Tuesday, January 31, 2017
အီရန် ရဲ့ ဒုံးကျည်စမ်းသပ်မှု ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချိုးဖောက်ဟုဆို
အီရန်နိုင်ငံ က တာလတ်ပစ်ဒုံးကျည်စမ်းသပ်တာ ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က စွပ်စွဲလိုက်ပါတယ်။
သူအနေနဲ့ လာမယ့်ဖေဖော်ဝါရီလမှာ အမေရိကန်သမ္မတ သစ် ဒေါ်နယ်ထရမ့် နဲ့တွေဆုံချိန်မှာ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဖို့ တိုက်တွန်းသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း က အီရန်နိုင်ငံ ဟာ တာလတ်ပစ်ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့ကြောင်း၊ အဲဒီ စမ်းသပ်မှု ဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကိုချိုးဖောက်မှု ရှိ မရှိ စစ်ဆေးသွားမယ်လို့ အမေရိကန် ကပြောထားပါတယ်။
အီရန်နိုင်ငံ ဟာ သူနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဖြေလျှောဖို့ အပြန်လှန်အနေနဲ့ နျူကလီယား အစီစဉ်ကိုလျှောချဖို့ သဘောတူညီခဲ့ပါတယ်။
အဲဒီ သဘောတူညီချက်လက်မှတ်ထိုးတဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်းတည်းက ဒုံးကျည်စမ်းသပ်မှုတွေလုပ်ခဲ့တယ်လို့ သတင်းတွေဖော်ပြပါတယ်။
အီရန်နိုင်ငံကတော့ နျူကလီယား လက်နက်တွေ သယ်ဆောင်ပစ်ခတ်နိုင်စွမ်းရှိတဲ့ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်တာမျိုးမရှိဘူးလို့ ပြောထားပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
အီရန် ရဲ့ ဒုံးကျည်စမ်းသပ်မှု ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချိုးဖောက်ဟုဆို
Reviewed by timeayeyar
on
3:50 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment