Latest News

Tuesday, January 31, 2017

ကိုးတန်းကျောင်းသူကို မုဒိန်းမှုကျုးလွန်သူမှာ အန်အယ်လ်ဒီရဲ့ နာယက မဟုတ်

ကိုးတန်းကျောင်းသူကို မုဒိန်းမှုကျုးလွန်သူမှာ အန်အယ်လ်ဒီရဲ့ နာယက မဟုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ –  

အသက် ၇၂ နှစ်အရွယ် အန်အယ်ဒီ နာယကတစ်ဦးက ကိုးတန်းကျောင်းသူကို အဓမ္မပြုကျင့်တယ်ဆိုတဲ့သတင်းမှာ မဟုတ်မှန်ကြောင်း ရှမ်းပြည်နယ်ကလောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံး ကေသီနိုင်ကပြောပါတယ်။

ကျုးလွန်သူမှာ NLD နာယကအဖွဲ့ဝင်တစ်ဦးမဟုတ်ဘဲပညာရိပ်သာအဆောင်ဖွင့်လှစ်ထားတဲ့ ပိုင်ရှင်အသက်၇၂နှစ်အရွယ်ဦးတော်မီအောင်လို့သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ကိုးတန်းကျောင်းသူမိန်းကလေးဟာ ဦးတော်မီအောင် ဖွင့်လှစ်ထားတဲ့ ပညာ့ရိပ်သာ ပရဟိတကျောင်းမှာ နေထိုင်သူဖြစ်ပြီး နဝမတန်းတက်ရောက် သင်ကြားနေတာဖြစ်ပါတယ်။

ဇန်နဝါရီလ၂၂ရက်နေ့က အဆိုပါကျောင်းသူမှာ မိဘများရဲ့ခွင့်ပြုချက်နဲ့ အခြားကျောင်းသူများနဲ့အတူ ဦးတော်မီအောင်ရဲ့ နေအိမ်မှာ ညအိပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျောင်းသူများကို ညအိပ်ခွင့်ပြုဖို့ ဦးတော်မီအောင်နေအိမ်ရဲ့ အိမ်အကူက ဖုန်းနဲ့ မိဘများကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

“ဦးတော်မီအောင် ဒီကလေးကိုအဓမ္မပြုကျင့်တာမှန်ပါတယ် ဒါပေမယ့် လူတွေပြောနေသလိုအလုပ်မှုဆောင်အဖွဲ့နာယကမဟုတ်ပါဘူး ကျွန်မတို့ကိုယ်စားလှယ်အနေနဲ့ကတော့ သက်ငယ်မုဒိန်းကျူးလွန်တဲ့ကိစ္စကို ပြင်းပြင်းထန်ထန်ရူံ့ချပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန်အရေးယူသွားမှာ ဖြစ်တယ်”လို့ ရှမ်းပြည်နယ်ကလောမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောပါတယ်။

ကျူးလွန်တယ်လို့ယူဆရတဲ့ အသက် ၇၂ နှစ်အရွယ် ဦးတော်မီအောင်ကို ကလောမြို့မရဲစခန်းမှာ မုဒိန်းမှု ၃၇၆ /၃၆၃ တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

 နှင်းနှင်း

Kumudra

No comments:

Post a Comment