Latest News

Friday, March 31, 2017

"မောင်တောခရိုင်ရှိ ဝန်ထမ်းများ လစာနှစ်ဆခံစားခွင့်ကို သုံးလထပ်တိုးပေး "

"မောင်တောခရိုင်ရှိ ဝန်ထမ်းများ လစာနှစ်ဆခံစားခွင့်ကို သုံးလထပ်တိုးပေး "

မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် မူရင်းလစာ၏ နှစ်ဆကို ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလအတွက် ခံစားခွင့်ပြုလိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကပြောသည်။

ထို့အပြင် မောင်တောခရိုင်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နေ့စားဝန်ထမ်းများကိုလည်း တစ်ရက်လျှင် ငါးထောင်ကျပ်နှုန်းမှ ၆၅၀၀ ကျပ်နှုန်းဖြင့် သုံးလစာခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၃၁ ရက်တွင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။

အစိုးရက မောင်တောခရိုင်အတွင်းက နိုင်ငံ့ဝန်ထမ်းများကို ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေအရ ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွက် လစာနှစ်ဆကို ခံစားခွင့်ပြုခဲ့သည်။
“ဒီဒေသက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့ ကုန်ဈေးနှုန်းကလည်း ဈေးများတယ်လေ၊ ဈေးများတော့ တခြားမြို့နယ်တွေမှာ ရှိတဲ့ ၀န်ထမ်းလစာတွေနဲ့ အဆင်မပြေလို့ပါ”ဟု ဦးတင်မောင်ဆွေ ကပြောသည်။ဓာတ်ပုံ - မောင်ကံ(7Day News)

No comments:

Post a Comment