Latest News

Tuesday, February 28, 2017

မန္တလေးသင်္ကြန် ကျုံးပတ်လည်တွင် မဏ္ဍာပ် ၁၄ ခုသာရှိမည်ဖြစ်ပြီး ၂၆ လမ်းအား ယာဉ်ဝင်ခွင့်ပိတ်မည်ဖြစ်

မန္တလေးသင်္ကြန် ကျုံးပတ်လည်တွင် မဏ္ဍာပ် ၁၄ ခုသာရှိမည်ဖြစ်ပြီး ၂၆ လမ်းအား ယာဉ်ဝင်ခွင့်ပိတ်မည်ဖြစ်

၂၀၁၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလတွင် ကျုံးပတ်လည်တွင် မဏ္ဍာပ် ၁၄ ခုသာ ထားရှိမည် ဖြစ်ပြီး မဏ္ဍာပ်များအား လေလံစနစ်ဖြင့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“လောလောဆယ် ကျုံးပတ်လည်မှာ မဏ္ဍာပ်ပေါင်း ၁၄ ခုပဲ ရှိမယ်လို့ လျာထားတယ်။ ကျုံးတောင်ဖက်မှာ အရင်ကရှိခဲ့တဲ့ မြို့တော်ဝန်မဏ္ဍာပ်ရယ်၊ လပခ နန်းမြို့သူမဏ္ဍာပ်ရယ် နှစ်ခုပဲရှိမယ်။ ကျုံး အရှေ့ဖက်၊ အနောက်ဖက်၊ မြောက်ဖက်မှာ မဏ္ဍာပ် ၄ ခုဆီပဲ လျာထားတယ်။ မဏ္ဍာပ်တွေကိုတော့ လေလံပုံစံနဲ့သွားမယ်”ဟု စည်ပင်ကော်မတီဝင်ဦးကျော်ဇောအောင်ကပြောသည်။

မဏ္ဍာပ်အရေအတွက် နည်းပါးသွားသော်လည်း ကျုံးပတ်ပတ်လည်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ရေကစားနိုင်အောင် ဖော်ဆောင်သွားမည်ဖြစ်ကာ မနော်ရမ္မံကွင်းအနီးတွင် လူငယ်များပျော်ပါးနိုင်မည့် သင်္ကြန်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်သည်။

“၂၆ ဘီလမ်းကို ယာဉ်ဝင်ခွင့်ပိတ်လိုက်ပြီးတော့ အေးအေးဆေးဆေး လမ်းလျှောက်ပြီးတော့ ရေကစားလို့ရမယ့် သင်္ကြန်လုပ်မယ်။ မန္တလေးမြို့တော်သင်္ကြန်မဏ္ဍာပ်မှာလည်း အရင်ကလို စတိတ်ရှိုးအဆိုတော်တွေမပါတော့ပဲ မြန်မာမှုတွေလုပ်မယ်။ စိန်ဒူးဝါးဦးဆောင်တဲ့ မြန်မာ့ဆိုင်းပညာရှင်တွေနဲ့အတူ လူရွှင်တော်တွေလည်း ပါမယ်။ မြန်မာဆန်တဲ့သီချင်းမျိုးတွေဖျော်ဖြေတာမျိုးပါမယ်။ စည်ပင်တီးဝိုင်းအဖွဲ့လည်း ပါမှာ။ အဲဒီလိုလေး စီစဉ်ထားတယ်။ ကျုံးရဲ့ အရှေ့၊ အနောက်၊ မြောက်ဖက်တွေကို ရေကစားမဏ္ဍာပ်ခွင့်ပြုမယ်။ ဒါပေမယ့် အရင်လို အနားယူခန်းတွေ ပါတာမျိုးကိုတော့ စိစစ်တင်းကြပ်သွားမယ်။ လူငယ်တွေအတွက် ပျော်ပါးနိုင်ဖို့အတွက် မနော်ရမ္မံကွင်းဖက်မှာ စီစဉ်ပေးထားမယ်။ မြို့ထဲမှာ သင့်တော်တဲ့နေရာတွေမှာလည်း လူငယ်တွေ ရေကစားလို့အောင် စီစဉ်ပေးမှာပါ” ဟု စည်ပင်ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။

၂၀၁၇ ခုနှစ် သင်္ကြန်အား ယခင်ကဲ့သို့သော ရိုးရာသင်္ကြန်မျိုးကို ဖော်ဆောင်သွားမည်ဖြစ်ကာ ရေမဖြုန်းသည့်သင်္ကြန်မျိုးကို ဖြစ်လာမည်ဟုဆိုသည်။ ထိုသို့ ဖြစ်လာရန်အတွက် မြို့တော်သူ မြို့တော်သားတွေ ပါဝင်ရန် တိုက်တွန်းနိုးဆော်လျက်ရှိပြီး မြို့ထဲတွင် ယခင်ကာလများကရှိခဲ့သော သင်္ကြန်မဏ္ဍာပ်များအား ပြန်လည်ဖော်ဆောင်ကြစေလိုကြောင်း သိရသည်။

ချစ်ကို
Cr

No comments:

Post a Comment