Latest News

Monday, December 18, 2017

ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၆)


(၆)
ဗြူ နိုအေရီစ် သို့ ပြန်ရောက်လာကြသည့်အခါသူ့ သင်္ဘောဆောက်လုပ်ရေး လုပ်ငန်းနှင့် နီး
သော နေရာ တွင် ရှိသည့် ညီမ မာရီယာ လစ်စာ နှင့် ခင်ပွန်းဖြစ်သူတို့ ပိုင်
သော မြေနေရာ ကျယ်ကျယ် ပါသည့် အိမ်တလုံးကို ငှားလိုက်သည်။ သို့သော် ထိုအိမ်တွင်
ကြာကြာတော့ မနေလိုက်ရ။ ဒီဇင်ဘာ ၁၀ ရက်နေ့ တွင် စီလီယာ မှ သမီးလေး တယောက်
မွေးဖွားခဲ့သည်။ သမီး ဖြစ်သူအား စီလီယာ က သူ့နာမည်ပင် ပြန်မှည့်ခေါ်ခဲ့သည်။ အန်နက်စတိုက တော့ သင်္ဘောကျင်းတွင် အလုပ်ပြန်ဆင်းနေခဲ့သည်။

သင်္ဘောလုပ်ငန်းက ဒေ၀ါလီ ခံရလုနီး အနေအထားသို့ ရောက်နေရပြီ ဖြစ်သည်။ အန်နက်စတို
၏ ညီတ၀မ်းကွဲ နှင့် လုပ်ငန်း ပါတနာ ဂျာမန် ဖရား၏ လုပ်ရည်ကိုင်ရည် ညံ့ဖျင်းခဲ့မှုကြောင့်
ဖြစ်သည်။ ဖရားက တကိုယ်ရေတကာယ ချမ်းသာပြီး ရွက်လှေစီး ချန်ပီယံတဦးလည်းဖြစ်
သဖြင့် ၀ါသနာအလျောက် အပျော်သဘောလာ လုပ်နေချင်းမျသာ ဖြစ်သည်။ ထို့ အတွက်
လည်း ၀ါသနာကြီးသူပြီပြီ သင်္ဘောဆောက်ရာတွင် အနုပညာမြောက်အောင် အိပ်ထဲက စိုက်
ထုတ်ခဲ့သည့်အပြင် ဈေးကြီးသော ပစ္စည်းများကိုပါ ပြည်ပမှ တင်သွင်းခဲ့ပြန်သည်။ ထို့
အတွက်ကြောင့်လည်း ရောင်းရန် မူလသတ်မှတ် ထားသော ဈေးထက် အမြဲလို ပို၍
ကုန်ကျနေရသည်။ အန်နက်စတို ထည့်ဝင်ထားသော ငွေများလည်း ကြက်ပျောက်ငှက်
ပျောက် ဖြစ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ထိုအခြေအနေရောက်ဖို့ သိတ်
ကြာကြာ မစောင့်လိုက်ရပေ။ သူ ပြန်လာပြီးသိတ်မကြာမီမှာပင် သင်္ဘောကျင်း မီးလောင်
ပြီး ရှိသမျ သင်္ဘော၊ သစ်သား များနှင့် သုတ်ဆေးများပါ မကျန် အကုန် မီးထဲပါကုန်တော့
သည်။

သင်္ဘောကျင်းက အာမခံထားခဲ့လျင်တော့ အခုလို ဖြစ်သွားခြင်းသည် ကံကောင်းလှသည်ဟု
ဆိုရမည်သာ ဖြစ်သည်။ သို့သော် ဖြစ်ချင်တော့ဖရားက အာမခံ ပရီမီယံကြေး ပေးသွင်းရန်
မေ့လျော့နေခဲ့သည်။ ထို့အတွက် အန်နက်စတိုရထားခဲ့သော အမွေများက ညတွင်းချင်းပင် ဆုံး
ရှုံးသွားခဲ့ရပေတော့သည်။ သူတွင် မိသားစု အပျော်စီး Kid မော်တော်ဘုတ်ကြီးသာ
ကျန်ပေတော့သည်။ ထို့အတွက် ဖရားကအန်နက်စတိုအား ၁၂ မီတာ အရှည်ရှိ Ala ဟု အမည်ပေးထားသော ရွက်တတ် မော်တော်တစီးကို ပြန်ပေးရှာသည်။ Ala က အနည်းငယ် တန်ဖိုးရှိနေ၍ အန်နက်စတိုအတွက်တော်ပေးသေးသည်ဟု ဆိုရမည်ဖြစ်သည်။

အန်နက်စတိုနှင့် စီလီယာတို့ ၏ လ္ဘက်ခင်းများကသူတို့ မရှိသည့် အချိန်တွင် စောင့်ရှောက်ပေးရန်မိတ်ဆွေတယောက်ထံ အပ်ထားခဲ့ရသည်။ မကြာမီ လ္ဘက်သိမ်းချိန်ရောက်လျင် ၀င်ငွေများ
ပြန်ရရှိပေလိမ့်မည်ဟုလည်း မျော်လင့်ထားခဲ့ကြသည်။ လောလောဆယ်တွင်တော့ စီလီယာ
၏ ကော်ဒိုဗာ ပြည်နယ်ရှိ အိမ်ယာများမှ ၀င်ငွေများ ရရှိနေကြသည့် အပြင် သူတို့ လင်မယားတွင်
ပါတ်သက်ရာ ပါတ်သက်ကြောင်း မိသားစု ၀င် များ နှင့် မိတ်ဆွေများ ရှိနေခြင်းကြောင့်လည်း
ငတ်ဖို့ရာ အကြောင်းမရှိပေ။

၁၉၃၀ နှစ်ဦးပိုင်းတွင် အန်နက်စတိုက မိသားစုရှေ့ရေး အတွက် သိတ်ပူပန်စရာ အကြောင်း
မမြင်တော့သဖြင့် လအတော်ကြာအောင် သူငယ်ချင်းမိတ်ဆွေများ တင်ကာ Ala ဖြင့်အပျော်ခရီး
ထွက်လိုက်၊ အခြား ၀ါသနာပါရာလုပ်လိုက်ဖြင့်အချိန်ကုန်နေခဲ့သည်။ ပူပြင်းလှသော အာဂျင်တီ
နား၏ နွေရာသီ ဖြစ်သည့် နိုဝင်ဘာ မှ မတ်လအတွင်း ဆန် အိုင်စီဒရို ရွက်လှေကလပ်ရှိရာ
ပင်လယ် ကမ်းခြေတွင် အပန်းဖြေလိုက်။ ချမ်းသာသော မောင်နှမ ၀မ်းကွဲများနျှင့် ယောက္ခမ
များ ရှိရာ ကျေးလက်အိမ်များ ရှိရာသို့ အလည်သွားလိုက်ကြ ဖြင့် ဖြတ်သန်းခဲ့ကြသည်။
၁၉၃၀ မေလထဲ တရက်တွင် စီလီယာမှ ၂ နှစ်သားအရွယ် ရှိနေပြီ ဖြစ်သော သားကြီးကို ခေါ်
ကာ ရေကူးရန် ရွက်လှေကလပ်သို့ ခေါ်သွားခဲ့သည်။ ထိုအချိန်က အာဂျင်တီနားတွင် ဆောင်းဦး ၀င်လာနေချိန် ဖြစ်သည်။ ရာသီဥတုကအေးလာပြီး လေက တဟူးဟူး တိုက်နေချိန်လည်း ဖြစ်သည်။ ပြန်လာပြီး ညတွင်ပင် ကလေး က ချောင်းတဟွတ်ဟွတ် ဆိုးလာတော့သည်။ ဆရာဝန်က ပန်းနာရင်ကြပ် ဖြစ်နေ
ပြီဟု ပြောကာ ပုံမှန် အတိုင်း ဆေးပေးခဲ့သည်။သို့သော် ရောဂါ က တော်တော်နှင့် မသက်သာ
ပဲ ရက်ပေါင်းများစွာ ကြာလာခဲ့သည်။ အန်နက်စတီယိုတွင် နာတာရှည်မည့် ပန်းနာရောဂါ ဖြစ်
လာခဲ့ရသည်။ ယင်းသည်ကား နောက်ပိုင်း သူ့ဘ၀တလျောက်လုံး ခံစားသွားရတော့မည့် ရော
ဂါ ကြီး ဖြစ်ယုံသာမက ထိုရောဂါကြောင့်ပင်သူ့ မိဘများ သည်လည်း ပြန်လည်၍
ပြင်ဆင်လို့ မရသည့် ကပြောင်းကပြန် ဘ၀ ကျရောက်သွားခဲ့ရပေတော့သည်။

သိတ်မကြာမီမှာပင် ကလေး ရောဂါက ပြန်ထလာပြန်ပြီးပို၍ပင် ဆိုးလာခဲ့ရသည်။ ကလေးရဲ့ ခ္ဈဲသလိပ်
သံကြီး ကို အမြဲလို ကြားနေရ၍ မိဘများ စိတ်ဆင်းရဲကြရ ရှာသည်။ မိဘများလည်း နီးစပ်ရာတို့အား
ဆေးနဲ့ ပါတ်သက်ပြီး အကြံညဏ် တောင်းခဲ့ကြပြီး သိလာသည့် ကုထုံးများ နှင့် ကြိုးစား
ပမ်းစား ကုပေးခဲ့ကြသည်။ ထို့ အတွက် အိမ်တွင်းရေးမှာလည်း အရင်လို မသာယာနိုင်တော့
ပဲ တယောက်နှင့် တယောက် မကြည်မသာ ဖြစ်လာကြရသည်။ အန်နက်စတိုက သူ့သား အခုလို ရောဂါ စွဲကပ်လာရသည်မှာ စီလီယာ၏ မစဉ်းစား မဆင်ခြင် လုပ်ခဲ့သောကြောင့်ဟု
အပြစ်ဖို့ လာခဲ့သည်။ ထိုကဲ့သို့ ပြောလာခြင်းကမည်သို့မျ တရားမျတခြင်း မရှိပေ။

စီလီယာ ကိုယ်တိုင်ပင် အဲလားဂျစ် ရှိနေပြီး ပန်းနာရင်ကြပ် ဖြစ်နေခဲ့သည်ပင်။ ထို့ အတွက် သားဖြစ်သူက မိခင်ထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်ဖို့ များပေသည်။ အန်နက်စတီရို၏ မွေးချင်းညီမတွင်လည်း အဲလာဂျစ် ရှိနေပေမယ့် သူ့လောက်တော့ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပေ။ နဂိုငုပ်နေသော ရောဂါသည် ရေအေး နှင့် လေစိမ်း တပြိုင်တည်း ကြုံလိုက်၍ ထ ကြွ လာခဲ့ခြင်းဖြစ်ပုံ ရှိသည်။

မည်သည့် ကြောင့်ပင် ဖြစ်စေ ကလေး၏ ရောဂါအခြေအနေကြောင့် စွတ်စိုထိုင်းမှိုင်းသော ရာသီ
ဥတု ရှိသည့် ပြူတို ကာယာဂွာတိုင်း သို့ မည်သည့်နည်းနှင့်မျ ပြန်ရန် မဖြစ်နိုင်တော့ပေ။ ၎င်းတို့ လက်ရှိနေသည့်နေရာသည်ပင် ကလေးအတွက် မိုးရိပ် မိုးငွေ့ များ အမြဲ ဖုံးလွှမ်းနေသဖြင့် မသင့်တော်လှပေ။ ထို့ အတွက် ၁၉၃၁တွင် ဂွေဗာယားတို့ နောက်တကြိမ် ပြောင်းရွှေ့ခဲ့ကြရပြန်သည်။ ဒီတခါတော့ ဗြူနိုအေရီစ် မြို့
လယ်ရှိ ငါးထပ်တိုက် အဆောက်အဦးတခုစီသို့ ဖြစ်သည်။ ထိုနေရာကားအန်နက်စတို၏ မိခင် အင်နာ အစ္စဘဲလ် နှင့် အတူနေ ညီမ ဘီးထရဇ်တို့ နှင့် နီးသည့် ပါကေး ပါလာမို အရပ် တွင် ရှိသည်။ သူတို့ နှစ်ယောက်စလုံးကလည်းမကျန်းမာသည့် အန်နက်စတီရို အား ဂရုဏာသက် နေကြပြီ လည်း ဖြစ်သည်။

စီလီယာက ၁၉၃၂ မေလတွင် တတိယအကြိမ်အဖြစ် သားယောက်ျားလေး မွေးဖွားလာခဲ့ပြန်
သည်။ ကယ်လီဖိုနီးယားတွင် မွေးဖွားခဲ့သော အဖိုးဖြစ်သူ၏ နာမည်ကိုယူ၍ ရော်ဘတ်တို ဟု
အမည်ပေးခဲ့သည်။ အမေနှင့် နာမည်တူ မှည့်ခေါ်ထားသည့် အလတ်မ စီလီယာ လေးက အခုအခါ
တနှစ်ခွဲ အရွယ် ရောက်လာပြီ ဖြစ်ပြီး လမ်းလျောက်တတ်စ ပြုနေပြီ ဖြစ်သည်။ အန်နက်
စတီရိုက ပါလာမို ပန်းခြံထဲတွင် စက်ဘီး စီး၍နေပေပြီ။

အန်နက်စတို ဂွေဗာယား လင့်ခ်ျ အတွက်ကမူသားကြီး ဖြစ်သူတွင် ကျရောက်ခဲ့သော ရောဂါ
သည် သူ့ အဖို့ ဂြိုလ်ဆိုး ၀င်သလို ဟု ယူဆလာခဲ့သည်။ သူတို့၏ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ခွင့် ကို ကလေး၏ ရောဂါက ကန့်သတ်ချူပ်ချယ်ထားသလို ဖြစ်နေသည်ဟု သူ၏ မှတ်တမ်းတွင် ရေးသားထားခဲ့သည်။ ကလေး၏ အခြေအနေ တည်ငြိမ်မှု ရှိလာစေရန် ခြောက်သွေ့သော ရာသီဥတုရှိဖို့ လိုသည်ဟု ဆရာဝန်များက အကြံပေးလာကြသဖြင့် ကော်ဒိုဗာ ပြည်နယ်အလယ်ပိုင်းရှိ ကုန်းမြင့်ဒေသသို့ ခရီးထွက်လာခဲ့ကြပြန်သည်။ လပေါင်းများစွာ အထိ ဗြူ နို အေရီးစ် နှင့် သွားလိုက် ပြန်လိုက် လုပ်နေခဲ့ကြသည်။ ကော်ဒိုဗာပြည်နယ်၏ မြို့တော် ကော်ဒိုဗာ ကလည်း ဒုတိယအကြီးဆုံးမြို့ ဖြစ်သဖြင့်လည်း တခါတရံ ဟိုတယ် တွင်နေလိုက် တခါတလေ အိမ်ငှားလိုက်ဖြင့် နေခဲ့ကြပြီး အန်နက်စတီရို၏ ရောဂါကလည်း
သက်သာလိုက် ဖေါက်လာလိုက်ဖြင့် ဖြစ်နေခဲ့သည်။

အန်နက်စတိုက သူ၏ လုပ်ငန်းများလည်း မလုပ်နိုင် လုပ်ငန်းသစ်လည်း မရှာနိုင် ဖြစ်ကာ တိုး၍ တိုး၍ပင် စိတ်ပျက်လက်ပျက်ဖြစ်လာခဲ့သည်။ ဘာမှမလုပ်နိုင်သဖြင့် လေထဲ လွင့်ပါးနေသလို ခံစားခဲ့ရပြန်သည်။
ဆရာဝန်များကတော့ ကလေး ပြန်လည် နာလန်ထလာရေး အတွက် ကော်ဒိုဗာတွင် လေးလခန့်
နေရန် တိုက်တွန်းခဲ့ကြသည်။ မိသားစု မိတ်ဆွေတဦးကလည်း အဲလ်တာ ဂရာစီယာ ဟု ခေါ်
သော ရေပူစမ်း များ ရှိရာ မြို့လေးတွင်နေရန်အကြံပေးခဲ့ပြန်သည်။ ယင်း မြို့ ကလေးက
ကော်ဒိုဗာ အနီး တောင်တန်းတခု ဖြစ်သောဆီယာ ချီကပ်စ် တောင်ခြေတွင် ရှိပြီး ခြောက်
သွေ့သော ရာသီဥတု ရှိသဖြင့် တီဘီ သမားများနှင့် အခြား အသက်ရှု လမ်းကြောင်းနှင့်ဆိုင်သော ဝေဒနာရှင်များ လာရောက် အပန်းဖြေရာ မြို့ လည်း ဖြစ်သည်။

ခဏတဖြုတ်လောက် သွားနေကြည့်မည် စိတ်ကူးကာ မိသားစု တခုလုံး အဲလ်တာ ဂရာစီယာ
သို့ ထွက်လာခဲ့ကြပြန်သည်။ သို့သော် အဆိုပါဒေသတွင် နောက်ထပ် ဆယ်တစ်နှစ် ကြာ
အောင် နေကြရလိမ့်မည်ဟုကား တွက်ဆထားခဲ့ခြင်း မရှိခဲ့ကြသေးပေ။
(ပုံတွင် အဲလ်တာ ဂရာစီယာ ရှိ ချီ ဂွေဗာယား နေထိုင်ခဲ့သော အိမ် အား ပြတိုက် လုပ်ထားသည်ကို တွေ့ရစဉ်)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၁)
  •  ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၂)

  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၃)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၄)
  • ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး(၅)
  • No comments:

    Post a Comment