Latest News

Friday, June 1, 2018

ကန်စီဂါဝါသည် ဂျူဒိုကို ကျွမ်းကျင်သည်ထက် ပိုမိုကောင်းမွန်စွာ ကစားနိုင်ကြောင်း အောင်လအန်ဆန် သုံးသပ်ပြီး စိတ်လှုပ်ရှား နေကြောင်း ဖွင့်ဟ

ကန်စီဂါဝါသည် ဂျူဒိုကို ကျွမ်းကျင်သည်ထက် ပိုမိုကောင်းမွန်စွာ ကစားနိုင်ကြောင်း အောင်လအန်ဆန် သုံးသပ်ပြီး စိတ်လှုပ်ရှား နေကြောင်း ဖွင့်ဟ

ရန်ကုန် မေ ၃၁

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ၎င်း၏ ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဂျပန် နိုင်ငံသား ကန်စီဂါဝါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ဘက်မှာ ဂျူဒိုကို ကျွမ်းကျင်သည်ထက် ပိုမိုကောင်းမွန်စွာ ကစားနိုင်ကြောင်း သုံးသပ်ခဲ့ပြီး ၎င်းနှင့်ယှဉ်ပြိုင်ရန် စိတ်လှုပ်ရှားနေကြောင်း အောင်လအန်ဆန်ကပြောသည်။

''ဂျပန်ကစားသမားတွေ က ခံနိုင်ရည် အားကောင်းကြတယ်။ သူကဂျူဒိုမှာလည်း ခါးပတ်နက်ရထားတယ်။ သူ့ရဲ့နည်းစနစ်တွေက အရမ်းကောင်းပါတယ်။ သူက ဂျူဒိုကို ကျွမ်းကျင်တာထက် ပိုက စားနိုင်တယ်လို့ သိ ထားတယ်။ ကျွန်တော့် ကစားသမား ဘဝတစ်လျှောက် ဂျပန်လူမျိုးပြိုင်ဘက်နဲ့ တစ်ကြိမ်မှ မတွေ့ဆုံဖူးဘူး။ ကျွန်တော် ဥရောပ၊ ဘရာဇီး၊ ရုရှားနဲ့ တခြား အာရှတိုက်တွင်းက ဖိုက်တာတွေနဲ့ ယှဉ်ပြိုင်ဖူးပေမယ့် ဂျပန်က စားသမားနဲ့ ယှဉ်ပြိုင်ရမှာကတော့ ပထမအကြိမ်လည်း ဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေမိပါတယ်'' ဟု အောင်လအန်ဆန်က ပြောသည်။

အောင်လအန်ဆန်သည် အဆိုပါ ချန်ပီယံကာကွယ်ပွဲကို မူလက ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သော်လည်း လီအန်ဒရိုမှာ ဒဏ်ရာပြဿနာ ရှိနေေ သာကြောင့် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

လီအန်ဒရို အနေဖြင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ထပ်မံစိန်ခေါ်ခွင့်ရှိနေပြီး ယခုယှဉ်ပြိုင်မည့် အောင်လအန်ဆန်နှင့် ကန်စီဂါဝါတို့ပွဲ စဉ်မှ အနိုင်ရသူကို ထပ်မံစိန်ခေါ်ခွင့်ရမည်ဖြစ်သည်။ ယခုယှဉ်ပြိုင်မည့် အောင်လအန်ဆန်နှင့် ကန်စီဂါဝါတို့၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန် ကုန်မြို့ သုဝဏ္ဏအားကစားကွင်း ရှိ မိုးလုံလေလုံအားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment