Latest News

Sunday, November 27, 2016

ကားကြီးဝန်းတည်ဆောက်သည့် ကုမ္ပဏီ ပိုင်ရှင်အား ကျပ်သိန်း ၁ သောင်းကျော် လိမ်လည်မှုဖြင့် မြောင်းမြမြို့ခံများ အမှုဖွင့်

Photo The Ayeyarwaddy Times
နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရှိ အဝေးပြေးကာဝန်း တည်ဆောက်ခွင့်ရရှိထားသည့် လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းအား ကျပ်သိန်း ၁ သောင်းကျော်လိမ်လည်မှုဖြင့် မြောင်းမြမြို့ခံများနှင့် Sky Engineering Group ကုမ္ပဏီတို့က မြောင်းမြမြို့မရဲစခန်း တွင် အမှု ၅ မှုဖွင့်၍ တရားစွဲဆိုထား ကြောင်းသိရသည်။

အဆိုပါ အဝေးပြေးကားဝန်းကို ၂၀၁၄ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်လက်ထက်က စတင်လုပ်ကိုင်ခွင့်ရရှိခဲ့သော သံတောင်မြို့နယ် ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူ လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းမှာ ကားဝန်းအတွင်းရှိ ဆိုင်ခန်းများကို ရောင်းချငွေချေပြီးသော်လည်း ဆိုင်ခန်းများပြီးဆုံးသည်အထိ ဆောက်မပေးခြင်း ၊ ဆိုင်ခန်းများကို လိမ်လည်ရောင်းချခြင်း ၊ အကျိုးတူလုပ်ကိုင်သည့် ကန်ထရိုက်တာများကို ငွေမပေးဘဲ ရှောင်တိမ်းနေခြင်းများပြုလုပ်ကြောင်း ၊ ဦးသော်လင်းထွန်းကို မြောင်းမြမြို့ခံ၂ဦးနှင့် ပူးပေါင်းလုပ်ကိုင်သည့် ကုမ္ပဏီတို့က လိမ်လည်မှုပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ထားကြောင်း မြောင်းမြရဲစခန်းမှသိရသည်။
“ ဦးသော်လင်းထွန်း (လဝန်းသစ္စာကုမ္ပဏီပိုင်ရှင်) ကို ကျနော်တို့စခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုလာဖွင့်ထားတာ ၅ မှုရှိပါတယ်။ စစ်ဆေးမှုအားလုံးပြီးစီးတဲ့အခါ အမှုတွေ တရားရုံးကိုတင်ပို့သွား မှာပါ ”ဟုမြောင်းမြမြို့မစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက ပြောသည်။

ဦးသော်လင်းထွန်းမှာအကျိုးတူကန်ထရိုက် Sky Engineering Group ကုမ္ပဏီထံမှ ငွေကျပ် ၆၀၉၆ သိန်း၊ မန္တလေးမြို့နေဦးပြည့်စုံဝင်းထံမှ ငွေကျပ် သိန်း ၆၀၀ ၊ မြောင်းမြမြို့ခံ ဦးဌေးအောင် ထံမှ ကျပ် သိန်း ၄၀၀၀ ကျော်၊မြို့ခံ ဒေါ်မူမူစန်း ထံမှ ငွေကျပ် ၁၄၀ သိန်းတို့ကိုလိမ်လည်သည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်း နစ်နာသူများက ပြောသည်။
“ကျွန်တော့်အနေနဲ့ ဆိုင်ခန်းတွေကိုသိန်း ၄ ထောင် ကျော်ဖိုးအထိ ဝယ်ယူခဲ့တယ်။ ငွေလည်းတပြား မကျန် ဦးသော်လင်းထွန်း ကိုပေးခဲ့ပြီးသားပါ။ ငွေကျတော့ယူပြီး ဆိုင်ခန်းကျတော့ ပြီးအောင်ဆောက်မပေး ဘူး။ ဆောက်လက်စတန်းလန်းနဲ့ ပစ်ထားတာ ၆ လလောက် ဖြစ်နေပြီ။ ပြီးတော့ ဆိုင်ခန်းတွေကိုအောက်တိုဘာလ ၃၀ နောက်ဆုံးထားပြီး ဝယ်သူဆီအပ်နှံ မယ်၊ မအပ်နိုင်ခဲ့ရင် ဝယ်ထားတဲ့ငွေရဲ့ ၂ ဆကို ပြန်လျော်ပါမယ်လို့ ဦးသော်လင်းထွန်းနဲ့ ကျနော်တို့ စာချုပ် ချုပ်ဆိုထားတယ်။ အဲတော့ သတ်မှတ်အချိန်ကာလကျော်လွန်နေလို့ အခုလိုအမှုဖွင့်တာပါ” ဟု ဆိုင်းခန်း ဝယ်ယူခဲ့သူ မြောင်းမြမြို့ခံ ဦးဌေးအောင် ကပြောသည်။

တည်ဆောက်ရေးအတွက် လဝန်းသစ္စာကုမ္ပဏီက Sky Engineering Group၊ Summit Top၊ YET Engineering Group၊ ပါရှန်းပုလဲစသည့်ကုမ္ပဏီများနှင့် အကျိုးတူကန်ထရိုက် စာချုပ်ချုပ်၍ အဝေးပြေး ကားဝန်းကို တည်ဆောက်ခဲ့ သော်လည်း လဝန်းသစ္စာကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်းက ငွေပေးချေခြင်း မရှိသည့်အတွက် တည်ဆောက်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး အဝေးပြေးကားဝန်းမှာလည်း စီမံကိန်း ကာလအတွင်း မပြီးစီးသည့်အခြေအနေ ဖြစ်ပေါ်နေသည်။

“ဦးသော်လင်းထွန်းဟာ ကျမတို့ကို ဖိတ်ခေါ်လို့ အဝေးပြေးကားဝန်း တည်ဆောက်မှုမှာ ဆပ်ကန်ထရိုက်အနေနဲ့ ပွဲရုံဆိုင်ခန်း ၄၂ ခန်း တည်ဆောက်ဖို့ ၂၀၁၅ မှာ စာချုပ်ခဲ့တယ်။ စရံအဖြစ် သူ့ကို (ဦးသော်လင်းထွန်း) သိန်း ၆၀၀ ပေးပြီး ဆောက်ရာမှာ ပြီးစီးမှုအဆင့်လိုက် ငွေချေပေးမယ်ပြောပြီး အခုချိန်အထိ ကျမတို့ စရံပေးထားတဲ့ ငွေတွေအပါအဝင် ကျပ်သိန်း ၆၀၀၀ ကျော်ကို ဦးသော်လင်းထွန်းက တပြားမှပြန်မပေးလို့၊ ပြီးတော့ ဟိုနေ့ ပေးမယ်၊ ဒီနေ့ပေးမယ်နဲ့ ကတိတွေအကြိမ်ကြိမ်ဖျက်ခဲ့လို့ တရားစွဲတာပါ”ဟု Sky Engineering Group ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဒေါ်ခိုင်စုယဉ်က ပြောသည်။

လဝန်းသစ္စာကုမ္ပဏီ အနေဖြင့် ကျပ်သိန်း ၄ သောင်းကျော် တန်ဖိုးရှိမြောင်းမြမြို့၊ အဝေးပြေးကားဝန်း စီမံကိန်းကို ကျပ်သိန်း၂ သောင်းကျော် စိုက်ထုတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ အကူးအပြောင်း ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုနှင့်အတူဈေးဆိုင်ခန်း များလည်းမျှော်လင့်ထားသလိုရောင်းချနိုင်ခြင်းမရှိသည့်အတွက် ငွေမချေနိုင်ခြင်း ဖြစ်ပြီး ပြေလည်အောင်ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဦးသော်လင်းထွန်း ကပြောသည်။

`ဆိုင်ခန်းတည်ဆောက်မှုတွေကိုနောက်လမှာ ပြန်လည်စတင်မှာပါ။ နိုင်ငံခြားကုမ္ပဏီတွေကိုကျနော်တို့ အကူအညီတောင်းတော့ ငွေကြေးပိုင်း ဆိုင်ရာကူညီပေးမယ့်ကတိတွေ ရထား ပါတယ်။ ဒါကြောင့် ဆိုင်ခန်းတွေကို ပြီးဆုံးအောင်ဆောက်ပြီး ပိုင်ရှင်လက်ဝယ် အပ်နှံပေးသွားမှာပါ´ဟု လဝန်းသစ္စာ ကုမ္ပဏီပိုင်ရှင် ဦးသော်လင်းထွန်း ကပြောသည်။

မြောင်းမြမြို့၊ အဝေးပြေး ကားဝန်းစီမံကိန်း ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် လဝန်းသစ္စာကုမ္ပဏီတို့ ၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် စာချုပ်ချုပ်၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ကားဝန်းအတွင်း ပွဲရုံနှင့် လူနေဆိုင်ခန်းပေါင်း ၁၀၈ ခန်းအပါအဝင် ကားပြင်နေရာ၊ ကွန်ကရစ်လမ်း၊ ကားရေဆေးခုံ၊ ဆီဆိုင်စသည့် အခြေခံအဆောက်အဦး ၁၇ ခုတို့ကို၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်တွင်အပြီးတည်ဆောက်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Ayeyarwaddy Times
https://www.facebook.com/ayetimes

Saturday, November 26, 2016

အန်အယ်လ်ဒီ အမတ် ၃ ဦးကို ပါတီတာဝန်က ရုပ်သိမ်း


    By ရွှေအောင်
    26 November 2016

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ အပါအ၀င် အန်အယ်လ်ဒီ ကိုယ်စားလှယ် ၃ ဦးကို ပါတီတာဝန်အသီးသီးက ရုပ်သိမ်းလိုက်တယ်လို့ ပါတီက ဒီနေ့ရက်စွဲနဲ့ ကြောညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ကြေညာချက်ထဲမှာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်း၊ မြောင်းမြအမတ် ဒေါက်တာစိုးမိုးသူနဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာအမတ် ဦးဉာဏ်လင်း တို့ ၃ဦးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီတာဝန်များကနေ ရုပ်သိမ်း လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက သူတို့ ၃ ဦးကို စုံစမ်း စစ်ဆေးဖို ရှိတယ်လို့ ပြောပါတယ်။
“သူတို့တွေကို စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေ အကုန်ရထားပြီးပြီ။ အဲ့ဒီတော့ သူတို့ လွှတ်တော်ကိုယ်စားလှယ်တွေမို့လို့ တဆင့် နည်းနည်းလေး နောက်ဆုတ်ပြီး ကြည့်နေတာ၊ စုံစမ်းစစ်ဆေးတယ်ဆိုရင်တော့ စုံစမ်းစစ်ဆေးတဲ့ အဖြေအတိုင်း သွားရမယ်၊လောလောဆယ် ပါတီတာဝန်ပဲ ရုပ်သိမ်းထားတယ်။”

ပါတီစည်းကမ်းအရ သတိပေးခြင်း၊ ပါတီကထုတ်ပယ်ခြင်းပါတီဝင်အဖြစ်က ရုပ်သိမ်းခြင်း စတဲ့ ပြစ်ဒဏ်တွေ ချမှတ်လို့ရကြောင်းလည်း ပြောပါတယ်။

ဒီနေ့ပဲ ပါတီတာဝန်က ရုပ်သိမ်းခံလိုက်ရတဲ့ မအူပင်အမတ် ဦးစိန်ဝင်းကတော့ တိုင်းဒေသကြီး လွှတ်တော်အမတ်ကို သူ အမှုဖွင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်က ဒေါက်တာမြင့်စိန်ကို တိုင်လိုက်တယ်လေ။ အဲ့ဒီမှာ သူတို့နဲ့အတူ ပါသွားတာက တိုင်းလွှတ်တော်ကိုယ်စားလှယ် ပါသွားတာပေါ့ဗျာ။ တိုင်းလွှတ်တော်ကိုယ်စားလှယ် ပါသွားတဲ့ အခါကျတော့ ဒါကို လူကြီးတွေကို ခွင့်ပြုချက် မတောင်းလို့ပေါ့။ ပါတီကို ခွင့်ပြုချက်တောင်းပြီးမှ လုပ်သင့်တယ်ဆိုပြီး ဒီဟာတော့ ကျနော့်ကို ပြောဖူးတယ်။”

ဦးစိန်ဝင်းနဲ့အတူ ပါတီတာဝန်က ရုပ်သိမ်းခံလိုက်ရတဲ့ တခြား အမတ် ၂ ဦးဟာ လူမှုရေးပြဿနာ ကိုယ်စီရှိထားကြပြီး ဒီအကြောင်း သတင်းဂျာနယ်တွေထဲ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြ ခံခဲ့ကြရသူတွေ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းနိုင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ထဲ တင်သွင်းခဲ့ပေမယ့် လွှတ်တော်က ပယ်ချထားပါတယ်။

ဒါကြောင့် အခုပါတီတာဝန်က ရုပ်သိမ်းခံရတဲ့ကိုယ်စားလှယ် ၃ ဦးစလုံး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်ပါတယ်။
DVB

Tuesday, November 22, 2016

ဧရာဝတီတိုင်းသား ဂန္တ၀င်အဆိုတော် ဟင်္သာတထွန်းရင်ကို မနက်ဖြန်သဂြိုလ်မည်


The Ayeyarwaddy Times
နိုဝင်ဘာ ၂၂ (ရန်ကုန်)

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတနယ်သား မြန်မာသံစဉ်အဆိုတော် ဟင်္သာတထွန်းရင်သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၄:၄၅ မိနစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ၎င်း၏ ရုပ်ကလာပ်အား
မနက်ဖြန် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရေဝေးသုသာန်တွင် ဂူသွင်း သဂြိုလ်မည်ဖြစ်ကြောင်း ကျန်ရစ်မိသားစုများထံမှ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၇နှစ်ရှိပြီး ဓာတ်ပြားခေတ်မှ ယနေ့ထိတိုင် တောရောမြို့ပါမကျန် လူကြိုက်များသည့် တေးရေးတေးဆို အနုပညာရှင်တစ်ဦးဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်စီစီစိန်နှင့် သားသမီး၅ဦးကျန်ရစ်ပြီး ၊ ဇနီး ဒေါ်စီစီစိန်မှာ ဇာတ်မင်းသားကြီး ဦးစိန်အောင်မင်း၏ သမီးဖြစ်သည်။

သူသီဆိုခဲ့သော ချစ်ပုပ္ပါး ၊ စာဥ ၊ စက္ကန့်လေးတွေ စိန်စီထားမယ် ၊ အမေနဲ့ရွာကိုလွမ်းတယ် ၊ လူမနေတဲ့အိမ်ကလေး ၊ အသဲနုသည် ဖြေးဖြေးမုန်း စသည့်သီချင်းများဖြင့် လူကြိုက်များခဲ့သည်။

ဗိုလ်ချုပ်ကို ဂုဏ်ပြုသီဆိုထားသော " နတ်မောက်က တောက်ခေါက်သံ " တေးအယ်လ်ဘမ်သည်လည်း လူသိများခဲ့သည်။

Ayeyarwaddy Times

Monday, November 21, 2016

မန်အောင်မြို့ က မီးနှင့်ကစားသူ




မန်အောင်မြို့ က မီးနှင့်ကစားသူ

စပါးရိတ်သိမ်းခွင့် တားမြစ်ခံထားရသည့် လွှစာကျေးရွာမှ လယ်သမားများ စပါးရိတ်ခွင့်ပြုရန်တောင်းဆို


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲ၊ လွှစာကျေးရွာမှ လယ်သမားများလုပ်ကိုင်နေသော လယ်မြေ ဧက ၂၇ဝဝ ကျော်ကို သစ်တောမြေဖြစ်၍ အစိုးရက တားမြစ်ခြင်းနှင့် ပတ်သက်၍ ဒေသခံ လယ်သမားများက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ ၂၁ ရက်၊ ရန်ကုန်မြို့၊ ၃၆ လမ်း၊ အလယ်ဘလောက်ရှိ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ရုံးခန်းတွင် အဆိုပါ တောင်သူ လယ်သမားများက စပါးများ ရိတ်သိမ်းခွင့်မရရှိခြင်း နှင့် ရိတ်သိမ်းတောင်သူလယ်သမားများ တရားစွဲဆို အရေးယူခံရ ခြင်းကိစ္စ နှင့်ပတ်သက်၍ လာရောက်ရှင်းလင်းကြခြင်း ဖြစ်သည်။

ရွှေကျွန်းသာရှိ အကွက်ကြီး အမှတ် ၆ သစ်တောမြေတွင် လယ်မြေအဖြစ် သစ်တောကျူးပြေစာဖြင့် လုပ်ကိုင်နေသော လယ်သမားများမှာ အိမ်ထောင် စု ၂၈ဝ ကျော်ရှိပြီး လုပ်ကိုင်လာသည် မှာ ၁၈ နှစ်ကျော်ရှိပြီးဖြစ်ကြောင်း၊ သစ်တောမြေ ဖြစ်သည့် အတွက် စပါးမရိတ်သိမ်းရဟု လပွတ္တာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးက နိုဝင်ဘာလ ၁၄၊ ၁၅ ရက်နေ့ ၀န်းကျင်က တားမြစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စပါးရိတ်သိမ်းသဖြင့် လယ်သမား ၄ ဦးနှင့် စပါးရိတ် သိမ်းခွင့် တောင်းခံသည့် လယ်သမား ၇ ဦး၊ စုစုပေါင်း ၁၁ ဦးကို တရားစွဲထားကြောင်း လယ်ဧက ၃ဝ ကျော် လုပ် ကိုင်သည့် လယ်သမား ဦးမောင်ဦးက ပြောသည်။

" တရားစွဲတဲ့ နည်းလမ်းကလည်း ဒါပိုင်ရှင်ပဲတဲ့။ ပိုင်ရှင်ပေါ်ရင် တရားစွဲခံပါတဲ့။ ပိုင်ရှင်မပေါ်တဲ့ လယ်တွေ ဥပမာ ကြောက်ပြီး ငြိမ်နေတဲ့သူတွေပေါ့။ ပိုင်ရှင်မပေါ်တဲ့ လယ်မြေတွေကို နိုင်ငံတော် အရံဆန်အဖြစ် သိမ်းပစ်မယ်။ အလေ့ကျ ပေါက်တယ်ဆိုပြီး သိမ်းပစ်မယ်ဆိုပြီး ပြောပါတယ်။ "ဟု ဦးမောင်ဦး ကပြောသည်။

လပွတ္တာမြို့နယ်တွင် သစ်တောကြိုးဝိုင်းကြီး ၄ ဝိုင်းရှိကာ ဧကအားဖြင့် ၂ သိန်းဝန်းကျင်ခန့်ရှိပြီး အဆိုပါ ကြိုးဝိုင်းမြေ နေရာများတွင် လယ်သမားများမှာ သစ်တောကျူးပြေစာဖြင့် နှစ်ပေါင်းများစွာလုပ်ကိုင် ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝဝ၈ ခုနှစ် မတိုင်ခင်အထိ သစ်တောကျူးပြေစာနှင့် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုကော်မတီ (ဗ.ယ. က) မှ (ဗ.ယ.က) ပုံစံပြေစာကို ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားများ လယ်စိုက်ရန် ထုတ်ပေးခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်တွင် အဆိုပါ လယ်ယာမြေများကို သစ်တောမြေအဖြစ်မှ ဖျက်သိမ်းပေးမည်ဆို၍ သစ်တောဦးစီးဌာနမှ တိုင်း တာခဲ့ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ် အမှု ဆောင် ဦးမြင့်ဆွေက ပြော သည်။

" သစ်တောထဲမှာ ကျူးကျော်ပြီးတော့ စိုက်ပျိုးထားတဲ့အတွက် ပြေစာလေးတွေနဲ့ အခွန်အကောက်လေးတွေ အရင် တုန်းက ကောက်တယ်။ အခုတော့ မကောက်တာ နှစ်နှစ်လောက်တော့ ရှိသွားပြီ။ သစ်တောကြိုးဝိုင်း အဖြစ် သတ် မှတ်ထားတဲ့ ဒီဧရိယာထဲမှာ ရွှေကျွန်းသာဆိုတဲ့ အစိတ်အပိုင်းလည်းပါတယ်။ " ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် ကြာကန်ကွင်းပေါက် သစ်တောကြိုးဝိုင်းတွင်ပါဝင်သည့် ရွှေကျွန်းသာကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်မိန့် ချထားသော်လည်း ယခုဖြစ်ပေါ်နေသည့် အကွက်ကြီး အမှတ် ၆ လယ်မြေဧက ၂၇ဝဝ ကျော် မပါဝင်သည့်အတွက် ယခု ကဲ့သို့ ပြဿနာဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဦးမြင့်ဆွေက ရှင်းပြသည်။

ပယ်ဖျက်မိန့်ဆိုသည်မှာ သစ်တောမြေအဖြစ်မှ ပယ်ဖျက်မိန့်ဖြစ်ပြီး ပယ်ဖျက်မိန့်ကျပါက အဆိုပါမြေမှာ မြေလွတ်၊ မြေ ရိုင်းဖြစ်ကာ လက်ရှိစိုက်ပျိုးထားသော လယ်သမားက လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားနိုင် ကြောင်း မြန်မာနိုင် ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးမြင့်ဆွေက ပြောပြချက်အရသိရသည်။

အဆိုပါ ကိစ္စများကို လပွတ္တာမြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို ဆက်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အရေးကြီးအစည်းအဝေးလုပ်နေသည်ဟုဆိုကာ ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

============

Mizzima - News in Burmese

http://www.mizzimaburmese.com/article/20478

ကျောင်းကုန်းမြို့တွင် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ပွဲကျင်းပ

 ကျောင်းကုန်း၊ နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် စည်ပင်သာယာရေးရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်အောင်မှ ရွေးချယ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်မှ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။

ကြီးကြပ်ရေးအဖွဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းမှ လှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ် မည်ဖြစ်ကြောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းထမ်းဆောင်မည့် သူကိုသာ ရွေးချယ် ပေးကြစေလိုေ ကြာင်း ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီဝင်လောင်း (၁၅) ဦးမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ကော်မတီဝင် သုံးဦးအား မဲပေး ရွေးချယ်ခဲ့ကြပြီး၊ လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်းမှ မဲရေတွက်ခဲ့ရာ မဲအများဆုံးရရှိသူ ဦးခင်အောင် ဆွေ၊ ဦးဝင်းမြင့်နှင့် ဦးမင်းဦး တို့သုံးဦး ရွေးချယ်ခဲ့သည်။ ဆက်လက်၍ ကြီးကြပ်သူအဖွဲ့နှင့် ၄င်းတို့သုံးဦးမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ထပ်မံရွေးချယ်ခဲ့ကြရာ ဦးခင်အောင်ဆွေက ဥက္ကဌ နှင့်အဖွဲ့ဝင်နှစ်ဦး အတည်ပြု ရွေးချယ်ခဲ့ကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စခင်ဇော်လင်း၊ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်း၊ စည်ပင်အမှုဆောင်အရာရှိ ဦးအောင်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)



ရုံးပတီသီးစားခြင်းရဲ့ နောက်ကွယ်က ကောင်းကျိုးများ

 ရုံးပတီသီး စားခြင်းဟာ သင့်ကို ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်စေပါသလဲ။ ဒီမေးခွန်းဟာ ရိုးရှင်းပြီး လူတိုင်းဖြေနိုင်မယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရုံးပတီသီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အစွမ်းတွေ ရှိနေလို့ပါ။ ရုံးပတီသီးစားခြင်းရဲ့ အကျိုးဆက်ဟာ ဘယ်လို ကောင်းကျိုးတွေကို ယူဆောင်လာပေးနိုင်သလဲဆိုတာ ကြည့်ရအောင်ပါ။

၁။ အမျှင်ဓာတ်

ရုံးပတီသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်ပြီး အစာချေဖျက်မှုကို အားပေးတဲ့ အပြင် ကိုယ်တွင်းက အဆိပ်ကို နိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်တဲ့ ဟင်းသီးဟင်းရွက်အမျိုးနွယ်ဝင် ဖြစ်တာကြောင့် ကိုယ်အလေးချိန် လျော့ချသူတို့ စားသင့်တဲ့ အသီးလည်း ဖြစ်ပါတယ်။

၂။ ဆီးချို

ရုံးပတီသီးဟာ သွေးထဲက သကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး ကိုယ်တွင်းက သကြားကို စုပ်ယူတဲ့ နှုန်းထားကို ထိန်းထားနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေရဲ့ ဆေးတစ်ပါး အဖြစ် ရုံးပတီးသီးဟာ နာမည်ကျော်လှပါတယ်။

၃။ ကိုယ်ဝန်ဆောင်တွေ အတွက်

Folate တွေ အမြင့်ဆုံး ပါတာကြောင့် ကိုယ်ဝန်ဆောင်တွေ အတွက် စားသင့်တဲ့ အသီးပါ။ မွေးဖွားရလွယ်စေပြီး ကလေးငယ် ဖွံ့ဖြိုးမှုကို ကူညီပေးနိုင်တဲ့ အသီးပါ။


