Latest News

Monday, October 10, 2016

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်အမတ် လူမှုရေးပြဿနာတက်


မန္တလေးမြို့ ဟိုတယ် တစ်ခုတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူသည် အမျိုးသမီးတစ်ဦးနှင့်အတူ တည်းခိုနေ၍ လိုက်ပါစုံစမ်းစစ်ဆေးပေးရန် ဇနီးဖြစ်သူက အမှတ်(၉)နယ် မြေရဲတပ်ဖွဲ့စခန်းတွင် လာရောက် တိုင်တန်းမှုဖြစ်ပွားကြောင်း သ တင်းရရှိသည်။
အောက်တိုဘာ ၉ ရက် ည ၁၁ နာရီခန့်က မဟာအောင်မြေ မြို့နယ်ရှိ နဒီမြန်မာဟိုတယ်သို့ ဇနီးဖြစ်သူအပါအ၀င် ရဲတပ်ဖွဲ့ ၀င် ငါးဦးကသွားရောက်စစ်ဆေးခဲ့ ရာ ဒေါက်တာစိုးမိုးသူနှင့် အမျိုး သမီးတစ်ဦး တည်းခိုနေသည်ကို တွေ့ရှိပြီးနောက် စခန်းတွင်ရှင်း လင်းရန် ခေါ်ဆောင်လာခဲ့ကြောင်း အမှတ် (၉)နယ်မြေရဲတပ်ဖွဲ့စခန်း မှ စုံစမ်းသိရသည်။

‘‘လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဋ္ဌပါမှ ဖမ်းဆီးလို့ရမှာဖြစ်တဲ့အတွက် အချင်းချင်းညှိနှိုင်းကြတယ်။ ဘာတွေညှိနှိုင်းတယ်ဆိုတာတော့ မသိရဘူး။ သူ့ရဲ့ဇနီးကလည်း အခုအချိန်မှာ အမှုမဖွင့်ချင်သေးဘူး။ စစ်ချက်နဲ့ တိုင်ကြားတာတွေတော့ စခန်းမှာရှိနိုင်မယ်။ သတင်းကြားလို့ စောင့်နေတယ်။ နောက်ဆုံးမှာ တံတားဦး လွှတ်တော်ကိုယ်စားလှယ်ကနေ လာခေါ်သွားတယ်’’ဟု အဆိုပါဖြစ်စဉ် ဖြစ်ပွားနေချိန်တွင် ရောက်ရှိနေသည့် မန္တလေးမြို့ခံသတင်းထောက်တစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ် အမှတ် (၉)နယ်မြေရဲတပ်ဖွဲ့စခန်းရှိ စခန်း မှူး ဒုရဲမှူးကျော်သာဦးသို့ ဆက် သွယ်မေးမြန်းရာ အမှုဖွင့်တိုင် ကြားမှုမရှိသေးကြောင်း၊ ပြဿနာတစ်စုံတစ်ရာဖြစ်မည်စိုး၍ လှည့်ကင်းရဲတပ်ဖွဲ့ဝင်အချို့ လိုက်သွားခဲ့ကြောင်း ပြောသည်။

‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားတော့ မကြားသေးဘူး။ မန္တလေးမှာဖြစ်ခဲ့တာဆိုတော့ ပါတီကတာဝန်ပေးလာရင် စုံစမ်းစစ်ဆေးတာတွေ လုပ်ပေးရမှာပါ’’ဟုမန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ထွဋ်ဦးကအောက်တိုဘာ ၉ ရက် ညနေ ၄ နာရီခန့်တွင် 7Day Daily အား ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အတွင်း ရေးမှူး
 ဒေါက်တာတင်မင်းထွဋ်ထံ သို့ ဆက်သွယ်မေးမြန်းရာတွင် လည်း အဆိုပါဖြစ်စဉ်ကို သိရှိ ခြင်း
မရှိသေးကြောင်း၊ စည်းကမ်း ထိန်းသိမ်းရေးကသာ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ဖြေ ကြားခဲ့
သည်။
နေပြည်တော် စည်ပင်ဧည့် ရိပ်သာဝင်းရှိ ယူနီစန် စားသောက် ဆိုင်တွင် အောက်တိုဘာ ၉ ရက် က ကျင်းပခဲ့သည့် ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ လစဉ် ပုံမှန် အစည်းအဝေးအပြီးတွင် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်ကို သတင်းထောက်များက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာလူငယ်ခေါင်းဆောင် ဒေါက်တာစိုးမိုးသူဖြစ်စဉ်နှင့် ရွှေပြည်သာအမတ်တို့၏ ဖြစ်စဉ်များသည် ဥပဒေအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး ၀င်ရောက်စွက်ဖက်မည်မဟုတ်ဟု ပြောခဲ့ကြောင်း DVB သတင်းဌာနက ဖော်ပြသည်။
‘‘ရွှေပြည်သာကိစ္စလည်း တရားဥပဒေအတိုင်းပဲ။ မန္တလေး မှာဖြစ်တဲ့ ဒေါက်တာစိုးမိုးသူကိစ္စ ဒါလည်း ဥပဒေအတိုင်းပဲ ဘာမှ ၀င်မစွက်ဖက်ဘူး’’ဟု ပြောသည်။
============
7Day News Journal
ဓါတ်ပုံများကို Lwin Pyin ဘလောဂ်မှ ကူးယူဖေါ်ပြပါသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလက ပါတီအောင်နိုင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဒေါက်တာစိုးမိုးသူရဲ့ မြင်းကွင်းတွေဖြစ်ပါတယ်။






No comments:

Post a Comment