Latest News

Tuesday, January 31, 2017

မန္တလေးနန်းမြို့ရိုးအား အကြီးစားပြုပြင်ရန် ဆောင်ရွက်နေ

မန္တလေးနန်းမြို့ရိုးအား အကြီးစားပြုပြင်ရန် ဆောင်ရွက်နေ

မန္တလေးမြို့ နှစ်ပေါင်း(၁၅၀)ကျော်သက်တမ်းရှိပြီဖြစ်သော မန္တလေးနန်းမြို့ရိုးသည် ယခုအချိန်တွင်ပျက်စီးယိုယွင်းမှု များဖြစ်ပေါ်နေသဖြင့် အကြီးစားပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သို့ တင်ပြရန်ဆောင်ရွက်ဆဲဖြစ်ပြီး ယခုချိန်တွင် ပထမအဆင့်အဖြစ် နန်းမြို့အုတ်ရိုးရှိ ရေညှိများနှင့် ချုံနွှယ်အပင်များအား ရှင်းလင်းမှုများပြုလုပ်နေကြောင်း သိရသည်။

‘‘မန္တလေးနန်းမြို့ရိုးပြုပြင်ခွင့်ရဖို့အတွက် တပ်မတော်စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကနေ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြဖို့ဆောင်ရွက်နေဆဲပါ။ ဘယ်အချိန်စပြင်ရမလဲဆိုတာမသိသေးဘူး။ ခွင့်ပြုချက်ရမှဆက်လုပ်ရမှာ။ ပြုပြင်တဲ့ဘတ်ဂျတ်က လည်း တပ်မတော်ကပဲ အကုန်အကျခံပြီးလုပ်သွားမှာပါ။ အခုဟာက ပထမအဆင့်အနေနဲ့ အုတ်ရိုးမှာရှိတဲ့ရေညှိတွေနဲ့ ချုံနွှယ်အပင်တွေကို ရှင်းလင်းနေတယ်။’’ဟု ရှေးဟောင်းသုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောသည်။

“တပ်ချုပ်ကြီးမန္တလေးလာတုန်းက နန်းမြို့ရိုးကိုသန့်ရှင်းရေးလုပ်နေတဲ့
အပိုင်းကိုတော့ကြည့်သွားတယ်။ ရှေးဟောင်းနဲ့ပူးပေါင်းပေါင်းရွက်ဖို့လည်း မှာကြားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ အကြီးစားပြုပြင်ဖို့ အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကိုစာတင်ဖို့လုပ်ဆောင်ထားတယ်။ တင်ပြစာက ကျွန်တော်တို့ဆီကပို့လိုက်ပြီ ကကထောက်ကနေတစ်ဆင့် ထပ်ပြီးလုပ်ဆောင်ဖို့ပဲကျန်တော့တယ်။”ဟု တပ်မတော်စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးနန်းမြို့ရိုးအုတ်နံရံများပြုပြင်ရန်အတွက် တပ်မတော်အင်ဂျင်နီယာမှူးရုံး၊ ရှေးဟောင်းသုတေသနဋ္ဌာနနှင့် အုတ်အဆောက်အအုံထိန်းသိမ်းမှုကျွမ်းကျင်သူများ(ပုဂံ)တို့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်သွားမည်ဖြစ်ကြောင်းသိရသည်။

စိုင်းထူးခန့်
News Watch

No comments:

Post a Comment