၎။ အရိုးအတွက် ကောင်းမွန်

ရုံးပတီသီးဟာ ရိုးတွင်းခြင်ဆီကို အားကောင်းစေတဲ့ အတွက် အရိုးတွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ပါတယ်။ ဗီတာမင် K ကြွယ်ဝခြင်းဟာလည်း အရိုးရဲ့ စွမ်းဆောင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အရွတ်တွေ အားမကောင်းသူ ဆိုရင်လည်း ရုံးပတီသီး များများ စားပေးပါ။

၅။ ရင်ကြပ်ရောဂါ

ရင်ကြပ်ရောဂါအတွက် အကောင်းဆုံး အသီးဟာ ရုံးပတီသီးပါ။ ဗီတာမင် စီနဲ့ အင်တီအောက်ဆီးဒင့်ဟာ ရင်ကြပ်စေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ အူမကြီးကင်ဆာ

အမျှင်ဓာတ်ကြွယ်ဝစေတဲ့ အစားအစာတွေဟာ အူမကြီးကို အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ ရုံးပတီသီးဟာ အူမကြီးကင်ဆာဖြစ်ပွားမှုကို အနည်းဆုံး လျှော့ချပေးနိုင်တဲ့ အသီးအရွက် တစ်မျိုးပါ။

၇။ အပူဒဏ်ကို ခံနိုင်ရည်ရှိ

အလွန်ပူပြင်းတဲ့ ရာသီတွေမှာ အပူဒဏ် ခံနိုင်ဖို့ အတွက် ရုံးပတီသီးဟာ ကူညီပေးနိုင်ပါတယ်။

၈။ အ၀လွန်ခြင်းကို ထိန်းပေးနိုင်

ရုံးပတီသီးဟာ ကယ်လိုရီ မပါသလောက်ကို နည်းပါးပါတယ်။ အာဟာရပြည့်ဝပြီး အမျှင်ဓာတ် များပြားတဲ့ အတွက် အ၀လွန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ သွေးထဲက ကိုလက်စထရောကိုပါ လျှော့ချပေးနိုင်တဲ့ အတွက် ကျန်းမာပြီး ကိုယ်အလေးချိန် ထိန်းနိုင်ပါတယ်။

ရုံးပတီသီးကို မန်ကျည်းသီးနဲ့ အချဉ်ဆီပြန်လေး ချက်စားရင် ခံတွင်းမြိန်စေပြီး လွယ်ကူတဲ့ ဟင်းတစ်ခွက် ဖြစ်စေပါတယ်။ အကင်အနေနဲ့ စားတဲ့အခါမှာလည်း လူကြိုက်များလှတဲ့ အသီးပါ။

Source: househealthyfood
MyFood Myanmar

Saturday, November 19, 2016

မျက်စ မျက်န နှင့် မူကြိုဗိုလ်အောင်ဒင်




မျက်စ မျက်န နှင့် မူကြိုဗိုလ်အောင်ဒင်

ကြည်ညိုဖွယ် ရွှေတိဂုံစေတီတော်မြတ်ကြီး (ရိုက်ကူး-စိုးဇေယျာထွန်း)




ကြည်ညိုဖွယ် ရွှေတိဂုံစေတီတော်မြတ်ကြီး (ရိုက်ကူး-စိုးဇေယျာထွန်း)

ကြည်ညိုဖွယ်ပြသာဒ်ကြီးဘုရားကောင်းကင်မြင်ကွင်း(ရိုက်ကူး-စိုးဇေယျာထွန်း)




ကြည်ညိုဖွယ်ပြသာဒ်ကြီးဘုရားကောင်းကင်မြင်ကွင်း(ရိုက်ကူး-စိုးဇေယျာထွန်း)

ပျော်ရွှင်စရာ ခေါင်းအုံးရိုက်ပြိုင်ပွဲ




ပျော်ရွှင်စရာ ခေါင်းအုံးရိုက်ပြိုင်ပွဲ

ဗိုလ်အောင်ဒင်နဲ့ အင်းလေးရှင်ပြုအလှူ





ဗိုလ်အောင်ဒင်နဲ့ အင်းလေးရှင်ပြုအလှူ

ဓနုဖြူမြို့ အနီး Light Ace ယာဉ် လမ်းဘေးသစ်ပင်အား တိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များ ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောကား လမ်းဘေးသစ်ပင်အားတိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များဒဏ်ရာရ
နေပြည်တော်၊ နိုဝင်ဘာ ၁၉

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့၊ ဟင်္သာတ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၈/၃-၄)ကြား၌ ရန်ကုန်ဘက်သို့ တောင်ဒဂုံမြို့နယ်နေ အောင်ဇော်ဖြိုး(၂၉)နှစ်မောင်းနှင်လာသည့် 3M/×××× Light Ace အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အား တိုက်မိ၍ တိမ်းမှောက်ခဲ့ကြောင်း သိရပါသည်။

 ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ဒလမြို့နယ်နေ မရတနာဝင်း(၃၅)နှစ်ပါ (၉)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် အောင်ဇော်ဖြိုးအား ဓနုဖြူမြို့မရဲစခန်းယာဉ်(ပ)၅၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။

သစ်ထူးလွင်

Friday, November 18, 2016

သစ်ခွပန်းသူခိုး




သစ်ခွပန်းသူခိုး

ခွာတံရှည်နဲ့ထူးထူးဆန်းဆန်းနွားကလေး




ခွာတံရှည်နဲ့ထူးထူးဆန်းဆန်းနွားကလေး
နတ်မောက်မြို့လယ်ပြင်ကန်ရွာမှာထူးဆန်းသောခွာတံရှည်နွားတစ်ကောင်ပေါ်ပေါက်နေပါတယ်ဒါပေမဲ့သူအခုတော့လမ်းမလျှောက်နိုင်တော့ပါဘူးခွာတံတွေဟာအလွန်ရှည်လျားသောကြောင့်ဖြစ်ပါတယ်ဤဗွီဒီယိုဖိုင်ကိုကြည့်ပြီးshareပေးဖို့တောင်းပန်အပ်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ကူညီမဲ့သူများတွေ့မလားလို့ပါ
ဗီဒီယို-ငြိမ်းချမ်း
November 15

အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ


မဇ္ဈိမ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲလိုက်ကြောင်း နိုဝင်ဘာ ၁၉ရက်ထုတ်၊ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နို်င်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်/၂၀၁၆ဖြင့် တာဝန်မှရပ်စဲကြောင်း ကြေငြာလိုက်ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း(၈)လကျော်အတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

သမ္မတရုံး၏ အမိန့်ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်သည်” ဟူ၍ ပါရှိသည်။

အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တွင် “ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်” ဟူ၍ ပြဌာန်းထားသည်။

ဒေါက်တာထွန်းဝင်းသည် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ ဇာတိဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာအောင်သူက တာဝန်ယူထားသည်။
Mizzima






ရွှေတိဂုံဘုရားမှာ အမှိုက်ကောက်နေတဲ့နိုင်ငံခြားသားခရီးသွားတစ်ဦး



ရွှေတိဂုံဘုရားမှာ အမှိုက်ကောက်နေတဲ့နိုင်ငံခြားသားခရီးသွားတစ်ဦး

(ပေါင်ဒါကြော်ငြာ)Cute Press ရဲ့ ❄ Evory Snow Whitening and Oil Control Foundation Powder ❄




(ပေါင်ဒါကြော်ငြာ)Cute Press ရဲ့ ❄ Evory Snow Whitening and Oil Control Foundation Powder ❄

ထီးချိုင့်မြို့ စုပေါင်း မဟာဘုံကထိန် အလှူလှည့်




ထီးချိုင့်မြို့ စုပေါင်း မဟာဘုံကထိန် အလှူလှည့်

သမီးအရင်းအား အဓမ္မပြုကျင့်သောဖခင် ကို ဖမ်းဆီးရမိ

ကျိုက်မရော၊ နိုဝင်ဘာ ၁၆

ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ ကရင်တောကျေးရွာ
မြို့ပေါက်ဝဘုန်းကြီးကျောင်းအနီး ဦးဖိုးသောင်း ရာဘာခြံ၌ ဧရာဝတီတိုင်းဒေသကြီး
အိမ်မဲမြို့နယ်မှ လာရောက်လုပ်ကိုင်နေသော
ဦးပွင့်ဦးသည် သမီးအရင်းဖြစ်သူ အဌမတန်းကျောင်းသူအား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး "မိခင်အားပြန်ပြောလျှင် သတ်ပြစ်မည်"ဟု ခြိမ်းခြောက်ပြောဆိုထားသည်ဟု သမီးဖြစ်သူမှပြောဆိုပါသည်။

အခင်းဖြစ်မည့်ညတွင် အမေဖြစ်သူမှ သားဖြစ်သူများ
ဒုလ္လာဘဝတ် ကိုရင်များနှင့် သွားရောက်အိပ်နေသဖြင့် ခြံထဲရှိတဲ၌ အဖေနဲ့သမီး နှစ်ယောက်တည်း ကျန်နေခဲ့သည်ကို အခွင့်ကောင်းယူကာ ဖခင်ဖြစ်သူမှ အရက်သောက်ထားပြီး သမီးအရင်းအား
`ငှက်ဖျားရောဂါထတယ်´ဆိုပြီး ဖိခိုင်းရာမှ သားမယားအဖြစ်ပြုကျင့်ကြောင်း သိရပါသည်။

နောက်တစ်နေ့၌ မိခင်ဖြစ်သူပြန်ရောက်လာသဖြင့်
သမီးဖြစ်သူမှာ မိခင်အားပြောပြပြီး ဦးပွင့်ဦး က သူများတွေလိုက်ပြောရင်သတ်ပစ်မည်ဟု
ကြိမ်းမောင်းနေသဖြင့်
မိခင်ဖြစ်သူနှင့်သမီးမှာကြောက်လန့်လာသဖြင့် ကျိုက်မရောလူငယ်ပရဟိတဖွဲ့ထံသို့ ဆက်သွယ်ပြီး
ကျိုက်မရော မြို့မရဲစခန်းမှ နယ်ထိန်း အင်ချပ် ဒုရဲအုပ်ကျော်မင်းသူနှင့် ဆက်သွယ်ပြီး
နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် တရာခံအား အမြန်ဆုံးဖမ်းမိစေရန်
ကျိုက်မရောလူငယ်ပရဟိတအဖွဲ့ ကျိုက်မရောမှုးယစ်
ဆန့်ကျင်းရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ဦးဖိုးသောင်း ရာဘာခြံ၌ တရားခံဖြစ်သူ ဦးပွင့်ဦးအား
သွားရောက်ဖမ်းဆီးခဲ့ကြသည်ဟု သတင်းရရှိပါသည်။

Credit - #ကျိုက်မရောလူငယ်ပရဟိတ
ကျိုက်မရော/မုဒုံ သတင်းစုံ




ရေဦးမြို့နယ် ​ငြုတ္တုံ​ကျေးရွာ၌ ဦး​ခေါင်းနှစ်​လုံးပါ ကျွဲတစ်​​ကောင်​​မွေးဖွား


ရေဦး၊နိုဝင်ဘာ၊၁၇

စစ်​ကိုင်းတိုင်း​ဒေသကြီး ​ရေဦးမြို့နယ်​ငြုတ္တုံ​ကျေးရွာ ​တောင်​သူဦး​အောင်​ခိုင်​အိမ်​၌ လယ်​ယာလုပ်​ငန်းလုပ်​ကိုင်​ရန်​​မွေးမြူထား ​သောကျွဲမကြီးတစ်​​ကောင်​မှထူးထူးခြားခြားဦး​ခေါင်းနှစ်​လုံးပါကျွဲ​ပေါက်​က​လေးတစ်​​ကောင်​ကို နိုဝင်​ဘာ၁၆ရက်နံနက်၇နာရီကထူးခြားစွာ​မွေးဖွားခဲ့​ကြောင်းရေဦးမြို့ခံ သတင်းထောက် ကသတင်းပေးပို့သည်။

ခေါင်းနှစ်​လုံးပါကျွဲ​ပေါက်​က​လေးသည်​ ​ခြေလက်​အင်္ဂါပုံမှန်​ပါပြီး ​ခေါင်းနှစ်​လုံးဖြင့်​​မွေးဖွားစဉ်​ကအသက်​ရှင်​ခဲ့​သော်လည်း ​မွေးပြီး၁၅မိနစ်​ခန့်​ အကြာတွင်​​သေဆုံးသွားခဲ့​ကြောင်းသိရသည်​။

Monywa Gazette
https://www.facebook.com/chindwingazet/

Thursday, November 17, 2016

ပုသိမ်မြို့ တာဝတီသာဘုရားအလှူခံဗုံး (၃)လုံးအတွင်းမှ အလှူငွေများ ခိုးယူသူများအား ဖမ်းဆီးရမိ


