အပိုင်း (၁)
မတည်ငြိမ်သော ပျို မြစ်ခြင်း
အခန်း (၁)
မစ်ဆီယွန်း က စိုက်ခင်းတခင်း
(၁)
သူ၏ ဇာတာကို တွက်ချက်ခဲ့ကြသူများ အဖို့အတော်ကို ဇဝေဇ၀ါ နိုင်နေကြမည်မှာ ကြိမ်းသေလှပေသည်။ အန်နက်စတို ချီ ဂွေဗာယားသာ သူ၏ မွေးစာရင်းတွင် ပါသည့်အတိုင်း ၁၉၂၈ ဂ္ဈန်လ ၂၄ ရက်နေ့ တွင်သာ မွေးဖွားခဲ့သည်ဆိုက ဇာတာအရ Gemini ခေါ် မေထုန်ရာသီဖွား တဦးသာ ဖြစ်ရပေလိမ့်မည်။ ထိုသို့
သော ဇာတာရှင် အများစုက ထိုင်းထိုင်းမှိုင်းမှိုင်းအားမာန်မပါ ပုံစံမျိုး ရှိတတ်ကြသည်ကိုး။
ထို့ အတွက်လည်း ချီ မိခင်ဖြစ်သူ ၏ သူငယ်ချင်းက မကျေနပ်၍ အကြိမ်ကြိမ် အဖန်ဖန် ထပ်တွက်သော်
လည်း ဒီအဖြေသာ ထွက်လာခဲ့ရသည်။
သူမ၏ တွက်ချက်မှုအရ ဆိုက ချီ ၏ ဘ၀ သည် တောက်ပမှု မရှိ။ သူတပါးကို မှီခိုတတ်သူ ဖြစ်ပြီးမထင်မရှား ဘ၀နှင့်သာ စခန်းသွားရသူ ဖြစ်ပေလိမ့်မည်။သို့သော် အခုလို မိခင် ဖြစ်သူနှင့် နှစ်ယောက်သား ခေါင်းချင်းဆိုင်ကာ တွက်ချက်နေသည့်အချိန်ကား ၁၉၆၀ အစောပိုင်း ဖြစ်သည်။ ထိုအချိန်တွင် ဇာတာရှင် ချီ က ကမ္ဘာပေါ်တွင် အထင်ရှားဆုံး လူများထဲတွင် တဦးအပါအ၀င်ဖြစ်နေပေပြီ။ ထိုမျသာမကသေး တိုင်းမ်
မဂ္ဂဇင်းကြီးကပင် မျက်နှာဖုံးမှ တကူးတက ဖေါ်ပြခြင်းပင် ခံခဲ့ရပြီလည်း ဖြစ်သည်။ လူချစ်လူခင်များပြီး ထင်ရှားကျော်ကြားနေသူ ဖြစ်သည့်အပြင်ပင်ကိုယ် စိတ်ကလည်း အချုပ်အချယ် မရှိ အမှီအခို ကင်းကင်း နေ
တတ် လှုပ်ရှားတတ်သူလည်း ဖြစ်နေပြန်သည်။
သူမတွက်ချက်သည်နှင့် အကြီးအကျယ် ကွဲလွဲနေသဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်နေသောဇာတာ စစ်သူ
သူငယ်ချင်းကို ကြည့်ပြီး ချီ ရဲ့ အမေဖြစ်သူက သဘောအကျကြီး ကျကာ တခိခိ ဖြင့်သာရီနေတော့သည်။
ရီလို့ အားရတော့မှ သူငယ်ချင်းဖြစ်သူအား သူမအနှစ် သုံးဆယ်လုံးလုံး လျို့ဝှက်ထားသည့်ကိစ္စတခုကို
ဖွင့်ပြောလိုက်လေတော့သည်။ယင်းသည်ကား သူမ၏ သားဖြစ်သူသည် အများထင်နေကြသလို မဟုတ်ပဲ တလစော၍ မွေးဖွားခဲ့သည်ဆိုသည့် အကြောင်းပင် ဖြစ်သည်။မေလ ၁၄ ရက်နေ့ တွင် မွေးဖွားခဲ့သူ ဖြစ်သ
ဖြင့်လည်း မေထုန်ရာသီဖွား မဟုတ်ပဲ ခေါင်းမာသော တဇွတ်ထိုး လုပ်တတ်သော ပြတ်သားသည့် စိတ်
ရှိသော Taurus ခေါ် ပြိသာ ရာသီဖွားပင် ဖြစ်သည်။
အခုလို လိမ်ရသည်ကလည်း မလုပ်၍ မဖြစ်လို့သာဟု အမေ ဖြစ်သူက ရှင်းပြခဲ့သည်။ချီ ၏ ဖခင်ကို လက်ထပ်သည့် အချိန်တွင် သူမ၌ ကိုယ်ဝန် သုံးလသားကို လွယ်ထားရပြီး ဖြစ်သည်။ ထို့ အတွက် မင်္ဂလာ
ဆောင် ပြီးလျင်ပြီးချင်း ဆိုသလိုပင် သူတို့ လင်မယားက ဗြု နိုအေးရီးမှ အမြန် ထွက်လာခဲ့ကြရသည်။
ပါရာဂွေး နှင့် ဘရာဇီးတို့ နှင့် ထိစပ်နေသော အာဂျင်တီနား၏ မြောက်ဖက် နယ်နမိတ်အနားရှိပရာနာ မြစ် အထက်ပိုင်း မိုင်ပေါင်း ၁၂၀၀ ခန့်အကွာ လူသူ အရောက်အပေါက် နည်းလှသည့် မစ်ဆီယွန် အရပ်သို့
ထွက်လာခဲ့ကြခြင်းဖြစ်သည်။
သူမ၏ ခင်ပွန်းက စိုက်ခင်း အလုပ်သမားတယောက်အဖြစ် ခံယူပြီး ချီ ကို မွေးဖွားသည့် အချိန်အထိစောင့်
နေခဲ့ကြသည်။ ထို အတွက်ကြောင့်လည်း ဗြူ နိုအေရီရှိ အသိုက်အ၀န်းမှ စပ်စုမေးငေါ့လာကြမည့် အရေးကို ရှောင်လွှဲနိုင်ခဲ့ကြသည်။
သူငယ်ချင်း ဖြစ်သူ ဆရာဝန်က မွေးစာရင်းတွင်တလ ရှေ့ တိုးပေးလိုက်သဖြင့် မေးငေါ့ အပြစ်တင် ခံရမည့် ဘေးမှ လွတ်ကင်းခဲ့ကြရသည်။
သူတို့သား တလသား အရွယ်တွင်တော့ မိဘများကို အကြောင်းကြားခဲ့ကြသည်။ မိဘများကိုလည်း ချီ ၏
မိခင်သည် ကလေးကို လမစေ့ပဲ ခုနှစ်လနှင့် မွေးခဲ့သည်ဟု လိမ်ကြရပြန်သည်။သူတို့ ပြောတာကို သံသယရှိကြသော်လည်းအခုလို စောမွေးသည့် ကိစ္စကို ဖြစ်ရိုးဖြစ်စဉ်သာမက မွေးစာရင်းရှိ ရက်စွဲကလည်း ရှိနေ
ပြန်သောကြောင့် အားလုံးက လက်ခံခဲ့ကြသည်။
ဤသို့ ဖြင့် အသက်ကလေး ရလာသည့် အချိန်မှစ၍ ဘ၀တလျောက်လုံး လျို့ ၀ှက်စွာ နေထိုင်ပြီးရုန်းကန်
လှုပ်ရှားခဲ့ရသော အဆိုပါ ချီ ဆိုသောလူသားတယောက်က မွေးဖွားသည့် အချိန်မှပင် ပရိယာယ်မာယာ
များဖြင့် ဘ၀ကို စတင်ခဲ့ရသည်မှာလည်း သဘာဝကျ လှသည်ဟုဆိုရမည်ဖြစ်ပေသည်။
လှစိုးဝေ
Tuesday, December 12, 2017
ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး
Reviewed by timeayeyar
on
4:32 PM
Rating: 5

Subscribe to:
Post Comments (Atom)
Good thanks
ReplyDelete