Latest News

Tuesday, January 31, 2017

ဖိလစ်ပိုင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆိုင်းငံထားမယ်


ဖိလစ်ပိုင်နိုင်ငံထဲက အကျင့်ပျက်လဘ်စားတဲ့ရဲတွေကို ရှင်းလင်းပြီးချိန်အထိ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆိုင်းငံထားမယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်ရဲ့ဌာနချုပ်အတွင်း တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်ကို ရဲတွေက သတ်ဖြတ်တာဖြစ်ခဲ့ပြီးနောက် အကျင့်ပျက်ခြစားတဲ့ ရဲတွေကို ရှင်းလင်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီယား စီးပွားရေး လုပ်ငန်း ဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲတွေရဲက ပြန်ပေးဆွဲမှု အပြင်သတ်ဖြတ်တာကို တွေကြုံခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ လူ တွေသတ်ဖြတ်ခံရတာကြောင့် လူအခွင့်ရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံ က အပြင်းထန်ဝေဖန်ခဲ့ပါတယ်။
 ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ စတင်လုပ်ချိန်မှ စပြီး လူပေါင်း ၇၀၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင် သမ္မတဒူတာတေးက တော့ လက်ရှိအချိန်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို ဆိုင်းငံထားမှာဖြစ်ပေမယ့် သူရဲ့ သမ္မတ သက်တမ်း ၂၀၂၂ အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်သွားမယ်လို့ပြောပါတယ်။
 ဖိလစ်ပိုင်သမ္မတ က ရဲတပ်ဖွဲအတွင်း အကျင့်ပျက်လဘ်စားတာတွေကို သန်ရှင်းရေး လုပ်ဆောင်မှာ ဟာ ဦးစားပေးဖြစ်ပြီး အဲဒီ အကျင့်ပျက်လဘ်စားတဲ့ရဲတွေ ရှင်းလင်းပြီးချိန်မှာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ ပြန်လုပ်မယ်လို့ ပြောပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment