Latest News

Tuesday, December 19, 2017

ပြင်ဦးလွင်အနီး၊၀ှက်ကား သုံးဆင့်ရေတံခွန် သဘာအပန်းဖြေ ဆင်စခန်းကိုဇန်န၀ါရီ ၁ ရက်နေ့ဖွင့်လှစ်နိုင်ရန် စီစဉ်

ပြင်ဦးလွင်အနီး၊၀ှက်ကား သုံးဆင့်ရေတံခွန် သဘာအပန်းဖြေ ဆင်စခန်းကိုဇန်န၀ါရီ ၁ ရက်နေ့ဖွင့်လှစ်နိုင်ရန် စီစဉ်

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ကျောက်ချော-ရဲရွာကားလမ်းမှ ၉မိုင်ကျော်အကွာရှိ သုံးဆင့်ရေ တံခွန် အနီး တွင် ၀ှက်ကား-ဒီးဒုတ် အဆိုပြုကြိုးဝိုင်းအတွင်း ဆင်၆ကောင်ဖြင့် ၀ှက်ကားသုံးဆင့်ရေတံခွန်
သဘာဝအပန်းဖြေဆင်စခန်းကို ဇန်န၀ါရီ ၁ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန်
စီစဉ်နေကြောင်း မြန်မာ့သစ်လုပ်ငန်း (မန္တလေးတိုင်းဒေသကြီး) မှ သိရသည်။

“စဥ့်ကူးမြို့နယ်က မာလဲ ဆင်စခန်းကနေ ရွှေ့လာပြီး ဆင်တွေ
ရောက်နေပြီ။နေရာကျယ်မှ ဆင်တွေ နေထိုင်ရ တာကောင်းမယ်။နေရာအတွက် ၇၄ဧကတောင်းထားတယ်။ဒီလ ၂၃ ရက်မှာ အစမ်းဖွင့်ပွဲလုပ်ပြီး ဇန်န၀ါရီ ၁ရက်နေ့မှာဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။ဧည့်သည်တွေ ဆင်စီးရင်လုံခြုံစိတ်ချဖို့နဲ့ထိခိုက်မှုမရှိအောင် ၀န်ဆောင် မှုပေးမှာပါ။” ဟုယင်းဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးကပြောသည်။

ဆင်စခန်းရှိ ဆင်၆ ကောင်တွင် အသက် ၅၅ နှစ်ကျော်တစ်ကောင်၊၁၀-နှစ်မှ ၁၇နှစ်အတွင်း ၅ ကောင်တို့ဖြစ်၍ စနစ်တကျလေ့ကျင့်ထားကာအယဉ်ပါးဆုံးဆင်များဖြင့် ၀န်ဆောင်မှုပေးမှာဖြစ်ပြီး ပြည်တွင်းဧည့်သည်များ အတွက် ဆင်စီးခ၅၀၀၀ နှင် ၀င်ကြေး ၁၀၀၀ ကျပ်၊ပြည်ပ
ဧည့်သည်များအတွက်ဆင်စီးခ၂၀၀၀၀ ကျပ်နှင့် ၀င်ကြေး၂၀၀၀
ကျပ်တို့ဖြစ်ကြောင်း၊သိရသည်။

“ရေတံခွန်တွေနားထိ ၀န်ဆောင်မှုပေးမယ်။ညအိပ်အစီအစဉ်လက်မခံဘူး။နိုင်ငံခြားခရီးသွားတွေလာရင်လည်း နေ့ခြင်းပြန်ဘဲ။ညအိပ်ဖို့လည်း နေရာကအဆင်မပြေပါဘူး။လာတဲ့ သူတွေက ဆင်တွေကို ကြံကျွေးနိုင်အောင်စီစဉ်ထားပါတယ်။”ဟု ၄င်းက ပြောသည်။

ပြည်တွင်း၌ ဆင်စခန်းများတည်ထောင်ခြင်းနှင့်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက်ယူရိုငွေ၁ ဒသမ ၈သန်း အသုံးပြုဆောင်ရွက်မည့်နားလည်မှုစာချွန်လွာကိုမြန်မာ့သစ်လုပ်ငန်းနှင့် FOUR PAWS International (FPI) တို့က စက်တင်ဘာ၁၉ ရက်ကရေးထိုးခဲ့ကြောင်းနှင့် ပြည်တွင်း၌ တည်ထောင်ပြီးသည့် ဆင်စခန်းများ
၁၀ ခုခန့်ရှိကြောင်းသိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment