Latest News

Friday, March 31, 2017

အောင်လအန်ဆန်း ၏ အသုံးအဆောင် ပစ္စည်းများ လေလံပွဲ ကျပ် ၅၈ သိန်းရရှိ

အောင်လအန်ဆန်း ၏ အသုံးအဆောင် ပစ္စည်းများ လေလံပွဲ ကျပ် ၅၈ သိန်းရရှိ


ရန်ကုန် မတ် ၃၁

MMA နံမည်ကြီး ကချင် တိုင်းရင်းသား လက်ဝှေ့သမား အောင်လအန်ဆန်း ၏ အသုံးအဆောင် ပစ္စည်းများ လေလံ တင်ပွဲကို မတ်လ ၃၁ ရက် ညနေပိုင်းက ဒဂုံမြို့ နယ်ရှိ Shopmyar.com ရုံးချုပ်တွင် ကျင်းပခဲ့ရာ ငွေကျပ် ၅၈ သိန်း ရရှိခဲ့သည်။

ယင်းလေလံပွဲတွင် အောင်လအန်ဆန်း ၏ လက်မှတ် ပါဝင်သည့် တီရှပ်များ လေ့ကျင့်မှု ပြုလုပ်စဉ် အသုံးပြုသည့် အားကစား ဝတ်စုံများ သုဝဏ္ဏကွင်းတွင် ကျင်းပပြီး ပိုလန်နိုင်ငံသား လက်ဝှေ့သမား ပတ်စတာနာ့ခ်ကို အနိုင်ယူခဲ့သည့် လက်အိတ်နှင့် ဘောင်းဘီ လေ့ကျင့်ရေး လက်အိတ်၊ ၎င်းနှင့်အတူ ညစာစားသုံးခွင့်နှင့် အမေရိကန် နိုင်ငံတွင် ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ၎င်းရရှိခဲ့ဖူးသည့် ရွှေတံဆိပ် တို့ကို လေလံ ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းလေလံပွဲမှ ရရှိသည့် ငွေကျပ် ၅၈ သိန်းကို ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို လှူဒါန်းမည့် အပြင် ရန်ကုန်မြို့ ရှိ သုခစုစံ မိဘမဲ့ဂေဟာ ကိုလည်း ယခုရက်ပိုင်း အတွင်း သွားရောက် လှူဒါန်းမည် ဖြစ်သည်။
ဓာတ်ပုံ - Sithu( The Voice )

No comments:

Post a Comment