Latest News

Tuesday, February 28, 2017

မန္တလေးသင်္ကြန် ကျုံးပတ်လည်တွင် မဏ္ဍာပ် ၁၄ ခုသာရှိမည်ဖြစ်ပြီး ၂၆ လမ်းအား ယာဉ်ဝင်ခွင့်ပိတ်မည်ဖြစ်

မန္တလေးသင်္ကြန် ကျုံးပတ်လည်တွင် မဏ္ဍာပ် ၁၄ ခုသာရှိမည်ဖြစ်ပြီး ၂၆ လမ်းအား ယာဉ်ဝင်ခွင့်ပိတ်မည်ဖြစ်

၂၀၁၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလတွင် ကျုံးပတ်လည်တွင် မဏ္ဍာပ် ၁၄ ခုသာ ထားရှိမည် ဖြစ်ပြီး မဏ္ဍာပ်များအား လေလံစနစ်ဖြင့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“လောလောဆယ် ကျုံးပတ်လည်မှာ မဏ္ဍာပ်ပေါင်း ၁၄ ခုပဲ ရှိမယ်လို့ လျာထားတယ်။ ကျုံးတောင်ဖက်မှာ အရင်ကရှိခဲ့တဲ့ မြို့တော်ဝန်မဏ္ဍာပ်ရယ်၊ လပခ နန်းမြို့သူမဏ္ဍာပ်ရယ် နှစ်ခုပဲရှိမယ်။ ကျုံး အရှေ့ဖက်၊ အနောက်ဖက်၊ မြောက်ဖက်မှာ မဏ္ဍာပ် ၄ ခုဆီပဲ လျာထားတယ်။ မဏ္ဍာပ်တွေကိုတော့ လေလံပုံစံနဲ့သွားမယ်”ဟု စည်ပင်ကော်မတီဝင်ဦးကျော်ဇောအောင်ကပြောသည်။

မဏ္ဍာပ်အရေအတွက် နည်းပါးသွားသော်လည်း ကျုံးပတ်ပတ်လည်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ရေကစားနိုင်အောင် ဖော်ဆောင်သွားမည်ဖြစ်ကာ မနော်ရမ္မံကွင်းအနီးတွင် လူငယ်များပျော်ပါးနိုင်မည့် သင်္ကြန်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်သည်။

“၂၆ ဘီလမ်းကို ယာဉ်ဝင်ခွင့်ပိတ်လိုက်ပြီးတော့ အေးအေးဆေးဆေး လမ်းလျှောက်ပြီးတော့ ရေကစားလို့ရမယ့် သင်္ကြန်လုပ်မယ်။ မန္တလေးမြို့တော်သင်္ကြန်မဏ္ဍာပ်မှာလည်း အရင်ကလို စတိတ်ရှိုးအဆိုတော်တွေမပါတော့ပဲ မြန်မာမှုတွေလုပ်မယ်။ စိန်ဒူးဝါးဦးဆောင်တဲ့ မြန်မာ့ဆိုင်းပညာရှင်တွေနဲ့အတူ လူရွှင်တော်တွေလည်း ပါမယ်။ မြန်မာဆန်တဲ့သီချင်းမျိုးတွေဖျော်ဖြေတာမျိုးပါမယ်။ စည်ပင်တီးဝိုင်းအဖွဲ့လည်း ပါမှာ။ အဲဒီလိုလေး စီစဉ်ထားတယ်။ ကျုံးရဲ့ အရှေ့၊ အနောက်၊ မြောက်ဖက်တွေကို ရေကစားမဏ္ဍာပ်ခွင့်ပြုမယ်။ ဒါပေမယ့် အရင်လို အနားယူခန်းတွေ ပါတာမျိုးကိုတော့ စိစစ်တင်းကြပ်သွားမယ်။ လူငယ်တွေအတွက် ပျော်ပါးနိုင်ဖို့အတွက် မနော်ရမ္မံကွင်းဖက်မှာ စီစဉ်ပေးထားမယ်။ မြို့ထဲမှာ သင့်တော်တဲ့နေရာတွေမှာလည်း လူငယ်တွေ ရေကစားလို့အောင် စီစဉ်ပေးမှာပါ” ဟု စည်ပင်ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။

၂၀၁၇ ခုနှစ် သင်္ကြန်အား ယခင်ကဲ့သို့သော ရိုးရာသင်္ကြန်မျိုးကို ဖော်ဆောင်သွားမည်ဖြစ်ကာ ရေမဖြုန်းသည့်သင်္ကြန်မျိုးကို ဖြစ်လာမည်ဟုဆိုသည်။ ထိုသို့ ဖြစ်လာရန်အတွက် မြို့တော်သူ မြို့တော်သားတွေ ပါဝင်ရန် တိုက်တွန်းနိုးဆော်လျက်ရှိပြီး မြို့ထဲတွင် ယခင်ကာလများကရှိခဲ့သော သင်္ကြန်မဏ္ဍာပ်များအား ပြန်လည်ဖော်ဆောင်ကြစေလိုကြောင်း သိရသည်။

ချစ်ကို
Cr

အိမ်တိုင်းမှာ ဂက်စ်မီးဖိုတွေ အသုံးချနိုင်ရေး ကြိုးပမ်းမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

အိမ်တိုင်းမှာ ဂက်စ်မီးဖိုတွေ အသုံးချနိုင်ရေး ကြိုးပမ်းမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော



လျှပ်စစ်ကဏ္ဍကို အထောက်အကူပြုနိုင်ဖို့ အိမ်တိုင်းမှာ ဂက်စ်မီးဖိုတွေ အသုံးချနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သက်တမ်း(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ရေနံဓာတ်ငွေ့ရည် (LPG) ဆိုင်တွေကို ဖွင့်လှစ်နိုင်ရေးကြိုး ပမ်းသွားမယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တဲ့အခါမှာ လျှပ်စစ်မီးက အရေးကြီးတဲ့အတွက် လျှပ်စစ်ထုတ်လုပ်မှု ၊ သွယ်တန်းမှု ၊ ဖြန့်ဖြူးမှုအပိုင်းအားလုံး ကောင်းမွန်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပြီး အိမ်တွေမှာ သွယ်တန်းထားတဲ့ ရှုပ်ထွေးနေတဲ့ မီးကြိုးတွေကိုလည်း အစိုးရအနေနဲ့ စနစ်တကျဆောင်ရွက်ခဲ့ တယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောကြားခဲ့ပါတယ်။

5plus

ဦးကိုနီလိုပဲ မွှေလာမယ့်သူ ရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ....


".... ဦးကိုနီလိုပဲ မွှေလာမယ့်သူ ရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ...." (အင်တာဗျူး အစ အဆုံး)
#HtetKhaungLinn

"ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး"
====================

ထက်ခေါင်လင်း/Myanmar Now

ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ ထိပ်တန်းခေါင်းဆောင် မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
Myanmar Now သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ် မေးမြန်းရာမှာ မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိက ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ မဘသ အဖွဲ့ရဲ့ သဘောထား၊ တပ်မတော် အာဏာသိမ်းခြင်း၊ ဧည့်စာရင်း၊ အခြေခံဥပဒေ ပြင်ဆင်မှု မပြုရေး၊ အစိုးရသစ်ရဲ့ အုပ်ချုပ်ရေးတို့အကြောင်း မိန့်ကြားခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းချက်ထဲကနေ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မေး။ ။ ဦးဝီရသူရဲ့လူမူကွန်ရက်စာမျက်နှာမှာ ဦးကိုနီကိုသတ်လိုက်တဲ့ သူတွေကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားထားတာနဲ့ ပတ်သက်လို့ သံဃာတော်တစ်ပါးနေနဲ့ ဒီလိုမျိုး ပြောရမလား ဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ ဘုန်းဘုန်းအနေနဲ့ရော ဘယ်လိုများ သဘောရလဲဘုရား။

ဖြေ။ ။ သူ့ရဲ့ ပုဂ္ဂလိက အာဘော်ပဲ။ မဘသ အနေနဲ့ပြောတာ မဟုတ်ဘူးလေ။ ဘုန်းကြီးတို့ကတော့ ဒါတွေကို ဘာမှ မဝေဖန်လိုဘူးပေါ့။ ကိုနီနဲ့ ပတ်သက်တဲ့လူတွေကတော့ ဘာပဲဖြစ်ဖြစ် အပြစ်မြင်မှာပဲလေ၊ မဟုတ်ဘူးလား၊ ဒီသဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘုန်းကြီးတို့က အားလုံးအတွက် ကြေညာစာတမ်း ထုတ်ထားပြီးပြီလေ၊ ကိုနီသေတာကိုလည်း ဒါဟာ သတ္တဝါတစ်ဦးသေသလို ဝမ်းနည်းတာပဲပေါ့။ အားလုံး သေနေကြတာပဲ မဟုတ်လား။ အသတ်ခံနေကြရတာပဲ မဟုတ်လား။ ဘုရားက မြွေဟောက်တစ်ကောင်ကို ကာလသားတွေ ဝိုင်းရိုက်တာကို ဘုရားက မကြိုက်လို့တားခဲ့တယ် ဆိုတဲ့ပုံစံလေ၊ ဖတ်ဖူးတယ် ဟုတ်။ မည်သူတစ်ဦးဦးကို သတ်တာကမှ ဘုန်းကြီးတို့ အဖွဲ့က မကြိုက်ဘူးလေ။ ဒါ သဘောထား ကြေညာချက် ထုတ်ပြန်ထားပြီးပြီပဲဟာ။ ဖတ်ရတယ်မဟုတ်လား။

မေး။ ။ အခုက သူ့ရဲ့အာဘော်ဆိုပေမဲ့ သံဃာတော်တစ်ပါးအနေနဲ့ အဲဒီလိုမျိုး ပရိသတ်တွေကို အတည့်အလင်း ချပြဖို့သင့်မသင့် ဘယ်လိုမြင်လဲဘုရား။

ဖြေ။ ။ အဲဒါတော့ ဘုန်းကြီးမပြောလိုဘူးလေ။ ဒါ သူ့ကိစ္စနဲ့သူပဲလေ။ သေတာလည်း သူ့ကိစ္စနဲ့သူပဲလေ။ အမှန်ကတော့၊ ဘုန်းကြီးတို့အမြင်ကတော့ ကိုနီကို မုန်းနေတာ အများကြီးဖြစ်နေတာကို။ သတ်ချင်တဲ့သူကလည်း အများကြီး ဖြစ်နေတာ။ ကရင်ပြည်နယ်က DKBA တပ် တစ်တပ်လုံးက သတ်ချင်နေတယ်လို့ ဘုန်းကြီးတို့က သိထားတယ်။ ကိုနီကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည်ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။

မေး။ ။ တိုင်းပြည်ချောက်ကျအောင်ဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးလဲဘုရား။

ဖြေ။ ။ ယိုးဒယားကို ဒကာ အခုတလောမှာ ကြည့်လိုက်။ ယိုးဒယားမှာ ဒီမိုကရေစီဆိုတဲ့ သဘောမျိုးနဲ့ လုပ်နေပေမယ့် ကမ္ဘာမှာ ယိုးဒယားက အာဏာသိမ်းတာ အများဆုံးပဲ၊ သိမ်းပြီးရင်လည်း မူဝါဒက နဂိုအတိုင်းပဲ သွားနေတဲ့အခါကျတော့ အမေရိကန်က နုတ်ပိတ်ပြီးတော့ ဒီအတိုင်း မနေနေဘူးလား။ ဗမာပြည်က အာဏာ သိမ်းလိုက်တဲ့အခါကျတော့ အမေရိကန်က သူ့မူဝါဒအတိုင်းမလိုက်ဘဲနဲ့ ဦးနေဝင်းတို့ ဆိုရှယ်လစ်ဘက်ကို လုပ်လိုက်တဲ့အခါကျတော့ အမေရိကန်က ကလန်တယ်လေ။ အကယ်၍ ဦးနေဝင်းသာ အမေရိကန်နဲ့ တည့်အောင်ပေါင်းနေမယ် တည့်နေတယ် ဆိုရင် ဒါဟာ သူတို့မြှောက်စားနေမှာပဲ။ ပါကစ္စတန်မှာလည်း အာဏာသိမ်းတဲ့ ဗိုလ်ချုပ်တွေကို သူ့မူဝါဒအတိုင်း လုပ်တဲ့အခါကျတော့ လက်တွဲပြီးတော့ ဆောင်ရွက်နေတယ်။ သူ့မူဝါဒအတိုင်းလုပ်မယ်ဆိုရင် ဘယ်သူသိမ်းသိမ်း သူကြိုက်တယ်။ ကနေ့ ယိုးဒယားရဲ့လွှတ်တော်မှာ မွတ်စလင်တွေ ရာနဲ့ချီပြီးတော့ ရောက်သွားပြီ၊ ကြားဖူးတယ်နော်။ အခု ယိုးဒယားက မက္ကာသွားတဲ့ ကုလားတွေကို အစိုးရရဲ့ခရီးစရိတ် ထုတ်ပေးရတဲ့အဖြစ် ရောက်သွားပြီ။ ပြီးတော့ ယိုးဒယားအခြေအနေမှာ ဓမ္မာကာယဂိုဏ်းဆိုတာ ဂိုဏ်းနှစ်ဂိုဏ်းထဲမှာ အဓိက ဂိုဏ်းကို အစိုးရက ဖြိုခွင်းနေတာရော ကြားလား။ ကြားတယ်မလား။ ဒီလိုစနေပြီပေါ့။ ဗမာပြည်မှာ အဲဒီအန္တရာယ်ကို ကာကွယ်ဖို့ရန်အတွက် ရှေးကတည်းက ဦးနေဝင်းတို့ လက်ထက်ကတည်းက ဘာသာခြားတွေကို ရာထူးကြီးကြီး မပေးခဲ့ဘူး။ ဗိုလ်မှူးချုပ်အေဘယ် တစ်ယောက်ပဲ အရည်အချင်းရှိလို့ နဂိုကတည်းက ဒီရာထူးနဲ့ပဲ နေတယ်။ ဒါပေမဲ့ အရေးပါတဲ့နေရာမှာ မထားဘဲနဲ့ နိုင်ငံခြားဘက်မှာပဲ ထားသွားတယ်။ နောက်ထပ် နောက်ထပ် ဘယ်သူမှ ဗိုလ်မှူးကြီး မဖြစ်လာရဘူး။ ကိုနီက ခြံစည်းရိုးဆိုတဲ့ဥပဒေကို တစ်ချောင်းခြင်းတစ်ချောင်းခြင်း ဖယ်ရှားနေတယ်။ တဖြည်းဖြည်း သူ့လူတွေကို ဝင်လာနိုင်အောင် လုပ်နေတယ်။ ဒါကို ဉာဏ်မျက်စိနဲ့မြင်အောင် ကြည့်တတ်ကြဖို့လိုတယ်။ ဒို့ဧည့်စာရင်းစစ်တဲ့ဟာကို ပထမဆုံး ဖျက်ပစ်လိုက်တယ်။ ဧည့်စာရင်း တိုင်တဲ့နေရာမှာ ဟိုးလွန်ခဲ့တဲ့ အနှစ်၂ဝ၊ ၂၅ လောက်တုန်းက ၁ ကျပ်လား ပေးရတယ်၊ တို့ရွာမှာ။ နောက်ပိုင်း ဘယ်လောက်ပေးရလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ်လူတွေက ပေးရရင် မကြိုက်ဘူးလေ။ လူတွေက ဧည့်စာရင်းကိစ္စရှုပ်တယ် ဆိုပြီးတော့၊ ဒီအကွက်ကို သူတို့က လူထုမကြိုက်ဘူးဆိုပြီး လုပ်လိုက်တာ။ အကြောင်းပြတာ။ ဒါဖျက်လိုက်တာနဲ့ တစ်ခါတည်း ဒီခြံစည်းရိုးတစ်ချောင်း ကျိုးတာနဲ့ တစ်ခါတည်း သူ့မွတ်စလင်ကုလားတွေ တန်းစီပြီးတော့ ဝင်လာတာ မတွေ့ဘူးလား။ ဒါက တိုင်းပြည် အလားအလာအတွက် ဒီအတိုင်းသွားရင် မကောင်းဘူးဆိုတာ မြင်တယ်။ ဒီလောက်နဲ့တော့ မဖြစ်သေးဘူး။ တဖြည်းဖြည်း၊ တဖြည်းဖြည်းချင်း လာမယ်။ အဲဒါတိုင်းပြည် ချောက်ကျမယ့် သဘောပဲ။

မေး။ ။ အခြေခံဥပဒေက ပြင်ဆင်ဖို့ မလိုဘူးလို့ ယူဆပါသလား။

ဖြေ။ ။ လောလောဆယ်ဆယ် ပြင်ဆင်ဖို့မလိုသေးဘူး။ ပြင်ဆင်ဖို့ ဆိုတာလည်း မရသေးဘူး။ မရသေးတဲ့ အတွက်ကြောင့် ပြင်မယ်လို့ ပြောနေတာကလည်း အမုန်းပွားတာပဲ အဖတ်တင်မယ်၊ ငါလည်း စိတ်ပူပြီးတော့ ပြောဖူးတယ်။ ဗိုလ်ချုပ်ကြီး တစ်ယောက် ပြောတယ်၊ ဆရာတော် ဘာမှမပူပါနဲ့၊ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်လို့ စာကြောင်းပါတယ်။ တလောက ဆောင်းပါးမှာဖတ်လိုက်ရတာက အခြေခံဥပဒေ ထိန်းသိမ်းဖို့ရန် တပ်မတော်သည် အဓိက တာဝန်ရှိသည်။ ဒီလိုစာသားနဲ့ ရေးထားတာရှိတယ်။ ဟို ဗိုလ်ချုပ်ပြောတာကတော့ ဗမာလိုပြောချလိုက်တာပဲလေ။ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်ရမည်။ ဒီအခြေခံဥပဒေကို တပ်မတော်က ခွင့်မပြုရင် ဘယ်သူမှ ပြင်လို့မရဘူး။ ပြင်ချင်ရင် တပ်မတော်နဲ့ သင့်လျော်အောင်ပေါင်း၊ ညှိ။ ဟုတ်ပြီလား။ အဲဒီလိုကာကွယ်ရတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ဟိုကောင်တွေက ဥပဒေဆိုတဲ့ ခြံစည်းရိုးကို တစ်ချောင်းခြင်း၊ တစ်ချောင်းခြင်း၊ ဖြည်းဖြည်း မသိမသာဖြုတ်။ သူတို့က ဘာမှနားမလည်တဲ့ လူထုကို ဘာမဟုတ်တာလေးတစ်ခုပေး၊ ဘာမဟုတ်တဲ့ တစ်ကျပ်၊ ငါးမူး သက်သာတာကို။ တကယ် သူ့လူ သူသွင်းချင်တာကိုကတော့ မြှုပ်ထားတယ်။ ဒီ့အပြင်အရေးကြီးတဲ့ဟာတွေ ရှိသေးတယ်။ အဲဒါ၊ တိုင်းပြည် ချောက်ကျသွားမှာပဲ။ ချောက်တော့ အကျမခံဘူး။ ပြောလို့မရရင်တော့ တို့ မျိုးချစ်လူတွေက၊ ဘုန်းကြီးတွေကရော လက်ခံနိုင်မှာ မဟုတ်ဘူး။ လက်မခံနိုင်ရင် တိုင်းပြည်ပွက်မယ်။ တိုင်းပြည်ပွက်လို့ အစိုးရက ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ရင် တပ်က အာဏာသိမ်းမယ်၊ ဒီလမ်းစဉ်ပဲရှိတာ။ အဲဒီလိုဆိုရင် တို့ဒီမိုကရေစီ ဘာဖြစ်သွားမလဲ။ ငါတို့က အဲဒီ ဒီိမိုကရေစီကို ပေးမပျက်စေချင်လို့။ ဒီကိုနီ မွှေနေပုံက တစ်နေ့တော့ ဒုက္ခတော့ ပေးတော့မှာပဲ လို့၊ ဒီလိုတော့ သိတယ်လေ။ အခုသည်ပင်လျှင် တပ်မတော်က ငါတို့ အတွင်းကျကျသိထားတဲ့ အသိတစ်ခုက၊ မှားရင်လည်းမှားမယ်၊ မှန်ရင်လည်း မှန်မယ်၊ ဒီမိုကရေစီနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် တိုင်းပြည်ကို တိုးတက်အောင် သူလုပ်နိုင်သလဲ။ သူ့လုပ်ဆောင်ချက်က တိုင်းပြည်အတွက် ဘယ်လောက်တောင် အန္တရာယ် များသွားသလဲ။ ဒါကို တပ်မတော်က စောင့်ကြည့်နေတယ်၊ လူထုက သူ့ကို တအား ယုံကြည်နေတာကို။ ကနေ့အထိတော့ တိုင်းပြည် ကသောင်းကနင်း ဖြစ်လောက်အောင် မဖြစ်သေးဘူး။ မဖြစ်သေးတဲ့ အတွက်ကြောင့် ဒီအတိုင်ပင်ခံ ဆိုင်ရာ၊ ဒီ ကိုနီတို့ လုပ်လိုက်တဲ့ အခါကျတော့၊ အခြေခံဥပဒေနဲ့မညီတဲ့ အခါကျတော့၊ တပ်မတော်က တောက်တစ်ချက် ခတ်သွားတယ်၊ သည်းခံလိုက်တယ်၊ မလုပ်သေးဘူး၊ စောင့်ကြည့်နေတယ်။ ဒီလိုဟာ များနေရင် ပါးစပ်က တောက်ခတ်ရုံတင်မကတော့ဘဲ လက်ပါလာမယ်။ ဒါတွေကို သတိပြုမိကြရဲ့လား ဆိုတာတော့ မပြောနိုင်ဘူးလေ။ ငါတို့ကတော့ စိတ်ပူနေတယ်။

မေး။ ။ ဒီလုပ်ကြံမှုမှာ အငြိမ်းစားယူသွားတဲ့ တပ်မတော် အရာရှိကြီးဟောင်းတွေ ပါဝင်နေတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီလို ယူဆချက်တွေကိုရော ဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ ဒါကကွာ လယ်ပြင်မှာ ဆင်သွားသလိုပဲ ထင်ရှားနေတာပဲ။ ဉာဏ်မျက်စိနဲ့ ကြည့်ရင်မြင်တယ်လေ။ ဒီမိုကရေစီကို မင်းတို့၊ ငါတို့ ပြည်သူတွေက အော်ဟစ် တိုက်ခိုက်လို့ ရလာတာမှ မဟုတ်တာ။ ဟိုတုန်းက ငါတို့ အော်ဟစ် တိုက်ခိုက်လို့ သေတာပဲ အဖတ်တင်ခဲ့တယ်လေ။ ရရဲ့လား၊ မရဘူးနော်။ နောက်ဆုံး အခြေခံ ၇ ချက် ဆိုပြီး ယိုးဒယားကပြောလို့ ဦးခင်ညွန့်တို့က ဘာမြေပုံဆိုလဲ အဲဒါတွေနဲ့ အခြေခံတွေဆွဲပြီး ငြိမ်ဝပ်ပိပြားရေး လက်ထက်မှာလေ၊ ဆွဲပြီးလို့ အားလုံးလမ်းခင်းပြီးတဲ့အခါကျမှ ဒီမိုကရေစီ ပါတီစုံရွေးကောက်ပွဲကို ချပေးခဲ့တယ်လေ။ ချပေးလိုက်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့က ပထမအသုတ်မှာ ဝင်မပြိုင်ဘူးလေ။ အဲဒါ ဘယ်သူက မပြိုင်ခိုင်းလို့ မဝင်သလဲဆိုတာ ဒကာသိလား။ ကိုနီပါရင် လှေမှောက်တယ် ဆိုတဲ့ ဂျာနယ်တစ်စောင်ရေးတဲ့ ဆောင်းပါး၊ ဒကာဖတ်လိုက်ပါ၊ အဲဒီမှာ ၆ ချက်တွေ့လိမ့်မယ်၊ နောက်ဆုံးတစ်ချက် ငါပြောမယ်၊ အဲဒီမှာ ကိုနီက အကြံဉာဏ်ပေးတယ်၊ ရွေးကောက်ပွဲနိုင်ရင်လည်း ဒေါ်စု သမ္မတ မဖြစ်ဘူး၊ အခြေခံဥပဒေ မပြင်တဲ့အတွက်ကြောင့်။ နိုင်တော့နိုင်မယ်၊ သမ္မတလုပ်လို့ မရဘူး။ အခြေခံဥပဒေကို အစကနေပြန်ရေးမယ် ဆိုတဲ့ အသံရော မကြားဘူးလား။ အဲ့ဒီမှာ ဒေါ်စုကို သူက ပြောတဲ့အခါမှာ ဒေါ်စုက သူ့အပေါ်မှာ သံသယဖြစ်တယ်လို့ တို့ကြားတယ်။ သူက မလုပ်နဲ့၊ လုပ်ရင် တပ်မတော်နဲ့ ထိပ်တိုက်တွေ့မယ်လို့ ပြောတယ် ဆိုလားပဲ။ ဦးကိုနီကိုလည်း နိုင်ငံခြား OIC ကနေ ငွေကြေးတွေ ထောက်ပံ့ပေးပြီး မင်းဒါတွေ မလုပ်သေးဘူးလားလို့ ဖိအားတွေ ပေးနေတယ်။ သူလုပ်ပြန်တော့လည်း ဒေါ်စုတို့က လက်မခံပြန်ဘူး။ မလုပ်သေးဘူး။ ဆိုင်းထားတယ်ပေါ့။ သူ့ကို တစ်ဖက်ကလည်း ငွေအားနဲ့ ဖိအားပေး အကျပ်ကိုင်နေတော့ သူလုပ်ထားတဲ့အလုပ်ကို စာအုပ်ရိုက်ပြီး ဝေလိုက်တယ်လေ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဒေါပွတယ်ဆိုတာကြားတယ်။ ဒေါ်စုက သူနဲ့ ၃ လလောက် တန်းသွားပြီး အတွေ့မခံဘူးလို့လည်း ကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူးနော်၊ ကြားတာ။ အဲ့ဒီရဲ့အရှိန်နဲ့ အခုလို အသတ်ခံရတယ် ဆိုတော့ ဘယ်လိုတွေ၊ ဘယ်ဝါတွေတော့ မပြောနိုင်ဘူးပေါ့။ သတ်တာမှာ လူတယောက်သတ်တာ ဘယ်နေရာသတ်သတ် ရတာပဲ။ ဒီလောက် လက်နက်တွေ ပေါနေတာ။ လူကောင်မပေါ်ဘဲနဲ့ကို သတ်လို့ရတာပဲ။ မင်္ဂလာဆောင်မှာလည်း သတ်လို့ရတာပဲ။ အားလုံးရရဲ့သားနဲ့ လူမြင်ကွင်းဖြစ်တဲ့ ကမ္ဘာသိဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှာ ဗြောင်ကြီး လုပ်ပစ်လိုက်တာက တိုင်းပြည်က ဘယ်လိုဖြစ်နေလဲ ဆိုတာကို ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ နားထောင်လိုက်ရင် သိနိုင်တယ်။

မေး။ ။ ဒါဟာ ပြည်သူ ထိတ်လန့်စေအောင် ချိန်းချောက်လိုက်တဲ့သဘောပဲလို့ ဘုန်းဘုန်းတို့ ယူဆတယ်ပေါ့။

ဖြေ။ ။ အဲ့ဒီလောက်မဟုတ်ဘူး။ ပြည်သူလူထုနဲ့ ဘာမှ မဆိုင်ဘူး။ မြန်မာပြည်ကြီးက ရန်ကုန်မှာ၊ အစောင့်ရှောက်တွေထူထပ်တဲ့ မင်္ဂလာဒုံမှာ မလုံခြုံတော့ဘူး ဆိုတာကို ကမ္ဘာကို လက်တွေ့ပြလိုက်တဲ့ သဘောပါ။ ကမ္ဘာက သိသွားတယ်လေ။ သေတာနဲ့ နာရီဝက်လောက်ပဲမှာ နိုင်ငံခြားတစ်ခုက ချက်ချင်း ကြေညာတယ်။ သူ့ကို ကြိုးကိုင်နေတဲ့အဖွဲ့က အရင်ဆုံး ကြေညာတာ။ အင်္ဂလိပ်လို နာမည် မမှတ်မိဘူး။ အပြင်လောကမှာ အဲ့ဒီအဖွဲ့ကပဲ သတ်ခိုင်းသလိုလိုတောင် ကြားလိုက်တယ်။ သူတို့ ခိုင်းတဲ့အတိုင်း မဖြစ်လာလို့၊ သူက အဲ့ဒီကငွေတွေ အများကြီး ယူထားတယ်။

မေး။ ။ လုပ်ကြံတာ သူ့နောက်ကွယ်က အဖွဲ့အစည်းလို့ပဲ ယူဆတယ်ပေါ့။

ဖြေ။ ။ ဘယ်သူမှန်းတော့ မသိဘူးလေ။ တို့အပြင်မှာ ကြားနေတာက ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ ပါနေတဲ့ အဖွဲ့အစည်းထဲက တချို့ကတောင် လုပ်တယ်လို့တောင် ကြားတာ။

မေး။ ။ ဒါဆိုလို့ရှိရင် စစ်အရာရှိဟောင်းတွေပါတဲ့ အဖွဲ့အစည်းက လုပ်တယ်လို့ ဘုန်းဘုန်းတို့ မယူဆဘူးပေါ့။

ဖြေ။ ။ အဲ့ဒီဟာက နည်းနည်းတော့ ပါးတယ်။ သူတို့အဖွဲ့ထဲမှာကို သူချယ်လှယ်နေတာကို မကြိုက်တဲ့သူ အများကြီး ရှိတယ်။ တိုင်းပြည်တစ်ခုလုံးကို တစ်ဦးတည်း ကြိုးကိုင်ပြီး မွှေနေတယ်ဆိုတော့။ သူတို့ထဲမှာလည်း တိုင်းပြည်ကို တကယ်ချောက်ကျသွားမှာ ကြောက်တဲ့သူ အများကြီးရှိတယ်လေ။ ဗြောင်မပြောရဲတဲ့သူတွေလေ၊ ဗြောင်ပြောရင် ဘေးရောက်သွားမယ်လေ။ ဒီလိုတွေရော မရှိနိုင်ဘူးလား၊ အများကြီးပဲ။ သိမ်မွေ့တယ်လေ။ အဲ့ဒီလိုတွေ အများကြီး အန္တရာယ်ဖြစ်လာနိုင်ရင်တော့ ဒီလိုရှင်းပြစ်မယ်ဆိုတာတွေ လာလိမ့်ဦးမယ်။ နောက်ထပ် ဘယ်သူတွေ ဘာထပ်ဖြစ်မလဲ ဆိုတာတော့ မပြောနိုင်ဘူး။

မေး။ ။ ဒါဆို နောက်ထပ် ဒီလိုတွေ ထပ်ဖြစ်နိုင်သေးတယ်လို့ ယူဆပါသလား။

ဖြေ။ ။ ဘယ်သူတွေ ဘယ်လိုထပ်ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် နေထိုင်သွားလာဖို့၊ ကျန်တဲ့ပုဂ္ဂိုလ်တွေလည်း ဒီတိုင်းပဲပေါ့လေ။ တို့က ဘယ်သူ့ကိုမှ၊ အရေးကြီးတဲ့သူတွေကို ဘာမှထပ်မဖြစ်စေချင်ဘူး။

မေး။ ။ နောက်ထပ်ဖြစ်လာနိုင်ချေရှိတယ် ဆိုတော့ NLD ရဲ့ ဥပဒေအကြံပေးတွေ၊ လွှတ်တော် ကိုယ်စားလှယ်ထဲမှာလည်း အစ္စလမ်ဘာသာဝင် မရှိဘူး။ ပါတီရဲ့ဗဟိုကော်မတီဝင်တွေမှာလည်း မပါဘူး။ အဲ့ဒီတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပါတီထဲက ကြိုးစားနေတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယူဆသလား။

ဖြေ။ ။ အခြေခံဥပဒေကို အဲ့ဒီလို့ပဲ လုပ်လာပြီးတော့ ကိုးရိုးကားယားပေါ့… ဥပမာ ဦးကိုနီလိုပဲ မွှေလာမယ့်သူ ရှိလာရင်တော့ သတ်မယ့်လူလည်း ပေါ်လာဦးမှာပဲ။ တိုင်းပြည် ထိတ်လန့်ရင် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရှင်းကြမှာပဲ။ တိုင်းပြည် ဒုက္ခရောက်သွားမယ်ဆိုရင်။

မေး။ ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုင်တွယ်နေတာ သိမ်မွေ့တယ်။ ဒါပေမယ့် တစ်ချိန်မှာ သူကိုယ်တိုင် ထုတ်ပြောမယ်၊ ပါတီဗဟိုအလုပ်အမှုဆောင်တွေကလည်း အခြေခံဥပဒေနဲ့ပတ်သက်ပြီး ထုတ်ပြောမယ်ဆိုရင် သူတို့လည်း အန္တရာယ်ရှိနိုင်တယ်ပေါ့။

ဖြေ။ ။ ကိုးရိုးကားယားဖြစ်မယ့်အနေအထား ဆိုရင်တော့ အန္တရာယ် ရှိနိုင်တာချည်းပဲလေ။ အားလုံး အန္တရာယ်ရှိနိုင်တာပေါ့။ တို့လည်း အန္တရာယ်ရှိတာပဲ။ သွားရင် အစောင့်အရှောက်နဲ့သွားနေရတာပဲ။ ကုလားရဲ့အန္တရာယ်ပေါ့။ အန္တရာယ်ကြီးတာနဲ့ငယ်တာပဲ ကွာတာ။ အဲဒါကြောင့် ငါတို့က ဘယ်သူ့ကိုမှ ဘာမှ မပေးဖြစ်စေချင်တာ အမှန်ပဲ။ တို့အဖွဲ့အစည်းက ဘယ်လုပ်ကြံမှုကိုမှ အားမပေးဘူးလေ။ အားလုံး အေးအေးဆေးဆေး ဖြစ်စေချင်တယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဒီမိုကရေစီပန်းတိုင်ရောက်အောင်ပေါ့။ အခုက ပန်းတိုင်မရောက်သေးဘဲ အစမှာပဲ ချာလပတ်လည်နေတယ်။ တို့ကတော့ တကယ် တိုင်းပြည် ကောင်းစေချင်တာ။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက ငါတို့ညီလာခံမှာ ပြောခဲ့တာပဲ၊ တွဲပြီးတော့ တကယ် အုပ်ချုပ်။ ကျွမ်းကျင်တဲ့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က တကယ်တော်တဲ့သူနဲ့ ၃ ပုံ ၁ ပုံ၊ ဒါမှမဟုတ် ၃ ပုံ ၂ ပုံ ပါဝင်ပြီး တွဲအုပ်ချုပ်သွားရင်၊ တဖြည်းဖြည်းနဲ့ ဟိုပုဂ္ဂိုလ်တွေကို ဘေးဖယ်ဖယ်သွားရင် ကိုယ်လည်း အုပ်ချုပ်ရေးတတ်သွားမယ်။ အခုက အုပ်ချုပ်ရေး မတက်တဲ့သူက အစိုးရဖြစ်နေတယ်။ ။

-------------------------------
၂ဝ၁၅ နှစ်ကုန်ပိုင်းက မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်မှာ တွေ့ရတဲ့ မဘသ ဗဟိုအတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိ (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)

ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းမည်

ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်

စာရင်း တင်သွင်းမည်


ရွှေတိဂုံစေတီ တော်ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအ နှစ်စာရင်းသို့ ၂၀၁၉ တွင် တင် သွင်းမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင် ကိုက ဖေဖော်ဝါရီ ၂၈ ရက်၌ ပြောကြားသည်။

နေပြည်တော်၌ ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေးသို့ တက်ရောက်သည့် ၀န်ကြီးသူရဦးအောင်ကိုက ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းအ တွက် ပုဂံဒေသကို ၂၀၁၇ စက် တင်ဘာခန့်၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ သာသနိက အဆောက်အအုံများကို ၂၀၁၈ နှင့်ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် ကို ၂၀၁၉ တွင် အသီးသီးတင် သွင်းနိုင်ရေး ဆောင်ရွက်နေသည် ဟု မီဒီယာများအား ပြောကြား သည်။

‘‘ရွှေတိဂုံစေတီတော်နဲ့ ပတ် သက်လို့ကတော့ အချက်အလက် ကိန်းဂဏန်းတွေက ပြည့်စုံစွာရှိ ပြီးဖြစ်လို့ မြောက်ဦးမှာရှိတဲ့ ယဉ် ကျေးမှုအမွေအနှစ်တွေ တင်ပြီး တာနဲ့ ၂၀၁၉ မှာ ရွှေတိဂုံကို ဆက်လက်တင်သွားမှာဖြစ်ပါတယ်။ အဲဒီ   ယဉ်ကျေးမှုအမွေအနှစ် သာသနိက အဆောက်အအုံ တွေကို နောင်နှစ်ပေါင်းရာထောင် ချီတည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း တဲ့နေရာမှာ ယူနက်စကိုရဲ့ ဆက် သွယ်ပေါင်းစပ်ပေးမှုနဲ့ နည်းပညာအကူအညီတွေ ရရှိမှာဖြစ်ပါ တယ်။ အဲဒီလိုထိန်းသိမ်းဖို့အ တွက်ကိုလည်းလိုအပ်တဲ့ ရန်ပုံငွေတစ်စိတ်တစ်ပိုင်းကို ယူနက်စကို က တစ်ဆင့်ကမ္ဘာ့အလှူရှင်နိုင်ငံ များကနေ အလှူခံပေးမှာ ဖြစ်ပါတယ်။ ဥပမာကမ္ဘောဒီးယားနိုင်ငံ မှာရှိတဲ့ အန်ကောဝပ်ဘုရား ကျောင်းတော်ကြီး ထိန်းသိမ်းဖို့ အတွက် နှစ်စဉ်ထောက်ပံ့ငွေ ဒေါ် လာ ခြောက်သန်းခန့်ရတယ်လို့ သိရပါတယ်’’ဟု ဆိုသည်။

ပုဂံဒေသ၊ မြောက်ဦးဒေသ နှင့် ရွှေတိဂုံစေတီတော်တို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာ ရင်းတင်သွင်းနိုင်ရေး စီမံချက်များ ကို UNESCO နှင့် ပူးပေါင်းပြီး ပညာရှင်များက ရေးဆွဲလျက်ရှိ သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကမ္ဘာ့ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်စာရင်းဝင်ရေး အဆိုပြုရာတွင် ရှေးဟောင်းအ မွေအနှစ်နှင့် ပတ်သက်သည့် ထိန်းသိမ်းကာကွယ်ရမည့် ဥပဒေကြမ်းနှင့် စီမံချက်ကို စတင်ဆောင်ရွက်ရကြောင်း၊ ရှေးဟောင်းအမွေအ နှစ်သတ်မှတ်ရန် ပြည်တွင်း၊ ပြည်ပဘုရားဖူးများ၊ ခရီးသွားများလာရောက်ရန် လိုအပ်သည့်  စီမံချက်၊ ရေရှည်တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းမည့် လုံခြုံရေးစီမံချက်၊ ရှေးဟောင်းအမွေအနှစ် ဆိုင်ရာပစ္စည်းများ ထိန်းသိမ်းမည့် စီမံချက်ဟူ၍ Master Plan ရေး ဆွဲရသည်ဟု ပြည်ထောင်စုဝန် ကြီးက ရှင်းပြသည်။

ကမ္ဘာ့ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ်စာရင်းဝင်ရေး မြန်မာနိုင်ငံက အဆိုပြုထားသည့် နေရာဒေသရှစ်ခုရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် UNESCO က အသိ အမှတ်ပြုထားသည်။

 
7Day News Journal

တာမွေလေး ခုံးကျော်တံတားပေါ်မှ လိုက်ထရပ်တစ်စီး ပြုတ်ကျ

တာမွေလေး ခုံးကျော်တံတားပေါ်မှ လိုက်ထရပ်တစ်စီး ပြုတ်ကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

တာမွေမြို့နယ် မင်းရဲကျော်စွာလမ်းရှိ တာမွေလေး ခုံးကျော်တံတားတွင် ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲက လိုက်ထရပ်ယာဉ်တစ်စီး တံတားဘောင် ကွန်ကရစ်တုံးများကို ဝင်တိုက်ရာမှ တံတားအောက်သို့ ပြုတ်ကျခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တံတားအောက် ပြုတ်ကျခဲ့သည့် လိုက်ထရပ်ယာဉ်မှာ သုဝဏ္ဏလမ်းဆုံ မီးပွိုင့်မှ တာမွေဘက်သို့ လေးထောင့်ကန်လမ်းအတိုင်း မောင်းလာစဉ် တာမွေလေး ခုံးကျော်တံတား အဆင်းအရောက် အရှိန်လွန်ပြီး တံတားဘောင်ရှိ ကွန်ကရစ်တုံးများကို ဝင်တိုက်ကာ တံတားအောက်သို့ ပြုတ်ကျခဲ့သောကြောင့် ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သည့် အငှားယာဉ်မောင်း အမျိုးသားတစ်ဦးက ပြောကြားသည်။

“တံတားအဆင်းမို့ ကားပြုတ်ကျခဲ့ပေမယ့် ထိခိုက်ပျက်စီးမှု သိပ်မရှိခဲ့ဘူး။ ပြုတ်ကျတဲ့ ကားထဲက အမျိုးသားနှစ်ယောက်တော့ ပွန်းပဲ့ဒဏ်ရာတွေ ရပြီး အနားက လူတွေက ကားထဲက ဝိုင်းဆွဲထုတ်ပေးခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။

တံတားပေါ်မှ ယာဉ်ပြုတ်ကျခဲ့သောကြောင့် ယင်းအနီးတွင် ယာဉ်ကြော ပိတ်ဆို့မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သည့် လိုက်ထရပ်ယာဉ်မောင်းကို အမှုဖွင့် အရေးယူရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


The Voice

အောင်ဝင်းခိုင်ကို ခြေရာခံရမည့် အရေးပါသော စီစီတီဗီမှတ်တမ်းများမှာ သီးခြားပျက်စီးခြင်းမဟုတ်ဘဲ အလိုအလျောက် ပျက်သွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူပြော

အောင်ဝင်းခိုင်ကို ခြေရာခံရမည့် အရေးပါသော စီစီတီဗီမှတ်တမ်းများမှာ သီးခြားပျက်စီးခြင်းမဟုတ်ဘဲ အလိုအလျောက် ပျက်သွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူပြော



ပရဆေးဥယျာဉ်ရှေ့တွင် ပျောက်ဆုံးသွားခဲ့သည်ဆိုသည့် ဦးကိုနီလုပ်ကြံမှု၌ ပါဝင်သော လွတ်မြောက်နေဆဲ အောင်ဝင်းခိုင်၏ ပုံရိပ်များ ပါဝင်နိုင်ဖွယ်ရှိသည်ဆိုသောစီစီတီဗီဗီဒီယိုဖိုင်သည် သီးခြားပျက်စီးခြင်းမဟုတ်ဘဲ အလိုအလျောက်ပျက်သွားခြင်းဖြစ်သည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

‘‘စီစီတီဗီနဲ့ ပတ်သက်လို့ သီးခြားပျက်စီးတာ မဟုတ်ဘူး။ Rotate စနစ်နဲ့ တစ်ပတ်ခံတဲ့ စီစီတီဗီဆိုရင် တစ်ရက်ကနေ ခုနစ် ရက်အထိ တောက်လျှောက် Record လုပ်ထားတယ်။ ပြီးသွားတော့ ရှစ်ရက်နေ့ရောက်တော့ သူ့ဘာသာအလိုလိုပြန်ဖျက်သွား တယ်။ အဲဒီလိုသဘောမျိုးပါ။ အခုက တစ်လကြာသွားပြီလေ’’ ဟု အထက်ပါရဲအရာရှိကြီးက 7DayDaily နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။

ဇန်န၀ါရီ ၃၀ ရက်က အောင်ဝင်းခိုင်၏ ဓာတ်ပုံဖြင့် ရှာ ဖွေဖမ်းဆီးရန် ညွှန်ကြားခံရပြီး ထိုစဉ်က အကြောင်းရင်းကို မသိရှိခဲ့ဘဲ နောက်ပိုင်းမှသာ ဦးကိုနီ လုပ်ကြံမှုမှ ထွက်ပြေးလွတ် မြောက်နေသော အောင်ဝင်းခိုင် ဆိုသူဖြစ်ကြောင်း၊ နေပြည်တော် သို့ ရောက်ရှိလာခြင်းကို ဖေဖော် ၀ါရီ ၁၂ ရက်နောက်ပိုင်းမှ သိရှိခဲ့ကြောင်း၊ နေပြည်တော်သို့ ရောက်ရှိစဉ် လုပ်ကိုင်ခဲ့သည့် အကြောင်း အရာများကို ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းစာရှင်းလင်းပွဲပြု လုပ်သည့် အချိန်ကျမှ အတိအ ကျသိရခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အောင်ဝင်းခိုင် နေပြည် တော်သို့ ရောက်ရှိကြောင်း ဖေ ဖော်ဝါရီ ၁၂ ရက်နောက်ပိုင်းမှ သိရချိန်တွင် အမြန်လမ်းမှ နေ ပြည်တော်သို့ဝင်ရာလမ်းကြောင်း ဖြစ်သည့် C လမ်းဆုံမှ စီစီတီဗီဝင် ပေါက်မှတ်တမ်းများကို ပြန်လည် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု ၎င်းက ပြောသည်။

‘‘သိတဲ့အချိန်မှာ ပြန်ကြည့် တယ်။ သတင်းစာရှင်းလင်းပွဲလုပ် တဲ့အခါမှ ဒီလူက ပရဆေးဥယျာဉ် ရောက်တယ်လို့ ဘာတို့ပေါ့။ အဲဒီတုန်းက သိတာက C လမ်းဆုံမှာပဲ ပြန်လိုက်ရှာတာ။ ၀င်တယ်။ ၂နာရီကနေ ညနေ ၆နာရီ ကြားမှာရှိတဲ့ ကားတွေ၊ ကားနံပါတ်တွေပဲသိတာပေါ့။ တချို့ဟာတွေက တော့ အလွတ်ဖတ်လို့မရဘူး။ ပုံတွေက မထင်ရှားဘူး။ လူရုပ်ကို ဖမ်းမရဘူး’’ဟု ၎င်းကပြောသည်။

အောင်ဝင်းခိုင်သည် ဦးကို နီလုပ်ကြံမှုပြီးနောက် ဇန်န၀ါရီ ၂၉ ရက် ညက ဇေယျာဖြိုးနှင့် တွေ့ဆုံပြီး ဇန်န၀ါရီ ၃၀ ရက် တွင် ရောင်ဝါဖြိုး ကုမ္ပဏီ ဒါရိုက်တာတစ်ဦးဖြစ်သည့် ရဲ ထွဋ်လှိုင်ဆိုသူနှင့် နေပြည်တော် သို့ သွားရောက်ခဲ့ကြောင်း၊ ထို့ နောက်မကွေးသို့ သွားမည်ဟု ဆိုကာ ကားဂိတ်သို့ လိုက်ပို့ခိုင်းခဲ့ပြီး ဥပါတသန္တိ စေတီတော်တွင် ဘုရားဝတ်ပြုပြီးနောက် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့၌ လူတစ်ယောက် လာခေါ်မည်ပြော ကာ ဆင်းကျန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ်ဇော်ဝင်း က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

အောင်ဝင်းခိုင် နေပြည် တော်သို့ ရောက်ရှိလာမှုနှင့် ပတ် သက်၍ နေပြည်တော်တိုင်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ‘‘၀င်လာတယ်။ ပြန်ထွက်သွား တယ်။ ကားလဲသွားတယ်။ ပြီး တော့ အဲဒီကားကို ပြန်ပို့တယ်။ နောက်တစ်ယောက်နဲ့ ပြန်ပို့ တယ်။ တို့ အဲဒါကိုပဲ အတည်ပြု ပေးတာ။ မှန်တယ်။ ၀င်လာ တယ်။ အဲဒီလောက်ပဲ။ ကျန်တဲ့ အပိုင်းတွေကတော့ အသေးစိတ် မသိဘူး’’ဟု ၎င်းကပြောသည်။

နေပြည်တော်ကောင်စီနယ် မြေရှိ ထင်ရှားသည့်အ၀ိုင်းများ၊ မှုခင်းအများဆုံးဖြစ်ပွားသည့် နေ ရာများတွင် စီစီတီဗီအလုံး ၅၀ တပ်ဆင်ထားပြီး နေပြည်တော်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲဝန်ထမ်းများဖြင့် ၂၄ နာရီစောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု ၎င်းကပြောသည်။

အောင်ဝင်းခိုင်သည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရှိခြင်း၊ မရှိခြင်းကို အတိအကျ မပြောနိုင်သော်လည်း ရဲတပ်ဖွဲ့ အနေဖြင့် ရပ်ကွက်များအတွင်း ရဲလုပ်ငန်းများ ဆောင်ရွက်ရင်း ဖြင့် စစ်ဆေးမှုများ ပြုလုပ်သည် ဟု ၎င်းကပြောသည်။

စီစီတီဗီမှတ်တမ်းများ အ လိုအလျောက်ပျက်သွားသည့်အ ပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေ ဘုန်းလတ်က ‘‘တစ်ရက်ကနေ ခုနစ်ရက်အထိခံတဲ့ဟာမျိုး တပ်မယ်ဆိုရင် အစောကြီးတည်းက သိရမယ်လေ။ ဒီအတိုင်းပစ်ထားလို့ ကတော့ ဘာအဓိပ္ပာယ်ရှိတော့မှာ လဲ။ စီစီတီဗီတပ်ထားတာကြီးက တစ်ရက်ကနေ ခုနစ်ရက်ထိခံမယ် ဆိုရင်လည်း ရှစ်ရက်မြောက်နေ့ မှာ ရှိတဲ့ဟာတွေ သွားသိမ်းရမယ် လေ’’ဟု ပြောသည်။

ဦးကိုနီကို လုပ်ကြံခဲ့သည့် အမှုတွင် ပါဝင်သူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ဖမ်းဆီးရမိထား ပြီး လုပ်ကြံရန် ခိုင်းစေခဲ့သူ အောင်ဝင်းခိုင်သည် နေပြည် တော် ပရဆေးဥယျာဉ်ရှေ့တွင် ဇန်န၀ါရီ ၃၀ ရက်က ပျောက်ဆုံး သွားပြီး ၂၉ရက်ကြာသည်အထိ ဖမ်းမမိသေးပေ။

 
7Day News Journal

ထီတစောင် ၅၀၀ ကျပ်ထက် ပိုရောင်းလျှင် အရေးယူမည်

ထီတစောင် ၅၀၀ ကျပ်ထက် ပိုရောင်းလျှင် အရေးယူမည်

ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်တွေကို ကျပ် ၅၀၀နဲ့ ဒီကနေ့ စတင်ရောင်းချမှာဖြစ်ပြီး ကျပ် ၅၀၀ ထက် ပိုရောင်းရင် ပိုရောင်းတဲ့ ထီကိုယ်စားလှယ်ကို အမည်ပျက်စာရင်းသွင်းပြီး အရေးယူမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာပါတယ်။

အောင်ဘာလေဌာနခွဲနဲ့ ထီအရောင်းကိုယ်စားလှယ်တို့ ချုပ်ဆိုထားတဲ့ ပဋိညာဉ်စာချုပ်အရ အမည်ပျက်စာရင်း သတ်မှတ်မယ့်အပြင် လစဉ် ထီစာအုပ်ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းမယ်၊ ထီအရောင်းကိုယ်စားလှယ်က ဌာနကို ပေးသွင်းထားတဲ့ အာမခံငွေတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထီထိုးသူတွေအနေနဲ့ ထီတစောင် ကျပ် ၅၀၀ ထက် ပိုရောင်းတဲ့သူတွေတွေ့ရင် မြို့နယ်အခွန်ဦးစီးရုံးတွေနဲ့ ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်) ၀၆၇-၄၃၀၀၀၅၊ အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ၀၁-၂၄၉၂၇၃၊ အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) ၀၂-၃၅၉၁၃ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြပါတယ်။

အောင်ဘာလေဌာနခွဲဟာ ကျပ် ၅၀၀ တန် ထီလက်မှတ်တွေကို တပြည်လုံးရှိ အရောင်းကိုယ်စားလှယ် ၂၃၀၀ ကျော်ထံ ထီအုပ်ပေါင်း ၂၈၈၆၉၉၉ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၁၇၅၆၉၈၉ စောင် ဖြန့်ဝေပေးပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အခုစတင်ရောင်းချတဲ့ ကျပ် ၅၀၀ တန် ထီမှာ အက္ခရာအလုံး ၃၀ ပါဝင်ပြီး အမြင့်ဆုံးထီဆု ကျပ်သိန်း ၁၀၀၀၀ ဖြစ်ပါတယ်။

အောင်ဘာလေထီနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်မှာ မကြာသေးခင်က ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ်တချို့က ထီထိုးတဲ့အခါ သတ်မှတ်ဈေးအတိုင်း ဝယ်လို့မရတဲ့အပေါ် ကံစမ်းတာလား ဉာဏ်စမ်းတာလားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

၁၉၃၈ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ရောင်းချခဲ့တဲ့ အောင်ဘာလေထီကနေ အစိုးရက အခွန် ၃၁ ရာခိုင်နှုန်းပဲ ရတယ်လို့ ပြည်သူ့လွှတ်တော်မှာ ဘဏ္ဍာအခွန်ဌာနက မကြာသေးခင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

DVB

ကမ္ဘာ့ရွှေဈေး အနည်းငယ် ကျလာသော်လည်း ပြည်တွင်းရွှေဈေး ခြောက်ရက်ဆက်တိုက် ကျပ် ၉၀၀၀၀၀ အထက်တွင် ရှိနေ

ကမ္ဘာ့ရွှေဈေး အနည်းငယ် ကျလာသော်လည်း ပြည်တွင်းရွှေဈေး ခြောက်ရက်ဆက်တိုက် ကျပ် ၉၀၀၀၀၀ အထက်တွင် ရှိနေ


ဖေဖော်ဝါရီ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်ကျလာသော်လည်း ပြည်တွင်းရွှေဈေး ခြောက်ရက်ဆက်တိုက် ကျပ် ၉၀၀,၀၀၀ အထက်တွင် ဆက်လက်ရှိနေကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ၁၂၅၇ ဒသမ ၄၀ ဒေါ်လာအထိ ရှိခဲ့သော ကမ္ဘာ့ရွှေဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီတွင် ၁၂၅၁ ဒေါ်လာအထိ ကျဆင်းလာခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်ရက်အတွင်း ဒေါ်လာ ၂၀ ကျော် ခုန်တက်ခဲ့ပြီး တစ်ပတ်တာဈေးကွက် ပြန်စချိန် ဖေဖော်ဝါရီ ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာဝန်းကျင်အထိ ဆက်လက်မြင့်တက်ပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဈေးနှုန်းပြန်လည် ကျဆင်းခဲ့သည်။ ပြီးခဲ့သော ဖေဖော်ဝါရီ ၂၀ ရက် တစ်ပတ်တာ ဈေးကွက်ဖွင့်ချိန်တွင် ၁၂၃၅ ဒေါ်လာရှိခဲ့သော ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ် ဖေဖော်ဝါရီ ၂၇ ရက် တစ်ပတ်တာ ဈေးဖွင့်ချိန်တွင် ၁၂၅၈ ဒေါ်လာအထိ မြင့်တက်ခဲ့ခြင်းကြောင့် ဈေးနှုန်းချင်းနှိုင်းယှဉ်ပါက ၂၃ ဒေါ်လာမြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျရိပ်ပြန်ပြလာခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြလာခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျပ် ၉၀၀၅၀၀ အထိ ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြည်တွင်း ရွှေဈေးနှုန်း ကျပ် ၉၀၂၄၀၀ အထိ ဆက်လက် မြင့်တက်လာပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျပ် ၉၀၂,၀၀၀ ဈေး ဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၉၀၂၂၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၉၀၃၅၀၀ အထိ ဆက်လက်မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၉၀၁၇၀၀ ဖြင့် စဖွင့်ခဲ့ပြီး ညနေ ၄ နာရီတွင် ကျပ် ၉၀၀,၆၀၀ အထိ ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။

ပြည်တွင်းရွှေဈေးကွက်အတွင်း စံချိန်တင် ရွှေဈေးနှုန်းအဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်က ၁၆ ပဲရည်ရွှေ တစ်ကျပ်သား ကျပ် ၉၀၃၅၀၀ အထိမြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင်လည်း ကျပ် ၉၀၀၅၀၀ အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျပ် ၉၀၀၅၀၀ အထိ ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၉၀၂၄၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျပ် ၉၀၃၅၀၀ အထိ ပြန်လည် ရောက်ရှိခဲ့ခြင်းကြောင့် လွန်ခဲ့သည့် လေးလကျော်က တင်ထားသည့်စံချိန်ကို ပြန်ရောက်ခဲ့သော်လည်း ကျော်လွန်နိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဈေးနှုန်းပြန်ကျလာခြင်းဖြစ်ကြောင်း သိရသည်။


စည်သူအောင်



Eleven Media Group

ဇန်န၀ါရီမှ ဖေဖော်ဝါရီ ဒုတိယပတ်အထိ တစ်နိုင်ငံလုံး၌ ၀က်သက်ရောဂါဖြစ်ပွားသူ ၁၇၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အစုလိုက် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့

ဇန်န၀ါရီမှ ဖေဖော်ဝါရီ ဒုတိယပတ်အထိ တစ်နိုင်ငံလုံး၌ ၀က်သက်ရောဂါဖြစ်ပွားသူ ၁၇၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အစုလိုက် ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့


၂၀၁၇ ခုနှစ် ဇန်န၀ါရီမှ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ရထားသည့် အချက်အလက်များအရ တစ်နိုင်ငံလုံး၌ ၀က်သက်ရောဂါဖြစ်ပွားသူ ၁၇၄ ဦး ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အစုလိုက်ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ တွံတေး၊ အင်းစိန်၊ ကြည့်မြင်တိုင်နှင့် သာကေတမြို့နယ်များတွင် အစုလိုက်ကပ် ရောဂါအသွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းမြို့နယ်များရှိ အသက်ကိုးလမှ ၁၅ နှစ်အရွယ် ကလေးငယ် သုံးသိန်းကျော်ကို ၀က်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီ ၆ ရက်မှ ၂၀ ရက်အထိ ထိုးနှံပေးခဲ့ပြီး လွှမ်းခြုံမှု ရာခိုင်နှုန်း ၉၁ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် ၀က်သက်ရောဂါ သံသယလူနာများ စနစ်တကျ ကုသနိုင်ရေးအတွက် ရောဂါစောင့် ကြပ်ကြည့်ရှုရေးနှင့် ရောဂါကုသရေးတို့အတွက် လုပ်ငန်းလမ်းညွှန်ချက်များကို ဖြန့်ဝေထားပြီး ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ၀က်သက်ရောဂါဖြစ်ပွားသူ ၃၀၃ ဦး၊ သေဆုံးသူ ၂၁ ဦးထိ ရှိခဲ့ကြောင်း သိရသည်။

ဝက်သက်ရောဂါအပါအ၀င် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားမှု လျော့ကျစေရေး၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူလူထုနှင့် မိတ်ဖက်အဖွဲ့အစည်းများကို အသိပေး ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၀က်သက်ရောဂါကင်းစင်ရန် အတွက် နည်းဗျူဟာများ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အစုလိုက်ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း လုပ်ဆောင်ရခြင်းမှာ ကလေးအသက် ကိုးလအရွယ်တွင် ပထမအကြိမ် စတင်ထိုးပေးသော ၀က်သက်ရောဂါ ကာကွယ်ဆေးသည် ကာကွယ်ဆေးထိုးပြီး ကလေးများ၏ ၈၅ ရာခိုင်နှုန်းကိုသာ ကာကွယ်မှုပေးပြီး ကျန်ကလေး ၁၅ ရာခိုင်နှုန်းသည် ရောဂါကာကွယ်မှု မရနိုင်ကြောင်း၊ ထိုကဲ့သို့ ရောဂါကာကွယ်မှု မရနိုင်သော ကလေးများသည် ကာလတစ်ခုအတွင်းတွင် စုပြုံလာပြီး အရေအတွက် များလာကာ ထိုအခါတွင် ၀က်သက်ရောဂါသည် ကပ်ရောဂါအသွင် ဖြစ်ပေါ်တတ်ခြင်းကြောင့် ကလေးများကို အစုလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်စွမ်းအား တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။


အိသဉ္ဇာကျော်

Eleven Media Group

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် စာမေးပွဲ စစ်ဆေးမှုများ ပြီးဆုံး

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် စာမေးပွဲ စစ်ဆေးမှုများ ပြီးဆုံး


၂၀၁၆-၂၀၁၇ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့် စစ်ဆေးသည့် အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) နှင့် အခြေခံပညာမူလတန်း (စတုတ္ထတန်း) စာမေးပွဲများနှင့် အခြေခံပညာ စာမေးပွဲများအားလုံး တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ဆေးမှုများ ပြီးဆုံးခဲ့သည်။

စာမေးပွဲမေးခွန်းများတွင်လည်း ဥာဏ်စမ်းမေးခွန်းများ အနည်းငယ်သာ ပါဝင်ခဲ့သော်လည်း မေးခွန်းမှားယွင်းခြင်းများ မရှိသကဲ့သို့ မေးခွန်းပေါက်ကြားမှုများလည်း မရှိခဲ့ကြောင်း ပညာရေး အသိုင်းအ၀ိုင်းမှ သိရသည်။

“စာမေးပွဲမေးခွန်း မမှားတာတို့၊ မေးခွန်းပေါက်ကြားမှု မရှိတာတို့ ဆိုတာတွေက စနစ်တကျ ကြပ်မတ်ဆောင်ရွက်မှုရှိလို့ပါ။ တကယ်တော့ မေးခွန်းဘဏ်တို့ ဘာတို့ဆိုတာက မရောင်ရာဆီလူးနေကြတာပါ။ အဓိကမှာတော့ ဆရာ၊ ဆရာမဆိုတာ စီမံခန့်ခွဲမှုမှန်ရင် အားလုံးလိုက်နာဆောင်ရွက်ကြတယ် ဆိုတာကို အထင်အရှား လက်တွေ့ပြလိုက်နိုင်တာ ဖြစ်ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငွေတိုးက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် စာမေးပွဲများ စစ်ဆေးရာတွင် စတုတ္ထတန်းစာမေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာစာ၊ ၂၃ ရက်တွင် အင်္ဂလိပ်စာ၊ ၂၄ ရက်တွင် သချာင်္၊ ၂၅ ရက်တွင် အခြေခံသိပ္ပံ၊ ၂၇ရက်တွင် လူမှုရေးစသည့် ဘာသာရပ်များအား နံနက် ၉ နာရီမှ နံနက် ၁၀ နာရီခွဲအထိလည်းကောင်း၊ အဋ္ဌမတန်း စာမေးပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာစာ၊ ၂၃ ရက်တွင် အင်္ဂလိပ်စာ၊ ၂၄ ရက်တွင် သင်္ချာ၊ ၂၅ ရက်တွင် ပထ၀ီဝင်၊ ၂၇ ရက်တွင် လူမှုရေးနှင့် ၂၈ ရက်တွင် အထွေထွေသိပ္ပံ စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိလည်းကောင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် စာမေးပွဲမေးခွန်းတွေက Save ဖြစ်တယ်။ မေးခွန်းတွေလည်း မမှားဘူး။ မေးခွန်းပေါက်ကြားတာမျိုးတွေလည်း မရှိခဲ့ဘူး။ အပြင်ကနေ ဖောက်မေးတဲ့ ဥာဏ်စမ်းအနေနဲ့ပါတာမျိုး မရှိပါဘူး။ မေးခွန်းဟောင်းတွေကို လေ့လာထားတဲ့သူတွေကတော့ မေးခွန်းဟောင်းတွေထဲက ပါတာမျိုးတွေရှိတယ်။ မေးခွန်းမှားတာမျိုးတွေတော့ မရှိပါဘူး။ သေသေချာချာ လေ့လာကျက်မှတ်ထားတဲ့ ကလေးကတော့ ဖြေနိုင်မှာပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အတွင်းရှိ အမှတ် (၃)၊ အခြေခံပညာ အထက်တန်းကျောင်း၌ အဋ္ဌမတန်း စာမေးပွဲဖြေဆိုသူ ကျောင်းသားတစ်ဦး၏မိခင် ဒေါ်သီတာအောင်က ဆိုသည်။

အခြေခံပညာကဏ္ဍ ကျောင်းတွင်းစစ်စာမေးပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖေဖော်ဝါရီ ၁၄ ရက်၌ စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၁၇ ခုနှစ် မတ် ၈ ရက်မှ မတ် ၁၇ ရက်အတွင်း ပြုလုပ်မည်ဖြစ်သည်။


အေးပပ

Eleven Media Group

ဇာတ်ကားတွေမရိုက်ဖြစ်တဲ့အတွက် အခွန်မဆောင်တာပါ ဆိုတဲ့ အိန္ဒြာကျော်ဇင်


နှစ်စဉ်ဆောင်နေကျအခွန် အိန္ဒြာကျော်ဇင် တို့ ကားရိုက်နားထားလိုက်ရလို့ ဒီတခါ ၂၀၁၆-၂၀၁၇အတွက်အခွန်မဆောင်ရပါဘူးရှင့်...ဦးစီး ဦးတီ ပဲ အခွန်ဆောင်ရပါတယ်ရှင့်...သာမီး အခွန်လွတ်တဲ့နှစ် ဖြစ်ပါတယ်ရှင့်😜😜
Page ကနေတရားဝင်ပြောပါတယ်ရှင့်🙂🙂







Credit..မူရင်း


မယုံကြည်လျှင်ကျော်သွားပါ
________________________
သေရွာကိုယူမသွားချင်တဲ့ဘေမန်းဂါထာ
________________________
ရပ်ထဲရွာထဲမှာတော့ဘေရောဂါတဲ့အနောက်တိုင်းဆေးပညာရှင်တွေကတော့ သရက်ရွက်ကြီးတယ်လို့ပြောကြပါတယ်။
အဲဒီရောဂါဟာဌက်ဖျား ဖျားလို့လဲဖြစ်တတ်တယ် အသဲရောင်အသားဝါရောဂါဖြစ်ခဲ့ဘူးရင်လည်းဘေကြီးလာနိုင်ပါတယ်(ဝါ)သရက်ရွက်ကြီးလာနိုင်ပါတယ် အဲလိုဖြစ်လာပြီဆိုရင် ဘယ်ဘက်နံရိုးအောက်မှာအလုံအခဲကြီးဖြစ်ပေါ်လာပြီး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ပါဘူး အချို့ဆိုရင်အဲရောဂါနဲ့ပဲသေသွားသူတွေဟာအများကြီးပါ ။ကဲဘေရောဂါမန်းပေးဖို့ဆိုရင်တောပိန်းရိုးတချေင်းလိုပါတယ် လူနာရဲ့ခန္တာကိုယ်ကိုပတ်မှီတဲ့တောပိန်းရိုးကို ပုံထဲမှာပြထားတဲ့အတိုင်း ကတ်ကြေးနဲ့ဖြတ်ပြီးရင် လူနာရဲ့ဘယ်ဘက်နံအောက်မှာမထိတထိလေးထားပြီးတော့**

"ဥုံနင့်ဘေနင်အထက်ကိုပြန်ယူသွားဖွဟ"

ဆိုတဲ့ဂါထာကို ခွန်နှစ်ခါအသက်အောင့်ပြီးမန်းပေးပါ
ပြီးရင်အဲဒီပိန်းရိုးကို မီးဖိုပေါ်မှာတွဲလည်းဆွဲထားလိုက်ပါ ပိန်းရိုးလေးခြောက်သွားတာနဲ့အမျှ ရောဂါလည်းဖြေးဖြေးချင်းပျောက်သွားမှာပါဗျား
အားလုံးကျန်းမာကြပါစေ

ဗဟုသုတ အဖြစ်မျှဝေပါတယ်
မယုံကြည်လျှင် ကျော်သွားပါ

Credit..မူရင်း

တကသအဆောက်အအုံကို ပြန်လည် တည်ဆောက်ရေး ကျောင်းသားတွေ ရဲ့ သဘောထားဆန္ဒ

 

တကသအဆောက်အအုံကို ပြန်လည် တည်ဆောက်ရေး  ကျောင်းသားတွေ
ရဲ့ သဘောထားဆန္ဒ
https://www.youtube.com/watch?v=wwtyALZ_18g

“ ကျောင်းသားသမဂ္ဂ အဆောက်အဦနှင့်ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ”
သဘောထားထုတ်ပြန်ကြေငြာချက်
နေ့စွဲ - ၂၆ - ၂ -၂၀၁၇
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပသည့် “ ကျောင်းသားသမဂ္ဂ အဆောက် အဦးနှင့်ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ” ကို ၂၆-ဖေဖော်ဝါရီ-၂၀၁၇ တွင် ရန်ကုန်မြို့ Orchid Hotel တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ၁၉၅၃ ခုနှစ်ကျောင်းသားသမဂ္ဂမျိုးဆက် မှသည် လက်ရှိကျောင်းသားသမဂ္ဂမျိုးဆက်အထိ တက်ရောက်ခဲ့ကြပြီး တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုရလဒ်အဖြစ် သမဂ္ဂတည်ဆောက်ရေးနှင့် ပတ်သက်သည့် သဘောထားစုစည်းချက်နှင့် အလုပ် လမ်းညွှန်ချက် (၁၉) ချက် စုဆောင်းနိုင်ခဲ့ပါသည်။ ၁၉၆၂ ဇူလိုင် ၇ တွင် တကသအဆောက်အဦအား ဖြိုချဖျက်စီးခဲ့ခြင်းမှာ ရုပ်ဝတ္ထုအဆောက်အဦး တစ်ခုတည်းကိုသာ ဖြိုချဖျက်စီးခဲ့ခြင်းမဟုတ်ပဲ ကျောင်းသား သမဂ္ဂများ၏ ရှင်သန်ရပ်တည်ခွင့်နှင့် သမဂ္ဂယဉ်ကျေးမှု ဖွံ့ဖြိုးခွင့်ကိုပါ ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်စီးခဲ့ခြင်း ဖြစ်သည်ဟု သဘောထားတူညီစွာရှိကြပါသည်။ ဖြိုဖျက်ခံရသည့် တ.က.သ အဆောက်ဦနေရာသည် တိုင်းပြည်၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး သမိုင်းသာမက၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသမိုင်းကိုပါ ယနေ့တိုင် ဆက်လက်ထမ်းပိုးထားဆဲဖြစ်ပါသည်။ သမဂ္ဂအဆောက်ဦဟောင်း နေရာ၏ သမိုင်းတန်ဖိုးဆက်လက်တည်တံ့နိုင်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ချိတ်ဆက်ကာကွယ် ကြမည်ဆိုသည့် အချက်မှာ အစည်းဝေးတက်ရောက်လာသည့် ကျောင်းသားမျိုးဆက်များ၏ ခိုင်မာသော ဆုံးဖြတ်ချက် အနှစ်သာရပင်ဖြစ်သည်။
ပြည်သူရွေးချယ်တင်မြောက်သော အစိုးရအဖွဲ့လက်ထက်တွင် ကျောင်းသားသမဂ္ဂသမိုင်း၏ အဆိုးရွားဆုံး အမည်းစက်တစ်ခုဖြစ်သော ဖြိုဖျက်ခံရသည့်ကျောင်းသားသမဂ္ဂအဆောက်အဦ အားပြန်လည် တည်ဆောက်ရန် အားထုတ်မှုသည် သင့်မြတ်ကောင်းမွန်သောလုပ်ဆောင်မှုတစ်ခုအဖြစ်အသိမှတ်ပြုပါသည်။ သို့သော် ရုပ်ဝတ္ထု အဆောက်အဦအား ဆောက်လုပ်ပေးချင်းသက်သက်ဖြင့် မလုံလောက်ဟုယူဆသည်။ ကျောင်းသားသမဂ္ဂများ၏ မူလတည်ရှိသော အခန်းကဏ္ဍအဆင့်အတန်းအားပြန်လည် ဆောင်နှင်းပေးနိုင်ရန် လည်း အရေးကြီးလှသည်။
၂၈-ဖေဖော်ဝါရီ-၂၀၁၇ နေ့တွင်ကျင်းပမည့် အစည်းဝေး၏ ရည်ရွယ်ချက်အဖြစ် “ တ.က.သ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းရန်” ဟူသောအချက်အား ကြိုတင် ပြဌာန်းထားခြင်းအစား သမဂ္ဂတည်ဆောက်ရေး အစည်းအဝေးအဖြစ် အစားထိုးပြင်ဆင်လိုက်ပါက ပိုမိုလျှော်ကန် သော လမ်းစဖြစ်နိုင်သည်။ ကျောင်းသားသမဂ္ဂများ တရားဝင်ရပ်တည်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားရှင်သန်ခွင့်ကို တရားဥပဒေအရ အသိမှတ်ပြုပြီးမှသာ သမဂ္ဂအဆောက်အဦဆောက်လုပ်ရေးအား ခေတ်အဆက်ဆက် ကျောင်းသားမျိုးဆက်များဖြင့် လွတ်လပ်သော ကော်မတီတရပ်ဖွဲ့စည်း လုပ်ကိုင်ရန် တိုက်တွန်းအပ်သည်။

၁၉၅၃ - ၂၀၁၇ ကျောင်းသားသမဂ္ဂမျိုးဆက်များ

ချောင်းသာကမ်းခြေဈေးသည်များကိစ္စ

ချောင်းသာကမ်းခြေဈေးသည်များကိစ္စ

Forbes Asia၏ အာရှတိုက် အထူးချွန်ဆုံးလူငယ်များ စာရင်းတွင် မြန်မာနိုင်ငံမှ ရှစ်ဦးပါဝင်နေ

Forbes Asia၏ အာရှတိုက် အထူးချွန်ဆုံးလူငယ်များ စာရင်းတွင်

မြန်မာနိုင်ငံမှ ရှစ်ဦးပါဝင်နေ

Byဇွဲရဲဝင့်On  Fri, 2016-02-26 11:34Issue No.No.1021 Friday, February 26, 2016

Forbes Asia မဂ္ဂဇင်းက ထုတ်ပြန်သည့် အာရှတိုက်၏ အ သက် (၃၀) အောက် ကဏ္ဍအလိုက် အထူးချွန်ဆုံး လူငယ်များ စာရင်း တွင် မြန်မာနိုင်ငံမှ ရှစ်ဦးအထိ ရွေးချယ် ဖော်ပြခြင်းခံရကြောင်း သိရသည်။

ကမ္ဘာကျော်စစ်တမ်း မဂ္ဂ ဇင်းကြီးတစ်စောင်   ဖြစ်သည့် Forbes ၏ အာရှဆိုင်ရာ ဌာနခွဲ ဖြစ်သည့် Forbes Asiaက ဖျော် ဖြေရေးနှင့် အားကစား၊ တီထွင်ဖန် တီးမှု၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့် သိပ္ပံပညာ အစရှိသည့် ကဏ္ဍကြီး ၁၀ ခုကို ခွဲခြားသတ် မှတ်ကာ ကဏ္ဍတစ်ခုစီအတွက် အာရှဒေသ နိုင်ငံများမှ (ဩစ တြေးလျကို ထည့်သွင်းတွက်ချက် ထား) လူငယ် ၃၀ စီအား ရွေး ချယ်ခဲ့သည်။

ထို့ကြောင့် ကဏ္ဍအလိုက် အ ထူးချွန်ဆုံး လူငယ် ၃၀၀ ကို Forbes Asia က စာရင်းပြုစုထား ခြင်းဖြစ်ပြီး လူသုံးကုန် နည်း ပညာ၊ လက်လီရောင်းချ ခြင်းနှင့် E-Commerce၊ စီမံကိန်း နည်း ပညာနှင့် တီထွင်ဖန်တီးမှု ကဏ္ဍ များ၌ မြန်မာလူငယ်ရှစ်ဦး၏ အမည်များ ပါဝင်လာခြင်း ဖြစ်သည်။ လူသုံးကုန်နည်းပညာ ကဏ္ဍ တွင် မြန်မာနိုင်ငံမှ နှစ်ဦး ပါဝင်ခဲ့ သည်။ Bindez ကို ပူးတွဲထူထောင် ထားသည့် ရဲဝင့်ကိုနှင့် ထက်ဝေတို့ ကို မဂ္ဂဇင်း၏ အကဲဖြတ်များက ရွေးချယ်ခဲ့သည်။ Bindez သည်

မြန်မာဘာသာ အခြေပြု ရှာဖွေ ရေး အင်ဂျင်တစ်ခုဖြစ်ပြီး အသက် (၂၅) နှစ်အရွယ် ရဲဝင့်ကိုနှင့် အ သက် (၂၆) နှစ်အရွယ်ရှိ ထက်ဝေ တို့က ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ် သည်။ ၎င်းတို့ နှစ်ဦးသည် Android ဖုန်းများတွင် အသုံးပြု နိုင်မည့် Bindaz Thadin အ မည်ရှိ App တစ်ခုကိုပါ ရေးဆွဲ ထုတ်လုပ်ထားသည်။

စီမံကိန်း နည်းပညာ ကဏ္ဍ တွင်မူ မဂ္ဂဇင်း၏ အကဲဖြတ်များက Nex Labs  ကို ပူးတွဲတည်ထောင် သည့် အသက် (၂၄) နှစ်အရွယ် ရဲမြတ်မင်းနှင့် အသက် (၂၈) နှစ် အရွယ် မျိုးထက်အောင်တို့ကို ထည့်သွင်း ရွေးချယ်ခဲ့သည်။

Nex Labs သည် မိုဘိုင်းနှင့် ဝက်ဘ်အခြေပြု App များကို ရေး ဆွဲပေးနေသည့် ဒီဇိုင်းကုမ္ပဏီ တစ်ခုဖြစ်ပြီး Ooredoo၊ Nexus Solutions အစရှိသည့် ကုမ္ပဏီများ နှင့် ချိတ်ဆက်လုပ်ကိုင်နေသည်။

လက်လီရောင်းချခြင်းနှင့် E-Commerce ခေါင်းစဉ် အောက်တွင်မူ ကားရောင်းဝယ် ရေး အထောက်အကူပြု ဝက်ဘ် ဆိုက် တစ်ခုဖြစ်သည့် CarsDB.com ကို ထူထောင်ကာ Chief Operating Officer အဖြစ် ဆောင် ရွက်နေသူ အသက် (၂၇) နှစ်အ ရွယ် ဝေဖြိုးကျော်၊ Star Ticket ကို ပူးပေါင်းထူထောင် သည့် သက်မွန်အေးနှင့် ဇာနည်နွေးဦး တို့ ရွေးချယ်ခံရသည်။

အသက် (၂၈) နှစ်ရှိ သက် မွန်အေးနှင့် အသက် (၂၅) နှစ် အရွယ် ဇာနည်နွေးဦးတို့သည် Star Ticket ကုမ္ပဏီကို တည် ထောင်ကာ အဝေးပြေး ကားလက် မှတ်များကို နေရာအနှံ့အပြားတွင် အလွယ်တကူ ဝယ်ယူနိုင်မည့် ကွန်ရက်တစ်ခုကို ဖန်တီးခဲ့သည်။

ယခုအခါ Star Ticket သည် ပြည်တွင်းအဝေးပြေးဘတ်စ် ကား လိုင်းများ အားလုံး၏ ၂၀ ရာခိုင် နှုန်းမျှနှင့် ချိတ်ဆက်ထားပြီး ဖြစ် ကြောင်း သိရသည်။

ဝေဖြိုးကျော် တည်ထောင်ခဲ့ သည့် CarsDB.com မှာမူ မြန်မာ နိုင်ငံတွင် ကားရောင်းချလိုသူများ နှင့် ဝယ်ယူသူများကြား တိုက်ရိုက် ချိတ်ဆက်ပေးနိုင်သည့် ပထမဆုံး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည်။

ယမန်နှစ်က ဝက်ဘ်ဆိုက်နှင့် ချိတ်ဆက်ပြီး ကားရောင်းချရန် စာရင်းတင်ထားမှုသည် ၅၀,၀၀၀ ခန့်မျှ ရှိခဲ့ပြီး ယင်းတို့အနက် ၆၀ ရာခိုင်နှုန်းမှာ အရောင်းအဝယ် ဖြစ်မြောက်ခဲ့သည်။

တီထွင်ဖန်တီးမှု ကဏ္ဍအ တွက် ရွေးချယ်ထားသူ ၃၀ စာ ရင်းတွင်မူ Rangoon Tea House ကို ပူးတွဲထူထောင်သူ အသက် (၂၅) နှစ်အရွယ် ထက်မြက်ဦး ပါ ဝင်နေသည်။

အဆိုပါ ကဏ္ဍသည် အနု ပညာနှင့် အနာဂတ်အတွက် ရည်

ရွယ်သော ဒီဇိုင်းဆန်းသစ်မှုများ အတွက် သတ်မှတ်ထားခြင်း ဖြစ် သည်။ ထက်မြတ်ဦးသည် လန်ဒန် ရှိ စီးတီးတက္ကသိုလ်မှ စီးပွားရေး ဘွဲ့ ရယူခဲ့ပြီးနောက် ရန်ကုန်မြို့ လယ်တွင် Rangoon Tea House ကို ဖွင့်လှစ်ခဲ့သည်။

ယင်းသည် မြန်မာ့လူနေမှု ပတ်ဝန်းကျင်မှ လက်ဖက်ရည် ဆိုင် ယဉ်ကျေးမှုကို အခြေပြု မွမ်းမံတီထွင်ထားသည့် စား သောက်ဆိုင် တစ်ခုအဖြစ် Forbes က ညွှန်းဆိုထားသည်။

ထက်မြက်ဦးသည် Ran-goon Tea Houseကို မဖွင့်လှစ် မီက Yangon Heritage Trust တွင် Public Relations Officer ရာ ထူးဖြင့် အလုပ်လုပ်ခဲ့ဖူးကြောင်း လည်း သိရသည်။

Forbes Asia သည် နယ် ပယ်ကဏ္ဍ ၁၀ မျိုးမှ အထူးချွန်ဆုံး အသက် (၃၀) အောက်အရွယ် အနု ပညာရှင်၊ အတတ်ပညာရှင်၊ စွန့် ဦးတီထွင်သူ၊ နည်းပညာ ကျွမ်း ကျင်သူများကို ရွေးထုတ်ရန် တရုတ်၊ ဩစတြေးလျ၊ အိန္ဒိယ အစရှိသည့် နိုင်ငံများမှ သတင်း ထောက် အများအပြားကို ချိတ် ဆက်အကူအညီယူခဲ့ပြီး မဂ္ဂဇင်း မှ အကဲဖြတ် ၃၀ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာရင်းတွင် ဖျော် ဖြေရေးနယ်ပယ်မှ ကေပေါ့ပ် အ ဆိုတော်များဖြစ်သည့် ဂျီဒရက် ဂွန်၊ အင်မ်ယူနာ (Girls Genera- tion)၊ ဘောလိဝုဒ် မင်းသမီး ရှရက်ဒ်ဟာကာပူး၊ ဟောလိဝုဒ် မင်းသား လီယမ်ဟမ်းစ်ဆွော့သ်၊ တီထွင်ဖန်တီးမှု ကဏ္ဍတွင် ဩ စတြေးလျ စူပါမော်ဒယ်လ် ဂျက် ဆီကာဟတ် အစရှိသည့် ကမ္ဘာ ကျော်များလည်း ပါဝင်ခဲ့သည်။ ယင်းစာရင်းတွင် အိန္ဒိယနိုင်ငံသား အရေအတွက်က ၅၆ ဦးထိ ပါ ဝင်ကြောင်းလည်း သိရသည်။

—Ref: Forbes

 
7Day News Journal

ပြန်ကြော်ဆီနှင့် ဆီအတုများ ရောင်းချမှု တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အရေးယူမည်

ပြန်ကြော်ဆီနှင့် ဆီအတုများ ရောင်းချမှု တစ်နိုင်ငံလုံးအတိုင်းအတာ

ဖြင့် အရေးယူမည်

ပြန်ကြော်ဆီများနှင့် ဆီအတုများ ဈေးကွက်အတွင်းရောင်းချနေမှုကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလမှစ၍ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောသည်။

''ရာနှုန်းပြည့် ပဲဆီသန့်လို့ပြောပြီး တခြားဆီတွေနဲ့ ရောပြီး မရောင်းပါနဲ့။ ပြည်သူကို မလိမ်ညာပါနဲ့။ ရောဆီဆိုလည်း ဘယ်နှရာခိုင်နှုန်း ရောထားတယ်။ ပြည်သူကြိုက်ရင်ဝယ်။ ရာနှုန်းပြည့် ပဲဆီသန့်လို့ပြောပြီး ရောချင်တိုင်းရောပြီး ပြည်သူကလည်း စားတော့ ပဲဆီသန့်လည်းမဟုတ်ဘူး။ဒါသည် မရိုးသား၊မဖြောင့်မတ်တဲ့သဘောပဲ။ ပြည်သူမလုံခြုံရင် ကျွန်တော်တို့ အစိုးရအလကားပဲ။ တာဝန်တစ်ရပ်အနေနဲ့ ပြည်သူစိတ်ချလုံခြုံအောင် ရှင်းရှင်းလင်းလင်းနဲ့ လျင်လျင်မြန်မြန် ဆောင်ရွက်ပါ့မယ်''ဟု ၄င်းက ပြောသည်။

အစိုးရအနေဖြင့် ပြည်သူများ၏လုံခြုံစိတ်ချရမှုကို ဦးတည်နေခြင်းကြောင့် ပြည်သူများလုံခြုံရန်နှစ်ဖက်မျှတစွာ စဉ်းစား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက်ရိုးသားဖြောင့်မတ်သော ကုန်ရောင်းဝယ်မှုကို ရွေးချယ်စားသုံးနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

''ကုန်ချောဈေးကွက်မှာ ရောနှောဆီဈေးကွက်ကို ဘယ်လိုအချိုးအစားတွေနဲ့ ရောထားလဲဆိုတာ တရားဝင်ဖော်ပြရင် ပြဿနာမရှိဘူး။ လုံးဝလက်မခံတာက ဘာဆီမှန်းမသိတဲ့ ပြန်ကြော်ဆီတွေ၊
ဘာဆီမှန်းမသိတာတွေကို ဓာတုဗေဒ စက်သုံးဆီအနံ့၊ နှမ်းဆီအနံ့တွေပေးပြီး မြေပဲဆီအတု၊ နှမ်းဆီအတုအနေနဲ့ လိမ်ရောင်းနေတဲ့ ဈေးကွက်ကို လက်မခံဘူး။ အဲဒါကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ဒါကိုဝန်ကြီးက မတ်လမှာ ပြင်းပြင်းထန်ထန် အရေးယူပေးမယ် ပြောတယ်''ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

စားသုံးဆီကဏ္ဍတွင် မြေပဲဆီ၊ နှမ်းဆီများကို တံဆိပ်ကပ်၍ ထုပ်ပိုးရောင်းချပြီး ရောင်းချရာတွင်လည်း ၁ဝဝ ရာခိုင်နှုန်းမြေပဲဆီဟု ရေးသားထားကြောင်း၊ FDA နှင့်စစ်ဆေးရာတွင် ၁ဝဝ ရာခိုင်နှုန်းမဟုတ်ပါက စားသုံးသူကို ညာ၍ဖော်ပြခြင်းသာဖြစ်ပြီးဥပဒေအရ တရားမဝင်ကြောင်း ဆီကုန်သည်တစ်ဦးက ပြောသည်။

ရောနှောဆီတွင် မြေပဲဆီဖြစ်စေ၊စားအုန်းဆီဖြစ်စေ၊ နေကြာဆီဖြစ်စေ ရောနှော၍ရပြီး ထိုသို့ရောနှောရာတွင်လည်း မည်သည့်ဆီအမျိုးအစားနှင့် မည်မျှရာခိုင်နှုန်းရောနှောသည်ကို တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ထိုသို့ဖော်ပြခြင်းကြောင့် စားသုံးသူများက ဝယ်ယူရာတွင်
သိရှိမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဈေးကွက်ထဲတွင် တရားမဝင် ဝင်ရောက်လာသည့် ဆီများကို တံဆိပ်အမျိုးမျိုးဖြင့် တွေ့နေရပြီး အဆိုပါဆီများကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ခွင့်ပြုရန်မသင့်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်ပကတရားမဝင် ဝင်ရောက်လာသည့်များကို ကုန်စည် စားသုံးနေရပြီး တရားမဝင်ကုန်စည်များနှင့် ပတ်သက်၍ အစားအသောက်လုံခြုံရေးကို
မည်သူမှ အာမခံနိုင်ကြောင်း၊အဆိုပါ စားသောက်ကုန်ကို စားသုံးမိပါကပြည်သူများကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုရှိလာမည်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

The Myanmar Times

၈၈ ကျောင်းသားခေါင်းဆောင်တချို့ အင်အားကြီးအတိုက်အခံပါတီ ထူထောင်ရန်စီစဉ်

၈၈ ကျောင်းသားခေါင်းဆောင်တချို့ အင်အားကြီးအတိုက်အခံပါတီ

ထူထောင်ရန်စီစဉ်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့နဲ့  နိုင်ငံရေးလှုပ်ရှားသူတွေ ပူးပေါင်းကာ နိုင်ငံရေးပါတီသစ် တည်ထောင်ဖို့စီစဉ်နေပြီး အင်အားကြီးတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတခုအဖြစ် ရပ်တည်သွားမယ်လို့ ပါတီဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူဦးမင်းဇေယျက ပြောပါတယ်။

အခု ဖွဲ့စည်းတည်ထောင်မယ့် ပါတီသစ်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့နဲ့ ခေတ် အဆက်ဆက်က နိုင်ငံရေးလူပ်ရှားသူတွေနဲ့ ပူးပေါင်းပါဝင်ကြမှာဖြစ်ပါတယ်။

ပြည်သူ့အကျိုးစီးပွားကို ရှေးရှုတဲ့ မူဝါဒတွေ အခြေခံထားတဲ့ နိုင်ငံရေးပါတီတခု ပေါ်ပေါက်လာဖို့ ပြည်တွင်း ပြည်ပက စိတ်ဝင်စားသူတွေအားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၃၀ နဲ့ ၃၁ ရက်တို့မှာ ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ပြုလုပ်သွားမယ်လို့  ပြောပါတယ်။

ပါတီဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းဇေယျက “ကျနော်တို့ အခု ထူထောင်မယ့် နိုင်ငံရေးပါတီဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေး ခိုင်မာရေးဆိုတဲ့ ရည်ရွယ်ချက်နှစ်ရပ်ပေါ်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားနဲ့ တကယ်ကို လုပ်ဆောင်နေတဲ့ လူတွေအားလုံး ပါဝင်စုစည်းပြီးတော့ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တကယ့်အင်အားကြီး အတိုက်အခံ နိုင်ငံရေးပါတီတရပ် ပေါ်ပေါက်ရေး ဒါကို ရည်ရွယ်တယ်။ ဘာလို့လဲဆိုတော့ ပါတီစုံဒီမိုကရေစီမှာ ကျနော်တို့ ယုံကြည်တာက ပါတီစုံဖို့ လိုတယ်။ သို့သော်လည်း အဲဒီပါတီစုံ ဆိုတဲ့နေရာမှာလည်း အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ဖို့လိုတယ်။ ဒါမှပဲ အတိုက်အခံအားကောင်းမှ အစိုးရကလည်း ပိုပြီးတော့ လုပ်ရကိုင်ရတာ အားကောင်းမယ်။ ဒါကြောင့် ကျနော်တို့က အတိုက်အခံကောင်းအနေနဲ့ ရပ်တည်မယ်။ တကယ်လုပ်ရမယ့် လုပ်ငန်းတွေမှာလည်း ကျနော်တို့က တကယ့်ကို တရားဥပဒေနဲ့အညီ ကျနော်တို့ ရသင့်ရထိုက်တဲ့ ကျနော်တို့ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်မယ်၊ တည်ဆောက်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်တာ။”

၈၈ မျိုးဆက်တွေဟာ အသက်အရွယ်နဲ့ အတွေ့ကြုံတွေအရ နိုင်ငံရေးပါတီအနေနဲ့ သီးခြားရပ်တည်ဖို့ လိုအပ်လာတာကို ယုံကြည်တဲ့သူတွေက များလာတယ်လို့လည်း ပြောပါတယ်။

“မြန်မာ့နိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ နိုင်ငံရေး ဟာကွက်တခု ဖြစ်လာမှာ ကျနော်တို့ စိတ်ပူတယ်။ အဲဒီနိုင်ငံရေးဟာကွက်ကို ဖြည့်တဲ့အနေနဲ့ ပါလီမန်ဒီမိုကရေစီကို ပိုပြီးတော့ခိုင်မာအောင်၊ ပိုပြီးအားကောင်းအောင် ကျနော်တို့ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုမှာ ၈၈ တွေ ပါဝင်ပြီးတော့ လှုပ်ရှားနိုင်အောင်ဆိုတဲ့ မူနဲ့ နိုင်ငံရေးပါတီအသစ်တရပ် ထူထောင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေတာ” လို့ ဦးမင်းဇေယျက ပြောပါတယ်။

နိုင်ငံရေးပါတီသစ် ပေါ်ပေါက်လာဖို့ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မှာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ နိုင်ငံရေးပါတီတရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီက ပြုလုပ်ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

ဒီကော်မတီရဲ့ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီဝင် ဦးကြည်လင်းက “ဆွေးနွေးပွဲကို အုပ်စု ၄ ခုဖွဲ့ပြီး ကျင်းပမယ်။ နိုင်ငံရေးပါတီရဲ့ အခြေခံမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ၊ နောက် ကျနော်တို့ပါတီရဲ့ နောက်ထပ်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။”လို့ပြောပါတယ်။

နိုင်ငံရေးပါတီသစ်တခုကို အောင်မြင်အောင် ထူထောင်နိုင်ဖို့ နိုင်ငံရေး ပါတီတရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။  အခုချိန်အထိတော့ ပါတီနာမည်၊ အမှတ်တံဆိပ်နဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

DVB TV News

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် အနည်းဆုံး ၁၆၀ ဦး သေဆုံး

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် အနည်းဆုံး ၁၆၀ ဦး သေဆုံး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

ရှမ်ပြည်နယ်မြောက်ပိုင်းဒေသတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သုံးလကြာခန့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် သေဆုံးသူ အနည်းဆုံး ၁၆၀ ဦး ရှိခဲ့သည်ဟု တပ်မတော်အရာရှိကြီးတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လူပေါင်း ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

တိုက်ပွဲများကြောင့် တပ်မတော်သား ၇၄ ဦး၊ ရဲ ၁၅ ဦး၊ ပြည်သူ့စစ် ၁၃ ဦးနှင့် အရပ်သား ၁၃ ဦးသေဆုံးခဲ့ရသည်ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။ တိုက်ပွဲများ စတင်ချိန်က စတင်ပြီး တပ်မတော်၏ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ကာ ပထမဆုံး ထုတ်ဖော်ပြောကြားခြင်းလည်း ဖြစ်သည်။

“ရန်သူအလောင်း ၄၅ လောင်းကို ရရှိခဲ့ပြီးတော့ လေးဦးကို ဖမ်းဆီးမိခဲ့ပါတယ်” ဟု တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်သူ ၎င်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားသည်။

သူပုန်ရာပေါင်းများစွာသေဆုံးခဲ့သည်ဟုလည်း အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်များကို ရိုက်ကူးထားသည့် ဓာတ်ပုံများအပေါ် အခြေခံပြီး ၎င်းကပြောကြားခဲ့သည်။

နယ်စပ်ဒေသများတွင် လွန်ခဲ့သည့်ဆယ်စုနှစ်ပေါင်းများကတည်းက ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်သွားစေရေး ကြိုးပမ်းမှုအနေဖြင့် ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးညီလာခံကို ကျင်းပရန် အစိုးရက ပြင်ဆင်နေစဉ် တပ်မတော်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

အစိုးရက ဦးစီးဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်ဆိုင်းရေးသဘောတူညီချက် (NCA) ကို လက်မှတ်ထိုးမည်မဟုတ်ဟုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြေညာခဲ့သည်။

သတင်း - အေအက်ဖ်ပီ

Frontier Myanmar

“ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်”

“ပျော်ရွှင်ခြင်းလျှို့ဝှက်ချက်”

ဒီမေးခွန်းကတော့ ဆရာစိုး (ဒေါက်တာစိုးလွင်)ဆီ နာမည်တပ်ပြီးကို ရောက်လာတာပါ။ လူတွေဟာ အများအားဖြင့် အလုပ်များလာရင် စိတ်တိုလာတတ်တယ်၊ ဆရာကတော့ စာလည်းသင်၊ စာလည်းရေး၊ ဆေးလည်းကု၊ လူနာတွေကလည်းအများကြီး၊ ဒါတောင်မှ ဘယ်တော့မှ အပြုံးမပျက်ဘူး၊ အဲဒါ ဘာကြောင့်ပါလဲ တဲ့။

ဆရာက လျှို့ဝှက်ချက် (၄)ခု ချပြသွားပါတယ်။

၁။ ပျော်ရွှင်ချင်ရင် ကိုယ်ယုံကြည်တဲ့အလုပ်ကို လုပ်ပါ။

ဆရာလက်ရှိလုပ်နေတဲ့ ဆေးကုတာ၊ ကျောင်းသားတွေကို စာသင်တာ၊ စာတွေရေးတာ၊ ဒီ(၃)ခုစလုံးဟာ ဘယ်သူ့ဘယ်သူကမှ ခိုင်းလို့ မဟုတ်သလို၊ တာဝန်တစ်ရပ်အနေနဲ့ လုပ်နေရတာလည်း မဟုတ်ပါဘူး။ လုပ်ချင်လို့ကို လုပ်နေတာ ဖြစ်ပါတယ်။ ဒီအတွက် ဒါတွေလုပ်နေရလို့ ဆိုပြီး မပင်ပန်းတော့ဘူး။ အလုပ်ဘယ်လောက်များများလည်း မညည်းတော့ဘူး။ လုပ်နေရရင်ကို ပျော်နေတာလေ။

ဒါကြောင့်လည်း ပြောတတ်ကြတာ။ ကမ္ဘာပေါ်က အကောင်းဆုံးအလုပ်ဆိုတာ လုပ်လို့လုပ်နေမှန်းတောင် မသိတော့တဲ့အလုပ်မျိုးကို ခေါ်တာတဲ့။

ကိုယ့်ဝါသနာ ဘာမှန်းမသိ၊ သိပေမယ့်လည်း အခြေအနေအရ မလုပ်နိုင်သေးတဲ့သူတွေ များလှတဲ့ ခုလိုအချိန်မှာ ၀ါသနာနဲ့ ကိုယ်လုပ်နေတာနဲ့ ကိုက်တဲ့သူတွေက ကံကောင်းတယ်ပဲ ပြောရမှာဖြစ်ပါတယ်။

၂။ ပျော်ရွှင်ချင်ရင် အလုပ်လုပ်တဲ့အခါမှာ ဗြဟ္မစိုရ်တရား (၄)ပါး လက်ကိုင်ထားပါ။

ကိုယ်ဝါသနာပါတာကို လုပ်နေရပေမယ့်လည်း မပျော်နိုင်တဲ့သူတွေ ရှိပါတယ်။ ဒါဆိုရင်ရော။

ဆရာဖြေတာ ရှင်းပါတယ်၊၊
ဘယ်လိုအလုပ်မျိုးကိုလုပ်နေသည်ဖြစ်စေ ဗြဟ္မစိုရ်တရား (၄)ပါး လက်ကိုင်ထားပါတဲ့။
ဥပမာ ဆေးကုတယ်ဆိုပါတော့၊ မကုခင်မှာ မေတ္တာထားတယ်၊ ငါကုပေးလိုက်တဲ့ လူနာတွေ ဝေဒနာပျောက်ကင်းပါစေ။ ကုသနေတုန်းမှာ ကရုဏာထားတယ်၊ သူတို့မှာ ဝေဒနာတွေ ခံစားနေရပါလား။ ပျောက်ကင်းသွားပြီဆိုလည်း မုဒိတာပွါးပေးတယ်။ ဒီလိုပဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်ယောက် အောင်မြင်လာတယ်ကြားရင်လည်း ၀မ်းသာပေးတယ်။

အရေးကြီးဆုံးကတော့ နောက်ဆုံးတစ်ချက်ပဲ။ ဘာလဲဆိုတော့ ဥပေက္ခာထားတတ်ဖို့။
ကိုယ်လုပ်လို့မတတ်နိုင်တဲ့ ကိစ္စတွေလည်း လောကမှာ ရှိတာပါပဲ။ ဒီအပေါ်မှာ ခံစားမနေဘူး။ ဆရာလုပ်စရာရှိတာ အကောင်းဆုံးလုပ်ခဲ့တယ်။ ကိုယ့်စာသင်ချိန်မှာ ကျောင်းသားတွေ အတန်းတက်တာနည်းတယ်၊ အချိန်လွန်နေပြီမို့ ဒီလူနာကို မကယ်နိုင်တော့ဘူး၊ အသက်ဆုံးသွားတယ်၊ ကိုယ်က စေတနာထားပြီး ကုသပေးပေမယ့် လူနာက ကျေးဇူးမတင်ဘူး၊ အပြစ်တောင်တင်သွားတတ်သေးတယ်၊ ဒါတွေကိုယ်မတတ်နိုင်ဘူး။
ဒီအပေါ်မှာ လိုက်ခံစားနေရင် ကိုယ်ပဲစိတ်ထိခိုက်နေရမယ်။ ဒါတွေကို ဥပေက္ခာပြုတတ်ဖို့ လိုပါတယ်။

တစ်ဦးတစ်ယောက်ကြောင့် ဒေါသထွက်ရတယ်၊ သူများဝေဖန်လို့၊ အကောင်းပြောမခံရလို့ ကိုယ်လုပ်မယ့်အလုပ်ကို ရပ်ပစ်လိုက်တယ် ဆိုတာတွေက တကယ်တော့ ဥပေက္ခာ မပြုတတ်လို့ပါ။
မှန်တစ်ချပ်ဟာ ကိုယ့်ရှေ့ရောက်လာတဲ့သူရဲ့ ပုံရိပ်ပေါ် မူတည်ပြီး သူလည်း လိုက်ပြောင်းလဲပါတယ်။ အဲဒီလူက မဲ့ပြရင် သူလည်း မဲ့ပြတယ်။ အဲဒီလူက ပြုံးပြမှ သူကလည်း ပြုံးပြတယ်။
လှပတဲ့ပန်းချီကားတစ်ချပ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ သူ့ရဲ့လှပတဲ့ ပုံရိပ်တစ်ခုကိုသာ အမြဲပေးနေမှာပါပဲ။
ဒါကြောင့် ကိုယ့်ဘ၀မှာ ပျော်ရွှင်ချင်တယ်ဆိုရင် တစ်စုံတစ်ယောက်ကြောင့် လိုက်ပါပြောင်းလဲနေရတဲ့ မှန်တစ်ချပ်လို မဟုတ်ဘဲ ပန်းချီကားတစ်ချပ်လို ခံယူနိုင်ဖို့၊ ဥပေက္ခာပြုတတ်ဖို့ လိုပါတယ်။

၃။ ပျော်ရွှင်ချင်ရင် ရည်မှန်းချက်ထားပါ။

ကိုယ့်မှာ ပန်းတိုင်တစ်ခု ရှိလာပြီဆိုရင် သေချာတာက အချိန်မလောက်တော့ပါဘူး။ လေ့လာစရာတွေ အများကြီး ပေါ်လာတယ်၊ လုပ်စရာတွေ အများကြီးဖြစ်လာတယ်။ အချိန်တိုင်း အချိန်တိုင်းက တန်ဖိုးရှိလာတယ်။ ဒီတော့ အဲ့လိုတန်ဖိုးရှိလှတဲ့ အချိန်တွေကို အလဟဿ အဖြစ်မခံနိုင်တော့ဘူး။ သူများကြောင့် စိတ်တိုဖို့၊ ဒေါသထွက်ဖို့ အချိန်ကိုမရတော့ဘူး။

ဒါကြောင့် ပျော်ရွှင်ချင်ရင် တိကျပြတ်သားတဲ့ ပန်းတိုင် ထားထားပါ။ အဲဒီပန်းတိုင်က ဒေါသထွက်စရာတွေ၊ စိတ်ရှုပ်စရာတွေကို လျစ်လျူရှုတတ်စေပါလိမ့်မယ်။

၎။ ပျော်ရွှင်ချင်ရင် အနှောင်အဖွဲ့ နည်းနိုင်သမျှနည်းအောင် နေပါ။

တကယ်တော့ လွတ်လပ်တယ်ဆိုတာ အနှောင်အဖွဲ့ မရှိခြင်းကို ဆိုလိုတာပါ။ ကိုယ့်မှာ အနှောင့်အဖွဲ့များလေလေ မလွတ်လပ်လေ ကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရလေပါပဲ။ သားသမီးအပေါ် သံယောဇဉ်ကြီးတဲ့မိဘ အမြဲစိတ်ပူပန်နေရတယ်။ လက်တွဲဖော်ကို အချစ်ကြီးတဲ့သူ အမြဲသ၀န်တိုနေရတယ်။

ကျွန်တော်တို့တွေဟာ သက်ရှိတွေနဲ့တင်မကဘူး သက်မဲ့တွေနဲ့ နှောင်ဖွဲ့တတ်ပါတယ်။ ဘယ်လိုလဲဆိုတော့ ပိုက်ဆံတွေ၊ စည်းစိမ်ချမ်းသာတွေ၊ နောက်ပြီး ရာထူးတွေကို တပ်မက်တဲ့စိတ်တွေပေါ့။ အဲဒီစိတ်တွေနည်းလေလေ ဘ၀မှာ ပျော်ရွှင်ရလေလေပါပဲ။ မရှာရဘူး၊ မခံစားရဘူး မဟုတ်ပါဘူး။ အဓိကက နှောင်ဖွဲ့မှုနည်းနိုင်သမျှ နည်းဖို့ပါ။

ဆရာက ဥပမာလေးတစ်ခု ထုတ်ပြသွားပါတယ်။ အစိုးရ၀န်ထမ်းဖြစ်တာကြောင့် ဆရာတို့ဆီကို ညွှန်ကြားချက်တွေ ရောက်ရောက်လာတတ်တယ်။ လူကြီးလာမှာမို့ ဘာလုပ်ပါ ညာလုပ်ပါ ပေါ့။ ဆရာကတော့ ဂရုမစိုက်ဘူး၊ ကိုယ်လုပ်စရာရှိတာပဲ ဆက်လုပ်တယ်။ အဲဒီအတွက် ဆရာအလုပ်ပြုတ်သွားမှာလည်း စိတ်မပူဘူး။ ဘာလို့ဆိုတော့ ဆရာ့ကို အဲဒီ ရာထူး ဆိုတဲ့အရာက နှောင်ဖွဲ့ထားနိုင်ခြင်း မရှိလို့ပါပဲ။ နှောင်ဖွဲ့ထားနိုင်ခြင်းမရှိတဲ့အတွက် ဆုံးရှုံးရမှာကိုလည်း မကြောက်တော့ဘူး။ အဲဒီလိုလူက သူ့အလုပ်၊ သူ့ပညာအပေါ် သစ္စာရှိတယ်၊ မှန်တာကိုပဲ ပြောတယ်၊ ဘယ်သူငြိုငြင်တာမှ မကြောက်ဘူး။
လူအများပြောတတ်ကြတဲ့ ပညာရှင်မာနဆိုတာ အဲဒါကို ခေါ်တာပဲ ဖြစ်ပါတယ်။

ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
၂၅.၂.၂၀၁၇

ရတနာပုံတက္ကသိုလ်ကျောင်းကားပြေးဆွဲနိုင်ဖို့ စစ်တမ်းကောက်ယူမည်

ရတနာပုံတက္ကသိုလ်ကျောင်းကားပြေးဆွဲနိုင်ဖို့ စစ်တမ်းကောက်ယူမည်

မန္တလေး၊ ဖေဖော်ဝါရီ ၂၈

ရတနာပုံတက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် ကျောင်းကားပြေး ဆွဲနိုင်ဖို့ စစ်တမ်းတစ်ခုကောက်ယူမယ်လို့ အဲသည်တက္ကသိုလ်ရဲ့ ကျောင်းသားများသမဂ္ဂဆီက သိရပါတယ်။

လက်ရှိအခြေအနေမှာ ရတနာပုံတက္ကသိုလ်ကို လာရောက်ဖို့ ဆရာ၊ ဆရာမတွေအတွက်ဖယ်ရီကားရှိ ပေမယ့် လူဦးရေနဲ့ ကားအရေအတွက် မမျှတတာ၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းကားမရှိ တာ၊ ဖယ်ရီကားခက အကုန်အကျများတာ၊ ဖယ်ရီကားတွေက ကျောင်းပြင်ပမှာရပ်နားတာကြောင့် ကျောင်းသူ၊ ကျောင်းသူတချို့က ကျောင်းဝင်းအတွင်းထဲ မဝင်ရောက်တာဟာ ဘေးပတ်ဝန်းကျင်အမြင်မှာ သိက္ခာကျစရာ ဖြစ်နိုင်တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အမှုဆောင်အဖွဲ့ဝင် ကိုရဲမျိုးဆွေက ပြောပါတယ်။

ကျောင်းကားပြေးဆွဲနိုင်ဖို့ ကောက်ယူတဲ့စစ်တမ်းမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အမည်၊ အထူး ပြုဘာသာ၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ မြို့နယ်တွေ ပါဝင်မှာဖြစ်ပါတယ်။

သည်စစ်တမ်းကို မတ်လ ၁ ရက်ကစတင်ကောက်ယူမှာဖြစ်ပြီး ကျောင်းကားစီးချင်တဲ့ကျောင်းသား၊ ကျောင်းသူတွေရဲ့ လက်မှတ် ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြားရပါက တိုင်းအစိုးရအဖွဲ့ကိုတင်ပြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရတနာပုံတက္ကသိုလ်အတွက် ကျောင်းကားပြေးဆွဲပေးဖို့ ၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းက မန္တလေးတိုင်း အစိုးရအဖွဲ့ဆီ တင်ပြထားပေမယ့် အကြောင်းပြန်မကြားတာကြောင့် ယခုလိုစစ်တမ်းကောက်ယူကာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

သည်တက္ကသိုလ်မှာ ကျောင်းကားအနေနဲ့ ဒိုင်နာကားတွေပြေးဆွဲဖူးတာဖြစ်ပြီး ၂၀၀၇ နောက်ပိုင်းက စတင်ကာ ရပ်နားသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ရတနာပုံတက္ကသိုလ်မှာ ဆရာ၊ ဆရာမဦးရေ ၈၀၀ ခန့်၊ ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀,၀၀၀ ခန့်ရှိပါတယ်။

အေးစုမွန်

Kumudra


မြန်မာအိုင်ဒေါ ဘယ်သူတွေ အမြတ်ထွက်သလဲ

မြန်မာအိုင်ဒေါ ဘယ်သူတွေ အမြတ်ထွက်သလဲ

မြန်မာအိုင်ဒေါ ပြိုင်ပွဲကို အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ သီဆိုယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ – မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ အမြတ်ထွက်တာ ဘယ်သူလဲဆိုတာကို လူတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။

မြန်မာအိုင်ဒေါပွဲကို လက်ရှိအချိန်မှာ ကျင်းပနေတာဖြစ်ပြီး တစ်ပတ်ပြီးတစ်ပတ် လူတစ်ဦးစီ ပြိုင်ပွဲကနေ ထွက်သွားရတာ ဖြစ်ပါတယ်။ သည်ပြိုင်ပွဲကို ပရိသတ်တွေက votting ပေးပြီး ရွေးချယ်ကြတာဖြစ် ပါတယ်။ မဲပေးတဲ့စနစ်မှာ အင်တာနက် ဖေ့စ်ဘုတ်ခ်အကောင့်ကနေ တစ်ကောင့်ကို တစ်မဲသာပေးနိုင်တာဖြစ်ပြီး ဖုန်းမက် ဆေ့ခ်ျနဲ့ဆိုရင်တော့ စိတ်ကြိုက် အကန့် အသတ်မရှိ မဲပေးနိုင်တာဖြစ်ပါတယ်။

သည်လိုမဲပေးတဲ့စနစ်တွေကို ကြိုက်တဲ့သူ၊ လက်ခံတဲ့သူတွေရှိသလို မဲပေးတဲ့ စနစ်က မှားယွင်းပြီး သဘောမကျတဲ့သူ တွေလည်းရှိနေတာဖြစ်ပါတယ်။ လူတစ်ယောက်ကို အပတ်စဉ် votting ပေးတာက အနည်းဆုံး ကျပ် ၂၀ဝ၀ ကျော်လောက် ကနေ ကျပ် ၅၀ဝ၀ ကျော်အထိ ပေးနေတဲ့သူတွေရှိသလို တချို့တွေဆိုရင် ပိုင် ဆိုင်တာတွေပေါင်ပြီး votting ပေးတာတွေလည်း ရှိပါတယ်။ သည်လိုပေးတာတွေက ကိုယ်ပေးချင်တဲ့သူတွေဆီကို တကယ် votting ရောက်မရောက်ကို လည်း မသိနိုင်တာကြောင့် သည်လို votting စနစ်ကြောင့် ကိုယ်အားပေးတဲ့သူ တကယ်မရဘဲ ကြားထဲက အမြတ်ထွက် တဲ့သူတွေရှိလားဆိုတာကို အဓိက စိတ် ဝင်စားနေကြတာ ဖြစ်ပါတယ်။

‘တစ်ခုကတော့ မဲပေးတဲ့စနစ်ကို မကြိုက်တာတော့ အမှန်ပဲ၊ အမ်ပီတီ က ဖုန်းမက်ဆေ့ခ်ျနဲ့ ပေးလို့ သူကတော့ ဖုန်း ဘေတွေများများရတာဆိုတော့ သူကလဲ ကြားထဲက အမြတ်ရတယ်၊ တခြားအော်ပရေတာကနေလဲ ဖေ့စ်ဘုတ်ခ်တွေ သုံးတာဆိုတော့ သူတို့တွေလဲ အမြတ်ထွက်တယ်၊ ကြားထဲကနေ အော်ပရေတာတွေကတော့ အဓိက အမြတ်ထွက်တာပေါ့၊ ကျန်တဲ့သူတွေကတော့ လူမုန်းမယ်၊ ချစ် မယ် ဒီလောက်ပဲ၊ ငွေကြေးပိုင်းတွေကတော့ အော်ပရေတာတွေပဲ အမြတ်ထွက်တယ်” လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မအိဖြူ သော်က ပြောပါတယ်။

သည်ပြိုင်ပွဲကို အမ်ပီတီက မိန်းစပွန်ဆာပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ Votting ပေးမယ်ဆိုရင်လည်း အမ်ပီတီ ဖုန်းတစ်မျိုးတည်းနဲ့သာ ပေးလို့ ရတာဖြစ်ပါတယ်။ မြန်မာ အိုင်ဒေါ ပြိုင်ပွကို အပတ်စဉ် ကြာသပတေးနေ့နဲ့ သောကြာနေ့တွေမှာ သီဆိုယှဉ်ပြိုင်ကြတာဖြစ်ပြီး votting ပေးတာတွေကိုတော့ ယှဉ်ပြိုင်တဲ့ နေ့ည ၁၁းဝ၀ နာရီကနေ စပြီး နောက်နေ့ညနေ ၆းဝ၀ နာရီအထိ ပေးလို့ရ တာဖြစ်ပါတယ်။ သည်ပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၂၃ ရက်နေ့ ကစတင်ပြီး top ၁၀ ဦးနဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



မဲပေးတဲ့အခါမှာ

သည်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နေတဲ့သူတွေကို ကြိုက်တဲ့သူတွေလည်း အများအပြား ရှိနေတာဖြစ်ပါတယ်။ ကြည့်တဲ့သူတွေ ကတကယ်သဘောကျလို့ အားပေးတာ တွေ၊ မဲပေးတာတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒေသစွန်၊ မြို့နယ်စွန်တွကြောင့် မဲပေးနေတာတွေလည်း ရှိပါတယ်။ သနားတဲ့စိတ်နဲ့ ပေးကြတာတွေရှိသလို တကယ်ကောင်းတဲ့ သူတွေကို မဲမပေးတာတွေလည်း ရှိပါတယ်။ ဒိုင်တွေကတော့ တကယ်ကောင်းတဲ့သူတွေကို မဲပေးစေချင်ကြောင်း ပြောကြတယ်။ မဲပေးနည်းသွားတာတွေ၊ ပရိသတ်နည်း တာတွေကြောင့်  တကယ်ကောင်းတဲ့သူတွေ ပြုတ်သွားခဲ့တာတွေလည်း ရှိပါ တယ်။ ဒိုင်တွေအနေနဲ့ က ပရိသတ်ပေးတဲ့ မဲတွေအပေါ်မှာ ဝင်ရောက်ပြောကြားတာတွေ မရှိပေမဲ့ကောင်းတဲ့သူတွေကိုပဲ မဲပေး စေချင်ကြောင်း ကိုတော့ အမြဲ တမ်းပြောတာ တွေ့ရပါတယ်။

‘အစက တော့ ပိုးမီကို အားပေးတာပါ၊ နောက်ပိုင်း ဦးသိန်းတန်ကို အမြင်ကတ်လို့ ရဲနောင်ကို အခုနောက်ပိုင်း vote ပေး ဖြစ်ပါတယ်၊ မတရားနှိမ်ပြီး နှိပ်ကွပ်တဲ့ သူများလို့ပါ၊ ရဲနောင်ရသွားရင်လဲ ကိုယ်နဲ့တော့ မဆိုင်ပါဘူး၊ ရဲနောင်ကိုတော့ ဒီထက်ပိုကောင်း စေချင်တယ်၊ အမြဲအားငယ်ပြီး နောက်မှာ နေတာကို မမြင်စေချင်ဘူး၊ သူလုပ်နေတဲ့ အလုပ်ကို အဆုံးအထိအကောင်းဆုံးပြီး ဆုံးတဲ့အထိ လုပ်စေချင်လို့ အခုနောက်ပိုင်းမှာ သူ့ကို မဲပေးဖြစ်တာပါ၊ မြို့နယ်စွဲ၊ဒေသစွဲတွေကြောင့်မဟုတ်ဘဲ သက်သက်ကြိုးစားစေချင်လို့ မဲပေးဖြစ်တာပါ” လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မမြတ်မွန်မွန်ရည်က ပြောပါတယ်။

ဒိုင်တွေက ပရိသတ်တွေကို vote ပေးတဲ့စနစ်တွေကို အမြဲတမ်းပြောနေတာ ကြောင့် ပရိသတ်အချို့က မကျေနပ်ကြပါဘူး။ ကိုယ်ကြိုက်တဲ့သူကို မဲပေးတာတွေကို လိုက်ပြီးပြောနေတာကြောင့် ပိုပို ပြီးမဲပေးဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ ကြိုးစားနေတဲ့ သူတစ်ယောက်ကို စိတ်ဓာတ်မကျသွားအောင် ဝိုင်းမဲပေးနေ တာဖြစ်ပြီး ဒိုင်တွေကို မကျေနပ်တာကြောင့် ဒိုင်တွေ သဘောမကျတဲ့သူတွေကို အများဆုံးဝိုင်းပြီး မဲပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်း တကယ်ကောင်းတဲ့သူကိုသာ မဲပေးရင် အကောင်းဆုံးဖြစ်နိုင်ပြီး သီဆိုတာမကောင်းတဲ့သူတွေကို မဲများများပေးပြီး winner ရသွားရင် နောက်ပိုင်းမှာ အောင်မြင်လာနိုင်မှာ မဟုတ်ပါဘူး။

‘တစ်ယောက်ထွက်တိုင်း ရဲနောင် ကြောင့်လို့ စွပ်စွဲကြတဲ့သူတွေက များတယ်၊ အမ်ပီတီက မဲပေးတဲ့စနစ်တွေကို စီးပွားရေးဆန်ဆန်လုပ်ထားတယ်၊ မကျေနပ်တာတွေ၊ အမ်ပီတီ ရုံးကို သွားပြောပြီး အဲဒီလိုလုပ်တာ မကြိုက်ဘူးတွေ ဘာတွေ ပြောလိုက်လို့ရတယ်၊ အားလုံးကတော့ ရဲနောင်ကြောင့် မဟုတ်ဘူး၊ သူလဲကောင်းလို့ ဒိုင်တွေကိုယ်တိုင်ရွေးထားတာ၊ ပရိသတ်တွေကလဲ သူတို့ကြိုက်တာကို မဲပေး ပိုင်ခွင့်ရှိတယ်၊ အဲဒီပေါ်မှာလဲ ဝေဖန်ပိုင် ခွင့်မရှိဘူး”လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မလမင်းက ပြောပါတယ်။

တစ်ခါတစ်ရံမှာတော့ ကိုယ်ပေးချင်တဲ့သူတွေကို မဲပေးလို့ မရတာတွေကို ကြုံ တွေ့နေရတာတွေလည်း ရှိပါတယ်။ သည်လိုမျိုးဖြစ်တာတွေအတွက် စပွန်ဆာပေးထားတဲ့ အမ်ပီတီဘက်ကလည်း ထုတ်ပြန်ပေးတာတွေမရှိဘူးလို့ သိရပါတယ်။ သည်လိုမျိုးတွေ ဖြစ်နေတာကြောင့် ကိုယ် ကြိုက်တဲ့သူတွေကို မဲမပေးနိုင်တာတွေရှိနေပါတယ်။ votting ပေးတာ အဆင်ပြေ တာကြောင့် ထပ်ခါထပ်ခါပေးနေရတာ ကြောင့် တစ်စောင်ကို ၁၀ ကျပ် သတ်မှတ်ထားပေမဲ့ ပိုပြီးကုန်ကျနေတာ ဖြစ်တယ် လို့ သိရပါတယ်။



ယှဉ်ပြိုင်သူတွေ ရလိုက်တာ

သည်ပြိုင်ပွဲမှာ အဓိက အမြတ်ထွက် သွားတာကတော့အော်ပရေတာတွေ ဖြစ်ပြီး အမ်ပီတီက အများဆုံးအမြတ်ထွက်တာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူတွေက လူမုန်းခံရတာလည်း ရှိပါတယ်။ ပြုတ်သွားတဲ့ သူတွေကို အားပေးနေတဲ့သူတွေနဲ့ ကျန်နေတဲ့သူတွေကို အားပေးနေတဲ့သူတွေကြားမှာ ပဋိပက္ခတွေ များလာတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ်အားမပေးတဲ့ သူတွေ ကျန်ခဲ့တာအတွက်ကို သဘောမကျတဲ့သူတွေ ရှိနေတာဖြစ်ပြီး ကျန်ခဲ့တဲ့သူတွေကို မကောင်းပြောတာတွေ၊ ပုတ် ခတ်တာတွေ ရှိလာတယ်လို့ သိရပါတယ်။

‘အမှန်တော့ ဒီတစ်ခေါက် ပြိုင်ပွဲက အချင်းချင်းရန်တိုက်တဲ့ပွဲဖြစ်နေတာ၊ ဒိုင်တွေက တစ်ယောက်ကို ဝိုင်းဖိပြောတယ်၊ အဲဒီမှာ လူမုန်းများလာပြီး အရည်ချင်းမရှိဘဲ Votting အားကိုးနဲ့ တက်လာတာတွေဆိုပြီး စကားတွေထွက်လာတယ်၊ တကယ်တမ်းပြိုင်တဲ့သူတွေရတော့ ပရိသတ်တွေရဲ့ အမုန်းတွေ အမြင်ကတ်တာ တွေပဲရခဲ့တာ၊ အော် သူက ငါးယောက်မှာ ပါပါလား၊ ဘယ်သူကတော့ ကောင်းရဲ့သားနဲ့ ပြုတ်တယ်၊ ဘယ်သူကတော့ မကောင်းဘဲပါတယ်၊ မဲမပေးနဲ့ သူပြုတ်တာကောင်းတယ်တို့၊ အဲဒီလိုစကားတွေ ထွက်လာတယ်၊ သူငယ်ချင်းတွေအချင်း ချင်းလဲ သူတို့မကြိုက်တဲ့သူတွေကို vote ပေးလို့ ဘလော့ခ်သွားတာတွေလည်းရှိတယ်၊ အဲဒီလောက်တောင် အမုန်းခံနေရ တာ” လို့ ပရိသတ်တစ်ဦးဖြစ်တဲ့ မအေးမြမြအောင်က ပြောပါတယ်။

သူငယ်ချင်းတွေအချင်းချင်းမှာလည်း မကြိုက်တဲ့သူတွေကို မဲပေးနေတာ ကြောင့် ဘလော့ခ်တာတွေ black list သွင်းတာတွေကို လုပ်လာကြတာတွေကိုလည်း တွေ့ရပါတယ်။ သည်ပြိုင်ပွဲကြောင့် သူငယ်ချင်းအချင်းချင်းခင်မင်မှု တွေ ပျက်သွားတာတွေရှိလာပါတယ်။ ဒါတွေအပြင် သီဆိုသူတွေကိုပါ ပရိသတ်တွေက မုန်းတီးလာတာတွေပါ ဖြစ်လာတယ်လို့ သိရပါတယ်။

ကွာခြားချက်တွေ

အရင်တုန်းက ပြိုင်ပွဲတွေကတော့ မဲပေးတဲ့စနစ်မှာ စိတ်ကြိုက် ဆင်းမ်ကတ်တွေနဲ့ မဲပေးခွင့်ရှိပါတယ်။ အခုပြိုင်ပွဲမှာတော့ အမ်ပီတီတစ်ခုတည်းနဲ့သာ မဲပေးနိုင်တာကြောင့် သည်နေရာမှာတင် ကွာခြားချက်တော်တော်ရှိနေတာဖြစ်ပါတယ်။ အရင်နှစ်တုန်းက ပြိုင်ပွဲဝင်တွေကို အား ပေးတဲ့သူတွေကလည်း တကယ်ကောင်းတဲ့သူတွေကိုသာ ပေးတာဖြစ်ပြီး အခုပွဲမှာလောက် ပဋိပက္ခတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ အရင်နှစ်တုန်းကတော့ တစ်ကြိမ် ဆေ့ဖ်လုပ်ခွင့်ရှိတာဖြစ်ပြီး ပန်တင်း white card ကိုလဲ တစ်ကြိမ်သုံးခွင့်ရှိခဲ့တာဖြစ်ပါ တယ်။ အခုပြိုင်ပွဲမှာတော့ ပွဲစဉ်တစ်လျှောက်လုံးမှာ တစ်ကြိမ်သာ save လုပ်ခွင့်ရှိတာဖြစ်ပါတယ်။

“အရင်ပွဲတုန်းက တစ်ကြိမ်ပဲ ဖြစ် လိုက်တယ်၊ ဇော်မင်းဦးပြုတ်ပြီး ဆိုဖီယာ ဆေ့ဖ်ဖြစ်သွားတော့ ဒိုင်တွေနဲ့ ဖြစ်တာပေါ့၊ အခုတစ်ခေါက်ကကျတော့ တစ်ကြိမ်ပဲသုံးခွင့်ရှိတယ်၊ ပြီးတော့ သုံးလိုက်ပြီးပြီ ဆိုတော့ ကောင်းတဲ့သူတွေ ပြုတ်ဖို့ပဲရှိနေ တော့တယ်၊ အရင်ပွဲတုန်းကတော့ ကောင်းတဲ့သူရတယ်၊ ကျေနပ်ကြတယ်၊ အခုပွဲတော့ စလုပ်ကတည်းက မကျေနပ်တာတွေများတယ်ဆိုတော့ စောင့်ကြည့်ရဦးမှာပါ၊ အရင်ပွဲနဲ့ အခုပွဲ တော်တော်ကွာ ခြားသွားပါတယ်”လို့ မအေးမြမြအောင်က ပြောပါတယ်။

အရင်ပြိုင်ပွဲတုန်းကတော့ စောလားထော်ဝါးရခဲ့တာကို အကုန်လုံးက လက်ခံသဘောတူခဲ့ကြတယ်။ ဆိုဖီယာ ဆေ့ဖ် ဖြစ်ခဲ့တာကိုတော့ မကျေနပ်တာများတယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲမှာတော့ ရဲနောင် votting အများဆုံးရနေတာကိုပဲ မကျေနပ်တာတွေ များပြားနေတာဖြစ်တယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲနဲ့ အရင် ပြိုင်ပွဲခြားနားချက်ကတော့ အရင်ပွဲကျတော့ သိန်း ၂၀ဝ ဆုကြေးပေးတာဖြစ်ပြီး အခုပြိုင်ပွဲမှာ ကားတစ်စီးနဲ့ ဆုကြေးငွေပါ ပါပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲနှစ်ခုကြားမှာ ကြားနားချက်တွေကတော့ အများပြားရှိနေပြီး ပထမပွဲထက်ပိုပြီး အခု ပွဲကို လူတွေပိုပြီး စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

သည်အခုတစ်ခေါက် ပြုလုပ်တဲ့ပြိုင်ပွဲမှာ အမ်ပီတီက နှစ်ပေါက်တစ်ပေါက် ရိုက်ပြီးလုပ်စားသွားတာလို့ လူအများစုက မြင်နေကြပါတယ်။ အဓိက ပြိုင်ပွဲဝင်တွေကတော့ အမ်ပီတီရဲ့ vote ပေးတဲ့ စနစ်ကြောင့် အချင်းချင်းမလိုမုန်းထားမှု တွေ များလာတာဖြစ်ပါတယ်။ သည်ပြိုင်ပွဲမှာတော့ အများဆုံးအမြတ်ထွက်သွားတာတော့ အမ်ပီတီက ဖြစ်ပြီး လူအမုန်းခံရဆုံးကတော့ဒိုင်တွေနဲ့ Votting အများ ဆုံးရနေတဲ့ သူက လူမုန်းတာပဲ အဖတ် တင်တယ်လို့ ဆိုပါတယ်။

လိမ္မာ၊ မိပုံ့

Kumudra




ရာသီခွင်အလိုက် ဘယ်ရာသီခွင်တွေက ဒေါသကြီးသောင်းကျန်းတတ်ကြသလဲဆိုတာ

ရာသီခွင်အလိုက် ဘယ်ရာသီခွင်တွေက ဒေါသကြီးသောင်းကျန်းတတ်ကြသလဲဆိုတာ



သင့်ရာသီခွင်ကို ကြည့်ပြီး သင်ဟာ ဘယ်လိုလူမျိုးဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းနိုင်သလို သင်ဟာ ဘယ်လောက်ဒေါသကြီးတဲ့သူဆိုတာလည်း သိနိုင်ပါတယ်တဲ့။ ဒါ့ကြောင့် ရာသီခွင်အမျိုးအစားတစ်ခုချင်းစီအလိုက် ဒေါသကြီးတဲ့သူ ဟုတ်မဟုတ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်၊

Aries - မိဿ       ရာသီဖွား (မတ်လ ၂၁ ရက် - ဧပြီလ ၁၉ ရက်)

ဒီကာလအတွင်း မွေးဖွားတဲ့သူတွေက စည်းကမ်းမရှိတဲ့၊  လေးစားချင်စရာမကောင်းတဲ့အပြုအမှုလောက် မုန်းတာမရှိပါဘူး။ ဒါပေမယ့် သူတပါးက စိန်ခေါ်တယ်ဆိုရင် ဒေါသထောင်းခနဲ ထလာတတ်တဲ့ အကျင့်ရှိပါတယ်။ ဒေါသကို ချက်ချင်းထိန်းချုပ်ပေးမယ့်အရာ သို့မဟုတ် အခြားလူဘေးနားမှာ မရှိဘူးဆိုရင် ရက်စက်တဲ့လုပ်ရပ်တွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုကတော့ Aries ရာသီဖွားတွေရဲ့ စိတ်ပြန်တည်ငြိမ်သွားအောင် ပြန်လုပ်ပေးဖို့ တော့လွယ်ကူပါတယ်။ အဲဒါကြောင့် ဒီရက်တွင်းမှာ မွေးဖွားတဲ့လူတွေဟာ သူတစ်ပါးကို လွယ်လွယ်ကူကူ ခွင့်လွှတ်ပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

Taurus - ပြိဿ       ရာသီဖွား ( ဧပြီလ ၂၀ ရက် - မေလ ၂၀ ရက် )

ခံစားချက်တွေကို ထိန်းချုပ်တတ်ပြီး ပုံမှန်အားဖြင့် သူတို့ကတော့ တည်တည်ငြိမ်ငြိမ်ပဲ နေတတ်ကြပါတယ်။ အဲဒါကြောင့် သူတို့ စိတ်ဆိုးတယ်မဆိုးဘူးဆိုတာကို ခန့်မှန်းဖို့ ခက်တတ်ပါတယ်။ ဒါပေမယ့် ဒီတည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘူးဆိုရင်တော့ ဘယ်လိုပြန်တုံ့ပြန်ရမှန်းမသိအောင်ပဲ ကျွဲရိုင်းကြီးတွေလိုပဲ ကြောက်စရာကောင်းပါတယ်။ ဘယ်အချိန်တွေမှာ စိတ်ဆိုးလဲဆိုရင်တော့ သူမဟုတ်တဲ့နေရာမှာ စွပ်စွဲတာမျိုးဆို မခံမရပ်နိုင်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အတိတ်မှာ မှားခဲ့တဲ့ဖြစ်ရပ်တစ်ခုခုကို တစ်ယောက်ယောက်က သူ့ကို ပြန်ဆွပေးတယ်ဆိုရင် ခံနိုင်ရည်မရှိပါဘူး။ အဲဒါကြောင့် သူတို့ရဲ့အားနည်းချက်တွေကို သတိထားပြီး ဆက်ဆံဖို့လိုတဲ့သူတွေပဲ ဖြစ်ပါတယ်။

Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )

ပုံမှန်အားဖြင့် ပျော်ပျော်ပဲနေတတ်ပြီး ဖော်ရွယ်တဲ့အကျင့်ရှိသူများ ဖြစ်တဲ့အတွက် စိတ်ဆိုးတယ်ဆိုရင် သူတို့အမူအရာကို ကြည့်ပြီးတော့ လွယ်လွယ်ကူကူသိနိုင်ပါတယ်။ ဒေါသထွက်လာပြီဆိုရင်တော့  အကြောင်းပြချက်တွေကို နားမထောင်တော့ပဲနဲ့ အော်ဟစ်သောင်းကျန်းတာမျိုး လုပ်တတ်ကြပါတယ်။ ကိုယ်တိုင် အားရပါးရ ပြောဆိုကြိမ်းမောင်းနိုင်မှ ကျေနပ်တဲ့အကျင့်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )

ချစ်စရာကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့သူတွေ ဖြစ်သောကြောင့် စိတ်မကောင်းစရာဖြစ်ရပ်မျိုးဆို သူတို့ မနှစ်သက်ပါဘူး။ သည်းခံစိတ်အပြည့်ရှိပြီးတော့ စိတ်ဆိုးဒေါသဖြစ်တာမျိုး မရှိသလောက်ပါပဲ။ တစ်စုံတစ်ယောက်က စိတ်ဆိုးဒေါသထွက်အောင် တမင်တကာကြံရွယ်ပြီး လုပ်တယ်ဆိုရင်တောင် တိတ်တဆိတ်ရှောင်ထွက်သွားတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စိတ်မဆိုးတတ်ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင် ချွေးပြန်ပြီး နှုတ်မှ စကားလုံးတွေလုံးထွေးသွားရင်း တုန်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လိုက်မာန်ပါလုပ်တတ်ကြပါတယ်။ မျက်ရည်ကျလွယ်ပြီးတော့ တစ်ဖက်လူက သူ့ရဲ့ရိုးသားမှုတွေကို ကြည့်ပြီးတော့ ချက်ချင်းတောင်းပန်ဖို့ ကြိုးစားတတ်ကြပါတယ်။

Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )

စိတ်ခံစားမှုတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘေးနားမှာရှိတဲ့သူတွေကတော့ အေးစက်ပြီး ဂရုစိုက်တတ်တဲ့အကျင့်မရှိတဲ့သူလို့ပဲ ထင်ကြပါတယ်။ ပွဲတက်တာမျိုးကို ဝါသနာမပါတဲ့သူဖြစ်ပေမယ့် စိန်ခေါ်တဲ့ကိစ္စရပ်တွေဆို စိတ်ဝင်စားပါတယ်။ ဒေါသထွက်လာပြီဆိုရင် သူတပါး ဂုဏ်သိက္ခာကျတဲ့အထိ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတတ်ကြပါတယ်။ အဲဒါကြောင့် သူနဲ့ရန်ဖြစ်ထားတဲ့သူတွေနဲ့ တသက်လုံး ရန်ငြိုးရှိတတ်ပါတယ်။

Virgo - ကန်ရာသီဖွား ( သြဂုတ်လ ၂၃ ရက် - စက်တင်ဘာလ ၂၂ ရက် )

အများအားဖြင့်တော့ သိမ်မွေ့ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်သူတို့ကို ဒေါသထွက်အောင်လုပ်တဲ့သူတွေကိုတော့ ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ ပြန်တုံ့ပြန်တတ်ကြပါတယ်။ အော်ငေါက်ဆဲဆိုပြီးတော့ ကိုယ့်ဘေးမှာရှိတဲ့ ပစ္စည်းနဲ့ကောက်ပေါက်တတ်တဲ့ အကျင့်လည်းရှိပါတယ်။ စားပွဲခုံ၊ နံရံတွေထိုးလိုက်လို့ ကိုယ့်လက်ကို နာကျင်အောင် လုပ်တတ်ကြပါတယ်။ အဲဒါကြောင့် စကားနိုင်လုပြီးရန်ဖြစ်တဲ့နေရာတွေမှာ မနေမိဖို့ သတိထားရပါမယ်။ ပြီးတော့ တခြားလူတွေရဲ့နှစ်သိမ့်ပေးတာကို ဂရုမစိုက်ပဲနဲ့ သူတို့ရဲ့ အယူအဆကို လေးစားတဲ့အကျင့်လည်း ရှိတတ်ကြပါတယ်။

Libra - တူ ရာသီဖွား ( စက်တင်ဘာ ၂၃ ရက် - အောက်တိုဘာလ ၂၂ ရက် )

ဆယ့်နှစ်ရာသီခွင်များထဲမှာမှ ချစ်စရာအကောင်းဆုံးသူများဆိုပြီးတော့ သတ်မှတ်ခြင်းခံရတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘေးနားမှာရှိတဲ့လူအနည်းစုကပဲ သူတို့ဒေါသထွက် စိတ်ဆိုးတာမျိုးကို မြင်ဖူးကြပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့အကျင့်လည်းရှိကြတယ်။ ဒါပေမယ့် ထွက်ခဲတဲ့ဒေါသမီးတောက်လာပြီ ဆိုရင်တော့ အခြားရာသီခွင်တွေထက် ပိုပြီးဆိုးဆိုးရွားရွားဖြစ်တတ်ပါတယ်။

Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )

တည်ငြိမ်တဲ့အကျင့်စရိုက်တော့ ရှိပေမယ့် တခါတလေ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာကျဆင်းသွားနိုင်ပါတယ်။ တချို့လူတွေက ဒေါသထွက်လွယ်တဲ့သူပဲလို့ သတ်မှတ်ကြပေမယ့် ကိုယ့်ကို ပျော်သွားအောင်လုပ်ပေးနိုင်တဲ့သူအနားမှာတော့ ဒေါသမထွက်ဖူးကြပါဘူး။ သူငယ်ချင်းဆိုရင်လည်း ရွေးချယ်ခင်တတ်ပြီး သူတို့အပေါ်မှာဆို အနစ်နာခံတတ်တဲ့ စိတ်ဓါတ်အပြည့်ရှိပါတယ်။ သူ့နှုတ်ကထွက်လိုက်တဲ့စကားလုံးတွေဟာ အေးစက်ပြီး အဆိပ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့စိတ်ဆိုးပြီး ဒေါသထွက်တဲ့အချိန်တွေကို ပြန်တွေးပြီးတော့ သည်းမခံတတ်တဲ့အားနည်းချက်တွေကြောင့် သူတို့ကိုသူတို့ ခွင့်မလွှတ်နိုင်ဖြစ်တတ်ကြပါတယ်။

Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )

ဒီရာသီခွင်မှာ မွေးတဲ့သူတွေကတော့ ခံစားချက်ကို အပြည့်အဝမထိန်းချုပ်နိုင်ပဲ ခံစားလွယ်တဲ့အကျင့်ရှိကြပါတယ်။ စိတ်ဆိုးလွယ်တဲ့အတွက် မထင်မှတ်ထားတဲ့ဒေါသကြောင့် ဘေးနားကလူတွေ အံ့သြသွားစေနိုင်ပါတယ်။ တခြားလူရဲ့ ချော့မေ့ပြီးပြောဆိုတာကို စောင့်ရင်းနဲ့ ဒေါသကို မြိုသိပ်ထားပြီး နှုတ်ဆိတ်နေတတ်ကြပါတယ်။ ရန်ဖြစ်တယ်ဆိုရင်တောင် အခြားသူကိုပဲ အပြစ်ပုံချပြောတတ်ကြပါတယ်။ ပြီးတော့ ဘယ်တော့မှ အရင်အလျော့မပေးတတ်ကြပါဘူး။

Capricorn - မကာရ ရာသီဖွား ( ဒီဇင်ဘာလ ၂၂ ရက် - ဇန်န၀ါရီလ ၁၉ ရက် )

လက်တွေ့ဆန်ပြီး နည်းစနစ်ကျကျနေတဲ့သူတွေမို့လို့ သူတို့ဟာ ခံစားလွယ်တဲ့သူတွေဖြစ်သလို အရှိကိုအရှိတိုင်း ခံစားချက်ရှိတဲ့သူတွေပဲဖြစ်ပါတယ်။ အပြင်ပိုင်းမှာ မာတဲ့ပုံပေါ်နေပေမယ့် သူတို့ခံစားလွယ်တဲ့အကျင့်ကို အခြားသူတွေမမြင်နိုင်အောင် ဖုံးကွယ်ထားတာပဲဖြစ်ပါတယ်။ တစ်ချို့ကိစ္စတွေကို စိတ်ဆိုးစိတ်တိုနေပေမယ့် စိတ်ကိုလွှတ်ပြီး ဒေါသကိုထိန်းထားတတ်ကြပါတယ်။ ဒါပေမယ့် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အခြားသူတွေ အလန့်တကြားဖြစ်အောင် လုပ်တတ်ပြီး လူတစ်ဦးတစ်ယောက်ကိုပဲ ဒေါသမထွက်ပဲ အနီးအနားမှာရှိတဲ့သူတွေအားလုံး မလုံမလဲဖြစ်တဲ့အထိ စွပ်စွဲပြောဆိုတတ်တဲ့အကျင့်ရှိပါတယ်။

Aquarius - ကုံရာသီဖွား ( ဇန်န၀ါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )

သူတို့တွေကတော့ စိတ်ခံစားချက်လွှတ်လိုက်တာမျိုးကို မနှစ်သက်ပဲ ကြင်နာတတ်ပြီး စိတ်ထားမြင့်မြတ်တဲ့သူတွေဖြစ်ပါတယ်။ ဒေါသထွက်ခဲပါတယ်။ လူမူဆက်ဆံရေးမှာ ကိုယ့်ခံယူချက်နဲ့ အကျင့်စရိုက်တွေ ကောင်းမွန်အောင် ကြိုးစားတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ နားလည်မှုလွဲတာမျိုးဖြစ်ရင်တော့ ဒေါသထွက်တတ်ကြပါတယ်။ စိတ်ဆိုးခဲ့တဲ့ဖြစ်ရပ်တွေကို လွယ်လွယ်မမေ့ပဲ အကြာကြီးစိတ်ထဲမှာ မျိုသိပ်ထားတတ်ကြပါတယ်။

Pisces - မိန်ရာသီဖွား ( ဖေဖော်ဝါရီလ ၁၉ ရက် - မတ်လ ၂၀ ရက်)

သူတို့တွေရဲ့ အကျင့်စရိတ် အံ့သြဖို့ကောင်းတဲ့အချက်ကတော့ စိတ်ဆိုးပြီးဆိုရင် ပိုပြီးဆွဲဆောင်မှုကောင်းကြပါတယ်။ ခံစားတာလွယ်တဲ့အလျောက် သူများကိုလည်း အန္တရာယ်မပြုတတ်ကြပါဘူး။ ဒါပေမယ့် သူများက ထိခိုက်ဖို့ရည်ရွယ်လာပြီဆိုရင်တော့ အားလုံးပြောင်းပြန်ဖြစ်အောင် လုပ်တတ်ကြပါတယ်။ သူတို့က ခက်ထန်တဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုတတ်ပြီး ဘေးနားမှာရှိတဲ့လူသို့မဟုတ် ပစ္စည်းအားလုံးကို တုန်ခါသွားအောင် လုပ်ချင်တဲ့စိတ်မျိုးရှိကြပါတယ်။ ဒေါသဖြစ်တယ်ဆိုရင် ရှင်းပြတဲ့အသံကို နားမထောင်ချင်ပဲ တစ်ယောက်တည်းနေချင်တဲ့စိတ်ရှိကြပါတယ်။ ခဏတာစိတ်ဆိုးမှုတွေကို ပြန်တွေးပြီး ခွင့်လွှတ်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေတတ်ကြပါတယ်။ အဲဒါကြောင့် ဘယ်သူနဲ့မှ အကြာကြီး စိတ်မဆိုးတတ်ကြပါဘူး။


Trend Myanmar

စမတ်ဖုန်းအားသွင်းချိန် ပိုလျော့နည်းစေမယ့် နည်းလမ်း (၅) ခု

စမတ်ဖုန်းအားသွင်းချိန် ပိုလျော့နည်းစေမယ့် နည်းလမ်း (၅) ခု



မိမိတို့  စမတ်ဖုန်းကို ဘယ်လောက်ထိ အသုံးပြုကြသလဲ စဉ်းစားရင် မနက်နိုးတဲ့အချိန်ကနေ ညအိပ်ပျော်ခါနီး စက္ကန့်ပိုင်းအထိ အသုံးပြုကြပါတယ်။ ဆိုတော့ ဖုန်းဘက်ထရီ မကြာခဏ လျော့တာ သိပ်မဆန်းပါဘူး။

ကိုယ့်ကိုယ်ကို တစ်ချိန်လုံး ဖုန်းအားပဲ သွင်းနေရတယ်လို့ ခံစားရပါက ဖုန်းဘက်ထရီအားအသုံးခံမှု ထိန်းသိမ်းရန် လုပ်ဆောင်နိုင်တဲ့ အချက်တွေရှိပါတယ်။ Computer Repair Doctor ပိုင်ရှင် Matt Ham မှ ဖုန်းအားသွင်းမှု လျော့နည်းစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်း (၅) ခု အကြံပြုထားပါတယ်။

၁။ Airplane mode ကောင်းစွာ အသုံးချပါ

ဖုန်းမသုံးတဲ့အချိန် airplane mode ဖွင့်ထားပါ။ အဲဒါက မိုဘိုင်းလ်ဖုန်း signal အဆက်မပြတ်ရှာဖွေခြင်းနဲ့ ဖုန်းဘက်ထရီလျော့နည်းကုန်ခန်းမှု ရပ်တန့်စေတယ်လို့ Ham က ဆိုပါတယ်။

၂။ ဖွင့်ထားတဲ့ apps တွေ ပြန်ပိတ်ပါ

အသုံးပြုပြီးတဲ့ app တွေနဲ့ အသုံးမပြုတော့တဲ့ app တွေအားလုံးပိတ်ပစ်လိုက်ခြင်းက apps တွေနေက နောက်ကွယ်က ဘက်ထရီအားအသုံးပြုမှု လျော့နည်းစေပါလိမ့်မယ်။

၃။ တစ်ပတ်တစ်ကြိမ် ဖုန်း restart လုပ်ပါ

ဒီလို တစ်ပတ်တစ်ကြိမ် ဖုန်း restart ပြုလုပ်ခြင်းက ယာယီဖိုင်နဲ့ နောက်ကွယ်က လုပ်ဆောင်ချက်တွေ ရှင်းလင်းပေးပါလိမ့်မယ်လို့ Ham က ဆိုပါတယ်။

၎။ Brightness လျော့ချပါ

ခရင်လင်းလေ၊ ဘက်ထရီကုန်မြန်လေပါပဲလို့ Ham က ပြောပါတယ်။

၅။ Low battery mode settings  အသုံးပြုပါ

စမတ်ဖုန်းတွေမှာ ဘက်ထရီထိခိုက်စေနိုင်တဲ့ အရာများစွာပါရှိပါတယ်။ Low battery mode က အဓိကလိုအပ်ချက်တွေကိုပဲ ကန့်သတ်ထိန်းချုပ်ပေးသွားမှာ ဖြစ်ပါတယ်။  

Ref: Shefinds



Trend Myanmar

ဘောလုံးအကယ်ဒမီကျောင်းများအတွက် ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်မည်

ဘောလုံးအကယ်ဒမီကျောင်းများအတွက် ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်မည်



မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ လာမည့် ဘောလုံးရာသီပညာသင်နှစ်တွင် ဖွင့်လှစ်သွားမည့် အမျိုးသားဘောလုံး အကယ်ဒမီများအတွက် ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်သွားမည်ဟု သိရသည်။

အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)နှင့် ပုသိမ် ဘောလုံးအကယ်ဒမီများအတွက် နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၅၂ မြို့နယ်မှ ပဏာမ ကစားသမား ၂၀၀ ဦး ရွေးချယ်သွားမည် ဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

ကစားသမားရွေးချယ်ခြင်း အစီအစဉ်အား AYA Bank Scouting Tour 2017 အမည်ဖြင့် ခရီးစဉ်များ ပြုလုပ်၍ ကွင်းဆင်း ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး မတ်လ ၁၄ ရက် စတင်မည်ဖြစ်ကာ စတင်ကာ ဧပြီလ ၁၀ ရက်နေ့အထိ ဖြစ်သည်။

မြို့ပေါင်း ၅၂ မြို့သို့ ရွေးချယ်ရေး အဖွဲ့ (၄) ဖွဲ့ ခွဲကာစေလွှတ် ရွေးချယ်မှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ပဏာမ ကစားသမား ၂၀၀ ဦးကို ဦးစွာရွေးချယ်ထားကာ နောက်ဆုံးအဆင့်တွင် အသက် ၁၁နှစ်အောက် (ယူ-၁၁) ၇၀ ဦးနှင့် အသက် ၁၂ အောက် (ယူ-၁၂) ၁၅ ဦး ၊ စုစုပေါင်း ၈၅ ဦးအား ရွေးချယ်သွားမည်ဖြစ်သည်။

ရွေးချယ်ခံရသည့် ကစားသမားများသည် အထက် မြန်မာပြည်ရှိ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)၊ အောက်မြန်မာပြည်ရှိ အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့် ပုသိမ် ဘောလုံး အကယ်ဒမီတို့တွင် ဘောလုံး ပညာနှင့် အတန်းပညာများ တက်ရောက်သင်ယူခွင့် ရရှိမည်ဖြစ်သည်။ ရွေးချယ်ခံမည့် ကစားသမားများ အနေဖြင့် မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်းတို့ကို မှန်ကန်စွာ တင်ပြရမည်ဖြစ်ပါသည်။

ရွေးချယ်ရန် အဖွဲ့(၁) သွားရောက်မည့် မြို့များမှာ မိုးညင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ကန့်တလူ၊ ကောလင်း၊ ရွှေဘို၊ မုံရွာ၊ ဟားခါး၊ မင်းတပ်၊ ပခုက္ကူ၊ ကလေး။ အဖွဲ့(၂) သွားရောက်မည့် မြို့များမှာ လားရှိုး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ တောင်ကြီး၊ ကလော၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ လွိုင်ကော်။ အဖွဲ့(၃) သွားရောက်မည့် မြို့များမှာ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ မင်းလှ၊ အောင်လံ၊ သရက်၊ ပြည်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲ။ အဖွဲ့(၄) သွားရောက်မည့် မြို့များမှာ ရန်ကုန်၊ ဘားအံ၊ မြ၀တီ၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ မြို့များဖြစ်သည်။

အထက်ပါ မြို့များမှ ပဏာမ ကစားသမား (၂၀၀)ဦးကို ရွေးချယ်ပြီးနောက် မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြန်မာ ဘောလုံး အကယ်ဒမီ (မန္တလေး)တို့တွင် နောက်ဆုံး အပြီးသတ် ရွေးချယ်မှုများပြုလုပ်သွားမည် ဖြစ်သည်။

အကယ်ဒမီကျောင်းများတွင် ဘောလုံးပညာနှင့် ကျောင်းပညာ သင်ယူလိုသည့် အသက် (၁၁)နှစ်နှင့် (၁၂)နှစ်အောက် မျိုးဆက်သစ် လူငယ် ကစားသမားများ ၊ မိဘများ အနေဖြင့် ဖော်ပြပါ မြို့နယ်များရှိ အားကစားနှင့် ကာယပညာ ရုံးများတွင် လည်းကောင်း၊ Hot Line - 09452030400 (ရုံးချိန် အတွင်းသာ)၊  media@mff-ma.com သို့လည်းကောင်း စုံစမ်း ဆက်သွယ်မေးမြန်း နိုင်သည်။



Mizzima - News in Burmese

ကျောက်မီးသွေးတင်ပို့မှု ပိတ်ထား၍ ဆက်ဆံရေးတင်းမာနေချိန် တရုတ်သို့ မြောက်ကိုရီးယားသံတမန် လာရောက်လည်ပတ်

ကျောက်မီးသွေးတင်ပို့မှု ပိတ်ထား၍ ဆက်ဆံရေးတင်းမာနေချိန်

တရုတ်သို့ မြောက်ကိုရီးယားသံတမန် လာရောက်လည်ပတ်



မြောက်ကိုရီးယားအကြီးတန်းသံတမန်တစ်ဦးဟာ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ တရုတ်နိုင်ငံကို ရောက်ရှိပါတယ်။

မြောက်ကိုရီးယားရဲ့နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကြောင့် တရုတ်နိုင်ငံက ကျောက်မီးသွေးဝယ်ယူတင်သွင်းတာကို ပိတ်ဆို့ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း အထီးကျန်မြောက်ကိုရီးယားနိုင်ငံက သံတမန်တစ်ဦး တရုတ်ကို ပထမဆုံးရောက်ရှိခြင်းလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ရီကီဆောင်က နှစ်နိုင်ငံအပြန်အလှန်အကျိုးအမြတ်ကိစ္စရပ်များအတွက် ဆွေးနွေဖို့ မတ် ၄ ရက်အထိ လာရောက်လည်ပတ်တာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကျန်ရှောင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ အခြားတာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံမှာဖြစ်ပြီး ပုံမှန်သံတမန်ဆက်ဆံရေးပဲဖြစ်တယ်လို့ ကျန်ရှောင်းက ဆိုပါတယ်။

တရုတ်နိုင်ငံဆီ ရီရဲ့ခုခရီးစဉ်ဟာ လများစွာအတွင်း မြောက်ကိုရီးယားအကြီးတန်းတာဝန်ရှိသူတစ်ဦး ပထမဆုံးလာရောက်ခြင်းပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် တရုတ်နဲ့နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်၊ နောက်ဆက်တွဲအနေနဲ့ မလေးရှားမှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံးအွန်ရဲ့ အစ်ကိုဖြစ်သူ လုပ်ကြံခံရချိန်မှာ ထွက်ပေါ်လာတဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်မှုကြောင့် ရေရှည်မဟာမိတ်နိုင်ငံ တရုတ်က ကျောက်မီးသွေးဝယ်ယူတင်သွင်းတာကို ပယ်ဖျက်ရပ်ဆိုင်းပစ်ခဲ့ပါတယ်။



Mizzima - News in Burmese

** မအိုချင်ရင်၊ ဆိုဒါပါတဲ့ အချိုရည်တွေ လျှော့သောက်ပါ **

** မအိုချင်ရင်၊ ဆိုဒါပါတဲ့ အချိုရည်တွေ လျှော့သောက်ပါ **



  American Journal of Public Health အစီရင်ခံစာတွင် ကယ်လီဖိုးနီးယားတက္ကသိုလ်ရှိ သုတေသီများရဲ့လေ့လာတွေ့ရှိချက်အရ နေ့စဉ် ဆိုဒါပါတဲ့အချိုရည် 240 ml (ရေတစ်ဖန်ခွက်စာ) ကို ပုံမှန်သောက်သုံးသွားပါက 3 နှစ်အကြာမှာ လက်ရှိအသက်ထက် 2 နှစ် ပိုအိုစာသွားပြီး 600 ml ကို နေ့စဉ်သောက်သုံးပါက 3 နှစ်အကြာမှာ လက်ရှိအသက်ထက်5 နှစ် ပိုအိုစာသွားမည်ဖြစ်ကြောင်း ရေး သားဖော်ပြထားပါတယ်။ ဒီရလဒ်တွေက အသက် 20 မှ 65 နှစ် ကြားကျန်းမာရေး ကောင်းသူ 5,300 ဦးကို 3 နှစ်ကြာ သုတေသနပြုလုပ်ပြီးမှ ရရှိလာခဲ့တာဖြစ်ပါတယ်။

          ဆိုဒါပါတဲ့ အချိုရည်တွေကို လွန်ကဲစွာသောက်သုံးသူတွေမှာ ဆဲလ်တွေကို ကာကွယ်ပြုပြင်ပေးတဲ့ Telomeres (DNA ၏ အစွန်းတစ်ဖက်) တွေ တိုလာပြီး အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်း ပေါ်လာခြင်းနဲ့ ဆဲလ်များကောင်းစွာ အလုပ်မလုပ်တော့တဲ့အတွက် အရေပြားမွဲခြောက် လာခြင်းတို့ကိုတွေ့ရှိရပါတယ်။ အချိုရည်မှာပါတဲ့ သကြားကိုယ်တိုင်ကလည်း ဦးနှောက်၊ နှလုံးနဲ့ ကိုယ်ခံစွမ်းအားစနစ်တွေကို ထိခိုက်စေတဲ့အပြင် ၀က်ခြံထွက်ခြင်း၊ ပွေးပေါက်ခြင်းတို့ကိုလည်းဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ကျွမ်းကျင်ပညာရှင်များအနေနဲ့အိုမင်းခြင်းမှကာကွယ်ဖို့ လက်ဆတ်တဲ့ အသီးအနှံများများ စားသုံးရန်၊ လေ့ကျင့်ခန်းပြုလုပ်ရန်၊ နေရောင်ကာခရင်မ်နေ့စဉ် လိမ်းရန်အကြံပြုထားပါတယ်။



CMS

DrMyanmar

** ၀က်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်း (၇)သွယ် **

** ၀က်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်း (၇)သွယ် **


မိမိမျက်နှာပေါ်မှာ ၀က်ခြံဒါမှမဟုတ်အဖုအပိမ့်တွေထွက်လာတဲ့အခါ ထိတ်လန့်တတ်ကြတာသဘာဝပါ။ ဒီလိုပြူထွက်လာတဲ့ ၀က်ခြံကိုလျင်မြန်စွာပျောက်ကင်းစေလိုတဲ့ ဆန္ဒရှိပေမယ့်လည်း ဘယ်လိုအလှကုန် ပစ္စည်းကို ရွေးချယ်အသုံးပြုရမလဲဆိုတာကို ဝေခွဲရခက်နေတတ်ပါတယ်။ ဒါကြောင့် မျက်နှာအသားအရေ ကို ဘေးဥပါဒ်မဖြစ်စေနိုင်ဘဲ ၀က်ခြံပျောက်ကင်းစေနိုင်တဲ့ သဘာဝနည်းလမ်း (၇)သွယ်ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

၁။       ပျားရည်နှင့် သံပုရာသီး

        သံပုရာသီးမှာပျားရည်သုတ်လိမ်းပြီး မျက်နှာပြင်အနှံ့လိမ်းကျံပေးပါက ၀က်ခြံဖုတွေကို ရှုံ့စေနိုင်ပြီး အရေ ပြားအစိုဓာတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။

၂။       ရေနွေးငွေ့

        အ၀တ်သန့်သန့်တစ်ခုကို ရေကြက်သီးနွေးထည့်ထားတဲ့ ဇလုံထဲနှစ်ပြီး ရေစင်အောင်ညှစ်ပါ။ ပြီးရင် ၀က်ခြံ ပေါက်နေတဲ့နေရာတွေကို ကပ်ကပ်ပေးပါ။ ဒါမှမဟုတ်ရင် ရေနွေးထည့်ထားတဲ့ ဇလုံအပေါ်ကနေ ၆ လက်မ လောက်ခွာပြီး မျက်နှာကို ရေနွေးငွေ့နဲ့ တိုက်ရိုက်ထိတွေ့စေကလည်း ၀က်ခြံတွေကို သက်သာစေပါတယ်။

၃။       ရေခဲ

        ရေခဲကပ်ပေးခြင်းဖြင့် ချွေးပေါက်တွေကိုကျဉ်းစေပြီး ဘက်တီးရီးယားပိုးကပ်တွယ်ခြင်းမှ ကာကွယ် တားဆီးပေးနိုင်ပါတယ်။ဒါ့အပြင်အရေပြားနီမြန်းခြင်း၊အရေပြားရောင်ရမ်းဖုထခြင်းတို့ကိုလည်း လျော့ချပေးနိုင်ပါတယ်။  

၎။       Clay Masks (ရွှံ့စေးသုံးမျက်နှာပေါင်းတင်ကပ်ခွာ)

        Clay masks ဟာ ၀က်ခြံတွေကို တိုက်ထုတ်ပေးနိုင်တဲ့အပြင် အရေပြားရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးအသားအရေကို ကြည်လင်စေပါတယ်။

၅။       ခရမ်းချဉ်သီး

        သဘာဝအားဖြင့် အက်ဆစ်ဓာတ်ပါဝင်တဲ့ ခရမ်းချဉ်သီးကို မျက်နှာအနှံ့လိမ်းကျံပေးခြင်းဖြင့် ၀က်ခြံဖုတွေ ကိုရှုံ့သွားစေနိုင်ပါတယ်။ ဒါ့အပြင်ခရမ်းချဉ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုဖယ်ရှားပေးနိုင်တဲ့ Anti-oxidants (အင်တီအောက်ဆီးဒင့်) တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

၆။       ဒိန်ချဉ် နှင့် သခွားသီး

        သခွားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အရေပြား ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် ရေဓာတ် 95% ပါဝင်တာကြောင့် အသားအရေကို ကြည်လင်ဝင်းပစေပါတယ်။ ဒိန်ချဉ်နဲ့ သခွားသီးကိုရောကာ အနှစ်ပြုလုပ်ပြီးပေါင်းတင်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိမှိုပိုးနဲ့ ဘက်တီးရီးယားပိုးတွေ ကိုသေစေနိုင်ပြီး ၀က်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ၊ တင်းတိပ်တွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။

၇။       ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ

        အသားအရေခြောက်သွေ့တာ၊ အဖုအပိန့်များထွက်ပေါ်လာတာဟာ သင်စားသုံးတဲ့အစားအစာတွေ အပေါ်မှာ လည်းများစွာမူတည်နေပါတယ်။ အဆီများလွန်းတဲ့အစားအစာ၊ အစပ်များလွန်းတဲ့ အစားအစာတွေနဲ့ ငပိရည်တို့ဟာ ၀က်ခြံထွက်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များပါဝင်အောင် စားသုံးပေးသင့်ပါတယ်။

CMS


DrMyanmar

တချို့မြန်မာတွေ ဘာလို့ရက်စက်လာကြတာလဲ

တချို့မြန်မာတွေ ဘာလို့ရက်စက်လာကြတာလဲ


တခါတခါစဉ်းစားမိတယ်၊ တချို့သော မြန်မာတွေ ရက်စက်လာနေပါလားပေါ့။ ပြန်ပြီးသေချာ စဉ်းစားကြည့်တော့ စာမတတ်လို့ ဖြစ်ကြတာဆိုတာ အရမ်းကို သေချာသွားတယ်။ စာမတတ်ဘူးဆိုလို့ ငါတို့ကမဟာဘွဲ့တောင် ရပြီးပြီ ဘာအပိုဆာဒါးတွေ ပြောနေရတာလဲလို့ မေးခံရစရာတော့ ရှိနိုင်တာပေါ့။

ဆိုလိုချင်တာက ဒီလိုပါ၊ အစိုးရလုပ်တဲ့သူကလည်း တိုင်းသူပြည်သားတွေရဲ့ဘဝမှာ နာကျင်စွာနဲ့ ဘဝကုန်ဆုံးရမယ့် အခြေအနေတွေကို လုပ်ဆောင်ခဲ့၊ ဖန်တီးခဲ့၊ ပြုမှုနေဆဲ ဖြစ်သလို။ လူချမ်းသာ၊ လူလတ်နဲ့ လူဆင်းရဲ အတန်းအစားအစုံကလည်း အစိုးရတောင်မှ အခုလို ပစ်စလက်ခတ် လုပ်သေးတာ၊ ငါတို့က ဘာကို ငဲ့ညှာရမှာလည်းဆိုပြီး တကိုယ်ရေကောင်းစားရေး၊ စိတ်ချမ်းသာရေး အာသာပြေရေးတွေပဲ လုပ်လာကြ တော့တာပဲ။ အဲဒီမှာ ဟီရိသြတ္တပ တရား အသီးသီး အသက အသက ကင်းမဲ့သွားကြပြီး ရက်စက်စွာ ပြုမှုနေထိုင် နေကြတော့တာပါပဲ။

အဓိက ပြောချင်တာကတော့ အခုဆိုရင် ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ယခင်ရှေးအတီတေက လူသိရှင်ကြား ဖြစ်ပွားလေ့မရှိခဲ့တဲ့ လူလူချင်းညှင်းပမ်းနှိပ်စက်မှုတွေ ပေါ်လာနေတဲ့ အကြောင်းတွေပါ၊ ဒီနေရာမှာ အဓိကပြောချင်တာကတော့ အိမ်အကူ အလုပ်သမလေးတွေ လူကြားမကောင်း သူကြားမကောင်း အနှိပ်စက် အညှင်းပမ်းခံ နေရခြင်းပါပဲ။

သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်းရလာပြီးတဲ့နောက်ပိုင်း ပဲခူးက မအေးအေးအောင်လေးကနေစလို့ ရန်ကုန်က သရုပ်ဆောင်အိမ်မှာ အလုပ်လုပ်တဲ့ မထက်ထက်လေးအဆုံး အခုလိုအနှိပ်စက် ညှင်းပမ်းခံရတာဟာ မြန်မာလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု ပျက်သုဉ်းခြင်းအစလို့ ပြောရတော့မလိုပါပဲ။

မအေးအေးအောင်လေး အလုပ်လုပ်တဲ့အိမ်က မြို့နယ်တရားသူကြီးအိမ်၊ အခုနောက်ဆုံး မထက်ထက် အလုပ်လုပ်တဲ့အိမ်ကကြတော့ ရုပ်ရှင်သရုပ်ဆောင်တဲ့၊ ဆိုလိုတာက ဘာပဲပြောပြော ဒီလိုမိသားစုဆိုတာ လူဝင်ဆန့်တဲ့ မိသားစုမျိုးတွေပါ။ အာဏာပိုင်တွေနဲ့တဖုံ၊ နာမည်ကျော်တွေနဲ့တမျိုး ပတ်သက်ဆက်နွယ်ရပြီး သာမာန်ပြည်သူတွေ သိနေကြတဲ့ လူတန်းစား မျိုးတွေပါ၊ ဒါပေမယ့် ဘာလို့အခုလိုမျိုး ညှင်းပမ်းနှိပ်စက်မှုတွေ ဖြစ်ပေါ်ခဲ့ရပါသလဲ။

ပြောရမယ်ဆိုရင် စစ်အစိုးရ အာဏာသိမ်းပြီးတဲ့နောက် စစ်ထောက်လှမ်းရေးတွေခေတ်မှာ လူတွေဟာ ကျီးလန့်စာစားရင်း သူများထမင်းလုပ် ပုတ်ချရဲတဲ့ စိတ်ဓါတ်တွေ စပေါ်လာခဲ့တယ်။ နောက်ပိုင်းတော့ မိမိအန္တရယ် ကင်းရှင်းရေးအတွက် သူများချက်နေတဲ့ ထမင်းအိုးလည်း ကန်ခွဲဖို့ ဝန်မလေး ဖြစ်လာကြတယ်။ ဘာလို့ဆို အာဏာပိုင်ဆိုသူတွေကိုယ်က အာဏာအသုံးချပြီး လယ်သိမ်း၊ မြေသိမ်း၊ လုပ်ပိုင်ခွင့်ယူ၊ အမြတ်ကြီးစား၊ လက်ဝါးကြီးအုပ် စတဲ့မတရားမှုတွေ ပြုလုပ်နေမှာတော့ အတန်းအစား အသီးသီးကလည်း မိမိတို့ ရပ်တည်ရေးအတွက် ဘယ်လိုကောင်းမြတ်သော တရားတို့ကိုမှ လက်ကိုင်မထားကြတော့ဘဲ ကိုယ်ကျိုး အတွက်သာ ရှေ့တန်းတင်ကြတော့တာပါပဲ။ သာဓကအနေနဲ့ ပြောပြရရင် မန္တလေးဘီယာ ပြဿနာကအစ၊ အခုလယ်သိမ်း ယာသိမ်းတွေအဆုံးပေါ့။

မတော်မတရားမှုတွေကို ဆန့်ကျင်ပြီး မကျုးလွန်မိအောင် ထိန်းသိမ်းတဲ့နေရာမှာ ဘာသာတရားနဲ့ အသိညာဏ် ပညာတွေကပဲ အဓိကပဲ့ကိုင်ရတာပါပဲ၊ ဒါ့အပြင် လူ့လောကမှာ တသက်လုံးအတွက် အရှက်ရနေစေမယ့် အခုလိုနာမည်ပျက်စာရင်း ဝင်သွားမှာကို ရှေးယခင် မြန်မာတွေက အထူးစိုးရိမ် ကြောက်လန့်ခဲ့ကြပါတယ်။ အခုတော့ ဒီအခြေအနေတွေ ပျက်သုဉ်းသွားခဲ့ပါပြီ။

ဆိုတော့ ဒီလိုဘာသာတရားအဆုံးအမနဲ့ ညာဏ်ပညာ ဖွံ့ဖြိုးဖို့ဆိုတာ မိမိတို့ငယ်စဉ်တောင်ကျေး ကလေးဘဝ အရွယ်ကတည်းက ကျောင်းမှာတလီ၊ အိမ်မှာတသွယ် ဆရာနဲ့ မိဘတွေက သင်ကြားပေးခဲ့ကြတာပါ။ အခုခတ်ကြတော့ ရှိနေတဲ့ ပညာရေးကိုက တတ်အောင်သင်ဖို့ မှတ်အောင်မြင်ဖို့ မဟုတ်တော့ပဲ အဆင့်တခု ရရှိဖို့သာ ဦးစားပေးနေရတော့ သင်သူကလည်း တာဝန်ကျေ၊ ဆည်းပူးသူကလည်း တာဝန်အရသဘောတွေ ဖြစ်လာပါတော့တယ်။ အဲဒီမှာတင် ပညာရဲ့အနှစ်သာရ သီအိုရီ၊ အခြေခံသဘောတရား ကျင့်ကြံသုံးစွဲရမယ့် နည်းနာနိဿရ၊ မှတ်သားစေနိုင်ရေးအတွက် လေ့ကျင့်ရမယ့်တာဝန် ဒါတွေအကုန်လုံး ရောထွေးစေကုန်ပြီး ဘယ်ဟာက ဘယ်အခန်းကဏ္ဍဆိုတာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြတော့ပါဘူး။

ဆိုတော့ အခုလိုကလေးသူငယ်အရွယ် အိမ်အကူလေးတွေကို မတရားညှင်းပမ်းနှိပ်စက်တယ်ဆိုတာ ပထမအဆင့်ဖြစ်တဲ့ ဘာသာတရားအခြေခံ လူလူချင်း ညှင်းပမ်းမှု မပြုဘဲ မေတ္တာထားနိုင်ရေးဆိုတဲ့ သဘောတရား မဲ့သွားလို့ပါပဲ၊ အမှန်ဆိုရင် ဒီကလေးတွေဟာ အသက်(၁၈)နှစ်တောင် မပြည့်နိုင်သေးတဲ့ ဆယ်ကျော်သက်လေးတွေ ဆိုတာကို စဉ်းစားမိပြီး သူတို့ဟာ ကျောင်းစာသင်ခန်းထဲမှာ ရှိနေရမယ့် အရွယ်လေးတွေပါလားလို့ ကိုယ်ချင်းစာတရား ထားရပါမယ်။ ဒီလိုတရားကိုလည်း ဘာသာအသီးသီးက လက်ကိုင်ထားကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီတော့ ဒီသီအိုရီအရ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ရေးဆိုတာကို နားမလည်တော့ဘဲ ကိုယ့်ကိုယ်ကို ဗဟိုပြုစဉ်းစားပြီးတော့ မိမိဒေါသ၊ မောဟအရ ကိုယ်ထိလက်ရောက် စော်ကားမိတော့တာပါပဲ။

နောက်တခုကတော့ ကျင့်ကြံသုံးစွဲရမယ့် နည်းနာနိဿရပါပဲ၊ ကိုယ့်မိသားစု နေ့တဓူဝ အစဉ်ပြေ ချောမွေ့စေရေးအတွက် အိမ်အကူတွေရဲ့ အခန်းကဏ္ဍဟာ လွန်စွာမှအရေးပါပါတယ်၊ သူတို့တွေရဲ့ ချက်ပြုတ်လျှော်ဖွပ် အိမ်ကိုထိန်းကျောင်းပေးတဲ့ အချိန်နဲ့လုပ်အားတွေကို ကိုယ်ကမပေးနိုင်လို့ သူတို့ရဲ့ အဲဒီအချိန်နဲ့ လုပ်အားကို ကိုယ်ကဌားရမ်း သုံးစွဲနေကြရတာပါ၊ ဒီအတွက် ကိုယ်ဝင်ငွေ သိန်း(၄၀-၅၀)ရဖို့အတွက် သူတို့ရဲ့လုပ်အားခကိုလည်း ထိုက်သင့်သလို ပေးကြရပါတယ်၊ ယနေ့ခတ်ကမ္ဘာတဝှမ်းမှာ ဒီလိုခံယူ ကျင့်သုံးနေကြပြီ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်း နည်းနာနိဿရတွေကို ကျင့်ကြံသုံးစွဲမှု မရှိတော့ အခုလို ကျော်မကောင်း ကြားမကောင်းတွေ ပေါ်လာရတော့တာပါပဲ။

တကယ်တော့ အခုဆိုရင် ကမ္ဘာပေါ်မှာ ခေတ်သစ်ကျေးကျွန်စနစ်လို့ခေါ်တဲ့ Modern Slavery ကို နိုင်ငံတကာ အဖွဲ့အစည်းတွေက တိုက်ဖျက်နေကြပါပြီ၊ တခုသတိထားမိလို့ ပြောပြပါဦးမယ် မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် MTV EXIT နဲ့ WALK FREE အဖွဲ့တို့ ပူးပေါင်းပြီး အဆိုကျော် ဂျေဆင်မရတ် ပါဝင်သီဆို ဖျော်ဖြေခဲ့တဲ့ မနှစ်တနှစ်က လှုံဆော်ရေး ဂီတဖျော်ဖြေပွဲ ကို မှတ်မိကြဦးမယ်ထင်ပါတယ်၊ ဒါဟာ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ခေတ်သစ်ကျေးကျွန်ဖြစ်နေရမှုတွေကနေ အကာအကွယ်ပေးဖို့ အတွက် ကမ္ဘာ့ ပြည်သူတွေကို တပ်လှန့်နှိုးဆော်ခဲ့တာပါပဲ၊ ဒီလိုကမ္ဘာတဝှမ်း ဆန့်ကျင်တိုက်ဖျက်နေရတဲ့ အချိန်မှာ မြန်မာပြည်က လူတွေက ဘာလို့များ ခေတ်နောက်ပြန်ဆွဲပြီး ကျေးကျွန်စနစ်လို ပြန်ကျင့်သုံးနေကြသလဲဆိုရင် သူတို့ဒီလို ခေတ်ရဲ့ရေစီးကြောင်း အသိပညာကို မမှီလို့ နားမလည်လို့ တတ်အောင် မသင်ယူလို့ပါပဲ။

နောက်တခုကတော့ ဘဝတလျှောက်လုံး မိမိအသိအာရုံမှာ စွဲထင်ကျန်ရစ်စေမယ့် အလေ့အကျင့်ပါပဲ၊ အိမ်အကူဆိုတာလည်း လူသား တွေဖြစ်သလို သူတို့မှာနားချိန်၊ လူလူချင်းပေါင်းသင်း ဆက်ဆံခွင့်၊ ပညာ ဆည်းပူးလေ့လာခွင့် ရှိကိုရှိရပါမယ်။ ထိုင်းနိုင်ငံဘန်ကောက်က ကျနော်တို့တည်ထောင်ထားခဲ့တဲ့ ကျောင်းလေးမှာဆို ထိုင်းစာ၊ ဘိုစာ၊ ကွန်ပျူတာ စသဖြင့် ဝါသနာပါရာ လေံလာဆည်းပူးရင်း မိမိမျှော်မှန်းချက်ပြည့်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အိမ်အကူလေးတွေ အများကြီးရှိပါတယ်။ သူတို့ဆိုရင် ပင်ပန်းပေမယ့် တချိန်ချိန်ကြလို့ သူတို့ရည်မှန်းချက် (ပညာ၊ ငွေကြေး) ပြည့်စုံတဲ့အခါ နဂိုမူရင်း အလုပ်ကို ကျောခိုင်းပြီး ဘဝသစ်ထူထောင်သွားကြသူတွေ ဒုနဲ့ဒေးပါ။ ဒီကလေးတွေဆီက သူတို့အနှိပ်စက် ခံနေရတယ် ကယ်ကြပါဦးဆိုတာ အလွန်ကိုကြားရခဲတဲ့ စကားပါပဲ၊ ဘာလို့ဆို ထိုင်းလူမှု အသိုင်းအဝိုင်းက လုပ်ရင် ခံရမယ်ဆိုတာ သိလာနေကြလို့ပါပဲ။ ဒါတောင် တခါတလေ အခုလိုမျိုးပြဿနာက ပေါ်ပေါ်လာတတ် ပါသေးတယ်။

နောက်တခုကလည်း ဒီအရွယ်လေးတွေဟာ ကလေးသူငယ်အဆင့်ပဲ ရှိပါသေးတယ် အရွယ်မရောက် ကြသေးပါဘူး အမှန်ပြောရရင်တောင် သူတို့ကို အလုပ်စေခိုင်းနေတာကိုက ပြစ်မှုကျုးလွန်ပြီးသား ဖြစ်နေပါတယ်။ ခိုင်းခဲ့ရင်တောင် ပေါ့ပါးတဲ့လုပ်ငန်း (Light Duty) မျိုးကိုသာ အချိန်အနည်းငယ် (တနေ့၃-၄နာရီ)သာ ခိုင်းစေလို့ရပါတယ်။ ဥပမာအားဖြင့် 7-11 လိုခေတ်သစ် စတိုးဆိုင်လိုမျိုးပါ (မြန်မာပြည်မှာတော့ မပေါ်သေးတော့ တချို့သဘောပေါက်ချင်မှ ပေါက်မှာပါ အသေးစားစတိုးလို့သာ မှတ်ယူစေလိုပါတယ်)၊ အခုတော့ ကြားနေခဲ့ရတာက မြန်မာပြည်တွင်းက မြန်မာပြည်သားတွေက မြန်မာကလေးတွေကို ပင်ပန်းဆင်းရဲတဲ့ အလုပ်မျိုးကို စေခိုင်းယုံသာမက ညအိပ်ရာဝင်ခါနီးတောင် အညောင်းပြေအညာပြေ နင်းနှိပ်ခိုင်းရက်တဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ အဆင့်အတန်း ရောက်နေခဲ့ကြပါပြီ။

ဒါဟာဦးစီးဦးဆောင်လုပ်ရမယ့် အစိုးရအဆက်ဆက်က ထိန်းသိမ်းပညာပေးမှု အားနည်းခဲ့ကြလို့ပါပဲ။ ဆိုလိုတာကတော့ လှုံ့ဆော် ပညာပေးရေး လုပ်ပေမယ့်လည်း အထက်မှာဆိုခဲ့တဲ့ သဘောအတိုင်း သီအိုရီ၊ နည်းနာနိဿရ၊ အလေ့အကျင့်တွေ စနစ်တကျမရှိခဲ့တော့ အားလုံးရောထွေးပြီး ကမ္ဘာတဝှမ်း ဘာဖြစ်နေတယ် ဆိုတာကို မသိကြတော့ပဲ ဒါငါတို့လုပ်ခွင့်ရှိတယ် ဒီကလေးရဲ့ အသက်ခန္ဓာကိုလည်း ငါတို့ဆုံးဖြတ် ပိုင်ခွင့်ရှိတယ်ဆိုတဲ့ စာမတတ် ပေမတတ် ညာဉ်ဆိုးတွေ ကျင့်သုံးလာမိတော့တာပါပဲ။ ဒါကြောင့်ပြောပါတယ်၊ စာတတ်တယ်ဆိုတာ အဲဒီလိုလူတွေ လက်ထဲမှာကိုင်ထားတဲ့ ဘွဲဒီဂရီတွေ ဂုဏ်သိမ်တွေ မဟုတ်ဘူးလို့ ဆိုလိုချင်တာပါပဲ။

အဆုံးမတော့ ဘာတွေဖြစ်ကြရလဲဆိုတော့ တက်သစ်စ သရုပ်ဆောင်ကလေးမ တယောက်ဆိုလည်း အပြစ်ဒဏ်ကြီးကြီးမားမား ပေးခံခဲ့ရ တယ်။ မအေးအေးအောင်လေးကို နှိပ်စက်ခဲ့တဲ့ တရားသူကြီးကတော် သတင်းကတော့ ပျောက်ကိုသွားကော ဘယ်လိုအရေးယူခဲ့မှန်း သိကို မသိကြရတော့ဘူး၊ ထွက်ပြေးနေတုန်းပဲလားတော့ မသိပါ။ အခုလည်း လာပြန်ပါပြီ သရုပ်ဆောင်စုံတွဲတဲ့၊ ဒီလို Celebrity တွေကတောင် နားမလည်ပါးမလည် အခုလိုမျိုး ကျုးလွန်နေကြရင် စာပေအထိုက်အလျှောင်တောင် သင်ကြားခွင့် မရှိခဲ့တဲ့ သာမာန်အရပ်သား( သူ့ဘာသာ ပိုက်ဆံရှိကောင်း ရှိနိုင်မယ်) တွေကို ကျနော်တို့ပိုမိုပညာပေးဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ်၊ ဒါကတော့ အစိုးရကိုယ်တိုင်ကိုက ဦးစီးပြီး၊ အရပ်ကဝိုင်းဝန်းကူညီ ထိန်းကျောင်းမှုနဲ့အတူ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပညာပေးမှုနဲ့ မြန်မာ့လူ့ဘောင်ကို ယဉ်ကျေး သိမ်မွေ့အောင် ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

တိတိကျကျ ပြောချင်တာတခုတော့ ရှိပါတယ်၊ အိမ်အကူလုပ်ငန်းဆိုတာ သူတို့ရဲ့ အချိန်နဲ့ လုပ်အားကို ခင်ဗျားတို့က ထိုက်သင့်တဲ့ လုပ်အားခပေးပြီး ဌားရမ်းခိုင်းစေတာသာဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်း၊ လွပ်လပ်ခွင့်နဲ့ နားနေပိုင်ခွင့်ကို ခင်ဗျားတို့ ထိပါးလို့မရသလို၊ သူတို့်ခန္ဓာကိုယ် ကိုလည်း ညှင်းပမ်းနှိပ်စက်ခွင့် မရှိပါဘူး၊ ပြုမှုခဲ့ရင်တော့ ဒါဟာလူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုသာ ဖြစ်ပါတယ်။

သက်ခိုင်

Search Myanmar