Latest News

Friday, February 9, 2018

ခြေလေးချောင်းတော်လှန်ရေး (၁၅) သခင်ဘသောင်း



ယခင်အပတ်မှ အဆက်
တိရစ္ဆာန်များနှင့် လူသားများဆက် ဆံခြင်းကို တိရစ္ဆာန်တို့က မနှစ်မြို့ကြ သော်လည်း ခြေနှစ်ချောင်းဖြစ်သော ဦးသာရာမှာ ခြေလေးချောင်းဖြစ်သော ဗန္ဓုလထံ၌ အမိန့်များလာ၍ ခံယူနေရ သည်ကို မြင်ရသဖြင့် တိရစ္ဆာန်များမှာ စိတ်ကြီးဝင်ကာသည်လို ဆက်ဆံရပုံမျိုး ဆိုလျှင် ကျေနပ်ထိုက်ပါသည်ဟုလည်း အောက်မေ့ကြသည်။ လူသားများက တိရစ္ဆာန်တို့အပေါ်တွင် ဆက်ဆံပုံမှာ အ ခြေအနေပြောင်း၍ လာသော်လည်း လူ သားတို့က ခြေလေးချောင်းကွင်းအပေါ်၌ အမုန်းလျော့ပါးသွားသည် မဟုတ်။

ခြေလေးချောင်းကွင်းသည် ဘယ်လိုပင် သာယာဖွံ့ဖြိုးနေသည်ဖြစ်စေ လူသားတို့ က အမုန်းမလျော့။ စင်စစ်အားဖြင့် သာယာ ဖွံ့ဖြိုးရှိခြင်းအတွက် ပို၍ပင် မုန်းလာကြသေးသည်။ လူသားတိုင်း လူသားတိုင်း စိတ်၌ မိမိတို့သည် ဘုရားတရားကို ယုံကြည်ကြသကဲ့သို့ တနေ့ကျလျှင် ခြေလေးချောင်းကွင်းသည် ဧကန်ပျက်ရမည်ဟု ယုံကြည်ကြသည်။ ဓါတ်မီးစက်လည်း ဘယ်နည်းနှင့်မျှ ဖြစ်လိမ့်မည်မဟုတ်။ လူသားများသည် တယောက်နှင့်တယောက်လမ်းမှာ တွေ့တွေ့ ဈေးမှာတွေ့တွေ့ ဓါတ်မီး စက်ဟာ ဘယ်နည်းနှင့်မဆို ပျက်ရ မှာဘဲဟု တွက်ကာ ချက်ကာ ပြော ကြသည်။ သို့ဖြစ်လင့်ကစား တိရစ္ဆာန် တို့လုပ်ပုံကိုင်ပုံ သေချာစေ့စပ်ခြင်းကို မြင်ကြရသောအခါ တိရစ္ဆာန်များကို မ လေးစားချင်ဘဲနှင့် လေးစား၍ လာကြရ သည်။

ဤနည်းဖြင့် ခြေလေးချောင်းကွင်း ကို ခြေလေးချောင်းကွင်းဟု မခေါ်ချင်ကြ သဖြင့် ဦးသာခေါင်ကွင်းဟု ဆက်၍ ခေါ်နေကြရာမှ အမည်မှန်အတိုင်း ခြေ လေးချောင်းကွင်းဟု ခေါ်စပြု၍ လာကြ သည်။ ထိုအခိုက် ဦးသာခေါင်မှာ သူ့ ကွင်းကို သူပြန်၍ရဖို့ မြှော်လင့်ချက်မရှိ တော့သဖြင့် တရပ်တကျေးသို့ ပြောင်းရွှေ့ ကာနေသည်။ လူသားတို့ကလည်း ဦးသာခေါင်ဖက်က ကူညီဝိုင်းဝန်းခြင်း မရှိကြတော့။ ခြေလေးချောင်းကွင်းမှာ ထိုအချိန်အထိ လူသားဆို၍ ဦးသာရာ တဦးတည်းနှင့်သာ ဆက်ဆံခြင်း ရှိ သည်။ သို့ရာတွင် ဗန္ဓုလသည် ဦးပေါက် ကျော် ဦးအောင်ပန်းတို့နှင့် ဆက်ဆံဖို့ လုပ်နေသည်ဟုလည်း သတင်းပြေးလျက် ရှိသည်။ အကယ်၍ ဦးပေါက်ကျော် ဦးအောင်ပန်းတို့နှင့် ဆက်ဆံခဲ့ပါလျှင် ဗန္ဓုလသည် နှစ်ယောက် စလုံးနှင့် တ ပြိုင်တည်း ဆက်ဆံလိမ့်မည် မဟုတ်ဘဲ တစ်ယောက်ချင်းတယောက် ချင်းခွဲ၍ ဆက်ဆံလိမ့်မည်ဟုလည်း သိရသည်။

