Latest News

Thursday, November 17, 2016

ကျွမ်းကျင်မှုမရှိဘဲ ကားမောင်းနေသည်ဟု သတင်းပေးတိုင်ကြားသဖြင့် သွားရောက်ဖမ်းဆီရာမှ ပုသိမ်တွင် ကားသူခိုးတစ်ဦးကို ဖမ်းဆီးရမိ


ပုသိမ်၊ နိုဝင်ဘာ ၁၇၊ ၂၀၁၆ ခုနှစ်။

ပုသိမ်မြို့ဘူတာအနီးတွင် ကားတစ်စီးကိုကျွမ်းကျင်မှုမရှိဘဲ မောင်းနှင်နေကြောင်း ရပ်ကွက်နေသူတို့ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ကားခိုးလာသူတစ်ဦးအား ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၁၇ ရက်နေ့ကနံနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွါးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။

ပုသိမ်မြို့နယ်၊ချောင်းသာကျေးရွာနေ ကျော်စွာ(ခ)ရခိုင်ဆိုသူသည် လမ်းဘေးတွင်ရပ်ထားသော LIFAN အမျိုးအစား အပြာရောင်ယာဉ်ကို သော့တံမပါဘဲ မောင်းနှင်လာသည့် အပြင်ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတရာ မပြနိုင်သည့်အပြင် ကားကိုကျွမ်းကျင်မှုမရှိဘဲမောင်းနှင်နေသဖြင့် ရဲစခန်းသို့ခေါ်ယူစစ်ဆေးရာမှ ကားခိုးမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းထွန်းကပြောသည်။

aကျာ်စွာ(ခ)ရခိုင်သည် ချောင်းသာကျေးရွာမှလာရောက်ပြီး ပုသိမ်မြို့၊စဉ်အိုးဖိုရပ်ကွက်ရှိ ကားကိုကတ်ကြေး ဖြင့် သော့ဖွင့်ကာခိုးယူ ခြင်းဖြစ်ပြီး ခိုးယူပြီးနောက်ယာဉ်တိုက်မှုတစ်စုံတရာမရှိဘဲ မောင်းနှင်နေစဉ် မသင်္ကာသည့် ဒေသခံများမှ ရဲလာနေပြီဟု ဟစ်အော်သဖြင့် ကားပေါ်မှဆင်းပြေးကာ အနီးရှိဘုန်းကြီးကျောင်း အတွင်းသို့ ၀င်ရောက်ထွက်ပြေးရာမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်အမေရဲ့ အိမ်ရှေ့မှာကားကို ညအိပ်ရပ်နေကျပါ၊ ဒီမနက်ကျတော့ကားကို မတွေ့ရလို့ စုံးစမ်းတာမှာ အသိတစ်ယောက်က ဘူတာနားမှာတွေ့တယ်အကြောင်းကြားတာနဲ့ ယာဉ်ထိန်းကိုအရင်လှမ်းတိုင်ပြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာပါ”ဟုခိုးယူခံခဲ့ရသည့် LIFAN အမျိုးအစား အပြာရောင်ကားပိုင်ရှင်ဖြစ်သူကပြောသည်။

jဖစ်စဉ်အရ LIFAN အမျိုးအစား အပြာရောင်အုတ်၊သဲ၊ကျောက်သယ်သည့် ကားခိုးယူခဲ့သူ ကျော်စွာ(ခ)ရခိုင်အား ပုသိမ်မြို့မှရဲစခန်းမှ (ပ)၅၁၀ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ဓါတ်ပုံ The Ayeyarwaddy Times
Ayeyarwaddy Times
https://www.facebook.com/ayetimes

No comments:

Post a Comment