Latest News

Monday, November 19, 2018

အကျဉ်းထောင်အတွင်း ကျနော်ဖတ်ဖူးခဲ့သော ကဗျာတပုဒ်။ (၉)


လူတိုင်းမှာ အနုပညာကို ခံစားတက်တဲ့နှလုံးသားကို ပိုင်ဆိုင်ကြသည်။ ထိုလူထဲမှာမှ ကဗျာဆရာ၊ စာရေးဆရာလို့ လူတွေက အနုပညာကို ခံစားတက်ယုံမက အနုပညာကို ကိုယ်တိုင်ဖန်တီးကြသူတွေဖြစ်သည်။ ကျနော်တို့ ၏ ကဗျာဥယာဉ်မှုးကြီး ကဗျာဆရာဦးဘဲဥသည် အနုပညာကို ကိုယ်တိုင်ဖန်တီးတက်သူသာမဟုတ်ပဲ သူများဖန်တီးပြီးသာ အနုပညာကိုလဲ ခံစားထုံကူးတက်သူတယောက်ဟုဆိုရလိမ့်မည်။ သူကြိုက်နှစ်သက်သော တခြားကဗျားဆရာတို့ ၏ ကဗျားတွေအပေါ် ခံစားရွတ်ဆိုပြတက်သလို့ သူများဖန်တီးထားသော သီချင်းများကိုလဲ နှစ်သက်သူဖြစ်သည်။ ကဗျာနှင့်တေးသီချင်းသည် စပ်ဆက်မှုရှိသော အနုပညာဖြစ်တာကြောင့် သူသည် သီချင်ကောင်းလေးများ သီချင်းထဲက စကားလုံးများကို နှစ်နှစ်ခြိုက်ခြိုက် စွဲမတ်သူလဲဖြစ်သည်။ အခြာပုဂ္ဂိုလ်များကိုတော့မသိ ကျနော်နဲ့ အတူနေထိုင်ဖူးခဲ့ကြသော နိုင်ငံရေးနဲ့ ထောင်ကျခဲ့ကြသူများသည် လူတဦးချင်ဆီတိုင်းတွင် သူတို့ ၏ဘ၀ခံစားမှုနဲ့တိုက်ဆိုင်ကြသော တေးသီချင်းတပုဒ်ဆီ ရှိတက်ကြသည်။ အသက်အရွယ် ၊ ခေတ်အလိုက် သူအရွယ်သူခေတ်များတွင် ခေတ်စား လူကြိုက်များခဲ့သော သီးချင်းတပုဒ်ကို ဆွဲဆွဲမြဲမြဲ နှစ်သက်စွဲလမ်းနေကြပြီး ဘ၀တလျှောက်လုံး ဆိုနေကြမည်ကို တွေ့ ရတက်သည်။

ကျနော်၏မှတ်ဥာဏ်ထဲတွင် စွဲမှတ်ကျန်ခဲ့သော အတိတ်ခြေရာတွေထဲက အင်းစိန်သီးသန့် ထောင်၏ ညချမ်းချိန်ခါများတွင် အခန်း(၁၅)တွင် နေထိုင်သော ဦးဘဲဥ၏ တိုးတိုးညင်ညင်သာသာနှင့် ဆွေးဆွေးမြေ့မြေ့သီဆိုနေသော သီချင်တပုဒ်ကို အမြဲတမ်းကြားခဲ့ဖူးသည်။ ထိုသီချင်းက သူတို့ ခေတ်ဖြစ်သည် ၁၉၆၂ ပတ်ဝန်ကျင်အချိန်ကာလများက ခေတ်ပေါ် စတုဒီယိုတေးသီချင်းများခေတ်မစားသေးခင်ကာလများက ခေတ်စားခဲ့သော တေးသီချင်းတပုဒ်ဖြစ်သည်။ သီချင်းရေးသူမှာလဲ တက္ကသိုလ်လောကမှာလဲ နာမည်ကြီးသူ၊ နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီးမြတ်လေးဖြစ်သည်။ သီဆိုခဲ့သူမှာလည် စန္ဒယားချစ်ဆွေဖြစ်သည်။ ပဒေဿရာဇ်ခေတ် ရှမ်းစော်ဘွားတဦး၏ သမီးတော်တပါးကို ရေးစပ်ခံစားထားယုံးမက ပဒေဿရာဇ်ခေတ် လယ်သမားဘ၀ မြေကျွန်၊ကြေးကျွန်းလယ်သမားတွေရဲ့ ဘ၀ကို စပ်ဆိုထားသော သီချင်းဖြစ်သည်။ ပစ္စည်မဲ့စကားဖြစ်ပြောရလျှင် လူတန်းစာအမြင်ပါသော သီချင်တပုဒ်လဲဖြစ်သည်။ တေးရေးဆရာ ရုပ်ရှင်မင်းသားကြီးမြတ်လေးကိုယ်တိုင်က ကွန်မြူနစ်တယောက်ဖြစ်တာကြောင့် သီချင်းစာသားများက ထိမိသည်။ ဦးဘဲဥတို့ ခေတ် နိုင်ငံရေးစိတ်ဝင်စာကြသူ လူငယ်များအတွက် ရင်ထဲနှလုံးထဲအထိပင် ထိုးဖောက်ဝင်နိုင်ခဲ့သောသီချင်လဲဖြစ်သည်။ မူရင်းသီချင်း၏အစတွင် တီးလုံးစထွက်ကတည်းက ရှမ်းယဉ်ကျေးမှုအနုပညာတွင် မပါမပြီးသော ရှမ်းမောင်းထုသံ သာသာယာယာလေးကို ကြားစေရပြီးနောက် သီချင်းဆိုသူ၏ ခံစားချက် မု(ဒ်)နဲ့ သီဆိုထားသော သီချင်ကောင်းလေးတပုဒ်ဖြစ်သည်။ အကျဉ်းထောင်အတွင်း တချို့ ရက်တွေမှာ ကိုယ်ရဲဘော်ရဲဖက်တွေ၏ မွေးနေ့ ဒါမှမဟုတ် ညချမ်းအခါ အပျင်းပြေသဘောမျိုး အခန်းစဉ်အလိုက် သီချင်းတပုဒ်ဆီ တယောက်ချင်း သီဆိုရသော အခါများတွင် ကျနော်တို့ ၏ ကဗျာဘဲဥကြီးက ထိုပင်လုံထိပ်ထားဦး သီချင်ကိုသာ သီဆိုပါသည်။ သူက ထိုသီချင်းတပုဒ်သာ သီဆိုသည့်အတွက်လဲ ကျန်အခန်းရှိ ရဲဘော်များက သူအလှည့်ရောက်သည့် အခါတိုင်း

'''''''ဦးဘဲဥရေ-----ပင်လုံထိပ်ထားဦးလေး ဆိုပါဗျို့ '''''''''

ဟု တောင်းဆိုလာတက်ကြတော့သည်။ အထူးသဖြင့် သူတို့ နှင့် သက်တူရွယ်တူ ဖြစ်သော ဗိုလ်ကျောက်က သူအခန်းတွင်းကနေ
လှမ်းအော် တောင်းဆိုတက်သည်။ ဗိုလ်ကျောက်ဆို သူက ကျနော်တို့ တိုက်ဆောင်က ဦးလေးဦးထွန်းမြင့်ဖြစ်သည်။ သူက ဂျပန်ခေတ်က ကျောက်ရောဂါအပြင်းဖျားသဖြင့် မျက်နာပေါ်တွင် ကျောက်ပေါက်ရာတွေရှိသဖြင့် သူကို သူအမူတွဲ ညီညီဝင်းက ဗိုလ်ကျောက်ဟု ခေါ်ရာမှ တိုက်ဆောင်ရှိ လူအားလုံးက သူအား ဗိုလ်ကျောက်လိုသာ ခေါ်တော့သည်။ သူက ရွှေပြည်သာမြို့ သစ် အမျိုးသားဒီမို့ ကရေစီ အဖွဲ့ ချုပ်မှ အတွင်းရေးမှုးဖြစ်ပြီး ဦးဇင်းဥူဇ၀န(ကဗျာဆရာ စိုးမိုးသူ (ဒိုက်ဦး))၏ အမှုတွဲလဲဖြစ်သည်။ ထိုသို့ သီချင်တောင်းဆိုမှုအသံတွေက ကဗျာဘဲဥ အလှည့်ကျရောက်တိုင်း အခန်းတိုင်းက ဦးဘဲဥကို ထိုသီချင်းဆိုရန်သာ တောင်းဆိုကြတော့သည်။ ထို့နောက် သူအခန်းဆီမှ ရေအိုးအဖုံးဖွင်သံကို စကြားရမည်။ ရေအိုထဲမှ ရေတခွက်ကို အခန်းတွင်းမှ သူလှမ်းခပ်ယူပြီး အာခေါင်ခံတွင်းရှင်းသည့်အနေဖြင့် အနည်းငယ်သောက်နေလိမ့်မည်။ ပြီနောက် သူ၏အခန်းရှေ့ တည့်တည့်က ရေချိုးကန်နဲ့  ဇရပ်တဲလေးကို ကျော်ကာ သူနဲ့ အပြင်ဖက်လောက၊ သူမိသားစုနဲ့ ဘ၀ချင်းပိုင်းခြားထားသော အမြင့် (၁၈)ပေလောက်မြင့်မာလှသော ထောင်အုတ်ရိုးကြီးကို တွေးတွေးငေးငေးလေး တချက်ကြည့်ပြီး ထောင်အုတ်ရိုးအထက်က သာနေသော စန္ဒာလမင်းသော်တာကို ငေးမော့ရင်း ချောင်းတချက်ဟန့် ကာ ပင်လုံထိပ်ထားဦး သီချင်းကို စဆိုပါတော့သည်။-----

''''''မောင်းသံ-----တခုသောမောင်းသံကြားလေးတိုင်မှာတော့---ထွက်ကိုပဲ ထွက်ပြေးချင်တယ်လေ။ နားနှစ်ဖက်ကို စုံသာပိတ်လျှက် အတင်းရုန်းကန် ပြေးထွက်ရတာလဲ များကောများပါပြီရော အခြေ ။ တခုသောအသံနောက်က တခုသောသဏ္ဍာန်ရောက်လာ ဘ၀င်တုန် စိတ်များရူးမဲ့ အတိတ်ရန်ဟာလေ -----ပင်လုံးထိပ်ထားဦးရဲ့ အရိပ်သဏ္ဍာန်ပါမသွေ----'''''''

'''''''(ဘူး၊ ဖရုံ၊ သခွား၊ ပြောင်း၊ စပါးတွေ၊ ထွန်းတော၊ ယာတော၊ ဂနိုင်တောမြေ---မြူဖုံကစားပွဲ -လောင်းကစားတွေ----လွန်ပေါပါတဲ့ ဂနိုင်တောမြေ ။ )'''''''
'

''''''(ဗုံရှည်--ဗုံရှည်တီးလို့  ရကွင်းသံဆာဆာဝေ---မော--မောမြေ---။ ထုံပေ--ထုံပေ တီးသမို့ တပင်ချင်းသံဖြာဖြာနေ---သပေါ---သပေါတွေ ---။)'''''''

'''''''(မနက်ခင်းလင်းသမို့  အိပ်ယာထမလေ ။ ရှမ်းတောင်ခြေ တောမြေ ။လက်ဖက်ခင်းဆင်းဖို့  လိပ်ပြာအကတွေ----ရှမ်းတောင်ခြေ ---မောမြေ။)''''''

''''''တို့ များ တောင်သူ၊ တောင်သား၊ ယာသမား၊ အလုပ်သမာတွေ၊ အမျိုးသားအမွေအနှစ်ခံယူကာ စိုးပိုင်တို့ လယ်မြေ---ယာလုပ်သူတိုင်း --လယ်ပိုင်စေ---တို့ များလုပ်သား တောဘ၀တွေအခြေ---။ လူသားတွေနဲ့ ကင်းလွတ်ရာပြေ----။''''''''

'''''''အသင်မယုံသောလဲ ရှိပါစေလေ----ဘုရင်ဂုဏ်သဘောမှာ သွေးခွဲတဲ့ ပင်လုံမောကလျာ အရေးပဲမို့ ---လေ----။ သင်ယုံသောအခါ တမေထဲဖြာ---မေးနေမယ်အရှည်----ကဲ--သင်မယုံသော်လည်း ---ကဲ --ရှိပါစေလေ-----။'''''''

''''''(ရှမ်းမြေရောက်လို့ လဲ အခြေထိုင်နေ----မှန်ခြေမပေါက်လို့ လဲ--မကြေနိုင်ပေ။ စမ်းရေသောက်ဖို့ လဲ---အခြေဆိုင်စေ---။)''''''

'''''''( ရှမ်းပြေအရောက်သွား စခန်းခြေအရောက်နား အပန်းဖြေတထောက်နားနေ ။ ထိုအခါကြမှ မောများဖက်တော်သူက တောကစားထွက်တော်မှုသတဲ့လေ---။ အခါအခွင့်ကြုံ့ ကြိုက်ကြသမို့  ဖူးမျော် ကြတာတွေ--စုံလင်သိုင်းဖွဲ့ အရိုင်းကိုယ်စီတွေ ---ခြုံသင်တိုင်းနဲ့ ပလိုင်းကိုယ်စီဝေ---)'''''''''

'''''''အဲ့ဒီထဲက ကျနော်ကမျှ ငေးမောပြန်ကာနေ---ဒါကိုပဲ ဒေါပွသတဲ့လေ။ မဖူးမျော်ကောင်းလားလို့  ကမ္ဘာရန်မျှအခြေ--အထူးခေါ်ထောင်းထားမို့  အနာခံမျှအခြေ---ကျူးကျော်ကြောင်းတရားနဲ့ ရာဇမာန်ရှနေ---။''''''

''''''( ရနံသင်းသင်းနဲ့  ပန်ခြေတည်ရာအခြေ ရံသင်း သင်းသွဲ့  ရှမ်းပြေဆီမှာနေ--။ ဟန်တင်း တင်းမဲ့  နန်းမဟေသီမေ--။)'''''''

'''''''( ပခန်းဆတွေး တွေးမျော်ဆတော့ နန်းကျသမီးတော်ဘ၀ပါလေ။ သူကိုယ်သူ အသွင်တမှုခြား----ဘုရင်တဆူးလား မင်းမှုပြန်လို့ နေ---အခြေအမြစ်အရင်ခံစစ်က ပဒေဿရာဇ်ဂိုက်တွေ ဖမ်းနေတယ်လေ။ အသားချီ အဆန်းချီတွေချဲ ပါးနီ၊ နှာခမ်းနီးတွေနဲ့ မှုံးသလို့ နေ--အဆန်းမတူပါလေ--လူလောက ဟန်ပန်ရေးရဲ့ ဖြန်းမျှခြင်းအဖြေ၊ ဥရောပ ဆံဆံတွေးတဲ့ ---ရှမ်း---ရှမ်းမလေးရေ--။)'''''''

''''''''(အတူတတန်းမသွားပဲ အတန်းစား အခြေကြီးကာ---မွှေ--- တမှုဆန်းပြား တလွှဲမှား အယူသီးပါ----ပေ----လူတန်းစား--ကတဲ့--ခွဲခြားသူကြီးရေ ။)'''''''

အင်းစိန်သီးသန့် ထောင်၏ တိုးတိတ်ငြိမ်းချမ်းလှသော ညအမှောင် လရောင်အောက်တွင် တိုးတိုးညင်ညင်သာသာ ဆွေးဆွေးမြေ့မြေ့ အမှောင်ထုနဲ့  တိတ်ဆိတ်နေသော အခြေတို့ ကို ထိုဖောက်ထွက်သာသော သူ၏ သီချင်းသံသည် ခပ်အုပ်အုပ်လေး ထွက်လို့နေသည်။ ကျနော်တို့ ၏ ကဗျာဘဲဥကြီးသည် ပင်လုံထိပ်ထားဦးသီချင်းကို မု(ဒ်) အပြည့် ခံစားချက်အပြည့်နဲ့  သီဆိုနေခြင်းဖြစ်သဖြင့် ကျန်ရဲဘော်များက ကိုယ်အခန်းအပေါက်ဝတွင် ထိုင်ကာ သူအသံကို ခံစားနားဆင်နေခဲ့ကြသည်။ သူအသံက ညင်ညင်သာသာ ဆွေးဆွေးမြေ့မြေ့ နဲ့ ခံစားချက်ပြင်းပြင်း အစွဲအငင် ၊ အနိမ့်အမြင့် အသံနေ အသံထားဖြင့် သီဆိုနေခဲ့သောကြောင့် နားဆင်သူများအတွက် သူခံစားမှုအတိုင်း သူခေါ်ရာ မောရှမ်းပြေထဲ လိုက်ပါသွားကြကာ ရှမ်းပျိုဖြူ ရာဇာမာန်မောက်ကာ ခြေစောင့် ဘ၀င်မကျဖြစ်နေလေသော ပင်လုံထိပ်ထားဦးနှင့် တကယ်ပဲ တွေ့ ရတော့မလိုတောင် ခံစားကြရတော့သည်။ သူသည်ကဗျာဆရာတယောက်ဖြစ်တာကြောင့် ပင်ကိုယ်စိတ်က နုညံသိမ်မွေ့ ကာ လေသံတိုးတိုးအေးအေး ပြောဆိုသည့် အလေ့အကျင့်ရှိတာကြောင့် ထိုသီချင်၏ မှုလအဆိုရှင် စန္ဒာယားချစ်ဆွေ လောက်မကောင်းသော်လည်း သူဟန် သူအသံနှင့်လိုက်ဖက်သော သီချင်းတပုဒ်ကို သူက ကောင်းကောင်ဆိုတက်ပါသည်။ သူသီချင်းဆုံးသွားသည်အခါတိုင်း တိုက်ဆောင်(၂) နောက်ဖက်ခြမ်းက အခန်း(၁၁)အတွင်းရှိ ရဲဘော်များက အားပေး ထောပဏပြု ကောင်းချီးပေးကြတော့သည်။ သီချင်းဆီုပြီးကြသူများ၏ သီချင်းဆုံးသည်အခါတိုင်း အားပေးသည့် စကားတလုံးက အင်းစိန်ထောင် သီးသန့် တွင် သုံးသောစကာတလုံးက

'''''' ကောင်းဗျာ----ကောင်ဗျို့ ''''''''

ဟု သီချင်ဆိုပြသူအား လှမ်းအော် အားပေးကြခြင်းဖြစ်တော့သည်။ ကျနော်တို့ ၏ ကဗျာဘဲဥကြီးသည် သီချင်းဆိုပြီးသည့်အခါမှာတော့  သူအခန်း၏ သံတိုင်တံခါဝမှ သူ၏ကြီးမားသော မပေါ့မပါး ကိုယ်ခန္ဒာကို သူ၏အိပ်ယာဖတ်ဆီသို့ မရွေ့ ခင်မှာ သောက်ရည်ခွက်ထဲရှိ လက်ကျန် ရေကို မော့ချပြီး အခန်းထောင့်တခုတွင် တည်ထားသော မိလ္လာဂံဖလာအဖုံးကိုဖွင့်က အပေါ့သွားပြီးမှာ အခန်းသံတိုင်းတံခါးဝတွင် မတ်တပ်ရပ်ကာ ကိုယ်လက်လှုပ်ရှား အညောင်အညာပြေစေရန် သံတံခါး၏ သံတိုင်းများကို ကိုင်တွယ်ပြီး အညောင်ပြေ လေ့ကျင့်ခန်းလေး ၃ -၄ မိနစ်လောက်လုပ်လိမ့်မည်။ ပြီးနောက် သူအခန်းရှေ့ တည်တည့်က ထောင်ယာစိုက်ခင်းများ၊ ရေချိုးကန်၊ ရေချိုးကန်ဇရပ်တဲလေး၊ ထောင်အုတ်ရိုးကြီးနှင့် ကောင်းကင်ထက်က ကြယ်တွေ လတွေကို တငေးတမောကြီး တ၀ငေးကြည့်ပြီးသောအခါ ကျန်အခန်းအားလုံးရှိရဲဘော်များကို ----

'''''အားလုံးပဲ ဂွတ်နိုက်ဗျာ---'''''''

ဟု လှမ်းအော်နုတ်ဆက်ပြီးမှ အိပ်ယာဝင်တော့သည်။ သူက ပင်လုံထိပ်ထားဦးသီချင်းကို သူများတွေ တောင်းဆိုမှ ဆိုခြင်းတော့မဟုတ် ။ အချို့ ညများတွင် တဆောင်လုံးရှိအခြားရဲဘော်များက ကိုယ်အတွေးကိုယ်ဆီနဲ့  ကိုယ်နေထိုင်ရာ အခန်းများဆီတွင် တိတ်ဆိတ်ငြိမ်သက်နေသော ညများတွင်လဲ သူအခန်းထဲမှ သီချင်းသံသဲ့သဲ့ကို ကြာရတက်သည်။ ထိုသီချင်းက ပင်လုံထိပ်ထားဦး သီချင်းပဲဖြစ်သည်။ ထိုညများ၏ နောက်နေ့ မှာတော ရေချိုးဆင်းချိန် ရေချိုကန်သို့  ဦးဘဲဥက ရေချိုခွတ်လေးကိုင်ကာ ဆင်းလာပြီဆိုရင် ယဉ်မင်းဦး(ဘူးသီ)နဲ့ ညီညီဝင်းတို့ က သူတို့ ၏ ရေချိုးခွတ်လေးများကို တီးပြီး ပါးစပ်ကလဲ ရှမ်းမောင်းထုသံလို တနှောင်--နှောင်နဲ့ မောင်းထုသလို လုပ်ကြသည်။ ထိုအခါမျိုးတွင် ဦးလေးဦးသောင်းကြည်နှင့် ဗိုလ်ကျောက်တို့ ရှိနေပါက
ညီညီဝင်းနဲ့ ဘူးသီးတို့ နှစ်ယောက်ကို

''''''ဘဲဥကြီးညက ဖီလ်တက်နေတာကွ----မရိဝေကို လွမ်းနေတယ်နဲ့ တူတယ်။ မင်းတို့ တွေ အလိုက်သိကြ လူကြီးတွေကို မနောက်ကြနဲ့ ကဗျာဆရာအသဲက သာမန်လူတွေထက် ပိုနုတယ်ကွ'''''''

ဟု နောက်ပြောင်တက်ကြသည်.။ ထိုအခါမျိုးတွင် ကျနော်တို့ ၏ ကဗျာဘဲဥကြီး ၏ အပြုံးသည်က ညအမှောင်ထဲ သာနေသော လမင်ကြီးလို နရသိန်အကျဉ်းထောင်ထဲက ပြုံးဖီဖီ တရုတ်ဘိုးတော်ကြီးတယောက်နဲ့ တူးလှသည်။ သူ၏ ကဗျာဆရာမ မရီဝေသည် ထိုအချိန်တွင် သူ၏ အလွမ်းတွေကို ခံစာမိကောင်း ခံစားနေပေလိမ့်မည်။
(ဆက်ရန်)
ထွန်းထွန်း(အရေးတော်ပုံတပ်သား)
၁၇-၁၁-၁၈

No comments:

Post a Comment