Latest News

Tuesday, January 31, 2017

မွတ်စလင် ၇ နိုင်ငံကလူတွေနိုင်ငံအတွင်း ၀င်ခွင့်ပိတ်ပင်တာ အောင်မြင်ဟု အမေရိကန်အစိုးရ ဆို


မွတ်စလင် ၇ နိုင်ငံ လူတွေ နဲ့ ဒုက္ခသည်တွေကို နိုင်ငံအတွင်း ၀င်ရောက်မှု ယာယီပိတ်ပင်ထားမှုကြောင့်
တရားသူကြီးတွေရဲ့ တားမြစ်မှု၊ အပြင် အကြီးအကျယ်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ ရဲ့ ယာယီပိတ်ပင်မှု ဟာအကြီးအကျယ်အောင်မြင့်မှုတွေရနေတယ်လို့ အမေရိကန် သမ္မတ သစ်ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့ က အခိုင်အမာပြောလိုက်ပါတယ်။
အမေရိကန် အိမ်ဖြူတော် က အမေရိကန်နိုင်ငံထဲကို ၀င်ရောက်ခွင့် ပိတ်ပင်တဲ့ သမ္မတ ကန့် သတ်ချက် ဟာ သက်ရောက်မှု ရှိနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့် ဟာ ပြီးခဲ့တဲ့သောကြာနေ့ က အမေရိကန် နိုင်ငံအတွင်း ကို မွတ်စလင်နိုင်ငံ က ၇ နိုင်ငံက လူတွေဝင်ရောက်ခွင့် ကို ယာယီပိတ်ပင် တဲ့ ဆုံးဖြတ်ချက်လက်မှတ်ထိုးခဲ့ပါတယ်။
 လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံအတွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။
သမ္မတ က အမေရိကန်နိုင်ငံ ဒုက္ခသည် အစီစဉ် တစ်ခုလုံး ကို ရက်ပေါင်း ၁၂၀ ကြာဆိုင်းငံ့ခဲ့သလို
မွတ်စလင် ၇ နိုင်ငံ က လူ တွေဝင်ရောက်ခွင့်ကို  ဆိုင်းငံခဲ့ပါတယ်။
ref Euronews
ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်။

No comments:

Post a Comment