Latest News
Friday, July 29, 2016
ကင်ဆာ ရောဂါနှင့် ပက်သက်သော နောက်ဆုံး ထုတ်ပြန်ချက်
ကင်ဆာ ရောဂါနှင့် ပက်သက်သော နောက်ဆုံး
ထုတ်ပြန်ချက်။ ( လူတိုင်းဖတ်ကြည့်သင့်ပါတယ် )
--------------
ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့
လူတွေဆီ ပေးပို့ သင့်ပါတယ် ။
ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာက အခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။
ဂျွန်ဟော့(ပ်)ကင်း(စ်) မှကင်ဆာရောဂါနှင့်
**********************************
ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်။
**********************************
၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိ ပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။
ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာ
ကင်ဆာဆဲ(လ်)တွေ မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ
လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။
၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။
၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊ အကျိတ်လည်းမဖြစ်နိုင်ပါဘူး။
၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို
့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။
၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊
အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။
၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။
၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်
အကျိတ်တွေ ကျုံ့သွားတတ်ပါတယ်၊
ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။
၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ
ရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။
၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့
့စေနိုင်ပါတယ်။
၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ်
တောက်လိုက်ခြင်းပါဘဲ။
(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra Sweet,Equal,Spoonful စတဲ့သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။
စားပွဲတင်ဆားဟာ
ဓာတုပစ္စည်း ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။
(ခ) နို့ ။ ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ ထွက်စေပါတယ် ၊ အထူးသဖြင့်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့ ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)တွေကို အစာပြတ်စေနိုင်ပါတယ်။
(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ
ပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့ ၈၀% အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါဝင်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။
ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)
ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။
(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကို
ခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်
သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (
Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့
အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။
၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။
၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့
ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)
တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )
ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊
ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။
၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။
နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။
အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။
(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။
ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )
ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်
ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။
ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။
ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်
ပါဘူး လို့ သူကပြောပါတယ်။
အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်
ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာ
ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)
ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်
အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကို
မသုံသင့်ပါဘူး။
စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်
စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား
စက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။
မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။
ကျန်းမာချမ်းသာကျပါစေ
Credit - ရတီ
သတင်းရေးသူနှင့်ပြောသူကို တရားစွဲမည်ဟု ဖျာပုံအမတ်ခြိမ်းခြောက်
သတင်းရေးသူနှင့်ပြောသူကို တရားစွဲမည်ဟု ဖျာပုံအမတ်ခြိမ်းခြောက်
မိုးပျံအိမ်မက်
ဟိုတစ်ချိန်က ထွေအုပ်ဌာန
         ယခုခေတ် ဂုဏ်မြင့်လှသော မြို့နယ်ထွေအုပ် ရုံးများသည် မဆလခေတ်က မြို့နယ်ကောင်စီရုံးများသာဖြစ်သည်။ ထိုခေတ်က မြို့နယ်တစ်မြို့နယ်တွင် အုပ်ချုပ်ရေးကို အဓိက ရုံးဌာနကြီးနှစ်ခုက တာဝန်ယူကြရသည်။ ပထမ တစ်ခုမှာ မြို့နယ်ပါတီယူနစ်ရုံးဖြစ်ပြီး ဦးဆောင် လမ်းညွှန်မှုအပိုင်းကို တာဝန်ယူသည်။ မြို့နယ်အလုပ်သမားအစည်းအရုံး၊ မြို့နယ်တောင်သူလယ်သမား အစည်းအရုံး၊ မြို့နယ်လမ်းစဉ်လူငယ်ရုံးနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ဖြင့် ဖွဲ့စည်းထား သည်။ ထို မြို့နယ်ပါတီယူနစ်ရုံး၏ ဦးဆောင်လမ်းညွှန်မှုများကို လက်တွေ့အကောင်အထည်ဖော်ပေးရသော မြို့နယ်ပြည်သူ့ကောင်စီရုံးသည် မြို့၏ ဒုတိယအရေးပါသော အုပ်ချုပ်ရေးဌာနဖြစ်ခဲ့သည်။
           ထိုခေတ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ပါတီစနစ်သာဖြစ်သဖြင့် မြို့နယ်ပါတီယူနစ်ကို ပါတီကော်မတီဝင် ၇ ဦးဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကောင်စီကို ပါတီဝင် အလုပ်အမှုဆောင် ၇ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းထားသည်။
         ယခုခေတ်အခေါ်ထွေအုပ်ရုံးများသည် ထိုခေတ်က မြို့နယ်ပြည်သူ့ကောင်စီရုံးများပင်ဖြစ်ပြီး ပါတီဝင် အလုပ်အမှုဆောင် ၇ ဦး၏ အုပ်ချုပ်မှုအောက်တွင် တာဝန်ထမ်းဆောင်ကြရသည်။ ယခု ထွေအုပ် ဦးစီး အရာရှိကို ထိုခေတ်က ရုံးအဖွဲ့မှူး ဟူသော ရာထူး အမည်သာပေးထားသည်။ staff ခေါ် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အကြီးအကဲတာဝန်ကိုသာ ထမ်းဆောင်ရသည်။ မြို့ပြအုပ်ချုပ်ရေးတွင် တိုက်ရိုက်ပါဝင်ခွင့်မရှိခဲ့ပေ။ ဒုဦးစီးမှူးများကိုလည်း ဒုရုံးအဖွဲ့မှူးများဟူ၍သာ အဆင့်အမည်သတ်မှတ်ပေးထားသည်။ အုပ်ချုပ်မှု အထောက်အကူပြုရုံးမျှသာဖြစ်သဖြင့် ကုန်သွယ်ရေးရုံး သမဝါယမရုံး အခွန်ရုံး မြေစာရင်းရုံး စသည်ရုံးများလောက် ထင်ရှားမှုမရှိခဲ့ပေ။ လူသိနည်းသည့် ရုံးဝန်ထမ်းဌာနတစ်ခုပင်ဖြစ်ခဲ့သည်။
         နဝတ စစ်အစိုးရလက်ထက်ရောက်သောအခါ မြို့နယ်ပါတီယူနစ်ရုံးပျောက်ကွယ်သွားပြီး မြို့နယ်ပြည်သူ့ကောင်စီရုံး(နပက)ကိုလည်း မြို့နယ် ငြိမ်ဝပ်ပိပြားရေးအဖွဲ့ရုံး (မဝတ)ဟူ၍ အမည်ပြောင်းခဲ့သည်။ ထိုရုံးအဖွဲ့မှူးကိုပင် ဥက္ကဋ္ဌတင်ကာ လဝက မြို့နယ် ဦးစီးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ပါဝင်သော မဝတ ကော်မတီတစ်ခုဖွဲ့ကာ မြို့နယ်အုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ယူစေခဲ့သည်။ ထိုအချိန်မှစ၍ ရုံးအဖွဲ့မှူးများသည် မဝတ ဥက္ကဋ္ဌ များအဖြစ် လူသိထင်ရှား ကျော်ကြားလာကြတော့သည်။ စစ်အစိုးရသည် အစကနဦးတွင် တပ်မတော်မှ gun shot အရာရှိငယ်ဗိုလ် ဗိုလ်ကြီးများကို မဝတ ဥက္ကဋ္ဌ နေရာများသို့ အသွင်ပြောင်း နေရာပေးခဲ့သည်။ ဒုရံးအဖွဲ့မှူးတို့ ရုံးအဖွဲ့မှူးရာထူးတိုးလမ်းပေါက်များ ပိတ်ကုန်ကြသည်။ ရုံးအဖွဲ့မှူးလစာသည်  ဒုဗိုလ်လစာမျှလောက်သာရှိသဖြင့် အသွင်ပြောင်းလာသောစစ်အရာရှိများသည် တပ်မတော်ပင်စင်ကိုလည်းယူသည် ရုံးအဖွဲ့မှူးလစာကိုလည်းယူသည်။ ဤလစာနှစ်ခုပေါင်းလိုက်မှ ယခင်ဗိုလ်ကြီးလစာကို ပြန်မီသွားစေခဲ့သည်။ ဤသို့ဖြင့် ရုံးအဖွဲ့မှူး ခေါ် မဝတ ဥက္ကဋ္ဌ အဖြစ် အသွင်ပြောင်းလာသော gun shot များကို သန္ဓေအရပ်သားဝန်ထမ်းတို့က နှစ်သီးစားများဟု နောက်ကွယ်မှ မကျေမနပ်ဖြင့် အမည်ပေးလာကြတော့သည်။ နောက်ပိုင်းတွင် gun shot များသာမဟုတ်တော့ဘဲ ဆေးအဆင့်နိမ့်များ အသည်းရောင် ဘီပိုးရှိသူများ ဗိုလ်ကြီးဘဝဖြင့်ပင်အငြိမ်းစားယူကြရတော့မည့်သူများ စသည် စစ်အရာရှိများကိုလည်း စစ်တပ်မှ ပင်စင်ပေးကာ ရုံးအဖွဲ့မှူးလစာ ထပ်ဆင့်ခံစားစေလျက် မဝတ ဥက္ကဋ္ဌများအဖြစ် အသွင်ပြောင်းပေးလာခဲ့သည်။ နောင်တွင် ထို မဝတ (မယက) ရုံးများတွင်သာမက အခြားသော သမဝါယမ အခွန် စည်ပင် စသည် အရပ်ဘက်ရုံးများသို့ပါ အားမနာတမ်း ဒရကြမ်း ဝင်ရောက်ထိုးနှက် နေရာယူလာကြတော့သည်။
          ဤသို့အားဖြင့် မြို့ပြအရပ်ဘက်ရုံးများတွင် ယခင်ကလို အေးချမ်းသာယာမှုအသွင်မဆောင်တော့ဘဲ စစ်မိန့် စစ်သံများလွှမ်းမိုးလာတော့သည်။ ရုံးလုပ်ငန်းများလည်း နေ့မအား ညမနား ပြာယာခပ်အောင် လွန်စွာများပြားလာတော့သည်။  အသီးသီးသော ဝန်ထမ်းတို့လည်း မိမိတို့ အနေအစား သက်သာချောင်ချိရေးအတွက် ဖားယားမြှောက်ပင့် သွေးထိုး သတင်းပေးသတင်းယူ အတွင်းလူ အနားပြာ လာဘ်ထိုး လာဘ်ယူ တစ်ယောက်ခေါင်းတစ်ယောက်နင်း ရက်စက်ခြင်းတို့ဖြင့် ရုံးတွင်းအနေအထား အချင်းချင်းပင် မကြည်ညိုနိုင်အားလောက်အောင် မကောင်းသောအတတ် မမှန်သောလုပ်ရပ်တို့ လွန်စွာ စည်ကားဝေစည် ဖွံ့ဖြိုး တိုးတက်လာခဲ့ပေတော့သည်။
            အဆိုပါ မဝတ/ မယက ဥက္ကဋ္ဌ တာဝန် ပူးတွဲယူရသော ရုံးအဖွဲ့မှူး ( လက်ရှိအခေါ် ထွေအုပ်ဦးစီးအရပ်ဘက်ရုံးအရာရှိ)တို့သည်လည်း စစ်အသွင်ပြောင်း နှစ်သီးစားဗိုလ်တို့နှင့်အပြိုင် မာန်မာန ဘဝင်စိတ်တို့မြှင့်တက်လျက် မူလအရပ်သားစိတ်ပျောက်ကာ လက်အောက်ဝန်ထမ်းတို့၏ အလေးဂရုပြုခြင်းကို အလွန်အမင်း ခံယူချင်သောစိတ်အနေအထားသို့ ဝံ့ကြွားဂုဏ်ယူစွာ ပြောင်းလဲလာကြခြင်းဖြင့် ဝန်ထမ်းအချင်းချင်းသာမက လူအပေါင်း၏ အော့နှလုံးနာ မေတ္တာမဲ့ခံရခြင်း အခြေသို့ တဖြည်းဖြည်း ဆိုက်ရောက်လာရလေတော့သည်။ အမှန်သော်ကား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၏ မူလဇစ်မြစ်ကား မဆလခေတ် မြို့နယ်ပြည်သူ့ကောင်စီရုံး၏ ပြည်သူ့အုပ်ချုပ်ရေးနှင့် လားလားမျှ မသက်ဆိုင်သော  ရုံးဝန်ထမ်းအကြီးအကဲ ရုံးအဖွဲ့မှူးတစ်ဦးမျှသာလျှင်ဖြစ်ပါတော့သတည်း။
         ဤစာကို ရေးသားသဖြင့် ယခုခေတ်မှ လူဖြစ်လာခွင့်ကြုံသော ထွေအုပ် အရာထမ်း အမှုထမ်းတို့က မိမိအား ထွေအုပ်အကြောင်း ဘာတွေသိ၍ ရေးရသနည်းဟု နိမ်နင်းသည့်လေသံဖြင့် မေးလာသည်ရှိသော်
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော် ၁၉၈၃ မှ ၁၉၈၇ ခုနှစ်အထိ  ဧရာဝတီတိုင်း၏ မြို့နယ်ကောင်စီရုံးတစ်ခုတွင် ယခုအခေါ် အောက်တန်းစာရေး(ငယ်ရေး)
ယခင်အခေါ် စာရေးအဆင့်- ၁ ဘဝကို ဖြတ်သန်းခဲ့ဖူးပါကြောင်းနှင့် စစ်တပ်က အရပ်ဘက်ရုံးများသို့ အသွင်ပြောင်းဝင်ရောက်လာခြင်းကို တန်ပြန်  ဂလဲ့စားချေသည့်အနေဖြင့် ၁၉၈၈ နှစ်ဦးပိုင်းတွင် တပ်မတော်သို့ မိမိလည်း အသွင်ပြောင်းဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါကြောင်း၊
ထို့ကြောင့် ငယ်နုစဉ်အခါက မိမိကျင်လည်ဖြတ်သန်းခဲ့ရာ ထွေအုပ်ရုံးအကြောင်း မိမိသိမြင်မှတ်သားမိသမျှ ဖေါက်သည်ချရခြင်းဖြစ်ကြောင်နှင့် ရည်ရွယ်ချက်မှာ ၈၈ အရေးအခင်းကာလ ပြည်သူတစ်ရပ်လုံးက အမုန်းထားသည့် ပြည်သူ့ရဲများထက်ပိုဆိုးသော " ရဲထက်ဆိုး " ဘဝသို့ နောင်တစ်ချိန်ဖြစ်မလာစေရန်နှင့် ဟို ယခင် ပါတီ/ ကောင်စီ ခေတ်ကလို ပြည်သူနှင့် အေးချမ်းစွာဆက်ဆံသည့်ြ
ရာဇ ဝင်
ရာဇ
ဖေါက်သည်ချရခြင်းဖြစ်ကြောင်နှင့် ရည်ရွယ်ချက်မှာ ၈၈ အရေးအခင်းကာလ ပြည်သူတစ်ရပ်လုံးက အမုန်းထားသည့် ပြည်သူ့ရဲများထက်ပိုဆိုးသော " ရဲထက်ဆိုး " ဘဝသို့ နောင်တစ်ချိန်ဖြစ်မလာစေရန်နှင့် ဟို ယခင် ပါတီ/ ကောင်စီ ခေတ်ကလို ပြည်သူနှင့် အေးချမ်းစွာဆက်ဆံသည့် ပြည်သူချစ်သော၊ ပြည်သူလေးစားယုံကြည်အားကိုးရသော  ရုံးကလေးများအဖြစ် ပြန်ဖြစ်လာစေလိုသော ဆန္ဒသည်သာ ရင်မှလာသော သစ္စာစကားဖြစ်ပါကြောင်း။
ရာဇ၀င်
ပုသိမ်တွင် ကားနံပါတ်တူ တွေ့ရှိမှု ဖမ်းဆီးအရေးယူ