The Ayeyarwaddy Times
ပုသိမ် အောက်တိုဘာ ၁၃။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း ဧ။် ကြီးကြပ်မှုဖြင့် ဒုတိယ (၆) လ မှုခင်းလျော့နည်းကျဆင်းရေး ခိုးဆိုးနှိုက်များ ပပျောက်စေရေး စီမံချက်အရ ညဥ့်နက်လှည့် ကင်းများ တိုးမြှင့်ဆောင်ရွက်နေခဲ့ရာ ပုသိမ်မြို့မရဲစခန်းလှည့် ကင်းအဖွဲ့နှင့် ပုသိမ်နယ်မြေရဲစခန်းလှည့်ကင်းအဖွဲ့တို့ ပူးပေါင်းလျက် လှည့်ကင်းဆောင်ရွက်ခဲ့ရာ (၁၃.၁၁.၂၀၁၆) ရက်
နေ့ ည (၀၂ ၀၀ ) အချိန် အထက(၂) ဘေးလမ်းတွင်မသင်္ကာ
ဖွယ် လူငယ်(၂) ဦးဖြစ်သော ညီညီထွန်း ၁၅ နှစ် နှင့် ပြည့်ကိုကို ၁၅ နှစ် တို့အား ကြွတ်ကြွတ်အိတ်အတွင်း ငွေစက္ကူ အ
ကြွေ အတန်မျိုးစုံဖြင့် စုစုပေါင်း ၈၇၄၀၀ ကျပ်အား တွေ့ရှိသိမ်း ဆည်းပြီး အမှုဖွင့်အရေးယူစစ်ဆေးခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်အရ တရားခံနှစ်ဦးသည့် ယင်းနေ့ည (၁၁၃၀) အချိန်ခန့်က နှစ်ယောက်အတူ ပုသိမ်မြို့ တာဝတီသာ ဘုရားဝန်းအတွင်းရှိ သော့ခတ်ထားသည့် သံပန်းတံခါး အား ဟ လျှက် အတွင်းရှိ အလှူခံဗုံး (၃) ဗုံးမှ မှန်များအား ရိုက်ခွဲ လျက် အတွင်းမှ အလှူငွေများ ခိုးယူထွက်ပြေးလာစဉ် လှည်ကင်းရဲတပ်ဖွဲ့နှင့် တွေဆုံဖမ်းဆီး ခံရခြင်း ဖြစ်ပါသည်။
တရားခံများအား ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ပါ
ကြောင်း ပုသိမ်သူ/သားများအား သိစေအပ်ပါသည်။
The Ayeyarwaddy Times







🏍🏍

ရဲဇာနည်


ဆိုင်ကယ်ခိုးယူသူအား အမှုဖွင့်အရေးယူထား
နေပြည်တော်၊ နိုဝင်ဘာ ၁၇
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ထင်းကွင်းကျေးရွာနေ ကိုကိုမောင်(၂၁)နှစ်သည် သူငယ်ချင်းဖြစ်သူများနှင့်အတူ ဆိုင်ကယ်(၂)စီးဖြင့် ကျိုက်လတ်မြို့၊ (၃)ရပ်ကွက်၊ (၅)လမ်းရှိ စတိတ်ရှိုးပွဲသို့ သွားရောက်ကြည့်ရှုခဲ့ရာ ၎င်းတို့စီးနင်းလာသော ဆိုင်ကယ် (၂)စီးအား "လက်ကီး"လျှပ်စစ်ပစ္စည်းဆိုင်ရှေ့တွင် ရပ်ထားခဲ့ပြီး ပွဲကြည့်နေခဲ့သည်။ ၎င်းနောက် ကိုကိုမောင်မှ ည ၉ နာရီအချိန်ခန့်တွင် ဆိုင်ကယ်အား သွားရောက် ကြည့်ရှုရာ ၎င်းစီးနင်းလာသည့် ကန်ဒါ125 အပြာရောင်ဆိုင်ကယ်မှာ ပျောက်ဆုံးသွားခဲ့သဖြင့် အနီးပတ်ဝန်းကျင်အား လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် နေအိမ်သို့ပြန်လာခဲ့ကာ နောက်ရက်များတွင် ထပ်မံစုံစမ်းခဲ့ရာ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန် ကျိုက်လတ်မြို့၊ မြတ်မုန့်ဆိုင်တွင် မုန့်ဝယ်နေသည့် ကြံခင်းကျေးရွာနေ သက်ပိုင်(၁၅)နှစ်အား ၎င်းပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့် အတူ တွေ့ရှိရသဖြင့် သက်ပိုင် အား ကျိုက်လတ်မြို့မရဲစခန်း(ပ)၂၈၁/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၉(ဆိုင်ကယ်)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အမေသားဆီကို ပြန်လာခဲ့မလား (ကြည့်သူတိုင်းမျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့သီချင်းလေးတစ်ပုဒ်)



အမေသားဆီကို ပြန်လာခဲ့မလား
(ကြည့်သူတိုင်းမျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတဲ့သီချင်းလေးတစ်ပုဒ်)
"မျက်ရည်ခိုင်မှကြည့်ပါ"
အဆိုတော်ဂရေဟန်မိသားစု သွားရောက်ခဲ့တဲ့ တောင်ကြီးမြို့ မိဘမဲ့ဂေဟာက ကလေးတစ်ယောက်ရဲ့ ရင်နှင့်အမျှခံစားချက် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။
🎵🎶 မေမေ သားမျက်ရည်ကို သုတ်ပေးအုံးလေ🎵🎶
Credit - Pan Yaung Chel

အမျိုးသမီးဆိုင်းပညာရှင် မြင်းခြံခင်သိန်းအေးရဲ့လက်သံ





အမျိုးသမီးဆိုင်းပညာရှင် မြင်းခြံခင်သိန်းအေးရဲ့လက်သံ

အပျိုကြီးမမ နှင့် ခရီးသွားခြင်း




အပျိုကြီးမမ နှင့် ခရီးသွားခြင်း

ကျောက်ပန်းတောင်းကသူခိုး CCTV မှတ်တမ်း




ကျောက်ပန်းတောင်းကသူခိုး CCTV မှတ်တမ်း

တန်ဆောင်မုန်းလပြည့်ည၊ကျောက်ပန်းတောင်း၊ထူးဝင့်ထည်ဆိုင်ရှေ့ CCTV မှတ်တမ်း





တန်ဆောင်မုန်းလပြည့်ည၊ကျောက်ပန်းတောင်း၊ထူးဝင့်ထည်ဆိုင်ရှေ့ CCTV မှတ်တမ်း

ကျွမ်းကျင်မှုမရှိဘဲ ကားမောင်းနေသည်ဟု သတင်းပေးတိုင်ကြားသဖြင့် သွားရောက်ဖမ်းဆီရာမှ ပုသိမ်တွင် ကားသူခိုးတစ်ဦးကို ဖမ်းဆီးရမိ


ပုသိမ်၊ နိုဝင်ဘာ ၁၇၊ ၂၀၁၆ ခုနှစ်။

ပုသိမ်မြို့ဘူတာအနီးတွင် ကားတစ်စီးကိုကျွမ်းကျင်မှုမရှိဘဲ မောင်းနှင်နေကြောင်း ရပ်ကွက်နေသူတို့ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ကားခိုးလာသူတစ်ဦးအား ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၁၇ ရက်နေ့ကနံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွါးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။

ပုသိမ်မြို့နယ်၊ချောင်းသာကျေးရွာနေ ကျော်စွာ(ခ)ရခိုင်ဆိုသူသည် လမ်းဘေးတွင်ရပ်ထားသော LIFAN အမျိုးအစား အပြာရောင်ယာဉ်ကို သော့တံမပါဘဲ မောင်းနှင်လာသည့် အပြင်ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတရာ မပြနိုင်သည့်အပြင် ကားကိုကျွမ်းကျင်မှုမရှိဘဲမောင်းနှင်နေသဖြင့် ရဲစခန်းသို့ခေါ်ယူစစ်ဆေးရာမှ ကားခိုးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းထွန်းကပြောသည်။

aကျာ်စွာ(ခ)ရခိုင်သည် ချောင်းသာကျေးရွာမှလာရောက်ပြီး ပုသိမ်မြို့၊စဉ်အိုးဖိုရပ်ကွက်ရှိ ကားကိုကတ်ကြေး ဖြင့် သော့ဖွင့်ကာခိုးယူ ခြင်းဖြစ်ပြီး ခိုးယူပြီးနောက်ယာဉ်တိုက်မှုတစ်စုံတရာမရှိဘဲ မောင်းနှင်နေစဉ် မသင်္ကာသည့် ဒေသခံများမှ ရဲလာနေပြီဟု ဟစ်အော်သဖြင့် ကားပေါ်မှဆင်းပြေးကာ အနီးရှိဘုန်းကြီးကျောင်း အတွင်းသို့ ၀င်ရောက်ထွက်ပြေးရာမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်အမေရဲ့ အိမ်ရှေ့မှာကားကို ညအိပ်ရပ်နေကျပါ၊ ဒီမနက်ကျတော့ကားကို မတွေ့ရလို့ စုံးစမ်းတာမှာ အသိတစ်ယောက်က ဘူတာနားမှာတွေ့တယ်အကြောင်းကြားတာနဲ့ ယာဉ်ထိန်းကိုအရင်လှမ်းတိုင်ပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာပါ”ဟုခိုးယူခံခဲ့ရသည့် LIFAN အမျိုးအစား အပြာရောင်ကားပိုင်ရှင်ဖြစ်သူကပြောသည်။

jဖစ်စဉ်အရ LIFAN အမျိုးအစား အပြာရောင်အုတ်၊သဲ၊ကျောက်သယ်သည့် ကားခိုးယူခဲ့သူ ကျော်စွာ(ခ)ရခိုင်အား ပုသိမ်မြို့မှရဲစခန်းမှ (ပ)၅၁၀ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ဓါတ်ပုံ The Ayeyarwaddy Times
Ayeyarwaddy Times
https://www.facebook.com/ayetimes

ချောင်းသာမှ ပုသိမ်မြို့သို့ ကား လာရောက်ခိုးယူသူအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း ၏ညွန်ကြားချက်အရ ဒုတိယ (၆) လမှုခင်းလျော့နည်းကျဆင်းရေးနှင့် ခိုး/ဆိုး/နှိုက်များ ဖမ်းဆီးရမိရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလျက်ရှိရာ
ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပုသိမ်နယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းထှောက်လှမ်းနေခဲ့ရာ (၁၇.၁၁.၂၀၁၆) ရက်နေ့ (၀၉၀၀) အချိန်ခန့်က ပုသိမ်မြို့ ဘူတာဈေးအနီး
လမ်းပေါ်တွင်Faw ကားတစ်စီးအား ယာဉ်မောင်းဖြစ်သူမှကျွမ်းကျင်မှုမရှိပဲ မောင်းနှင်နေကြောင်းသတင်းအရ သက်သေများဖြစ် စစ်ဆေးခဲ့ရာ ကျော်စွာ ၂၇ နှစ် ချောင်းသာမြို့နေသူမှ ကားအား သော့မပါပဲ
 မောင်းနှင်လာကြောင်း တွေ့ရှိရသဖြင့် သိမ်းဆည်းဖမ်းဆီး အမှုဖွင့်အရေးယူခဲ့။

တရားခံအား စစ်ဆေးခဲ့ရာ ၄င်းသည်ချောင်းသာမှ ပုသိမ်သို့လာရောက်ပြီး ည (၁) နာရီခန့် ပုသိမ်မြို့အမှတ် (၁) ရပ်ကွက် ကမ်းနားလမ်း ဆားစက်များရှေ့ လမ်းပေါ်တွင် ရပ်ထားFaw ကားအား ခိုးယူခဲ့ပြီး ချောင်းသာသို့ မောင်းနှင်ကာ ချောင်းသား အနီးဝန်ကျင်တော အတွင်း လုပ်ကိုင်စားသောက်ရန် ဟုဆိုကာ
 မောင်းနှင်လာစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်။

ရဲတပ်ဖွဲ့ ပျောက်ဆုံးသည့် ကားပိုင်ရှင်အား အကြောင်းကြား ဆက်သွယ်ခဲ့ပြီး ယာဉ်ပိုင်ရှင်မှာ ပျောက်ဆုံးသည်မှာ မှန်ကန် ကြောင်းနှင့် ကားတန်ဘိုးမှာ အသစ်လျှင် ကျပ်သိန်း (၁၄၀) ခန့်ရှိပြီး ယခုအဟောင်းမှာ
သိန်း(၈၀) ခန့်တန်ကြောင်း စုံစမ်း သိရှိရကြောင်းနှင့် ကားပျောက်ဆုံးမှုအား အချိန်မှီဖော်ထုတ်
နိုင်ခဲ့ပါကြောင်း။

ပုသိမ်သူ/သားများအား သိစေအပ်ပါသည်။

Zaw Min Tun