Latest News

Friday, March 31, 2017

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်၏ တစ်နှစ်တာဆောင်ရွက်ချက်များ

ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်၏ တစ်နှစ်တာဆောင်ရွက်ချက်များ


ရန်ကုန်မြို့နေ ပြည်သူလူထု၏ နေ့စဉ် အဓိကလိုအပ်ချက်များထဲမှ လမ်း၊ မီး၊ ရေ ပြည့်ပြည့်ဝဝ ကောင်းမွန်စွာ အဓိကအဆင်ပြေစေနိုင်ရေး မျှော်မှန်းထားရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည်  ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂ဝ၁၇ ခုနှစ်ထိ တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းပေါင်း ၇ဝဝ ကျော် လောက်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

စွမ်းဆောင်ကြိုးပမ်း
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ကို  စည်းကမ်းကျနပြီး နေချင်စဖွယ်  သာယာလှပဖွံ့ဖြိုးသည့် မြို့တစ်မြို့အဖြစ် ပေါ်ထွန်းလာစေရန်အတွက် စွမ်းဆောင်ကြိုးပမ်းအကောင်အထည်ဖော်လာသောကြောင့်  ယခုအချိန်တွင် အောင်မြင်လှပသောမြင်ကွင်းများအဖြစ်   သရုပ်ပေါ်လာပြီဖြစ်သည်။
ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ် တည်းမှုကို ဖြေလျှော့နိုင်ရန်အတွက် ခရီးသွား ပြည်သူများကို ပိုမိုကောင်းမွန်သော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ် YBS ကို   ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏   အပြောင်းအလဲ ကောင်းများစွာထဲမှ တစ်ခုအဖြစ် အရေးပါ လွန်းလှသည်။

ရန်ကုန်မြို့တော်အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ်ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်    နံနက်ပိုင်းမှစတင်၍ ယာဉ်လိုင်းပေါင်း ၆ဝ ဖြင့် ပြောင်းလဲဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု
ယခင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မထသ) မှ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (Yangon Bus Service  - YBS) သို့ ပြောင်းလဲခဲ့ခြင်းသည် ပြည်သူလူထုကို ဝန်ဆောင်မှုကောင်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက်  ရည်ရွယ်၍ ပြောင်းလဲခြင်းဖြစ်ပြီး ယင်းအပြောင်းအလဲသည် စနစ်အပြောင်းအလဲသာ ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ''ရန်ကုန်မှာ ဘတ်စ်ကားယာဉ်လိုင်းတွေကို မထသအဖြစ် ပြေးဆွဲလာခဲ့တဲ့ နှစ် ၅ဝ ကျော် ဆောင်ရွက်ခဲ့မှုတစ်ရပ်ကို ကျွန်တော်တို့ ရပ်ဆိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲဟာ စနစ်အပြောင်းအလဲ ဖြစ်ပါတယ်။ စနစ်ကို စတင်နိုင်ဖို့အတွက် YBS ယာဉ်လိုင်းကို စတင်ခဲ့ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာမှုကြောင့် စနစ်တစ်ရပ်လုံးဟာ သုံးရက်တာ ကာလလောက်အတွင်းမှာပဲ စနစ်တကျ ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကားသစ်ပေါင်း ၃ဝဝဝ
''အသားကျမှုတစ်ရပ်ကိုတော့ ကျွန်တော်တို့ အခုစတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကားတွေကို အဆင့်မြှင့်နိုင်ဖို့၊ ကားတွေကို GPS စနစ်နဲ့ Operator Team ကနေ ထိန်းချုပ်နိုင်ဖို့၊ တစ်ဖက်ကလည်း ဘတ်စ်ကား ပိုက်ဆံပေးတဲ့စနစ်ကို ငွေပေးကတ်နဲ့ ပေးနိုင် ဖို့ဆိုတဲ့ အခြေအနေကို ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေပါတယ်။ ကားသစ်ပေါင်း ၃ဝဝဝ လောက်ကို ဝယ်ယူဖို့ ပြင်ဆင်နေပြီဖြစ် ပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေထဲကလည်း ငွေကျပ်ဘီလီယံ ၇ဝ လောက် သုံးစွဲဖို့ ပြင်ဆင် နေပြီဖြစ်ပါတယ်။ ကားတွေက မှတ်တိုင်မှာ ဘယ်လောက်ကြာကြာရပ်တယ်၊ လမ်းမှာ ဘယ်လောက်ကြာတယ်၊ ဂိတ်စဂိတ်ဆုံးပြေးဆွဲ မှု ရှိ၊ မရှိ ဆိုတာကို Traffic Control Center  ကနေ  ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

ကားတွေရဲ့ ယာဉ်ကြောကျပ်တည်းမှုကိုလည်း ဖြေရှင်းသွားနိုင်ဖို့အတွက် တကယ့်မီးပွိုင့်စနစ်တစ်ရပ်ကိုလည်း ပြုပြင်ပြောင်းလဲပြီး ဖြစ်ပါတယ်''ဟု ပြောသည်။

YBS ယာဉ်လိုင်း စတင်ပြောင်းလဲချိန်တွင် အခက်အခဲ   အနည်းငယ်ရှိခဲ့သော်လည်း ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုများဖြင့် ယခုအချိန်တွင် ရလဒ်ကောင်းများ ခံစားရရှိ နေကြပြီဖြစ်သည်။

လက်ရှိအချိန်တွင် YBS ယာဉ်လိုင်း ပေါင်း ၈ဝ နီးပါး၊ ယာဉ်စီးရေ ၄ဝဝဝ ခန့်တို့ ဖြင့် ခရီးသွားပြည်သူ ၂ ဒသမ ၅ သန်းခန့်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

ခေတ်မီ မီးပွိုင့်များ
ရန်ကုန်မြို့တွင် နိုင်ငံတကာ အဆင့် အတန်းမီ ဘတ်စ်ကားစနစ်တစ်ရပ် ပေါ်ထွန်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်မှန်းဆောင်ရွက်ရာတွင် ခေတ်မီမီးပွိုင့် စနစ်တပ်ဆင်ရန် ၁၅၄ ပွိုင့်ကို သတ်မှတ်ထား ပြီး ၄င်းကင်မရာမှ မြို့တွင်းဝင်လာသောကား၊ ထွက်သွားသောကားများနှင့် ရန်ကုန်မြို့ လမ်းကြောအသီးသီးတွင် သွားလာနေမှု မှတ်တမ်းများ စသည်တို့ကို မှတ်တမ်းပြုစုပေးထားနိုင်မည်ဖြစ်သည်။ စည်းကမ်းမဲ့ယာဉ်များ၊ ယာဉ်ကြောကျပ်တည်းမှုများကိုလည်း ဖြေရှင်း ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရမှ ညွှန်ကြားထားသော ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းကာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။

မြို့တော်အတွင်း ရေကြီးရေလျှံမှုများ  ဖြစ်ပေါ်ခြင်းသည် မြို့နေလူထု၏ ကျန်းမာရေးအတွက် လွန်စွာအန္တရာယ်များလှသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကိုလည်း လျှော့ချ ဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။

အမှိုက်ထုပ်ကောက်သိမ်းစနစ်
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် နောက်ဖေးလမ်းကြားများ၊ ရပ်ကွက်များရှိ ရေမြောင်းများ ရေစီးရေလာမကောင်းခြင်း၊ ရေမြောင်းပိတ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက်လည်း အမှိုက်ထုပ်ကောက်သိမ်း စနစ်အား  ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခရိုင်လေးခရိုင်ရှိ ရပ်ကွက်ပေါင်း ၁ဝဝ ကျော်တွင် သိမ်းဆည်းပေးနိုင်ခဲ့သည်။

နောက်ဖေးလမ်းကြား အမှိုက်သိမ်းခြင်းကို အရှေ့ပိုင်းခရိုင်တွင် ယုဇနဥယျာဉ်အိမ်ရာ၊ အနောက်ပိုင်းခရိုင်တွင် မြို့နယ် ၇ မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၄ဝ ကျော်နှင့် လမ်းကြား ၁ဝဝ ကျော်၊ တောင်ပိုင်းခရိုင်တွင် မြို့နယ် ၄ မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂ဝ ကျော်နှင့် လမ်းကြား ၁၅ဝ ကျော်၊ မြောက်ပိုင်းခရိုင်တွင် လမ်းကြား ၁၈ဝ ကျော်တို့၌ ရေစီးရေလာ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးတို့ကို ပြုလုပ်ပေးခဲ့သည်။
''ကျွန်တော်တို့ ရန်ကုန်မြို့မှာ ယာဉ်ကြော ကျပ်တည်းမှု အခြေအနေတွေ ရှိပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် လမ်းမပေါ်မှာ ဈေးရောင်းနေတဲ့သူတွေကို စနစ်တကျ နေရာချထားရေးအစီအစဉ်တွေ ဆောင်ရွက်ခဲ့ပါတယ်။ ဈေးသည်တွေကို စမတ်ကတ်တွေ ထုတ်ပေးပြီး နေရာချထား ပေးခဲ့ပါတယ်။ ရေ၊ မီး၊ သန့်ရှင်းမှုအတွက် အိမ်သာကစပြီး စနစ်တကျ တည်ဆောက် ပေးခဲ့ပါတယ်''ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။

ဘဝအမောများပြေစေ
ပြည်သူလူထု တစ်နေ့တာ ဘဝအမောများ ပြေစေပြီး မိသားစုများနှင့် ညဈေးတန်းတွင် နားနေနိုင်စေရန် ရန်ကုန်မြို့၌ အောင်မြင်သည့် ညဈေးတန်းကြီး ပေါ်ပေါက်လာစေရန်လည်း စွမ်းဆောင်ကြိုးပမ်းနိုင်ခဲ့ကြသည်။

ကမ်းနားလမ်း၊ မဟာဗန္ဓုလပန်းခြံလမ်း၊ ဘဏ်လမ်းများ၌ ညဈေးတန်းများ ဖွင့်လှစ်ကာ တစ်မူထူးခြားသည့် မြို့ပြ၏အလှအဖြစ် ဆန်းသစ်စေခဲ့သည်ဆိုလျှင် မမှားပေ။

မိသားစုများ စိတ်လက်ချမ်းသာစွာ အနားယူနိုင်ခြင်း၊ မြို့ထဲအလုပ်ဆင်းသူများ အလွယ်တကူ ဝင်ရောက်စားသောက်နိုင်ခြင်း၊ ညဈေးတန်းရှိနေသော်လည်း လမ်းလည်း မပိတ်၊ စည်းကမ်းကျနပြီး ရောင်းချသူ၊ စားသုံးသူ၊   နှစ်ဦးနှစ်ဖက်   အေးချမ်းစွာ ရောင်းဝယ်စားသောက်နိုင်ကြသည်။
ညဈေးတန်းအဖြစ် ဖော်ဆောင်စဉ် အစ ၃ လခန့်ကို အခမဲ့ ရောင်းချခွင့်ပြုပေးခဲ့ပြီး ဈေးရောင်းချသူများအား နေရာချထားပေးရာ တွင်လည်း စမတ်ကတ်များနှင့် စနစ်တကျ ရောင်းချခွင့်ပေးခဲ့ခြင်းဖြစ်သည်။

ညဈေးတန်း
ဈေးနှုန်းသက်သာသော၊ သန့်ရှင်းသပ်ရပ် မှုရှိသော စနစ်တကျရှိလှသည့် ညဈေးတန်း အဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီး ညဈေးတန်း ပေါ်ပေါက်လာခြင်းကြောင့် ယာဉ်ကြောကျပ်တည်း ခြင်းဆိုသော အခြေအနေကိုလည်း  ကျော်လွှားအောင်မြင်ခဲ့ပြီဖြစ်သည်။

ကမ်းနားလမ်း (သခင်မြပန်းခြံလမ်းနှင့် အောင်ရတနာလမ်းကြား)၊ပုဇွန်တောင်မြို့နယ် (၅၂)လမ်းစသည့် နေရာများကိုလည်း ညဈေး တန်းများအဖြစ် ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင် ရန်လည်း စီစဉ်ဆောင်ရွက်ခဲ့သည်။

''ရန်ကုန်မြို့သူ မြို့သားတွေအတွက် ညနေပိုင်း အပန်းဖြေရာနေရာ တစ်ခုအဖြစ်နဲ့ ဖြစ်လာခဲ့ပါတယ်။ ကုန်သေတ္တာတင်ယာဉ်တွေကို ညဘက်မှာ ထွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။ ဒီအခြေအနေဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို  အထောက် အကူပြုမယ့် နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရန်ကုန်ရဲ့ ဆိပ်ကမ်းတွေ တည်ရှိရာ နေရာကနေ ရေကြောင်းလမ်းကသာ သယ်ယူမယ်ဆိုရင် စရိတ်စကလည်း ပိုပြီးသက်သာနိုင်ပါတယ်။ ခရီးမိုင်အားဖြင့်လည်း ပိုပြီးတိုသွားနိုင်ပါတယ်။ အစပိုင်းအပြောင်းအလဲ တစ်ရပ်မှာတော့ အခက်အခဲ ရှိကောင်းရှိနိုင်ပေမယ့် အခုအချိန်မှာတော့ အောင်မြင်မှုရလဒ်တွေ ကျွန်တော်တို့ ရနေပြီ ဖြစ်ပါတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

အာရှနိုင်ငံများအချင်းချင်း ပိုမိုချစ်ကြည် ရင်းနှီးမှုတို့ကို ဖော်ဆောင်ပေါ်လွင်စေသည့် ရန်ကုန်မြို့နှင့်  ဂျပန်နိုင်ငံ  ဖူကူအိုကာမြို့၊ ရန်ကုန်မြို့နှင့် ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်မြို့များနှင့် ညီအစ်မမြို့တော် (Sister City) စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပြီး လှပသောမော်ကွန်းသစ်အဖြစ် ကမ္ပည်းတင်နိုင်ခဲ့ကြသည်။

သည်လိုဆောင်ရွက်နိုင်ခြင်းက နှစ်ဖက်မြို့တော်များမှ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများ အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ လည်ပတ်နိုင်ခြင်း၊ သတင်းအချက်အလက်၊ ယဉ်ကျေးမှုအနုပညာများ အပြန်အလှန် ဖလှယ်မြှင့်တင်နိုင်ခြင်း၊ လူငယ်ရေးရာ၊ အားကစားရေးရာ၊ သိပ္ပံနှင့် နည်းပညာစသည့်  နယ်ပယ်များတွင် အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ခြင်း စသည့်  အကျိုးရလဒ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

ဂုဏ်ယူစရာ
ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှု (၅၅)နှစ်မြောက်အထိမ်းအမှတ် ''မင်္ဂလာပါ'' ပွဲတော်ကြီး ကျင်းပနိုင်ခဲ့ခြင်းကလည်း ဂုဏ်ယူ စရာပင်ဖြစ်သည်။

''မင်္ဂလာပါ'' ယဉ်ကျေးမှုပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ ပူးပေါင်းစီစဉ် ခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မြဲမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများ ပြယုဂ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

ပွဲတော်ကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ  ၄ ရက်အထိ   သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ပွဲတော်ကာလအတွင်း  စီတန်းလှည့်လည်ပြသပွဲများ၊ ဆက်ကပ်ပြပွဲများ၊ Street Art ရေးဆွဲ ဖန်တီးမှုများ စသည်တို့နှင့်အတူ ဝါး၊  ကြိမ် တို့ဖြင့် ပြုလုပ်ထားသော အရုပ်နှစ်ရုပ်တို့ဖြင့် ရန်ကုန်မြို့တွင် လှည့်လည်လမ်းလျှောက်ပြသမှုများ ပါဝင်လျက် ပြည်သူလူထုများစွာ ပျော်ရွှင်စေခဲ့သည့် ပြင်သစ်-မြန်မာ နှစ်နိုင်ငံကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှု (၅၅)နှစ် မြောက် အထိမ်းအမှတ်အဖြစ် အစိုးရသစ်ကာလ လုပ်ဆောင်ချက်အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ပန်းခြံများ အဆင့်မြှင့်
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အစဉ်အမြဲ စိမ်းလန်း စိုပြည် လှပနေစေရေးနှင့် မြို့တော်နေပြည်သူများ အပန်းဖြေစိတ်လက်ရွှင်သာစွာ ကျန်းမာရေးလိုက်စား အားကစားဆောင်ရွက် နိုင်ရန်အတွက် ပန်းခြံများ အဆင့်မြှင့်တင်ခြင်း၊ အားကစားကွင်းများ အသစ်တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

အားကစားကွင်း ကိုးကွင်း အသစ်တည် ဆောက်ခြင်း၊ ပန်းခြံ နှစ်ခြံအား အဆင့်မြှင့် တင်ခြင်းများကို မြို့နေပြည်သူများအတွက် ဆောင်ရွက်လျက်ရှိပြီး ယခုလို ဆောင်ရွက် နိုင်ခြင်းသည်  အများပြည်သူအတွက် ပညာပေးအခမ်းအနားများ၊ အပန်းဖြေပွဲများ၊ စာပေပွဲတော်များ စသည်ဖြင့် ကျင်းပနိုင်မည့် အကျိုးများကို ရရှိစေမည်ဖြစ်သည်။

ယခုလို ဆောင်ရွက်ရာတွင်  မြို့နယ်ရပ်ကွက်အလိုက် တစ်ရပ်ကွက်လျှင်အားကစားကွင်းတစ်ကွင်း တည်ဆောက်ပေးနိုင်ရေး စီမံချက်ဖြင့် မြေလွတ်မြေလပ်ရှိသော နေရာများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုမိန့်၊ ကြီးကြပ်မှုများဖြင့် အားကစားကွင်းအသစ် ရှာဖွေတည်ဆောက် ပေးနေသည်။

မှတ်တမ်းပြုစရာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုများဖြင့် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် နှစ် (၇ဝ)မြောက် ပြည်ထောင်စုနေ့အခမ်းအနားများ ကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်း များကလည်း မှတ်တမ်းပြုစရာများဖြစ်သည်။

အခမ်းအနားများကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီ  ရှစ်ခု ဖွဲ့စည်းကာ တာဝန်ပေးအပ်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်က နာယကအဖြစ်ဦးဆောင်ပြီး ထိုနေရာများတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်းပခြင်းမရှိခဲ့သည့် နိုင်ငံတော်အခမ်းအနားများကို    စည်ကား သိုက်မြိုက်စွာ     ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်သည် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် မရှိမဖြစ် အရေးကြီးလှသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း နှစ်စဉ်ဓာတ်အား သုံးစွဲမှုမှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲ လျက်ရှိကြောင်း နှစ်စဉ် ဓာတ်အားသုံးစွဲမှု မှတ်တမ်းများအရ သိရသည်။

ဆန်းစစ်မှုများ ပြုလုပ်
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ ရရှိနိုင်စေရန် ဆန်းစစ်မှုများ ပြုလုပ်ကာ ပိုမိုအဆင်ပြေစေရေး လျှပ်စစ်မီးကို လိုသလောက် သုံးနိုင်ရေး၊ ပြည့်ဝသည့် လျှပ်စစ်မီးရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း Master Plan တစ်ခု ဆောင်ရွက်လျက်ရှိသည်။

တိုးတက်သုံးစွဲလာမည့် ဓာတ်အားများ အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးအတွင်း၌ရှိသည့် ဓာတ်အားခွဲရုံများ၏ လက်ရှိဝန်အားများ တိုးချဲ့ တည်ဆောက် ခြင်း၊ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများ အသစ်တိုးချဲ့ တပ်ဆင်ခြင်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရှည်လျား/ရှုပ်ထွေး ဆားဗစ်ကြိုးများ  ရှင်းလင်းခြင်းစသည့်   လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြို့နယ်၊  ဒလမြို့နယ်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်စသည့်  မြို့နယ် လေးမြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရှည်လျား/ရှုပ်ထွေး ဆားဗစ်ကြိုး ရှင်းလင်းခြင်းလုပ်ငန်းများကို  ပထမအဆင့် ဦးစားပေးဆောင်ရွက်ခဲ့ပြီး ကျန်မြို့နယ်များတွင်လည်း ပြည်သူပါဝင်သော လုပ်ငန်းအဖြစ် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ စုစုပေါင်း ရှည်လျား/ရှုပ်ထွေး ဆားဗစ်ရှင်းလင်းရမည့်နေရာ ၁၁၉၁ နေရာ ရှိသည့်အနက်  ၄၆၇  နေရာရှိ   ရှုပ်ထွေး ဆားဗစ်ကြိုးများ ရှင်းလင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

