Latest News

Tuesday, December 19, 2017

ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး (၇)


အခန်း (၂)
အဲလ်တာ ဂါစီယာ၏ ခြောက်သွေ့သော ရာသီ
(၇)
၁၉၃၀ ကျော် နှစ်များ၏ အစောပိုင်းကာလများတွင် အဲလ်တာ ဂါစီယာ မြို့ ကလေးသည် လူဦး
ရေ သောင်းဂဏန်းမျသာ ရှိပြီး နေချင်စဖွယ်အပန်းဖြေ မြို့ ကလေး ဖြစ်သည်။ မြို့ ပါတ်ပါတ်
လည်ရှိ ကျေးလက်ရှု့ခင်း တောရိပ်တောင်ရိပ်များ၏ သဘာဝ အလှ အပများကို ခံစားနိုင်ပြီး
ဥယာဉ် ခြံမြေများကလည်း မြို့ ကို ၀ိုင်းရံထားပြန်သည်။ တောင်တန်းများကို ဖြတ်သန်းတိုက်
ခတ်လာသော လတ်ဆပ် သန့်ပြန့်သည့်လေပြေ လေညှင်းများ က လူအများ၏ စိတ်နှ
လုံးကို အားအင် ပြည့်ဖြိုးစေသည်။ ရောက်လျင်ရောက်ခြင်း မြို့ စွန်ရှိ ဂျာမန် လူမျိး ပိုင် ဟိုတယ်
တလုံးတွင် မိသားစု တည်းခိုခဲ့ကြသည်။

ဟိုတယ်တွင် လာရောက်တည်းခိုကြသူများကလည်း အဆုတ်ရောဂါ ဝေဒနာရှင်တွေက များသည်။
စီလီယာနှင့် ကလေးများအဖို့တော့ အပန်းဖြေခရီး ထွက်လာသလို ပျော်ရွှင်နေကြသည်။
တောင်တက်၊ ရေကူး၊ လားများ စီး ခြင်းများ အစုံလျောက်လုပ်ခဲ့ကြပြီး ဒေသခံများနျှင့်လည်း
အက္ဈမ်းတ၀င် ရှိလာခဲ့ကြသည်။ ခင်ပွန်းဖြစ်သူကတော့ အမြဲလို နေရစ်ခဲ့ပြီး အတူ လိုက်ခြင်း
မျိုး မလုပ်ခဲ့ပေ။ လက်ထဲတွင် ပါလာသောငွေများ နည်းပါးလာသည်နှင့်အမျ သူကိုယ်တိုင်
လည်း ဘာအလုပ်မှ မလုပ်နိုင် ဖြစ်နေသည့်အနေအထားများကြောင့် စိတ်ညစ်ညူးလာနေ
ရသည်။ တောင်ကြီးများ ပါတ်လည်ဝိုင်းရံထားသော နေရာတွင် ပိတ်မိသလိုလည်း ခံစားနေရ
သည်။ တည်းခိုရာ ဟိုတယ်တွင်လည်း ညဘက်အိပ်မပျော်ဖြစ်လာနေပြီး တဖြေးဖြေးနှင့် စိတ်ကျ
ဝေဒနာ ခံစားလာခဲ့ရသည်။

အန်နက်စတီရိုရဲ့ ပန်းနာရင်ကြပ် ဝေဒနာကသက်သာလာခဲ့ပြီ ဖြစ်သည်။ တခါတရံရောဂါဖေါက်လာခြင်းမျိုးက ရှိနေဆဲ ဖြစ်သည်။
သူ့ရောဂါကို စိုးရိမ်မကင်း ဖြစ်နေမှုများက မိသားစု၏ ရှေ့ရေးကို ထိခိုက်လာနေရပြီ ဖြစ်သည်။
သို့သော် အဲလ်တာ ဂါဆီယာ တွင်သာ အကန့်အသတ်မရှိ ဆက်နေ ကြဖို့ သိတ်မကြာခင်မှာပင် ဆုံးဖြတ်လိုက်ကြသည်။ အန်နက်စတီရို၏ပန်းနာက ဗြူနိုအေရီးစ်တွင် နေသလို မဟုတ်တော့ပဲ ရံဖန်ရံခါ အနေ
အထားမျိုးသာ ရှိပေတော့သည်။ ကလေးလည်းရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ရှိလာပြီး
အနီးအနားက ကလေးများနှင့် ကတုတ်ကျင်းများ တူးကာ စစ်တိုက်တမ်း ကစားခြင်း၊ ဘိုင်စကယ် အတူစီးခြင်းများ လုပ်လာနေပြီ ဖြစ်သည်။

ထို့ အတွက် မြို့လည် လူစည်ကားရာ မှ ငါးမိနစ်လောက်သာ လမ်းလျောက်၍ ရသည့် နေရာ
တွင် အိမ်ကြီးတအိမ် ငှားနေလိုက်ကြသည်။ အိမ်ကိုလည်း ချီချိတာ ဗီလာဟု အမည်ပေးခဲ့
သည်။ အိမ် ပါတ်ပါတ်လည်အား ကိုင်းတောကြီးများ က ၀ိုင်းရံလျက်ရှိသည်။
၁၉၃၄ ဂျန်န၀ါရီလတွင် စီလီယာက စတုတ္ထဲမြောက် ကလေး မွေးဖွားခဲ့သည်။ မိန်းကလေး
ဖြစ်ပြီး သူမ၏ အဖွားဖြစ်သူ၏ အမည်ကို ယူကာအင်နာ မာရီယာဟု မှည့်ခေါ်ခဲ့သည်။ အန်နက်
စတီရိုက ညီမ ဖြစ်သူ စီလီယာ နှင့် ညီ ရော်ဘတ်တို တို့နှင့် မကြာခဏ ဆိုသလို ရန်ဖြစ်
လေ့ရှိသော်လည်း သူ၏ ညီမ အငယ်ဆုံးကိုမူအတော်လေး ချစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်
သူနှင့်အတူ သွားလေရာ ချီပိုးခေါ်သွားယုံမကညအိပ်ယာဝင်ချိန်တွင် ပုံပြင်များကိုပင် ပြောပြ
လေ့ရှိသည်။ ချောင်းဆိုးရင်ကြပ် ဖြစ်၍ မောလာသည့် အခါ ညီမ၏ ပုခုံးကို မှီ၍ နားလေ့ရှိ
သည်ဟု ဆိုသည်။

ပုံတွင် တွေ့ရသော မိသားစု ဓါတ်ပုံတွင် အန်နက်စတီရိုသည် ငါးနှစ်သား ရှိနေပြီ ဖြစ်ကာ
မျက်နှာပြည့်ပြည့်၊ အသားအရည် ခပ်ဖျော့ဖျော့ဆံပင် စုတ်ဖွားလေးနှင့် ဖြစ်သည်။ (ပုံတွင်ရှု့)
ဘောင်းဘီတိုကို အမြဲ ၀တ်ပြီး ညှပ်ဖိနပ်ကို ခြေအိပ်စွပ်ဝတ်ထားပြီး နေပူဒဏ် ခံနိုင်ရန် ဦးထုတ်
ကို အမြဲဆောင်းထားတတ်ပြန်သည်။ သူ့ မျက်နှာပေးက စူးရှသည့်အသွင်ဆောင်ပြီး သီးသန့်
နေလိုတတ်သည့်ပုံ ပေါက်နေသည်။ သူ၏ စိတ်အခြေအနေကိုလည်း ကင်မရာဖြင့် ပေါ်လွင်
အောင် ရိုက်ကူးနိုင်ဖို့ မလွယ်ပေ။

အန်နက်စတီရို ၇ နှစ် သားတွင် လက်ရှိနေရာချီချီတာ ဗီလာမှ ပို၍ သက်တောင့်သက်သာ
နေရမည့် မျက်နှာခြင်းဆိုင် အိမ်သို့ ပြောင်းခဲ့ကြပြန်သည်။ အိမ်သစ်ကား တထပ်တိုက်ပုလေး
ဖြစ်ပြီး ထင်းရူးပင် ရှေ ကြီးများက အိမ်ပါတ်ပါတ်လည် အုံ့ဆိုင်းနေသည်။ အိပ်ခန်း သုံးခန်းပါပြီ
စာကြည့်ခန်းနှင့် အစေခံ တန်းလျားပါ ရှိသည်။

အိမ်ပါတ်ပါတ်လည် မြေအကျယ်အ၀န်းကနှစ်ဧကခွဲခန့် ရှိသည်။ အိမ်ပိုင်ရှင်က အဲလ်တာ
ဂါဆီယာ ရှိ ဘုရားရှစ်ခိုးကျောင်းပိုင်ရှင် အယ်လ် ဂါချို လဇာဒါ ဆိုသူ ဖြစ်သည်။ လက်ရှိ
အိမ်အမည်ကား နစ်ဒီယာ ဗီလာ ဖြစ်ပြီး အဲလ်တာဂါဆီယာမြို့တွင် အကြာဆုံးနေသွားခဲ့သည့်
အိမ် ဖြစ်သည်။ ထို့ အတွက် ဂွေဗာယာ တို့ကမိမိတို့ ကြီးပြင်းခဲ့ရာ မိသားစု အိမ် အဖြစ်
သဘောထားခဲ့ကြသည်။ အိမ်ငှားခ က သက်သာလှပြီး တလမှ ပီဆို ၇၀ သာ ပေးရသည်။
ထိုအချိန် ဒေါ်လာ ပေါက်ဈေးနှင့်ဆိုက ဒေါ်လာနှစ်ဆယ်ခန့်သာ ရှိပေသည်။ ထိုသို့ဈေးသက်
သာလှသော်လည်း တချိန်လုံးလိုလို ဘိုင်ကျလာနေသည့် အန်နက်စတို ဂွေဗာယား လင့်ခ်ျ အဖို့
မပေးနိုင်သည့် အချိန်က များနေရသည်။ သူ့အဖို့လည်း တကယ့်ကို ကျဉ်းထဲ ကျပ်ထဲ ရောက်
နေရပြီ ဖြစ်သည်။အန်နက်စတီရို၏ ကျန်းမာရေးကြောင့် ဗြူ နို အေရီစ်သို့လည်း မပြန်နိုင်။.လက်
ရှိ အရပ်တွင်လည်း အလုပ်အကိုင်က ရှာ၍ မရဖြစ်နေသည်။ ထို့ အတွက် မီဆီယွန်းနက်စ်ရှိ
လ္ဘက်ခင်းများမှ ငွေသည်သာ သူ၏ အဓိက ငွေရရာ ရကြောင်းအဖြစ် မျော်လင့်ထားခဲ့သည်။
သို့သော် yerba mate ဈေးက ကျဆင်းလာနေရသည်။။ု ကော်ဒိုဗာ ပြည်နယ် တွင်လည်း ကာလကြာမြင့်စွာ မိုးခေါင်နေခဲ့သဖြင့် စီလီယာ၏၀င်ငွေများလည်း ဆိုးဆိုးရွားရွား ထိခိုက် လာနေရသည်။

၎င်းတို့ အဖို့ကား သူတို့ပိုင် စိုက်ခင်းများမှ ရရှိသော ၀င်ငွေကိုသာ မှီခိုစားသောက်နေကြရ
သည်။ ယင်းသည်လည်း ရာသီဥတု နှင့် ဈေးကွက် အနေအထားကို လိုက်၍ အမြဲလို ပြောင်း
လဲနေပြန်သဖြင့် ပုံမှန်ဝင်ငွေ ဟု သတ်သတ်မှတ်မှတ် ယူဆ၍ မရ ဖြစ်နေပေသည်။ နီးစပ်
သော မိသားစု များနှင့် မိတ်ဆွေများ အဆိုအရ၁၉၃၀ ကျော် နှစ်များတလျောက်လုံးတွင် စီလီ
ယာတွင် ကျန်ရှိနေသေးသော ငွေစုလက်မှတ်များကို ထုခွဲ၍သာ မိသားစု ရပ်တည်လာခဲ့
ရကြောင်း သိရှိရသည်။

အခုလို စီးပွားရေး မချောင်လည်ခဲ့ရခြင်း၏တစိတ်တပိုင်းမှာလည်း သူတို့နှစ်ဦးသလုံးဝင်ငွေ နှင့် ထွက်ငွေ မျတအောင် မသုံးစွဲနိုင်ခဲ့၍ လည်း ဖြစ်သည်။ ယခင်က နေခဲ့ထိုင်ခဲ့သည်များ အတိုင်း တပြားသားမျ မလျော့ပဲ
ဆက်လက် နေခဲ့ကြသည်။ ဒင်နာပါတီများပေးခြင်း။ ကားဝယ်စီးခြင်းအပါအ၀င် အိမ်တွင်
အခိုင်းအစေ သုံးယောက်ပင် ငှားထားခဲ့ပြန်သည်။ နွေရာသီ ရောက်လာပြန်ကလည်း
ထိုအချိန်တွင် ရှိသော ငွေရေးကြေးရေး အပေါ်မူတည်ပြီး အတ္တလန်တိတ် ပင်လယ် ကမ်းခြေ
ဖက်သို့ ပင် အပျော်ခရီး ထွက်လေ့ရှိသည်။ထို့ အတွက်လည်း ဂွေဗာယား မိသားစုသည်
မြို့၏ အထက်တန်းလွာလောကတွင် ရေပန်းစားလာသည်မှာလည်း အထူးအဆန်းတော့ မဟုတ်
ပေ။ သူတို့၏ နေပုံထိုင်ပုံ စတိုင် နှင့် မျိုးရိုး နာမည်ကလည်း ရှိနေပြန်သည်ကိုး။
ထိုကဲ့သို့ အထက်တန်းလွှာ အသိုက်အ၀န်းတွင်ဝင်ဆန့်နေခဲ့ခြင်းကြောင့် အန်နက်စတို
သည် အလုပ်တခု ရရှိလာခဲ့သည်။ ယင်းသသည်ကား ၁၉၄၁ တွင်မြို့ရှိ ဆီရပ်စ် ဂေါက်ကွင်းကို တိုးချဲ့ မွမ်းမံသည့် ပရိုဂျက်အား ကန်ထရိုက် ရရှိလာခဲ့ခြင်းပင် ဖြစ်သည်။ ထို့အတွက် အလုပ်ရှိနေသရွေ့
ငွေဝင်လမ်း ဖြောင့်လာနေခဲ့သည်။ အဲလ်တာ ဂါစီယာ တွင် နေခဲ့သည့် ကာလတလျောက်လုံး အန်နက်စတိုအဖို့ ထိုအလုပ်မှ လွဲ၍ အခြား မည်သည့်အလုပ်ကိုမျ လုပ်ကိုင်ခဲ့ခြင်း မရှိပေ။
လှစိုးဝေ
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၂)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၃)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၄)

  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၅)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၆)
  • No comments:

    Post a Comment