Latest News

Thursday, November 17, 2016

ဆိုင္ကယ္ခိုးယူသူအား အမႈဖြင့္အေရးယူထား


🏍🏍
ေနျပည္ေတာ္၊ နိုဝင္ဘာ ၁၇
၂၀၁၆ ခုႏွစ္၊ နိုဝင္ဘာလ ၁၅ ရက္ေန႔ ည ၈ နာရီအခ်ိန္ ဧရာဝတီတိုင္းေဒသႀကီး၊ က်ိဳက္လတ္ၿမိဳ႕နယ္၊ ထင္းကြင္းေက်းရြာေန ကိုကိုေမာင္(၂၁)ႏွစ္သည္ သူငယ္ခ်င္းျဖစ္သူမ်ားႏွင့္အတူ ဆိုင္ကယ္(၂)စီးျဖင့္ က်ိဳက္လတ္ၿမိဳ႕၊ (၃)ရပ္ကြက္၊ (၅)လမ္းရွိ စတိတ္ရွိုးပြဲသို႔ သြားေရာက္ၾကည့္ရႈခဲ့ရာ ၎တို႔စီးနင္းလာေသာ ဆိုင္ကယ္ (၂)စီးအား "လက္ကီး"လၽွပ္စစ္ပစၥည္းဆိုင္ေရွ႕တြင္ ရပ္ထားခဲ့ၿပီး ပြဲၾကည့္ေနခဲ့သည္။

၎ေနာက္ ကိုကိုေမာင္မွ ည ၉ နာရီအခ်ိန္ခန႔္တြင္ ဆိုင္ကယ္အား သြားေရာက္ ၾကည့္ရႈရာ ၎စီးနင္းလာသည့္ ကန္ဒါ125 အျပာေရာင္ဆိုင္ကယ္မွာ ေပ်ာက္ဆုံးသြားခဲ့သျဖင့္ အနီးပတ္ဝန္းက်င္အား လိုက္လံရွာေဖြခဲ့ရာ မေတြ႕ရွိသျဖင့္ ေနအိမ္သို႔ျပန္လာခဲ့ကာ ေနာက္ရက္မ်ားတြင္ ထပ္မံစုံစမ္းခဲ့ရာ နိုဝင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ က်ိဳက္လတ္ၿမိဳ႕၊ ျမတ္မုန႔္ဆိုင္တြင္ မုန႔္ဝယ္ေနသည့္ ႀကံခင္းေက်းရြာေန
သက္ပိုင္(၁၅)ႏွစ္အား ၎ေပ်ာက္ဆုံးသြားသည့္ ဆိုင္ကယ္ႏွင့္ အတူ ေတြ႕ရွိရသျဖင့္ သက္ပိုင္ အား
က်ိဳက္လတ္ၿမိဳ႕မရဲစခန္း(ပ)၂၈၁/၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၇၉(ဆိုင္ကယ္)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္


ဆိုင်ကယ်ခိုးယူသူအား အမှုဖွင့်အရေးယူထား
နေပြည်တော်၊ နိုဝင်ဘာ ၁၇
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ထင်းကွင်းကျေးရွာနေ ကိုကိုမောင်(၂၁)နှစ်သည် သူငယ်ချင်းဖြစ်သူများနှင့်အတူ ဆိုင်ကယ်(၂)စီးဖြင့် ကျိုက်လတ်မြို့၊ (၃)ရပ်ကွက်၊ (၅)လမ်းရှိ စတိတ်ရှိုးပွဲသို့ သွားရောက်ကြည့်ရှုခဲ့ရာ ၎င်းတို့စီးနင်းလာသော ဆိုင်ကယ် (၂)စီးအား "လက်ကီး"လျှပ်စစ်ပစ္စည်းဆိုင်ရှေ့တွင် ရပ်ထားခဲ့ပြီး ပွဲကြည့်နေခဲ့သည်။ ၎င်းနောက် ကိုကိုမောင်မှ ည ၉ နာရီအချိန်ခန့်တွင် ဆိုင်ကယ်အား သွားရောက် ကြည့်ရှုရာ ၎င်းစီးနင်းလာသည့် ကန်ဒါ125 အပြာရောင်ဆိုင်ကယ်မှာ ပျောက်ဆုံးသွားခဲ့သဖြင့် အနီးပတ်ဝန်းကျင်အား လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် နေအိမ်သို့ပြန်လာခဲ့ကာ နောက်ရက်များတွင် ထပ်မံစုံစမ်းခဲ့ရာ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန် ကျိုက်လတ်မြို့၊ မြတ်မုန့်ဆိုင်တွင် မုန့်ဝယ်နေသည့် ကြံခင်းကျေးရွာနေ သက်ပိုင်(၁၅)နှစ်အား ၎င်းပျောက်ဆုံးသွားသည့် ဆိုင်ကယ်နှင့် အတူ တွေ့ရှိရသဖြင့် သက်ပိုင် အား ကျိုက်လတ်မြို့မရဲစခန်း(ပ)၂၈၁/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၉(ဆိုင်ကယ်)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment