Latest News

Tuesday, January 31, 2017

အိမ်ပြန်ချိန် မျက်နှာပန်းလှခဲ့တဲ့ ထက်ထက်ထွန်း

အိမ်ပြန်ချိန် မျက်နှာပန်းလှခဲ့တဲ့ ထက်ထက်ထွန်း

ဇန်နဝါရီ(၃၁)ရက်နေ့က ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။


အလှမယ်ထက်ထက်ထွန်းကတော့ ဇန်နဝါရီ(၃၁)နေ့ ည(၇)နာရီလောက်က အမိမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာကိုယ်စားပြု အလှမယ် ထက်ထက်ထွန်းဟာ အိမ်ပြန်ချိန် မျက်နှာပန်းလှခဲ့တဲ့ အလှမယ် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ပရိသတ်တွေ အလှမယ် သူငယ်ချင်းများနဲ့ မိတ်ဆွေများက သူမကို လေဆိပ်မှာ သောင်းသောင်းဖျဖျ လာရောက်ကြိုဆိုခဲ့ကြပါတယ်။


ထက်ထက်ထွန်းဟာ (၆၅)ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ Best National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်လာနိုင်သူ တစ်ဦးဖြစ်သလို မြန်မာ့ယဉ်ကျေးမှုကိုကမ္ဘာက သိအောင် တင်ဆက်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ထက်ထက်ထွန်းကတော့ လေဆိပ်မှာလည်း သူမယှဉ်ပြိုင်ခဲ့တဲ့ ရုပ်သေးအကနဲ့ ကပြခဲ့ပါသေးတယ်။ သူမရဲ့ ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ ဝတ်စုံကို ဒီဇိုင်နာ "ဂန်း" က ဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။

(၆၅)ကြိမ်မြောက် ကျင်းပခဲ့တဲ့ Miss Universe ပြိုင်ပွဲရဲ့ Winner ကတော့ ပြင်သစ်အလှမယ် Iris Mittenaereဖြစ်ခဲ့ပါတယ်။ ဒုတိယဆုကို ဟေတီအလှမယ် Raquel Pelissier က ရရှိခဲ့ကာ တတိယဆုကို ကိုလမ်ဘီယာအလှမယ် Andrea Tovar ရရှိခဲ့ပါတယ်။

Sources : Duwun

ကြည်လင်းထွက်ဆိုချက်များ Viber ဟက်ခ် ခံရပြီး ပျံ့နှံ့ခဲ့သည်ဟူသော အချက်နှင့်ပတ်သက်၍ နည်းပညာကျွမ်းကျင်သူများ၏ သုံးသပ်ချက်များ

ကြည်လင်းထွက်ဆိုချက်များ Viber ဟက်ခ် ခံရပြီး ပျံ့နှံ့ခဲ့သည်ဟူသော အချက်နှင့်ပတ်သက်၍ နည်းပညာကျွမ်းကျင်သူများ၏ သုံးသပ်ချက်များ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရသည့် ဦးကိုနီအမှုမှ သေနတ်သမား ကြည်လင်းကို ဖမ်းမိပြီး နှစ်ရက်အကြာတွင် ၎င်းအား စစ်ဆေးထားချက်ဟူသည့် ထွက်ဆိုချက်များ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ အတားအဆီးမဲ့ ပျံ့နှံ့လာခဲ့သည်။ အဆိုပါအချက်အလက်များမှာ ထွက်ဆိုချက်အစစ်အမှန်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက အမည်မဖော်လိုသူရဲအရာရှိ တစ်ဦးကို ကိုးကားအတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့ဘက်ကမူ ယင်းသို့ အချက်အလက်ပေါက်ကြားခဲ့ခြင်းသည် အဖွဲ့ဝင်များအချင်းချင်း Viber မှ သတင်းဖလှယ်ရာမှ Hack ခံခဲ့ရသည်ဟု အကြောင်းပြထားခဲ့ရာ ယင်းအချက်နှင့်ပတ်သက်၍ နည်းပညာနယ်ပယ်ရှိ ကျွမ်းကျင်သူများ၏ ထောက်ပြဝေဖန်မှုများကို စုစည်းဖော်ပြလိုက်ပါသည်။

Hacking ပညာရပ်ဆိုင်ရာ ကျွမ်း ကျင်သူ

မဖြစ်နိုင်ဘူး။ နည်းပညာ အရ မဖြစ်နိုင်ဘူး။ အဲဒီလောက် အထိ လုပ်နိုင်တာလည်း ရှိနိုင်မယ် မထင်ဘူး။ ကျွန်တော် Hacker တစ်ယောက်အနေနဲ့ ပြောပြမယ်။ သူ့အကောင့်ကို Hack ချင်တယ် ဆိုရင် ကိုယ်ခိုင်းတာအရင် သူက လုပ်ရလိမ့်မယ်။ သူကလည်း ခိုင်း တာလုပ်ဖို့ဆိုတာ မလွယ်ဘူး။ Viber ကို Hack တာမဟုတ်ဘဲ ဖုန်းတစ်လုံးလုံးကို Hack ပြီး ဖုန်း ထဲက ဓာတ်ပုံယူဖို့ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး။ ပြီးတော့ ရဲဖုန်း နံပါတ်ကိုကော Hacker က ဘယ်လိုသိမှာလဲ။ သိလို့ Viber အကောင့်ရသွားတယ်ထား ဘယ်လိုယူမလဲ။ ပြီးတော့ Viber ထဲကို ဝင်ခဲ့တယ်ထားဦး ဝင်လာတဲ့ နံပါတ်တစ်ခု အလွယ်တကူ ပြန် လိုက်လို့ရနိုင်တာပဲ။ ဒီတော့ မဖြစ်နိုင်ဘူး။

ကိုကိုရဲ

Team Leader (FOSSMyanmar)

Viber ကို Hack တယ်ဆို တာ မကြားဖူးဘူး။ ဖုန်းက တခြား လူလက်ထဲရောက်ဖူးသွားရင် တော့လည်း တစ်မျိုးပေါ့။ ဖုန်းက Viber အကောင့်ကို ကွန်ပျူတာနဲ့ ပြန်ချိတ်လိုက်ပြီး ကြည့်နေတာ မျိုး။ ဒါကလည်း လုပ်ကြလိမ့် မယ်မထင်ဘူး။ အခုဟာက Viber ပေါက်ကြားတာမဟုတ်ဘူး။ ဒေတာပေါက်ကြားတာပါ။

ကိုထူးမြင့်နောင်

CEO(Technomation)

အများအားဖြင့် Viber အဖောက်ခံရတယ်လို့ပြောကြ တယ်။ Viber ကြီးပေါက်သွားတာ မဟုတ်ဘူး။ Viber သာပေါက် သွားရင် တောင်းပန်နေရပြီပေါ့။ Viber ထဲက အကောင့်တစ်ခု ပေါက်သွားတာလားလို့တော့ မေး စရာရှိတယ်။ ပြန်မေးရမှာက အရေးကြီးတဲ့ အချက်အလက် တွေကို ဘာကြောင့် Viber သုံးပြီး ပို့ကြတာလဲ။ အခြားလုံခြုံတဲ့ ဆော့ဖ်ဝဲတွေကို သုံးသင့်ပါတယ်။ Viberကသာ ပေါက်ရင် တောင်း ပန်နေရလောက်ပြီ။

ကိုနေဝင်းအောင်

တွဲဖက်အတွင်းရေးမှူး၊

ကွန်ပျူတာပညာရှင်အသင်း၊

မန္တလေးတိုင်းဒေသကြီး

နည်းပညာအရ Hack လုပ် ဖို့မလွယ်ပါဘူး။ အမေရိကန် နည်းပညာကုမ္ပဏီပါ။ ဖုန်းနံပါတ် နဲ့ Register လုပ်ရတာပါ။ SIM ကတ်နံပါတ်နဲ့ လုပ်ရတာကြောင့် အလွယ်တကူ လုပ်လို့မရပါဘူး။ Viber က lasvegas မြို့မှာရှိတာ ပါ။ Development Center က အစ္စရေးနဲ့ ဘီလာရုဇ်မှာရှိတာပါ။ သူတို့ရဲ့ ဆာဗာထဲကို Hack ဝင် လုပ်ရမှာဖြစ်ပါတယ်။ ဖုန်းနံပါတ် လည်း သိရမှာဖြစ်ပါတယ်။ Viber ကို Hack လုပ်ဖို့ အရမ်းကိုခက်ပါ တယ်။ ရဲတပ်ဖွဲ့တွေ Viber သုံး နေကြတာ ကြာပါပြီ။ တမင်ပေးမှ  ပဲရပါမယ်။

နည်းပညာကျွမ်းကျင်သူ

Viber ကို Hacker က Target ထားပြီး Hack တယ်ဆို ရင်တော့ ယုတ္တိမရှိသလိုပဲ။ Viber ကို Hack ခံရတယ်ဆိုတာက တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လို ဖြစ်နိုင်လဲဆိုတော့ ဥပမာ ကျွန် တော် Viber ကို ဖုန်းမှာ Install မလုပ်ဘဲ ကွန်ပျူတာမှာ Install လုပ်တယ်ဆိုပါစို့။ ကွန်ပျူတာမှာ Install လုပ်ရင် ဖုန်းနံပါတ်လို မယ်။ ရဲနဲ့ရင်းနှီးတဲ့လူက ရဲဖုန်း နံပါတ်ထည့်ပြီး သူငယ်ချင်း ငါ အကောင့်တစ်ခုဖွင့်ထားတာ လို တဲ့ကုတ်ကို မင်းဆီပို့လိုက်တယ်။ အဲဒါ ကုတ်လေးပြန်ပို့ပေးပါဆို ပြီး ဖုန်းဆက်တောင်းလိုက်တယ်။ ရဲက ယုံပြီး အဲဒီကုတ်လေးပြန်ပို့ ပေးလိုက်ရင် ကွန်ပျူတာမှာ သုံး လို့ရပြီ။ သူပို့တဲ့ Message မှန် သမျှ ကွန်ပျူတာမှာ လာပေါ်နေ မှာပဲ။ အဲဒီလို လုပ်ဖို့က ရဲနဲ့ခင်မှ ဖြစ်မှာ။ ဒီနည်းလမ်းအတိုင်း Hack ခံရတယ်ဆိုရင်တော့ လိုက် ဖို့လွယ်ပါတယ်။ အခြားနည်း လမ်းနဲ့ကတော့ ခဲယဉ်းတယ်။ ကျွန်တော်မသိတဲ့ ဟာတွေလည်း ရှိချင်ရှိမှာပေါ့။ ပေါက်ကြားမှု အများဆုံးကတော့ ဖုန်းပျက်လို့ ဆိုင်သွားတာတွေကနေ အများ ဆုံးဖြစ်တာပါ။

Sources: : 7Day News Journal

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှ ကွင်းဆက်တရားခံဖြစ်သူ မြင့်ဆွေကို မိပြီ

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှ ကွင်းဆက်တရားခံဖြစ်သူ မြင့်ဆွေကို မိပြီ
------ ------ ------ ------ ------
ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှ ကွင်းဆက်တရားခံဖြစ်သူ မြင့်ဆွေကို မြ၀တီတွင် ဖမ်းဆီးရမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“ဟုတ်ပါတယ်။ မြ၀တီမှာ မိတာပါ။ လက်ရှိ အဲဒီမှာပဲ ချုပ်ထားတယ်။ ရန်ကုန်ကို ဒီနေ့(ဖေဖော်ဝါရီ ၁)မှာ လွှဲမယ်”ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကံဝင်းက အတည်ပြုပြောကြားသည်။

လက်ရှိတွင် မြ၀တီ၌ CID က စစ်ဆေးလျက်ရှိကြောင်း မြ၀တီမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတဦးက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားသည်။

News Watch

ကိုးတန်းကျောင်းသူကို မုဒိန်းမှုကျုးလွန်သူမှာ အန်အယ်လ်ဒီရဲ့ နာယက မဟုတ်

ကိုးတန်းကျောင်းသူကို မုဒိန်းမှုကျုးလွန်သူမှာ အန်အယ်လ်ဒီရဲ့ နာယက မဟုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ –  

အသက် ၇၂ နှစ်အရွယ် အန်အယ်ဒီ နာယကတစ်ဦးက ကိုးတန်းကျောင်းသူကို အဓမ္မပြုကျင့်တယ်ဆိုတဲ့သတင်းမှာ မဟုတ်မှန်ကြောင်း ရှမ်းပြည်နယ်ကလောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံး ကေသီနိုင်ကပြောပါတယ်။

ကျုးလွန်သူမှာ NLD နာယကအဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲပညာရိပ်သာအဆောင်ဖွင့်လှစ်ထားတဲ့ ပိုင်ရှင်အသက်၇၂နှစ်အရွယ်ဦးတော်မီအောင်လို့သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ကိုးတန်းကျောင်းသူမိန်းကလေးဟာ ဦးတော်မီအောင် ဖွင့်လှစ်ထားတဲ့ ပညာ့ရိပ်သာ ပရဟိတကျောင်းမှာ နေထိုင်သူဖြစ်ပြီး နဝမတန်းတက်ရောက် သင်ကြားနေတာဖြစ်ပါတယ်။

ဇန်နဝါရီလ၂၂ရက်နေ့က အဆိုပါကျောင်းသူမှာ မိဘများရဲ့ခွင့်ပြုချက်နဲ့ အခြားကျောင်းသူများနဲ့အတူ ဦးတော်မီအောင်ရဲ့ နေအိမ်မှာ ညအိပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျောင်းသူများကို ညအိပ်ခွင့်ပြုဖို့ ဦးတော်မီအောင်နေအိမ်ရဲ့ အိမ်အကူက ဖုန်းနဲ့ မိဘများကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

“ဦးတော်မီအောင် ဒီကလေးကိုအဓမ္မပြုကျင့်တာမှန်ပါတယ် ဒါပေမယ့် လူတွေပြောနေသလိုအလုပ်မှုဆောင်အဖွဲ့နာယကမဟုတ်ပါဘူး ကျွန်မတို့ကိုယ်စားလှယ်အနေနဲ့ကတော့ သက်ငယ်မုဒိန်းကျူးလွန်တဲ့ကိစ္စကို ပြင်းပြင်းထန်ထန်ရူံ့ချပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန်အရေးယူသွားမှာ ဖြစ်တယ်”လို့ ရှမ်းပြည်နယ်ကလောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။

ကျူးလွန်တယ်လို့ယူဆရတဲ့ အသက် ၇၂ နှစ်အရွယ် ဦးတော်မီအောင်ကို ကလောမြို့မရဲစခန်းမှာ မုဒိန်းမှု ၃၇၆ /၃၆၃ တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

 နှင်းနှင်း

Kumudra

ဧရာဝတီတိုင်း အိမ်မဲမြို့မှာ KNU စီးပွားရေးတာဝန်ခံပါဆိုပြီး သွားရောက် လိမ်စား ဟောက်စား နေတဲ့ စစ်အုပ်စု လက်ကိုင်ဒုတ် အင်ဖော်မာ သတင်းပေး ကိုကိုလေး (ကိုလေး) ခေါ် ကျော်မျိုး


ဧရာဝတီတိုင်း အိမ်မဲမြို့မှာ ယနေ့ကာလ သူ့ကိုယ်သူ KNU စီးပွားရေးတာဝန်ခံပါဆိုပြီး သွားရောက် လိမ်စား ဟောက်စား နေတဲ့ စစ်အုပ်စု လက်ကိုင်ဒုတ် အင်ဖော်မာ သတင်းပေး ကိုကိုလေး (ကိုလေး) ခေါ် ကျော်မျိုး ဖြစ်ပါတယ်။ (KNU မှာ ပညာတတ်မရှာဘူး၊ ဒါပေမယ့် တဗိုလ်တမင်း တဦးဦးက ခိုင်းထားတာမျိုးလည်း ဖြစ်နိုင်တယ်)

အိမ်မဲမြို့ NLD က အမျိုးသမီး လွှတ်တော်အမတ်ကလေး တယောက်ဆိုရင် လူလိမ် ကိုလေး (ကျော်မျိုး) အင်ထုတာတွေယုံကြည်ပြီး မကြာခင် လက်ထပ်တော့မယ် ဆိုတဲ့ အသံတွေလည်း ကြားနေရတယ်။ အဲဒီ လွှတ်တော်အမတ် ညီမလေး ရေ ...၊ သေချာလေ့လာပါအုံးကွယ်လို့ပဲ သတိပေးပါရစေ။

- ၂၀၀၆ ခုနှစ် လောက်က ဧရာဝတီ အွန်လိုင်းစာမျက်နှာမှာ သူ့ကိုသူ ခင်ညွန့် ထောက်လှမ်းရေး ဗိုလ်မှူး အဆင့်နဲ့ ထွက်ပြေးလာတာပါဆိုပြီး အင်တာဗျူး ခဲ့တဲ့ ကိုလေး။ (အဲဒီကိစ္စမှာ ပြည်သိညွန့်ဝေ ခေါ် မောင်မောင် က ခေါင်းကိုင် ဖခင်ကြီး ပေါ့ )

- ကျောင်းသားတပ်မတော်က ရဲဘော်သိမ်းဆန်း အမျိုးသမီး မြ၀တီမှာ အဖမ်းခံရတုန်းက ရဲဘော်သိမ်းဆန်း အမျိုးသမီးကို ကိုယ်တိုင်ဝင်နှိပ်စက်ခဲ့တဲ့ ကိုလေး ခေါ် မျိုးကျော်။

- နိုင်ငံရေးအကျဉ်းသား အယောင်ဆောင်ပြီး မော်လမြိုင်ထောင်က နိုင်ကျဉ်းအစစ်တွေနဲ့ရောယောင် ပြန်လွတ်မြောက်လာတဲ့ ကိုလေး ခေါ် ကျော်မျိုး

- ကရင်နိုင်ငံရေးအကျဉ်းသားဆိုပြီး အင်ထုတဲ့ စောကျော်မျိုး ခေါ် ကိုလေး၊

- ကိုပါကြီး ကိစ္စတုန်းကလည်း သတင်းမှားတွေဖြန့်ပြီး ဖေ့စ်ဘွခ်လောက ကနေ ကိုယ်ယောင်ဖျောက်သွားသူ ကျော်မျိုး ဖေ့စ်ဘွခ်ပိုင်ရှင်။

စသဖြင့် ... စသဖြင့် ...