ထိုအခိုက်တွင် ဝက်များသည် ရုတ် တရက် ဦးသာခေါင်၏ အိမ်ပေါ်သို့ ပြောင်း၍ နေကြသည်။ ထိုအခါ တိရစ္ဆာန် များက “ဟ ဘယ့်နှယ်လဲဟ တိရစ္ဆာန် များဟာ လူလိုအိမ်နဲ့ မနေရဘူးဆိုပြီး အခုတော့ တမျိုးဖြစ်ကုန်ပါပလား”ဟု မေးငေါ့ကြသည်။ သို့ရာတွင် သံကြောင် က အဖြေကောင်းသဖြင့် သူ့အဖြေနှင့်ပင် တိရစ္ဆာန်များမှာ ကျေနပ်ကြရသည်။”သည်မှာ ရဲဘော်တို့ရဲ့ ရဲဘော်တို့က ဒို့ဝက်တွေဟာ အခုအိမ်နဲ့ နေတယ်လို့ ထင်နေကြတယ် မဟုတ်လား။ တာ မဟုတ်ပါဘူး။

ဒို့ဝက်တွေဟာ ဦးနှောက် နဲ့ရင်းပြီး အလုပ်လုပ်ရတယ်ဆိုတာ ရဲဘော်တို့ သိတယ်မဟုတ်လား၊ ဦးနှောက် နဲ့ အလုပ်လုပ်ရတဲ့သူမှန်ယင်နေဖို့ တိတ်တိတ် ဆိတ်ဆိတ် နေရာရှိရမယ်။ ပြီးတော့ ခေါင်းဆောင်ကြီးအဖို့က ဆိုယင်လဲ သူ့ ဂုဏ်နဲ့လိုက်အောင် အိမ်နဲ့ ဘဲနေမယ် မဟုတ်လား။ ဝက်ခြံနဲ့နေလို့ ဘယ်တော်မလဲ”ဟု သံကြောင်က ပြော သည်။ ခေါင်းဆောင်ကြီးဆိုသည်မှာ ဗန္ဓုလကို ပြောခြင်းဖြစ်၍ သံကြောင် သည် ဗန္ဓုလကို ရဲဘော်ဗန္ဓုလဟု မခ်ါတော့ဘဲ ခေါင်းဆောင်ဟု သိဒ္ဓိ တင်စပြုပြီ ဝက်များမှာ ဦးသာခေါင် အိမ်ပေါ်သို့ ရွှေ့နေကြပြီး နောက် ထမင်းစားခန်း၌ အစာစားကြရုံဧည့်ခန်း ၌ စည်းစိမ်ခံကြရုံမက အိပ်ရာများနှင့် အိပ်၍ နေကြသည်ကို သိသောအခါ အချို့တိရစ္ဆာန်များက မကျေနပ်ကြ။ ဂျိုကားကမူ “ဗန္ဓုလသည် အမြဲမှန်သည် “ဟူသောအချက်နှင့်ပင် ဖြေသည်။ သို့ရာတွင် ခွါဖြူက တိရစ္ဆာန်များအိပ်ရာ နှင့် မအိပ်ရဟူသော ဆုံးဖြတ်ချက်ချဘူး သည်ဟု မှတ်မိသလိုလိုရှိသဖြင့် ကျီထရံ ၌ ရေးထားသော တရားခုနစ်ပါးကို တ လုံးချင်း စာလုံးပေါင်း၍ ဖတ်ကြည့်သည်။

ခွါဖြူသည် ဘယ်လိုပင် ကြိုးစား၍ ဖတ် သော်လည်း အဓိပ္ပါယ်မပေါက်သဖြင့် “ငါ့ကို ဖတ်ပြောစမ်းပါဟယ်”ဟု မုတ် ဆိတ်ကို အကူအညီတောင်းသည်။ မုတ် ဆိတ်လည်း စာမသွားသဖြင့် ခဲခဲယဉ်း ယဉ်းနှင့်ပင် ဖတ်ရသည်။ “ခွါဖြူရေ နား ထောင်နော် ငါဖတ်ပြမယ်”ဟု ပြောပြီး လျှင် မုတ်ဆိတ်က ဖတ်ပြသည်။ ထိုအခါ စာလုံးလေးလုံး တိုးနေသည်ကို တွေ့ရ သည်။ ယခင်က” ဘယ်တိရစ္ဆာန်မျှ အိပ်ရာနှင့် မအိပ်ရ”ဆိုသော နေရာ တွင် “ဘယ်တိရစ္ဆာန်မျှ အခင်းပါသော အိပ်ရာနှင့် မအိပ်ရဟု ရေးထားသည်။ ယခင်က “အခင်းပါသော” ဆိုသော စကားပါသည်ကို ခွါဖြူသတိမရ။ သို့ရာ တွင် ကျီထရံ၌ အစက ထိုကဲ့သို့ ရေးမထားဘဲနှင့် ထိုစကားရောက်၍ နေမည် မဟုတ်နိုင်ဟု ခွါ ဖြူဖြေရသည်။ ထိုအခိုက်တွင် သံကြောင်သည် နောက်က ခွေးနှစ်ကောင် သုံးကောင်နှင့် ခွါဖြူ တို့အနီး ဖြတ်လာသည်။ သံကြောင်က ခွါဖြူတို့ ကျေနပ်လောက်အောင် ရှင်းပြ သည်။

“အခု တချို့ပြောနေကြတယ်မ ဟုတ်လား ရဲဘော်တို့ရဲ့ ငါတို့ဝက်တွေ ဟာ ဦးသာခေါင် အိမ်ပေါ်မှာ အိပ်ရာနဲ့ အိပ်နေကြတယ်လို့။ အိပ်ရာနဲ့ မအိပ်ရ အောင် ငါတို့က ဘာမို့လို့လဲ ဆိုတာကို လဲ ပြောကြပါအုံး။ အိပ်ရာနဲ့ မအိပ်ရဘူး လို့လဲ ငါတို့တခါမှ ဆုံးဖြတ်ချက် မချခဲ့ ကြပါဘူး။ အိပ်ရာဆိုတာ ကိုယ်အိပ်တဲ့ နေရာဟာ အိပ်ရာချည်းပေါ့။ တကယ် တန်းပြောကြစို့ဆိုတော့ ဝက်ခြံထဲမှာ ကောက်ရိုးခင်းထားတာလဲ အိပ်ရာပေါ့။ ဒို့အယင်တုန်းက ဆုံးဖြတ်ချက်ချထားတာ က အခင်းပါသော အိပ်ရာနဲ့ မအိပ်ရဘူး ဆိုပြီး အခင်းကိုသာ ဆိုတာပါ။ အခင်းဆို တာ လူသားတွေက ထွင်ထားတာ ဒီတော့ ဒို့အခု အိပ်နေကြတဲ့ အိပ်ရာတွေမှာ သွား ကြည့်ပါလား အခင်းတခုမှ မရှိပါဘူး။ ဖယ်ထားပြီးပါပြီ။ အေးစောင်တော့ ခြုံမိ ပါတယ်။ အိပ်ရာတွေကတော့ အိပ်လို့ဇိမ် ဘဲ။ သို့သော်လဲ ဒီဇိမ်ဟာက ဒို့လို ဦး နှောက်အလုပ်သမားတွေနဲ့ ထိုက်တန်ရုံ လောက်ဇိမ်ပါ။ ဇိမ်ပို ဇိမ်လျှံ မဟုတ်ပါ ဘူး။

ဒို့ကောင်းကောင်း အိပ်ရတာ ရဲ ဘော်တို့က ဝန်တိုကြမည် မထင်ပါဘူး။ ဒို့ကောင်းကောင်း မအိပ်ရလို့ အလုပ်မ လုပ်နိုင်ကြဘူးဆိုယင် ဘာဖြစ်ကုန်မယ် ဆိုတာလဲ ရဲဘော်တို့စဉ်းစားကြပါ။ တ ကယ်လို့ ဦးသာခေါင် ပြန်လာယင် ရဲ ဘော်တို့ ဝမ်းသာနိုင်ကြပါမလား”ဟု သံ ကြောင်က မြွက်သည်။

ထိုအခါ တိရစ္ဆာန်တို့က သူတို့တော့ ဦးသာခေါင် ပြန်လာမှာကို ဘယ်နည်းနှင့် မျှ သဘောမကျနိုင်ကြောင်း။ ထို့ကြောင့် ဦးသာခေါင် အိမ်ထဲ၌ ဝက်များ အိပ်ရာ များနှင့် အိပ်ကြသည်ကို ကျေနပ်ကြ ကြောင်းဖြင့် ပြောကြသည်။ ထိုနောက် လေးငါးခြောက်ရက်အကြာတွင် ဝက် များက နောင်အဖို့တွင် သူတို့ဝက်များ သည် အခြားတိရစ္ဆာန်များထက် တနာရီ နောက်ကျ၍ အိပ်ရာကထကြမည်ဟု ကျေ ညာပြန်သောအခါ ကန့်ကွက်မည့်သူ မရှိ။

ထို့နောက် တိရစ္ဆာန်များမှာ အလုပ် ပင်ပန်းကြသော်လည်း စိတ်ညစ်ခြင်းမရှိ ကြ။ တနှစ်လုံး အလုပ်အားကြရသည်မရှိ။ စပါးရောင်းပြီးနောက်လည်း အစာမပေါ။သို့ရာတွင် ဓါတ်မီးစက် တည်ရခြင်းမှာ အလုပ်ပင်ပန်းခြင်း အစာမပေါခြင်းတို့ ထက် မြတ်သည်။ ဓါတ်မီးစက်မှာ တဝက်လောက်ပြီး၍နေပြီ။ လယ်များ ယာများ သိမ်းပြီး နောက်မိုးလေ၀သ ကင်းစင်သဖြင့် ဓါတ်မီးစက်အလုပ်ကို နေ့မအားညမ အားဝိုင်း၍ လုပ်ကြသည်။ ဂျိုကားမှာ သူ့စေတနာအလျောက် ညလသာသာ၌ တနာရီနှစ်နာရီ စသည်ဖြင့် အလုပ်ထွက်၍ လုပ်သေး သည်။ အလုပ်အားလပ်သော အချိန်များ ၌ တိရစ္ဆာန်တို့သည် ဓါတ်မီး စက်ကို ဟိုဖက်ကကြည့်သည်ဖက်က ကြည့်လှည့် ၍ ကြည့်ပြီးလျှင် ဘယ်ဖက်မှ ယိမ်းယိုင်ခြင်း မရှိသော ခေါင်းတိုင်ကြီး နှင့် ခံ့ညားသော အဆောက်အဦးကြီးကို ကြည့်၍ ထိုကဲ့သို့ ကြီးကျယ်သော အ လုပ်ကြီးကို သူတို့ဟာ သူတို့လုပ်နိုင်ခြင်း အတွက်အံ့၍ မဆုံးနိုင်ရှိကြသည်။ မဟော်တကောင်မှာ သူများနှင့် မတူဘဲ ဓါတ်မီးစက်အတွက် ထူး၍ ဝမ်းသာခြင်း အားရခြင်း မရှိ။ မေးလျှင်လည်းလားများ ဟာ အသက်ရှည်သည်ဟုသာ အဓိပ္ပါယ် မရှင်းသော စကားဖြင့် ဖြေသည်။

မိုးဦးကျသောအခါ လေပြင်းစွာ တိုက်သည်။ မိုးလည်း ကောင်းသဖြင့် အင်္ဂတေများ စပ်၍ မဖြစ်။ တညတွင် လေကြီးမိုးကြီး ကျပြီးလျှင် အဆောက်အဦ တွေ အကုန်သွက်သွက်ခါအောင် တုန် သွားပြီးလျှင် အမိုးများလည်း ပျက်ကုန် သည်။ ကြက်မအားလုံးလည်း အိပ်မက် ထဲ၌ သေနတ်သံလိုဒိန်းခနဲ တပြိုက်နက် ကြားပြီး လန့်နိုးကြသည်။ မနက်လင်း သောအခါ အလံတိုင်ကျိုးကျ၍ သဖန်း ပင်ကြီး တပင်လည်း အမြစ်မှ ထောင်၍ လဲနေသည်ကို တွေ့ရသည်။ ထို့နောက် ဓါတ်မီးစက်လည်း ပြိုကျပျက်စီးနေသည် ကို တွေ့ရသဖြင့် တိရစ္ဆာန်အားလုံး ရင်ထု မနာဖြစ်ကြသည်။

တိရစ္ဆာန်အားလုံးသည် ဓါတ်မီးစက် ရှိရာသို့ တပြိုင်တည်းပြေး၍ ကြည့်ကြ သည်။ ခါတိုင်း ဘယ်အခါမျှ ပြေးလေ့ သွားလေ့မရှိသောဗန္ဓုလမှာ အားလုံး သော တိရစ္ဆာန်များ၏ ရှေ့ဆုံးမှာ ပြေး၍ သွားသည်။ သူတို့ ပင်ပင်ပန်းပန်း ကျောက်တုံးကြီးတွေခွဲ ကျောက်တုံးကြေ တွေကိုသယ်၍ အရက်ရက်အလလ ချွေး နှင့်ရင်း နှီးထားသော ဓါတ်မီးစက်ကြီးမှာ ပြိုကျသွားပြီ။ တိရစ္ဆာန်များသည် ပထ မတွင် ဘာမျှမပြောနိုင်ကြဘဲ ကစဥ့်ကရဲ လွင့်စင်နေသော ကျောက်တုံး ကျောက်ခဲ များကိုသာတွေ၍ ကြည့်နေကြသည်။ ဗန္ဓုလသည် စကားမပြောဘဲ ဟိုမှသည်မှ လျှောက်၍ ကြည့်ပြီးလျှင် တခါတခါ မြေကြီးပေါ်တွင် အနံ့ခံ၍ ကြည့်သည်။ ဗန္ဓုလ၏ အမြီးသည် မာတောင့်လာပြီး လျှင် ဟိုဖက်သည်ဖက် သွက်လက်စွာ ခတ်သည်။ ဤကား ဗန္ဓုလသည် ပြင်းစွာ အကြံထုတ်နေခြင်း၏ လက္ခဏာ တည်း။ ထိုနောက် ဖြုန်းကနဲ ငြိမ်သွား သည်။ သူ့စိတ်တွင် တခုခုဆုံးဖြတ်ပြီး ပုံရသည်။

ထို့နောက် ဗန္ဓုလက “ရဲဘော်တို့ ဒီအကြံဟာ ဘယ်သူ့အကြံလဲ သိကြရဲ့ လား။ ညက ဒို့ဓါတ်မီးစက်လာဖျက် သွားတဲ့ အကောင်ဟာ သူများ မဟုတ်ဘူး” ဘော်ဖြူပေါ့”ဟု ပြောပြီး နောက် တဖန် သံကုန်ဟစ်၍ ” ဘော်ဖြူ ဖျက်တာ ။ ဘော်ဖြူဖျက်တာ။ ဒီ အကောင်ဟာ သူ့ကို ဒို့က အရှက်တကွဲ နှင်ထုတ်လိုက်တဲ့အတွက် ဒို့တနှစ် လောက် ကြိုးပမ်းထားရတဲ့ အလုပ် ကြီးကို မပျက်ပျက်အောင်ဆိုပြီး သက် သက်ယုတ်မာတဲ့ စိတ်နဲ့လာဖျက်တာ။ ရဲဘော်တို့ ဒီအကောင်ကို တွေ့ရာ မှာ သတ်ရမယ်။ ဒီအကောင်ကို သေအောင် မသတ်ရလျှင် ငါ့နာမယ်ကို တခါထဲ ပြောင်းပစ်လိုက်မယ်။ ဒီအကောင်ကို အသေရအောင် ဖမ်းနိုင်လျှင် ဘယ်သူ့ ကိုမဆို တိရစ္ဆာန်ဇာနည် ဒုတိယတန်းဘွဲ့ နဲ့ အရှင်မိအောင် ဖမ်းနိုင်သူကို စပါးတတင်းဆုချမယ်”ဟု ပြောသည်။

ဘော်ဖြူလို တိရစ္ဆာန်များကတောင် ဒီလိုယုတ်ယုတ်မာမာ လုပ်တတ်ပါလား ဟု အောက်မေ့ကာ တိရစ္ဆာန်များမှာ စုတ် တသပ်သပ် ဖြစ်၍နေကြသည်။ တိရစ္ဆာန် များသည် ဒေါသဖြစ်ပြီးလျှင် ဘော်ဖြူကို ဘယ်လိုမိအောင်ဖမ်းရ မလဲဟု ကိုယ်စီကိုယ်ငှ အကြံထုတ် ကြသည်။ ထို့နောက် ကုန်းဘေးမြက် စပ်တွင် ဝက်ခြေရာများကို ရုတ်တရက် သွား၍ တွေ့သည်။ ဆက်၍ ခြေရာခံ ကြည့်ကြရာ အနားရှိ စည်းရိုး ပေါက်ဝ တွင် ခြေရာ ဆုံးလျက်ရှိသည်။ ဗန္ဓုလက ခြေရာများကို အနံ့ခံကြည့်ပြီးလျှင် “တာဟာ ဘော်ဖြူရဲ့ ခြေရာအစစ်ဘဲ”ဟု ပြောသည်။ ဗန္ဓုလက အထင်အား ဖြင့် ဘော်ဖြူသည် ဦးပေါက်ကျော်ကွင်း ဖက်မှ လာသည်။ ခြေရာကို အနံ့ခံပြီး နောက် ဗန္ဓုလက”ရဲဘော်တို့ ဓါတ်မီး စက်ကို ငါတို့အခုပင် ပြန်၍တည်မယ်။ ဒီတခါဆိုယင် နွေရော မိုးရော ဆောင်း ရော မနားဘဲနဲ့တည်ကြမယ်။ ဒို့အလုပ် ကို လာဖျက်ယင် ဘယ်လိုဒုက္ခနဲ့ တွေ့ တတ်တယ်ဆိုတာ ဘော်ဖြူကို သိအောင် ပြကြရမယ်။ ဒို့မူလအစီအစဉ်ကို ဘာမျှမပြောင်းဘူး မူလသတ်မှတ် ထားတဲ့ နေ့ကို မပြီးပြီးအောင် ပြန် တည်ကြမယ်။ ဓါတ် မီးစက်အရှည်မြဲ ပါစေ ခြေလေးချောင်းကွင်းအရှည် တည်မြဲစေသော”ဟု ဗန္ဓုလ နိဂုံးချုပ်သည်။

ဆက်လက်ဖော်ပြပါမည်။

  • ခြေလေးချောင်းတော်လှန်ရေး (၁)
  • ခြေလေးချောင်းတော်လှန်ရေး (၂)
  • ခြေလေးချောင်းတော်လှန်ရေး (၃)
  • ခြေလေးချောင်းတော်လှန်ရေး (၄)
  • ခြေလေးချောင်းတော်လှန်ရေး (၅)
  • ခြေလေးချောင်းတော်လှန်ရေး (၆)
  • ခြေလေးချောင်းတော်လှန်ရေး (၇)
  • ခြေလေးချောင်းတော်လှန်ရေး (၈)
  • ခြေလေးချောင်းတော်လှန်ရေး (၉)
  • ခြေလေးချောင်းတော်လှန်ရေး (၁၀)
  • ခြေလေးချောင်းတော်လှန်ရေး (၁၁)
  • ခြေလေးချောင်းတော်လှန်ရေး (၁၂)
  • ခြေလေးချောင်းတော်လှန်ရေး (၁၃)
  • ခြေလေးချောင်းတော်လှန်ရေး (၁၄)
  • No comments:

    Post a Comment