Latest News

Tuesday, January 31, 2017

ကြည်လင်းထွက်ဆိုချက်များ Viber ဟက်ခ် ခံရပြီး ပျံ့နှံ့ခဲ့သည်ဟူသော အချက်နှင့်ပတ်သက်၍ နည်းပညာကျွမ်းကျင်သူများ၏ သုံးသပ်ချက်များ

ကြည်လင်းထွက်ဆိုချက်များ Viber ဟက်ခ် ခံရပြီး ပျံ့နှံ့ခဲ့သည်ဟူသော အချက်နှင့်ပတ်သက်၍ နည်းပညာကျွမ်းကျင်သူများ၏ သုံးသပ်ချက်များ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရသည့် ဦးကိုနီအမှုမှ သေနတ်သမား ကြည်လင်းကို ဖမ်းမိပြီး နှစ်ရက်အကြာတွင် ၎င်းအား စစ်ဆေးထားချက်ဟူသည့် ထွက်ဆိုချက်များ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ အတားအဆီးမဲ့ ပျံ့နှံ့လာခဲ့သည်။ အဆိုပါအချက်အလက်များမှာ ထွက်ဆိုချက်အစစ်အမှန်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက အမည်မဖော်လိုသူရဲအရာရှိ တစ်ဦးကို ကိုးကားအတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့ဘက်ကမူ ယင်းသို့ အချက်အလက်ပေါက်ကြားခဲ့ခြင်းသည် အဖွဲ့ဝင်များအချင်းချင်း Viber မှ သတင်းဖလှယ်ရာမှ Hack ခံခဲ့ရသည်ဟု အကြောင်းပြထားခဲ့ရာ ယင်းအချက်နှင့်ပတ်သက်၍ နည်းပညာနယ်ပယ်ရှိ ကျွမ်းကျင်သူများ၏ ထောက်ပြဝေဖန်မှုများကို စုစည်းဖော်ပြလိုက်ပါသည်။

Hacking ပညာရပ်ဆိုင်ရာ ကျွမ်း ကျင်သူ

မဖြစ်နိုင်ဘူး။ နည်းပညာ အရ မဖြစ်နိုင်ဘူး။ အဲဒီလောက် အထိ လုပ်နိုင်တာလည်း ရှိနိုင်မယ် မထင်ဘူး။ ကျွန်တော် Hacker တစ်ယောက်အနေနဲ့ ပြောပြမယ်။ သူ့အကောင့်ကို Hack ချင်တယ် ဆိုရင် ကိုယ်ခိုင်းတာအရင် သူက လုပ်ရလိမ့်မယ်။ သူကလည်း ခိုင်း တာလုပ်ဖို့ဆိုတာ မလွယ်ဘူး။ Viber ကို Hack တာမဟုတ်ဘဲ ဖုန်းတစ်လုံးလုံးကို Hack ပြီး ဖုန်း ထဲက ဓာတ်ပုံယူဖို့ဆိုတာလည်း မဖြစ်နိုင်ပြန်ဘူး။ ပြီးတော့ ရဲဖုန်း နံပါတ်ကိုကော Hacker က ဘယ်လိုသိမှာလဲ။ သိလို့ Viber အကောင့်ရသွားတယ်ထား ဘယ်လိုယူမလဲ။ ပြီးတော့ Viber ထဲကို ဝင်ခဲ့တယ်ထားဦး ဝင်လာတဲ့ နံပါတ်တစ်ခု အလွယ်တကူ ပြန် လိုက်လို့ရနိုင်တာပဲ။ ဒီတော့ မဖြစ်နိုင်ဘူး။

ကိုကိုရဲ

Team Leader (FOSSMyanmar)

Viber ကို Hack တယ်ဆို တာ မကြားဖူးဘူး။ ဖုန်းက တခြား လူလက်ထဲရောက်ဖူးသွားရင် တော့လည်း တစ်မျိုးပေါ့။ ဖုန်းက Viber အကောင့်ကို ကွန်ပျူတာနဲ့ ပြန်ချိတ်လိုက်ပြီး ကြည့်နေတာ မျိုး။ ဒါကလည်း လုပ်ကြလိမ့် မယ်မထင်ဘူး။ အခုဟာက Viber ပေါက်ကြားတာမဟုတ်ဘူး။ ဒေတာပေါက်ကြားတာပါ။

ကိုထူးမြင့်နောင်

CEO(Technomation)

အများအားဖြင့် Viber အဖောက်ခံရတယ်လို့ပြောကြ တယ်။ Viber ကြီးပေါက်သွားတာ မဟုတ်ဘူး။ Viber သာပေါက် သွားရင် တောင်းပန်နေရပြီပေါ့။ Viber ထဲက အကောင့်တစ်ခု ပေါက်သွားတာလားလို့တော့ မေး စရာရှိတယ်။ ပြန်မေးရမှာက အရေးကြီးတဲ့ အချက်အလက် တွေကို ဘာကြောင့် Viber သုံးပြီး ပို့ကြတာလဲ။ အခြားလုံခြုံတဲ့ ဆော့ဖ်ဝဲတွေကို သုံးသင့်ပါတယ်။ Viberကသာ ပေါက်ရင် တောင်း ပန်နေရလောက်ပြီ။

ကိုနေဝင်းအောင်

တွဲဖက်အတွင်းရေးမှူး၊

ကွန်ပျူတာပညာရှင်အသင်း၊

မန္တလေးတိုင်းဒေသကြီး

နည်းပညာအရ Hack လုပ် ဖို့မလွယ်ပါဘူး။ အမေရိကန် နည်းပညာကုမ္ပဏီပါ။ ဖုန်းနံပါတ် နဲ့ Register လုပ်ရတာပါ။ SIM ကတ်နံပါတ်နဲ့ လုပ်ရတာကြောင့် အလွယ်တကူ လုပ်လို့မရပါဘူး။ Viber က lasvegas မြို့မှာရှိတာ ပါ။ Development Center က အစ္စရေးနဲ့ ဘီလာရုဇ်မှာရှိတာပါ။ သူတို့ရဲ့ ဆာဗာထဲကို Hack ဝင် လုပ်ရမှာဖြစ်ပါတယ်။ ဖုန်းနံပါတ် လည်း သိရမှာဖြစ်ပါတယ်။ Viber ကို Hack လုပ်ဖို့ အရမ်းကိုခက်ပါ တယ်။ ရဲတပ်ဖွဲ့တွေ Viber သုံး နေကြတာ ကြာပါပြီ။ တမင်ပေးမှ  ပဲရပါမယ်။

နည်းပညာကျွမ်းကျင်သူ

Viber ကို Hacker က Target ထားပြီး Hack တယ်ဆို ရင်တော့ ယုတ္တိမရှိသလိုပဲ။ Viber ကို Hack ခံရတယ်ဆိုတာက တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လို ဖြစ်နိုင်လဲဆိုတော့ ဥပမာ ကျွန် တော် Viber ကို ဖုန်းမှာ Install မလုပ်ဘဲ ကွန်ပျူတာမှာ Install လုပ်တယ်ဆိုပါစို့။ ကွန်ပျူတာမှာ Install လုပ်ရင် ဖုန်းနံပါတ်လို မယ်။ ရဲနဲ့ရင်းနှီးတဲ့လူက ရဲဖုန်း နံပါတ်ထည့်ပြီး သူငယ်ချင်း ငါ အကောင့်တစ်ခုဖွင့်ထားတာ လို တဲ့ကုတ်ကို မင်းဆီပို့လိုက်တယ်။ အဲဒါ ကုတ်လေးပြန်ပို့ပေးပါဆို ပြီး ဖုန်းဆက်တောင်းလိုက်တယ်။ ရဲက ယုံပြီး အဲဒီကုတ်လေးပြန်ပို့ ပေးလိုက်ရင် ကွန်ပျူတာမှာ သုံး လို့ရပြီ။ သူပို့တဲ့ Message မှန် သမျှ ကွန်ပျူတာမှာ လာပေါ်နေ မှာပဲ။ အဲဒီလို လုပ်ဖို့က ရဲနဲ့ခင်မှ ဖြစ်မှာ။ ဒီနည်းလမ်းအတိုင်း Hack ခံရတယ်ဆိုရင်တော့ လိုက် ဖို့လွယ်ပါတယ်။ အခြားနည်း လမ်းနဲ့ကတော့ ခဲယဉ်းတယ်။ ကျွန်တော်မသိတဲ့ ဟာတွေလည်း ရှိချင်ရှိမှာပေါ့။ ပေါက်ကြားမှု အများဆုံးကတော့ ဖုန်းပျက်လို့ ဆိုင်သွားတာတွေကနေ အများ ဆုံးဖြစ်တာပါ။

Sources: : 7Day News Journal

No comments:

Post a Comment