စုစုပေါင်းဘဏ္ဍာငွေ ၃၈ ဒသမ ၂၃၅ ဘီလီယံကျပ်
၂ဝ၁၆ ခုနှစ်    ဧပြီ  ၁  ရက်မှ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်း တိုးတက်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ နိုင်ငံခြားငွေ ၁၇ ဒသမ ဝ၈၃ ဘီလီယံကျပ် အပါအဝင် စုစုပေါင်းဘဏ္ဍာငွေ ၃၈ ဒသမ ၂၃၅ ဘီလီယံကျပ်ကျခံသုံးစွဲကာ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ် တဲ့ နေရာမှာ လျှပ်စစ်မီးဟာ အရေးကြီးပါတယ်။ လျှပ်စစ်ရဲ့ ကဏ္ဍ သုံးခုဖြစ်တဲ့ ထုတ်လုပ်မှု၊ သွယ်တန်းမှု၊ ဖြန့်ဖြူးမှု အပိုင်းတွေ ကောင်းမွန်အောင် ကျွန်တော်တို့လုပ်ကြရမှာ ဖြစ်ပါတယ်။ အိမ်တွေမှာ သွယ်တန်းထားတဲ့ မီးကြိုးတွေကိုလည်း တကယ့်ရှုပ်ထွေးနေတဲ့ ဆားဗစ်ဝါယာကြိုးတွေကို   ကျွန်တော်တို့ စနစ်တကျ  ဆောင်ရွက်ခဲ့ပါတယ်။  ဒါဟာ အများပြည်သူအတွက် လုံခြုံမှုတစ်ရပ်ကိုရစေ နိုင်တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

''လျှပ်စစ်ကဏ္ဍရဲ့ အထောက်အကူ တစ်ရပ်ဖြစ်နိုင်တဲ့   စွမ်းအင်ကဏ္ဍမှာ LPG  ဆိုင်တွေဖွင့်လှစ်နိုင်မှုကြောင့် LPG  နဲ့ မီးဖို တွေကို အသုံးချနိုင်ဖို့၊ Gas မီးဖိုတွေကို အိမ်တိုင်းမှာအသုံးချနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာကို ဒီနေရာမှာ အသိပေးလိုပါတယ်။

''အိမ်ရာစီမံကိန်း အသစ်တွေ၊ မြို့ပြစီမံ ကိန်းအသစ်တွေ အထူးစီးပွားရေးဇုန်တွေကို ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာ ရှေးဟောင်းအဆောက်အအုံ ပေါင်း ၂ဝဝ ကျော်လောက်ကို ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်မှုတစ်ရပ်  ပြုခဲ့ပါတယ်။ ဆူးလေဘုရားဘေးနားမှာရှိတဲ့  ယခင်က တိုးရစ်ဘားမားအဆောက်အအုံ၊  ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားခဲ့တဲ့ အတွင်းဝန်များ ရုံးကိုလည်း ရှေးဟောင်းအမွေအနှစ်တွေအတိုင်း ပြန်လည်ထိန်းသိမ်းဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက် ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်နေဖို့ရှိပါတယ်။

ရှေးဟောင်းအမွေအနှစ်များအဖြစ် ထိန်းသိမ်း
ရှေးဟောင်းအဆောက်အအုံတွေကို အပြာရောင်တံဆိပ်ပြားကပ်ပြီးတော့ ဒီအဆောက် အအုံတွေကို ရှေးဟောင်းအမွေအနှစ်များအဖြစ်  ထိန်းသိမ်းဖို့   ကြိုးပမ်းနေပါတယ်။ ကျေးလက်ဒေသကို အခြေပြုတဲ့ လူထုအခြေပြု ဒီခရီးသွားလုပ်ငန်းကိုလည်း  တွံတေးဘက်မှာ   စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး Master Plan  တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုရှေ့ဆက် ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်တို့  ရေးဆွဲပြီးဖြစ်ပါတယ်။ ညောင်နှစ်ပင်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် အဓိက Center ကြီးတစ်ခု ကြိုးပမ်းဖို့ အတွက် Pilot Project  တွေကိုလည်း စတင်နေပြီဆိုတာကို ပြောကြားလိုပါတယ်။ အနာဂတ်မှာ ပြည်သူလူထုတစ်ရပ်လုံးအတွက် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က  တစ်နှစ်တာကာလအတွင်းမှာ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း အသိပေးလိုပါတယ်''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံတော်အစိုးရသစ် တာဝန်ယူပြီး တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်မြို့ကို ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးရန်၊ မြို့နေပြည်သူလူထု၏ လူနေမှုဘဝများ သာယာချမ်းမြေ့သည့် ဘဝအလှများ ပိုင်ဆိုင်နိုင်စေရန် စွမ်းနိုင်သမျှ ဆောင်ရွက်ပေးမှုများက အောင်မြင်သော အသီးအပွင့်ကောင်းများ အဖြစ် ပြည်သူများ ခံစားနေကြရပြီ ဖြစ်သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကလည်း တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍတစ်ခုအဖြစ် အရေးကြီးလှသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သန်းပေါင်း ၁ဝဝဝ လျာထားခဲ့ပြီး တွံတေးမြို့နယ်၊ သုံးခွမြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စသည့် မြို့နယ်များတွင် လမ်းခင်းခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ သောက်သုံးရေကန်များ တူးဖော်ခြင်းလုပ်ငန်းများကို   ဒေသခံပြည်သူ လူထုအတွက်     ဖော်ဆောင်ပေးနိုင်ခဲ့ကြသည်။

ဟန်ချက်ညီစွာ ဖွံ့ဖြိုး
ကျေးလက်မြို့ပြဖွံ့ဖြိုးတိုးတက်မှု အချိုးညီ ဖွံ့ဖြိုးစေရေးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်သည့်အတွက်ကြောင့် စည်ပင်သာယာနယ် နိမိတ်များနည်းတူ ရန်ကုန်တိုင်းဒေသကြီး ပြင်ပမြို့နယ်များသည်လည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ''ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ရန်ကုန်မြို့တော်အတွင်း လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်လာဖို့၊ ရေကြီးရေလျှံမှု မရှိစေဖို့၊ နောက်ဖေးလမ်းကြားတွေမှာ ရေကြီးရေလျှံမှုတွေ မဖြစ်စေဖို့  ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ပြင်ပမှာရှိတဲ့ မြို့နယ် ၁၂ မြို့နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ပါတယ်။

လှပသည်ထက် လှပ
'' ဒါကြောင့်မို့ စည်ပင်သာယာ နယ်နိမိတ် ပြင်ပဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး   အထူးစီမံကိန်းအဖြစ်နဲ့   ၃၂ ဘီလီယံကို  စည်ပင်သာယာ နယ်နိမိတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရပ်တွေမှာ ကျွန်တော်တို့ သုံးစွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းမှာလည်း    မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေ    ဖြစ်ခဲ့သော်ငြားလည်း ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့အဝင် မှာဖြစ်တဲ့ ငမိုးရိပ်ချောင်းရိုးတစ်ကြော ရေကြီး ရေလျှံမှုကို တားဆီးနိုင်ခဲ့ပါတယ်။

ရန်ကုန် မြို့ရဲ့ ငမိုးရိပ် ချောင်းရိုးတစ်ကြောမှာရှိတဲ့ လှည်းကူး၊ ဒဂုံမြို့သစ်ဘက်ခြမ်းတို့မှာ ရေကြီးရေလျှံမှုတွေ လျော့ပါးသွားခဲ့ပါတယ်။ တိုက်ကြီး၊ မှော်ဘီဘက်တစ်ကြောမှာပါ ရေကြီးရေလျှံမှုရှိပါတယ်။ ဒါဟာ ဧရာဝတီ မြစ်ရေနဲ့ သက်ဆိုင်ပါတယ်။ ရန်ကုန် လှိုင်မြစ် နဲ့ ဧရာဝတီမြစ်အတွင်း ရေကြီးရေလျှံမှုတွေကို တားဆီးနိုင်ဖို့အတွက် ဘဏ္ဍာငွေ ၈ ဘီလီယံ လောက်လျာထားပြီး   ကြိုးပမ်းဆောင်ရွက် နေပါတယ်''ဟု ပြောသည်။

ရှေ့အနာဂတ်ရက်များတွင်လည်း ပြည်သူ တို့ဘဝ လှပသည်ထက် လှပ၊ အောင်မြင်သည်ထက် အောင်မြင်ရန် ကြိုးပမ်းစွမ်းဆောင်လျက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကောင်းမွန်သော စီမံချက်များဖြင့် ဆောင်ရွက် မည်ဟု ယုံကြည်ပါကြောင်း။    ။

(ဖိုးသက်)ကြေးမုံ

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သက်တမ်းတစ်နှစ်တာ


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သက်တမ်းတစ်နှစ်တာ အတွင်းလုပ်ဆောင်ခဲ့မှုများ ကိုလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်အား တိုင်းဧရာမှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

"မောင်တောခရိုင်ရှိ ဝန်ထမ်းများ လစာနှစ်ဆခံစားခွင့်ကို သုံးလထပ်တိုးပေး "

"မောင်တောခရိုင်ရှိ ဝန်ထမ်းများ လစာနှစ်ဆခံစားခွင့်ကို သုံးလထပ်တိုးပေး "

မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် မူရင်းလစာ၏ နှစ်ဆကို ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလအတွက် ခံစားခွင့်ပြုလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကပြောသည်။

ထို့အပြင် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နေ့စားဝန်ထမ်းများကိုလည်း တစ်ရက်လျှင် ငါးထောင်ကျပ်နှုန်းမှ ၆၅၀၀ ကျပ်နှုန်းဖြင့် သုံးလစာခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၃၁ ရက်တွင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။

အစိုးရက မောင်တောခရိုင်အတွင်းက နိုင်ငံ့ဝန်ထမ်းများကို ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေအရ ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွက် လစာနှစ်ဆကို ခံစားခွင့်ပြုခဲ့သည်။
“ဒီဒေသက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့ ကုန်ဈေးနှုန်းကလည်း ဈေးများတယ်လေ၊ ဈေးများတော့ တခြားမြို့နယ်တွေမှာ ရှိတဲ့ ၀န်ထမ်းလစာတွေနဲ့ အဆင်မပြေလို့ပါ”ဟု ဦးတင်မောင်ဆွေ ကပြောသည်။ဓာတ်ပုံ - မောင်ကံ(7Day News)

လာဘ်စားမှုတစ်စုံတစ်ရာရှိရင် လက်ဆယ်ချောင်းတစ်ချောင်းဖြတ်ပစ်မယ်လို့ ဧရာဝတီတိုင်းဥပဒေချုပ်ကြွေးကြော်


အစိုးရသစ်လက်ထက်တာဝန်ထမ်းဆောင်စဉ် မိမိအနေနဲ့ လာဘ်စားမှုတစ်စုံတစ်ရာရှိရင် လက်ဆယ်ချောင်းရှိတဲ့ အနက်တစ်ချောင်းကိုဖြတ်ပစ်မယ်လို့ ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ဦးသိန်းရွှေ ကကြွေးကြော်
လိုက်ပါတယ်။
"ကျနော်လာဘ်စားမှုရှိရင်လက်ဆယ်ချောင်းတစ်ချောင်း ဖြတ်ပစ်မယ်။ ၀န်ထမ်းဘ၀တည်းကကျင့်သုံးလာတာ" လို့  ပြောပါတယ်။

ယခုလ ဧပြီလ(၁၈)ရက်နေ့ တွင်အသက်(၈၀) ပြည့်ပြီဖြစ်တဲ့ ဦးသိန်းရွှေဟာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ဥပဒေချုပ်အဖြစ်တာဝန်ထမ်းဆောင်နေတာပါ။
သူ့ အနေနဲ့ တာဝန်ယူရတဲ့ ဥပဒေ၀န်ထမ်းတွေကိုလည်းလာဘ်စားမှုမရှိအောင် အဂတိကင်းစွာဆောင်ရွက်ဖို့ ညွန်ကြားထားကြောင်းလည်းခုလိုပြောပါတယ်။

"ကိုကိုယ်တိုင်ကလဲမမှန်တာမလုပ်ဘူး။ ကိုယ့်လူတွေကလည်းမမှန်တာမလုပ်စေချင်ဘူး။ အဲတော့ သူတို့ လည်း အမြဲတမ်းပြောတယ်။ ငါအဖိုးကြီးကို စိတ်ညစ်အောင်မလုပ်ကြနဲ့ ။  အဖိုးကြီးစိတ်ညစ်အောင်မလုပ်
ရင်ပြီးပြီ။ စိတ်ညစ်အောင်မလုပ်တာသည်ဘာလဲဆို မင်းတို့ သည် မှန်တဲ့ အတိုင်းလုပ်။ အတ္တမဆန်ကြနဲ့ ။ ဒါပဲပြောထားတာ" လို့ ဆိုပါတယ်။

သူ့ ကြွေးကြော်မှုနှင့်အတူ "၀န်ထမ်းဘ၀တည်းကဒီအတိုင်းနေထိုင်လာခဲ့ လို့  ပိုင်ဆိုင်တာဆိုရင် စက်ဘီး
အဟောင်းတစ်စီးသာရှိတယ်" လို့  လည်းပိုင်ဆိုင်မှုကိုထုတ်ဖော်ပြောဆိုပါတယ်။

ဦးသိန်းရွှေဟာ ၁၉၇၃မှ ဥပဒေအရာရှိအဆင့်(၃)မှစတင်ကာ  ဥပဒေအရာရှိ (၂) ၊ဥပဒေအရာရှိ(၁)ဒုတိုင်း ဥပဒေအရာရှိတာဝန်များကိုထမ်းဆောင်ခဲ့ သလို အငြိမ်းစားယူသည့် ကာလ ၁၉၉၇ ခုနှစ်တွင် ကယားပြည်နယ်ဥပဒေအရာရှိအထိတာဝန်များကိုထမ်းဆောင်ခဲ့ ပါတယ်။
မျိုးမင်းပိုင်

" မဲရုံတွင် မျက်မမြင်များကိုယ်တိုင် မဲပေးနိုင်ရေးလုပ်ဆောင်မှုအတွက် အမေရိကန်သံအမတ် ချီးကျူး "

" မဲရုံတွင် မျက်မမြင်များကိုယ်တိုင် မဲပေးနိုင်ရေးလုပ်ဆောင်မှုအတွက်  အမေရိကန်သံအမတ် ချီးကျူး "

မဲရုံသို့ မျက်မမြင်များ ကိုယ်တိုင်သွားရောက်မဲပေးနိုင်ရေး လုပ်ဆောင်ထားမှုကို အမေရိကန်သံအမတ်ကြီး မာစီရယ်က ချီးကျူးပြောကြားလိုက်သည်။
ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆) တွင်ပါဝင်သော ကြီးမြင့်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းဝင်းအတွင်း၌ ကျင်းပသော မဲရုံသို့ သံအမတ်ကြီး လာရောက်လေ့လာပြီးနောက် ယခုကဲ့သို့ ချီးကျူးပြောကြားလိုက်ခြင်းဖြစ်သည်။

" အခုလေ့လာမိသလောက် လာကြည့်ရတဲ့အထဲမှာ လုပ်ပေးထားတာတွေ အားလုံးကို အထင်ကြီး လေးစားမိပါတယ်။ မြန်မာနိုင်ငံမှာ မဲပေးတဲ့ လူတွေထဲမှာ အခုလို မသန်စွမ်းတွေကအစ မဲပေးနိုင်အောင် သေချာလေးစီစဉ်ထားတာတွေ့ရတဲ့အတွက် အဲဒီလိုလုပ်နိုင်အောင် အလုပ်တွေ အများကြီးလုပ်ထားတာ မြင်ရလို့လည်း ကျေနပ်ဝမ်းမြောက်မိပါတယ်" ဟု သံအမတ်ကြီးက မီဒီယာများ ဘာသာပြန်မှ တစ်ဆင့် ပြောကြားသည်။

မြန်မာနိုင်ငံသားများ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော မဲပေးခြင်း ပြုလုပ်နေကြသည်ကို မြင်ရ၍ စိတ်ချမ်းသာကြောင်းနှင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေးအတွက် ဘက်ပေါင်းစုံက လုပ်ဆောင်နေသူများအား အပြည့်အ၀ ထောက်ခံအားပေးမှု ဆက်လုပ်ဖော်ပြသွားမည်ဟု ၄င်းကဆိုသည်။

"ဒီရွေးကောက်ပွဲက တရားမျှတမှု ရှိမရှိ ဆုံးဖြတ်ဖို့က မဲပေးတဲ့သူတွေရဲ့ တာဝန်ဖြစ်ပါတယ်။ သူတို့ မဲပေးရတာ လွတ်လပ်မှုရှိမရှိကို သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတယ်" ဟု သံအမတ်ကြီးက ပြောသည်။
ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းရှိ မျက်မမြင် ၈၀ ကျော် ၄င်းတို့ကိုယ်တိုင် မဲပေးခဲ့ကြသည်။

"မျက်မမြင်တွေ သူတို့ကိုယ်တိုင်မဲပေးနိုင်အောင် တန်းပလိတ်လေးတွေ စီစဉ်ထားပါတယ်။ သူတို့ရဲ့ သင်္ကေတနဲ့ ဖောက်ပေးထားပါတယ် မဲပေးတဲ့အခါမှာ သူတို့ကိုယ်တိုင် စမ်းပြီးတော့ သူတို့ ပေးချင်တဲ့ ပါတီကို ပေးလို့ရအောင် ပါ" ဟု ကြည့်မြင်တိုင်မျက်မမြင်ကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်စုစုမာက ပြောသည်။

အသက် ၁၉ နှစ်အရွယ် မျက်မမြင်ကျောင်းသူ မငြိမ်းချမ်းမေက " အခုလို မဲပေးတဲ့နေရာမှာ ပါဝင်ရတဲ့ ၀မ်းသာပါတယ်။ ပထမဆုံးအတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားတယ်။ မဲမပေးခင် တစ်ရက်ကြိုပြီးတော့ လေ့ကျင့်ပေးပါတယ်။ မဲပေးတဲ့နေရာမှာ အခက်အခဲမရှိအောင် ဘယ်လိုမျိုးသွားရမယ် ဘယ်လိုမဲပေးရမယ်ဆိုတာမျိုး စနစ်တကျ သင်ကြားပေးပါတယ်။ အဲဒါကြောင့် မဲပေးတာ အခက်အခဲမရှိပါဘူး။ လွတ်လွတ်လပ်လပ် ကိုယ်ပေးချင်တဲ့ သူကို မဲပေးခွင့်ရတဲ့အတွက် ၀မ်းသာတယ်။ အရင်ကတည်းက သတင်းတွေ နားထောင်ထားတယ်။ သတင်းတွေနားထောင်ပြီးတော့ ဘယ်သူ့ကို ပေးရင်အဆင်ပြေမလဲဆိုတာ ကိုယ့်ဟာကို စဉ်းစားပြီး ရွေးချယ်ခဲ့တာပါရှင့်" ဟု ပြောသည်။
သတင်း - ငြိမ်းချမ်း၊ အောင်ဇော်ထွန်း
ဓာတ်ပုံ - ငြိမ်းချမ်း( 7Day News )

ရိုဟင်ဂျာအရေးတွက် ဆက်တိုက် မယ်လို့ အတားအူလား ပြောကြား

ရိုဟင်ဂျာအရေးတွက် ဆက်တိုက် မယ်လို့ အတားအူလား ပြောကြား

ရိုဟင်ဂျာမွတ်စလင် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် Ata Ullah အတားအူလားက ရခိုင်ပြည်နယ်မှာ ရှိတဲ့ သူတို့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး မရရှိမချင်းမြန်မာ အစိုးရကို ဆက်လက်တိုက်ပွဲဝင်မယ်လို့ မနေ့က ပြောကြားလိုက် ပါတယ်။

ရိုက်တာသတင်းဌာနနဲ့ သီးသန့်ပြုလုပ်တဲ့ မေးမြန်းခန်းမှာ သူတို့ လူနည်းစုတွေကိုဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကာအကွယ်မပေးနိုင်ဖူးဆိုရင် လူဦးရေ သန်းနဲ့ချီပြီးရှိတဲ့ မိမိတို့ ရိုဟင်ဂျာအားလုံး တဦးမကျန် အသက်ဆုံးသည် အထိ ရက်စက်တဲ့ စစ်အစိုးရကို ခုခံတိုက်ခိုက်မယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ Arakan Rohingya Salvation Army ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ လို့ အမည်ပေးထား တဲ့ အဲဒီလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အတားအူလား က သူတို့အဖွဲ့ကို ပြည်တွင်းပြည်ပ ကနေ ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတစုံတရာ မရှိကြောင်းနဲ့  မိမိတို့ဟာ နွားတွေ ကျွဲတွေကို ရောင်းချပြီး
ရပ်တည်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီးနိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ဥပဒေအထက်မှာ ဘယ်သူမှမရှိဖူး။ သူတို့လာတိုက်ရင် ကျနော်တို့က လည်း ပြန်တိုက်မှာပဲ၊ ကမ္ဘာပေါ်မှာဘယ်တိုင်းပြည်ကမှ အကြမ်းဖက်မှုကို လက်မခံဖူးလို့ တုံ့ပြန်ပြောဆိုကြောင်းရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

Photo: Min Thein Aung/RFA

မြစ်ဆုံစီမံကိန်းဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ စာမေးပွဲလို့ ကန် သတင်းစာရေး

မြစ်ဆုံစီမံကိန်းဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ စာမေးပွဲလို့ ကန် သတင်းစာရေး

တရုတ်အစိုးရပိုင် ကုမ္ပဏီကို မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်တည်ဆောက်ခွင့်ပေးမှာလား ဆိုတာဟာ မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်စရာကောင်းတဲ့ စာမေးပွဲတခုပဲလို့ New York Times နယူးယောက်တိုင်းမ်သတင်းစာရဲ့ အာရှ ပစိဖိတ် ကဏ္ဏမှာ မနေ့က ဆောင်းပါး တပုဒ် ရေးသားထားပါတယ်။ အဲဒီဆောင်းပါးမှာ မြစ်ဆုံ ရေကာတာစီမံကိန်းကြောင့် နေရပ်ဌာနေကို စွန့်ခွာခဲ့ရတဲ့ဒေါ်ကောဘူဆိုတဲ့ တိုင်းရင်းသူတဦးက သူ့ဇာတိနေရပ်မှာ ပြန်လည် အခြေချခွင့်ရဖို့ဘုရားသခင်ထံ ဆုတောင်းနေကြောင်း၊ သူမအနေနဲ့ အဲဒီလို ပြန်ခွင့်ရမှာလားဆိုတာကိုအစိုးရတာဝန်ပေးခဲ့တဲ့ မြစ်ဆုံရေကာတာ လေ့လာစုံစမ်းရေး ကော် မရှင်ရဲ့ အစီရင်ခံစာမကြာခင် ထွက်လာတဲ့အခါ သိရတော့မှာ ဖြစ်ကြောင်း စသဖြင့် ရေးသားထားပါတယ်။

ကန် ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံစီမံကိန်းကို သမ္မတ ဦသိန်းစိန်က၂ဝ၁၁ ခုမှာ ရပ်ဆိုင်းခဲ့ပါ တယ်။ အဲဒီရေကာတာကို အခု ပြန်လည် တည်ဆောက်ခွင့်ပြုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လူထု ရဲ့ ဒေါသအမျက်ကိုရင်ဆိုင်ရမှာဖြစ်သလို အပြီးအပိုင် ရပ်ဆိုင်းလိုက်မယ်ဆိုရင်လည်း တရုတ်အစိုးရရဲ့ငြိုငြင်မှုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာမှာဆောင်းပါးရှင် Mike Ives မိုက်အိဗ်စ် က ရေးသား ထားပါတယ်။

Photo: Kyaw Myo Min/RFA

ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါဟာ သူ့ဘ၀သက်တမ်းကို ပြောပြနိုင်ဟု သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိ....!