သူဟာ ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ပြည်မြို့ လူ့ဘောင်သစ် ပါတီဝင်၊ ၂၀၀၆ လောက်က ကျော်းသားတပ်မတော် တပ်ရင်း ၈ ကို ရောက်လာခဲ့ဖူးပါတယ်။ ကျန်းမာရေးမကောင်းသလိုလို အောက်ပိုင်းသေသလိုလိုနဲ့ တပ်ရင်းက ပြန်ထွက်သွားပြီး မြန်မာပြည်ထဲမှာ နယ်စပ်က သူသိထားတဲ့ အချက်အလက်တွေနဲ့ မွှေခြင်းလုပ်ငန်းကို စတင်ပါတော့တယ်။ သွေးသား ဘ၀တွေနဲ့ရင်းပြီး သူ့အကြောင်းကို သိထားလို့ အခုလို သတိပေးတဲ့အနေနဲ့ တင်ပြလိုက်တာ ဖြစ်တယ်။ KNU အဖွဲ့အစည်းအနေနဲ့လည်း ပြန်စိစစ်ဖို့ လိုပါတယ်။

(တရားဝင်မယူ ပေါင်းသင်းခဲ့တဲ့ သူ့မိန်းမ
မူကြို ကျောင်းဆရာမလေးက ကျနော့်ဆီ ရင်ဖွင့်လာတွေကို နောင်များမှ တင်ဆက်ပေးပါအုံးမယ်)

(ဒီကောင့်ပုံကို ကျနော့်စာမျက်နှာမှာ တင်ရတာ ရွံလိုက်တာ ထွီး)
Yamoun Nar

လေဆိပ်ဖြတ်တိုင်း ကိုနေဝင်းကို ပြည်သူတွေ သတိရနေမယ်လို့ ဦးမင်းကိုနိုင်ပြော

လေဆိပ်ဖြတ်တိုင်း ကိုနေဝင်းကို ပြည်သူတွေ သတိရနေမယ်လို့ ဦးမင်းကိုနိုင်ပြော

မင်းတို့အဖေရဲ့ စွန့်လွှတ်မှုတွေကို အလေးအမြတ်ပြုပြီးတော့ မင်းတို့ဘဝတွေကို စောင့်ရှောက် ကြပါလိမ့်မယ်။

သေနတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားရင်း သေဆုံးသွားတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းကို ပြည်သူတွေက လေဆိပ်ဖြတ်တိုင်း သတိရနေမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။

"မင်းတို့ တစ်ချိန်ကျရင် နိုင်ငံခြားကို ပညာတော်သင်သွားနိုင်တဲ့ ပညာတတ်ကြီးတွေဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ မင်းတို့ နိုင်ငံခြားကိုသွားရင် လေဆိပ်ကို မလွဲမသေဖြတ်ကြရမှာပါ။ လေဆိပ်ရောက်တိုင်း မင်းတို့အဖေအတွက် မင်းတို့ဂုဏ်ယူပါ။ ကျွန် တော်တို့နိုင်ငံသားတွေလည်း အကြောင်းကြောင်းကြောင့် နိုင်ငံ တကာလေဆိပ်ကို ဖြတ်ရတဲ့အခါတိုင်းမှာ ကျွန်တော်တို့မှာ ဂုဏ်ငယ်စရာတွေရှိခဲ့ပေမယ့် ဟောဒီလိုရဲရင့်တဲ့ ပြည်သူတစ်ယောက်၊ ပုံပြင်မဟုတ်တဲ့ သူရဲကောင်းတစ်ယောက်ရှိခဲ့တယ်ဆိုတာ လေဆိပ်ဖြတ်တိုင်း ဂုဏ်ယူနေပါ့မယ်’’ လို့ဦးမင်းကိုနိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘ကျွန်တော်တို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းတွေနဲ့ပတ် သက်ရင် နိမ့်တယ်မြင့်တယ်လို့ ခွဲခြားချင်တဲ့    သူတွေအတွက် လည်း ဒါဟာ သတိရစရာပါ။ တက္ကစီကားမောင်းတဲ့ယာဉ်မောင်းတွေဟာ သာမန်အားဖြင့် ကြည့်ရရင်တော့ သိပ်ပြီးတော့ မြင့်မားတယ်လို့ ဂုဏ်ထောင်နိုင်ကြတဲ့ အသက်မွေးဝမ်းကျောင်းထဲမှာ မပါတတ်ကြပါဘူး။ ဒါပေမဲ့ ဒီကနေ့ ကိုနေဝင်းနဲ့တကွ အငှား ယာဉ်မောင်းသမားတွေ ကျွန် တော်တို့ကို သင်ပေးလိုက်ပါ တယ်။ အဲဒါ ဘာလဲဆိုတော့ လူဟာ သူလုပ်တဲ့အသက်မွေးဝမ်းကျောင်းက အဓိကမဟုတ်ဘဲ သူတို့ကျင့်တဲ့ တရားကသာ ပဓာနကျတယ်ဆိုတာ သင်ပေးလိုက်ပါတယ်’ လို့ကိုမင်းကိုနိုင်က ပြောပါတယ်။

ကျန်ရစ်ခဲ့တဲ့ ကလေးငယ်သုံးဦးအတွက် လူမှုအဖွဲ့အစည်းတွေက ပစ်ပယ်ထားမှာ မဟုတ်ဘူးလို့လည်း ဦးမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။

‘‘ မင်းတို့အဖေရဲ့ စွန့်လွှတ်မှုတွေကို အလေးအမြတ်ပြုပြီးတော့ မင်းတို့ဘဝတွေကို စောင့်ရှောက် ကြပါလိမ့်မယ်။ မင်းတို့လက် ထက်ကျရင် လူကိုအချင်းချင်း လက်နက်အားကိုးရမ်းကားတဲ့ အကြမ်းဖက်မှုမျိုးတွေက ကင်း ကြပါစေ။ မင်းတို့ကောင်းစွာ ပညာတတ်နိုင်အောင် မြန်မာတစ်ပြည်လုံးက အလှူရှင်များစွာက ကရုဏာတရားတွေနဲ့ စောင့်ရှောက်ပြီးတော့ အင်မတန်ကောင်းတဲ့ ကျောင်းတွေမှာ ဘဝအာမခံချက် ရအောင်ထားပေးပါ လိမ့်မယ်’လို့  ဦးမင်းကိုနိုင်က ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားစဉ် သေဆုံးခဲ့သူ  ဦးဝင်းလွင် (ခေါ်) ဦးနေဝင်းရဲ့ ဈာပနကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ်နဲ့ ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၁ နာရီက ရေဝေးသုသာန်မှာ ကျင်းပပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

ကိုနေဝင်းရဲ့ နောက်ဆုံးခရီး ဈာပနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းတို့အပြင် လူဦးရေ ထောင်ချီ လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။

Source: 7Day Daily, Chaw Chaw Kye Mon, Ever Smile‎, Duwun

အီရန် ရဲ့ ဒုံးကျည်စမ်းသပ်မှု ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချိုးဖောက်ဟုဆို


အီရန်နိုင်ငံ က တာလတ်ပစ်ဒုံးကျည်စမ်းသပ်တာ ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က စွပ်စွဲလိုက်ပါတယ်။
သူအနေနဲ့ လာမယ့်ဖေဖော်ဝါရီလမှာ အမေရိကန်သမ္မတ သစ် ဒေါ်နယ်ထရမ့် နဲ့တွေဆုံချိန်မှာ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဖို့ တိုက်တွန်းသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း က အီရန်နိုင်ငံ ဟာ တာလတ်ပစ်ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့ကြောင်း၊ အဲဒီ စမ်းသပ်မှု ဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကိုချိုးဖောက်မှု ရှိ မရှိ စစ်ဆေးသွားမယ်လို့ အမေရိကန် ကပြောထားပါတယ်။
အီရန်နိုင်ငံ ဟာ သူနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဖြေလျှောဖို့  အပြန်လှန်အနေနဲ့ နျူကလီယား အစီစဉ်ကိုလျှောချဖို့ သဘောတူညီခဲ့ပါတယ်။

အဲဒီ သဘောတူညီချက်လက်မှတ်ထိုးတဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းတည်းက ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့တယ်လို့ သတင်းတွေဖော်ပြပါတယ်။
 အီရန်နိုင်ငံကတော့  နျူကလီယား လက်နက်တွေ သယ်ဆောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်တာမျိုးမရှိဘူးလို့ ပြောထားပါတယ်။
 ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

မြင့်မားတဲ့ နေရာက ကြိုးတန်းလမ်းလျှောက်တဲ့ အသက် ၅ နှစ် အရွယ်ကလေး


တရုတ်နိုင်ငံ က အသက် ၅ နှစ်အရွယ်  ကလေးငယ်တစ်ဦးဟာ မြင့်တဲ့နေရာကနေ  ကြိုးတန်းပေါ်
လမ်းလျှောက်မှု အပါဝင် ခက်ခဲတဲ့ အလုပ်တွေ ကျွမ်းကျင်စွာ လုပ်နိုင်တယ်လို့ သိရပါတယ်။
Zhang  ဆိုတဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူ က ကိုယ်ကို ကိုယ် ယုံကြည်မှု ဖြစ်အောင် မြင့်မားတဲ့နေရာ ကနေ ကြိုးတန်းပေါ် လမ်းလျှောက်မှုအပါဝင် အခြား ခက်ခဲတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်စေတယ်လို့ သိရပါတယ်။

အသက် ၅ နှစ်အရွယ်ကလေးငယ် ဟာ ခက်ခဲ တဲ့လေကျင်ခန်းတွေ ကို နေစဉ် လုပ်ဆောင်လုပ်ဆောင်မှု ပြုလုပ်နေပါတယ်။ အခုလိုမျိုး မြင့်မားတဲ့ နေရာကေ ကြိုးတန်းပြီး အဲဒီကြိုးပေါ်လမ်းလျှောက်မှု ဟာ ကလေးငယ်အတွက် ယုံကြည်မှု တိုးစေတယ်လို့ ဆိုပါတယ်။
ကလေးငယ် ဟာ ကြိုးတန်းပေါ်လမ်းလျှောက်ချိန်မှာအစပိုင်းကအဆင်မပြေဖြစ်ခဲ့ပေမယ်နောက်ပိုင်းမှာ စိုးရိမ်မှုမရှိဘဲ ရဲဝံစွာလုပ်နိုင်တယ်လို့ သိရပါတယ်။

အခု အချိန်မှာ တရုတ် နန်ကျင်းဒေသ ကလူတွေ ဟာ ကလေးငယ် ရဲ့  ကြိုးတန်းပေါ် လမ်းလျှောက်မှုအပါဝင်ခက်ခဲတဲ့ အလုပ်ကိုအောင်မြင့်စွာ လုပ်ဆောင်နိုင်မှုအပေါ် ဂုဏ်ယူနေပါတယ်။
အသက် ၅ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ် အတွက် အ ခုလိုမျိုးလေကျင့်ခန်းမျိုး ဘယ်ကလေး မှ လုပ်ဆောင်တာ မရှိသေးဘဲ ကလေးငယ် က ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မှု အပေါ်လူအများက ချီးကျူးပြောဆိုနေပါတယ်။
ref Vn
ဇက်အမ်အို(တိုင်းဧရာ)ဘာသာပြန်သည်

ဖိလစ်ပိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆိုင်းငံထားမယ်


ဖိလစ်ပိုင်နိုင်ငံထဲက အကျင့်ပျက်လဘ်စားတဲ့ရဲတွေကို ရှင်းလင်းပြီးချိန်အထိ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆိုင်းငံထားမယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်ရဲ့ဌာနချုပ်အတွင်း တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်ကို ရဲတွေက သတ်ဖြတ်တာဖြစ်ခဲ့ပြီးနောက် အကျင့်ပျက်ခြစားတဲ့ ရဲတွေကို ရှင်းလင်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီယား စီးပွားရေး လုပ်ငန်း ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတွေရဲက ပြန်ပေးဆွဲမှု အပြင်သတ်ဖြတ်တာကို တွေကြုံခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ လူ တွေသတ်ဖြတ်ခံရတာကြောင့် လူအခွင့်ရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံ က အပြင်းထန်ဝေဖန်ခဲ့ပါတယ်။
 ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ စတင်လုပ်ချိန်မှ စပြီး လူပေါင်း ၇၀၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင် သမ္မတဒူတာတေးက တော့ လက်ရှိအချိန်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို ဆိုင်းငံထားမှာဖြစ်ပေမယ့် သူရဲ့ သမ္မတ သက်တမ်း ၂၀၂၂ အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်သွားမယ်လို့ပြောပါတယ်။
 ဖိလစ်ပိုင်သမ္မတ က ရဲတပ်ဖွဲအတွင်း အကျင့်ပျက်လဘ်စားတာတွေကို သန်ရှင်းရေး လုပ်ဆောင်မှာ ဟာ ဦးစားပေးဖြစ်ပြီး အဲဒီ အကျင့်ပျက်လဘ်စားတဲ့ရဲတွေ ရှင်းလင်းပြီးချိန်မှာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ ပြန်လုပ်မယ်လို့ ပြောပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

မွတ်စလင် ၇ နိုင်ငံကလူတွေနိုင်ငံအတွင်း ၀င်ခွင့်ပိတ်ပင်တာ အောင်မြင်ဟု အမေရိကန်အစိုးရ ဆို


မွတ်စလင် ၇ နိုင်ငံ လူတွေ နဲ့ ဒုက္ခသည်တွေကို နိုင်ငံအတွင်း ၀င်ရောက်မှု ယာယီပိတ်ပင်ထားမှုကြောင့်
တရားသူကြီးတွေရဲ့ တားမြစ်မှု၊ အပြင် အကြီးအကျယ်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ ရဲ့ ယာယီပိတ်ပင်မှု ဟာအကြီးအကျယ်အောင်မြင့်မှုတွေရနေတယ်လို့ အမေရိကန် သမ္မတ သစ်ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ က အခိုင်အမာပြောလိုက်ပါတယ်။
အမေရိကန် အိမ်ဖြူတော် က အမေရိကန်နိုင်ငံထဲကို ၀င်ရောက်ခွင့် ပိတ်ပင်တဲ့ သမ္မတ ကန့် သတ်ချက် ဟာ သက်ရောက်မှု ရှိနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် ဟာ ပြီးခဲ့တဲ့သောကြာနေ့ က အမေရိကန် နိုင်ငံအတွင်း ကို မွတ်စလင်နိုင်ငံ က ၇ နိုင်ငံက လူတွေဝင်ရောက်ခွင့် ကို ယာယီပိတ်ပင် တဲ့ ဆုံးဖြတ်ချက်လက်မှတ်ထိုးခဲ့ပါတယ်။
 လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအတွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။
သမ္မတ က အမေရိကန်နိုင်ငံ ဒုက္ခသည် အစီစဉ် တစ်ခုလုံး ကို ရက်ပေါင်း ၁၂၀ ကြာဆိုင်းငံ့ခဲ့သလို
မွတ်စလင် ၇ နိုင်ငံ က လူ တွေဝင်ရောက်ခွင့်ကို  ဆိုင်းငံခဲ့ပါတယ်။
ref Euronews
ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်။

နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ ဆံပင်မဖြစ်ဘဲထားတဲ့အမျိုးသမီး


ထရီနီဒက် တိုဘာဂိုက  အက်ရှာ ဇူလူ မန်ဒီလာ ဆိုတဲ့အမျိုးသမီး ဟာ  နှစ်ပေါင်း ၂၅ နှစ်ကျော်
ဆံပင်တွေ မဖြတ်ဘဲ အရှည်ထား ထားသူတစ်ဦးအဖြစ်မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။
သူမ ရဲ့ ဆံပင်အရှည်ဟာအခုအချိန်မှာ ၁၉ ပေကျော်ရှိပြီလိုသိရပါတယ်။
သူမဟာ ဆံပင်တွေရှည်လျှားလွန်းတာကြောင့် ကလေးထိန်းအလုပ်အဆင်မပြေတာတွေဖြစ်ခဲ့ပြီး
ဆံပင်ကို ကျစ်ဆံမြီးအချောင်းပုံစံ မျိုးဖြစ်အောင်ချထားခဲ့ရပါတယ်။ နှစ်ပေါင်းများစွာကြာဆံပင်အရှည်ထားလာတာကြောင့် သူမ ဆံပင် တွေ ဟာ ကြမ်းပြင်အထိတောင်ပုံကျနေခဲ့ပါတယ်။
သူမ ဟာဆံပင်အရှည်ထားတာနဲ့ ပက်သက်ပြီး ဂင်းနစ်မှတ်တမ်း ၀င်နိုင်ဖို့ကြိုးပမ်းမှုတွေရှိနေခဲ့ပြီး ဆံပင်ပညာရှင် နှစ်ဦး က ကမ္ဘာ့အရှည်ဆုံး ကျစ်ဆံချောင်း ဆံပင် အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။

အသက် ၉၂ နှစ်အရွယ်အဘိုးအိုက တရားဝင်လက်ထပ်တဲ့ ဆယ်ကျော်သက်


ဇမ်ဘီယာ နိုင်ငံ က အသက် ၂၉ နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦး ဟာသူ ရဲ့အဘိုးအို အရွယ်ရှိသူ တစ်ဦး နဲ့ တရားဝင်လက်ထပ်ခဲ့တာကြောင့်ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။
 ချာရက်တီ မန်ဘာ ဆိုတဲ့အမျိုးသမီး ဟာအသက် ၉၂ နှစ်အရွယ်ရှိ ဘီလီယံချီ ချမ်းသာတဲ့ ပီတာ ဂရွတ်ဗီ နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
သူမ ဟာ အဘိုးအို လက်ထပ် တာ ဟာ ငွေကြေးမက်တာကြောင့်ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေသလို အချို့ကလည်းအသက်အရွယ် ကွာခြားပေမယ့်မေတ္တာစစ်နဲ့ချစ်ခင်ရင် အသက် ကွာခြားတာ ဟာအဓိကမကျဘူးလို့ဆိုကြပါတယ်။
 သူမ ဟာ တောင်အာဖရိကနိုင်ငံမှာလက်ထပ်ပွဲအခမ်းအနားကျင်းပပြီးနောက် ပုံတွေ အွန်လိုင်းမှာ ပျံနှံခဲ့ချိန်မှာ ဝေဖန်ခံရတာဖြစ်ပါတယ်။
အသက် ၉၂ နှစ်အရွယ်ရှိအဘိုးအို ဟာ တောင်အာဖရိက ကနေ ဇမ်ဘီယာကို လာရောက်ချိန်မှာ တွေဆုံပြီး လက်ထပ်ခဲ့တာဖြစ်ပါတယ်။
ဇမ်ဘီယာ နိုင်ငံ ဟာအခုအချိန်မှာ ကမ္ဘာအဆင်းရဲဆုံးနိုင်ငံတွေထဲပါဝင်နေပြီး လူဦးရေ ရဲ့ ၆၈ ရာခိုက်နှုန်း ဟာ ဆင်းရဲ့မူနှုန်းအောက်ရောက်နေပါတယ်။
 ref vn
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

အမေရိကန်ရဲ့ပိတ်ပင်မှုကြောင့် မွတ်စလင်တွေအပေါ် သံသယကြီးထွားလာနိုင်ဟု အင်ဒိုနီးရှားပြော

အမေရိကန်ရဲ့ပိတ်ပင်မှုကြောင့် မွတ်စလင်တွေအပေါ် သံသယကြီးထွားလာနိုင်ဟု အင်ဒိုနီးရှားပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုပိတ်ပင်ရေးမူဝါဒသစ်ကြောင့် မွတ်စလင်တွေအပေါ် မယုံကြည်စရာ သံသယတွေ ကြီးထွားသွားစေနိုင်တယ်လို့ အင်ဒိုနီးရှား ဒုတိယသမ္မတက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားက ဒုက္ခသည်တွေအပါအဝင် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယား၊ ယေမင်စတဲ့ မွတ်စလင် ၇ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ကို ပြည်ဝင်ခွင့်ယာယီပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒီမူဝါဒဟာ အင်ဒိုနီးရှားနိုင်ငံအတွက် တိုက်ရိုက်ထိခိုက်မှုမရှိဘူးဆိုပေမယ့် မွတ်စလင်တွေအပေါ်မှာ သံသယတွေ ကြီးထွားလာစေမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုတိယသမ္မတ Jusuf Kalla က ပြောပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ ပိတ်ပင်လိုက်တဲ့ မွတ်စလင်နိုင်ငံတွေ စာရင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံ မပါဝင်ပါဘူး။

