ယခင်အပတ်မှ အဆက်
ဝက်တို့သည် ဦးသာခေါင်၏ တိုလီ မိုလီထားသော အခန်းကို သူတို့အဖို့ ဌာနချုပ် အလုပ်ခွင်အဖြစ် အသုံးပြုကြ သည်။ ဌာနချုပ် အလုပ်ခွင်တွင် ပန်းဘဲ အတတ် လက်သမားအတတ်နှင့် အခြား တောင်သူလယ်သမားတို့ တတ်အပ်သော အတတ်များကို လေ့လာကြသည်။ ဘော် ဖြူသည် အခြားတိရစ္ဆာန်များကိုလည်း တိရစ္ဆာန်ကော်မတီအမျိုးမျိုး ဖွဲ့စည်း ပေးသည်။ စည်းရုံးရေးလုပ်ငန်းငန်းကို လုပ်ရာတွင် ဘော်ဖြူသည် မောရပန်း ရမှန်း မသိ။ ဘော်ဖြူ၏ ဝိရိယကြောင့် ဖြစ်ပေါ်လာသော တိရစ္ဆာန်ကော်မတီ အဖွဲ့များမှာ ကြက်မများအတွက် ကြက်ဥထွက်ရေး ကော်မတီ။ နွားမများ အတွက် အမြီးသန့်ရှင်းပေးရေး ကော်မ တီ။ ရဲဘော်ရိုင်းများ ပညာအသစ်ပေးရေး ကော်မတီတို့ ဖြစ်သည်။ ရဲဘော်ရိုင်းများ ပညာအသစ်ပေးရေး ကော်မတီအဖွဲ့မှာ ကြွက်နှင့် ယုန်တို့အား ယဉ်အောင်လုပ်ဖို့ ကော်မတီ ဖြစ်သည်။
ထိုမှတပါး သိုးများအတွက် သိုးမွေး ဖြူဖြူထွက်ရေး ကော်မတီအဖွဲ့နှင့်တကွ အခြားကော်မတီ အဖွဲ့များအပြင် စာ ရေး စာဖတ်သင်တန်းများကိုလည်း ဖွင့် ပေးသေးသည်။ တိရစ္ဆာန်ရိုင်းများကို ယဉ်အောင်လုပ်သည့် လုပ်ငန်းမှာ အထ မမြောက်။ တိရစ္ဆာန်ရိုင်းများကို ယဉ် အောင်လုပ်သည့် လုပ်ငန်းမှာ အထမ မြောက်။ တိရစ္ဆာန်ရိုင်းတို့သည် အရိုင်း ဇာတိကို မစွန့်ကြ။ သူတို့အပေါ်တွင် စိတ်ထားသဘောထား ကြီးကြီးနှင့် ပြုမူ လျှင်လည်း သူတို့က ကန်းတက်သည်။ ကြောင်မကြီး မိတိုးသည် ပညာအသစ် ပေးရေး ကော်မတီအဖွဲ့တွင် ဝင်ပြီးလျှင် တော်တော် ထထကြွကြွ အလုပ်လုပ် သည်။ တနေ့တွင် မိတိုးသည် ခေါင်မိုး ပေါ်သို့တက်၍ သူလက်လှမ်း မမှီသော နေရာတွင် ရှိသည့် စာကလေးများအား တိရစ္ဆာန်တို့မှာ အကုန်လုံး ရဲဘော်ချည်း ဖြစ်ကြသည်။ ထိုကြောင့် သူ့လက်ပေါ် တွင် လာနားလိုသော စာကလးများ ဘယ်သူမဆို လာနားနိုင်သည်ဟု ပြော ပြီးလျှင် သူ့လက်တဖက်ကို တန်း၍ပေး သည်။ သို့ရာတွင် စာကလေးတို့သည် မိတိုး အနားသို့ တကောင်မျှ ကပ်မလာကြ။
စာရေးစာဖတ် သင်တန်းများမှာ များစွာ ထမြောက်အောင်မြင်သည်။ နှစ် လ သုံးလ ကြာသောအခါ တကွင်းလုံးရှိ တိရစ္ဆာန်များမှာ အနည်းနှင့် အများဆို သလို စာရေးစာဖတ် တတ်ကုန်ကြသည်။
ဝက်များမှာ စာရေးရော စာဖတ် ရောတတ်နှင့်နေကြပြီး ဖြစ်သည်။ ခွေးများလည်း အထိုက် အလျောက် စာဖတ် တတ်ကြသည်။ သို့ရာတွင် အခြေခံတရားကြီးခုနှစ်ပါးမှတပါး အခြား ဘာကိုမျှ မဖတ်ချင်ကြ။ မုတ် ဆိတ်သည် ခွေးများထက် စာဖတ်တတ် ၍ တခါတရံ အမှိုက်ပုံထဲမှ သတင်းစာ အစုတ်များကို ကောက်၍ အခြား တိရစ္ဆာန် များအား ဖတ်ပြသည်။ မဟော်သည် ဝက်များလောက်ပင် စာဖတ်တတ်သော် လည်း ဘယ်တော့မှ စာဖတ်လေ့မရှိ။ သူသိသလောက် ပြောရမည်ဆိုလျှင် ဖတ်ချင်စရာ ကောင်းတဲ့စာရယ်လို့ တခုမျှမရှိပါဘူးဟု မဟော်က ပြောသည်။ ခွါဖြူသည် ကကြီး ခကွေး အကုန်ရသော် လည်း စာလုံးပါင်း၍ မဖတ်တတ်။
ဂျိုကားကတော့ ဂငယ်ထိအောင် ပင် သင်လို့မရ။ ဂျိုကားသည် ကကြီးခ ကွေး ဂငယ် ဃကြီး အက္ခရာလေးလုံးကို မြေကြီးပေါ်၌ ခွါနှင့် ရေးပြီး ကြိုးစားနိုင် သမျှကြိုးစားကာ ထိုစာလုံးလေးလုံးကို နားရက်ပေး၍ ကြည့်ပြီးလျှင် ခေါင်း ခါပြီးနောက် ဃကြီးနောက်ဘာလာ သည်ကို သူ စဉ်းစား၍မရ။ တခါတရံ င စလုံး ဆလိန် ဇကွဲထိအာင် ရပြီးနောက် ခ က ဂ ဃတို့ကို မေ့သွားပြန်သည်။ နောက်ဆုံးတွင် ဂျိုကားသည် ပထမ ဗျည်းလေးလုံးကိုလည်း မေ့သွားမည်စိုး သဖြင့် တနေ့တခါ နှစ်ခါ အရေးကျင့်လေ့ ရှိသည်။ မယ်သီမှာ သူ့နာမည်က လွဲ၍ ဘာမျှ မရေးတတ်။ မဖတ်တတ် ။ စာ လည်း မသင်ချင်ဘူးဟု ပြောသည်။ မယ်သီသည် သစ်ကိုင်းခြောက်များဖြင့် မြေကြီးပေါ်မှာ သူ့နာမည် ပုံလုပ်ပြီး လျှင် ပန်းများ သစ်ခက်များထိုးကာ ပတ်ချာလှည့်၍ ဟိုဖက်မှ ကြည့်လိုက် သည်ဖက်မှကြည့်လိုက် ကြည့်တတ်သည်။
အခြားသော တိရစ္ဆာန်များမှာ က ကြီးအပြင် ပို၍မတတ်ကြ။ သိုးများ ကြက်မများ ဘဲမများမှာ အခြေခံတရား ကြီး ခုနှစ်ပါးကိုတောင် နှုတ်တက် မဆောင်နိုင်ကြ။ အင်မတန် ဥာဏ်ဖျင်း ကြသည်။ ဘော်ဖြူသည် တိရစ္ဆာန်ဝါဒ အခြေခံတရားကြီး ခုနှစ်ပါးကို လေးနက် စွာ အနုလုံ ပဋိလုံသုံးသပ်ပြီးနောက် ထိုတရားကြီး ခုနှစ်ပါးကို ဆောင်ပုဒ် တခုတည်းနှင့် အဓိပ္ပါယ်ပြည့်စုံအောင် ဖေါ်ပြနိုင်သည်ဟု ပြောပြီးလျှင် “ခြေလေး ချောင်း ကောင်းတယ်။ ခြေနှစ်ချောင်း မကောင်းဘူး”ဟူသော ဆောင်ပုဒ်ကို ထွင်လိုက်သည်။ ထိုဆောင်ပုဒ်သည် တိရစ္ဆာန်ဝါဒ၏ အဆီအနှစ် ဖြစ်သည် ဟုလည်း ဘော်ဖြူက မိန့်သည်။ ထို ဆောင်ပုဒ်ကို သဘောပေါက် သူတို့မှာ လူသားတို့ ဖျက်ဆီးခြင်းဘေးမှ ကင်းဝေး နိုင်သည်။ ခြေနှစ်ချောင်း မကောင်းဘူး ဆိုသဖြင့် ထိုဆောင်ပုဒ်ကို ငှက်များက ဝိုင်း၍ အပြင်းအထန်ကန့် ကွက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ငှက်များမှာ ခြေနှစ်ချောင်းသာ ရှိသောကြောင့် ဖြစ် သည်။ ထိုအခါ ဘော်ဖြူက ခြေနှစ် ချောင်းဆိုသော အဓိပ္ပါယ်ကို ငှက် များ ယူသကဲ့သို့ မယူသင့်ကြောင်းနှင့် အကျယ်တဝင့် ရှင်းပြသည်။
“သည်မှာ ငှက်ရဲဘော်တို့ရဲ့။ ငှက် များရဲ့ အတောင်ဟာ ရွေ့လျားဖို့အတွက် အသုံးပြုတဲ့ အင်္ဂါပါ။ လူသားတို့ရဲ့ လက် လို ကိုင်ဖို့ တွယ်ဖို့အတွက် အသုံးပြုတဲ့ အင်္ဂါမဟုတ်ပါဘူး၊ ဒါကြောင့်ငှက်များရဲ့ အတောင်ဟာလဲ ခြေထောက်တမျိုးပါဘဲ။ လက်ဆိုတာကတော့ လူသားတို့ရဲ့ ထူး ခြားတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒင်းတို့ လူသားများ မကောင်းတာလုပ်သမျှဟာ ဒီလက်နဲ့ချည်းပေါ့”ဟု ဘော်ဖြူက ပြော သောအခါ ငှက်များက ကြေနပ်သွားကြ သည်။ ထို့နောက် တိရစ္ဆာန် အငယ် စားတို့သည် “ခြေလေးချောင်း ကောင်း တယ်။ ခြေနှစ်ချောင်း မကောင်း ဘူး”ဆိုသော ဆောင်ပုဒ်ကို အလွတ်ရ အောင် ကျက်ကြသည်။ ဘော်ဖြူ၏ ဆောင်ပုဒ်မှာ အရေးကြီးသဖြင့် ကျီထရံ၌ အခြေခံ တရားကြီး ခုနှစ်ပါးအထက်က ပို၍ ကြီး သော စာလုံးကြီးများနှင့် ရေးသားထား ပါသည်။
“ခြေလေးချောင်း ကောင်းတယ်။ ခြေနှစ်ချောင်း မကောင်းဘူး”ဆိုသော ဆောင်ပုဒ်ကို သိုးတို့သည် အင်မတန် သဘောကျကြသဖြင့် ရောက်လေရာ အရပ်တွင် နေကုန်နေခန်း”ခြေလေး ချောင်း ကောင်းတယ်။ ခြေနှစ်ချောင်းမ ကောင်းဘူး”ဟု မမောနိုင်မပန်းနိုင် သံ ပြိုင် အော်ကြသည်။
ဗန္ဓုလသည် ဘော်ဖြူ၏ ကော်မတီ အစည်းအဝေးများကို ဂရုမစိုက်။ အသက် ကြီးသူများကို သင်ကြားပေးဖို့ ထက် ငယ်ရွယ်သူများကို သင်ကြားပေးဖို့က ပို၍ အရေးကြီးသည်ဟု ဗန္ဓုလက ပြော သည်။ စပါးသိမ်းပြီးနောက် မကြာခင် တွင် ဝါမနှင့် ဂုတ်ကျား ခွေးမကြီးနှစ် ကောင်က နှစ်ကောင်ပေါင်း ခွေးကလေး ကိုးကောင်မွေးသည်။ ခွေးကလေး ကိုး ကောင် နို့ခွဲသည်နှင့် တပြိုက်နက် ဗန္ဓုလ က ထိုခွေးကလေးများကို သူပညာသင် ပေးမည် ပြောပြီးလျှင် ဝက်တို့၏ ဌာန ချုပ် အလုပ်ခွင်မျက်နှာကျက်ပေါ်တွင် တင်၍ မွေးထားသည်။ ထိုအခါမှ စ၍ ခွေးကလေးများကို အောက်သို့ပြန်၍ မ ချ။ ဌာနချုပ်အလုပ်ခွင်ထဲမှ လှေကား ထောင်တက်ပြီး မကြည့်လျှင် ခွေးက လေးများကို မမြင်နိုင်။ ဗန္ဓုလသည် ခွေးကလေးကိုးကောင်ကို အဝှက်ကောင်း သဖြင့် ခွေးကလေးများ အကြောင်းကို ဘယ်တိရစ္ဆာန်ကမှ သတိမရကြတော့။
နို့များ ပျောက်သွားသည့်အကြောင်း လည်း နောက်မှ ပေါ်သည်။ ဝက်တို့ သည် နို့များကို သူတို့အစာနှင့် ရော၍ စားပစ်ကြသည်။ မိုးဦးကျ သရက်သီးများ ပေါ်သောအခါ သရက်ပင်ပေါ်မှ သရက် သီးမှည့်တို့သည် အောက်သို့တဖုတ်ဖုတ် နှင့် ကြွေကျသောအခါ တိရစ္ဆာန်များ စိတ်က ထိုသရက်သီးမှည့်များကို အား လုံးတိရစ္ဆာန်များအား ညီတူမျှတူ ဝေပေး လိမ့်မည်ဟု ထင်ကြသည်။ တနေ့တွင် လေတိုက်၍ ကြွေကျသမျှ သရက်သီး မှည့်များကို မည်သည့် တိရစ္ဆာန်မျှ မစား ဘဲ ဌာနချုပ် အလုပ်ခွင်သို့ ဝက်များ စားရန်အတွက်လာ၍ ပို့ကြရမည်ဟု အမိန့်ထုတ်သည်။
ထိုအခါ အချို့သော တိရစ္ဆာန်တို့က ကဲ့ရဲ့ကြသည်။ ကဲ့ရဲ့သော်လည်း အချည်း နှီးသာတည်း။ သရက်သီးမှည့်များကို ဝက်များသာ စားထိုက်သည်ဆိုသော အချက်ကို အားလုံးသော ဝက်တို့က သဘောတူကြသည်။ အခါတိုင်း အချင်း ချင်း သဘောကွဲနေကြ ဖြစ်သော ဗန္ဓုလ နှင့် ဘော်ဖြူတို့တောင်ပင် ထိုကိစ္စ၌ သဘောထပ်တူကျကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြော ဆိုရန် အခြား တိရစ္ဆာန်များဆီသို့ သံကြောင်ကို လွှတ်သည်။ သံကြောင်က “ရဲဘော်တို့ သရက်သီးမှည့်များကို ဝက်များသာ စားရမည်ဟု အမိန်က ထုတ်ခြင်းဟာ ငါတို့ဝက်များက ကိုယ် ကျိုး ရှာလိုသော သဘောအထူးအခွင့် အရေး ခံစားလိုသော သဘောနှင့် ထုတ်ခြင်း မဟုတ်ဘူးဆို တာကို အထူးပြောဖို့လိုမည် မထင်ပါ။ ဝက်တွေထဲမှာ နို့တို့သရက်သီးတို့ မကြိုက် တဲ့ ဝက် တွေ အများကြီးရှိတယ်။ ဥပမာ ငါကိုယ် တိုင်ဆိုလျှင် နို့ကိုလည်း မကြိုက် ပါ။ သရက်သီးကိုလည်း မကြိုက်ပါ။ သို့သော် (လောကဓါတ် ပညာအရ )နို့နှင့် သရက်သီးဟာ ဝက်များ၏ ကျန်းမာရေး အတွက် အလွန့်အလွန် အရေးကြီးတဲ့ အရာများ ဖြစ်သည်ကို ရဲဘော်တို့ သတိ မမေ့အပ်ပါ။
ငါတို့ ဝက်များဟာ ရဲဘော်တို့ သိ ကြတဲ့အတိုင်းဘဲ ဦးနှောက်နှင့် အလုပ် လုပ်ရတဲ့သူတွေပါ။ ဒီကွင်းကြီး တခုလုံးကို စီမံအုပ်ချုပ်ဖို့ စည်းရုံးခန့်ခွဲဖို့ကိစ္စ ကြီးဟာလဲ ငါတို့ ဝက်များချည်း တဦးတည်း တာဝန်ခံပြီး လုပ်နေရတဲ့ ကိစ္စကြီးဆိုတာကိုလဲ ရဲဘော်တို့ကို အထူးပြောဖို့ မလိုပါဘူး။ ငါတို့ဝက်များဟာ အသင်ရဲ ဘော်တို့ရဲ့ အကျိုးကို နေ့ရော ညပါ စောင့်ရှောက်လျှက်ရှိပါတယ်။ ဒါကြောင့် နို့နှင့်သရက်သီးကို ငါတို့ဝက်များ အကျိုးအတွက် မဟုတ်ပါဘူး။ အသင်ရဲဘော် အားလုံးရဲ့ အကျိုးအတွက်ပါ။ ငါတို့ဝက်များက အလုပ်ဝတ္တရားကို တာဝန်ကျေပြွန်စွာ မထမ်းဆောင်နိုင်ကြဘူးဆိုလျှင် ဒီတိရိစ္ဆာန်ကွင်းကြီးဟာ ဘယ်လိုဖြစ်သွားမယ်ဆိုတာကို ရဲဘော်တို့ စဉ်းစားမိကြပါရဲ့လား။ ငါတို့ဝက်များ အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူးဆိုသည့် တနေ့တွင် ဦးသာခေါင်ပြန်ရောက်လာတာကို ကြည့်ချင်တဲ့ သူများရှိပါသလား။ တဦးမှ မရှိဘူးလို့ ယုံကြည်ပါတယ်”ဟု ပြောပြီးလျှင် ကိုယ်ကို ဟိုဖက်အိ ဒီဖက်အိ အိ၍ အမြီးကိုထောင်ကာ ဟိုနှံ့ သည်နှံ့ နှံ့၍ပြသည်။
တိရစ္ဆာန်များအနက် အခြားအချက်များတွင် မည်ကဲ့သို့ပင် သဘောကွဲလွဲခြင်းရှိစေကာမူ ဦးသာ ခေါင်ပြန်လာမည်ကို ကြောက်ကြသည့်အချက်တွင် တသဘောတည်း ဖြစ်သည်။ နို့နှင့် သရက်သီးကို ဝက်များချည်း စားပစ်ခံရခြင်းထက် ဦးသာခေါင်ပြန်လာခြင်းက ဆိုးမည်ဖြစ်သဖြင့် တိရစ္ဆာန်တို့မှာ ဘာမျှ မပြောနိုင်တော့။ သို့ဖြစ်ရာ ဝက်များကို ကျန်းမာခြင်းနှင့် ပြည့်စုံအောင်ထားဖို့ကိစ္စထက် မည်သည့်ကိစ္စမျှ ပို၍ အရေးကြီးနိုင်ကြောင်းမှာ အင်မတိ အင်မတန် ထင်ရှားလှသဖြင့် နို့ရော လေတိုက်၍ ကြွေသောသရက်သီးရော (တက်ခူး၍ရသော သရက်သီးရော) အကုန်လုံး ဝက်များချည်းသာ စားဖို့ ထားရန်အတွက် နောက်ထပ် အငြင်းမပွါးဘဲ အားလုံးသဘောတူလိုက်ကြရလေသည်။
ဆက်လက်ဖော်ပြပါမည်
No comments:
Post a Comment