Latest News

Wednesday, December 13, 2017

ချီဂွေဗာယား သူ့ဘ၀ သူ့တော်လှန်ရေး


••••••••••••••••••••
(၂)
အန်နက်စတို ဂွေဗာယားက လင်ခ်ျ က စီလီယာ ဒီ လာ ဆာနုာနှင့် စတင်သိက္ဈမ်းလာခဲ့
သည် အချိန်က ၁၉၂၇ တွင် ဖြစ်သည်။ သူမ က  ကက်သိုလစ် မိန်းကလေး ကျောင်းမှ ကျောင်း ပြီးလာ
ကာစ အချိန် ဖြစ်သည်။ မျက်နှာက ပြဇတ်မင်းသမီးတယောက်အလား ထင်မှတ်မှားရလောက်သည်။
မျက်လုံးညိုညို လှိုင်းတွန့်နေသော အနက်ရောင် ကေသာ နှင့် နှာတံက လင်းယုန်ကဲ့သို့ ကောက်ကွေးနေသယောင် ရှိသည်။

စီလီယာ ဒီ လာ ဆာနာ က စပိန် အထက်တန်ုးလွှာ သူကောင်းမျိုးမှ ဆင်းသက်လာသူ ဖြစ်သည်။ သူမ၏ ဘိုးဘေးဘီဘင် တဦးက ပီရူးတွင် စပိန် ဘုရင်ခံ ဖြစ်ခဲ့ဘူးသူလည်း ဖြစ်သည်။
နောက်တဦးက ထင်ရှားသော အာဂျင်တီနားစစ်ဗိုလ်ချုပ်ကြီး တဦးဖြစ်သည်။ သူမ၏ ဖခင်ဘက်က အဖိုး
သည် ချမ်းသာကြွယ်ဝလှသောမြေပိုင်ရှင်ကြီးတဦး ဖြစ်ပြီး ဖခင်က ကျော်စောလှသော ဥပဒေပါမောက္ခ၊
ကွန်ဂရက် အမတ်နှင့် သံအမတ်ကြီးတဦးလည်း ဖြစ်ခဲ့သည်။ သို့သော် ဖခင်ကောမိခင် ဖြစ်သူပါ သက်ဆိုး
မရှည်ခဲ့ရရှာပေ။ စီလီယာ ခြောက်နှစ် သမီး အရွယ်မှာပင် ကွယ်လွန်သွားခဲ့ပြီး သူမ နှင့် မွေးချင်း ခြောက်ဦးအားဘာသာရေး လိုက်စားသော အဒေါ်ဖြစ်သူကက္ဈေးမွေးစောင့်ရှောက်ခဲ့ရသည်။ မိဘများ ထားခဲ့သော အိုးအိမ် ခြံမြေများမှ ၀င်ငွေများရရှိခဲ့သဖြင့် စီလီယာ အသက် နှစ်ဆယ်တနှစ် ပြည့်ချိန်တွင် အမွေများ မြိုးမြိုးမျက်မျက် ခံစားခဲ့ရသည်။

အန်နက်စတို ဂွေဗာယား လင်ခ်ျက ထိုအချိန်တွင် အသက် ၂၇ နှစ် ရှိနေပြီ ဖြစ်သည်။ အရပ်အမောင်းအား
ဖြင့် မဆိုသလောက် မြင့်သူဟုပြောနိုင်ပြီး ခိုင်မာတောင့်တင်းလှသောမေးရိုးကြီးများနှင့် ရုပ်ရည်အားဖြင့်
 ပြေပြစ် ချောမောသူတဦး ဖြစ်သည်။ မျက်စိ ဆုံချက် မညီချင်းကြောင့် မျက်မှန်ကို တပ်ထားရသဖြင့် သူ့
အသွင်က ရုတ်တရက် ကြည့်လျင် ဖိုင်တွဲများ ကြား တကုပ်ကုပ်လုပ်နေရသော စာရေးစားချီ တဦးနှင့်
တူနေရသည်။ တကယ်တမ်းတွင်မူ စိတ်အား တက်ကြွပြီး အပေါင်းအသင်းကို ခင်တွယ်တတ်သူတဦး
ဖြစ်သည်။ စိတ်တိုလွယ်ပြီး အတွေးအခေါ် ကြီးမြင့်သူတဦး ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ သူ၏
မျိုးရိုးကလည်း ခေသူမဟုတ်ပေ။တောင်အမေရိက တိုက်ရှိ အချမ်းသာဆုံးသောလူများ စာရင်းတွင်
ပါဝင်သော လူတဦး၏ မြစ်ဖြစ်သည်။ သူ၏ ဘိုးဘေးဘီဘင်များက စပိန်နှင့် အိုင်းရစ် သူကောင်းမျိုး နွယ်ဝင်များ ဖြစ်ကြပြန်သည်။ သို့သော်လည်း သူ့ မိသားစု လက်ထက်တွင်တော့ ရွှေကျောင်းပြောင်ပြောင် ၀မ်း
ခေါင်ခေါင် ဘ၀သာ ရှိပေတော့သည်။

၁၉ ရာစုနှစ် အလယ်ပိုင်း အချိန်၊ အာဂျင်တီးနားအား စစ်ဘုရင်တဦး ဖြစ်သူု ဂွမ် မင်ညူရယ် ဒီ ရိုစာ က တသွေးတသံ တမိန့် ဖြင့် အုပ်ချုပ်နေစဉ် ချမ်းသာကြွယ်ဝသော ဂွေဗာယား နှင့် လင့်ခ်ျ မိသားစု ၀င် အမျိုးသားများက ကယ်လီဖိုနီယား တွင် ရွှေ တူး ရန် အာဂျင်တီနားမှ ထွက်ပြေးခဲ့ကြသည်။ အာဂျင်တီနားသို့ ပြန်လည် ရောက်ရှိလာကြသည့်အခါ အမေရိကန်တွင် မွေးဖွားကြီးပြင်းခဲ့သော ရော်ဘတ်တို ဂွေဗာယား ကက်စထရို နှင့် အင်နာ အစ္စဘယ်လ် လင်ခ်ျ တို့ လက်ထပ် ထိမ်းမြားခဲ့ကြသည်။ ချီ ၏ ဖခင် ဖြစ်လာမည့် အန်နက်စတို က ရော်ဘတ်တို၏ ဆဌမမြောက် သား ဖြစ်ပြီး အက်နာ အစ္စဘယ်လ် က သားသမီး ဆယ်တစ်ယောက်ထဲ တွင် တဦးအပါအ၀င် ဖြစ်သည်။ ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်ခဲ့ကြသော်လည်း သူတို့အဖို့က မြေပိုင်ရှင် မျိုးနွယ်စုများ မဟုတ်ကြသဖြင့် သူမ၏ ခင်ပွန်းဖြစ်သူသည် ဘူမိဗေဒ မြေ တိုင်းတာရေး သမားတဦး အဖြစ် အသက်မွေး ၀မ်းကျောင်းခဲ့ရသည်။ အင်နာ အစ္စဘဲလ် က သူမ၏ ကလေးများကို ဗြူနိုအေယီးစ်တွင် ပင် လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့ရသည်။ နွေရာသီများတွင်တော့ သူမ ဖက်က အမွေရခဲ့သည့် ကျေးလက်က အိမ် ကလေးတွင် မိသားစု သွားရောက်နေထိုင်ခဲ့ကြသည်။ အန်နက်စတို အား အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားပေးရန် ပြင်ဆင်သည့်အနေဖြင့် သူ၏ ဖခင်က အစိုးရ ကျောင်းသို့ ပို့လွှတ်ရန် စီစဉ်ခဲ့ပြီး "ချမ်းသာ ပြီး အဆင့်အတန်း မြင့်မြင့် မျိုးရိုး ဆိုတာ အဖေကတော့ ကိုယ်စွမ်းကိုယ်စ နဲ့ ဖြစ်လာတဲ့ မျိုးရိုး လို့ပဲ ယုံကြည်တယ်" ဟု ဆုံးမသွန်သင် လွှတ်လိုက်ပေသည်။

အန်နက်စတိုက ငယ်စဉ်ဘ၀ကပင် မိခင် ဖြစ်သူ မကြာခဏ ပြောပြလေ့ရှိသော ကယ်လီဖိုနီယား တွင် နေထိုင်ခဲ့ရမှုများနှင့် ဖခင် ဖြစ်သူ ပြောပြသော အင်ဒီယန်း ဒေသခံများ၏ ကြောက်မက်ဖွယ်ကောင်းလှသည့် လာရောက် တိုက်ခိုက်မှုများကို နားရည်ဝအောင် ကြားနေခဲ့ရသော်လည်း အန်နက်စတိုက တော့ အာဂျင်တီနားသည်သာ သူ မွေးဖွားကြီးပြင်းခဲ့ရာ လူ့ဘောင်အဖွဲ့အစည်းဟု ခံယူထားသည်။ သို့သော်လည်း သူ့မိသားစု ရင်ဆိုင်ခဲ့ရသည့် စွန့်စားခန်းများက သူ့အဖို့ နားထဲတွင် စွဲလာနေခဲ့ရသည်။ ဖခင် ကွယ်လွန်သည့် အချိန်တွင် သူ သည် အသက်ဆယ်ကိုးနှစ်သာ ရှိသေးပြီး ကောလိပ်တွင် ဗိသုကာ နှင့် အင်ဂျင်နီယာ ဘာသာရပ်များကို တက်ရောက် သင်ယူနေချိန်လည်း ဖြစ်သည်။ သို့သော် ဘွဲ့ရသည့်အထိ ဆက်လက် သင်ကြားခြင်း မပြုတော့ပဲ ကျောင်းမှ အပြီးအပိုင် ထွက်လာခဲ့သည်။ ထိုကဲ့သို့ ပညာသင်ကြားနေရမှုကို စိတ်မပါပဲ ကိုယ်တိုင် စွန့်စားပြီး ကြီးပွားနိုင်သော အလုပ်မျိုးကိုသာ လုပ်ချင်စိတ်များ တဖွားဖွား ပေါ်လာနေခြင်းကြောင့် ဖြစ်သည်။ ထို့အတွက်လည်း သူ့တွင် အထိုက်အလျောက် ရရှိခဲ့သော အမွေများကို ထုခွဲရောင်းချပြီး သူ လုပ်ချင်ရာ လုပ်နိုင်ရန် စတင် ကြိုးစားလာခဲ့တော့သည်။

စီလီယာ ဒီ လာ ဆာနား နှင့် စတင် ဆုံစည်းခဲ့သည့် အချိန်တွင်တော့ အန်နက်စတိုက သူ့တွင်ရှိသော ငွေအတော်များများကို ချမ်းသာကြွယ်ဝသော ဆွေမျိုးတဦး ပိုင်ဆိုင်သည့် ရွက်လှေ တည်ဆောက်ရေး ကုမ္ပဏီတခုတွင် မြုပ်နှံထားခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီတွင် လုပ်ငန်းကြီးကြပ်သူ တဦး အဖြစ်လည်း ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ကြာလာသည်နှင့်အမျှ သူမျှော်မှန်းထားသလို စိတ်ဝင်စားမှု အပြည့်အ၀ မရရှိနိုင်မှန်း သိလာခဲ့သည့် အတွက် မကြာမီမှာတင် နောက်ထပ် လုပ်ငန်းအသစ်တခုကို စတင်ရန် စိတ်အားထက်သန်လာခဲ့ပေသည်။ ထို့အတွက် မိတ်ဆွေတဦးက အကြံပေးလာသည့်အတိုင်း အာဂျင်တီနား လူမျိုး သန်းပေါင်းများစွာ သောက်သုံးနေသည့် စိတ်ကို တက်ကြွမှုပေးနိုင်သော Yerba mate ဟု ခေါ်သော လ္ဘက်ခြောက်တမျိုးကို စိုက်ပျိုးပြီး ကြီးပွားအောင် လုပ်ရန် ဆုံးဖြတ်ချက် ချခဲ့ပေသည်။

ထို့အတွက် မြေများ ဈေးပေါပေါ နှင့် ရနိုင်သည့် က မစ်ဆီယွန်းနက်စ် ပြည်နယ်တွင်သာ ရှိသည်။ ထိုဒေသ က လူသူအရောက်အပေါက် နည်းလှပြီး နောက်ပိုင်း ခရစ်ယာန် သာသနာပြုများ ရောက်ရှိလာခဲ့သဖြင့် ဒေသခံ ဂွာယာနီ အင်ဒီယန်း မျိုးနွယ်စုဝင်များက ၁၆ ရာစုတွင် ခရစ်ယာန် ဘာသာဝင်များ ဖြစ်လာခဲ့ကြသည်။ ထိုဒေသတခုလုံးကို ပြီးခဲ့သည့် နှစ် ငါးဆယ် လောက်တွင်မှ အာဂျင်တီနားမှ ချဲ့ထွင် သိမ်းပိုက်လာခဲ့သဖြင့် နိုင်ငံသားများ အဖို့ ပြောင်းရွှေ့ အခြေချရန် လမ်းစ ပွင့်လာခဲ့ရသည်။ ထို့အတွက် မြေအရောင်းအ၀ယ် လုပ်သူများ၊ ငွေကြေး ချမ်းသာပြီး စွန့်စားမှုကို ၀ါသနာပါသူများနှင့် ဥရောပ မှ လူဆင်းရဲများ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြပေသည်။ အန်နက်စတို လည်း ထိုအရပ်သို့ ကိုယ်တိုင်သွားရောက် စနည်းနာချင်လာသည်။ သူ့တွင် မိတ်ဆွေတဦး အကြံပေးထားသော Yerba mate ရောဂါပိုးကလည်း စွဲကပ်လာနေပြီ ဖြစ်သည်။ သို့သော်လည်း သူ့တွင်ရှိသော ငွေများက ရွက်လှေ ဆောက်လုပ်ရေး ကုမ္ပဏီထဲတွင် ၀င်နေပြီ ဖြစ်သည်။ သို့သော် စီလီယာ အမွေရထားသော ငွေများဖြင့် အရင်းအနှီး လုပ်ပြီး မြေများကို ၀ယ်ယူကာ လ္ဘက်ခြောက် စိုက်ခင်းများ စိုက်ပျိုး လုပ်ကိုင်ခြင်းဖြင့် "ရွှေစိမ်း" ဟု ခေါ်နေသော လုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာနိုင်မည်ဟု မျှော်လင့် လာခဲ့သည်။

သို့သော် စီလီယာ၏ မိဘများက သမီးဖြစ်သူ အခုလို သူတို့ အမြင်တွင် ပေါ့ပေါ့နေ ပေါ့ပေါ့စား တဦးနှင့် တွဲသွားတွဲလာလုပ်နေသည်ကို ကန့်ကွက် ပြောဆိုလာခဲ့ကြသည်။ ယင်းသည်ကလည်း အံ့သြဖွယ်တော့ မဟုတ်ပေ။ ထို့အပြင် စီလီယာက အသက် နှစ်ဆယ်တနှစ် က တကယ်တမ်းတွင် မပြည့်သေးပေ၊ ထို့အတွက် အာဂျင်တီနား ဥပဒေအရ သူမအနေနှင့် အမွေ ဆက်ခံခွင့် နှင့် ထိမ်းမြား လက်ထပ်ခွင့်ကို မိသားစု၏ သဘောတူညီချက်ဖြင့်သာ ပြုလုပ်နိုင်ခွင့် ရှိနေရသည်။ သူမ က မိဘများ၏ ခွင့်ပြုချက်ကို တောင်းခံသော်လည်း ငြင်းဆန်ခြင်း ခံခဲ့ရသည်။ သူမတွင်လည်း ကိုယ်ဝန်က ရှိလာနေပြီ ဖြစ်သည့်အတွက် ဘာလုပ်ရမှန်း မသိ ဖြစ်လာသဖြင့် အန်နက်စတို နှင့် ခိုးရာလိုက်ပြေးခြင်းသည်သာ နောက်ဆုံးတွင် မိဘများ၏ သဘောတူညီချက် ကို ရရှိနိုင်တော့မည်ဟု အကြံအစည်များ ဖြစ်ပေါ်လာသည်။ ထို့အတွက် သူမ၏ အမကြီး ဖြစ်သူ အိမ်သို့ နှစ်ဦးသား ထွက်ပြေးသွားခဲ့ကြသည်။ သူတို့၏ အကြံအစည်များက အထမြောက်သွားခဲ့ပြီး လက်ထပ်ထိမ်းမြားမှုကို မိဘများက သဘောတူခဲ့ရပေတော့သည်။ ထိုမျှ နှင့် မပြီးသေး စီလီယာ အဖို့ အမွေများ ဆက်ခံခွင့်ရရှိရေး အတွက် တရားရုံးသို့ ဦးတိုက်လျောက်ထားရန် လိုအပ်နေပေသေးသည်။ တရားရုံးက သူမရစရာ ရှိသော အမွေများ၏ တစိတ်တပိုင်းကို ဆက်ခံခွင့် ပြုခဲ့သည်။ ထို့အတွက် ကော်ဒိုဗာ ပြည်နယ်ရှိ ကျွဲနွား မွေးမြူရေး ခြံများ နှင့် သီးနှံ စိုက်ခင်းများကို ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။ သူမအတွက် ၀ယ်ယူထားသော ငွေစုစာချုပ် အချို့တ၀က်ကိုလည်း ထုတ်ယူခွင့် ရရှိခဲ့သဖြင့် မီဆီယွန်နက်စ်တွင် လ္ဘက်ခြောက် စိုက်ခင်းများ ၀ယ်ယူရန် လုံလောက်သည့် ငွေများ ရရှိလာခဲ့တော့သည်။

၁၉၂၇ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့တွင် စီလီယာ နှင့် အန်နက်စတို တို့ သူမ၏ အမ ဖြစ်သူ နေအိမ်တွင်ပင် မင်္ဂလာပွဲ အကျဉ်း ပြုလုပ်ပြီး လက်ထပ်ခဲ့ကြသည်။ လက်ထပ်ပြီးလျင် ပြီးချင်း မီဆီယွန်းနက်စ် တောကြီးမျက်မဲ ထဲသို့ လင်မယား နှစ်ယောက် ကသုတ်ကယက် ထွက်လာခဲ့ကြသည်။

"ကိုယ့်ဘ၀ကို ကိုယ့်ဆုံးဖြတ်ချက်နဲ့ တည်ဆောက်ကြဖို့ ဆုံးဖြတ်ပြီး ကျွနူပ်တို့၏ ပေါင်းစည်းမှုအား အနှောက်အယှက်ပေးချင်ကြသည့် အိနြေ္ဒသံပါတ် တင်းလွန်းလှသော ဆွေမျိုး မိတ်သင်္ဂဟ များကို နောင်တတရား များ နှင့်အတူ ထားခဲ့ကာ ထွက်လာခဲ့ကြခြင်းသာ ဖြစ်ပေသည်" ဟု နောက်ပိုင်း နှစ်ပေါင်းများစွာ
အကြာတွင် ရေးသားထုတ်ဝေခဲ့သည့် အန်နက်စတို၏ မှတ်တမ်းများ စာအုပ်တွင် ဖေါ်ပြထားခဲ့ပေသည်။
လှစိုးဝေ
(ချီ ဂွေဗာယား အား မိဘနှစ်ပါး နှင့်အတူ တွေ့ရစဉ်)

No comments:

Post a Comment