Tuesday, November 22, 2016
ဧရာဝတီတိုင်းသား ဂန္တ၀င်အဆိုတော် ဟင်္သာတထွန်းရင်ကို မနက်ဖြန်သဂြိုလ်မည်
The Ayeyarwaddy Times
နိုဝင်ဘာ ၂၂ (ရန်ကုန်)
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတနယ်သား မြန်မာသံစဉ်အဆိုတော် ဟင်္သာတထွန်းရင်သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၄:၄၅ မိနစ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ၎င်း၏ ရုပ်ကလာပ်အား
မနက်ဖြန် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရေဝေးသုသာန်တွင် ဂူသွင်း သဂြိုလ်မည်ဖြစ်ကြောင်း ကျန်ရစ်မိသားစုများထံမှ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၇နှစ်ရှိပြီး ဓာတ်ပြားခေတ်မှ ယနေ့ထိတိုင် တောရောမြို့ပါမကျန် လူကြိုက်များသည့် တေးရေးတေးဆို အနုပညာရှင်တစ်ဦးဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်စီစီစိန်နှင့် သားသမီး၅ဦးကျန်ရစ်ပြီး ၊ ဇနီး ဒေါ်စီစီစိန်မှာ ဇာတ်မင်းသားကြီး ဦးစိန်အောင်မင်း၏ သမီးဖြစ်သည်။
သူသီဆိုခဲ့သော ချစ်ပုပ္ပါး ၊ စာဥ ၊ စက္ကန့်လေးတွေ စိန်စီထားမယ် ၊ အမေနဲ့ရွာကိုလွမ်းတယ် ၊ လူမနေတဲ့အိမ်ကလေး ၊ အသဲနုသည် ဖြေးဖြေးမုန်း စသည့်သီချင်းများဖြင့် လူကြိုက်များခဲ့သည်။
ဗိုလ်ချုပ်ကို ဂုဏ်ပြုသီဆိုထားသော " နတ်မောက်က တောက်ခေါက်သံ " တေးအယ်လ်ဘမ်သည်လည်း လူသိများခဲ့သည်။
Ayeyarwaddy Times
ဧရာဝတီတိုင်းသား ဂန္တ၀င်အဆိုတော် ဟင်္သာတထွန်းရင်ကို မနက်ဖြန်သဂြိုလ်မည်
Reviewed by timeayeyar
on
4:22 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment