်​​နေထိုင်​သည့်​ က​လေး- ဖလမ်း -ဟားခါး - တီးတိန်​ - ကျီခါး ဆက်​သွယ်​​သော ပြည်​​ထောင်​စု လမ်းမ​ ဆုံရာတွင်​တည်​ရှိတဲ့ ​ကျေးရွာဖြစ်​ပါသည်​။ ​ကျေးရွာပြည်သူလူထုအများစုမှာ စိုက်​ပျိုး​ရေးလုပ်​ငန်းများ လုပ်​ကိုင်​ပြီး
ခြံထွက်​ စိုက်​ပျိုးသီးနှံများကို ​လက်​လီလက်​ကား​ရောင်းချခြင်း၊
ခရီးသွားလာသူများသည့်​​ဒေသဖြစ်​သည့်​အ​လျောက်​ စား​သောက်​ဆိုင်​ငယ်​များ ဖွင့်​လှစ်​​ရောင်းချ၍ မိသားစုအသက်​​မွေးဝမ်း​ကျောင်း ပြုကြပါသည်​။

အဆိုပါ​မြေ​နေရာကို ​မြေလွတ်​၊ ​မြေလပ်​ နှင့်​ ​မြေရိုင်းများ စီမံခန့်​ခွဲ​ရေး နည်းဥပ​ဒေ ပုဒ်​မ ၁၈ နည်းဥပ​ဒေခွဲ (က) အရ တင်​ဝင်းထွန်း ကုမ္ပဏီ မှ ၂၀၁၆ ခုနှစ်​ မတ်​လ အတွင်း ​လျှောက်​ထားရယူခြင်း ဖြစ်​​ကြောင်းလည်း သိရှိရပါသည်​။


ဆက်​သွယ်​ရန်
GSmangMang 09250267089
KimTuang 09404808426
MangZakhup 09400538482
ဒို့မြေကွန်ရက် Land In Our Hands





No comments:

Post a Comment