ကျောင်းကုန်း၊ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် စည်ပင်သာယာရေးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးအောင်အောင်မှ ရွေးချယ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်မှ ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့သည်။
ကြီးကြပ်ရေးအဖွဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းမှ လှို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ် မည်ဖြစ်ကြောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းထမ်းဆောင်မည့် သူကိုသာ ရွေးချယ် ပေးကြစေလိုေ ကြာင်း ပြောကြားခဲ့သည်။
ထို့နောက် ကော်မတီဝင်လောင်း (၁၅) ဦးမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ကော်မတီဝင် သုံးဦးအား မဲပေး ရွေးချယ်ခဲ့ကြပြီး၊ လက်ထောက်အင်ဂျင်နီယာ ဦးသီဟဝင်းမှ မဲရေတွက်ခဲ့ရာ မဲအများဆုံးရရှိသူ ဦးခင်အောင် ဆွေ၊ ဦးဝင်းမြင့်နှင့် ဦးမင်းဦး တို့သုံးဦး ရွေးချယ်ခဲ့သည်။ ဆက်လက်၍ ကြီးကြပ်သူအဖွဲ့နှင့် ၄င်းတို့သုံးဦးမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ထပ်မံရွေးချယ်ခဲ့ကြရာ ဦးခင်အောင်ဆွေက ဥက္ကဌ နှင့်အဖွဲ့ဝင်နှစ်ဦး အတည်ပြု ရွေးချယ်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စခင်ဇော်လင်း၊ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်း၊ စည်ပင်အမှုဆောင်အရာရှိ ဦးအောင်အောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)
Monday, November 21, 2016
ကျောင်းကုန်းမြို့တွင် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ပွဲကျင်းပ
ကျောင်းကုန်းမြို့တွင် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ပွဲကျင်းပ
Reviewed by timeayeyar
on
8:47 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment