Latest News

Thursday, November 17, 2016

ပုသိမ်မြို့ တာဝတီသာဘုရားအလှူခံဗုံး (၃)လုံးအတွင်းမှ အလှူငွေများ ခိုးယူသူများအား ဖမ်းဆီးရမိ


The Ayeyarwaddy Times
ပုသိမ် အောက်တိုဘာ ၁၃။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း ဧ။် ကြီးကြပ်မှုဖြင့် ဒုတိယ (၆) လ မှုခင်းလျော့နည်းကျဆင်းရေး ခိုးဆိုးနှိုက်များ ပပျောက်စေရေး စီမံချက်အရ ညဥ့်နက်လှည့် ကင်းများ တိုးမြှင့်ဆောင်ရွက်နေခဲ့ရာ ပုသိမ်မြို့မရဲစခန်းလှည့် ကင်းအဖွဲ့နှင့် ပုသိမ်နယ်မြေရဲစခန်းလှည့်ကင်းအဖွဲ့တို့ ပူးပေါင်းလျက် လှည့်ကင်းဆောင်ရွက်ခဲ့ရာ (၁၃.၁၁.၂၀၁၆) ရက်
နေ့ ည (၀၂ ၀၀ ) အချိန် အထက(၂) ဘေးလမ်းတွင်မသင်္ကာ
ဖွယ် လူငယ်(၂) ဦးဖြစ်သော ညီညီထွန်း ၁၅ နှစ် နှင့် ပြည့်ကိုကို ၁၅ နှစ် တို့အား ကြွတ်ကြွတ်အိတ်အတွင်း ငွေစက္ကူ အ
ကြွေ အတန်မျိုးစုံဖြင့် စုစုပေါင်း ၈၇၄၀၀ ကျပ်အား တွေ့ရှိသိမ်း ဆည်းပြီး အမှုဖွင့်အရေးယူစစ်ဆေးခဲ့ပါသည်။
စစ်ဆေးဖော်ထုတ်ချက်အရ တရားခံနှစ်ဦးသည့် ယင်းနေ့ည (၁၁၃၀) အချိန်ခန့်က နှစ်ယောက်အတူ ပုသိမ်မြို့ တာဝတီသာ ဘုရားဝန်းအတွင်းရှိ သော့ခတ်ထားသည့် သံပန်းတံခါး အား ဟ လျှက် အတွင်းရှိ အလှူခံဗုံး (၃) ဗုံးမှ မှန်များအား ရိုက်ခွဲ လျက် အတွင်းမှ အလှူငွေများ ခိုးယူထွက်ပြေးလာစဉ် လှည်ကင်းရဲတပ်ဖွဲ့နှင့် တွေဆုံဖမ်းဆီး ခံရခြင်း ဖြစ်ပါသည်။
တရားခံများအား ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ပါ
ကြောင်း ပုသိမ်သူ/သားများအား သိစေအပ်ပါသည်။
The Ayeyarwaddy Times





No comments:

Post a Comment