ဒီအတောအတွင်း အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ဒုက္ခသည်လက်ခံမှုယာယီ ရပ်ဆိုင်းလိုက်တဲ့ အမိန့်ကြောင့် အမေရိကန်မှာ အခြေချဖို့ စီစဉ်ထားတဲ့ ထိုင်းနိုင်ငံက ဒုက္ခသည် ၁၀၀ ကျော်လောက် ထိခိုက်မှုရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် ကမ္ဘာတဝှမ်းက ဒုက္ခသည် ၂ သောင်းကျော်လောက် အမေရိကန်မှာ အခြေချခွင့်တွေ ထိခိုက်မှုရှိတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ကူညီရေး အဖွဲ့အစည်းဖြစ်တဲ့ UNHCR က ပြောပါတယ်။

ထိုင်းနိုင်ငံကနေ လာမယ့် ရက် ၁၂၀ အတွင်း အမေရိကန်မှာ အခြေချဖို့ စီစဉ်ထားတဲ့ ဒုက္ခသည် ရာဂဏန်းရှိနေပြီး၊ လောလောဆယ် အစီအစဉ်တွေ ရပ်တံ့သွားပြီဖြစ်ကြောင်း၊ ဘာတွေဆက်ဖြစ် မယ်ဆိုတာ မသိရသေးကြောင်း၊ တကယ့်ကို ဒုက္ခအခက်အခဲတွေ ကြုံတွေ့နေရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ UNHCR အဖွဲ့တာဝန်ခံ Jennifer Bose က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစလိုပ ပဋိပက္ခတွေဖြစ်ပွားရာနိုင်ငံတွေ၊ ဖိနှိပ်မှုရှိတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေကို အဓိကလက်ခံခေါ်ယူနေခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ UNHCR အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်စာရင်းတွေအရ ကမ္ဘာတဝှမ်းက ဒုက္ခသည် ၆၄ ရာခိုင်နှုန်းကို အမေရိကန်က လက်ခံခေါ်ယူ နေရာချထားပေးခဲ့တယ်လို့ ဆိုပါတယ်။

တပြိုင်နက်တည်းမှာပဲ အမေရိကန်နိုင်ငံကနေ မက္ကဆီကို နိုင်ငံကို ပြန်ပို့ခံရမယ့် မက္ကဆီကို နိုင်ငံသားတွေဘက်က ဥပဒေကြောင်းအရ ခုခံဆောင်ရွက်ပေးနိုင်အောင် ရှေ့နေငှားရမ်းဖို့ ဒေါ်လာငွေ သန်း ၅၀ အသုံးပြုသွားမယ်လို့ မက္ကဆီကို သမ္မတက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မက္ကဆီကို သမ္မတဟာ ပြန်ပို့ခံရမယ့် သူ့နိုင်ငံသားတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပေမယ့် တစုံတရာ ညှိနှိုင်းလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ ကာရံမယ့်တံတိုင်းကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံက ပေးရမယ်လို့ ဒေါ်နယ်ထရမ့်က တစိုက်မတ်မတ်ပြောဆိုနေဆဲ ဖြစ်ပါတယ်။

မက္ကဆီကို သမ္မတ Enrique Peña Nieto ကတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ အမေရိကန်အနေနဲ့ မက္ကဆီကိုနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း လေးစားဖို့လိုအပ်တယ်လို့ ပြောပါတယ်။

Photo: Wikipedia

( အင်ဒိုနီးရှား ဒုတိယသမ္မတ Jusuf Kalla ကိုတွေ့ရစဉ် )

RFA

တာဝန်သိမှု တာဝန်ယူမှု ရှိကြပါစေ

တာဝန်သိမှု တာဝန်ယူမှု ရှိကြပါစေ

ပြီးခဲ့သည့် ၂၀၁၇ ဇန်န၀ါရီ ၂၉  ရက် ညနေပိုင်းတွင် မကြားဝံ့ မနာသာ သတင်းတစ်ပုဒ်ကို ကြားလိုက်ရသည်။ ပထမဆဲဗင်းဒေးသတင်း မီဒီယာလူမှုကွန်ရက်၌၊ ထို့နောက် မြန်မာ့ရုပ်သံသတင်းတွင်မှာ ပါဝင်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥပဒေအကြံပေးတရားလွှတ် တော်ရှေ့နေ ဦးကိုနီသည် ပြန် ကြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပ သည့် Senior Leadership Pro -gram လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့ပြီး အပြန်တွင် ရန်ကုန်လေဆိပ်ထွက်ပေါက်၌ သေနတ်သမားတစ်ဦး၏ အနီး ကပ်ပစ်ခတ်ခံရမှုကြောင့် သေဆုံး သွားခဲ့သော သတင်းပင် ဖြစ်သည်။

နောက်ဆက်တွဲသတင်းများ အရ တရားခံအားရဲတပ်ဖွဲ့က ဖမ်း ဆီးရန်ကြိုးပမ်းနေစဉ် ကိုနေ၀င်း ခေါ်အငှားယာဉ်မောင်းက သေ နတ်သမားအား အုတ်ခဲဖြင့်လှမ်း ပစ်၍ ဖမ်းဖို့ကြိုးစားစဉ် ထိုသူ၏ ဆီးခုံကို ထပ်မံအပစ်ခံရပြီး သေ ဆုံးခဲ့ရပြန်သည်ဟူ၏။

သေနတ်သမားမှာ အသက် (၅၀)နှစ်ကျော်အရွယ် ကြည်လင်း ဆိုသူဖြစ်ပြီး မန္တလေးမြို့တွင် နေ ထိုင်ကြောင်းနှင့် လက်ရဖမ်းဆီးမိ ပြီဖြစ်ကြောင်း သတင်းများက ဆိုသည်။

စာရေးသူအနေနှင့် ပထမ ဆုံးစိတ်မကောင်းဖြစ်ရသည်မှာ ရှေ့နေဦးကိုနီသေဆုံးမှုပင် ဖြစ် သည်။ သူနှင့်တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးပါပဲနှင့် သူ၏တိုင်းပြည်နှင့် လူမျိုးအတွက်လုပ်ဆောင် ချက်များကို စာနာမိကာ မိသားစု နှင့်ထပ်တူ ၀မ်းနည်းကြေကွဲမိခြင်း ဖြစ်သည်။ ဦးကိုနီကို လူမျိုးနှင့် ဘာသာအခြေခံကာအမျိုးမျိုး စွပ်စွဲအပုပ်ချကြသော်ငြား ထိုသူမှာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး တိုင်းရင်းသားများအပေါ် သစ္စာဖောက် ခဲ့သူမဟုတ်ကြောင်း အားလုံးအ သိပင် ဖြစ်၏။

ထိုသို့ဆိုလျှင် ဦးကိုနီအား အဘယ်သို့သော အကြောင်း ကြောင့်လုပ်ကြံရသနည်း။ ဦးကို နီနှင့် ထိုသူကြားတွင်မည်ကဲ့သို့ သော အာဃာတရှိသနည်း။ ဦးကို နီနိုင်ငံခြားခရီးစဉ်မှပြန်ရောက် လာမည်ကို အဘယ်ကြောင့် ကြို တင်သိရှိသနည်း။ လူသတ်သမား ၏ လက်ထဲတွင် အဘယ်ကြောင့် သေနတ်တစ်လက်တရားမ၀င် ရောက်ရှိနေပြီး လက်ရဲဇက်ရဲ ပစ် ခတ်နိုင်ရသနည်း။ မေးခွန်းများက သာ အများပြည်သူအတွက် စဉ်း စားစရာတွေဖြစ်လာတော့သည်။

မကြာမီက မြန်မာနိုင်ငံ လူ့ အခွင့်အရေးအခြေအနေဆိုင်ရာ  အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီရောက်ရှိခဲ့ပြီး ၎င်း၏ ၁၂ ရက်ကြာ ခရီးစဉ်နှင့်ပတ်သက် ၍ သတင်းစာရှင်းလင်းပွဲပြုလုပ် ရာတွင် မြန်မာနိုင်ငံသည် နောက် ကြောင်းပြန်ခြင်းကို ကျားကန်ပြန် တွန်းရန် အရပ်သားအစိုးရက ကြိုးပမ်းလျက်ရှိသော်လည်း မြန်မာ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့ဆက်ရေးအတွက် အဟန့် အတားရှိနေကြောင်း ပြောဆိုခဲ့ သည်။

ယခုရှေ့နေဦးကိုနီ ရန်ကုန် လေဆိပ်တွင် အကြမ်းဖက်လုပ် ကြံခံရခြင်းနှင့်ပတ်သက်၍ မည် သူ့တွင်တာဝန်ရှိသနည်းဟု မေး ခွန်းထုတ်မည်ဆိုလျှင် ပထမဆုံး လက်ရှိအစိုးရကိုသာ တာဝန်ရှိ သည်ဟု ဆိုရမည်။ ပြည်ထောင် စုအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ ပြီးနောက် ထိုအစိုးရအဖွဲ့ မှ တာဝန်ပေးထားသည့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့စသည်ဖြင့် အဆင့်ဆင့် တာဝန်ရှိနေသည်။

ဦးကိုနီသည် အမျိုးသားဒီမို ကရေအဖွဲ့ချုပ် တစ်နည်းအားဖြင့် ဆိုရသော် အာဏာရပါတီ၏ဥပ ဒေအကြံပေးဖြစ်နေ၍ အရေးတ ယူပြုကာ ယခုဆောင်းပါးရေးနေ ခြင်းမဟုတ်ကြောင်း စာဖတ်သူ များ သိပါလိမ့်မည်။ စာရေးသူနေ ထိုင်သည့် ရန်ကုန်မြို့တွင် ငါးလောင်း ပြိုင်လူသတ်မှုလည်း မပေါ်၊ လေး လောင်းပြိုင်လူသတ်မှုလည်း မမိ။ စိတ်ကြွမူးယစ်ဆေးပြားကွန်တိန် နာနှင့်ချီကာမိလည်း လက်သည် မတွေ့၊ နေ့ခင်းကြောင်တောင် ရဲရှေ့အနုကြမ်းစီး၊ ဓားပြတိုက် လည်း မဖမ်းနိုင်နှင့် ယခုနိုင်ငံတ ကာလေဆိပ်ထဲ သေနတ်နှင့်လူ သတ်လာပြီဆိုလျှင် ကျွန်ုပ်တို့ ရန် ကုန်သားများအဖို့ ဘယ်နေရာ သွားနေရမည်နည်းဟု မေးခွန်း ထုတ်ဖို့သာ ရှိတော့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေ အခန်း(၅) အုပ်ချုပ်ရေး ကဏ္ဍတွင် ပုဒ်မ ၂၁၉ ၌ ‘ပြည် ထောင်စုအစိုးရသည် နိုင်ငံတော် တည်ငြိမ်ရေး ရပ်ရွာအေးချမ်းသာ ယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိန်းသိမ်းစောင့်ရှောက်သည်’ဟု ပါရှိသည်။ ထိုအခန်း၌ပင်ပါ ရှိသော ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ ၂၃၂(ခ)(၂)တွင် ‘ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ အတွက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကိုရယူရမည်’ဟု ပါရှိသည်။ထိုအခန်း၌ပင် ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်းခြင်း ပုဒ်မ ၂၃၃(က)ပြည်ထောင် စုဝန်ကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်တွင် အပိုဒ် ၅ ၌ ‘ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း’ဟု ပါရှိကြောင်း တွေ့ရှိရသည်။

စာရေးသူမှာ ဥပဒေပညာ ရပ်ကို နားမလည်သော်လည်း ငယ်စဉ်က စုံထောက်ဝတ္ထုများကို ဖတ်ကာစုံထောက်အလုပ်ကို အားကျခဲ့ဖူးသည်။ ဆရာကြီးရွှေဥ ဒေါင်း၏ ရှားလော့ဟုမ်းဝတ္ထုများ၊ ဆရာမင်းသိင်္ခ၏ ဆားပုလင်းနှင်း မောင်ဝတ္ထုများမှာ စဖတ်သည်နှင့် လက်မချနိုင်ဖြစ်ခဲ့ရသည်။ ဆား ပုလင်းနှင်းမောင်ဝတ္ထုများ၌ မျက် နှာဖြူ ရန်ကုန်ပုလိပ်မင်းကြီးက တရားခံမဖမ်းမိ၍ ပုလိပ်စုံထောက် များကိုဟိန်းဟောက်ကြိမ်းမောင်း ရာတွင် ‘‘မောင်မင်းလူကလေးတို့ တရားခံကို အခုအထိ မမိသေး တာ သိပ်ရှက်ဖို့ကောင်းတယ်။ မောင်မင်းတို့ဘယ်လိုရှေ့ဆက် လုပ်မှာလဲ’’ဟုဆိုလျှင် အိုင်ပီဟုခေါ်သည့် စုံထောက်များက ‘‘ဟုတ်ကဲ့ပါမင်းကြီး၊ ကျွန်တော်မျိုးတို့ ရာ ထူးမှနုတ်ထွက်သင့်ပါတယ်’’ဟု ပြန်လည်လျှောက်တင်ကြသည် ကို အမှတ်ရမိသည်။

ရှေ့နေဦးကိုနီလုပ်ကြံခံရမှု သည် အမျိုးသားလုံခြုံရေးအတွက်  တပ်လှန့်လိုက်သလို နိုင်ငံတော် အကြီးအကဲများ၏ လုံခြုံရေးအ တွက်လည်း ခေါင်းလောင်းထိုး သတိပေးလိုက်ရာရောက်သည်။ ဤအဖြစ်အပျက်သည် ရဲတပ်ဖွဲ့ က လုံခြုံရေးတွင်ပြည်သူများ ပူး ပေါင်းပါဝင်ရန် အစဉ်တစိုက် လှုံ့ ဆော်နေမှုအပေါ် ပြည်သူများပါ ၀င်ကာ တရားခံကိုအသက်စွန့် ဖမ်းဆီးပေးခဲ့မှုဖြင့်လည်း ပြည်သူ့ ဘက်က သက်သေပြနိုင်ခဲ့ပြီ ဖြစ် သည်။

 ဒီမိုကရေစီစနစ် တည် ဆောက်ရာ လမ်းကြောင်းတွင် တရားဥပဒေစိုးမိုးရေးသည် မည် မျှ အရေးကြီးကြောင်း ပြည်သူတစ်ရပ်လုံးက နားလည်လက်ခံပြီး ဖြစ်သည်။ လူ့အဖွဲ့အစည်းလုံခြုံ အေးချမ်းမှ မတောင့်မတ မကြောင့် ကြရဘဲ အသက်မွေးဝမ်းကျောင်း မှုများ ပြုလုပ်နိုင်မည်မဟုတ်ပါ လား။ တာဝန်ရှိသူများအနေနှင့် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် နိုင်ငံတော်တည်ငြိမ်ရေး၊  ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို ထိန်းသိမ်း စောင့်ရှောက်နိုင်ပါစေဟု ဆန္ဒပြု လိုက်ရပါသည်။   ။

Sources: : 7Day News Journal

မသန်စွမ်းတွေအပေါ် ထပ်မံခွဲခြားဆက်ဆံပါက သက်ဆိုင်ရာဝန်ကြီးဌာနအား တရားစွဲဆိုသွားမည်

မသန်စွမ်းတွေအပေါ် ထပ်မံခွဲခြားဆက်ဆံပါက သက်ဆိုင်ရာဝန်ကြီးဌာနအား တရားစွဲဆိုသွားမည်


ပညာရေးကောလိပ်များတွင် မသန်စွမ်းသူများ တက်ရောက်ခွင့် ပိတ်ပင်မှုတစ်ခု ထွက်ပေါ်လာပြီးနောက် ခွဲခြားဆက်ဆံမှု ထပ်မံပြုလုပ်လာခဲ့လျင် သက်ဆိုင်ရာဝန်ကြီးဌာနကို တရားစွဲဆိုမည်ဟု    မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်က ပြောသည်။

ပညာရေးကောလိပ်များတွင် မသန်စွမ်းသူများ တက်ရောက်ခွင့်ကို တားဆီးပိတ်ပင်သည့်သဘော ဆောင်သော ညွန်ကြားချက်တစ်စောင်ကို ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသူများကို သင်တန်းတက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ပါရှိသည်။

ပညာရေးဝန်ကြီးဌာန၏ အလုပ်ခေါ်စာတွင် ပါဝင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော မသန်စွမ်းသူတွေ လျှောက်ထားနိုင်ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

 “နောက်ဆုံးကျွန်တော်တို့ ညှိနိုင်းလုပ်တယ်။ အစည်းအဝေးတွေ လုပ်တယ်။ ညှိနိုင်းပြီးတော့ ဒီလိုပြောထားပါရဲ့နဲ့ ဆက်ပြီးတော့ ချိုးဖောက်တာတွေဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့ဥပဒေအရ တရားဥပဒေအရ မသန်စွမ်းသူများအခွင့်အရေးဥပဒေရဲ့ နည်းဥပဒေအရ တရားဝင်တရားစွဲဆိုသွားဖို့ ပြင်ဆင်ထားပါတယ်ခင်ဗျ” ဟု မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

မသန်စွမ်းများကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး၊ ပညာရေးတွင် ဆက်လက်ခွဲခြားမှုများမရှိစေရေးနှင့် နောက်ထပ်တည်ဆောက်မည့် အဆောက်အအုံများတွင် မသန်စွမ်းများ အသုံးပြုရလွယ်ကူစေရေး ထည့်သွင်းစဉ်းစားပေးသွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနိုင်းတောင်းဆိုသွားမည်ဟု  သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး  ဇန်န၀ါရီလ ၂၉ရက်က မသန်စွမ်းအဖွဲ့ချုပ်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့   တွေ့ဆုံဆွေးနွေးခဲ့သည်။

မသန်စွမ်းသူများ ဥပဒေ အခန်း(၅)တွင် မသန်စွမ်းမှုကို အကြောင်းပြုပြီး ကျောင်းတက်ခွင့်၊ ကျောင်းဝင်ခွင့် ငြင်းပယ်တာမျိုး လုပ်ခွင့်မရှိကြောင်း ပြဌာန်းထားသည်။

===========

Mizzima - News in Burmese


အစိုးရသစ် သက်တမ်း ၁၀ လအတွင်း မြန်မာ့စီးပွားရေး အပြောင်းအလဲ

အစိုးရသစ် သက်တမ်း ၁၀ လအတွင်း မြန်မာ့စီးပွားရေး အပြောင်းအလဲ

ဒေါက်တာခင်မောင်ညို( ဘောဂဗေဒ)
==================

မင်္ဂလာပါရှင့်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်တင်မြောက်လိုက်တဲ့ အရပ်သားအစိုးရ စတင်တာဝန်ယူခဲ့တာ အခုဆိုရင် ၁၀ လပြည့်သွားပြီဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်ရောက်လာမယ်လို့ ပြည်သူတွေမျှော်လင့်ခဲ့ကြတာပါ။ အစိုးရရဲ့ ၁၀ လတာ သက်တမ်းအတွင်း မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်မှုဘာတွေရှိခဲ့သလဲ။ လာမဲ့ အနာဂတ်မှာ စီးပွားရေးအခြေအနေ ဘယ်လိုပြောင်းလဲမှုတွေရှိနိုင်လဲဆိုတာနဲ့ပတ်သတ်လို့ ရှုထောင့်စုံကနေ သိနိုင်ဖို့ စီးပွားရေးပညာရှင် ဆရာခင်မောင်ညို (ဘောဂဗေဒ)ကို တွေ့ဆုံမေးမြန်းပေးသွားမှာဖြစ်ပါတယ်။

မင်္ဂလာပါရှင့်

မေး - အခုဆိုရင် NLD အစိုးရ တာဝန်ယူတာ ၁၀ လပြည့်သွားပြီပေါ့။ ဒီ ၁၀ လတာကာလအတွင်း စီးပွားရေးတိုးတက်မှု ဘယ်လိုအခြေအနေရှိခဲ့လဲဆိုတာ စပြီးသုံးသပ်ပေးပါဦးဆရာ။

ဖြေ - အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲ။ ဒီ ၁၀ လအတွင်းမှာတော့ တိုးတက်မှုနှုန်း နိမ့်ခဲ့တယ်ပေါ့။ အဲဒီမှာလည်း ကြောင်းတွေရှိခဲ့တယ်။ သဘာဝကျပါတယ်။ သူ့ရဲ့မူဝါဒအခင်းအကျင်းတွေ လုပ်နေရတာရှိတယ်။ နောက်တစ်ခါ ဖွဲ့စည်းပုံတွေ ပြန်ပြောင်းနေရတာရှိတယ်။ ခါတိုင်း ထိန်းချုပ်မှုမရှိတဲ့ သစ်တို့၊ ကျောက်မျက်တို့ကို ထိန်းချုပ်ခဲ့တာရှိတယ်။ အဲဒီအခါကြတော့ ဒီဖက်ကာလအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက နှေးကွေးခဲ့တယ်။

မေး - ယခင်အစိုးရလက်ထက်က ဒေါ်လာဈေးတွေ သိပ်မတက်ခဲ့ပေမဲ့ အခုလက်ရှိ အစိုးရလက်ထက်မှာတော့ အမေရိကန်ဒေါ်လာဈေးဟာ ၁၅၀၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဒီလိုဒေါ်လာဈေးတက်တာဟာ မြန်မာ့စီးပွားရေးကို ဘယ်လိုရိုက်ခတ်မှုတွေရှိနိုင်လဲဆရာ။

ဖြေ - ဒေါ်လာဈေးတက်တဲ့အဓိပ္ပာယ်က ဘာလဲဆိုတော့ မြန်မာနိုင်ငံကပို့တဲ့ ကုန်ပစ္စည်းတွေဈေးသက်သာတယ်။ ဈေးပေါတယ်။ သွင်းကုန်တွေ ဈေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သွင်းကုန်တွေ ဈေးကြီးရင် လျှော့သွင်း၊ ပို့ကုန်ကတော့ ပိုပို့နိုင်မယ်ပေါ့။ လက်တွေ့မှာတော့ ဆရာတို့ အဲလို ဒေါ်လာဈေးတက်တဲ့ မြန်မာငွေဈေးကျတဲ့ အကျိုးကျေးဇူးတွေကို မခံစားကြရဘူး။ ဒေါ်လာဈေးတက်တာပဲ အဖတ်တင်တယ်ပေါ့။

မေး - NLD အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်အောင် ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ကတိပြုခဲ့ပါတယ်။ အမေရိကန်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို အပြည့်အ၀ ရုတ်သိမ်းနိုင်လိုက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအများကြီး ၀င်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလောက်မဖြစ်လာခဲ့ပါဘူး။ အခုဆိုရင်လည်း အမေရိကန်နိုင်ငံရေးအပြောင်းလဲတွေရှိနေတော့   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေ ဘယ်လိုဆက်ပြီးဖြစ်လာနိုင်လဲရှင့်။

ဖြေ - ရင်းနှီးမြှုပ်နှံမှုကတော့ ဒီအစိုးရလက်ထက်မှာ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်ဖွဲ့တာကိုက အတော်လေးကြန့်ကြာခဲ့တယ်။ နောက် အရင်အစိုးရလက်ထက်က ကျန်ခဲ့တဲ့ အဆိုပြုလွှာတွေကို ဒီဘက်မှာ အတော်လေးရှင်းယူရတယ်။ ဆရာတို့ အခွင့်အရေးမယူနိုင်တာကတော့ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်တာပေါ့။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းလိုက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်။ အထူးသဖြင့် အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ဒါပေမဲ့ တကယ့်တကယ်လက်တွေ့မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေက အချိန်ယူတဲ့သဘောရှိတယ်။ အဲဒီတော့ ကောင်းတဲ့ဘက်ကကြည့်ရင် စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းလိုက်တယ် ။ ဒါပေမယ့် အခုတက်လာတဲ့ ဒေါ်နယ်ထရန့်မ်က မြန်မာနိုင်ငံအပါအ၀င် အာရှကို အာရုံစိုက်မှုနည်းတဲ့အခါကြတော့ အမေရိကန်ရင်းနှီးမြှပ်နှံမှုတွေ ၀င်လာပါ့မလားဆိုတာ စိုးရိမ်စရာရှိတယ်။

မေး - တကယ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ်ဆိုလို့ရှိရင်ကော မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအတွက် ဘယ်လိုသက်ရောက်မှုရှိမလဲရှင့်။

ဖြေ - ပုဂ္ဂလိက လုပ်ငန်းတွေက စိုးရိမ်ပူပန်ကြတာတွေရှိတယ်။ အခုဒီနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာလို့ရှိရင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ ထိမှာလားပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ အခုထိ သိသိသာသာမ၀င်သေးဘူး။ ဒါပေမယ့် စောစောကပြောတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းမှာ ပုဂ္ဂလိကလုပ်ငန်းတွေ ၁၈ % လောက် တစ်နှစ် နှစ်နှစ်အတွင်း ပိတ် ပိတ်သွားကြတယ်။ ဆိုလိုတာကတော့ ၅ ပုံ ၁ ပုံလောက် ပိတ်သွားတယ် ။ ပိတ်သွားတာကတော့ လုပ်ငန်းသေးသေးလေးတွေပေါ့။ ဒါဟာ စွမ်းရည်နိမ့်လို့ ပြိုင်ဆိုင်များတဲ့အခါ စွမ်းရည်နိမ့်တဲ့လုပ်ငန်းက ပိတ်သွားတာထုံးစံပဲလို့ ကမ္ဘာ့ဘဏ်က မြင်တယ်။

 မေး - ၂၀၁၆ - ၂၀၁၇ မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှုန်းဟာ ၇.၈ % ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပေမဲ့ လက်တွေ့မှာတော့ တိုးတက်မှုက ၆.၅ % ပဲရှိခဲ့တယ်လို့ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်ရှင့်။ ဒီတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ထင်ထားသလောက် တိုးတက်မှုမရှိခဲ့တာ ဘာ့ကြောင့်ပါလဲရှင့်။

ဖြေ -  သူတို့ ခန့်မှန်းတဲ့နှုန်းကတောင်မှ မြင့်သေးတယ်။ သမ္မတကြီးက ဘဏ္ဍရေးကော်မရှင်နဲ့ စီမံကိန်းကော်မရှင်မှာပြောခဲ့တာက  ၅.၇ % ပဲရှိတယ်။ သူတို့ကမှ ၆ %ကျော်သေးတယ်ပေါ့။ အကြောင်းတရားတွေက အများကြီးပါ။ ကမ္ဘာ့ဝယ်အားကျဆင်းတာလည်း ပါတယ်။ မြန်မာနိုင်ငံက ပို့ကုန်တွေ အထူးသဖြင့် လယ်ယာထွက်ကုန်တွေ မပို့နိုင်ဘူး။ သဘာဝဓာတ်ငွေ့တို့ ရေနံတို့က ဈေးကျတယ်။ ကျောက်မျက်တို့၊ သစ်တို့ကို ထိန်းထားတဲ့အကြောင်းတရားလည်း ပါတယ်။ NLD အစိုးရရဲ့ မူဝါဒကိုက ဒေသအလိုက် ဖွံ့ဖြိုးဖို့ ညီတူညီမျှတိုးတက်ဖို့၊ အားလုံးပါဝင်တဲ့ စီးပွားရေးတိုးတက်မှုဖြစ်ဖို့ ဆိုပြီး ပြောတဲ့အခါကြတော့ သူကိုယ်တိုင်ကိုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထက် ညီမျှမှုကို ဦးစားပေးတဲ့ သဘာမျိုးကိုတွေ့ရပါတယ်။

မေး - မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနဲ့ ပတ်သတ်ပြီးတော့  ၇.၁ % ထိတိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဆရာ့အနေနဲ့ကော မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု ဘယ်လိုရှိနိုင်လဲဆိုတာ ပြောပြပေးပါဦး။

ဖြေ - အားလုံးမျှော်မှန်းကြတာကတော့ အခုဒီဘက် ၂၀၁၆ ထဲမှာတော့ ပြင်ဆင်တာတွေ အခြအနေကောင်းအောင်လုပ်တာ တည်ဆောက်တာတွေနဲ့ အလုပ်များခဲ့တယ်ပေါ့။ ဒီပြင်ဆင်ရေးလုပ်ငန်းတွေ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာတော့ အခြေကျမယ်။ ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်မယ်။ ရင်းနှီးမြှုပ်နှံမှု ၀င်မယ်။ စီးပွားရေးတိုးတက်မှု ၇ % ထိ ပြန်တက်မယ်။ ငွေကြေးဖောင်းပွမှုနှုန်းက အခုဆို ၁၀ ဂဏန်း ၀န်းကျင်မှာရှိနေတယ်။ ငွေဖောင်းပွမှုနှုန်းကတော့ လာမဲ့ ၃ နှစ်အတွင်း ထိန်းချုပ်နိုင်လိမ့်မယ်။  ဘတ်ဂျက်လိုငွေတွေလည်း ထိန်းသွားနိုင်မယ်လို့ အကောင်းဘက်ကနေ မျှော်လင့်ကြတာများပါတယ်။

NLD အစိုးရသက်တမ်း ၁၀ လတာအတွင်း မြန်မာနိုင်ငံစီးပွားရေးအခြေအနေ ဘယ်လောက်တိုးတက်ခဲ့တယ်။ လာမဲ့အနာဂတ်မှာ စီးပွားရေး အပြောင်းအလဲ ဘာတွေရှိနိုင်တယ်ဆိုတဲ့အပေါ် စီးပွားရေးပညာရှင်ဆရာခင်မောင်ညို ဘောဂဗေဒကို တွေ့ဆုံမေးမြန်းပေးခဲ့တာဖြစ်ပါတယ်ရှင်။ ကျွန်မ ဗျူးလာဦးပါ။

===========

ဗျူးလာဦး၊ ထွဋ်ထွဋ်နိုင် ၊နေအောင်ဖြိုး

Mizzima - News in Burmese


ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်

ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ်



ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ် xxx တမာပင် သရက်ပင်  xxx ဘယ်အပင်မှာဆွဲဆွဲ xxx ချိုမြဲအရသာ xxx မစွန့်သည်သာပင် (မြို့မငြိမ်း)

ကျန်းမာရေး ချို့ယွင်း၍ ဘန်ကောက် ဆေးရုံကြီးတွင် နှစ်ပတ်ခန့် ဆေးကုသပြီး မန္တလေး ပြန်ရောက်သည်။ (၂၁-၂၂) ရက်တွင် ရန်ကုန်၌ ဟန်ဆိုင်ဒယ် ဖောင်ဒေးရှင်းက စီစဉ်ထားသည့် Federalism workshop ၌ပြည်တွင်းပညာရှင် (Local Expert) အဖြစ်ပါ ၀င်ရန်စီစဉ်ထားခဲ့သည်။ စီစဉ်သူ ကိုအောင်စိုးမင်းနှင့် ကျွန်တော်သည် ၁၉၉၇ က မန္တလေး အိုးဘိုထောင်တွင် ဆုံစည်းခဲ့ကြသည်။ ထိုစဉ်က ဤလူငယ်လေး၏ အသက် ၂၀ ဖြစ်သော်လည်း ထောင်ဒဏ်က အသက် ၃ ဆကျော် ရှိနေသည်။ ယခုစီစဉ်သည့်ပွဲတွင် "Federlism in the Name of Peace" ခေါင်းစဉ်ဖြင့် ပါဝင်ရန် စီစဉ်ထားသဖြင့် မပျက်ကွက်လို။ သို့ဖြင့် ကျန်းမာရေး မကောင်းသော်လည်း Power Point အကူအညီဖြင့် (၂၂.၁.၂၀၁၇)၊ ရန်ကုန်အင်လျားကန် ဟိုတယ် အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့သည်။ ယင်းစာတမ်း အကျဉ်းကို တင်ပြပါသည်။        

ဖက်ဒရယ်စနစ်နှင့် ငြိမ်းချမ်းရေး

Federalism in the Name of Peace I. ဖက်ဒရယ်၊ ပင်လုံစာချုပ်နှင့် ပြည်တွင်းစစ်၏ ရင်းမြစ် (Federalism, 1947 Panlong Conference; The Root Cause of civil war)

၁၉၄၇ ပင်လုံစာချုပ်သည် ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် အခြေခံမုခ်ဦး ဖြစ်သကဲ့သို့ ပြည်တွင်းစစ် မြစ်ဖျားခံရာလည်း ဖြစ်နေသည်။ ၁၉၄၇ ပင်လုံစာချုပ် မချုပ်ဆိုမီ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေးစနစ် ၄ မျိုးနှင့် ဗြိတိသျှ ကိုလိုနီဒေသ အစိတ်အပိုင်းကြီး ၄ ခုရှိနေသည်။ ယင်းတို့မှာ -

(၁) ၁၈၉၃ ခုနှစ်တွင် ရေးဆွဲ ပြဋ္ဌာန်းခဲ့သော "Kachin Hills Tribes Regulation" အရ အုပ်ချုပ်ခဲ့သော ကချင်တောင်တန်းဒေသ

(၂) ၁၈၉၆ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော "Chin Hills Regulation" အရ အုပ်ချုပ်ခဲ့သည့် ချင်းတောင်တန်းဒေသ

(၃) ၁၈၈၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော "Shan States Act" ကို ၁၉၂၂ ခုနှစ်တွင် "Fededral Shan States Act" ဖြင့်ပြင်ဆင် အုပ်ချုပ်ခဲ့သည့် "Federated Shan States" ပြည်ထောင်စု ရှမ်းပြည်

(၄) ၁၉၃၅ Burma Act အရ အုပ်ချုပ်သည့် ဗမာပြည် (Burma Proper) တို့ဖြစ်ကြသည်။

ဗမာပြည် (Burma Proper) တွင် မွန်၊ ကရင်၊ ရခိုင်နှင့် မြန်မာမင်းများ လက်ထက် အုပ်စိုးဒေသများ ပါဝင်သည်။

ဤကိုလိုနီ အစိတ်ပိုင်းကြီး ၄ ခုကို အင်္ဂလိပ်နယ်ချဲ့သမားက သီးခြားစီ တိုက်ခိုက်သိမ်းပိုက် ကျွန်ပြုခဲ့သည်။ သီးခြားခွဲခြား အုပ်ချုပ်ခဲ့သည်။ သို့ဖြစ်ရာ ဤကိုလိုနီဒေသကြီး ၄ ခုက လွတ်လပ်ရေး သီးခြားရယူပြီး သီးခြားနိုင်ငံ ထူထောင်ရန် အခွင့်အရေး ရရှိခဲ့သည်။ သို့ဖြစ်ရာ ဤကိုလိုနီဒေသကြီး ၄ ခုက လွတ်လပ်ရေး သီးခြားရယူပြီး သီးခြားနိုင်ငံ ထူထောင်ရန် အခွင့်အရေး ရှိခဲ့သည်။ ဤအခြေအနေတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးဖြောင့် တည်ကြည်မှုနှင့် ကတိကို အလေးထားပြီး ဗြိတိသျှ ကိုလိုနီ အစိတ်အပိုင်းကြီး ၄ ခုစလုံးက “ပြည်ထောင်စု မြန်မာနိုင်ငံ” (Fedral Burma) အဖြစ် တစုတစည်းတည်း လွတ်လပ်ရေး ရယူရန် ဆုံးဖြတ်၍ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရှမ်း၊ ကချင်နှင့် ချင်း တိုင်းရင်းသား ခေါင်းဆောင်တို့က ၁၉၄၆ မတ်လနှင့် ၁၉၄၇ ဖေဖော်ဝါရီတို့တွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ် ၂ နာရီတွင် ရှမ်းနှင့် ကချင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူထုကိုယ်စားလှယ်များက အောက်ပါအချက် ၅ ချက်ကို သဘောတူညီခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ် ၂ နာရီတွင် ရှမ်းနှင့် ကချင် ကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်

ရှမ်းနှင့် ကချင်တို့သည် မြန်မာတို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးကို ပိုမိုဆောလျင်စွာ ရရှိလိမ့်မည်ဟု ကော်မတီက ထင်မြင်ယူဆသည်။ ယင်းသို့ ထင်မြင်ယူဆသည့် အလျောက် အကူးအပြောင်း ကာလအတွင်းတွင် မြန်မာပြည် အစိုးရအမှုဆောင် ကောင်စီတွင် ပါဝင်ဆောင်ရွက်ရန် မိမိတို့လူမျိုး အသီးသီး၏ ကိုယ်စားလှယ်များကို အောက်ဖော်ပြပါ အချက်အလက်များအရ ပို့လွှတ်မည်။

(၁) မြန်မာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ ဒီမိုကရေစီ ကျကျခံ စားခွင့်ရှိရမည်။

(၂) အမှုဆောင် ကောင်စီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုး အသီးသီး၏ ပြည်တွင်းရေးရာ အားလုံးအတွက် တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီရထား၊ အကောက်တော် အစရှိသော အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အားလုံးစုပေါင်း တာဝန်ယူ ဆောင်ရွက်ကြရမည်။

(၃) ကချင်တို့က သီးခြား ကချင်ပြည်နယ် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။

(၄) မြန်မာ ကိုယ်စားလှယ်တော်များနှင့် ဘုရင်ဧကရာဇ် အစိုးရ၏ သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် ပတ်သက်ခြင်း မရှိစေရ။ (အောင်ဆန်း အက်တလီစာချုပ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။)

(၅) လွတ်လပ်ရေး ရပြီးနောက် မြန်မာ “ပြည်ထောင်စု” မှ ကျွန်ုပ်တို့ ခွဲထွက်လိုလျှင် ကျွန်ုပ်တို့ သဘောကျသည့် အချိန်တွင် “ခွဲထွက်နိုင်ခွင့်” ရှိစေမည်။

ထိုဆုံးဖြတ်ချက်ကို နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ထပ်မံရောက် ရှိလာသော ချင်းကိုယ်စားလှယ်များ ပါဝင်သည့် နယ်စပ်ဒေသ ကိုယ်စားလှယ် စုံညီအစည်းအဝေးမှ အောက်ပါအတိုင်း ထပ်မံအတည်ပြုသည် -

(၁) ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် ကျင်းပသည့် ရှမ်းနှင့် ကချင် ကိုယ်စားလှယ်အဖွဲ့တို့၏ ဆုံးဖြတ်ချက်တို့ကို ဖတ်ကြား ရှင်းလင်းပြရာ၊ ချင်းကိုယ်စားလှယ်အဖွဲ့က အောက်ပါ အချက်များကို ဖြည့်စွက်၍ ထောက်ခံကြသဖြင့် အားလုံး သဘောတူ လက်ခံကြလေသည်။

(က) ဗဟိုအခွန်တော်ငွေနှင့် စပ်လျဉ်း၍ ရှမ်းတို့ ခံစားရသော အခွင့်အရေးနှင့် ရပိုင်ခွင့် အားလုံးတို့အတိုင်း ချင်းနှင့် ကချင်တို့ကလည်း လူဦးရေအလိုက် ခံစားခွင့်ရှိစေရမည်။

(ခ) ချင်းတို့ဒေသတွင် ဘဏ္ဍာရေး မလုံလောက်ရှိခဲ့သော် မြန်မာပြည် အခွန်တော်ငွေများမှ ဖြည့်တင်း သုံးစွဲရမည်။

(ဂ) ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များ ပါဝင်သော တောင်တန်းသားများ စည်းလုံး ညီညွတ်ရေးအဖွဲ့ ဦးစီးအမှုဆောင် ကောင်စီတစ်ရပ်ကို ဖွဲ့စည်း တည်ထောင်ရမည်။

၎င်းအမှုဆောင် ကောင်စီ၌ တောင်တန်းသားများနှင့် မြန်မာပြည် အစိုးရတို့ အကြားတွင် ပေါ်ပေါက်သမျှ ပေါ်လစီဆိုင်ရာ ကိစ္စရပ်အားလုံးနှင့် စပ်လျဉ်း၍ အဆုံးအဖြတ် ပေးနိုင်သော အာဏာအပြည့်အစုံ ရှိရမည်။

အထက်ပါ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်များတွင် ဆုံးဖြတ် ပြဋ္ဌာန်းသည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဗမာခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းရန် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ဆပ်ကော်မတီသို့ တာဝန်လွှဲအပ်လိုက်သည်။

(၁) ဦးကြာပု (ရှမ်း)

(၂) မိုင်းပွန်စော်ဘွားကြီး (ရှမ်း)

(၃) ဆမားဒူးဝါးဆင်ဝါးနောင် (ကချင်)

(၄) ဒူဝါးဇော်လွန်း (ကချင်)

(၅) ဦးလွှရ်မှုန်း (ချင်း)

(၆) ဦးသောင်ဇာခပ် (ချင်း)

အထက်ဖော်ပြပါ ဆုံးဖြတ်ချက်များသည် ပင်လုံစာချုပ် ရှေ့ပြေးပင် ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပင်လုံသို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာခေါင်းဆောင်များ နှင့်အတူ ဗြိတိသျှအစိုးရ ကိုယ်စားလှယ် မစ္စတာဘော်တွန်လေတို့ ရောက်ရှိလာရာ ပြည်ပနှင့် နယ်စပ်ဒေသ ပူးပေါင်းရေး အထူးဆွေးနွေးရန် မလိုအပ်တော့ဘဲ အပြီးသတ် ဆွေးနွေးကာ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ပင်လုံသဘောတူညီချက် မူရင်းမှာ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်ပြီး တရားဝင် မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်သည်-

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်

မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများ အားလုံးတို့အပြင် ရှမ်းပြည်နယ်များ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီး တစ်ရပ်တွင်-

ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တ-စ-ည-ဖ) ၏ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များက ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံက ရွေးချယ်၍ နယ်စပ်ဒေသကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တဦးအဖြစ် ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာ လက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသ ကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား အုပ်ချုပ်သည့် အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၄င်းနှင့် လူမျိုးချင်း မတူသော ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့ အသီးသီး သက်ဆိုင်သည့် နယ်မြေများ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ မူအတိုင်း ဆောင်ရွက်စေရမည်။

(၄) အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမှုဆောင် ကောင်စီတွင် အဖွဲ့ဝင်လူကြီး အနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်ခွင့် ရှိစေရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွှတ်စေရန် အဆိုပါ ကောင်စီက ပြုလုပ်ခြင်း မရှိစေရ။ နယ်စပ်ဒေသများတွင် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ် သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန် ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်း အနေဖြင့် ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော် အစိုးရ၊ နောက်ဆက်တွဲ စာရင်းပါအတိုင်း ၂ ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား ဆွေးနွေး တိုင်ပင်ရမည်။

(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီ နိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ် ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့် ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ်မြေစုတွင် ယခုအပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရ။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင်တောင်တန်းများနှင့် ချင်းတောင်တန်း နယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေး အကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်/မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

ရှမ်းကော်မတီ

(ပုံ) ခွန်ပန်းစိန်၊ တောင်ပိုင်စပ်ဖလုံ

(ပုံ) စ၀်ရွှေသိုက်၊ ညောင်ရွှေစ၀်ဖလုံ

(ပုံ) စ၀်ဟုမ်ဖ၊ မြောက်သိန္နီစ၀်ဖလုံ

(ပုံ) စ၀်နွံ၊ လဲချားစ၀်ဖလုံ

(ပုံ) စ၀်စံထွန်း၊ မိုင်းပွန်စ၀်ဖလုံ

(ပုံ) စ၀်ထွန်းဧ၊ သာမိုင်းခမ်းစ၀်ဖလုံ

(ပုံ) ဦးဖြူ၊ သထုံစ၀်ဖလုံ ကိုယ်စားလှယ်

(ပုံ) ခွန်ဖုံး (ကချင်ကိုယ်စားလှယ်၊ မြောက်သီန္နီ)

(ပုံ) ဦးတင်ဧ

(ပုံ) ဦးထွန်းမြင့်

(ပုံ) ဦးကြာပု

(ပုံ) ခွန်စော

(ပုံ) စ၀်ရစ်ဖ

(ပုံ) ခွန်ထီး ကချင်ကော်မတီ

(ပုံ) ဆင်ဝါးနောင်၊ မြစ်ကြီးနား

(ပုံ) ဇော်ရစ်၊ မြစ်ကြီးနား

(ပုံ) ဒိန်ရတန်၊ မြစ်ကြီးနား

(ပုံ) ဇော်လ၊ ဗန်းမော်

(ပုံ) ဇော်လွန်း၊ ဗန်းမော်

(ပုံ) လဗန်ဂရောင်၊ ဗန်းမော် ချင်းကော်မတီ

(ပုံ) ဦးလွှရ်မှုန်း (အေတီအမ်၊ အိုင်ဒီအက်စ်အမ်၊ ဘီအီးအမ်၊ ဖလမ်း)

(ပုံ) ဦးသောင်ဇာခပ် (အေတီအမ်၊ တီးတိန်)

(ပုံ) ဦးကီယိုမန်း (အေတီအမ်၊ ဟားခါး) မြန်မာနိုင်ငံတော်အစိုးရ  

(ပုံ) အောင်ဆန်း ၁၂/၂/၄၇

(ဆက်လက်ဖော်ပြပါမည်)

Writer:
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်)

===========

Eleven Media Group

နောက်လ လခမထုတ်မီအချိန်ထိ လက်ထဲမှာငွေမြဲအောင် ဘယ်လိုလုပ်ကြမလဲ

နောက်လ လခမထုတ်မီအချိန်ထိ လက်ထဲမှာငွေမြဲအောင် ဘယ်လိုလုပ်ကြမလဲ


လကုန်ရက်ကို ရောက်လာပြီဆိုတော့ ဝန်ထမ်းတွေ ပျော်ကြတဲ့နေ့ပေါ့။ တစ်လလုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့သမျှ လစာလေးရလာပြီဆိုတော့ နေရထိုင်ရတာ တက်တက်ကြွကြွလေး ဖြစ်လာပါတယ်။ လခထုတ်ပြီး ၁၀ ရက်အတွင်းမှာပဲ လက်ထဲ အသုံးပြတ်သွားလို့ ချေးငှားသုံးရတာမျိုးတွေ အဖြစ်မခံပါနဲ့။ ငွေအသုံးအစွဲကို ဆင်ဆင်ခြင်ခြင်သုံးမှ ကိုယ့်လက်ထဲ ငွေမြဲမှာပါ။

၁။ ကိုယ့်အကြောင်းကိုယ်သိ

ကိုယ်က ငွေသုံးလွယ်သူလားဆိုတာ ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။ ကိုယ့်ရဲ့လစာဆိုတာ မိုးပေါ်ကကျလာတာမဟုတ်ဘူးလေ။ လိုသမျှဝယ်နေလို့ မဖြစ်ပါဘူး။ ကိုယ့်မှာရှိသမျှနဲ့ ကျေနပ်နေနိုင်ဖို့ ကြိုးစားပါ။ လခရတာနဲ့ လိုချင်သမျှဝယ်လိုက်ပြီး နောက်ရက်တွေမှာ သုံးစရာမရှိတော့တဲ့ဘဝမျိုး အဖြစ်မခံပါနဲ့။ လကုန်ထိ သုံးစရာငွေ လက်ကျန်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကလည်း စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေပါတယ်။

၂။ စိစိစစ်စစ်သုံး

ဘာတွေကုန်လို့ ကုန်သွားမှန်း မသိလိုက်ဘူး ဆိုတာမျိုးလည်း ဖြစ်ရတယ်မဟုတ်လား။ ဖုန်းဘေလ်ဘယ်လောက်သုံးတယ်၊ ဘယ်သူ့ကို ဘယ်လောက်ချေးလိုက်တယ်ဆိုတာတွေကို ရေးမှတ်ထားသင့်ပါတယ်။ ဒီလ ဝင်ငွေဘယ်လောက်၊ သုံးငွေဘယ်လောက် ဆိုတာကို မှတ်ထားမယ်ဆိုရင် နောက်ပိုင်းမှာ မကုန်သင့်တာ မကုန်အောင် ချွေတာနိုင်လာပါလိမ့်မယ်။

၃။ ငွေသားကိုသုံး

ကတ်ကိုကိုင်ထားရင် ပိုသုံးမိပါတယ်။ ငွေသားဆိုတော့ အိတ်ထဲမှာ အများကြီးလည်းမဆံ့တော့ သိပ်အများကြီးမသုံးဖြစ်တော့ဘူးပေါ့။ ငွေချေလို့ရတဲ့ကတ်တွေနဲ့ဆို ဘယ်လောက်သုံးလို့သုံးမိမှန်း သတိမထားမိဘဲ လက်လွှတ်စပယ်သုံးဖြစ်နေရောလေ။

၎။ အပြောင်းအလဲလေးတွေ

ဖြစ်နိုင်ရင် နေ့လယ်စာကို အိမ်စီစဉ်ပေးလိုက်တာကို စားပါ။ နေ့လယ်စာက များများစားတဲ့အချိန်ဆိုတော့ အပြင်မှာစားမယ်ဆို ပိုကုန်ပါတယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကိုလည်း လျှော့ချပါ။ Gym သွားဖို့ အစီအစဉ်မရှိတော့ဘူးဆိုရင် မန်ဘာကြေးကိုလည်း ဆက်သွင်းမနေပါနဲ့တော့။ အသေးသုံးတွေကိုလည်း ဂရုစိုက်ပါ။ ၅၀၀ ၊ ၁၀၀၀ ဆိုပြီး လွယ်လွယ်လေးသုံးမိတာတွေက ပိုများနေမိတာမို့ ငွေဝင်၊ငွေထွက်ကို စာရင်းလုပ်ဖို့ အကြံပေးတာပါ။

၅။ ပိုကြီးတဲ့ပန်းတိုင်

လစာထုတ်ရင် လက်ကိုင်အိတ်အသစ်ဝယ်မယ်၊ ခရီးတိုသွားမယ်လို့ ရည်မှန်းထားတယ်မဟုတ်လား။ အဲ့ဒီအစား အဝတ်လျှော်စက်ဝယ်ဖို့၊ ပြည်ပခရီးသွားဖို့၊ စိန်လက်စွပ်လေးဝယ်ဖို့ စတဲ့ ပိုကြီးတဲ့ပန်းတိုင်ကို ချမှတ်လိုက်ပါ။ ဒီပန်းတိုင်ကို ခေါင်းထဲထည့်ထားပြီး အထက်မှာဖော်ပြထားတဲ့အချက်တွေအတိုင်း အသုံးအစွဲကို ဆင်ခြင်ရပါမယ်။ လွယ်လွယ်နဲ့လည်း မသုံးချင်တော့ဘူးပေါ့။

Source : Money Saving Dude: duuwn


ဝန်ထမ်းအိမ်ရာများ ဖျက်ပြီး ဧရာဝတီတိုင်းလွှတ်တော် တည်ဆောက်ရန်ရှိ

ဝန်ထမ်းအိမ်ရာများ ဖျက်ပြီး ဧရာဝတီတိုင်းလွှတ်တော် တည်ဆောက်ရန်ရှိ


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ရုံးဆောက်ရန် လွှတ်တော်တည်ဆောက်မည့်ဝန်းအတွင်းရှိ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးအိမ်နှင့်ညွန်ကြားရေးမှူးအိမ်သုံးလုံးအား ဖျက်ပြီး လွှတ်တော်ဆောက်လုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

"ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး ဆောက်ဖို့ တိုင်းအစိုးရကို တင်ပြတယ်။ လွှတ်တော်က တင်ပြီး လျာထားသတ်မှတ်ထားတဲ့နေရာ သေချာသလောက်ဖြစ်သွားပြီ။ လွှတ်တော် တည်ဆောက်မယ်။ ဝန်းထဲမှာနေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်တဲ့ တိုင်းအုပ်ချုပ်ရေးမှူးအိမ်၊ နောက်တစ်ခါ ညွန်ကြားရေးမှူးတွေနေတဲ့ အိမ်သုံးလုံးလောက်က  အိမ်တွေ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့အိမ်တွေ ဖြစ်နေတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဖျက်ပစ်မည့် အိမ်နေရာများအတွက် လက်ရှိတွင် စည်ပင်ရိပ်သာတွင် နေရာချထားသည်ဟု သိရသည်။

“ ယိုယွင်းနေတဲ့ အိမ်တွေတော့ဖျက်ပစ်ရမယ် ။ အဲဒီနေရာမှာ လွှတ်တော်ဆောက်မှာဖြစ်တော့ အသစ်ရောက်လာတဲ့ တိုင်းအုပ်ချုပ်ရေးမှူးအသစ်ကို လောလောဆယ်တော့ တိုင်းအုပ်ချုပ်ရေးမှူး နေစရာအိမ် ပေးစရာမရှိလို့ စည်ပင်ရိပ်သာမှာ နေရာချထားပေးတယ်” ဟု စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ရှင်းလင်းပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရန် ပထမလွှတ်တော်သက်တမ်းတွင် ပုသိမ်မြို့၊ရွှေမြင်တင်ကျေးရွာတွင် ရွေးချယ်ခဲ့ပြီး၊ ယခု လွှတ်တော်သက်တမ်းတွင် တိုင်းအဆင့်ဌာနဆိုင်ရာများ အိမ်ရာတွင် လွှတ်တော်တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်သည်။

"နောက်ပိုင်းမှာ တိုင်းအုပ်ချုပ်ရေးမှူးရော၊ အုပ်ချုပ်ရေးဌာနက ညွန်ကြားရေးမှူးအပါအဝင် ဝန်ထမ်းတွေနေဖို့ သင့်တော်တဲ့မြေနေရာရှာပြီး ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးရမဲ့ အနေအထားရှိတယ်”ဟု ဝန်ထမ်းများအိမ်ရာ ဆောက်လုပ်ပေးမည်အခြေအနေအား စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တည်ဆောက်ချိန် နှစ်နှစ်ကြာမြင့်နိုင်ပြီး  ၅.၅ဘီလီယံခန့် ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်းသိရှိရသည်။



Mizzima - News in Burmese


နိုင်ငံတော်၏ ကြွေးမြီစာရင်းတွင် တရုတ်ကို ပေးရမည့် ကြွေးမြီ အများဆုံးဖြစ်

နိုင်ငံတော်၏ ကြွေးမြီစာရင်းတွင် တရုတ်ကို ပေးရမည့် ကြွေးမြီ အများဆုံးဖြစ်


၂၀၁၆ခုနှစ် နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်ပကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉ဘီလီယံနီးပါး(၈,၉၈၉,၈၇၉,၅၄၀ဒဿမ ၃၂) ရှိနေပြီး ကြွေးမြီများအနက် တရုတ်နိုင်ငံကို ပေးဆပ်ရမည့် ပမာဏမှာ အများဆုံးဖြစ်သည်ကို တွေ့ရသည်။

၂၀၁၆ နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်ပကြွေးမြီအရပ်ရပ်မှာ အမေရိကန်ဒေါ်လာ ၉ဘီလီယံနီးပါး ရှိနေပြီး တရုတ်နိုင်ငံကို ပေးဆပ်ရန်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၄ဘီလီယံနီးပါး(၃,၉၅၅,၆၉၇,၅၇၇ဒဿမ ၅၉)အဖြစ် အများဆုံး ဖြစ်သည်။

အဆိုပါ ကြွေးမြီစာရင်းကို ဇန်နဝါရီ ၃၀ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင်ရာခန့်မှန်းခြေစာရင်း၊ ၂၀၁၇ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်ပကြွေးမြီများအနက် တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးအဖြစ် ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ကျန်ငွေမှာ အမေရိကန်ဒေါ်လာ ၂ဘီလီယံနီးပါး(၁,၉၉၈,၆၆၁,၅၀၆ဒဿမ ၈၅)ရှိနေသည်ကို တွေ့ရသည်။

ဦးကျော်ဝင်း၏ လွှတ်တော်သို့ တင်ပြချက်အရ ၂၀၁၆နှစ်ကုန်အထိ နိုင်ငံတော်၏ ပြည်တွင်းကြွေးမြီမှာ မြန်မာကျပ်ငွေ ၁၆,၃၃၄ဘီလီယံ၊ ပြည်ပကြွေးမြီမှာ မြန်မာကျပ်ငွေ ၁၀,၆၅၃ဘီလီယံ ရှိနေသည်။

ပြည်တွင်း၊ ပြည်ပ ကြွေးမြီများနှင့်ပတ်သက်၍ ဝန်ကြီး ဦးကျော်ဝင်းက “ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်ခြင်းနှင့် ကြွေးမြီစီမံခန့်ခွဲမှု ခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီ မှတ်တမ်းတင်ခြင်း၊ ကြွေးမြီ အစီရင်ခံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း” ဟု လွှတ်တော်တွင် ပြောသည်။



Mizzima - News in Burmese


အငှားယာဉ်မောင်း ဦးနေ၀င်း၏ဇနီးတွင် နောက်အိမ်ထောင်မရှိ

အငှားယာဉ်မောင်း ဦးနေ၀င်း၏ဇနီးတွင် နောက်အိမ်ထောင်မရှိ

-
တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုမှာ သေနတ်ပစ်သမားကို လိုက်လံဖမ်းဆီးရင်း သေဆုံးသွားသူ အငှားယာဉ်မောင်းဦးနေ၀င်းရဲ့ဇနီး မစုသက်ခိုင်မှာ နောက်အိမ်ထောင်နဲ့မဟုတ်ကြောင်း၎င်းရဲ့အစ်မ မပန်းအိမွန်ကပြောပါတယ်။
-
“ ကွဲနေလား၊ ကွဲမနေလားဆိုတာ ကျွန်မတို့က အထူးတလည်ရှင်းပြနေဖို့
မလိုဘူး၊ ဒါသူနေတဲ့ပတ်ဝန်းကျင်ပဲ၊ အားလုံးက သူတို့မကွဲဘူး ပေါင်းနေ
တယ်ဆိုတာ သိပါတယ်” လို့ ယနေ့ညနေမှာ  အတည်ပြုပြောကြားပါတယ်။
-
လူမှုကွန်ရက်စာမျက်နှာတွေမှာ ဦးနေ၀င်းရဲ့ဇနီးမှာ နောက်အိမ်ထောင်ရှိ
နေပြီး အငယ်ဆုံး ၄၅ ရက်သားအရွယ် သားငယ်ဟာ နောက်အိမ်ထောင်နဲ
့ရထားတာမဟုတ်ဘဲ ဒီသတင်းတွေဟာ ကောလာဟလတွေသာဖြစ်ကြောင်းနဲ့ တစ်ရပ်ကွက်တည်းအတူနေသူတွေ အသိပဲဖြစ်ကြောင်း မစုသက်ခိုင်ရဲ့ အစ်မဖြစ်သူ မပန်းအိမွန်ကပြောခဲ့တာပဲဖြစ်ပါတယ်။
-
ဦးနေ၀င်းရဲ့ဇနီးကိုထပ်မံမေးမြန်းအတည်ပြုဖို့ကြိုးစားခဲ့ပေမယ့် ပင်ပန်းပြီး နေသိပ်မကောင်းတာကြောင့် အနားယူနေတယ်လို့ မိသားစုဝင်တွေ
ကပြောပါတယ်။
-
ဦးနေ၀င်းကွယ်လွန်ချိန်မှာ ခုနစ်နှစ်အရွယ်၊ သုံးနှစ်အရွယ်နဲ့ ၄၅ ရက်သား
အရွယ် သားသုံးယောက်ကျန်ရှိခဲ့ပြီး နာရေးဖိတ်စာမှာလည်း ‘သားသုံး
ယောက်တို့၏ဖခင်’ လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
-
ကောလာဟလတွေပျံ့နှံ့နေတာကြောင့် ကာယကံရှင်တွေမနစ်နာစေဖို့နဲ့ ပြည်သူတွေသတင်းမှန်သိရှိဖို ခုလိုမေးမြန်းရေးသား
ရခြင်းဖြစ်ပါတယ်။။
========
Mawkun Magazine

လာမည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် လျှော့ချ တောင်းခံ

လာမည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် လျှော့ချ တောင်းခံ

နေပြည်တော်(ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသက်တမ်းအတွင်း ပထမဆုံးတောင်းခံသည့် အသုံးစရိတ်ငွေများအနက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံသည့် အသုံးစရိတ်ပမာဏမှာ ယခင်(၂)နှစ်ထက် လျော့နည်းလာသည်ကို တွေ့ရသည်။

၂၀၁၇-၂၀၁၈ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် အသုံးစရိတ်စုစုပေါင်းမှာ ကျပ်ငွေ ၂၉၀၅ဒဿမ ၁၉၅ ဘီလီယံ ဖြစ်သည်။

ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများက တောင်းခံသည့် အသုံးစရိတ်စုစုပေါင်းမှာ ကျပ်ဘီလီယံ ၂၀,၈၉၆ ဖြစ်ပြီး စုစုပေါင်းအသုံးစရိတ်၏ ၁၃ဒဿမ ၉၅ရာခိုင်နှုန်းဖြစ်သော ကျပ်ငွေ ၂၉၀၅ဒဿမ ၁၉၅ ဘီလီယံအား ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားခြင်း ဖြစ်သည်။

“၂၀၁၇-၂၀၁၈ခုနှစ်အတွက် ဘဏ္ဍာငွေတောင်းခံမှုဟာ ယခင်(၂)နှစ်ထက် လျှော့နည်းလာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြစဉ် ဇန်နဝါရီ ၃၁ရက်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃၀၄၀ဒဿမ၀၈ဘီလီယံဖြစ်ပြီး ၂၀၁၆-၂၀၁၇ခုနှစ်တွင် ကျပ်ငွေ ၂၉၉၀ဒဿမ၅၇ဘီလီယံဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် Power Point ဖြင့် ရှင်းပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် အသုံးစရိတ်များအနက် လစာနှင့် စရိတ်များ၊ ပစ္စည်းများ၊ ပို့ဆောင်ရေး၊ အင်ဂျင်နီယာ၊ စက်ရုံ/အလုပ်ရုံများနှင့် စစ်ဆင်ရေးအတွက် သာမန်အသုံးစရိတ်အဖြစ် ကျပ်ငွေ ၁၆၅၄ဒဿမ ၃၃ဘီလီယံ တောင်းခံထားသည်။ ထိုအထဲတွင် စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း - ၄၂၀၃ဒဿမ ၅၇ တောင်းခံထားသည်ကို တွေ့ရသည်။

ထို့ပြင် ဆောက်လုပ်ရေးအသုံးစရိတ်၊ စက်ပစ္စည်း အသုံးစရိတ်နှင့် အခြားအသုံးစရိတ်တို့ဖြစ်သည့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် ငွေပမာဏမှာ ငွေကျပ် ၁၂၅၀ဒဿမ ၈၆၅ဘီလီယံ ဖြစ်သည်။

အဆိုပါ ငွေလုံးငွေရင်းအသုံးစရိတ်သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ၈၆ဒဿမ ၅၃၃ ဘီလီယံ လျော့နည်း တောင်းခံထားသည်ဟု ဗိုလ်ချုပ် မြင့်နွယ်က လွှတ်တော်တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရငွေအဖြစ် ကျပ်ငွေ ၇၃ဒဿမ ၁၁၁ဘီလီယံ ရရှိမည်ဖြစ်ကြောင့်း  ၂၀၁၇-၂၀၁၈ ရသုံးမှန်းခြေငွေစာရင်းတွင် ဖော်ပြထားသည်။


Sources: : Mizzima

ရေဆန်မြစ်ထဲ ကြယ်ကြွေရတဲ့ခေတ်

ရေဆန်မြစ်ထဲ ကြယ်ကြွေရတဲ့ခေတ်

(၁)

မြရာပင်ထက်မှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

ဆိပ်ဖလူးရနံ့အောက်မှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

ပင်လယ်လှိုင်းသံနဲ့

နာကြည်းတောက်ခေါက်သံတွေ ကြားမှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

အဓိပတိလမ်းပေါ်က

စိန်ပန်းပွင့်တွေထဲမှာ

ရွှေတိဂုံဘုရားခြေရင်းက

ကတ္တရာခင်းထားတဲ့

နှလုံးသားတွေထက်မှာ

ကြယ်တွေကြွေသက်ခဲ့ကြတယ်။

ဖထီးရေ...

ဒီတစ်ခါကြွေတဲ့

ကြယ်ကတော့

သောင်ရင်းမြစ်ပေါ်မှာပဲလေ။

(ဆရာအောင်ဝေး၏ ကြယ်ကြွေရေဆန်ကဗျာမှ)

ဒီကဗျာစာသားလေးတွေကို ဆရာအောင်ဝေးရဲ့ ‘ကြယ်ကြွေ ရေဆန်’ကဗျာထဲက ကောက်နုတ် ထားတာပါ။ ကရင်တော်လှန်ရေး ခေါင်းဆောင် ဖဒိုမန်းရှာအား ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်တွင် မသမာသူလူတစ်စုက လုပ်ကြံ သတ်ဖြတ်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်း က စတင်ပြီး အာဏာရှင်ဆန့်ကျင်ရေး၊ ကရင်အပါအ၀င် မြန်မာပြည်သူလူထုလွတ်မြောက်ရေးတို့အ တွက် စွမ်းစွမ်းတမံကြိုးပမ်းခဲ့သူ ဖဒိုမန်းရှာအတွက် ဆရာအောင် ဝေးက ရင်နင့်ကြေကွဲစွာ ရေးစပ် ခဲ့တဲ့ ကဗျာရှည်တစ်ပုဒ် ဖြစ်ပါ တယ်။

 ဆရာ့ရဲ့ ကဗျာကို သက်ဝင်ခံစားရင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းတစ်လျှောက်မှာ နေရာအ မျိုးမျိုး၊ အချိန်အခါအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကြွေခဲ့ရတဲ့ ကြယ် တွေမရေမတွက်နိုင်လိုက်အောင် များပြားလှပါလားလို့ ညည်းတွားမိပါတယ်။

သက်ဦးဆံပိုင်ပဒေသရာဇ် ခေတ်ကို ခဏမေ့ထားပြီး ခေတ် သစ်မြန်မာ့သမိုင်းကို လေ့လာမယ် ဆိုရင်တောင်မှ နိုင်ငံရေးပြဿနာ အရပ်ရပ်ကို ဖြေရှင်းရာမှာ စားပွဲ ၀ိုင်းမှာထိုင်ပြီး ဆွေးနွေးငြင်းခုံဖြေ ရှင်းရမယ့်အစား ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လက်မခံတော့တဲ့ သတ်ဖြတ်သုတ်သင်တဲ့ နည်းကို ခပ်လွယ်လွယ် သုံးခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာ့ လွတ်လပ်ရေးအတွက် အလွန်အ ရေးကြီးတဲ့ကာလ၊ အကူးပြောင်းကာလမှာ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရပါတယ်။ လွတ်လပ်ရေးရ ပြီးချိန်ကနေ ယနေ့အချိန်အထိ ပြန်ပြောင်းစဉ်းစားမယ်ဆိုရင်လည်း သွေးစွန်းတဲ့ အဖြစ်အပျက်တွေက ဒုနဲ့ ဒေးပါပဲ။၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးဟာ မျက်မှောက်ခေတ် မြန်မာ့သမိုင်းအတွက် အကြီးမားဆုံးလုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပါတယ်။

 ဆရာအောင်ဝေးကတော့ သူဖြတ်သန်းခဲ့တဲ့ သွေးစွန်းတဲ့ အ ဖြစ်အပျက်တွေနဲ့ ခေတ်ကို ‘ရေ ဆန်မြစ်ထဲကြယ်ကြွေရတဲ့ခေတ်’လို့ သူ့ရဲ့  ကြယ်ကြွေရေဆန် ကဗျာမှာ တင်စားခဲ့ပါတယ်။ မှန်ပါတယ်။အကောင်းဘက်ကို ဦးတည်တဲ့ တိုင်းပြည်ရဲ့ ရေဆန်လမ်းမှာ ကြွေလွင့်ခဲ့ရတဲ့ ကြယ်တွေ မရေမတွက်နိုင်အောင်ပါပဲ။

(၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရရဲ့ မူဝါဒတွေဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက် ဒရယ်ပြည်ထောင်စုပေါ်ပေါက် လာရေးစတာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ တိုက် ရိုက်ပတ်သက်နေတဲ့ အရာတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးထား ခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်းဖွဲ့ စည်းထားတဲ့ ညီညွတ်သော တိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အနေနဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ရဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ ခုနစ်ရပ်ကို လက်တွေ့ကျကျအကောင်အထည်ဖော်ရာမှာ အ ပြုသဘော ဆောင်ချဉ်းကပ်ပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ဇန်န၀ါရီ ၇ ရက်က သဘောထားကြေညာချက်ထုတ် ပြန်ခဲ့ပါတယ်။ UNFC ရည်ညွှန်းခဲ့ တဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး မူဝါဒ ခုနစ်ရပ်ကတော့ (၁) နိုင်ငံ ရေးဆွေးနွေးမှု မူဘောင်ပြန်လည် သုံးသပ်ခြင်း၊ (၂) နိုင်ငံရေးဆွေး နွေးမှုမူဘောင်ပြန်လည်ပြင်ဆင် ခြင်း၊ (၃) ပြင်ဆင်အတည်ပြုပြီး သော နိုင်ငံရေးဆွေးနွေးမှုမူဘောင်နှင့် အညီ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပခြင်း၊ (၄) ၂၁ ရာစုပင်လုံ ညီလာခံရလဒ်များအား စုစည်းပြီး  ပြည်ထောင်စုသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း၊ (၅) ပြည် ထောင်စု သဘောတူညီချက်နဲ့ အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးဆွဲအတည်ပြုခြင်း၊ (၆) ပြင်ဆင်ရေးသား အတည်ပြုပြီး ဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ပါတီစုံဒီမိုကရေစီ အထွေ ထွေ ရွေးကောက်ပွဲများကျင်းပ ခြင်း၊ (၇) ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲရလဒ်နှင့်အညီ ဒီမိုက ရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုတဲ့ အချက် တွေပဲ ဖြစ်ပါတယ်။ ဒီမူဝါဒတွေကိုနိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၂၀၁၆ အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပခဲ့တဲ့ NCA လက် မှတ်ရေးထိုးခြင်း တစ်နှစ်ပြည့် နှစ် ပတ်လည်အခမ်းအနားမှာ ရှင်း လင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဖွဲ့စည်းပုံ အ ခြေခံဥပဒေပြင်ဆင်ရေးဟာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နဲ့အတူ ကျွဲ ကူးရေပါပါဝင်လာတော့မှာ ဖြစ် ပါတယ်။

(၃)

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်လည်းဖြစ်၊ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းကတော့ ‘ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား လုံးအကြောက်တရားကင်းရန်လို ပြီး ကြောက်နေလျှင် ပြင်ဆင်၍ မရနိုင်ကြောင်း’ ပြောကြားခဲ့ပါ တယ်။

ရန်ကုန်မြို့ MICT Park မှာ ဇန်န၀ါရီ ၂၈ ရက်က ကျင်းပခဲ့တဲ့ Barcamp Yangon 2017 မှာ လူ ငယ်တစ်ဦးရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့် သွင်း ပြောဆိုခဲ့တာ ဖြစ်တယ်လို့သတင်းတွေမှာ မှတ်သားရပါတယ်။

နောက်တစ်နေ့ ဇန်န၀ါရီ ၂၉ ရက်မှာတော့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာအကြံ ပေးရှေ့နေကြီး ဦးကိုနီဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ပြီး လုပ်ကြံတာခံခဲ့ ရတယ်ဆိုတဲ့ သတင်းကို စိတ်မ ကောင်းကြီးစွာ ကြားသိခဲ့ရပါ တယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအတွက် အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်တိုးဖို့ ဆောင်ရွက်နေကြချိန်မှာ ဒီလိုမျိုး သွေးစွန်းတဲ့ လုပ်ကြံမှုမျိုး ဟာ အလွန်အင်မတန်အကျည်း တန်ရုပ်ဆိုးလွန်းလှပါတယ်။ တစ် ပြိုင်နက်တည်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကျွဲကူးရေပါ တွဲဖက်ဖြစ်ထွန်းလာရမယ့် ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးအတွက် ထဲထဲဝင်ဝင်၊ စစ်စစ်ပေါက်ပေါက်၊ခြေခြေမြစ်မြစ်အကြံပေးနိုင်မယ့် သူတစ်ဦး အလုပ်ကြံခံလိုက်ရခြင်း ဟာ နိုင်ငံအတွက်၊ ပြည်သူအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါ တယ်။ အခုချိန်ထိ ဘာကြောင့် လုပ်ကြံခံရတယ်၊ လုပ်ကြံသူဟာ ဘယ်သူဖြစ်တယ်၊ နောက်ကွယ် မှာ ဘယ်သူတွေရှိတယ် စသည် ဖြင့် တိကျသေချာတဲ့ အဖြေကို ရှာ မတွေ့သေးတာမို့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရနိုင်သေးပေမယ့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီအကူးအပြောင်းအ တွက် လက်နက်ကိုင်အကြမ်းဖက် ခြင်းဟာ မှန်ကန်ကောင်းမွန်တဲ့ အဖြေကို ရှာဖွေနိုင်မှာ မဟုတ်ဘူး ဆိုတာကတော့ အသေအချာပါ ပဲ။

(၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရရဲ့ မူဝါဒ (၃) ရပ်၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးမူဝါဒ (၇) ရပ်တို့ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဖြတ်သန်းရမယ့် ရေဆန်လမ်းဖြစ် ပါတယ်။ အဲဒီရေဆန်မြစ်ထဲမှာ ဦးကိုနီဆိုတဲ့ ကြယ်တစ်ပွင့်က တော့ဖြင့် ကြွေလွင့်ခဲ့ရပြန်ပါပြီ။ တကယ်လို့များ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူဟာ သူရူးတစ် ယောက်မဟုတ်ခဲ့ဘဲ သူကိုယ်တိုင် က ဖြစ်စေ၊ သူ့ကိုစေခိုင်းသူတွေ က ဖြစ်စေ တိုင်းပြည်ရဲ့ လမ်း ကြောင်းကို ရွေ့စောင်းစေဖို့ ရည် ရွယ်ပြီး ဒီလိုသွေးစွန်းတဲ့ တနင်္ဂနွေကို ဖန်တီးခဲ့ကြတာဆိုရင် သူတို့ ဟာ အကြောက်တရားက မနိုးထ နိုင်သေးတဲ့ သူရဲဘောကြောင်သူ တွေဖြစ်ပါလိမ့်မယ်။ အဲဒီသူရဲ ဘောကြောင်သူဟာ သူကိုင်ထား တဲ့ သေနတ်ပြောင်းဝမှာ ပန်းတွေ ပွင့်လာမှာကို တွေးပြီး ကြောက် နေတဲ့သူ ဖြစ်ပါတယ်။    ။

Sources: : 7Day News Journal

မန္တလေးနန်းမြို့ရိုးအား အကြီးစားပြုပြင်ရန် ဆောင်ရွက်နေ

မန္တလေးနန်းမြို့ရိုးအား အကြီးစားပြုပြင်ရန် ဆောင်ရွက်နေ

မန္တလေးမြို့ နှစ်ပေါင်း(၁၅၀)ကျော်သက်တမ်းရှိပြီဖြစ်သော မန္တလေးနန်းမြို့ရိုးသည် ယခုအချိန်တွင်ပျက်စီးယိုယွင်းမှု များဖြစ်ပေါ်နေသဖြင့် အကြီးစားပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ တင်ပြရန်ဆောင်ရွက်ဆဲဖြစ်ပြီး ယခုချိန်တွင် ပထမအဆင့်အဖြစ် နန်းမြို့အုတ်ရိုးရှိ ရေညှိများနှင့် ချုံနွှယ်အပင်များအား ရှင်းလင်းမှုများပြုလုပ်နေကြောင်း သိရသည်။

‘‘မန္တလေးနန်းမြို့ရိုးပြုပြင်ခွင့်ရဖို့အတွက် တပ်မတော်စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကနေ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြဖို့ဆောင်ရွက်နေဆဲပါ။ ဘယ်အချိန်စပြင်ရမလဲဆိုတာမသိသေးဘူး။ ခွင့်ပြုချက်ရမှဆက်လုပ်ရမှာ။ ပြုပြင်တဲ့ဘတ်ဂျတ်က လည်း တပ်မတော်ကပဲ အကုန်အကျခံပြီးလုပ်သွားမှာပါ။ အခုဟာက ပထမအဆင့်အနေနဲ့ အုတ်ရိုးမှာရှိတဲ့ရေညှိတွေနဲ့ ချုံနွှယ်အပင်တွေကို ရှင်းလင်းနေတယ်။’’ဟု ရှေးဟောင်းသုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။

“တပ်ချုပ်ကြီးမန္တလေးလာတုန်းက နန်းမြို့ရိုးကိုသန့်ရှင်းရေးလုပ်နေတဲ့
အပိုင်းကိုတော့ကြည့်သွားတယ်။ ရှေးဟောင်းနဲ့ပူးပေါင်းပေါင်းရွက်ဖို့လည်း မှာကြားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ အကြီးစားပြုပြင်ဖို့ အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကိုစာတင်ဖို့လုပ်ဆောင်ထားတယ်။ တင်ပြစာက ကျွန်တော်တို့ဆီကပို့လိုက်ပြီ ကကထောက်ကနေတစ်ဆင့် ထပ်ပြီးလုပ်ဆောင်ဖို့ပဲကျန်တော့တယ်။”ဟု တပ်မတော်စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးနန်းမြို့ရိုးအုတ်နံရံများပြုပြင်ရန်အတွက် တပ်မတော်အင်ဂျင်နီယာမှူးရုံး၊ ရှေးဟောင်းသုတေသနဋ္ဌာနနှင့် အုတ်အဆောက်အအုံထိန်းသိမ်းမှုကျွမ်းကျင်သူများ(ပုဂံ)တို့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်သွားမည်ဖြစ်ကြောင်းသိရသည်။

စိုင်းထူးခန့်
News Watch

ထရမ့်ရဲ့ မူဝါဒကို ဝေဖန်တဲ့ ရှေ့နေချုပ် အထုတ်ခံရ

ထရမ့်ရဲ့ မူဝါဒကို ဝေဖန်တဲ့ ရှေ့နေချုပ် အထုတ်ခံရ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်မှု မူဝါဒရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့တဲ့ ယာယီ ရှေ့နေချုပ် ဆယ်လီရက်စ် တယောက် အလုပ်ကနေ အထုတ်ခံလိုက်ရပါတယ်။

ဆယ်လီရက်စ်ဟာ ဒီရာထူးကို အရင် သမ္မတ အိုဘားမား လက်ထက်က ရရှိခဲ့တာပါ။

သမ္မတသစ် ထရမ့်ရဲ့ သမ္မတ အခွင့်အာဏာနဲ့ အသစ်ထုတ်ပြန်ထားတဲ့ မူဝါဒတွေကို ကျင့်သုံးခြင်းမရှိဖို့ တရားရေးဌာနက ရှေ့နေတွေကို ဆယ်လီရက်စ်က အစောပိုင်းမှာ ညွန်းကြားခဲ့ပါတယ်။

ဆယ်လီရက်စ် က သူမ ရှေ့နေချုပ် ရာထူး တာဝန် ထမ်းဆောင်နေသရွေ့ ဒီ မူဝါဒသစ်ကို မကျင့်သုံးစေရဘူးလို့ ထုတ်ပြန်ချက် ထုတ်ပြီးနောက် နာရီပိုင်း အတွင်းမှာပါ ထရမ့်က သူမ ကို ရာထူးက ထုတ်ပယ်လိုက်တာပါ။

အိမ်ဖြူတော် သမ္မတရုံးက ထုတ်ပြန်ချက်မှာ ဆယ်လီရက်စ်ဟာ သူ့ဌာနအပေါ်မှာ သစ္စာဖောက်ခဲ့တယ်လို့ အကြောင်းပြထားပါတယ်။

ပြည်ထောင်စုရဲ့ ယာယီ ရှေ့နေချုပ်အဖြစ် ဗာဂျီးနီးယား ပြည်နယ် အရှေ့ပိုင်းခရိုင် ရှေ့နေ ဒေနာဗွန်တီ ကို ထရမ့်က ခန့်လိုက်ပါတယ်။

သမ္မတ ထရမ့်ရဲ့ လူဝင်မှုဆိုင်ရာ မူဝါဒ အသစ်တွေကို အကောင်အထည် ဖော်ဖို့ ဒေနာဗွန်တီက သူ့ဌာနကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ထရမ့်ရဲ့ မူဝဒါအသစ်မှာ မွတ်ဆလင် အများစုရှိ နိုင်ငံခုနှစ်နိုင်ငံက နိုင်ငံသားတွေရဲ့ အမေရိကန်ပြည်ဝင်ခွင့်ကို ယာယီ ပိတ်ပင်ထားပါတယ်။

ဒီကန့်သတ်မှုကို တန်ပြန် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း အမေရိကန်ပြည်ထောင်စု တဝှမ်းနဲ့ နိုင်ငံရပ်ခြားက လမ်းမတွေပေါ် ဖြစ်ပေါ်နေပါတယ်။

BBC Burmese

ဒုသမ္မတ ဦးဆောင်တဲ့ ကော်မရှင် အစီရင်ခံစာ တင်ပြဖို့ရက် တိုးမြှင့်သတ်မှတ်

ဒုသမ္မတ ဦးဆောင်တဲ့ ကော်မရှင် အစီရင်ခံစာ တင်ပြဖို့ရက် တိုးမြှင့်သတ်မှတ်

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဒီနေ့ တင်ပြရမယ့် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို သမ္မတအမိန့်နဲ့ နောက်ထပ် ရက်တိုးသတ်မှတ်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်အသစ်တွေ ထူးခြားချက်အသစ်တွေ ထပ်ပေါ်ပေါက်နေတာကို ဆက်လက်စုံစမ်းစစ်ဆေးဖို့ ရှိနေသေးတာကြောင့် ရက်တိုးမြှင့်လိုက်တာလို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောပါတယ်။

''ခုနောက်ပိုင်းမှာ စွပ်စွဲချက်တွေက အသစ်ထပ်ပေါ်လာတယ်၊ ထူးခြားချက်တွေလည်း တချို့ပေါ်လာတာရှိတဲ့အခါမှာကျတော့ အဲဒါတွေကို ထပ်စုံစမ်းဖို့လိုအပ်သေးတယ်၊ မပြည့်စုံမှာစိုးရိမ်တဲ့အတွက် ဒါကို ထပ်တိုးလိုက်တာပါခင်ဗျ''

အစီရင်ခံစာ အပြီးသတ်တင်ပြရမယ့်ရက်ကို အတိအကျသတ်မှတ်ထားတာ မရှိသေးသလို မောင်တောဒေသကို နောက်ထပ်ကွင်းဆင်းစစ်ဆေးဖို့အတွက်လည်း ဆွေးနွေးရဦးမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က အဲဒီကော်မရှင်ကို သမ္မတဦးထင်ကျော်က ဖွဲ့စည်းပေးခဲ့ပြီး ဒုသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တချို့ ပါဝင်ကြပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဇန်နဝါရီလ ၃၁ ရက် ဒီနေ့မှာ နိုင်ငံတော်သမ္မတထံ အပြီးသတ် အစီရင်ခံစာကို တင်ပြရမယ်လို့ အရင်က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Photo: Myanmar President Office FB

( ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပစဉ် )

RFA

မြစ်ဆုံစီမံကိန်းအပါအဝင် ဆည်စီမံကိန်း ၇ခုကို ရပ်ဆိုင်းဖို့ မြစ်ကြီးနားမှာ ဆန္ဒပြတောင်းဆို

မြစ်ဆုံစီမံကိန်းအပါအဝင် ဆည်စီမံကိန်း ၇ခုကို ရပ်ဆိုင်းဖို့ မြစ်ကြီးနားမှာ ဆန္ဒပြတောင်းဆို

ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း အားလုံးကို ရပ်ဆိုင်းပြီး မူလနေရပ်မှာ အမြန်ဆုံးပြန်လည်နေထိုင်လိုကြောင်း တန်ဖရဲ၊ မလိယန် စတဲ့ မြစ်ဆုံဒေသခံ ၂၀ ကျော်က မြစ်ကြီးနားမြို့ Palm Spring Hotel ရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းကို တိုက်တွန်းတဲ့ အစည်းအဝေးလုပ်နေတာကြားလို့ ဆန္ဒပြတာဖြစ်ကြောင်း ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် အောင်မြင်သာကျေးရွာမှာ ပြောင်းရွှေ့ခံထားရတဲ့ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် က ပြောပါတယ်။

နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး ဧရာဝတီမြစ်ဝှမ်းဒေသ ဘက်ပေါင်းစုံမှာ ပါဝင်ပတ်သက်နေသူတွေရဲ့ အခြေခံတိုင်းတာချက်တွေအပေါ်မှာ ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို Palm Spring Hotel မှာ ဒီနေ့ ကျင်းပနေတာဖြစ်ပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရေအားလျှပ်စစ်ကဏ္ဍရဲ့ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ချက် SEA ကို ဖွံ့ဖြိုးစေဖို့အတွက် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတာလို့ သိရပါတယ်။

ဆန္ဒပြသူတွေက ဧရာဝတီမြစ် ထာဝစဉ်လွတ်လပ်စွာစီးဆင်းရေး၊ ဒေသခံများမူလနေရာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး၊ ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း လုံးဝရပ်ဆိုင်းရေး စတဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြတာပါ။

မြစ်ဆုံစီမံကိန်းကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဆက်လုပ်ဖို့ မစဉ်းစားသင့်ကြောင်း အဲဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အစိမ်းရောင်အလင်းတန်းများအဖွဲ့က ဦးဘရန်အောင် က ပြောပါတယ်။

မေခ နဲ့ မလိခပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာကြီးတစ်ခု နဲ့ မေခ၊ မလိခ မြစ်လက်တက်တွေက ဆည်တွေအပါအဝင် စုစုပေါင်း စီမံကိန်းခုနှစ်ခုလုံးကို လုံးဝ ဖျက်သိမ်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။

Photo: Kyaw Myo Min/RFA

(  ဧရာဝတီမြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လုံးဝရပ်ဆိုင်းရေး မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က Palm Spring Hotel ရှေ့မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က တန်ဖရဲ-မြစ်ဆုံ ဒေသခံတွေ စုပေါင်းဆန္ဒပြကြစဉ်။ )

RFA

ဂိမ်းဆိုင်ဝန်ထမ်းတွေကို အမှုဖွင့်ဖမ်းဆီးထားမှု မိသားစုဝင်တွေ ရှင်းလင်း

ဂိမ်းဆိုင်ဝန်ထမ်းတွေကို အမှုဖွင့်ဖမ်းဆီးထားမှု မိသားစုဝင်တွေ ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ City Center Game ဆိုင်က ဝန်ထမ်း ၁၉ဦးကို လောင်းကစားဒိုင်အဖြစ် အမှုဖွင့်ဖမ်းဆီးထားတဲ့အကြောင်း ဖမ်းဆီးခံထားရတဲ့ ၀န်ထမ်း ၁၉ ဦးရဲ့ မိသားစုဝင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂိမ်းဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို အမှုဖွင့်တာမရှိဘဲ ဆိုင်ဝန်ထမ်း ၁၉ ဦးကို လောင်းကစားဒိုင်အဖြစ် သတ်မှတ်ပြီး လောင်းကစားဥပဒေပုဒ်မ ၁၄(က) နဲ့ အမှုဖွင့်ထားတယ်လို့ ဖမ်းဆီးခံထားရသူတွေထဲက မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုကျော်ခိုင်ဝင်း က ပြောပါတယ်။

City Center Game ဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၁၁ရက်နေ့ ညနေ ၅ နာရီမှာ  ဝင်ရောက်စစ်ဆေးချိန် ဆိုင်အတွင်းရှိနေတဲ့ ကစားသူ ၄၈ ဦးနဲ့ ဆိုင်ဝန်ထမ်း ၁၉ ဦးကို ဖမ်းဆီးပြီး ကစားသူ ၄၈ ဦးကို အာမခံနဲ့ ပြန်လွှတ်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ဂိမ်းဆိုင်မှာ သန့်ရှင်းရေးလုပ်ကိုင်တဲ့ ဝန်ထမ်းတွေလည်း ပါဝင်ဝပီး ၀န်ထမ်း ၁၉ ဦးကို အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။

Photo - Kaung Htet Kyaw/RFA

( ဖမ်းဆီးခံထားရတဲ့ စီးတီးစင်တာ ဂိမ်းဆိုင် ဝန်ထမ်း ၁၉ ဦးရဲ့ မိသားစုဝင်တွေကို ဇန်နဝါရီလ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် )

RFA

မြန်မာအလုပ်သမား ၈ဝ ကို မြန်မာနိုင်ငံပြန်ပို့ဖို့ ထိုင်းတရားရုံး အမိန့်ချ

မြန်မာအလုပ်သမား ၈ဝ ကို မြန်မာနိုင်ငံပြန်ပို့ဖို့ ထိုင်းတရားရုံး အမိန့်ချ

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ထားဝယ်မြို့မှာ နိုင်ငံကူးလက်မှတ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား ၈၀ ကို နယ်မြေဖြတ်ကျော်မှုနဲ့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဒီကနေ့မှာ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ထိုင်းတရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နယ်မြေဖြတ်ကျော်တဲ့ အလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အမိန့်ချလိုက်တာကြောင့် အလုပ်သမားတွေ နစ်နာမှုတွေအများကြီးရှိတဲ့အတွက် ပြန်ပို့မခံရရေး ကြိုးစားနေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"အဓိကက နယ်ကျော်မှုပေါ့။ သူတို့က သံရုံးထောက်ခံစာတစ်ခုတည်းပါတယ်။ အလုပ်ရှင်ထောက်ခံစာနဲ့ ခရီးသွားထောက်ခံစာ မပါတဲ့အတွက် ဖမ်းလိုက်တာပါ။ တရားရုံးကနေ အမိန့်ချလိုက်တယ် မြန်မာပြည်ပြန်ရမယ်ဆိုပြီးတော့ အဲ့ဒါကို ကျွန်တော်တို့အဖွဲ့တွေက လာညှိနိုင်းတယ်ပေါ့နော်။ ဒီအလုပ်သမားတွေကို မြန်မာပြည်မပြန်ပို့ပါနဲ့ ။ ပွဲစားတွေယူထားတဲ့ ပိုက်ဆံတွေကို ပြန်တောင်းချင်တယ်။ ပွဲစားတွေကို ပြန်ဖမ်းချင်တယ်ဆိုတာကို အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ အလုပ်သမား သံအရာရှိတို့က ပြန်သွားပြီ။ အလုပ်သမားသံအရာရှိတို့က နှစ်နိုင်ငံချစ်ကြည်ရေးဆိုတာကို ခေါင်းစဉ်တပ်ပြီးတော့ ဥပဒေအတိုင်းပဲ လုပ်မယ်ဆိုပြီးတော့၊ ဥပဒေအတိုင်းဆိုရင် ကျွန်တော်တို့ မြန်မာအလုပ်သမားက နစ်နာသွားပြီလေ။ ပွဲစားတွေယူသွားတဲ့ ပိုက်ဆံတွေ ပြန်မရမယ့်အပြင် မြန်မာပြည်ကိုလည်း ပြန်ရောက်မယ်။ ပန်းရောင်ဘတ်တွေလည်း ပြန်သိမ်းခံရမယ်။ သူတို့ဥပဒေအတိုင်းဆိုရင် ထောင်လည်း ၄၈ ရက်လောက် ကျဦးမယ်"

အဲဒီအလုပ်သမားတွေဟာ ဘန်ကောက်မြို့နဲ့ မဟာချိုင်က စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့သူတွေဖြစ်ပြီး မြန်မာနိုင်ငံ ထားဝယ်မြို့မှာ နိုင်ငံကူးလက်မှတ် ပြန်လုပ်ဖို့အတွက် လာတဲ့လမ်းမှာ နခွန်ပထုံရဲစခန်းကနေ နယ်မြေဖြတ်ကျော်မှုနဲ့ မနေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် အလုပ်သမားတွေက ပွဲစားတွေကို ဘတ်ငွေ တစ်သောင်းလောက်ပေးကြရတယ်လို့လည်း ပြောပါတယ်။

ဖမ်းမိထားတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရရှိတဲ့ ပန်းရောင်ကတ် သက်တမ်းမကုန်သေးတဲ့သူတွေဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ နယ်မြေထက်ကျော်လွန်ပြီး မသွားရဆိုတဲ့ သတ်မှတ်ချက်နဲ့ အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

Photo: Ye Min - ACC

( ထိုင်းနိုင်ငံမှာ နယ်မြေဖြတ်ကျော်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာတွေကို ဇန်နဝါရီလ ၃၁ ရက်နေ့က  တွေ့ရစဉ်)

Sources:RFA

ဒီနေ့ စာရင်းရှင်းတမ်းပါ အမျိုးတို့........

ဒီနေ့ စာရင်းရှင်းတမ်းပါ အမျိုးတို့........

ဘဏ်စာရင်း အဝင် + AYA Bank မှ သိန်း တရာ + Bella Cosmetic မှ သိန်း တရာ...... စုစုပေါင်း ...... ၆၂,၄၂၅,၃၄၀ /-

194. စေတနာရှင်တဦး - ၅၀,၀၀၀ ကျပ်
195. ဒေါ်ညွန့်ညွန့်စံ - ၁၀၀,၀၀၀ ကျပ်
196. ဦးနေလင်းအောင် - ၆၅,၀၀၀ ကျပ်
197. ကိုရန်သိန်းအောင်- ၃၀,၀၀၀ ကျပ်
198. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
199. ကိုရန်နောင် - ၁၀၀,၀၀၀ ကျပ်
200. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
201. ဦးစောကြင်စိန်+ဒေါက်တာဝင်းမာစိုး-၁၀၀,၀၀၀ ကျပ်
202. ဦးစောဝင်း -၁၀၀,၀၀၀ ကျပ်
203. မင်းမင်းထွဋ်-၂၀,၀၀၀ ကျပ်
204. စေတနာရှင်တဦး - ၃၀၀,၀၀၀ ကျပ်
205. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
206. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
207. မင်းသုတ -၂၀,၀၀၀ ကျပ်
208. အောင်ကျော်ထွန်း - ၃၀,၀၀၀ ကျပ်
209. ဒေါက်တာကျော်သက်စိုး -၇၀,၀၀၀ ကျပ်
210. ဒေါက်တာမြတ်ကောင်း -၁၀၀,၀၀၀ ကျပ်
211. ကိုတိုးအောင် - ၇၁၉,၁၄၀ ကျပ်
212. စေတနာရှင်တဦး -၁၀၀,၀၀၀ ကျပ်
213. ကြည်ပြာစတိုး -၂၀၀,၀၀၀ ကျပ်
214. ကိုသိုက်လွင် - ၅၀,၀၀၀ ကျပ်
215. ဦးကျော်ဆွေမြင့်- ၅၅,၀၀၀ ကျပ်
216. K Nay Family - ၁၀၀,၀၀၀ ကျပ်
217. စေတနာရှင်တဦး - ၅၀,၀၀၀ ကျပ်
218. စေတနာရှင်တဦး - ၅၀,၀၀၀ ကျပ်
219. ဦးခင်မောင်ရီ - ၂၀,၀၀၀ ကျပ်
220. ဒေါ်နန်းခမ်းအေး - ၂၀,၀၀၀ ကျပ်
221. စေတနာရှင်တဦး(sg) - ၂၀၀,၀၀၀ ကျပ်
222. စေတနာရှင်တဦး - ၂၀,၀၀၀ ကျပ်
223. စေတနာရှင်တဦး- ၂၀၅,၀၀၀ ကျပ်
224. စေတနာရှင်တဦး- ၁၅,၀၀၀ ကျပ်
225. အောင်ဇော်စိုး@ကိုဖြိုး (auto top power)- ၅၀၀,၀၀၀ ကျပ်
226. ကိုဟိန်း - ၁၀၀,၀၀၀ ကျပ်
227. စေတနာရှင်တဦး - ၂၀,၀၀၀ ကျပ်
228. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
229. ရှင်းသန့် - ၅၀,၀၀၀ ကျပ်
230. ဦးလှိုင်ဝင်း+ဒေါ်စန်းစန်း- ၁၀၀,၀၀၀ ကျပ်
231. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
232. စေတနာရှင်တဦး - ၅၀,၀၀၀ ကျပ်
233. ဒေါ်မျိုးမျိုးမြတ် - ၁၀၀,၀၀၀ ကျပ်
234. စေတနာရှင်တဦး - ၂၀,၀၀၀ ကျပ်
235. ဦးမျိုးသူ - ၃၀,၀၀၀ ကျပ်
236. ဦးသန်းဝင်း+ဒေါ်တင်မာဝင်း - ၅၀,၀၀၀ ကျပ်
237. စေတနာရှင်တဦး - ၁,၅၀၀,၀၀၀ ကျပ်
238. မထက်ထက်မိုးဝင်း - ၁,၀၀၀,၀၀၀ ကျပ်
239. အေးစည်  - ၆၀,၀၀၀ ကျပ်
240. စေတနာရှင်တဦး - ၅၀,၀၀၀ ကျပ်
241. ဦးထွန်းဝင်းနိုင် - ၁၀,၀၀၀ ကျပ်
242. ဦးကျော်ခိုင်စော(ဝက်လက်မြို့)- ၅၀,၀၀၀ ကျပ်
243. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
244. စေတနာရှင်တဦး - ၁၀၀,၀၀၀ ကျပ်
245. စေတနာရှင်တဦး - ၂၀,၀၀၀ ကျပ်
246. ဒေါ်မာလာသန်း - ၅၀,၀၀၀ ကျပ်
247. ဦးကျော်ဆွေဦး - ၅၀,၀၀၀ ကျပ်
248. ဦးအောင်ကျော်ရှိန် - ၇၀,၀၀၀ ကျပ်
249. စေတနာရှင်တဦး - ၁၀၀,၀၀၀ ကျပ်
250. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
251. FR Aung Chit - ၅၀,၀၀၀ ကျပ်
252. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
253. အောင် - ၅၀,၀၀၀ ကျပ်
254. လင်းထက်အောင်(sg) - ၃၀,၀၀၀ ကျပ်
255. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
256. စေတနာရှင်တဦး - ၅၀,၀၀၀ ကျပ်
257. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
258. စေတနာရှင်တဦး - ၃၀,၀၀၀ ကျပ်
259. စေတနာရှင်တဦး - ၁၀၀,၀၀၀ ကျပ်
260. စေတနာရှင်တဦး - ၅၀,၀၀၀ ကျပ်
261. စေတနာရှင်တဦး - ၁၀၀,၀၀၀ ကျပ်
262. စေတနာရှင်တဦး - ၁၀,၀၀၀ ကျပ်
263. စေတနာရှင်တဦး - ၁၀၀,၀၀၀ ကျပ်
264. စေတနာရှင်တစ်ဦး - 3,000 ကျပ်
265. စေတနာရှင်တစ်ဦး - 350,000 ကျပ်
266. စေတနာရှင်တစ်ဦး - 10,000 ကျပ်
267. စေတနာရှင်တစ်ဦး - 10,000 ကျပ်
268.ဦးသူရလွင်           - 100,000 ကျပ်
269.ဦးစွမ်းထက်လွင်     - 100,000 ကျပ်
270. မဇင်မာငြိမ်း         - 200,000 ကျပ်
271.ဦးအောင်ကြီးမိသားစု- 30,000 ကျပ်
272. စေတနာရှင်တစ်ဦး - 10,000 ကျပ်
273.မဆွေဆွေနိုင်        - 50,000 ကျပ်
274.ဦးအေးပို+ဒေါ်မြင့်မြင့်သန်း - 200,000 ကျပ်
275. စေတနာရှင်တစ်ဦး - 10,000 ကျပ်
276.ကိုမြတ်ထွဋ်           - 20,000 ကျပ်
277.မခင်ခင်ဆွေမိသားစု - 100,000 ကျပ်
278. စေတနာရှင်တစ်ဦး - 20,000 ကျပ်
279. စေတနာရှင်တစ်ဦး - 10,000 ကျပ်
280.ကိုဖုန်းမြင့်အောင်      - 100,000 ကျပ်
281.ကိုထွန်းအောင်+ မမြလွင် - 25,000 ကျပ်
282.မခင်မိုးဖြူ                - 50,000 ကျပ်
283.Dr.အောင်မျိုးနိုင်+Dr.ခင်သီတာအောင်၊မောင်ရှင်းခန့်လင်း            - 30,000 ကျပ်
284.ကိုဝေလင်းအောင်      - 500,000 ကျပ်
285.Top Car Rental Service- 50,000 ကျပ်
286.ကိုဟန်ထွန်းနိုင်         - 80,000 ကျပ်
287.စေတနာရှင်တစ်ဦး      - 20,000 ကျပ်
288.စေတနာရှင်တစ်ဦး     - 10,000 ကျပ်
289.ဦးအောင်စိုးမိုး          - 100,000 ကျပ်
290.ဒေါ်နီနီ                   - 30,000 ကျပ်
291.မခင်သန်းအေး          - 20,000 ကျပ်
292.ကိုတင်ထွန်း             - 50,000 ကျပ်
293.ဒေါ်ဇော်ထွဋ်             - 100,000 ကျပ်
294.စေတနာရှင်တစ်ဦး     - 50,000 ကျပ်
295.စေတနာရှင်တစ်ဦး - 55,000 ကျပ်
296.စေတနာရှင်တစ်ဦး -100,000 ကျပ်
297.S.K.T.           - 100,000 ကျပ်
298.စေတနာရှင်တစ်ဦး -20,000 ကျပ်
299.စေတနာရှင်တစ်ဦး - 110,000 ကျပ်
300.စေတနာရှင်တစ်ဦး - 200,000 ကျပ်
301.ဒေါ်စန္ဒာခိုင်      - 10,000 ကျပ်
302.မပိုးအိကြွယ်    - 50,000 ကျပ်
303.မခင်သန်းဝင်း   - 100,000 ကျပ်
304.ကိုထက်ဦးဇော်  - 30,000 ကျပ်
305.ကိုပြည့်စုံအောင် - 50,000 ကျပ်
306.ကိုကျော်မင်းသူ - 70,000 ကျပ်
307.ကိုထွန်းသိန်း+sharma- 20,000 ကျပ်
308.MMOo.           - 30,000 ကျပ်
309.ဒေါ်ရီရီမြင့်        - 10,000 ကျပ်
310. ကိုတင်မောင်စိုး - 300,000 ကျပ်
311.စေတနာရှင်တစ်ဦး -20,000 ကျပ်
312.ကိုတင်အေးကျော် - 30,000 ကျပ်
313.မနီနီဝင်း        - 30,000 ကျပ်
314.စေတနာရှင်တစ်ဦး - 100,000 ကျပ်
315.မသင်းသင်းနွယ်    - 10,000 ကျပ်
316.စေတနာရှင်တစ်ဦး - 50,000 ကျပ်
317.စေတနာရှင်တစ်ဦး - 20,000 ကျပ်
318.ကိုဇာနည်အောင်   - 200,000 ကျပ်
319.ဦးခင်မောင်ဆွေ     - 20,000 ကျပ်
320.မဖြူဖြူဝင်း           - 198,400 ကျပ်
321.မစုရည်မိုး             - 50,000 ကျပ်
322.ဒေါ်စန်းစန်းမြင့်    - 30,000 ကျပ်
323.စေတနာရှင်တစ်ဦး  - 10,000ကျပ်

31.1.2017- ညနေ ၄း၀၀ နာရီအထိရရှိသောအလှူငွေစုစုပေါင်းမှာ 20,052,340.သိန်းကျပ်တိတိဖြစ်ပြီး နှစ်ရက်ပေါင်းအလှူရငွေမှာ 42,425,340.00 သိန်းကျပ်တိတိ ဖြစ်ပါသည်။
"ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌဦးဇော်ဇော်မှ သိန်းတစ်ရာကျပ်တိတိ"
"Bella cosmetic မှ သိန်းတစ်ရာကျပ်တိတိ "
အလှူရရှိငွေစုစုပေါင်း 62,425,340 သိန်း ဖြစ်ပါသည်။

Mg Mg Aye ဖော့စ်ဘွတ်

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ကလစာငွေထဲမှ Taxi ယာဉ်မောင်း ဦးနေဝင်း၏သားသမီးများအတွက် ပညာရေးထောက်ပံ့ငွေပေးအပ်

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ကလစာငွေထဲမှ Taxi ယာဉ်မောင်း ဦးနေဝင်း၏သားသမီးများအတွက် ပညာရေးထောက်ပံ့ငွေပေးအပ်

ရန်ကုန် -ဇန်န၀ါရီ ၃၁

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့က ၎င်းတို့၏ လုပ်ခလစာငွေထဲမှ ငွေကျပ် ၆ သိန်းကို Taxi ယာဉ်မောင်း ဦးနေဝင်း၏ ကျန်ရစ်သူ သား/သမီး ၃ ဦးအတွက်ပညာရေးထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ကြောင်းသိရသည်။

တစ်ဦးလျှင် ၂ သိန်းနူန်းဖြင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုပေးအပ်ငွေကို နိုင်ငံတော်သမ္မတနှင့် ဇနီးတို့၏ ကိုယ်စား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးအောင်နိုင်က သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

PopularNews

ရန်ကုန်မြို့ရဲ့ ဒုတိယမြောက်ညဈေးတန်း ဖေဖော်ဝါရီလလယ်မှဖွင့်မယ်

ရန်ကုန်မြို့ရဲ့ ဒုတိယမြောက်ညဈေးတန်း ဖေဖော်ဝါရီလလယ်မှဖွင့်မယ်

နေရာချထားပေးဖို့ စီစဉ်တာတွေမပြီးသေးဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ ဒုတိယမြောက်ညဈေးတန်းကို ပုစွန်တောင်မြို့နယ် ၅၂ လမ်းမှာ ဇန်န၀ါရီလကုန်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပေမယ့် နေရာချထားပေးဖို့ စီစဉ်တာတွေမပြီးသေးလို့ ဖေဖော်ဝါရီလ လယ်မှလောက်မှပဲ ဖွင့်လှစ်နိုင်တော့မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

လက်ရှိမှာတော့ ညဈေးတန်းမှာ ဈေးရောင်းချမယ့် ဈေးသည်တွေအတွက် ရေပေးဝေရေးစနစ်တွေ လမ်းမီးတိုင်နဲ့ အများပြည်သူသုံး သန့်စင်ခန်းတွေကို ဆောက်လုပ်နေတာစီးနေပြီး အမှိုက်သိမ်းစနစ်ကိုလည်း စနစ်တကျဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိက တစ်ဦးကပြောပါတယ်။

“မနက်ပိုင်း သားစိမ်းနဲ့ကုန်စိမ်း ရောင်းတဲ့သူတွေကိုနေရာသတ်သတ်၊ သစ်သီးရောင်းတဲ့သူတွေကိုနေရာသတ်သတ်ချထားပေးပါမယ်။ ၂ လပိုင်းလလယ်လောက်မှ ဖွင့်မယ်။
ဈေးသည်တွေ နေရာပြန်ရောင်းတာတွေ မဖြစ်အောင်စီစဉ်ထားပါတယ်။ ပွင့်လင်းမြင်သာမှုရှိအောင် ညဈေးတန်းဖွင့်တဲ့အခါ သတင်းစာ ရှင်းလင်းပွဲလည်းလုပ်မယ်”လို့ ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဒီညဈေးတန်းတွေမှာ ကုန်စိမ်း၊ သားငါးရောင်းချတဲ့ ဈေးသည်တွေ အစားအသောက်နဲ့ သစ်သီးရောင်းချတဲ့ လမ်းဘေးဈေးသည် ၁၄၃ ဦးကို ရှစ်ပေပတ်လည်ဆိုင်ခန်းတွေ မဲနှိုက်ပြီး နေရာချထားပေးသွားမယ်လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ညဈေးတန်းမှာ ကုန်စိမ်းနဲ့ သားငါးရောင်းချတဲ့ ဈေးသည်တွေကို မနက် ၆ နာရီကနေ မနက် ၁၁ နာရီအထိ ဖွင့်လှစ်ခွင့် ပေးသွားမှာဖြစ်ကာ အစားအသောက်ရောင်းချတဲ့ ဈေးသည်တွေကို မွန်းလွဲ ၃ နာရီကနေ ည ၁၁ နာရီဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ ပထမဆုံးညဈေးတန်းကို ကမ်းနားလမ်းမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက စတင်ဖွင့်လှစ်ခဲ့ပါတယ်။
Source : 7DayDaily ,5 Plus News, Duwun

မျက်စိညောင်းလာရင် လုပ်ဆောင်ရမယ့်နည်းလမ်းကောင်းများ

မျက်စိညောင်းလာရင် လုပ်ဆောင်ရမယ့်နည်းလမ်းကောင်းများ

ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။

မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။

တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များ တာနဲ့ တောက်ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ် ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေ ကတော့-

– မျက်စိကို ဖွင့်ထားရင်တောင် လေးလံပြီး မသက်မသာ ခံစား ရတာ၊

– မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မသက်မသာဖြစ်တာ၊

– မျက်စိခြောက်သွေ့တာ၊ မျက်စိနာတာ၊ မျက်ရည်ကျတာ၊

– ခေါင်းကိုက်တာနဲ့ အလင်းရောင်နဲ့ ထိတွေ့ရင် ကျိန်းစပ်စပ် ဖြစ်တာတို့ ဖြစ်ကြပါတယ်။

မျက်စိညောင်းညာမှု သက်သာစေရန်

(၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိ လန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့် တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။ မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေရပါမယ်။

(၇) မျက်စိကို သန့်ရှင်းတဲ့ ရေခဲရေနဲ့ မကြာခဏ ဆေးကြော ပေးတာက မျက်စိ ညောင်းညာမှု၊ ယားယံမှုနဲ့ နွမ်းနယ်မှု သက်သာ စေပါတယ်။

Sources: :  Beauty Syh,Kanaung

ဦးကိုနီရဲ့မိသားစုကို သွားရောက်အားပေးခဲ့တဲ့ လူမင်းတို့ဇနီးမောင်နှံ

ဦးကိုနီရဲ့မိသားစုကို သွားရောက်အားပေးခဲ့တဲ့ လူမင်းတို့ဇနီးမောင်နှံ

လူမင်းတို့ဇနီးမောင်နှံဘေးမှာ ဦးကိုနီရဲ့မိခင်ကို မြင်တွေ့ရပါတယ်။
မြန်မာ့ရုပ်ရှင်အစည်းအရုံးရဲ့ဥက္ကဋ္ဌနဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းနဲ့ သူ့ရဲ့ဇနီး မခင်စပယ်ဦးတို့ဟာ ဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရပြီးသေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေအကြံပေး ဦးကိုနီရဲ့ မိခင်နဲ့ ကျန်ရစ်သူ မိသားစုကို သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။

ဦးကိုနီက အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အပြန် ရန်ကုန်လေဆိပ်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ လုပ်ကြံခံရစဉ်က ဦးကိုနီ ချီပွေ့ထားခဲ့တဲ့ ကလေးလေးကို လူမင်းက ပေါင်ပေါ်တင် ပွေ့ဖက်ထားတာကို မြင်တွေ့ရပါတယ်။
ယင်းဖြစ်ရပ်ကြောင့် မြန်မာပြည်သူများကြားမှာ အံ့သြတုန်လှုပ် စိတ်မကောင်းချင်းများစွာ ဖြစ်ပေါ်စေခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဦးကိုနီရဲ့ ဈာပနကိုလည်း လူထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဦးကိုနီအား သေနတ်နဲ့ ပစ်ခဲ့တဲ့တရားခံကို လိုက်လံဖမ်းဆီးရင်း သေဆုံးသွားခဲ့ရတဲ့ တက္ကစီသမား ကိုနေဝင်းရဲ့မိသားစုကိုလည်း အနုပညာရှင်များက ဇန်န​​၀ါရီလ ၃၀ ရက်နေ့မှာ ငွေကျပ် ၁,၆၃၀,၀၀၀ (တစ်ဆယ့်ခြောက်သိန်းသုံးသောင်း) သွားရောက်လှူဒါန်းခဲ့ပါတယ်။

Source & Photos : Myanmar Celebrities, , 7Day Daily, ယုန်လေးဖေ့စ်ဘွတ်, Duwun

တက္ကစီဆရာ ဦးနေ၀င်း၏ ဈာပနကို ပြည်သူအများအပြား လိုက်လံပို့ဆောင်

တက္ကစီဆရာ ဦးနေ၀င်း၏ ဈာပနကို ပြည်သူအများအပြား လိုက်လံပို့ဆောင်


ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ယနေ့ ဇန်န၀ါရီ ၃၁ ရက် နံနက် ၁၁း၃၀ နာရီက ရေဝေးသုဿန်တွင် ပြုလုပ်သော အငှားယာဉ်မောင်း ဦးနေ၀င်း၏ ဈာပနကို လူအများအပြားလိုက်လံပို့ဆောင်ကြကြောင်း သတင်းရရှိသည်။

အငှားယာဉ်မောင်း ဦးနေ၀င်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီ ၂၉ ရက်နေ့က မသမာသူတဦးက တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ပစ်သတ်လုပ်ကြံရာတွင် ကျုးလွန်သူကို ကူညီဖမ်းဆီးရင်း အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ဦးနေ၀င်း၏ဈာပနကို ရန်ကုန်လေဆိပ်အသင်းဝင် Taxi အစီးရေအများအပြားလည်း လိုက်လံပို့ဆောင်ကြကြောင်း သိရသည်။

အသက်(၄၈)နှစ်အရွယ် ဦးနေ၀င်းသည် မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်၊ မြတောင်ညို(၁) လမ်းမှာ နေထိုင်သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးအပါအ၀င် အသက်(၇)နှစ်၊ (၄)နှစ်နှင့် (၄၅)ရက်သားအရွယ် သား(၃)ဦး ကျန်ရစ်ခဲ့သည်။

ကိုခက်

News Watch