Latest News

Thursday, November 17, 2016

ချောင်းသာမှ ပုသိမ်မြို့သို့ ကား လာရောက်ခိုးယူသူအား ဖမ်းဆီးရမိ

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်း ၏ညွန်ကြားချက်အရ ဒုတိယ (၆) လမှုခင်းလျော့နည်းကျဆင်းရေးနှင့် ခိုး/ဆိုး/နှိုက်များ ဖမ်းဆီးရမိရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလျက်ရှိရာ
ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပုသိမ်နယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းစုံစမ်းထှောက်လှမ်းနေခဲ့ရာ (၁၇.၁၁.၂၀၁၆) ရက်နေ့ (၀၉၀၀) အချိန်ခန့်က ပုသိမ်မြို့ ဘူတာဈေးအနီး
လမ်းပေါ်တွင်Faw ကားတစ်စီးအား ယာဉ်မောင်းဖြစ်သူမှကျွမ်းကျင်မှုမရှိပဲ မောင်းနှင်နေကြောင်းသတင်းအရ သက်သေများဖြစ် စစ်ဆေးခဲ့ရာ ကျော်စွာ ၂၇ နှစ် ချောင်းသာမြို့နေသူမှ ကားအား သော့မပါပဲ
 မောင်းနှင်လာကြောင်း တွေ့ရှိရသဖြင့် သိမ်းဆည်းဖမ်းဆီး အမှုဖွင့်အရေးယူခဲ့။

တရားခံအား စစ်ဆေးခဲ့ရာ ၄င်းသည်ချောင်းသာမှ ပုသိမ်သို့လာရောက်ပြီး ည (၁) နာရီခန့် ပုသိမ်မြို့အမှတ် (၁) ရပ်ကွက် ကမ်းနားလမ်း ဆားစက်များရှေ့ လမ်းပေါ်တွင် ရပ်ထားFaw ကားအား ခိုးယူခဲ့ပြီး ချောင်းသာသို့ မောင်းနှင်ကာ ချောင်းသား အနီးဝန်ကျင်တော အတွင်း လုပ်ကိုင်စားသောက်ရန် ဟုဆိုကာ
 မောင်းနှင်လာစဉ် ဖမ်းဆီးခံခဲ့ခြင်းဖြစ်။

ရဲတပ်ဖွဲ့ ပျောက်ဆုံးသည့် ကားပိုင်ရှင်အား အကြောင်းကြား ဆက်သွယ်ခဲ့ပြီး ယာဉ်ပိုင်ရှင်မှာ ပျောက်ဆုံးသည်မှာ မှန်ကန် ကြောင်းနှင့် ကားတန်ဘိုးမှာ အသစ်လျှင် ကျပ်သိန်း (၁၄၀) ခန့်ရှိပြီး ယခုအဟောင်းမှာ
သိန်း(၈၀) ခန့်တန်ကြောင်း စုံစမ်း သိရှိရကြောင်းနှင့် ကားပျောက်ဆုံးမှုအား အချိန်မှီဖော်ထုတ်
နိုင်ခဲ့ပါကြောင်း။

ပုသိမ်သူ/သားများအား သိစေအပ်ပါသည်။

Zaw Min Tun






No comments:

Post a Comment