Credit:Thit Htoo Lwin

#Unicode Version
အိပ်ရာထဲမှာစွမ်းဆောင်ရည်ကျဆင်းတာဟာအမျိုးသားတွေအတွက်ရှက်ရွံ့ဖွယ်ကောင်းတဲ့အခြေအနေ

တစ်ခုပါပဲ၊ ဒါပေမယ့် အခုတော့ သိပ္ပံပညာရှင်တွေက ပန်းသေပန်းညိုးဖြစ်တာဟာ သူ့ရဲ့ ဘဝသက်တမ်းကိုပါအကျိုးသက်ရောက်မှုဖြစ်ပေါ်စေတယ်လို့ သတိပေးလိုက်ပါတယ်၊

ပန်းသေပန်းညိုးရောဂါဟာ လူဘဝသက်တမ်းရဲ့ ရာခိုင်နှုန်း၇၀လောက်ထိစောစီးစွာသေဆုံးနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြတာပါ၊

ဒီလိုကစဥ့်ကလျားဖြစ်ဖွယ်ကောင်းတဲ့အခြေအနေကို အမေရိကန်က အမျိုးသား၁၈သန်းလောက်ဟာ နှလုံးနဲ့သွေးကြောစနစ်တွေအတွက်ပါကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေတယ်လို့ မစစ္စပီတက္ကသိုလ်က ပညာရှင်တွေကပြောကြားခဲ့ပါတယ်၊

ပန်းသေပန်းညိုးရောဂါဟာ အသက်ကြီးတဲ့အမျိုးသာေးတွမှာ အခြေခံအားဖြင့် မကြာခဏဖြစ်ပွားလေ့ရှိပါတယ်၊ အသက်လေးဆယ်အောက် အမျိုးသား ရာခိုင်နှုန်းနှစ်ဆယ်လောက်ကလည်း ဒီလိုအခြေအနေကို ကြုံတွေ့နေရတာဖြစ်ပါတယ်၊


အခုလိုပန်းသေပန်းညိုးရောဂါဟာ သွေးထဲမှာအဆီများတဲလူတွေ၊ အဝလွန်တဲ့လူတွေ၊

 သွေးတိုးရောဂါရှိတဲ့လူတွေ၊ ဆီးချိုရောဂါရှိတဲ့လူတွေနဲ့ ဆေးလိပ်သောက်တဲ့လူတွေမှာ အဖြစ်များတယ်လို့သိရပါတယ်၊

သိပ္ပံပညာရှင်တွေကဒီရလဒ်တွေဟာတစ်ဦးချင်းစီရဲ့အခြေခံအချက်အလက်လေ့လာမှုတွေအပေါ်မူတည်ပြီး

စစ်တမ်းထုတ်ထားတာလို့ဆိုပါတယ်၊

Credit:Thit Htoo Lwin

မရှိခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်

မရှိခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်

ကျမမှာ-အနောက်ကကူညီပံ့ပိုးပေးမယ့်
နောက်ခံ-မရှိခဲ့ဘူး။
ဒီအတွက် တယောက်ယောက်ကိုအားကိုးရမယ်ဆိုတဲ့စိတ်
တခါမှမဖြစ်စေခဲ့လို့ ကျေးဇူးတင်တယ်။

ကျမမှာ- အနာဂတ်ကိုဘယ်လိုရှင်သန်လျှောက်လှမ်းရမယ်လို့
လက်တွဲလမ်းပြပေးမယ့်သူ-မရှိခဲ့ဘူး။
ဒီအတွက်- ကိုယ်လျှောက်ရမယ့်လမ်းကို
ကိုယ်တိုင်ဖောက်လုပ်နိုင်စွမ်းရှိခဲ့လို့ကျေးဇူးတင်တယ်။

ကျမမှာ-စိတ်ဓာတ်ကျလဲပြိုကျနေတဲ့အချိန်၊
ပြန်လည်ရပ်တည်ဖို့အတွက်
ဖေးကူပေးမယ့်သူမရှိခဲ့ဘူး။
ဒီအတွက်- ကျမလဲကျတဲ့အခါတိုင်းကိုယ့်ဘာသာပြန်ထဖို့
ခွန်အားမွေးနိုင်ခဲ့လို့ကျေးဇူးတင်တယ်။

ကျမမှာ- တောင့်တင်းခိုင်မာတဲ့
အသိုင်းအ၀ိုင်းဝန်းရံမှု-မရှိခဲ့ဘူး။
ဒီအတွက် ကျရှုံးအောင်ရှုံးရည်ရွယ်ချက်နဲ့
အဖွဲ့လိုက်တွန်းတိုက်ကြမယ့် သူတွေကို
သွေးအေးအေးနဲ့ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့
အရည်အချင်းပိုင်ဆိုင်စေခဲ့လို့ကျေးဇူးတင်တယ်။

ကျမမှာ- မမြင်နိုင်တဲ့အနာဂတ်အတွက်
စိတ်ချရတဲ့အားကိုးမယ့်သူ-မရှိခဲ့ဘူး။
ဒီအတွက်-ကျမအနာဂတ်ကို
ကိုယ်တိုင်ရေးဆွဲပြင်ဆင်နိုင်ထားခဲ့လို့ကျေးဇူးတင်တယ်။

နောက်ဆုံး- မရှိခြင်းဆိုတာမှန်သမျှက-
ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းနဲ့ရင်ဆိုင်နိုင်ခြင်းသတ်တိဆိုတာကို
ဖြစ်ပေါ်စေခဲ့လို့ -
ကျမမှာ မရှိတဲ့အရာတွေအတွက် အမြဲကျေးဇူးတင်နေပါတယ်။

ကြည်ကြည်

ဖိုင်နယ် မဲရလဒ် မှားယွင်း ခဲ့မှုကြောင့် MM idol ဆုကို သားငယ် စွန့်လွှတ် ရဖွယ်ရှိ

အင်တာနက်မှာ ပျံ နှံ့ နေတဲ့သတင်းအတုဖြစ်ပါတယ်။
တကယ့်သတင်းတစ်ပုဒ်လို အတည်ပေါက်နဲ့ ရေးသားထားလို့ ရုတ်တရက်ဆိုရင်
တကယ့်သတင်းအမှန်လို့ယူဆသွားနိုင်ပါတယ်။
................................................................................
ဖိုင်နယ် မဲရလဒ် မှားယွင်း ခဲ့မှုကြောင့် MM idol ဆုကို သားငယ် စွန့်လွှတ် ရဖွယ်ရှိ


ကျင်းပ ပြီးစီးခဲ့သည့် MM Idol ပြိုင်ပွဲ၏ နောက်ဆုံး ဖိုင်နယ် ပွဲစဉ်၌ ပရိသတ်များ၏ ဆန္ဒမဲကို ရေတွက်ရာတွင် မှားယွင်းမှု အချို့ ဖြစ်ခဲ့သောကြောင့် အနိုင်ရခဲ့သူ သားငယ်၏ ရလဒ် ပယ်ဖျက် ခံရဖွယ် ရှိနေသည်။

သားငယ်သည် အဆိုပါ ဖိုင်နယ်ပွဲ၌ ဘီလီ လမင်းအေးနှင့် ယှဉ်ပြိုင် ခဲ့ရခြင်း ဖြစ်ပြီး ဒိုင်များ ရွေးချယ်ပေးသော သီချင်းနှင့် တေးသံရှင် ရဲလေး ရေးသား ပေးခဲ့သော သီချင်းများကို သီဆိုရာတွင် အခက်အခဲ အနည်းငယ် ဖြစ်ခဲ့သည်။ သို့သော် ပရိသတ်များ၏ ဆန္ဒမဲကို ရေတွက် ရာတွင် မဲအရေအတွက် အသာရပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

“အဓိက ကတော့ မဲပေးတဲ့ စနစ်ပေါ့နော်။ ဖိုင်နယ်ပွဲမှာ ဖုန်းတစ်လုံးကို တစ်မဲသာ လက်ခံမယ်လို့ စီစဉ်ခဲ့ ပေမယ့် တကယ်တမ်း ရေတွက်တဲ့ အခါမှာ ဖုန်းတစ်လုံး တည်းက အကြိမ်ကြိမ် ပေးတာတွေ ကိုပါ ရေတွက် ခဲ့မိပါတယ်။ ဒါကြောင့် တကယ်တမ်းမှာ ဖုန်းအရေအတွက် ပိုများတဲ့ ဆီက မဲရခဲ့တဲ့ ဘီလီ လမင်းအေးကို idol ဆု လွှဲပြောင်း ပေးသွားမှာပါ”ဟု MTP မှ ပြောရေး ဆိုခွင့် ရှိသူ မမြတ်ထက်တင်က ပြောကြားခဲ့သည်။

ဒုတိယမြောက် ရာသီအဖြစ် ကျင်းပပြုလုပ်သည့် MM Idol သီချင်းဆို ပြိုင်ပွဲတွင် နောက်ဆုံး အဆင့်သို့ ပြိုင်ပွဲဝင် ဆယ်ဦး တက်ရောက် လာခဲ့ပြီး သီတင်းပတ် တစ်ပတ်လျှင် ပရိသတ် မဲရရှိမှု အနည်းဆုံး တစ်ဦး ထွက်ခွာ ရသည့် ပုံစံဖြင့် ကျင်းပခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အကဲဖြတ် ဒိုင်လူကြီး များအဖြစ် တေးသံရှင်များ ဖြစ်ကြသော မြန်မာပြည် သိန်းတန်၊ မေဆွိ နှင့် တင်ဇာမော်တို့ ပါဝင် ဆောင်ရွက် ပေးခဲ့ကြသည်။

“ဖိုင်နယ်ညက ဘီလီ ရှုံးသွားလို့ တစ်ညလုံး ငိုလိုက် ရတာဗျာ။ အခုလို ဘီလီကို idol ဆု ပြန်ပေးမယ် ဆိုတော့ ပျော်လွန်းလို့ ရူးတောင် သွားမလား မသိဘူး။ အရမ်း ၀မ်းသာ လွန်းလို့ ရှိတာတွေ အကုန် ပေါင်နှံ ရောင်းချပြီး ၇ ရက် ၇ လီ အလှူကြီး ပေးမလို့တောင် စဉ်းစားထား ပါတယ်”ဟု MM Idol ကို ပုံမှန် အားပေးသည့် ပြင်ဦးလွင်မှ ပရိသတ် တစ်ဦးဖြစ်သူ ကိုထွန်းသူရကျော်က ပြောသည်။

Ref: 7.5 days News
( Zin Thaw Naing )

 Strange face of a woman

 shwe hmone yati sweet heart

 myanmar idol myanmar pyi thein tan

 thet mon myint

 Myanmar idol ye naung

 wyne suu khaing thein aung la

"ကျပ်သိန်းတစ်သောင်းဆုရှင် ဦးစံရွှေခိုင် "

"ကျပ်သိန်းတစ်သောင်းဆုရှင် ဦးစံရွှေခိုင်  "

ယနေ့ ဧပြီ ၁ ရက်တွင် ဖွင့်လှစ်သည့် အောင်ဘာလေထီ သိန်းတစ်သောင်းဆုကို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ နာရီစင်အနီးတွင် နေထိုင်သူ ဦးစံရွှေခိုင်က ဆွတ်ခူးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ထီလက်မှတ်ကို ဦးစံရွှေခိုင်မှ ကျောက်ဖြူမြို့ရှိ သားကောင်းရတနာထီဆိုင်မှ ထိုးထားခြင်းဖြစ်ပြီး ပေါက်မဲနံပါတ်မှာ (ပ ၅၉၆၈၇၂) ဖြစ်ကြောင်း ထီအရောင်းဆိုင်ပိုင်ရှင်က ပြောသည်။

''ထီပေါက်တဲ့အတွက်ပျော်တာပေါ့။၉နာရီခွဲဆယ်နာရီလောက်ကမှထီဆိုင်ကအကြောင်းကြားလို့သိရတာပါ။အခုလိုသိန်းတစ်သောင်းပေါက်တော့ကျွန်တော့စီးပွားရေးတွေထပ်ပြီးတိုးချဲ့နိုင်သွားမှာပေါ့။အခုကကျွန်တော်ကျောက်ဖြူမြို့နာရီစင်နားမှာအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့်ထားပါတယ်။မိသားစုကဇနီးနဲ့သားတစ်ဦးသမီးတစ်ဦးရှိတယ်။မင်္ဂလာစုံတွဲနှစ်အုပ်ထိုးထားတဲ့အထဲကပေါက်တာပါ။''ဟု ကျပ်သိန်းတစ်သောင်းကံထူးရှင်ဦးစံရွှေခိုင်က ဖုန်းမှတစ်ဆင့်ဖြေကြားသည်။
ဓာတ်ပုံ - ကိုထွန်းကြွယ်( 7Day News )

ဖခင်ရဲ့ မတော်တရော်ပြုလုပ်မှုကို ခံရပြီး ကြီးပြင်းလာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဖွင့်ဟဝန်ခံချက်


ဘာမှမရေးခင် ကြိုပြောပြပါ့မယ်။ ကျွန်မ မိန်းကလေးတစ်ယောက် ကျွန်မချစ်သူကလဲ
မိန်းကလေးတစ်ယောက်ပါ။

သူများတွေအတွက် အဖေဆိုတာ သူရဲကောင်းဖြစ်ချင်ဖြစ်လိမ့်မယ်။ ကျွန်မအတွက်ကတော့လုံးဝမမှန်ဘူး။ ၉ နှစ် ၁၀ နှစ် အရွယ်လေး နင်းခိုင်းတာ သူ့ပေါင်ခွကြားနားအထိ။ အဲ့တုန်းကဘာမှ နားမလည်ဘူး နင်းပေးဆို နင်းပေးလိုက်တာပဲ ။ စိတ်ထဲမှာ ကလေးပီပီ ကုသိုလ်ရတယ်ဆိုပြီးပျော်လို့။ အပျိုဖော်ဝင်ကာစအရွယ်အိမ်ကအုတ်ရေကန်မှာရေချိုးတော့ သူကဝင်ချိုးတယ်။ ပြောလာတယ် နင် ခွကြားတွေဘာတွေ နှိုက်မဆေးဘူးလားတဲ့လေ ။

၁၂ ၁၃ အရွယ်လေးဆိုတော့ ကိုယ်ကတော့ကလေးပဲ ဘာမှနားမလည်ဘူး အဖေပဲဆိုပြီး ရှက်စိတ်တောင်မရှိဘူး၊။ နောက်ပိုဆိုးလာတယ် ညီမဝမ်းကွဲတွေနနဲ့အိပ်တဲ့ မိန်းကလေးတွေချည်းနေတဲ့အခန်းထဲ ဘာလိုညာလိုနဲ့ဝင်ဝင်အိပ်တယ် ။

ကုန်ကုန်ပြောပါမယ် လမ်းလျောက်ရင် ကျွန်မ နောက်ပိုင်းတွေကို သိသိသာသာ လိုက်ကြည့်တယ်။ ရေချိုးရင် အနီးအနားမှာ မယောင်မလည်လုပ်တယ်။ ကျွန်မစိတ်ထဲ တစ်နေ့ထက်တစ်နေ့ မသိုးမသန့်တွေဖြစ်လာတာ၊ ကိုယ်မွေးထားတဲ့ သမီးကို ဘယ်သူကအဲ့လိုစိတ်ထားမှာလဲ ငါကိုက ရူးနေတာဆိုပြီး ကိုယ့်စိတ်ကိုဖြေခဲ့တာ။

မှတ်မိပါသေးတယ် ပန်းခြံထဲမှာ အမေလဲပါတယ် ဖျာခင်းထမင်းစားရင်းနဲ့ ဟင်းလှမ်းယူသလိုလိုနဲ့ ကျွန်မပေါင်ပေါ်လက်ဝါးတစ်ဖက်လာတင်တယ်။ အမေသတိထားမိလား သတိမထားမိလား ကျွန်မမသိဘူး။ အိမ်မှာ အမေမရှိရင် ကျွန်မနေရတာ ဘယ်လိုမှ နောက်ကျောမလုံဘူး။

အခန်းထဲ ဘယ်အချိန်ဝင်လာမလဲ၊ ငါ့ကို ဘယ်လိုပုံနဲ့အသားယူဦးမလဲ တွေးပြီး စိုးရိမ်ခဲ့ရတာ အချိန်တိုင်းပဲ။ ဒါပေမယ့် ကျွန်မဘယ်သူ့ကိုမှ ဖွင့်မပြောရဲခဲ့ဘူး။ ပြောလဲ ကျွန်မကို ရူးနေတာလို့ပဲပြောကြမှာလေ။အိမ်မှာနေရတာ ဘယ်လိုမှ စိတ်မလုံခဲ့ဘူး။ လုံခြုံမှု နွေးထွေးမှုတွေလဲ ဘာတစ်ခုမှမရခဲ့ဘူး။ ဆယ်ကျော်သက်ဘဝတွေက လုံးဝ ငရဲပဲ။

သူဘယ်အချိန် ဘယ်လိုပုံစံနဲ့ အခွင့်အရေးယူဦးမလဲလို့တွေးပြီး ကျီးလန့်စာ စားနေခဲ့ရတာ။ ကျွန်မစိတ်ထဲမှာ လောကမှာရှိတဲ့ အဖေတွေအကုန်လုံးက သမီးတွေအပေါ်ဒါမျိုးချည်းပဲလားလို့အတွေးတောင်ဝင်ခဲ့တာ။ အားငယ်စိတ်တွေ အားကိုးရာမဲ့ တွယ်ရာမဲ့စိတ်တွေ အချိန်တိုင်းဖြစ်ခဲ့တာ။

ကျွန်မအဖေကို စကားမပြောတာ ၂၀ ကျော်အရွယ်ကတည်းက။ ဒါပေမယ့် စိတ်ထဲက ဒဏ်ရာတွေက လုံးဝမပျောက်တော့ဘူး။ လူတွေနဲ့စကားပြောတိုင်း တစ်ဆင့်နိမ့်နေတဲ့လူလိုခံစားရပြီးစကားပြောနည်းပြီးပတ်ဝန်းကျင်နဲ့ကင်းကွာသလိုတောင်ဖြစ်ခဲ့တာ။

ယာက်ျားယူ ကလေးမွေးရင် ငါမွေးတဲ့ငါ့သမီးလေးကိုလဲ ငါ့ယောက်ျား သူ့အဖေက ကြံစည်ဦးမှာပဲဆိုတဲ့ စိတ္တဇဖြစ်သွားတာ အခုထိ။ ယောက်ျားတွေဆိုရင် လုံးဝ အထိမခံချင် အသံတောင်မကြားချင်တော့ပဲ လာသမျှ ယောက်ျားတွေ ပစ်ပစ်ခါခါ ပြောဆိုပစ်ခဲ့တာ။

ဘယ်ယောက်ျားကိုမှ မယုံနိုင်တာ အခုအသက် ၂၅ ကျော်တဲ့အထိကိုပဲ။ ကျွန်မ မိန်းကလေးချင်းချစ်မိတာ နဂို စိတ်အခံကြောင့်လဲဖြစ်ချင်ဖြစ်မယ် ၊ ငယ်ငယ်တုန်းကအဖေလုပ်သူရဲ့sexualharrassement ကြောင့် ယောက်ျားတွေကိုရွံသွားတာဖြစ်ချင်ဖြစ်မယ်။

ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကျွန်မလို victims တွေအများကြီးပဲဆိုတာရယ်၊ ယဉ်ကျေးမှု ဘာသာတရားတွေရဲ့အကာကွယ်ယူပြီးဖခင်မဖြစ်ထိုက်တဲ့paedophile တွေအများကြီး မြန်မာနိုင်ငံမှာ ရှိနေတယ်ဆိုတာတွေပဲ။

Credit:Myanmarload

အမျိုးသမီးငယ်မျက်နှာတစ်ခြမ်းအား အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သူအား ထောင်ဒဏ် ၇ နှစ်ချမှတ်

အမျိုးသမီးငယ်မျက်နှာတစ်ခြမ်းအား အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သူအား ထောင်ဒဏ် ၇ နှစ်ချမှတ်

ရန်ကုန်၊ မတ်လ ၃၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အမျိုးသမီးငယ်ကို မျက်နှာတစ်ခြမ်းလောင်ကျွမ်းခဲ့သည်အထိ အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သည့် တရားခံ မိုးမင်းသူအား ယနေ့ (မတ်လ ၃၁ ရက်)နေ့၊ သံဖြူဇရပ်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်သည်။

အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သည့် တရားခံမိုးမင်းသူအား ပုဒ်မ ၃၂၆ အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ ၃၂၄ သာမန် နာကျင်စေမှုတို့ကို တပေါင်းတည်းပြစ်ဒဏ် ၇ နှစ် ကျခံစေရန် သံဖြူဇရပ်မြို့နယ်တရားရုံးမှ အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် တရားခံက အက်ဆစ်ပြင်းဖြင့် ပက်ခဲ့သည်မှာ ပြစ်မှုထင်ရှားခြင်း၊ အက်ဆစ်ဖြင့် ပက်ခံရသော အမျိုးသမီးမှာ ငယ်ရွယ်သောကြောင့် အဆိုပါအမျိုးသမီး၏ ဘဝလုံခြုံမှုနှင့် တရားခံဖြစ်သူမှ နောင်တွင် ထပ်မံ မကျူးလွန်စေရန် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်သာချမှတ်ခြင်းအပေါ် အက်ဆစ်ပြင်းဖြင့် အပက်ခံခဲ့ရသည့် အမျိုးသမီးငယ်နှင့်မိသားစုက ကျေနပ်မှုမရှိသဖြင့် ခရိုင်တရားရုံးတွင် ဆက်လက် အယူခံဝင်သွားမည် ဖြစ်ကြောင်း ကာယကံရှင်မိသားစုထံက သိရသည်။
ယခု အမိန့်ချမှတ်လိုက်သည့် ပြင်းထန်စွာနာကျင်စေမှု ပုဒ်မ ၃၂၆ ကိုအမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (နှစ်၂၀)ဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်ထိဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်သော်လည်း သံဖြူ ဇရပ်မြို့နယ်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်ထိသာ ချခွင့်ရှိပြီး ခရိုင်တရားရုံးမှာမူ ပြစ်ဒဏ်အနှစ် ၂၀ ထိ ချမှတ်ခွင့်ရှိသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂ဝ၁၆ ခုနှစ် မေလ ၂၂ ရက်၊ ညနေ ၅ နာရီခန့်က အမျိုး သမီး ငယ်ကို ဖခင်ဖြစ်သူက အလုပ်မှကြိုပြီးပြန်လာစဉ် ဆိုင်ကယ်စီးအမျိုးသားတစ်ဦးက အပြင်းစား အက်ဆစ်ဖြင့် ၂ ကြိမ်ပက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အက်ဆစ်ဒဏ်ကြောင့် အမျိုးသမီးငယ်၏ မျက်လုံးတစ်လုံး၊ နားတစ်ဖက်နှင့် မျက်နှာတစ်ခြမ်း ပျက်စီး ဆုံးရှုံးခဲ့ပြီး လည်ပင်း၊ ပုခုံး၊ လက်နှစ်ဖက်နှင့် ရှေ့ရင်ဘက်တစ်ခုလုံး အက်ဆစ် လောင်ကျွမ်းခံခဲ့ပြီး ဖခင်ဖြစ် သူမှာလည်း ကျောကုန်းတွင် အက်ဆစ်များ လောင်ကျွမ်းခံခဲ့ရသည်။
အဆိုပါ အက်ဆစ်ဖြင့်ပက်သူမှာ အမျိုးသမီးငယ်၏ ချစ်သူဟောင်းဖြစ်ပြီး လက်ရှိတွင် အမျိုးသမီးငယ်မှ အောက်တိုဘာလအတွင်း ခွဲစိတ်မှုပထမအဆင့်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ပျက်စီးသွားသောမျက်လုံးကို ပေါင်မှ အသားဖြင့် အစားထိုးခွဲစိတ်ထားရပြီး အက်ဆစ်ဒဏ်ကြောင့် အရည်ပျော်သွားသော နားရွက်တွင် အသံကြားနိုင်ရန်အတွက် အပေါက်ဖောက်ပြီး လေပြွန်နှင့် ချိတ်ဆက်ခဲ့ရသည်ဟု ပြောပြသည်။

" နောက်တစ်ပတ်ဆိုရင် မျက်လုံးကို ဖွင့်ပေးမယ်ပြောတယ်။ ပြီးရင်တော့ နှာခေါင်းရယ်၊ နှုတ်ခမ်းရယ်ကြားမှာ ရှိတဲ့ အရမ်းနာနေတဲ့ အနာရွတ်တွေကို ခွဲပြီး ပေါင်ကနေ အသားယူပြီး ပြန်ကပ်ပေးမယ်လို့ ပြောတယ်" ဟု ကာယကံရှင်အမျိုးသမီးငယ်က ဒီဇင်ဘာလ ၂၉ ရက်က မဇ္ဈိမသို့ ပြောထားခဲ့သည်။ မဇ္ဈိမ

ဘုရင်နောင်ပွဲရုံဝင်း ယာဉ်ရပ်နားခ သုံးဆ တိုးကောက်မည်

ဘုရင်နောင်ပွဲရုံဝင်း ယာဉ်ရပ်နားခ သုံးဆ တိုးကောက်မည်

ရန်ကုန်၊ မတ် ၃၁

ဘုရင့်နောင်ပွဲရုံဝင်း ကုန်တင်ယာဉ်ရပ်နားစခန်း၏ ညအိပ်ယာဉ်ရပ်နားခကို ယခုနှစ် ဧပြီလ ၁ ရက်မှ စတင်၍ သုံးဆခန့် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဗဟိုကော်မတီ (YCDC) အခွန်ဌာနထံမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နားစခန်း၏ ညအိပ်ရပ်နားခမှာ အခြားသော ယာဉ်ရပ်နားစခန်းများထက် ဈေးနှုန်းသက်သာသဖြင့် ဘုရင်နောင်ပွဲရုံနှင့် မသက်ဆိုင်သည့် အခြားမော်တော်ယာဉ်များပါ လာရောက်ရပ်နားခြင်းကြောင့် ဈေးနှုန်းတိုးမြှင့် ကောက်ခံရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း တာဝန်ခံ၊ ဒုတိယဌာနမှူး ဦးဉာဏ်ထွန်းအောင်က The Voice သို့ ပြောကြားသည်။

“ဈေးသက်သာလို့ ဆိုပြီးတော့ ဘာမဆိုင်၊ ညာမဆိုင်ကားတွေက ဒီမှာလာရပ်ထားကြတော့ ကားပိတ်တယ်။ ဒါကြောင့် ထိုက်သင့်တဲ့ ဈေးနှုန်းတစ်ခု ဖြစ်အောင်လို့ တိုးကောက်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

ယာဉ်ရပ်နားခကို ယာဉ်အမျိုးအစားအလိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ၅ တန်အောက် ယာဉ်များသည် (ယခင်) တစ်ရက်လျှင် ကျပ် ၃၀ဝ ခန့်သာ ပေးဆောင်ခဲ့ရာမှ ဧပြီ ၁ ရက်မှ စတင်ကာ ကျပ် ၁၀ဝ၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း YCDC က ထုတ်ပြန်ထားသည်။

၅ တန်မှ ၁၀ တန်ယာဉ်များကို ယခင်က ကျပ် ၅၀ဝ မှ ယခုကျပ် ၁၃၀ဝ၊ ၁၀ တန်အထက် ယာဉ်များကို ကျပ် ၆၀ဝ မှ ကျပ် ၁၅၀ဝ နှင့် အရှည်ပေလေးဆယ် ကုန်သေတ္တာယာဉ်များကို ယခင် ကျပ် ၁၀ဝ၀ မှ ယခုကျပ် ၂၀ဝ၀ အထိ အသီးသီး တိုးကောက်သွားမည် ဖြစ်ကြောင်း YCDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းကဲ့သို့ ယာဉ်ရပ်နားခနှုန်းထား မြင့်တက်ပါက ကုန်တင်ယာဉ် နှုန်းထားများလည်း ပိုမိုဈေးတက်လာနိုင်ပြီး ကုန်ဈေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ကုန်တင်ယာဉ် လုပ်ငန်းရှင်များက ဆိုသည်။
“ယာဉ်ရပ်နားခ ဈေးတက်တော့ ကားသမားတွေ အရင်ဆုံး ဒဏ်ပိတာပဲ” ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ဦးလှဦးက ဆိုသည်။

ယာဉ်ရပ်နားစခန်းမှာမူ ယာဉ်အစီးရေ ၃၅၀ ခန့် ရပ်နားနိုင်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပုဂ္ဂလိက လုပ်ငန်းရှင်များကို လေလံတင် လုပ်ပိုင်ခွင့်ပေးခဲ့ကာ လက်ရှိတွင်  YCDC အခွန်ဌာနမှ ပြန်လည်ကောက်ခံခြင်း ဖြစ်သည်။

ဘုရင့်နောင်ပွဲရုံသည် အနယ်နယ်အရပ်ရပ်မှ ကုန်တင်ယာဉ်များ ကုန်စည်ဖလှယ် ရောင်းချရာ နေရာတစ်ခု ဖြစ်ပြီး နေ့စဉ် ယာဉ်အစီးရေ တစ်ထောင်ခန့် ဝင်ထွက်လျက် ရှိသည်။

The Voice

မောင်တောက အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက် အမှုဖွင့်ထား

မောင်တောက အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတွေအတွက် အမှုဖွင့်ထား

နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ လူသတ်တာ၊ မုဒိန်းကျင့်တာ၊ ပစ္စည်းလုတာ စတဲ့ တခြားအမှု ၁၈ မှု တိုင်ကြားထားတာတွေ ရှိ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မြန်မာအစိုးရစစ်တပ်က စစ်ဆင်ရေးလုပ်ခဲ့စဉ်က အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သတင်းထောက်တွေကို မတ်လ ၃၀ ရက်နေ့က ပြောခဲ့တဲ့ အမျိုးသမီးတွေ အရေးအတွက် ငါးခူရနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

မောင်တောမြို့နယ် ကျားခေါင်းတောင် ကျေးရွာက အမျိုးသမီး သုံးယောက်ဟာ လွန်းခဲ့တဲ့ သုံးလက မြန်မာအစိုးရစစ်တပ်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဒေသအတွင်း အစိုးရစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ လူသတ်တာ၊ မုဒိန်းကျင့်တာ၊ ပစ္စည်းလုတာ စတဲ့ တခြားအမှု ၁၈ မှုကို လာရောက် တိုင်ကြားထားတာတွေ ရှိကြောင်းကိုလည်း မောင်တောမြို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောဆိုခဲ့ပါတယ်။

အခုလို တိုင်ကြားထားတဲ့ အမှုတွေထဲမှာ လက်တွေ့ကျတဲ့ အမှုတွေ ပါပေမယ့် တချို့ အမှုတွေကတော့ လက်တွေ့မကျပဲ ဦးဆောင်သူတချို့ ပြောခိုင်းတဲ့အတိုင်း ဖြစ်နေတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဥပမာအားဖြင့် အသတ်ခံရတယ်ဆိုတဲ့ တိုင်တန်းချက်တချို့ အရ လူသေ အလောင်းတချို့ကို တူးဖော်စစ်ဆေးတဲ့အခါ ဒီအလောင်းတွေဟာ စစ်ဆင်ရေးကာလတုန်းက သေဆုံးတာ မဟုတ်ပဲ လွန်ခဲ့တဲ့ တနှစ်ကျော်က အလောင်းတွေ ဖြစ်နေတယ်လို့ မှုခင်းဆရာဝန်တွေ မှတ်ချက်ပေးတာတွေ ရှိခဲ့ကြောင်း ဦးသူရစန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ကြက်ရိုးပြင်ကျေးရွာအုပ်စုဘက်မှာ အသတ်ခံရတာနဲ့ ပတ်သက်တဲ့ တိုင်တန်းမှု တခုမှာတော့ သေနတ် ထိမှန် သေဆုံးတယ်လို့ ယူဆရတဲ့ အလောင်း သုံးလောင်းနဲ့ သွေးလန့်သေဆုံးတယ်လို့ ယူဆရတဲ့ အလောင်းတလောင်း တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ ခြောက်လအတွင်း သေဆုံးတာ ဖြစ်နိုင်တယ်လို့ မှုခင်းဆရာဝန်တွေက ယူဆခဲ့တဲ့အတွက် တရားခံ ဖမ်းမိဖို့ ဆက်လက် စစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

လာရောက်တိုင်ကြားထားတဲ့ အမှုတွေထဲက လက်တွေ့ကျတဲ့ အမှုတွေကို ဆက်လက် စစ်ဆေးဆောင်ရွက်နေသလို အမှန်တကယ် ကျူးလွန်တဲ့ သူတွေကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

BBC Burmese

လိင်တူချစ်ကြိုက်နေသူ သမီးအား ယောက်ျားတွေက ပိုကောင်းကြောင်း အဓမ္မကျင့်ကာ သက်သေပြသူဖခင်


လန်ဒန်က ဖခင်တစ်ယောက်ဟာ လိင်ကိစ္စဟာ ယောက်ျားတွေနဲ့ပိုကောင်းတယ်ဆိုတာသက်သေပြဖို့
သမီးဖြစ်သူကို မုဒိန်းကျင့်ခဲ့တယ်လို့ဆိုပါတယ်။သမီးဖြစ်သူက သူဟာလိင်တူနှစ်သက်သူတစ်ယောက်ဖြစ်
တယ်ဆိုတာကိုဖွင့်ဟလိုက်တဲ့အတွက် ဒေါသထွက်ပြီးယခုလိုကျူးလွန်ခြင်းဖြစ်တယ်လို့ သူက၀န်ခံပါတယ်။

နောက်ထပ်ဆယ်နှစ်အကြာမှာ အခြားသမီးတစ်ယောက်ကိုထပ်မံမုဒိန်းကျင့်ခဲ့ပြန်ပါတယ်။
မုဒိန်းမှုသုံးမှုကို ၁၉၈၀ နဲ့ ၉၀ခုနှစ်အတွင်းမှာ  ကျူးလွန်ခဲ့တာဖြစ်ပြီး တရားရုံးက မုဒိန်းကျင့်ခံရတဲ့သမီးဖြစ်သူဘယ်သူဘယ်ဝါဆိုတာကို မသိစေဖို့အတွက် ကျူးလွန်သူဖခင်အမည်ကိုထုတ်ဖော်မပြောခဲ့ပါဘူး။

တရားသူကြီး အန်ဒရူးလော့ခ်ဟာ့တ်က "မောင်မင်းရဲ့ အသက် ၁၆ နှစ်အရွယ်သမီးက သူမဟာ လိင်တူနှစ်သက်သူဖြစ်ကြောင်း သူ့ကိုယ်သူသိရှိလာလို့(ဆယ်ကျော်သက်အရွယ်အများစုဖြစ်လေ့ဖြစ်ထရှိတတ်တဲ့
သူ့ကိုယ်သူဘယ်သူဆိုတာသိရှိဖို့ကြိုးစားနေချိန်မှာ) ဒီကိစ္စကို မောင်မင်းကိုပြောဖို့ သူမက ဆုံးဖြတ်ခဲ့တယ်။
ဒါကို ဒေါသထွက်သွားတဲ့  မောင်မင်းကလိင်ကိစ္စဆိုတာ ယောက်ျားက မိန်းမထက်ပိုကောင်းကြောင်းပြဖို့
မုဒိန်းကျင့်ခဲ့တယ်။ ဒီမုဒိန်းကျင့်မှုဟာ ကိုယ်ကျင့်တရားပျက်ပြားမှု ဖြစ်ပြီး အရှက်တကွဲအကျိုးနဲစေတယ်။ "

"၁၉၈၀ ဖြစ်ခဲ့တဲ့ ကျူးလွန်ခံခဲ့ရတဲ့ သမီးတွေဟာ ဒီကိစ္စကျူးလွန်တဲ့မကောင်းဆိုးဝါးကို
တရားမျှတဆီ ရောက်ဖို့ အတွက် ထုတ်ဖော်ပြောဖို့ အားအင်တွေမွေးခဲ့ရတယ်။ယခုသူတို့ သူတို့ဘ၀ကိုရှေ့ဆက်လှမ်းနိုင်ဖို့လိုအပ်တဲ့ထောက်ပံ့မှုတွေကို သူတို့ယခုရရှိကြပြီးဖြစ်တယ်။ ဒီဖြစ်ရပ်က မတရားကျူးလွန်
မှုတွေကိုခံခဲ့ရသူတိုင်း ဘယ်သူကကျူးလွန်တယ်၊ဘယ်လောက်ကြာကြာကကျူးလွန်ခဲ့တယ်ဆိုတာ
အရေးမကြီးပဲလက်ခံကြားနာမှာဖြစ်တယ်။ကျူးလွန်ခံရသူတွေဟာ တိတ်ဆိတ်ပြီးတကိုယ်ထည်း
ခံစားနေဖို့မလိုဘူး။"

ကျူးလွန်သူဖခင်ကို  ၀ါးဝစ်ခရောင်းတရားရုံးကထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ပါတယ်။
ထောင်ကလွတ်ပြီးနောက်မှာလဲ လိင်ပိုင်းဆိုင်ရာစော်ကားသူတစ်ဦးအဖြစ်
တစ်သက်တာ မှတ်ပုံတင်ထားရမှာဖြစ်ပါတယ်။
SZ(Time Ayeyar_ တိုင်းဧရာ) ဘာသာပြန်သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြမှုကြောင့် ခုံးကျော်တံတား ၇ စင်းတည်ဆောက်မှုစီမံကိန်းမှ ကျပ် သန်းပေါင်း ၄၀၀၀ နီးပါးပိုထွက်လာ

လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြမှုကြောင့် ခုံးကျော်တံတား ၇ စင်းတည်ဆောက်မှုစီမံကိန်းမှ ကျပ် သန်းပေါင်း ၄၀၀၀ နီးပါးပိုထွက်လာ

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်မည့် လူကူးခုံးကျော်တံတား ၇ စင်း အတွက် မူလက ကျပ်သန်းပေါင်း ၇၇၀၀ သတ်မှတ်လျာထားခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဝေဖန်ထောက်ပြဆွေးနွေးမှုကြောင့် ကျပ်သန်းပေါင်း ၄၀၀၀ နီးပါးပိုထွက်လာကြောင်း မတ်လ ၃၀ ရက်က ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးမှ သိရသည်။

တံတားတစင်းလျှင် ကျပ်သန်း ၁၀၀၀ အသုံးပြုမည့် လူကူးခုံကျော်တံတား ၆ စင်းနှင့် ကျပ်သန်း ၁၇၀၀ အသုံးပြုမည့် စတုဂံ လူကူးခုံးကျော်တံတားတစင်းတို့၏ ကုန်ကျစရိတ်များ တွက်ချက်ထည့်သွင်းထားသော ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးမြင့်သောင်းမှ လွှတ်တော်တွင်တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဘဏ္ဍာငွေလျာထားချက်များ တိကျမှန်ကန်ရေး၊ ကိုယ်ကျိုးရှာအလွဲသုံးစားမှုမဖြစ်ပွားရေး၊ လျာထားချပေးထားသော ငွေကြေးများကို ထိရောက် မှန်ကုန်စွာ အသုံးပြုရေးတို့အတွက် ကိုယ်စားလှယ် ၁၁ ဦးတို့က လွှတ်တော်တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ဆွေးနွေးရာတွင် လူကူးခုံးကျော်တံတား ၆ စင်းအတွက် တစင်းလျှင် ကျပ်သန်း ၅၀၀ နှုန်းဖြင့်လည်းကောင်း၊ စတုဂံ လူကူးခုံးကျော်တံတားတစင်းအတွက် ကျပ်သန်း ၁၀၀၀ အဖြစ်လည်းကောင်း ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်သည့်အတွက် လူကူးခုံးကျော်တံတား ၇ စင်းအတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၄၀၀၀ သာ သုံးစွဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးရေးနှင့် စီမံကိန်းဝန်ကြီးဦးမြင့်သောင်းက ပြောကြားခဲ့သည်။ ခုံးကျော်တံတား ၆ စင်းမှ စိစစ်လျှော့ချငွေ ကျပ်သန်းပေါင်း ၃၀၀၀ နှင့် စတုဂံလူကူးခုံးကျော်တံတားမှ စိစစ်လျှော့ချငွေ ကျပ်သန်း ၇၀၀ စုစုပေါင်း ကျပ်သန်းပေါင်း ၃၇၀၀ ပိုထွက်လာသဖြင့် ယင်းငွေကြေးများကို ရန်ကုန်မြို့တွင်း လမ်းတံတားနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်းဝန်ကြီးက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ခုံးကျော်တံတား ၇ စင်းကို ကမ်းနားလမ်းနှင့် ကမ်းနားလမ်းဟောင်း (စဥ့်အိုးတန်း သင်္ဘောဆိပ်ဝင်ထွက်ပေါက်) နေရာ၊ ကမ်းနားလမ်းနှင့် ကမ်းနားလမ်းဟောင်း (ဗိုလ်တထောင်စေတီဝင်ထွက်ပေါက်) နေရာ၊ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ပေါက်အနီး၊ ပြည်လမ်း အထက-၂ စမ်းချောင်းရှေ့၊ ပြည်လမ်း ၈-မိုင် ခုံးကျော်တံတား အဆင်းနေရာ၊ ပြည်လမ်း-ပညာရေး တက္ကသိုလ်ရှေ့နှင့် ဘုရင့်နောင်လမ်း (နာနတ်တောလမ်းနှင့် လှည်းတန်းလမ်းဆုံ) တို့တွင် တည်ဆောက်သွားမည်ဖြစ်သည်။

ယင်းခုံးကျော်တံတားများအား စက်လှေကားများ၊ အမိုးများပါဝင်သော ခေတ်မီလူကူးခုံးကျော်တံတားအဖြစ် တည်ဆောက်ရန် လျာထားပြီး သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများအတွက်ပါ ရည်ရွယ်ကာ ဓာတ်လှေကားများပါ ထည့်သွင်းတည် ဆောက်ရန် လျာထားကြောင်း ၀န်ကြီးက ပြောသည်။ ယင်းအပြင် E-government အတွက် မူလလျာထားငွေ ကုန်ကျစရိတ် ကျပ်သန်း ၁၀၀၀ အား ကျပ်သန်း ၆၀၀၊ မြို့တော်ဂေါက်ကွင်းအတွက် မူလလျာ ထားငွေ ကျပ်သန်း ၅၅၀ အား ကျပ်သန်း ၄၀၀ သို့အသီးသီး စိစစ်ဖြတ်တောက်ခဲ့ရာ ပိုလျံငွေ စုစုပေါင်းကျပ်သန်း ၅၅၀ ကို လမ်းတံတားနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား ၀န်ကြီးဦးမြင့်သောင်းမှ တင်သွင်းခဲ့သော ၂၀၁၇ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုခဲ့သည်။
လင်းလင်းအောင်(News Watch)

၂၀၁၇ဟာ တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်ထုတ်နိုင်မယ့် အစနှစ်လို့ ဦးဝင်းထိန် ပြော

၂၀၁၇ဟာ တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်ထုတ်နိုင်မယ့် အစနှစ်လို့ ဦးဝင်းထိန် ပြော


နေပြည်တော်(မတ်လ ၃၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အစိုးရသက်တမ်း တစ်နှစ်ပြည့်မြောက်သည့် ၂၀၁၇ခုနှစ်သည် တိုင်းပြည်ကို ဆင်းရဲတွင်းမှဆွဲထုတ်နိုင်မည့် အစနှစ် ဖြစ်သည်ဟု NLD၏ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။

“ဒီ ၂၀၁၇ ဟာ NLD အစိုးရတာဝန်ယူတာ တစ်နှစ်ပြည့်တဲ့နှစ် ဖြစ်သလို နှစ်အကူးမှာ ဒီနိုင်ငံကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်မယ့် လုပ်ငန်းရဲ့ အစနှစ်လို့ ကျွန်တော်ကတော့ သတ်မှတ်ချင်တယ်” ဟု ဦးဝင်းထိန်က ပြောသည်။

အစိုးရ၏ တစ်နှစ်တာ ဆောင်ရွက်ချက်များအပေါ် မတ်လ ၃၁ရက်ည ၈နာရီသတင်းအပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ယင်းသို့ သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရသက်တမ်း တစ်နှစ်အတွင်းတွင်မူ “မဲပေးလိုက်တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးအခြေအနေတွေကိုတော့ ဒီထက် တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်။ ကျွန်တော်လည်း သိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဝန်ခံတယ်။ နောက်တစ်ခုကတော့ ပြည်သူလူထုစားဝတ်နေရေး တိုးတက်လာအောင်လို့ အလုပ်အကိုင်ဖန်တီးမှု ဒီထက်ပိုပြီး ဆောင်ရွက်ဖို့ လိုသေးတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်သည် NLD ဦးဆောင်သည့် အစိုးရက ပထမဆုံးရေးဆွဲထားသည့် ဘတ်ဂျက်ဖြင့် စတင်လည်ပတ်မည့် နှစ်တစ်နှစ်လည်း ဖြစ်သည်။

အစိုးရသက်တမ်းတစ်နှစ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဆက်ဆံရေးမှာ “အဖုအထစ် မရှိ” ဟုလည်း ဦးဝင်းထိန်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဆင်ပြေမှ ကျွန်တော်တို့ရည်မှန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်နိုင်မယ်။ နောက်အနာဂတ်အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မယ်။ နောက် ငြိမ်းချမ်းရေးမှာလည်း အဆင်ချောမယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အစိုးရသက်တမ်း တစ်နှစ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့တွင် အစပိုင်းက အိုးနင်းခွက်နင်း ဖြစ်ခဲ့သော်လည်း “ချုပ်ရမယ်ဆိုရင် ဥပဒေပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတွေဟာ အထိုက်အလျောက်တော့ လည်ပတ်မှုရှိနေပြီ” ဟုလည်း ဦးဝင်းထိန်က ပြောသည်။

သို့သော် တရားစီရင်ရေးကဏ္ဍတွင်မူ တိုင်စာ အများအပြား ရရှိခဲ့သလို ချွတ်ယွင်းချက်၊ အားနည်းချက် များစွာ ရှိနေသည်ဟု ဦးဝင်းထိန်က မကြာခန ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၀ရာခိုင်နှုန်းခန့် အနိုင်ရရှိခဲ့သည်။
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)




ပြဿနာရှာသူ လုပ်ဖော်ကိုင်ဖက်များကို ရင်ဆိုင်ခြင်း

ပြဿနာရှာသူ လုပ်ဖော်ကိုင်ဖက်များကို ရင်ဆိုင်ခြင်း



အလုပ်လုပ်သူဝန်ထမ်းအ တော်များများတွင် တစ်ခါတစ်ရံ အလုပ်ထက်ပိုပြီး စိတ်အနှောင့် အယှက်ပေးနေသောအရာများရှိ သည်။ ထိုအရာမှာ လုပ်ငန်းခွင်တွင် အကြောင်းအမျိုးမျိုးနှင့် ပြဿနာရှာသူလုပ်ဖော်ကိုင်ဖက်များဖြစ်ပါသည်။ အလုပ်ခွင်မှာ ခပ်ဆိုးဆိုးလုပ်ဖော်ကိုင်ဖက်တစ်ယောက်နှင့် မလွှဲသာမရှောင်သာ ပတ်သက်နေရပါက အဆိုပါစိတ်ပင်ပန်းမှုသည် အလုပ်ပင်ပန်းခြင်း ထက် ပိုဆိုး၏။ မည်သို့မည်ပုံတုံ့ ပြန်ရမှန်းမသိ။

တချို့က ကိုယ့်ကိုလာစိတ်အနှောင့်အယှက်ပေးနေခြင်း ရပ်တန့်အောင်လုပ်ချင်တာလုပ်ပါစေဟု သည်းခံ၏။ တချို့ကပြန် လည်လက်တုံ့ပြန်၏။ ကိုယ်၏ လုပ်ဖော်ကိုင်ဖက်က ကိုယ့်ကိုမတရား စိတ်အနှောင့်အယှက်ပေးနေပါလျှင် ဘယ်လိုသည်အခြေအနေကို ပြောင်းလဲရမလဲ။ သည်းခံနေပါသော်လည်း ပိုပိုလွန်ကဲလာ လျှင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ။ ကျွမ်းကျင်သူများကသည် အချက်နှင့် ပတ်သက်ပြီး စာအုပ်များပင်ရေးသားထုတ်ဝေခဲ့ကြ၏။

‘‘လုပ်ငန်းခွင်မှာ လုပ်ဖော် ကိုင်ဖက်က ဆိုးဆိုးရွားရွားပြုမူ လာတဲ့အခါ ဒါက အတော်လေး ကိုတာသွားပါတယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်သရွေ့ ဘယ်လောက်ထိကိုယ့်ကို ဆက်လုပ်နေမယ်ဆို တာ မသိဘူး’’ဟု လုပ်ငန်းခွင်မှာ အနိုင်ကျင့်ဗိုလ်ကျခြင်းစာအုပ်ကို ရေးသားသူ ဂယ်ရီနာမီက ပြောခဲ့ သည်။ များသောအားဖြင့် သည်လိုပြဿနာမျိုးမှာ ကိုယ့်ဘက်က တစ်ခုခုပြန်လည်ဆောင်ရွက်သင့် သည်။ ကိုယ့်မှာလည်း အစွမ်းအစ ရှိသည်၊ အဖြေရှာနိုင်သည်ဆိုတာ ကို သိထားပါဟု လုပ်ငန်းခွင်ပြ​ဿနာများကို အကြံပေးနေသူ မစ်ရှယ်လ်ဝုဒ်ဝက်ဒ်က ဆိုသည်။

လုပ်ငန်းခွင်မှာ လုပ်ဖော် ကိုင်ဖက်က ကိုယ့်အပေါ် ပြဿနာရှာလာပြီ၊ တမင်အပြစ်ရှာနေ သည်ဟု ခံစားရပါက ပထမဆုံးအနေဖြင့် ဘာအကြောင်းကြောင့် လဲဆိုသည်ကို သိအောင်လုပ်သင့် သည်။ တောင်ကယ်ရိုလိုင်နား တက္ကသိုလ်က လက်ထောက် ပါမောက္ခမစ္စတာနေသန်နယ်လ် ဖတ်စ်က လူတွေသည် မိမိတို့၏ အကျိုးစီးပွားကို ထိခိုက်ခြိမ်း ခြောက်ခံရပြီဆိုလျှင် ပေါက်ကွဲ တတ်ကြသည်ဟု ပြောကြားသည်။

‘‘များသောအားဖြင့် သူတို့ကို ပြိုင်ဆိုင်လာပြီလို့ ခံစားလာရရင် အလုပ်မှာရာထူးကြီးတဲ့ လူတွေက ကိုယ့်ထက် နိမ့်ပါးတဲ့လူတွေအ ပေါ် ရန်လိုလာကြတယ်’’ စာရေး ဆရာ ဂယ်ရီနာမီကလည်း သည် ပြောကြားချက်ကို သဘောတူ သည်။ လုပ်ငန်းခွင်မှာ ကျွမ်းကျင် သူများ၊ လူကြိုက်များသူများသည် သည်လိုလုပ်ငန်းခွင်က လူကြီး များ၏ ပစ်မှတ်ဖြစ်လာတတ်သည် ဟု သူက ရှင်းပြသည်။ ထို့ကြောင့်တက်လူများသည် လုပ်ငန်းခွင်က လူကြီးများနှင့် သည်လိုအခြေအ နေကြုံရပါက ကိုယ့်ဘက်ကနေ တာဝန်သိကြောင်း ကျေးဇူးသိ တတ်ကြောင်း ပြသပါက တော်ရုံ ပြဿနာအဆင်ပြေနိုင်သည်ဟု ပါမောက္ခ ဖတ်စ်က ဆိုသည်။

‘‘အီးမေးလ်ပြန်တာလို အ သေးအမွှားလေးကအစ ကိုယ်က သူ့ကိုတလေးတစားရှိကြောင်းပြ ပါ။ သူ့ကြောင့် ဘယ်လိုအဆင်ပြေ ရတယ်၊ သူ့ကို ဘယ်လိုအားကိုး တယ်ဆိုတာ။ မကြာခဏပြော ပေးပါ။ ကျေးဇူးတင်ကြောင်းပြ ပါ။ ဒီနည်းနဲ့ ဖြေရှင်းနိုင်ပါတယ်’’။

တစ်ခါတစ်ရံတွင် အခြေအ နေကိုလည်း ဆန်းစစ်ရန်လိုသည်။ လူတစ်ယောက်ကို ပြဿနာ ကောင်ဟု ပြောခြင်းကလွယ်သည်။ တစ်ခါတစ်ရံမှာလည်း တချို့လူ များက ယဉ်ကျေးမှုကို ဦးစားမပေးသောလူများဖြစ်ပြီး သူတို့သဘာဝ အရ သည်လိုဆက်ဆံနေခြင်း လည်း ဖြစ်နိုင်၏။ သူ့ဘာသာသွေးရိုးသားရိုးပြုမူခြင်းကို ကိုယ်ကပဲ တလွဲထင်နေသလား၊ အကဲဆတ်နေသလား ပြန်ဆန်းစစ်ပါ။ ကိုယ်ကလည်း သူ့အပေါ် ဘာအမှားလုပ်ထားသလဲတွေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည်သုံးသပ်ရန် လိုအပ်၏။ သို့သော်ကိုယ့်ကိုယ်ကိုယ်အပြစ်ပုံချရန်လည်း မလိုပါ။ ကိုယ့်အပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံပါ။ ချက်ချင်းတုံ့ပြန်ပြောဆိုရန် မကြောက်ပါနှင့်ဟု ဆက်ဆံရေးကျွမ်းကျင်သူ ပညာရှင်များက ပြောကြား၏။

‘‘တစ်ခါတလေကျရင် ချက်ချင်းကို တုံ့ပြန်လိုက်တာက ထိ ရောက်တယ်။ ဥပမာပေါ့ အစည်း အဝေးမှာဖြစ်ဖြစ် သူက ကိုယ်မ ကြိုက်တာပြောရင် ငါ့ကို အဲဒီလို မပြောနဲ့၊ ငါမကြိုက်ဘူးလို့ ချက် ချင်းသာပြန်ပြောပါ’’ဟု မစ်ရှယ်လ်ဝုဒ်ဝက်ဒ်က ဆိုသည်။ သည်သ ဘောက မိမိကိုပြဿနာလာရှာပါ က ငြိမ်ခံနေမည့်သူမဟုတ်ကြောင်းသတင်းစကားချက်ချင်းပါးလိုက် ခြင်းဖြစ်၏။

‘‘လူတိုင်းမှာ အလုပ်ခွင်မှာ ယုံကြည်ရသူ မိတ်ဆွေတွေ၊ အကြံပေးနိုင်မယ့်သူတွေရှိသင့်တယ်။ သူတို့က ကိုယ်ပြဿနာတက်တဲ့ အခါ ဘယ်လိုဖြေရှင်းရမယ်ဆို တာ အကြံပေးနိုင်တယ်’’ဟု ပြဿ နာအခြေအနေဆိုးလာပါက အ ထက်လူကြီး (သို့မဟုတ်) ရုံးက လူသားအရင်းအမြစ်ဌာနကို တိုင် ကြားရမည်ဖြစ်သော်လည်း မတိုင်ကြားခင်မှာ ကိုယ်ယုံကြည်သူများ၊ အတွေ့အကြုံရှိသူများနှင့် ဆွေး နွေးတိုင်ပင်သင့်သည်။

လုပ်ဖော်ကိုင်ဖက်က ပြဿ နာရှာလွန်းလာသည့်အခါ နောက် ဆုံးတွင် မတတ်သာဘဲ လူကြီးကို တိုင်ကြားရမည်ဖြစ်သည်။ သို့ သော် တိုင်ကြားရာတွင် ထိထိ ရောက်ရောက် ကိုင်တွယ်ရန်လို၏။ လူကြီးကို တိုင်ကြားရာ၌ ထိုလုပ် ဖော်ကိုင်ဖက်ကြောင့် ကုမ္ပဏီ၏ စီးပွားရေးကို ဘယ်လောက်ထိ ခိုက်နစ်နာသလဲဆိုသည်ကို အ ရေးပေးပြောကြားသင့်သည်။

‘‘တိုင်တဲ့အခါမှာ စိတ်လှုပ် ရှားပြီး ကိုယ်ရေးကိုယ်တာတွေ သိပ်မပြောမိစေနဲ့။ သူ့အပြုအမူ ကြောင့် လုပ်ငန်းခွင်အဆင်မပြေ ဖြစ်ရတာ၊ ဆုံးရှုံးရတာ၊ ငွေအလ ဟဿဖြစ်ရတာကို အသားပေး ပြီး တိုင်ကြားရမယ်’’ဟု စာရေး ဆရာ ဂယ်ရီနာမီက အကြံပြု၏။

အကန့်အသတ်ရှိပါ

လူကြီးကိုတိုင်ကြားလျှင်လည်း အဆင်မပြေ၊ ဖြေရှင်းရန် လမ်းလည်းမရှိပါက အကောင်းဆုံးနည်းမှာ ထိုလုပ်ငန်းခွင်ကို စွန့်ခွာရန်သာ ဖြစ်သည်။ သုတေသနပြုချက်များအရ တချို့သောလူအများသည် အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေသော်လည်း ကြိတ်မှိတ်နေကြ၏။ ပထမအချက်က မာနကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ငွေကြေးကြောင့်ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ကိုယ့်ကိုအနှောင့် အယှက်ပေးနေသော လုပ်ဖော် ကိုင်ဖက်ကြောင့် လုပ်ငန်းခွင်ကို စွန့်ခွာရသည့်အခါ သူ့ကို ကိုယ်က အရှုံးပေးလိုက်ရသည်ဟု မထင်ပါ နှင့်။ တကယ်တမ်းတွင် ကိုယ်၏ စိတ်နှလုံးချမ်းမြေ့မှုအတွက်သာ ဖြစ်သည်ဟု စာရေးဆရာ ဂယ်ရီနာမီက ပြောကြားသည်။ အောက်ပါ အချက်များက လုပ်ငန်းခွင်မှာ ပြဿနာရှာတတ်သည့် လုပ်ဖော် ကိုင်ဖက်များနှင့် ပတ်သက်ပြီး သိ ထားရမည့်အချက်များဖြစ်၏။

သူတို့အနေအထားကို ထိပါးလာပြီဟု ခံစားရသည့်အခါ လုပ် ငန်းခွင်မှာ လူအများသည် ဆိုးဆိုး ရွားရွားတုံ့ပြန်လေ့ရှိသည်ကို သ ဘောပေါက်ပါ။

- ကိုယ့်ကိုယ်ကိုယ်အကဲဆတ်နေ သလား၊ သူတစ်ပါးအခြေအနေ ကို နားလည်မှုလွဲနေသလား ဆန်းစစ်ပါ။

- အလုပ်မှာ မတော်မလျော်ပြော ဆိုကျင့်ကြံလာပါက ချက်ချင်းပြန် ပြောပါ။

- ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါ နှင့်၊ ကိုယ်က အလုပ်မှာ ကျွမ်းကျင် သူဖြစ်လျှင်၊ လူကြိုက်များလျှင် သည်လိုဖြစ်မည်ဆိုတာ သဘော ပေါက်ပါ။

- ပုံကြီးမချဲ့ပါနှင့်၊ ယုံကြည်စိတ် ချရသူများနှင့် တိုင်ပင်ပြီးအရင် ဖြေရှင်းကြည့်ပါ။

- မလိုအပ်ဘဲ မခံစားပါနှင့်၊ သည်လိုအမြဲတမ်းဖြစ်နေပြီဆိုပါက လုပ်ငန်းခွင်ကိုသာ စွန့်ခွာပါ။

ထားထားမြင့် (ကိုးကား Harvard Business Review)

Credit - 7Day Daily - ၇ ရက် နေ့စဉ် သတင်းစာ

တန်ဖိုးမသိသော ကျောက်ရိုင်းများ

တန်ဖိုးမသိသော ကျောက်ရိုင်းများ


တစ်ခါက လူငယ်လေးတစ်ဦးရဲ့ မိဘနှစ်ပါးဟာ တစ်ပြိုင်နက်တည်း ဆုံးပါးသွားခဲ့ကြတယ်။ အဲဒီလို မိဘနှစ်ပါး ဆုံးပါးသွားတဲ့အခါ လူငယ်လေးဟာ ခိုကိုးရာမဲ့တဲ့ မိဘမဲ့ဘ၀ကို အလိုအလျောက်ရောက်လာတယ်။ အဲဒီအပြင် နဂိုကတည်းက ဆင်းရဲနုံချာလှတဲ့သူ့ဘ၀ဟာ မိဘနှစ်ပါးမရှိတဲ့အတွက် ပိုမိုပြီး စိတ်ဆင်းရဲစရာကောင်းလာခဲ့တယ်။

ကန္တာရ ထဲက ဆူးပင်လို သူ့ဘ၀ဟာ အထီးကျန် သိမ်ငယ်လာတယ်။ သူဟာ ဆင်းရဲလှတဲ့အပြင် သူလုပ်သမျှ အရာတိုင်းဟာလည်း ကံမရှိ၊ ဥာဏ်ရှိတိုင်းမွဲခဲ့ပြန်တယ်။ အဲဒါကြောင့်လည်း နေ့စဉ်စားသောက်ဖို့တောင် အင်မတန်ခက်ခဲ ပင်ပန်းလာတယ်။

အလှူအတန်း၊ မင်္ဂလာဆောင်လိုနေရာမျိုးတွေမှာ သူ့ကို အဖက်လုပ်မယ့်၊ တန်းတူ စကားပြောမယ့်သူ ရှားပါးလာတယ်။ အဲဒီအပြင် သူနေထိုင်ရာရွာရဲ့ ရွာသူရွာသားတွေကလည်း “ဒီကောင် အလကားကောင်” “အရည်အချင်းမရှိတဲ့ကောင်ပါကွာ” “အလကားကျောမွဲ” စသဖြင့် သူတို့ထင်မြင်ရာ မှတ်ချက် အမျိုးမျိုးကို ချမှတ်ကြပြန်တယ်။

အဲဒီအခါမှာတော့ လူငယ်လေးရဲ့ စိတ်ဓါတ်ဟာ အ၀ီစိ က ခြေသုတ်ခုံအထိ နိမ့်ဆင်းလာတယ်။ စိတ်ဓါတ်ဟာ အ၀ီဇိအထိကျသလို နေ့ရက်တိုင်းဟာလည်း သူ့အတွက် ငရဲကျသလို ပူလောင်လာပြန်တယ်။ သူကိုယ်တိုင်တောင် မိဘနှစ်ပါး သွားခဲ့တဲ့သေရွာကို လိုက်ဖို့အကြိမ်ကြိမ်တွေးမိပြန်တယ်။

လူတွေပြောတဲ့ “အလကားလူအကြောင်း၊ ကျောမွဲတွေအကြောင်းနဲ့၊ အရည်အချင်းမဲ့ခြင်း” တွေအကြောင်းကိုပါ သူအပြန်ပြန် အလှန်လှန် တွေးမိလာတယ်။ အလကားလူ မဖြစ်ဖို့အတွက်၊ တန်ဖိုးကြီးသူဖြစ်အောင် သူလုပ်ဖို့လိုမယ်။ ကျောမွဲမဖြစ်ဖို့အတွက်၊ သူ့ကျောပေါ်မှာ တောက်တောက်ပြောင်ပြောင်တွေဝတ်ဆင်နိုင်သူ ဖြစ်ဖို့လိုမယ်။

အရည်အချင်း မရှိသူအဖြစ်က လွတ်မြောက်ဖို့အတွက်၊ အရည်အချင်းတွေလိုမယ်လို့ သူတွေးပြန်တယ်။ ဒါပေမယ့်လည်း လူတွေပြောပြောနေတဲ့ “တန်ဖိုးနဲ့ အရည်အချင်း”တွေဟာ ဘာလဲ ဆိုတာကို သေချာမသိဘဲ ဖြစ်နေပြန်တယ်။ “တန်ဖိုးဆိုတာကို ငါသိအောင်လုပ်ရမယ်” လို့ လူငယ်လေးစဉ်းစားလိုက်တယ်။ သူဟာ တန်ဖိုးကို ရှာဖွေသူဖြစ်လာတယ်။

အဲသည်လိုနဲ့ လူငယ်ကလေးဟာ ဘ၀တန်ဖိုးကို သိဖို့အတွက် ခရီးထွက်လာခဲ့တယ်။ သူဟာ ဖိနပ်ဗလာသော ခြေထောက်နဲ့ တောလမ်းခရီးကို ဖြတ်သန်းပြန်တယ်။ ပြန်စရာမရှိတဲ့ သူ့အတွက် ဦးတည်ရာဟာ သူ့အတွက် နေအိမ်လည်း ဖြစ်တယ်။

စားစရာမရှိတဲ့သူ့အတွက် လမ်းခရီးက ချိုအေးသော သစ်သီးတွေသည် နတ်သဒ္ဓါဖြစ်တယ်။ အဲဒီလိုနဲ့ အင်မတန် အရိပ်ကောင်းလှတဲ့ သစ်ပင်ကြီးတစ်ပင်အောက်ကို သူရောက်လာတယ်။ အဲဒီအပင်အောက်မှာ အနားယူဖို့ သူဟန်ပြင်နေတုန်းမှာပဲ အပင်အောက်မှာ တရားထိုင်နေတဲ့ ဂုရုကြီးတစ်ပါးကို သူတွေ့လိုက်တယ်။

“အို.. ဂုရုကြီးတစ်ပါးပါလား၊ ဒီဂုရုကြီးသွင်ပြင်ဟာ အင်မတန်အေးချမ်းတယ်၊ ငါသိချင်တဲ့အဖြေကို သူ့ကို မေးမယ်” လို့ လူငယ်လေးတွေးထင်လိုက်တယ်။ အဲဒီနောက်သူဟာ ဂုရုကြီးရှေ့မှာ ထိုင်ပြီး အရိုအသေပေးလိုက်တယ်။ အဲဒီနောက် သူက ဒီလိုမေးခဲ့တယ်။

“ဂုရုကြီး၊ လူတွေက ကျွန်တော့်ကို တန်ဖိုးမရှိတဲ့ အလကားလူလို့ပြောနေကြတယ်။ သူတို့ပြောနေကြတဲ့တန်ဖိုးကဘာလဲ ဘဝတန်ဖိုး ဆိုတာ ဘယ်လိုဆုံးဖြတ်ရမလဲ”

အဲဒီလိုမေးလိုက်တဲ့အခါ ဂုရုကြီးက သူကို ကြင်နာစွာကြည့်တယ်။ အဲဒီနောက် မှာပဲ ဂုရုကြီးဟာ ခါးထဲမှာ လိမ်ထားတဲ့ ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်တယ်။ အဲဒီနောက်ဒီလိုပြန်ပြောတယ်

“မင်းရဲ့ မေးခွန်းကို အဖြေမပေးခင် မင်း အဲ့ဒီကျောက်တုံးကို ယူပြီး ဈေးထဲကို သွားချည့်၊ တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာ စုံစမ်းလာခဲ့ချည်၊ အဲ.. ရောင်းတော့မရောင်းပစ်ခဲ့နဲ့”

လူငယ်လေးဟာ ဂုရုကြီးပေးတဲ့ကျောက်တုံးကို ယူပြီး အနီးဆုံးသော မြို့တစ်မြို့ကို သွားရောက်ခဲ့တယ်။ မြို့ရဲ့ဈေးထဲကို သွားပြန်တယ်။ သူဈေးထဲကို ရောက်ချိန်မှာတော့ သစ်သီး၊ သားငါး၊ ဟင်းသီးဟင်းရွက်သည်တွေ အများကြီးကို သူတွေ့လိုက်ရတယ်။ သူဟာ အနီးဆုံးမှာရှိတဲ့ သစ်သီးသည်တစ်ယောက်ဆီမှာဒီလိုမေးလိုက်တယ်။

“ဒီကျောက်တုံး ဘယ်လောက်တန်ကြေးရှိမလဲဗျ”သစ်သီးသည်ဟာ စူးစမ်းသူယူလာတဲ့ ကျောက်တုံးကို ကြည့်လိုက်တယ်။ ကျောက်တုံးရဲ့ တောက်ပြောင်တဲ့ အသွေးအရောင်ကို သူမြင်တွေ့သွားတယ်။ “ကျောက်တုံးက အရောင်လေးတွေလက်နေပါလား” လို့ သစ်သီးသည်က စဉ်းစားတယ်။ အဲဒီနောက်သူက ဒီလိုပြောတယ်

“ခင်ဗျား လိမ္မော်သီး ဆယ့်နှစ်လုံးယူသွားလိုက်၊ ကျွန်တော့်ကို ဒီကျောက်တုံးပေး၊ လိမ္မော်သီးဆယ့်နှစ်လုံးစာလောက်တော့ တန်မယ်ထင်တာပဲ”အဲဒီအခါ လူငယ်က ဂုရုကြီးရဲ့အမှာစကားအတိုင်း ကျောက်တုံးကို ရောင်းချဖို့ ငြင်းပယ်လိုက်တယ်။

ကျောက်တုံးကို ပြန်လည် တောင်းယူပြီး သူဆက်လက်ထွက်ခွာလာတယ်။ လူငယ်ဟာ ဆန်၊ ဆီ၊ ဆား ၊ ငရုတ်၊ ကြက်သွန်၊ အာလူး စတဲ့ စားသောက်ကုန်တွေရောင်းချတဲ့ ကုန်စုံဆိုင်တန်းကို ရောက်လာပြန်တယ်။ သူဟာ အနီးစပ်ဆုံးကုန်စုံဆိုင်တစ်ခုကို ၀င်လိုက်ပြန်တယ်။

အဲဒီနောက်သူက ဆိုင်ရှင်ကို ဒီလိုမေးပြန်တယ်။”အစ်ကိုကြီး ဒီကျောက်တုံးနဲ့ ကျွန်တော် ဈေးဝယ်မယ်ဆိုရင်၊ ဘယ်လောက်တန်ဖိုးရှိတာတွေရမလဲ”အဲဒီအခါ ဆိုင်ရှင်က ကျောက်တုံးကို ကြည့်ရှုပြန်တယ်။ “အရောင်ထွက်နေတဲ့ ကျောက်တုံးပါလားဟ” လို့ တွေးပြန်တယ်။ အဲဒီနောက်မှာလည်း သူက ဒီလိုပြောတယ်။

“ခင်ဗျားဒီကျောက်တုံးကို ရောင်းမယ်ဆိုရင်တော့ အာလူးတစ်အိတ်လောက်တော့ရမယ်။ ခင်ဗျားအာလူးတစ်အိတ်ယူသွား၊ ကျောက်တုံးထားခဲ့လိုက်”ဒီတစ်ခေါက်မှာလည်းသူဟာ ကျောက်တုံးကို ရောင်းချဖို့ငြင်းဆန်တယ်။ လူငယ်လေးရဲ့ဦးနှောက်ဟာ တူညီသော ကျောက်တုံးအတွက် ကွဲပြားသောတန်ဖိုးတွေကို စဉ်းစားတွေးတောတယ်။

“တစ်ယောက်က လိမ္မော်သီးဆယ့်နှစ်လုံး၊ နောက်တစ်ယောက်က အာလူးတစ်အိတ်” လို့ မှတ်သားရေရွတ်တယ်။ အဲဒီနောက်မှာတော့သူဟာ ရွှေ၊ ငွေ၊ ရတနာတွေရောင်းချတဲ့ ရွှေဆိုင်တန်းကို ရောက်လာတယ်။ ခါတိုင်းလိုပဲသူဟာ အနီးဆုံးသော ရတနာဆိုင်ကို ၀င်ရောက်လိုက်တယ်။

အဲဒီနောက်တော့သူဟာ ရတနာကုန်သည်ကြီးကို ကျောက်တုံးကို ပြလိုက်တယ်။ အဲဒီနောက်တော့ကျောက်တုံးရဲ့တန်ကြေးကို သူမေးမြန်းပြန်တယ်။ အဲဒီအခါ ရတနာကုန်သည်ကြီးက ကျောက်တုံးကို သေချာစွာအကဲခတ်ပြန်တယ်။ ကုန်သည်ကြီးရဲ့မျက်နှာဟာ ကျောက်တုံးကို အကဲခတ်နေစဉ်မှာပဲ အံ့သြတကြီး အမူအရာ အဖြစ် ပြောင်းလဲလာတယ်။

အဲဒီနောက်တော့ အနီရောင်ကတ္တီပါစတစ်ခုနဲ့ ကျောက်တုံးကို ညင်သာစွာပွတ်တိုက်လိုက်တယ်။ ကျောက်တုံးကို ဂရုတစိုက်မယူပြီး ကျောက်တုံးကို ကြည့်လိုက်၊ ယူဆောင်လာသူ လူငယ်ကို ကြည့်လိုက်နဲ့ဝေခွဲမရဖြစ်နေပြန်တယ်။ ကုန်သည်ကြီးဟာ အခန်းတစ်ပတ်လည်ကို ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်တွေးတောပြန်တယ်။ အဲဒီနောက်တော့ သူကဒီလိုပြောခဲ့တယ်။

“ကျွန်တော့်မှာရှိသမျှ စည်းစိမ်တွေအားလုံး၊ ဒီမြို့မှာရှိသမျှလူတွေရဲ့စည်းစိမ်တွေအားလုံး၊ ကုန်ကုန်ပြောရရင် ခုနှစ်ပြည်ထောင်စည်းစိမ်တွေနဲ့ချိန်စက်ပြီးဝယ်ရင်တောင် ခင်ဗျားရဲ့ ပတ္တမြားကို ၀ယ်နိုင်မှာမဟုတ်ဘူး။ ဒီလောက်အဖိုးတန်ပတ္တမြားကို ခင်ဗျားဘယ်က ယူဆောင်လာခဲ့တာလဲ”

လူငယ်လေးဟာ အင်မတန်အံ့သြသွားပြန်တယ်။ သူ့အဖြစ်သနှစ်ကို ကုန်သည်ကြီးကို ပြောပြနှုတ်ဆက်ခဲ့ပြီး ဂုရုကြီးဆီကို အပြေးပဲပြန်လာခဲ့တယ်။ အဲဒီနောက်မှာလည်း သူတွေ့ခဲ့သမျှ တန်ဖိုးတွေအကြောင်းကို ဂုရုကြီးကို မချွင်းမချန်ပြောပြလိုက်တယ်။ အဲဒီနောက်မှာလည်း သူဟာ သူ့ရဲ့ နဂိုမေးခွန်းကို ပြန်လည်မေးမြန်းပြန်တယ်။

“ဂုရုကြီး ကျောက်တုံးတန်ဖိုးတော့သိပြီ။ ကျွန်တော်မေးထားတဲ့ ဘ၀တန်ဖိုးကို ဖြေပါတော့”လူငယ်ရဲ့စကားကို ကြားတဲ့အခါ ဂုရုကြီးကလူငယ်လေးကို မျက်နှာချင်းဆိုင်ပြီးသေချာစွာကြည့်တယ်။ အဲဒီနောက် သူဟာ လူငယ်လေးအတွက် အဖြေကို တစ်လုံးချင်းသေချာစွာပြောပြခဲ့တယ်

“လူကလေး.. မင်းယူသွားတဲ့ကျောက်တုံးကိုတောင်မှ သစ်သီးသည်ကတစ်မျိုး၊ ကုန်စုံဆိုင်ကတစ်မျိုး၊ ရတနာကုန်သည်က တစ်မျိုး အမျိုးမျိုးအကဲခတ်ကြသေးတာပဲ။ လူတွေဟာ တပါးသူကို အပြစ်ပြောဖို့၊ တန်ဖိုးဖြတ်ဖို့အတွက် သူတို့သိမြင်ထားသမျှ အကြားအမြင်နဲ့သာ ချိန်ထိုး ဆုံးဖြတ်ကြတာပဲ။

လိမ္မော်သီးလောက်သိတဲ့လူဟာ လိမ္မော်သီး၊ အာလူးလောက် သိတဲ့လူဟာ အာလူး ပေါ့။ လောဘသမားဟာ ငွေကြေးနဲ့ မင်းကို တန်ဖိုးဖြတ်ကြလိမ်မယ်၊ မောဟသမားဟာ အတ္တနဲ့ နှိုင်းယှဉ်တန်ဖိုးဖြတ်ကြလိမ့်မယ်၊ ဒေါသသမားဟာ မင်းလုပ်သမျှ မကောင်းမြင်လိမ့်မယ်။

ဒါတွေဟာ မင်းရဲ့ ပကတိ တန်ဖိုးလို့ မယူဆနိုင်ဘူး။ ဒါပေမယ့် မင်းရဲ့ တန်ဖိုးအတိအကျကိုတော့ မင်းကိုယ်တိုင်ပဲ သတ်မှတ်နိုင်လိမ့်မယ်။ မင်းဟာ လမ်းဘေးက ကျောက်တုံးလား၊ ပြည်တန်ပတ္တမြားလားဆိုတာတော့ မင်းကိုယ်တိုင်သာ သတ်မှတ်နိုင်လိမ့်မယ်”

ကျွန်တော်တို့တွေအားလုံးဟာ ဖုန်အညစ်အကြေးဖုံးလွှမ်းအပ်တဲ့ ကျောက်ရိုင်းတုံးတွေချည်းဖြစ်ကြတယ်။ မြေကြီးထဲက ကျောက်ရိုင်းတွေဖြစ်တဲ့အတွက်လည်း ကျွန်တော်တို့ရဲ့ အရည်အသွေးတွေဟာ တွေဝေမှု၊ တုံ့ဆိုင်းမှု၊ ပျင်းရိမှု အညစ်အကြေးတွေနဲ့ ဖုံးလွှမ်းနေတတ်ကြတယ်။

အဲဒီလို အညစ်အကြေးဖုံးလွှမ်းအပ်တဲ့ ကျောက်တုံးကို မြင်သမျှ လူတွေဟာလည်း သူတို့သန်ရာ လောဘအမြင်၊ ဒေါသအမြင်၊ မောဟအမြင်တွေနဲ့သာ ကျွန်တော်တို့တန်ဖိုးကို သတ်မှတ်ကြမှာပဲဖြစ်တယ်။

အဲဒီလို ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို မြင်တွေ့ကြားသိရပြန်တဲ့အခါမှာလည်း “ငါဟာ အလကားလူပဲ” “ငါဒီနေရာမှာအောင်မြင်မှာမဟုတ်ဘူး” “အောင်မြင်ဖို့ဆိုတာ ပါရမီရှိမှဖြစ်တာ” ဆိုတဲ့ အရှုံးပေး တွေဝေမှု နွံထဲမှာ နစ်မွန်းကြပြန်တယ်။

လူငယ်ဟာ ပတ်ဝန်းကျင်ရဲ့ စကားကြောင့် စိတ်ဓါတ်ကျဆင်းသလို၊ ကျွန်တော်တို့တွေဟာလည်း မိမိရဲ့ကျောက်ရိုင်းဘ၀ကနေ ပြည်တန်ပတ္တမြားဖြစ်အံ့သော အခြေအနေကို မေ့လျော့ပြီး ဘ၀ကို ရေစုန်မြောလိုက်ကြပြန်တယ်။

တစ်ရက်ချင်းစီအလျင်အမြန်ပြောင်းလဲနေတဲ့ အချိန်ရဲ့ ရေစီးကြောင်းမှာ လိုက်ပါ စီးမြောရင်း အချည်းနှီးသောဘ၀ကို သာ ယူဆောင်ထားလိုက်ကြတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ဟာ ကျောက်ရိုင်းတုံးဘ၀နဲ့သာ နိဂုံးချုပ်ကြရမှာပဲဖြစ်တယ်။

ဒါပေမယ့်လည်း လောကလူသားတွေသတ်မှတ်ထားကြတဲ့ ဘ၀တန်ဖိုးဟာ ကျွန်တော်တွေရဲ့ စစ်မှန်တဲ့ တန်ဖိုးတော့ မဟုတ်ဘူးလို့ ဆိုမယ်။ သစ်သီးသည်၊ အာလူးသည်တွေဟာ လက်လှမ်းမှီရာ အမြင်တွေနဲ့ တန်ဖိုးဖြတ်ကြသလို၊ ကျွန်တော်တို့ကို ကောင်းခြင်း/ဆိုးခြင်း ဘယ်လိုပဲ တန်ဖိုးဖြတ်စေကာမူ သူတို့ရဲ့ နှုတ်ထွက်စကားဟာ အတည်ယူလို့မရဘူးလို့ဆိုမယ်။

အညစ်အကြေးဖုံးလွှမ်းအပ်တဲ့ကျောက်ရိုင်းကို ရေနဲ့ဆေးသလို၊ ပြည်တန်ပတ္တမြားအဖြစ် ပွတ်တိုက်ပြောင်လက်စေသလို မိမိရဲ့ တွေဝေနှောင့်နှေးတုံ့ဆိုင်းခြင်းတွေကို “ကိုယ်တိုင်” ဖယ်ရှာခြင်းနဲ့သာ မိမိရဲ့ ပကတိ တန်ဖိုးကို ကျွန်တော်တို့သိနိုင်ကြမှာပဲဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင်ကသာလျင် ကျောက်ရိုင်းတုံးလား၊ ပြည်တန်ပတ္တမြားလားဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိသူတွေဖြစ်ကြတယ်။ ကျွန်တော်တို့ ကြိုးပမ်းမှုအတိုင်းသာ၊ ကျွန်တော်တို့ရဲ့တန်ဖိုး ဖြစ်လာကြတယ်။

ဒါပေမယ့်လည်းWithout proper self-evaluation, failure is inevitable.ဆိုတဲ့စကားလို မိမိကိုယ်ကို “မှန်ကန်စွာ” တန်ဖိုးဖြတ်နိုင်ခြင်းမရှိရင်တော့ မလွဲမသွေကျဆုံးကြရမှာပဲဖြစ်တယ်။

မိမိတန်ဖိုးကို မှန်ကန်စွာသိနိုင်သူများဖြစ်ကြပါစေ

Credit to ဖြိုးသုတ

SearchMyanmar

မရမ်းကုန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး အ၀တ်ဗလာကျင်းလျက် အများပြည်သူအနှောင့်အယှက်ဖြစ်အောင် သွားလာနေသူအားရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းကာအရေးယူ

မရမ်းကုန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး အ၀တ်ဗလာကျင်းလျက် အများပြည်သူအနှောင့်အယှက်ဖြစ်အောင် သွားလာနေသူအားရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းကာအရေးယူ

ရန်ကုန်၊ မတ် ၃၁

၃၁.၃.၂၀၁၇ ရက်နေ့ ၂၂၁၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ပြည်လမ်း၊ (၉)မိုင်တွင် အ၀တ်ဗလာကျင်းလျက်အမျိုးသမီးတစ်ဦးလျောက်သွား
နေပြီး အများပြည်သူစိတ်အနှောင့်အယှက် ဖြစ်အောင်ပြုလုပ်နေကြောင်းတာဝန်သိပြည်သူတစ်ဦး၏ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော 199 Call Centerသို့ သတင်းပေးပို့သဖြင့် မရမ်းကုန်း
မြို့မရဲစခန်းမှအမျိုးသမီးရဲ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ သတင်းအတည်ပြုဆောင်ရွက်ခဲ့ရာ အဆိုပါနေရာအနီး (၈)မိုင်ခွဲကားမှတ်တိုင်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)နေ မ-----၊ အသက် (၂၆)နှစ်သည် အ၀တ်ဗလာဖြင့်လမ်းလျှောက်သွားနေကြောင်း တွေ့ရှိသဖြင့် ၎င်းအမျိုးသမီးအား ရဲတပ်ဖွဲ့ဝင်များက
အ၀တ်များလုံခြုံစွာဝတ်ဆင်စေလျက် ရဲစခန်းသို့ခေါ်ဆောင်ထိန်းသိမ်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှ အမျိုးသမီးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source - Yangon Police

ဓါတ်ပုံ - Thar Zaw/facebook

၂၀၁၇ သင်္ကြန်စာ

၂၀၁၇ သင်္ကြန်စာ


သိကြားမင်းသည် YBS ကိုစီး
Wild Card ကိုင်ပြီးလျှင် လူ့ ပြည်သို့ ကြွချီတော်မူ၏။

ဗြဟ္မာ့ ဦးခေါင်းသည် ရန်ကုန်လေဆိပ် မှ မအူပင် Myanmar Idol သို့ ပြောင်းရွှေ့၏။

လူငယ်တွေကို ပြည်ထဲရေးဝန်ကြီးစောင့်၏။
လူကြီးတွေ ပိုက်ဆံစောင့်၏။
ရက်ကို နေ့ စားသမားများ စောင့်၏။
လမ်းကို စည်ပင်စောင့်၏။
မြေကို အခွန်စောင့်၏။
စစ်တပ်သည် ခြေဥကိုစောင့်၏။
လေကို   ရဲမိုးစောင့်၏။
မိုးလေဝသ ကို  ဦးထွန်းလွင် စောင့်၏။
ရေကို ပြည်သူများစောင့်၏။
မိုးကို လယ်သမားများစောင့်၏။

လူတို့ ၏အဓိပတိကား ဗိုလ်အောင်ဒင်။
ခြေလေးခုတို့ ၏ အဓိပတိကား ခွေးခြေခုံ။
ငှက်တို့ ၏အဓိပတိကား H5N1။
သစ်ပင်တို့ ၏အဓိပတိကား မှောင်ခိုသမား။

ဤသက္ကရာဇ်ဝယ်---
သီချင်းဆိုပြိုင်ပွဲကြောင့် MPT ရောင်းအားတက်လတ္တံ့။

ဘုရားသူခိုး သူတော်ကောင်းဖြစ်၍ လူသတ်ကောင်ဂုဏ်ကျေးဇူးအထူးအောက်မေ့ လတ္တံ့ ။
အသက်၅၀ မကျော်မချင်း လူငယ်ဟု သမုတ်လတ္တံ့။

မြန်မာပြည်သိန်းတန် သည် MPT အတွက် မြန်မာပြည်သန်းတန် ဖြစ်လတ္တံ့။

မြန်မာပြည်ကျောက်စိမ်း တရုတ်ပြည်သို့ အပို့ခံရလတ္တံ့။
(ဆိုင်းသွားတီးတာပါ)။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်တဲ့သူများ အမတ်ဖြစ်၍ ရှုံးတဲ့သူများ ပိုက်ဆံကုန်အံ့။
ကမ္ဘာ့ နှစ်ခြမ်း မကွဲခင် စပ်ကြား မြန်မာပြည် ငြိမ်းချမ်းရေးရလတ္တံ့။

နေ့စားဆန္ဒပြသူများ အလုပ်ဖြစ်လတ္တံ့။
ကြော်ငြာတံဆိပ်ရိုက်ဆိုင်းဘုတ် လုပ်ငန်း အောင်မြင်အံ့။

ဆရာဝန်မများ နာမည်ကြီးလတ္တံ့။
အလှမယ်များကို Vote ပေးလွန်းကြသဖြင့် အော်ပရေတာတွေ အလုပ်ဖြစ်အံ့။

၆၆ဃ နာမည်ကြီးလတ္တံ့။

ဟို Profile Picture ထားပြီးသကာလ
ဖေ့စဘုတ်ပေါ်တွင် အယုတ္တ အနတ္တ ဆဲဆိုကြ လတ္တံ့။
--------------------------------------------------
ဤကား ခရစ်နှစ် ၂၀၁၇ ၊ မြန်မာသက္ကရာဇ် ၁၃၇၉ ၊ သာသနာနှစ် ၂၅၆၁ မဟာသင်္ကြန်စာတည်း။

Credit.း Ye KyawKhaing

NLD အာဏာရပြီး တနှစ်အကြာတွင် ပြည်သူလူထု၏ ရွှေရောင်အိပ်မက် မျှော်လင့်နိုင်ဦးမှာလား

NLD အာဏာရပြီး တနှစ်အကြာတွင် ပြည်သူလူထု၏ ရွှေရောင်အိပ်မက် မျှော်လင့်နိုင်ဦးမှာလား

မြန်မာနိုင်ငံသည် ဧပြီ ၁ ရက်တွင် မဲဆန္ဒနယ် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကျင်းပမည် ဖြစ်သည်။ သို့သော် ပြည်သူလူထုအနေနှင့် အဆိုပါကြားဖြတ်ရွေးကောက်ပွဲများအပေါ် အားတက်သရော မရှိလှပေ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ် အနိုင်ရရှိမှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်သူလူထု၏ အားတက်သရောရှိမှု၊ အကောင်းဘက်မှ ရှုမြင်မှုတို့မှာ လည်း ယခုအခါ မှေးမှိန်လျော့ကျကုန်ပြီဖြစ်သည်။

မတ် ၃၁ တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု ၃၀ ရာခိုင်နှုန်းလျော့ကျခဲ့သည်။ အလားတူကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေပြီး စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်းသာရှိမည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြသည်။

အစိုးရသည် ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက ဘင်္ဂါလီ(ရိုဟင်ဂျာ) မွတ်စလင်များအား အဓမ္မပြုကျင့် ခြင်း၊ သတ်ဖြတ်ခြင်းများပြုခဲ့ကြောင်း စွပ်စွဲပြောကြားချက်များအား စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ၏ ဖိအားပေး မှုများနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံမြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးကြရသည်။ ဤအချက်က လွန်ခဲ့သော သြဂုတ်လတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးညီလာခံတရပ်၏ အောင်မြင်နိုင်မှု အလားအလာအပေါ်မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့သည်။

''ပြုပြင်ပြောင်းလဲမှုက အချိန်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စိတ်ရှည်သည်းခံရမှာဖြစ်သလို အစိုးရအနေနဲ့လည်း ယခုထက်ပိုပြီး ကြိုးစားဖို့လိုပါတယ်''ဟု အသက်၂၈ နှစ်အရွယ်ရှိ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကိုဝင်းလွင်အောင်ကThe Straits Times သတင်းစာ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် လွှတ်တော်အဆင့်ဆင့်တွင် ပါဝင်နေကြသည်။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ စသည့် လုံခြုံရေးနှင့် သက်ဆိုင်သောဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ခွင့်ရှိသည်။ ပြောရမည်ဆိုလျှင် အစိုးရသစ်သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က စစ်အစိုးရချမှတ်ခဲ့သော လက်ရှိအဖွဲ့အစည်းများ၏ မူဘောင်အတွင်း အရပ်ဘက်- စစ်ဘက်ဆက်ဆံရေး အဆင်ပြေအောင်ကြိုးပမ်းနေရသည်။ အစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း တပ်မတော်နှင့် အာဏာမျှဝေရေးအစီအစဉ်တခုအရ သတိကြီးစွာထားပြီး လုပ်ကိုင်ဆောင်ရွက်နေရသည်။

အစိုးရသစ်အာဏာရလာသည်မှာ မတ် ၃၀ ရက်တွင် တနှစ်တင်းတင်းပြည့်ပါပြီ။ သိသာထင်ရှားသည့် အပြောင်းအလဲနည်းပါးမှုကြောင့် ပြည်သူလူထုသည် အရပ်သားအစိုးရအပေါ် စိတ်ပျက်မှုအချို့ရှိလာခဲ့သည်။

''အစိုးရသစ်အနေနဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးရေးထက် ယခင်အသွင် ကူးပြောင်းရေးအစိုးရထံမှ ကျန်ရစ်ခဲ့တဲ့ အလုပ်တွေကိုပဲ ပိုပြီးဆက်လုပ်နေရတာ များပါတယ်''ဟု လန်ဒန်တက္ကသိုလ်ကောလိပ်မှ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ မာရီလောက သုံးသပ်ပြောကြားသည်။

ဥပမာ- NLD အစိုးရသည် လွန်ခဲ့သောလက အမျိုးသားပညာရေး မဟာဗျူဟာ အစီအစဉ်တရပ်ကို စတင်ခဲ့ သည်။ ၎င်းအစီအစဉ်သည် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ခဲ့သောလုပ်ငန်းစဉ်တခု ဖြစ်သည်။ ထို့ပြင် အစိုးရသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တရပ်ကို ဧပြီ ၁ ရက်မှစပြီး အကောင်အထည် ဖော်မည် ဖြစ်သည်။ ယင်းဥပဒေကိုလည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှပင် အစပျိုးခဲ့သည်။ အစိုးရသည် လွန်ခဲ့သောနှစ်က စီးပွားရေးမူဝါဒတရပ် ပြဋ္ဌာန်းခဲ့သည်။ သို့သော် ယင်းမူဝါဒတွင် အသေးစိတ် အချက်အလက်များ ဖော်ပြမှုနည်းပါးနေကြောင်း၊ မူဝါဒပါ ဖော်ပြချက်များ ရှင်းလင်းပြတ်သားမှုမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်ထောက်ပြကြသည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့ပြီးဖြစ်သော်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူများအနေနှင့် မြန်မာနိုင်ငံတွင်း၌ မျှော်လင့်ထားသလောက် လာရောက်ရင်းနှီးမြှုပ်ခြင်း မရှိသေးပေ။

အစိုးရသစ်က အပြောင်းအလဲများကို မြန်မြန်ဆန်ဆန်နှင့် ပွင့်လင်းမြင်သာမှုရှိရှိ အကောင်အထည်မဖော်မှု အပေါ် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းမှ စိုးရိမ်ပူပန်နေသည်ဟု ရန်ကုန်အခြေစိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခု၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဟောင်း ဦးသိန်းစိန်နှင့် နှိုင်းယှဉ်ပါက ပိုမိုခက်ခဲသည့် အခြေအနေတရပ်နှင့် ကြုံတွေ့နေရသည်ဟု ၎င်းက ပြောကြားသည်။ သမ္မတဦးသိန်းစိန်လက်ထက်က ရေနံနှင့် ဓာတ်ငွေ့ရှာဖွေရေးစီမံကိန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံမှု အများအပြားဝင်ရောက်ခဲ့သည်။ သို့သော် အစိုးရသစ်လက်ထက်တွင် ရေနံနှင့် ကုန်စည်ဈေးနှုန်းများ ကျဆင်းနေသည်။ အစိုးရသစ်သည် သယံဇာတ အရင်းအမြစ်တခုအပေါ် မှီခိုအားထားနေရသည့် စီးပွားရေးကို ပြောင်းလဲရန် ကြိုးပမ်းနေရသည်။

မြန်မာနိုင်ငံသည် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပြည့်ဝနေသော တိုင်းပြည်ဖြစ်သလို တဖက်တွင်လည်း အားတက်စရာများ အလားအလာကောင်းများရှိနေသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ ဗျူရိုကရေစီ ယန္တရားအားနည်းမှု၊ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများ၊ ခရိုနီအရင်းရှင်များ ရှိနေသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် သယံဇာတပေါများသည်။ မဟာဗျူဟာအရ အချက်အချာကျသည့်နေရာ၌ တည်ရှိသည်။ အလုပ်လုပ်နိုင်သော လူငယ်လူရွယ် အရေအတွက် များပြားသည့်နိုင်ငံလည်း ဖြစ်သည်။

''အရပ်သားအစိုးရမှာ ပြဿနာတွေမျိုးစုံရှိတယ်ဆိုတာ ကျွန်မတို့ နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေအားလုံး ကျွန်မတို့ကို အသိပေးစေချင်တယ်။ အစိုးရသစ်အနေနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပြောပြသင့်တယ်''ဟု နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် Info Digest  ဂျာနယ် အယ်ဒီတာ မသီတာက The Straits Times သို့ ပြောပြသည်။

ဂျာနယ်လစ်များက လွန်ခဲ့သောနှစ်တွင် အစိုးရ၏စီးပွားရေးမူဝါဒ ထုတ်ပြန်ကြေညာခြင်းကဲ့သို့သော အဓိကဖြစ်ရပ်များ၌ သတင်းသမားများ ၀င်ခွင့်မရမှုအပေါ် ပြစ်တင်ညည်းတွားနေကြသည်။ အစိုးရသည် ဗဟိုမှချုပ်ကိုင်ပြီး ဆုံးဖြတ်ချက်များချမှတ်နေမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြီးအကျယ် ပြစ်တင်ဝေဖန်မှုများရှိနေသည်။

NLD အဖွဲ့ဝင်တွေ ကိုယ်တိုင်ပေးတဲ့ဆင်ခြေက ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေကို ဦးဆောင် နေတဲ့လူတွေ စွမ်းဆောင်ရည်မပြည့်ဝဘူးတဲ့။ သူတို့ထဲမှ အတော်များများဟာ နှစ်ပေါင်းများစွာ ထောင်ကျခဲ့ပြီး ပါတီအတွက် ပေးဆပ်ခဲ့ကြသူများ ဖြစ်ကြပါတယ်''ဟု ပါမောက္ခမာရီလောက ပြောသည်။ သို့ဖြစ်၍ တိုင်းပြည်အုပ်ချုပ်ရေးနှင့်ပတ်သက်သော အကွေ့အကောက် အရှုပ်အထွေးများကိုဖြေရှင်းနိုင်ရန်  NLD အစိုးရသည် အစိုးရအဖွဲ့ဝင်များ၏စွမ်းရည်ကို မြှင့်တင်ပေးဖို့ အရေးတကြီး လိုအပ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားကြောင့် အကြိမ်ကြိမ် ပြောကြားခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေးရရှိပါမှ နိုင်ငံသည် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ပြီး ရှေ့သို့ဆက်လှမ်းနိုင်မည်ဟု သူမက ယုံကြည်သည်။

သို့ရာတွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်တက် လာခြင်းကြောင့် ၂၀၁၅ အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်တရပ်ကို လက်မှတ်မရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စေ့စပ်ဆွေးနွေးပွဲသို့ ရောက်ရှိလာရေးသူမ၏ ကြိုးပမ်းအားထုတ်မှုများ ပျက်ပြားမည့် အလားအလာရှိနေသည်။

''အစိုးရဟာ အလုပ်တွေ အများကြီးလုပ်ဖို့ ကြိုးစားနေတယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာ ပြဿနာပေါင်းစုံကို စီမံခန့်ခွဲနိုင်ဖို့အတွက် ယခုထက် ပိုပြီး နက်နက်နဲနဲ နှိုက်နှိုက်ချွတ်ချွတ် သိနိုင်စွမ်းရှိတဲ့၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ပိုမိုလွှဲပြောင်းပေးနိုင်တဲ့ အစိုးရအဖွဲ့တရပ်လိုအပ်ပါတယ်''ဟု ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ထွန်းက ပြောကြားသည်။

အချို့ကလည်း အစိုးရအနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဲ့သို့ သီးသန့်ကဏ္ဍများအပေါ် ပိုမိုအလေး ထားလုပ်ဆောင်သင့်သည်ဟု အကြံပြုကြသည်။

''အခု ရေတွင်းတူးပြီး ချက်ချင်းရေကြည်မရနိုင်ပါဘူး။ ဒီကိစ္စကို ပြည်သူလူထုအနေနဲ့ နားလည် သဘောမပေါက်မှာကို ကျွန်မအနေနဲ့ စိုးရိမ်မိပါတယ်''  ဟု ရန်ကုန်မြို့မှ လမ်းဘေးဈေးသည် ဒေါ်မာမာက  ပြောသည်။

S.M
Ref : (The Straits Times)(News Watch)

အမေရိကန်တွင် မိုးပျံအဝေးပြေးလမ်းတစ်လမ်း၌ မီးကြီးလောင်ကာ ပြိုကျမှုဖြစ်

အမေရိကန်တွင် မိုးပျံအဝေးပြေးလမ်းတစ်လမ်း၌ မီးကြီးလောင်ကာ ပြိုကျမှုဖြစ်


အမေရိကန်နိုင်ငံက အက်လန်တာမြို့တွင် မတ် ၃၀ ရက် ညနေပိုင်းက မိုးပျံအဝေးပြေးလမ်းတစ်လမ်း မီးလောင်မှုဖြစ်၍ လမ်း၏အစိတ်အပိုင်း ကြီးကြီးမားမား ပြိုကျမှုဖြစ်ပွားသည်။

ပြည်နယ်ချင်းဆက် အမှတ် ၈၅ မိုးပျံအဝေးပြေးလမ်းမကြီး၌ လောင်ကျွမ်းသည့် မီးတောက်ကြီးက အထက်တော်တော်အမြင့်ထိ ထိုးတက်သည်။

ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ဒေသစံတော်ချိန် ခုနစ်နာရီခွဲခန့်၌ လမ်း၏ အစိတ်အပိုင်းတစ်ရပ် ပြိုကျကြောင်း သတင်းများတွင် ဖော်ပြသည်။

မီးခိုးလုံးမည်းကြီးများကြောင့် မုန်တိုင်း တိုက်လာသည်ဟုတောင် ထင်မှတ်မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါမီးလောင်မှု၌ ထိခိုက်သေဆုံးမှုသတင်း လတ်တလော မသိရသေးပေ။

သို့သော် ယင်းမီးကြောင့် ယာဉ်ကြောပိတ်ခြင်းနှင့် လမ်းများ ပိတ်ဆို့ခြင်း ကြီးကြီးမားမား ဖြစ်ပေါ်ပြီး ယာဉ်များမှာ နာရီများစွာ ရပ်တန့်နေခဲ့ရသည်။

ဂျော်ဂျီယာပြည်နယ်အုပ်ချုပ်ရေးမှုး နာသန်ဒီရာယ်က အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

မီးလောင်မှုမှာ အဆိုပါလမ်းပိုင်းအောက်တွင် မြုပ်နှံထားသော လောင်စာပိုက်လိုင်းက စလောင်ဖွယ်ရှိသည်ဟု ၎င်းကပြောသော်လည်း မည်သည့်အတွက်ကြောင့် ယင်းနေရာတွင် ပိုက်လိုင်းမြုပ်နှံထားခြင်းကို သေချာမသိရပေ။

Mizzima

ကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုနည်းခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကတိပျက်မှု ကြောင့်ဟု သုံးသပ်

ကြားဖြတ်ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုနည်းခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ကတိပျက်မှု ကြောင့်ဟု သုံးသပ်


အမ်းမြို့နယ်အတွင်း ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက် ပြီး ဒေသခံလူထု စိတ်ဝင်စားမှု အလွန်နည်းပါးရခြင်းမှာ လူထု၏ စားဝတ်နေရေး၊ ပညာရေးများနှင့် သက်ဆိုင်သလို ယခင်လွှတ်တော် ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးစဉ် က ပြောခဲ့သည့်ကတိကဝတ် ပျက်ကွက်မှုများကြောင့် ဖြစ်သည်ဟု တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်က ပြောလိုက်သည်။

“ကြားဖြတ်းရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှု နည်းတာက ယခင် ရွေးကောက်ပွဲနှစ်ကြိမ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပေးအပ်ခဲ့တဲ့ ကတိကဝတ်တွေဟာ လူထုဆီကို ရောက်မလာဘူး။ တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရင် မဲဆန္ဒနယ်ကိုတောင် ပြန်မရောက်တော့တာတွေ ရှိတယ်။ ဆိုတော့ လူထုက သူတို့အတွက် ဘာမှမထူးသလို ခံယူသွားတယ်”ဟု ဆက်လက်ပြောသည်။

ယင်းအပြင် ဆင်းရဲနွမ်းပါးသည့် အမ်းလူထုအများစုတို့မှာ မိမိတို့စားဝတ်နေရေးကိုသာ ဦးစားပေးဖြေရှင်းနေကြရသည့် အခက်အခဲများနှင့် နပန်းလုံးနေကြရသဖြင့် တခြားကိစ္စရပ်များကို မိမိတို့အတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ခုအနေဖြင့် အချိန်မပေးနိုင်ခြင်း၊ မဲပေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ရန် လိုအပ် လျှက်ရှိကြောင်း သိရသည်။

“လောလောဆယ်ကတော့ ပြည်သူတွေရဲ့မဲတွေမဆုံးရှုံးရအောင် မလာနိုင်တဲ့မဲဆန္ဒရှင်တွေကို လာနိုင်အောင်၊ မပေးနိုင်တဲ့ သူတွေကို ပေးနိုင်လာအောင် လုပ်ဆောင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် တစ်ချို့မဲတွေဟာ ဆုံးရှုံးသွားနိုင်ပါတယ်”ဟု အမ်း မြို့ခံ ကျောင်းဆရာအငြိမ်းစား ဦးခင်မောင်ဝင်းက သုံးသပ်ပြောခဲ့သည်။

လက်ရှိအချိန်တွင် ကြိုတင်မဲပေးမှုများကို ဆောင်ရွက်လျှက်ရှိပြီး မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ အချိန်ကစတင်ကာ ကြိုတင်မဲပေးခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

Mizzima

ဖြုတ်ချခံ တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီး ဖမ်းဆီးထိန်းသိမ်းခံရ

ဖြုတ်ချခံ တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီး ဖမ်းဆီးထိန်းသိမ်းခံရ


ခြစားမှုနှင့် အာဏာ အလွဲသုံးစားမှု အရှုပ်တော်ပုံကြောင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသော တောင်ကိုရီးယားသမ္မတဟောင်း ပက်ကွမ်ဟီးသည် မတ် ၃၁ ရက် အစောပိုင်းက ဖမ်းဆီးခံခဲ့ရသည်။ တရားရုံးတွင် အလျင်အမြန် ကြားနာခဲ့ပြီးနောက် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားမှု၊ ဖိအားပေးစေခိုင်းမှု၊ အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားစေမှုစွဲချက်များဖြင့် ဆိုးလ်ခရိုင်တရားရုံးက ပက်အား ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်သည်။

“အဓိက စွဲချက်တွေဟာ မှန်ကန်ကြောင်း ဆုံးဖြတ်ခဲ့ပြီး သက်သေ အထောက်အထားတွေ ဖျက်ဆီးခံရမယ့် အန္တရာယ်ရှိနေတာကြောင့် (ပက်ကို) ဖမ်းဆီးဖို့ လိုအပ်နေပါတယ်” ဟု တရားရုံးက ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပက်အား ထိန်းသိမ်းသင့် မထိန်းသင့်ကို တရားသူကြီးက မဆုံးဖြတ်မီ တရားရုံးတွင် ကိုးနာရီနီးပါး ကြားနာခဲ့ပြီးနောက် အစိုးရရှေ့နေရုံးမှနေ၍ ဆိုးလ်အနီးရှိ ထိန်းသိမ်းရေးစခန်းသို့ ချက်ချင်းခေါ်ဆောင် သွားခဲ့ပြီဖြစ်သည်။

စိတ်ပျက်ပြီး ဖျော့တော့နေပုံရသော ပက်သည် မီဒီယာများကို ဥပက္ခောပြုခဲ့ပြီး ဆိုးလ်ခရိုင်တရားရုံးသို့ ရောက်လာချိန်တွင် စကားပြောကြားခဲ့ခြင်း မရှိသလို ထွက်ခွာချိန်တွင်လည်း စကားမပြောခဲ့ပေ။

ပက်ကွမ်ဟီးအား ထိန်းသိမ်းခြင်းသည် တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီး သမ္မတကို အရှက်ရစေခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ပက်၏ခေါင်းဆောင်မှုအား ပြည်သူ သန်းပေါင်းများစွာက ကန့်ကွက်ဆန္ဒပြမှုများ၏ အဓိက တောင်းဆိုချက်တစ်ခုဖြစ်သည်။

အသက် ၆၅ နှစ်အရွယ် ပက်သည် ယခုလအစောပိုင်းတွင် တရားရုံးချုပ်၏  ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရ ပြီးနောက် တရားစွဲဆိုခံရမှုအတွက် အကာအကွယ်ရရှိထားမှုကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။  ပက်က စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

အရှုပ်တော်ပုံတွင် ဗဟိုချက်ဖြစ်သော  ပက်၏လျှို့ဝှက်လူယုံ ချွိုင်ဆွန်ဆီသည် ဆမ်ဆောင်းအပါအ၀င် တောင်ကိုရီးယားထိပ်တန်း ကုမ္ပဏီများအား ၎င်း၏ ဖောင်ဒေးရှင်းများသို့ ဒေါ်လာသန်း ၇၀ နီးပါးလှူဒါန်းရန် ဖိအားပေးခဲ့မှုအတွက် ရုံးတင်စစ်ဆေးခံနေရပြီး ဖြစ်သည်။ ပက်သည် အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးတောင်ကိုရီးယားတွင် ခြစားမှုအတွက် ဖမ်းဆီးခံခဲ့ရသော တတိယမြောက် သမ္မတဟောင်း ဖြစ်လာခဲ့သည်။ တောင်ကိုရီးယားတွင် နိုင်ငံရေးနယ်ပယ်နှင့် စီးပွားရေး လုပ်ငန်းကြီးများသည် နီးနီးကပ်ကပ် ဆက်နွှယ်နေကြသည်။

ပက်ကို ကျဆုံးစေခဲ့သော အရှုပ်တော်ပုံနှင့်ဆက်နွှယ်၍ တောင်ကိုရီးယား အီလက်ထရွန်နစ်ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌလီဂျဲယောင်သည် ပြီးခဲ့သည့်လတွင် ဖမ်းဆီးခံခဲ့ရသည်။ တောင်ကိုရီးယား အာဏာရှင်ဟောင်း ပက်ချုံဟီး၏ သမီးဖြစ်သူ ပက်ကွမ်ဟီးသည် ၂၀၁၂ ခုနှစ်တွင် တောင်ကိုရီးယား၏ ဒီမိုကရက်တစ်သမိုင်း၌ မည်သည့်ကိုယ်စားလှယ်မှ မရခဲ့ဖူးသော ထောက်ခံမဲအများစုကို ရရှိခဲ့ပြီး သမ္မတဖြစ်လာခဲ့သူဖြစ်သည်။

ပက်သည် အထက်တန်းကျောင်းသာပြီးပြီး တရားဝင် အစိုးရရာထူးမရှိသူ မိတ်ဆွေချွိုင်အား  ထိပ်တန်းရာထူးများ ခန့်အပ်မှု အပါအ၀င် နိုင်ငံရေးရာအမျိုးမျိုးကို ကိုင်တွယ်ခွင့်ပေးခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် အရှုပ်တော်ပုံကြီးမားခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာတွင် ပါလီမန်၌ စွပ်စွဲပြစ်တင်ခံခဲ့ရသည်။

၁၉၆၁ မှ ၁၉၇၉ ခုနှစ်အထိ တောင်ကိုရီးယားကို ဖိနှိပ်အုပ်ချုပ်ခဲ့သော ဖခင်ဖြစ်သူ နှင့် ၎င်းကိုယ်တိုင်အား ဝေဖန်ခဲ့သော အနုပညာရှင်အမြောက်အမြားကို ပက်က နှိပ်ကွပ်ခဲ့ကြောင်းလည်း စွပ်စွဲခံထားရသည်။ အရှုပ်တော်ပုံကြောင့် ဖြစ်ခဲ့ရသော စိတ်ပျက်စေမှုအတွက် ပက်က အကြိမ်ကြိမ်တောင်းပန်ခဲ့သော်လည်း အမှားကျူးလွန်ခဲ့သည်ဟု ၀န်ခံမထားဘဲ ချွိုင်ဆွန်ဆီသည် ခင်မင်ရင်းနှီးမှုကို အလွဲသုံးစားပြုခဲ့ကြောင်း ပက်က အပြစ်တင်ထားသည်။                    

Eleven Media Group

အောင်လအန်ဆန်း ၏ အသုံးအဆောင် ပစ္စည်းများ လေလံပွဲ ကျပ် ၅၈ သိန်းရရှိ

အောင်လအန်ဆန်း ၏ အသုံးအဆောင် ပစ္စည်းများ လေလံပွဲ ကျပ် ၅၈ သိန်းရရှိ


ရန်ကုန် မတ် ၃၁

MMA နံမည်ကြီး ကချင် တိုင်းရင်းသား လက်ဝှေ့သမား အောင်လအန်ဆန်း ၏ အသုံးအဆောင် ပစ္စည်းများ လေလံ တင်ပွဲကို မတ်လ ၃၁ ရက် ညနေပိုင်းက ဒဂုံမြို့ နယ်ရှိ Shopmyar.com ရုံးချုပ်တွင် ကျင်းပခဲ့ရာ ငွေကျပ် ၅၈ သိန်း ရရှိခဲ့သည်။

ယင်းလေလံပွဲတွင် အောင်လအန်ဆန်း ၏ လက်မှတ် ပါဝင်သည့် တီရှပ်များ လေ့ကျင့်မှု ပြုလုပ်စဉ် အသုံးပြုသည့် အားကစား ဝတ်စုံများ သုဝဏ္ဏကွင်းတွင် ကျင်းပပြီး ပိုလန်နိုင်ငံသား လက်ဝှေ့သမား ပတ်စတာနာ့ခ်ကို အနိုင်ယူခဲ့သည့် လက်အိတ်နှင့် ဘောင်းဘီ လေ့ကျင့်ရေး လက်အိတ်၊ ၎င်းနှင့်အတူ ညစာစားသုံးခွင့်နှင့် အမေရိကန် နိုင်ငံတွင် ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ၎င်းရရှိခဲ့ဖူးသည့် ရွှေတံဆိပ် တို့ကို လေလံ ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းလေလံပွဲမှ ရရှိသည့် ငွေကျပ် ၅၈ သိန်းကို ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို လှူဒါန်းမည့် အပြင် ရန်ကုန်မြို့ ရှိ သုခစုစံ မိဘမဲ့ဂေဟာ ကိုလည်း ယခုရက်ပိုင်း အတွင်း သွားရောက် လှူဒါန်းမည် ဖြစ်သည်။
ဓာတ်ပုံ - Sithu( The Voice )

သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံကို သွားရောက်မည်

သမ္မတ ဦးထင်ကျော် တရုတ်နိုင်ငံကို သွားရောက်မည်

သမ္မတ ဦးထင်ကျော် ဟာ ဧပြီလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့ ထိ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ တရုတ် ဆင်ဟွာ သတင်းက ဒီနေ့ ဖော်ပြပါတယ်။

တရုတ် သမ္မတ ရှီကျင်းဖျင်ရဲ့ ဖိတ်ကြားချက် အရ ဖြစ်တယ် လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် လူကန်းက ဒီနေ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

RFA

*** မိမိကိုယ်ကိုယ် အားကိုးပါ ***

*** မိမိကိုယ်ကိုယ် အားကိုးပါ ***

* မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

* မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလားလို့
အပြစ်မတင်ချင်ပါနဲ့။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့ လူလာဖြစ်နေကြတာ မဟုတ်ဘူး။

* မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့ မနာကြည်းလိုက်ပါနဲ့။ မင်းလျှောက်နေတဲ့ လမ်းမှာ မိသားစုကောင်း မိတ်ဆွေရင်းအဖော်မွန်စစ် ပါချင်ပါလာမယ်။ မပါချင် မပါဘူး။ လမ်းခုလတ်က လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။
သေချာတာ ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

* ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား?.... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။

* ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား? လွတ်လပ်ခွင့် ပေးလိုက်။

* သူတစ်ပါး စိတ်နှလုံးအိမ်ထဲမှာ
နေရာတစ်ခုရဖို့ ဆိုတာ မင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။ ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

* ဒါတွေဟာ သမရိုးကျ ဖြစ်စဉ်တွေလေ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့။
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူး။

Moe Nay

နှလုံးသားကို မကွဲကြေပါစေနဲ့

နှလုံးသားကို မကွဲကြေပါစေနဲ့


တစ်ခါက အက်ဒီဆင်ဟာ မီးလုံးကို တီထွင်ပြီးခါစမှာ သူ့ရဲ့ တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်း သမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်…။

စာနယ်ဇင်းသမားတွေ ရောက်လာပြီး အားလုံး အဆင်သင့် ဖြစ်တဲ့ အချိန်မှာတော့ အက်ဒီဆင်က သူအိမ်က အလုပ်သမား ကောင်လေး တစ်ယောက်ကို သူ့ရဲ့ မီးလုံးကို သွားယူခိုင်းပါတယ်…။

ကောင်လေးဟာ မီးလုံးကိုယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက်လဲပြီး မီးလုံးဟာ ကျကွဲသွားပါတယ်…။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်း များစွာ ကြိုးစား အားထုတ်ခဲ့တာ အားလုံးသိပါတယ်…။

ဒါပေမယ့် အင်ဒီဆင် ကတော့ ကောင်လေးကို ဘာမှမပြောဘဲ ...
စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်လိုက်ပါတယ်…။
သူ အသစ် ထပ်မံ ပြုလုပ်ပြီးရင် ပြန်လည် ဖိတ်ကြားပါမယ်ပေါ့…။
ကောင်လေးကတော့ သူ့ရဲ့  နမော်နမဲ့ နိုင်မှုကြောင့် ဒီလို ဖြစ်သွားရတာကို စိုးရိမ် ကြောက်ရွံ့ နေပါ သတဲ့…။

အက်ဒီဆင် ဟာလည်း ဒီမီးလုံးကို ထပ်မံ ပြုလုပ်ဖို့ရာ လနဲ့ချီပြီး အချိန်ယူ လုပ်ဆောင်လိုက်ရပါ သတဲ့…။ မီးလုံးပြီးသွားချိန် မှာတော့ စာနယ်ဇင်းသမားတွေကို ထပ်မံ ဖိတ်ခေါ်လိုက်ပြန်ပါ သတဲ့…။
သတင်းထောက်တွေ ရောက်လာပြီး အားလုံး အဆင်သင့် ဖြစ်ချိန်မှာတော့ သူရဲ့ မီးလုံးကို သွားယူဖို့ရာ ယခင် ကောင်လေးကိုပဲ သွားယူခိုင်းပြန်ပါတယ်…။ ကောင်လေး ဟာလည်း ဝမ်းသာအားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာခဲ့ပါတယ်…။

စာနယ်ဇင်း မိတ်ဆက်ပွဲ ပြီးဆုံးချိန်မှာတော့ သတင်းထောက် တစ်ချို့က မေးပါတယ်…။

“မစ္စတာ အက်ဒီဆင် ခင်ဗျား…
မီးလုံးသွားယူတဲ့ ကောင်လေးဟာ ဟိုတစ်ခါ သူ့ကြောင့် မီးလုံး ကျကွဲ သွားဖူးတယ် မဟုတ်လား….
ဆရာ့မှာ တစ်ခြား ခိုင်းစရာလူတွေ အများကြီး ရှိတဲ့အနက်က ဒီကောင်လေးကိုပဲ ဘာလို့ ပြန်ခိုင်းရတာလဲ… .
ဒီတစ်ခါ ကျကွဲသွားရင် နောက်တစ်ခါ အချိန်အများကြီး ပြန်ယူရမှာ မစိုးရိမ်ဘူးလား …”

လို့မေးပါသတဲ့…။
ဒီတော့ အက်ဒီဆင်ကြီး ပြန်ဖြေလိုက်ပုံကတော့…

“ကျုပ်တမင်တကာ သူ့ကို ခိုင်းလိုက်တာဗျ…
မီးလုံး ထပ်ကွဲသွားရင် ကျုပ်ပြန်လုပ်လို့ ရပါတယ်…
ဒါပေမယ့် ဒီတစ်ခါဒီ ကောင်လေးကို မခိုင်းခဲ့ရင် ဒီကောင်လေးရဲ့  နှလုံးသား ကျကွဲသွားမှာဗျ…” လို့ ပြန်ဖြေလိုက်ပါတော့ သတဲ့…။

နှလုံးသား ဆိုတာ အင်မတန် နူးညံ့ပါတယ်…
ကွဲကြေသွားတဲ့ နှလုံးသားကို ပြန်လည် ကုစားဖို့ ဆိုတာ အချိန် ကာလ သတ်မှတ်လို့ မရနိုင်ပါဘူး…
ကိုယ့်ကြောင့် ဘယ်သူ့ ဘယ်သူရဲ့  နှလုံးသားကိုမှ မကွဲကြေပါစေနဲ့ ။
ဖတ်လို့ အကျိုးရှိရင် share ပေးဖို့မမေ့ပါနဲ့။
Credit >> For the soul's photo.
Ashin Sanda Zawti