Latest News

Saturday, November 19, 2016

ဓနုဖြူမြို့ အနီး Light Ace ယာဉ် လမ်းဘေးသစ်ပင်အား တိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များ ဒဏ်ရာရ

အရှိန်မထိန်းနိုင်သောကား လမ်းဘေးသစ်ပင်အားတိုက်မိ၍ ယာဉ်မောင်းနှင့် ခရီးသည်များဒဏ်ရာရ
နေပြည်တော်၊ နိုဝင်ဘာ ၁၉

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့၊ ဟင်္သာတ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၈/၃-၄)ကြား၌ ရန်ကုန်ဘက်သို့ တောင်ဒဂုံမြို့နယ်နေ အောင်ဇော်ဖြိုး(၂၉)နှစ်မောင်းနှင်လာသည့် 3M/×××× Light Ace အပြာရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အား တိုက်မိ၍ တိမ်းမှောက်ခဲ့ကြောင်း သိရပါသည်။

 ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ဒလမြို့နယ်နေ မရတနာဝင်း(၃၅)နှစ်ပါ (၉)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် အောင်ဇော်ဖြိုးအား ဓနုဖြူမြို့မရဲစခန်းယာဉ်(ပ)၅၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment