Latest News

Thursday, July 14, 2016

ကရင်အမျိုးသားအာဇာနည်ခေါင်းဆောင်းကြီး မန်းဘခိုင်


 သမီးများကပြောပြသည့် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်အကြောင်း

ရန်ကုန် ဇူလိုင် ၁၃
ဒဒစည်းလုံးမှုရှိရင် ပင်လယ်ထဲကရေကို ခပ်ထုတ်နိုင်တယ်လို့ ပါပါ အမြဲပြောလေ့ရှိတဲ့ စကားကို အခုထိမှတ်မိနေသေးတယ်။ ဘယ်တော့မှလည်း မေ့သွားမှာမဟုတ်ဘူးဒဒဟု အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၏ သမီးဖြစ်သူ အသက်(၇၇)နှစ်အရွယ်ရှိပြီ ဖြစ်သည့် အလယ်တန်းပြကျောင်းဆရာမ(ငြိမ်း) နန့်ခင်ဌေးရီခိုင်က ပြောသည်။
သမီးဖြစ်သူ နန့်ခင်ဌေးရီခိုင်သည် သားသမီးမြေးများနှင့်အတူ အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်နေထိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် ၁၅ မိုင်အကွာရှိ ယုန်သလင်းရွာတွင် လက်ရှိနေထိုင်လျက်ရှိသည်။
ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က ယုန်သလင်းရွာ အဝင်ရွာထိပ်တွင် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ပုံတူအမှတ်တရရုပ်တုကို သမီးမြေးများက ထုလုပ်ပြီး တည်ထားခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် သခင်ဘဝတွင် ဇလွန်မြို့၌ နယ်ချဲ့တော်လှန်ရေး တရားဟောကြားမှုဖြင့် အင်္ဂလိပ်အစိုးရက ဆုငွေငါးကျပ်$ဖြင့် ဖမ်းဝရမ်းထုတ်ထားချိန် တွင် ယုန်သလင်းရွာရှိ မန်းဘခိုင်၏နေအိမ်၌ ခေတ္တပုန်းအောင်းနေခဲ့ကြောင်း ထိုအချိန် က အသက်ခုနစ်နှစ်အရွယ်သာရှိသေးသည့် နန့်ခင်ဌေးရီခိုင်က ပြောပြသည်။
ဆက်လက်၍ မန်းဘခိုင်၏သမီး နန့်ခင်ဌေးရီခိုင်က ဒဒပါပါသူငယ်ချင်း ရာဇဝတ် ဝန်ထောက်ဇနီး မေရီလှတောက ဘခိုင်ရေ သခင်အောင်ဆန်းကို နင်တာဝန်ယူပြီး ရန်ကုန်ကို ပြန်ပို့ပေးပါဆိုပြီး အိမ်ခေါ်လာတယ်။ အိမ်မှာ သုံးရက်လောက် သခင် အောင်ဆန်းနေသွားခဲ့တယ်။နေ့အချိန်ဆိုရင် သခင်အောင်ဆန်းကို ယောက်ျားရေချိုး ခန်းထဲမှာ စားစရာ၊ ဖတ်စရာစာအုပ်တွေနဲ့ထားတယ်။ ညမိုးချုပ်မှ အိမ်အပေါ်ထပ်မှာ ပါပါနဲ့ ဗိုလ်ချုပ်တို့စကားပြောတယ်။ သုံးရက်မြောက်တဲ့နေ့မှာပဲ ပါပါက ရွာကနေ ဟင်္သာတကို ငှက်ပျောကားနဲ့ ဗိုလ်ချုပ်ကိုဝှက်ပြီး ခေါ်သွားတယ်။ ဟင်္သာတကနေပြီးမှ ပေါင်းမိုးလှေကြီးနဲ့ ငှက်ပျောခိုင်တွေကြားမှာ ဗိုလ်ချုပ်ကိုဝှက်ပြီး ရန်ကုန်ကို ပြန်ပို့ ပေးတယ်ဒဒဟု ပြောပြသည်။


မန်းဘခိုင်သည် နိုင်ငံရေးလောကထဲမဝင်မီ ရွာတွင်နေထိုင်စဉ်ကာလ၌ တစ်ဖက် က ငှက်ပျောခြံလုပ်ငန်းကို လုပ်ကိုင်နေကာ တစ်ဖက်တွင်လည်း ကရင်စာပေပြန့်ပွား ရေးအတွက် ကရင်လူငယ်များအား ကရင်စာသင်ကြားပေးခဲ့ပြီး ရွာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဒဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ကိုတော်လှန်ဖို့အတွက် ဂျပန်ကိုထွက်သွားပြီး ပြန်လာတဲ့အချိန် ပါပါနဲ့ဗိုလ်ချုပ် အဆက်အသွယ်ရပြီး ပါပါက အဲ့ဒီအချိန်ကစပြီး နိုင်ငံရေးလောကထဲဝင်သွားတာ။ ပါပါက ရန်ကုန်မှာ နိုင်ငံရေးလုပ်နေတော့ အမေနဲ့ ညီအစ်ကိုမောင်နှမတွေက ရွာမှာကျန်ခဲ့တယ်။ အဲ့ဒီအချိန် ပါပါက ရွာပြန်လာလိုက်၊ ရန်ကုန်ပြန်သွားလိုက်ပေါ့ဒဒဟု နန့်ခင်ဌေးရီခိုင်က ပြောသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရရှိရန် တိုက်ပွဲဝင်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက် ခဲ့ရာ ကရင်-ဗမာ ချစ်ကြည်ရေးအတွက်လည်း မန်းဘခိုင်အပါအဝင် ကရင်တိုင်းရင်းသား ခေါင်းဆောင်များကို အားထားခဲ့သည်။
ဆက်လက်၍ နန့်ခင်ဌေးရီခိုင်က "ပါပါက ကရင်လူငယ်များ အစည်းအရုံးဥက္ကဋ္ဌ လည်း လုပ်ခဲ့တယ်။အထူးသဖြင့် ကရင် ဗမာ ချစ်ကြည်ရေးကို ပိုအားစိုက်လုပ်ခဲ့တယ်။ကရင် ဗမာချစ်ကြည်ရေးအတွက် ဗိုလ်ချုပ်ကလည်း ပါပါကို အားထားခဲ့တယ်။
"ပါပါဆုံးတဲ့အချိန် အမိုးတို့က ယုန်သလင်းရွာမှာပဲ ရှိနေသေးတာ၊ ပါပါကျဆုံး တော့ ရန်ကုန်မှာရှိတဲ့ဆွေမျိုးတွေက အကြောင်းကြားတဲ့အတွက် မိသားစုအကုန်လုံး လိုက်သွားကြတယ်။အဲ့ဒီအချိန်က အမိုးအသက်က ခုနစ်နှစ်ပဲရှိသေးတာဒဒဟု ပြောသည်။
မန်းဘခိုင်ကွယ်လွန်ချိန်တွင် ၎င်းနှင့်ပတ်သက်သည့် အသုံးအဆောင်ပစ္စည်း များ ကျန်ရစ်ခဲ့သော်လည်း ယုန်သလင်းရွာမီးလောင်ချိန်တွင် အဆိုပါပစ္စည်းများ မီးထဲပါသွားခဲ့ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ သားသမီးများ ထဲတွင် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူများရှိသလို ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများရှိကြောင်း နန့်ခင်ဌေးရီခိုင်၏ ပြောပြချက်အရ သိရသည်။
ထို့အတူ ရန်ကုန်တွင်နေထိုင်သည့် မန်းဘခိုင်၏ သမီးဖြစ်သူ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခဌာနမှူး(ငြိမ်း)ဒေါ်မြင့်မြင့်ခိုင်က ဒဒဖေဖေကျဆုံးသွားတဲ့အချိန် ကစပြီး မေမေက နေ့စဉ်အာဇာနည်ဗိမာန်ကို ပန်းခွေသွားချတယ်။ မေမေရှိတုန်းက နေ့တိုင်း အိမ်မှာပန်းခွေလုပ်ရတော့ အိမ်မှာနေတဲ့သူတွေတောင် အစဉ်အဆက် ပန်းခွေလုပ်တတ်လာတယ်။ အရင်တုန်းကဆို အာဇာနည်ကုန်းမှာ အစောင့်ရဲဘော် လောက်ပဲရှိတယ်။ နေ့စဉ်ပန်းခွေတစ်ခွေ သွားချနေကျဆိုတော့ အစောင့်ရဲဘော်လေးတွေ နဲ့တောင် ရင်းနှီးနေတယ်ဒဒဟု ပြောသည်။
ယခင်က ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့ရသည့် အာဇာနည်ခေါင်းဆောင် ကြီးများ ဂူသွင်းမြှုပ်နှံထားရာ အာဇာနည်ဗိမာန်တွင် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို တစ်ဂူချင်းစီအလိုက် ဝန်ကြီးဌာနအမည်၊ မွေးဖွားသည့်ခုနှစ်များကို ဓာတ်ပုံနှင့်တကွ အသီးသီးထားရှိသော်လည်း ဖောက်ခွဲခံရပြီးနောက်ပိုင်း ပြောင်းလဲပြင်ဆင်လိုက်ရာ ဗိမာန်ကြီးကလွဲ၍ နောက်လူများ သိရှိမှတ်သားရန် မကျန်ရှိတော့ကြောင်း မန်းဘခိုင်၏ သမီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။
ဒဒဖေဖေသက်ရှိထင်ရှားရှိစဉ်အချိန်က တတ်နိုင်သမျှ မှန်မှန်ကန်ကန်လုပ်ကြဖို့ အမြဲပြောလေ့ရှိသလို၊ အလုပ်လုပ်ရင်လည်း ဂရုတစိုက်လုပ်လေ့ရှိတယ်လို့ မေမေက ပြောတယ်။ ဖေဖေ့ကိုနမူနာယူပြီး ကြိုးစားဖို့ အမြဲဆုံးမခဲ့တယ်ဒဒဟု ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။
သတင်းဆောင်းပါး - မင်းသစ်(သတင်းစဉ်) 
ဓာတ်ပုံများ -အင်တာနက်မှကူးယူသည်။

No comments:

Post a Comment