ပုသိမ်တွင် ကားနံပါတ်တူ တွေ့ရှိမှု ဖမ်းဆီးအရေးယူ
မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် စိုးရိမ်ရေအမှတ်ကျော်လွန်လာပြီး သဲအိတ်များအဆင်သင့်ထားရှိ
မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် မြစ်ရေသည် ဇူလိုင် ၂၉-ရက်၊မွန်းတည့်ချိန်တိုင်းတာချက်အရ ၁၂၇၈-စင်တီ မီတာသို့ ရောက် ရှိနေပြီး စိုးရိမ်ရေအမှတ် ၁၂၆၀-အထက် ၁၈-စင်တီမီတာကျော်လွန်ပြီဖြစ်ပြီး မြို့တော်စည်ပင် သာယာမှ သဲအိတ်များနှင့် လူအင်အား အဆင်သင့် စီမံထားကြောင်းမြို့တော်စည်ပင်သာယာအတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။
၂၉-ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော်ဝန် နှင့် တာဝန်ရှိသူများက မြစ်ကမ်းဘေးတာရိုးများနှင့် သဲအိတ် များထားရှိရာသို့သွားရောက်ပြီး ကြည့်ရှုခဲ့သည်။
“သဲအိတ်တွေ စုဆောင်းထားတယ်။မြစ်ရေစိမ့်ပြီးနိုင်မယ့် ကတွတ်ပေါက်တွေ၊ချိုင့်ရှိတဲ့နေရာတွေမှာ လိုက် ကြည့်နေပြီး ရေစိမ့်လာတာနဲ့သဲအိတ်တွေဖို့ဘို့ လူအင်အားအဆင်သင့်လုပ်ထားတယ်။စိုးရိမ်စရာမရှိနိုင် ဘူးလို့ သုံးသပ်တယ်။”ဟု ၄င်းက ပြောသည်။
မြို့တော်စည်ပင်မှ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိပြီး မြို့နယ်၆-ခုတွင် သဲအိတ် ၃၀၀၀-စီနှင့် လူ အင်အား ၅၀-စီကို အဆင်သင့်ဖြစ်အောင်စီမံထားရှိပြီး အချိန်နှင့်အမျှ သတင်းထောက်လှမ်းလျက်ကာကွယ်
ရေးလုပ်ငန်များ အတွက်ဆောင်ရွက်ထားသည်ဟု ဆိုသည်။
“တစ်နာရီ တစ်ခါ မြစ်ရေမြင့်တက်နေလို့ ၂၈-ရက်ညပိုင်းမှာ စိုးရိမ်ရေအမှတ်ရောက်ခဲ့တယ်။မနက်ပိုင်းမှာ ၁၀-စင်တီမီတာကျော်လွန်ပြီး နောက် ၂-ရက်ခန့်မှန်းချက်အရ ၁၂၉၆ -ထိရှိနိုင်တယ်။မန္တလေးမှာ တာရိုး တွေက ခိုင်ခံ့လို့ စိုးရိမ်စရာ မရှိပါဘူး။နောက်ပိုင်းတွေမှာ မြစ်ရေကျသွားမှာပါ။"မိုး/ဇလ(မန္တလေး)ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းဇော်က ပြောသည်။
ယင်းကဲ့သို့ စိုးရိမ်ရေအမှတ်ကျော်လွန်သော်လည်း မန္တလေးမြို့၌မြစ်ရေအမှတ် ၁၀၀၀-စင်တီမီတာလောက် တွင် ရွေကြက်ယက်နှင့် ရှမ်းကလေးကျွန်း၊ညောင်ကွဲ စသည့်အနိမ့်ပိုင်းရပ်ကွက်များ၌ ရေ၀င်လျက်ရှိကြောင်း သိရ သည်။
“မြစ်ကြီးနားဘက်က ရေက အောက်ပိုင်းကို ဆင်းလာရင် နောက် ၄-ရက်လောက်မှာ မန္တလေးရောက် လာမယ်။ မြစ်ရေကြီးချိန်မှာကမ်းပြိုတာတွေမရှိတော့ဘဲ ရေကျရင်တော့ ကမ်းပြိုတာတွေ ဖြစ်လာမယ်။”ဟုရေအရင်း အမြစ်ဌာနမှ လက်ထောက်ဦးစီးမှူးဦးကျော်မြင့်သန်းက ပြောသည်။
မန္တလေးဆိပ်ကမ်းတွင် မွန်းတည့် ၁၂-နာရီခွဲ မြစ်ရေတိုင်းတာချက်များမှာဇူလိုင် ၂၆-ရက်က ၁၂၂၁-စင်တီ မီတာ၊၂၇-ရက်က ၁၂၃၄-စင်တီမီတာ၊နှင့်၂၈-ရက်တွင် ၁၂၅၄ စင်တီမီတာသို့ရောက်ရှိခဲ့ပြီး၊သြဂုတ်လ ပထမပတ် မိုး/ဇလထုတ်ပြန်ချက်တွင် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ညောင်ဦး၊ဟသာင်္တ
နှင့်ဇလွန်မြို့များတွင် စိုးရိမ်ရေအမှတ်အထက် တစ်ကြိမ်စီရောက်ရှိနိုင်ကြောင်းသိရသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Thursday, July 28, 2016
ကျုံပျော်မြို့အင်းရဲ၊ဝေဠုဝန်ကျောင်းရှေ့မှာဖွင့်လှစ်ထားတဲ့ ပြည့်စုံလျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်
ကျုံပျော်မြို့၊အင်းရဲလမ်း၊ဝေဠုဝန်ကျောင်းရှေ့တွင်ဖွင့်လှစ်ထားသည့် ပြည့်စုံလျှပ်စစ်ပစ္စည်းအမျိုးမျိုး
အရောင်းဆိုင်။
Wednesday, July 27, 2016
ဖုတ်ထုတ်ခံရမည့် ဘေးမှ လွတ်မြောက်လာသည့် လူနာ နှင့် Facebook ပေါ်မှ ရိုက်ခတ်သံ
ကျန်ခဲ့တဲ့ (၁၀) ရက်ကျော်ခန့်က ကင်ဆာဝေဒနာရှင်တစ်ဦးအား ဖုတ်ဝင်သည်ဟု ပယောဂ(ဖုတ်ဆရာ)မှ စွပ်စွဲကာ ဖုတ်ထုတ် ပေးခဲ့လေသည်။ ယင်းဖုတ်ဆရာမှ အမျိုးအမည်မသိသော ဆေးတစ်ခွက်အား လူနာကိုတိုက်ကျွေးလိုက်သောအခါ လူနာခမြာ အသက်ထွက်သွားလေတော့သည်။
အခြားအခြားသော လူနာများကိုလည်း မကြားစဖူးသော နည်းလမ်းများနှင့် ကုသနေလေသည်။
သတင်းစာပြာချ၍ လူနာကို တိုက်ကျွေးခြင်းများလည်း ပါသည်။
ယခုသွားရောက်ခေါ်သော လူနာမှာ မြေတံတားကျေးရွာတွင် နေထိုင်သော အဖွားအိုဖြစ်သည်။ လူနာမှာ လေငန်းရောဂါကိုခံစားနေရသည်မှာ (၄) နှစ်ခန့်ရှိလေပြီ။ မိသားစုမှလည်း အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေး၊ ဆေးမြီးတို/ရှည် တို့ဖြင့် ကုသခြင်းများ ပြုလုပ်ခဲ့သည်။ (စွဲစွဲမြဲမြဲတော့ ဟုတ်ဟန်မတူ)
ယင်းကဲ့သို့ရောဂါများ ကုသသည်ဟု နာမည်ကြီးသော ဘုန်းကြီး၊ ဘိုးတော်၊ ဓါတ်ဆရာ၊ နတ်ဆရာများလည်း စုံပြီဟု လူနာရှင်ပြောသည်။
 ထိုအချိန်တွင် လူနာရှင်က ဖုတ်ဝင်သည်ကု ပယောဂဆရာနဲ့တွေ့လေတော့သည်။ ယခုလူနာမှာ သာမန်ရောဂါနှင့်မတူပဲ ဖုတ်ဝင်သည့် လက္ခဏာရှိကြောင်း လူနာ၏မိသားစုကို ပြောကြားလေသည်။ လူနာ၏ မိသားစုမှာလည်း ကြောက်လန့်ကာ ဖုတ်ဆရာအား လူနာကို ကုသပေးရန် ပြောကြားလေသည်။ ယင်းမိသားစုဝင်တစ်ဦးမှာလည်း ဖုတ်ဝင်သည့် လူနာတစ်ဦးရှိဖူးသည်ဟုသိရသည်။
အဆိုပါ ဖုတ်ဆရာက လူနာကို လောလောဆယ် ဖုတ်ထုတ်ရန် မဖြစ်နိုင်သေးကြောင်း ပြောသည်။
ကျန်ခဲ့တဲ့ (၁၀)ရက် ကျော်က ဖုတ်ဝင်သည်(သယ်)လူနာတစ်ဦးအား ဖုတ်ထုတ်(လူနာသေဆုံး) ထားသဖြင့်ရွာတွေရဲ့ထုံးတမ်းအစဉ်အလာအရ တစ်ရွာတည်း တစ်လအတွင်း လူနှစ်ယောက်သေလျှင် ရွာအတွက် အတိတ်နမိတ်မကောင်းသဖြင့် ယခုအဖွားအိုအား ရှေ့လအတွင်းတွင်မှ ဖုတ်ထုတ်ပေးမည်ဟုဆိုကာ ရွာပြန်သွားလေသည်။
ကံအားလျော်စွာ လူနာအဖွားအို၏ အသက်အား စိုးရိမ်သောသူများမှ ကျွန်တော်တို့အသင်းကို ဆက်သွယ်လာတာကြောင့် လူနာနေထိုင်ရာ မြေတံတားကျေးရွာသို့ ကျွန်တော်တို့အသင်းသားများ သွားရောက်ခဲ့ပါသည်။ လူနာအဖွားအိုအား ကြည့်ရှုမေးမြန်းခဲ့ပြီး လူနာမိသားစုဖြင့် တိုင်ပင်ကာ မြောင်းမြဆေးရုံသို့ ခေါ်ယူ ကုသပေးခဲ့ပါသည်။
လူနာမိသားစုပြောပြရာမှာ သူတို့မိသားစုအတွင်း ဖုတ်ဝင်သည့် လူနာတစ်ဦးရှိဖူးကြောင်း ဖုတ်ဆရာမှ ကျောအောက်တွင် စာရွက်ခင်းကာ သတင်းစာကိုပြာချ၍ ရေနှင့်ရောတိုက်မှ လူနာမှာ အသက်လည်းထွက် ဖုတ်လည်း ထွက်သွားကြောင်း ပြောပြပါသည်။
ယင်းကဲ့သို့ဖုတ်ဝင်သည့်လူနာများ ရွာနီးစပ်ချုပ်တွင် အများအပြားရှိခဲ့ကြောင်း၊ ယခုလည်း ဖုတ်ဝင်လူနာများရှိသေးကြောင်း ကြုံရာပယောဂများဖြင့် ကုသနေကြောင်း ပြောပြလေသည်။
"အသက်ပဲ ၆၈နှစ်ရှိပြီ။ xxxxxမယားနဲ့။ ဟိုဘယ်ကမှန်းမသိတဲ့##*¿$£€တွေရဲ့စကားကိုယုံပြီး သေခါနီးမှဆေးရုံထတက်ရတယ်လို့ကွာ။ ငါသဘောမတူဘူး။ ငါ့အမေကို ဘယ်သူမှဘယ်မှမခေါ်ရဘူး"သားအကြီးကောင်ဆိုသူရဲ့ ဆဲဆိုသံများကို ကျောခိုင်းရင်း လူနာအဖွားအိုကို လူနာတင်ကားရှိရာ သယ်ဆောင်လာတုန်း လူနာအဖွားအိုကိုမေးလိုက်တယ်။
"အမေကြီး တကယ်ဆေးရုံတက်ချင်တာလား"
"တက်ချင်တာပေါ့တော့"
ကျွန်တော်တို့အားလုံး တပြိုင်နက်ပြုံးလိုက်မိရင်း---
၂၄.၇.၂၀၁၆
ကရုဏာရှင်လူငယ်များအသင်း - မြောင်းမြမြို့
ကျောင်းကုန်းမြို့ကလင်းမြတ်ဇော် ကွန်ပျူတာ ဆိုင်
လင်းမြတ်ဇော် ကွန်ပျူတာ ဆိုင်ဖွင့်လှစ်ပွဲအား ယနေ့ နေ့လည် ၃ နာရီတွင် အမှတ် ၄ ၄လမ်း ၄ ရပ်ကွက်တွင် ဖွင့်လှစ်သည် ။ ကွန်ပျူတာစာစီ ။မိတ္တူ နှင့် ဖိတ်စာအမျိုးမျိုး အား ဝန်ဆောင်မူပေးမည်ဖြစ်ကြောင်းသိရသည်။
Shwe Lwin Aung
Tuesday, July 26, 2016
ဆန်ဝယ်လိုအားကောင်းတဲ့ နိုင်ငံမျိုးတွေနဲ့ချိတ်ဆက်ပေးစေလို
၂၂.၇.၂၀၁၆ ယနေ့ သောကြာနေ့ ထွက် လူထုပုံ ရိပ် မှ ဖျာပုံသတင်း
သခင်စိတ်မွေးရန် ဧရာဝတီကျောင်းသားများကို ဧရာဝန်ကြီးချုပ်တိုက်တွန်း
သခင်စိတ်မွေးရန် ဧရာဝတီကျောင်းသားများကို ဧရာဝန်ကြီးချုပ်တိုက်တွန်း
"ကူးစက်မြန် ဆုံဆို့နာ ရောဂါ အကြောင်း" သိကောင်းစရာများ
"ကူးစက်မြန် ဆုံဆို့နာ ရောဂါ အကြောင်း" သိကောင်းစရာများ
( ကျန်းမာရေး အသိပညာပေးခြင်း)
ဆုံဆို့နာရောဂါ
ဆုံဆို့နာရောဂါ(Diphtheria) သည် Corynebacterian diphtheriae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပါသည်။ အဆိုပါပိုးမှ ထုတ်သော အဆိပ် (exotoxin) သည် လူ၏ကိုယ်အဂါင်္အစိတ်အပိုင်းနှင့် တစ်ရှူးးများကို အန္တရာယ်ဖြစ်စေပြီး ပျက်စီးစေပါသည်။
ဆုံဆို့နာရောဂါပိုးတစ်မျိုးသည် လည်ချောင်းနှင့် အာသီးကို ရောဂါဖြစ်စေပါသည်။ အပူပိုင်းဒေသတွင် ဖြစ်ပွားမှုများသော အခြားဆုံဆို့နာရောဂါ တစ်မျိုးသည် အရေပြားတွင် အနာ များ ဖြစ်ပွားပါသည်။ ဆုံဆို့နာရောဂါသည် အသက်အရွယ်မရွေး ကျားမ မရွေးဖြစ်ပွားတတ်သော်လည်း ကာကွယ်ဆေး မထိုးထားသော ကလေးငယ်များတွင် ပို၍ အဖြစ်များပါသည်။
ကူးစက်ပုံနှင့်ရောဂါခံစားရခြင်း
ဆုံဆို့နာရောဂါသည် လူတဦးမှ တဦး နီးကပ်စွာ ထိတွေ့မှုဖြင့်လည်းကောင်း၊ အသက်ရှူလမ်းကြောင်းမှ လည်းကောင်း ကူးစက်ပါသည်။ ရောဂါလက္ခဏာ မပြခင် ရောဂါပျိုးရက်မှာ ၂ရက်မှ ၅ရက် ဖြစ်ပါသည်။ ဆုံဆို့နာရောဂါအနေဖြင့် ကူးစက်ပြီးပါက လည်ချောင်းထဲတွင် ပိုးများ ပွားလာကာ အစွမ်းထက်သော အဆိပ်အတောက်များ ထွက်စေကာ လည်ချောင်းနာခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်း၊ အဖျားအနည်းငယ်ရှိခြင်း နှင့် အစာမြိုရန် ခက်ခြဲခင်းများ ဖြစ်ပေါ်လာပါသည်။
နောက် ၂ရက် ၃ရက်အတွင်း အာခေါင်၊ အာသီး၊ လည်ချောင်း၊ သို့မဟုတ် အသံအိုးပေါ်တွင် ဖြူပြာရောင် သို့မဟုတ် အညိုရောင်အမြှေးပါးကလေးများ ဖြစ်လာပြီး တခါတရံသွေးယိုစီး တတ်ပါသည်။ ဤကဲ့သို့ သွေးယိုစီးမှုဖြစ်ပါက အမြှေးပါးသည် အစိမ်းပုပ်ရောင်၊ သို့မဟုတ် အနက်ရောင်သို့ပြောင်းလဲလာပါသည်။ အဆိုပါ အခြေအနေတွင် လူနာအနေဖြင့် ပြန်လည် နေကောင်းလာနိုင်ပါသည်။
သို့မဟုတ် ပိုမို၍ အားမရှိဖြစ်လာပြီး ၆ရက်မှ ၁၀ ရက်အတွင်း နှလုံးကိုထိခိုက်ပျက်စီးကာ အသက်သေဆုံးနိုင်ပါသည်။
ရောဂါ၏ ပြင်းထန်မှု
ပြင်းထန်သော ဆုံဆို့နာရောဂါဖြစ်သူ လူနာအနေဖြင့် အဖျားအပူချိန် မမြင့်မားသော်လည်း လည်ပင်းရောင်ကိုင်းလာခြင်း (Bull neck appearance) နှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း တို့ ဖြစ်ပွားတတ်ပါသည်။
ဆုံဆို့နာရောဂါဖြစ်ပွားမှုအစောပိုင်းတွင် လည်းကောင်း ရက်သတ္တပတ်အနည်းငယ်အကြာ (၂ပတ်မှ ၆ပတ်)တွင်လည်းကောင်း၊ လူနာအနေဖြင့် ပုံမှန်မဟုတ်သော နှလုံးခုန်မှု ဖြစ်ပွားတတ်ပြီး နှလုံးရောဂါ (cardiomyopathy) ရရှိသွားနိုင်ပါသည်။
အချို့သောဆုံဆို့နာ ရောဂါဖြစ်ပွားသူများအနေဖြင့် နှလုံးကြွက်သားများနှင့် နှလုံးအဆို့များရောင်ပြီး မသေဆုံးခဲ့လျှင်တောင် နှစ်ပေါင်းများစွာကြာမြင့်သည့်အခါ နာတာရှည်နှလုံးရောဂါ ရရှိပြီး နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း တို့ ဖြစ်ပွားကြပါသည်။ အာရုံကြောကို ထိခိုက်ပျက်စီးပါက အကြောသေခြင်း နောက်ဆက်တွဲ ဖြစ်ပွားနိုင်ပါသည်။
ဆုံဆို့နာရောဂါ၏ ကြောက်စရာအကောင်းဆုံး အန္တရာယ်မှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီး အသက်သေဆုံးခြင်း ဖြစ်ပါသည်။ ဆုံဆို့နာရောဂါသည် စောလျင်စွာ စနစ်တကျ ကုသမှု မရရှိပါက သေနှုန်းမြင့်မားသောရောဂါဖြစ်ပါသည်။ အချို့ လူနာများမှာ ရောဂါလက္ခဏာမပြဘဲ ရောဂါသယ်ဆောင်သူ (carrier) အဖြစ်ရှိနေတတ်ပါသည်။ နှာခေါင်းအတွင်း ရောဂါပိုး သယ်ဆောင်ထားသူ (nasal carrier) များက လည်ချောင်းတွင် ရောဂါပိုးသယ်ဆောင်ထားသူ ( throat carrier) များထက် ပတ်ဝန်းကျင်သို့ ရောဂါပိုးများ ပြန့်ပွားစေသဖြင့် အခြားလူများသို့ ရောဂါ ကူးစက်ပြန့်ပွားနိုင်ခြေ ပိုမိုများပြားပါသည်။
ကုသခြင်း
ဆုံဆို့နာရောဂါ ဖြစ်ပွားပါက အဆိုပါလူနာအား Erythromycin သို့မဟုတ် penicillin ဆေးများ ပေးနိုင်ပြီး ရောဂါလက္ခဏာပြင်းထန်ပါက ဆုံဆို့နာအဆိပ်ဖြေဆေး diphtheria antitoxin ထိုးပေးရန်လိုအပ်သည့်အတွက် ဆေးရုံကြီးများသို့ ညွှန်းပို့ ကုသရန် လိုအပ်ပါသည်။ အခြားလူနာများအား ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် လူနာအား သီးခြားနေရာတွင် ထားရပါမည်။
ရောဂါဖြစ်ပွားမှု အမှန်သိရှိစေရန် ပိုးမွေးမြူစမ်းသပ်ကြည့်ရှုနိုင်ရန် သံသယလူနာများ၏ လည်ချောင်းမှ နမူနာများကိုကျန်းမာရေးဝန်ထမ်းမှ ရယူရန် လိုအပ်ပါသည်။ သို့ရာတွင် ပိုးမွေးမြူရေး စမ်းသပ်မှုမှ ဓာတ်ခွဲအဖြေများကို စောင့်ဆိုင်းမနေဘဲ ဆေးဝါးကုသမှုကို စတင်ပေးထားရန် လိုအပ်ပါသည်။
စောလျင်စွာ ကုသမှုမရရှိပါက အဆိုပါလူနာသည် ရောဂါလက္ခဏာ စတင်ခံစားချိန်မှစ၍ ၁၄ ရက်မှ ၂၈ ရက်အတွင်း အခြားထိတွေ့နေရသောလူများသို့ ကူးစက်နိုင်ပါသည်။ သို့ဖြစ်၍ ဆုံဆို့နာရောဂါလူနာနှင့် ထိတွေ့နေသူအားလုံးအား သေချာစောင့်ကြည့်နေရန်လိုအပ်ပါသည်။ အဆိုပါ ထိတွေ့နေသူများ၏ ကာကွယ်ဆေးထိုးထားမှုရှိမရှိ ဆန်းစစ်ရန်လိုပြီး နှစ်နှစ်အတွင်း ဆုံဆို့နာအတွက် ကာကွယ်ဆေးရရှိထားပြီးဖြစ်ပါက ဆေးတိုက်ရန်မလိုပါ။ အကယ်၍ ကာကွယ်ဆေးထိုးထားသည်မှာ ၂နှစ်ကျော်ပြီး ဖြစ်ပါက နောက်ထပ် booster dose of diphtheria toxoid ထပ်မံထိုးရန်လိုအပ်ပါသည်။
အကယ်၍ ကာကွယ်ဆေးထိုးထားခြင်းမရှိပါက ကြိုတင်ကာကွယ်သည့်အနေဖြင့် prophylactic penicillin သို့မဟုတ် erythromycin ပေးထားပြီး ကာကွယ်ဆေး ထိုးရန်လိုပါသည်။ အဆိုပါ လူများအားသေချာစောင့်ကြပ်ကြည့်ရှုထားပြီး သံသယ လက္ခဏာပြလာပါက လည်ချောင်းမှ နမူနာယူ၍ စစ်ဆေးပေးရမည်။
ကာကွယ်ခြင်း
ဆုံဆို့နာရောဂါ မဖြစ်ပွားအောင် အထိရောက်ဆုံးကာကွယ်ခြင်းမှာ ပြည်သူလူထုအတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားစွာရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆုံဆို့နာရောဂါကာကွယ်ဆေးကို မေးခိုင်ရောဂါကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေး၊ အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေး နှင့်ဟေမိုဖီလပ် အင်ဖလူရင်ဇာဘီ Haemophilus influenzae type b ကာကွယ်ဆေးများနှင့် ပေါင်းစပ်၍ ကလေးအသက် ၂လ၊ ၄လ၊ ၆လများတွင် ကာကွယ်ဆေးထိုးစီမံချက်အနေဖြင့် အခမဲ့ ထိုးနှံပေးလျက်ရှိပါသည်။
အကယ်၍ ငယ်ရွယ်စဉ်ကာကွယ်ဆေးမထိုးနှံနိုင်ခဲ့ပါက လူကြီးများ အတွက်စီမံပြုလုပ်ထားသော မေးခိုင်နှင့် ဆုံဆို့နာရောဂါကာကွယ်ဆေးများကို ထိုးနှံနိုင်ပါသည်။
(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက တရားဝင်ထုတ်ပြန်ထားသော ဆုံဆို့နာ ရောဂါအကြောင်း ကို ပြန်လည် ကူးယူဖော်ပြပါသည်)
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သဲကုန်းကလေးဆိုင်ကယ်ပျောက်ဆုံးမှု
ဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သဲကုန်းကလေးနေထိုင်သူကိုဇင်မင်းနိုင်ဆိုင်ကယ်သည် ၂၅ ၇ ၂၀၁၆ ညအချိန်(၁၁)နာရီအချိန်တွင်ဆိုင်ကယ်ပျောက်ဆုံးသွားပါတယ် ၂၆ ၇ ၂၁၆ နံနက်အချိန်(၁၁)အချိန်တွင်ကိုဇင်မင်းနိုင်ပျောက်ဆုံးသွားသော ပုံပါ ဆိုင်ကယ်နှင့်အတူအောင်မျိုးမင်း ခ အားကြီးဆိုသူသည်ပျောက်ဆုံးသွားသောဆိုင်ကယ်အတူ ဒေးဒရဲမြို့နယ် နောက်ပြန်တိုးစခန်းအပိုင် အုန်းပင်ရဲကင်း ဒုရဲအုပ်ကိုခင်သန်းမောင်အဖွဲသည်မငေးကလေးကျေးရွာကားလမ်းအပေါ်တွင်ဖမ်းစီးလိုက်ရကြောင်းသိရှိရပါသည်။
ဆက်လက်ပြီးနောက်ဆက်ခိုးသူအဖွဲ့ကိုပါစုံစမ်းနေပါသည်
မူရင်ပိုင်ရှင် သူရ
Thu Ya 
Monday, July 25, 2016
ပုသိမ်မြို့ အထည်ချုပ် စက်ရုံအနီး အဆောင်များနှင့် ရွှေဝတ် မှုန် ရပ်ကွက်အတွင်းရှိ အဆောင်များမှ ဖုန်းများခိုးယူသူများ အား ဖမ်းဆီးရမိ
(၂၄.၇.၂၀၁၆ ) ရက်နေ့ (၀၆၀၀) အချိန်ခန့်တွင် ပုသိမ်မြို့မ
ရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ပုသိမ်မြို့ပေါ်တွင် ဖုန်းပျောက်ဆုံးမှုများအား လိုက်လံစုံစမ်းနေစဉ် မီးရထားဘူတာပန်းခြံတွင် နေထိုင်သည့် အလုပ်အကိုင်မရှိသူ ဝင်းထွန်း
အောင် ၁၉ နှစ်သည် ဖုန်းများကိုရောင်းချထားကြောင်း သ
တင်းအရ သွားရောက်ဖမ်းဆီးပြီး စစ်ဆေးခဲ့ရာ ၄င်းသည် ဘူတာဝန်းတွင် နေထိုင်သူ ကျော်သက်ဦးနှင့်အတူ ပူးပေါင်းပြီး အထည်ချုပ်စက်ရုံအနီးအမျိုးသမီးအဆောင်များ/ မဥူ
လမ်းပေါ် တကသိုလ်ကျောင်းသူအဆောင်များ/ရွှေဝတ်မှုန် ရပ်ကွက်ရှိ တကသိုလ်ကျောင်းသူအဆောင်များမှ ဖုန်းများအား ခိုးယူရောင်းချထားကြောင်း ထွက်ဆိုချက်အရ ကျော်
သက်ဦးအား ဖမ်းဆီးပြီး ၄င်းတို့ဖုန်းရောင်းချထားသည့် နေရာများသို့ လိုက်လံသိမ်းဆည်းခဲ့
ယနေ့ (၂၄.၇.၂၀၁၆) ရက်နေ့ ညနေ (၅) နာရီအထိ ၄င်းတို့ခိုးယူခဲ့သည် ဖုန်းအမျိုးအစားမျိုးစုံ (၁၂) လုံးအား သိမ်းဆည်းကာ အမှုဖွင့်အရေးယူထားရှိပြီး ပျောက်ဆုံးသည့် ဖုန်းပိုင်ရှင်
များအား အကြောင်းကြားပေးမည် ဖြစ်ပါကြောင်းနှင့် ၄င်းတရားခံများအား ဆက်လက်စစ်ဆေးနေလျက်ရှိပါကြောင်းပုသိမ်သူ/သားများအား သိစေအပ်ပါသည်
ကျေးဇူးတင်ပါသည်
Zaw Min Tun 
ဟင်္သာတတွင် စားသောက်ဆိုင်၊လ္ဘက်ရည်ဆိုင်၊အအေးဆိုင်များအတွက် ထုတ်ပြန်သည့်အမိန့်
အမိန့်ကြော်ငြာစာ
==========
ဟင်္သာတမြို့ ရပ်ကွက်အချို့အတွက် စားသောက်ဆိုင်တွေကို အမိန်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။
D Zin Tun
ရထားလမ်းကူးဂုံးကျော် (Level Crossing) များတွင် အန္တရာယ် ကင်း ရှင်းရေး မြန်မာ့ မီးရထား သွားလာ ပို့ဆောင်ရေးဌာန တိုင်းအမှတ်(၉)၌ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
ဟင်္သာတ ဇူလိုင် ၂၅
ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့တွင် မြန်မာ့မီးရထား သွားလာပို့ဆောင် ရေးဌာန၊ တိုင်းအမှတ်(၉)၌ မီးရထား သွားလာစဉ် ခဲနှင့်ပစ်ပေါက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာများဖြစ်ပေါ်ရခြင်းနှင့် ရထားလမ်းကူး ဂုံးကျော် (Level Crossing) များတွင် ပြည်သူများဖြတ်သန်း သွားလာရာတွင် အန္တရာယ်ကင်းရှင်း ရေးစီစဉ် ဆောင်ရွက် ထားရှိမှုများကို မီဒီယာများနှင့် တွေ့ဆုံ၍ ဇူလိုင် ၂၄ ရက် နံနက်က တိုင်းအမှတ်(၉)မန်နေဂျာရုံးတွင်အသိပေး ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထား သွားလာ ပို့ဆောင်ရေးဌာန၊ တိုင်းအမှတ်(၉) တိုင်းမန်နေဂျာဦးဇော်လွင်က မီးရထား ခုတ်မောင်းစဉ် ခဲနှင့်ပစ်ပေါက်မှုဖြစ်စဉ်များ မကြာခန ဖြစ်ပွားနေမှုကြောင့် အပြစ်မဲ့ ပြည်သူများ ဒဏ်ရာ အနာတရဖြစ်ပေါ်ခြင်းကြောင့် ယခုလိုမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ရထား ပို့ဆောင်ရေး လုပ်ငန်း ဥပဒေပုဒ်မ(၇၉) အပိုဒ်ခွဲ(၁)နှင့် ပုဒ်မ(၈၄)တွင် ဖော်ပြပါရှိသည့် ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်)အခြား တစ်စုံတစ်ရာ ပြုလုပ်ခြင်း အတွက် ပြစ်မှုစီရင် ခြင်းခံရလျင် အနည်းဆုံး(၅)နှစ်မှ အများဆုံးနှစ်(၂၀)ထက် မပိုသော ထောင်ဒဏ်ချမှတ် ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းနှင့် လည်းကောင်း ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ဥပဒေ၊ နည်းဥပဒေများကို မီးထား ဘူတာရုံများတွင် ဗီနိုင်းများချိတ်ဆွဲပြီး အသိပညာပေး ဆောင်ရွက်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေနိုင်ရန်
ဆောင်ရွက်လျက် ရှိကြောင်းကို ပြောကြားသည်။
ဆက်လက်၍ တိုင်းမန်နေဂျာက ရထားလမ်းကူးဂုံးကျော် (Level Crossing)များ၌ ရထားလာနေစဉ် အလေး မထားခြင်းမရှိပဲ လမ်ဖြတ်ကူးခြင်းကြောင့် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီယာဉ် အစရှိသည့်စက်တပ်ယာဉ်များနှင့် စက်ဘီး၊ လူများအား ရထားနှင့်တိုက်မိခြင်း ဖြစ်စဉ်များကို ရှင်းလင်းပြောကြားပြီး ရထား လမ်းကူး ဖြတ်ကျော်စဉ် အလျင်စလိုဖြစ်ကူးခြင်း၊ ဖုန်းစကားပြောခြင်း၊ နားကြပ်များဖြင့် သီချင်းနားထောင်ခြင်း တို့ကို ရှောင်သင့်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ မြန်မာ့မီးရထား တိုင်းအမှတ်(၉)အတွင်းရှိ လူစည်ကားသည့် ပုသိမ်၊ ဟင်္သာတ၊ ကြံခင်း ဘူတာများတွင် “‘ရထားလမ်းကူး ဂုံးကျော်(Level Crossing) များ၌ ထိခိုက်၊ ဒဏ်ရာရသေဆုံးခြင်းများ မဖြစ်ပေါ် စေရေးအတွက် ခြေလျင်ဖြတ်ကူးသူများ၊ ယာဉ်အမျိုးမျိုးမောင်းနှင့် သူများ သတိပြု လိုက်နာရန်’’ သတိပေး ဆိုင်းဘုတ် ဗီနိုင်းများကို ထင်သာမြင်သာသော နေရာများတွင် ချိတ်ဆွဲထားရှိပြီး ဖြစ်ကြောင်း၊(Level
Crossing) အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်း စာစောင်များကို လူစည်ကားသည့် မီးရထား ဘူတာရုံများတွင် ဖြစ်ဝေးပေလျက်ရှိကြောင်း တိုင်း(၉)မန်နေဂျာက ပြောသည်။ မြန်မာ့မီးရထားတိုင်း အမှတ်(၉)နယ်မြေ တရားဝင်ဂိတ်(၅၅)ဂိတ်နှင့် တရားမ၀င် ဂိတ်(၂၀၅)ဂိတ်၊ စုစုပေါင်း(၂၆၀)ဂိတ်ရှိပြီးတွင် တရားမ၀င် ဂိတ်များတွင် ဂိတ်စောင့်ဝန်ထမ်းများ ထားရှိပေးနိုင်ခြင်း မရှိသေးသည့် အတွက် အဆိုပါ ဂိတ်များနှင့် နှီးစပ်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပြည်သူများအား အသိ ညာပေး ဆောင်ရွက်လျက် ရှိကြောင်းပြောသည်။
ဧရာဝတီ တိုင်းဒေသကြီးအခြေစိုက် မြန်မာ့မီးရထား သွားလာ ပို့ဆောင်ရေးဌာန၊ တိုင်း အမှတ်(၉) နယ်မြေတွင် အမြန်ရထား အစုန်(၂)စင်း၊ အဆန်(၂)စင်း၊ လော်ကယ်ရထား(၂)စင်း စုစုပေါင်းရထား(၆)စင်းဖြင့် ခရီးသွား ပြည်သူများအား မိုင်ပေါင်း(၃၃၀)ကျော် နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)
မြန်မာအစိုးရသတင်း
ဧရာဝတီမြစ်ရေ ညောင်တုန်းမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိ
နေလင်း(ညောင်တုန်း)
ညောင်တုန်း ဇူလိုင် ၂၃ ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့ တွင်
ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၅ ပေအထက်ကျော်လွန်ကာ
ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက ၂၄ ပေသို့ ရောက်ရှိနေ ပြီဖြစ်သည်။
ညောင်တုန်းမြို့၏ ရေကာတာကို ၃ဝ ဒသမ ၅ ပေအထိ
အကြီးစားမြှင့် တင်ခြင်း ကို ဆောင်ရွက်ထားသော်လည်း
မြို့လူထု အနည်းငယ် စိုးရိမ်ပူပန်နေသော နေရာများ ဖြစ်သည့်
၁၉ လမ်း၊ ၂၂ လမ်း၊ ၂၆ လမ်း၊ ၃၆ လမ်းနှင့်
၃၈ လမ်းတို့တွင် ကမ်းမပြိုစေရေး အတွက်
လှိုင်းကာများ ၊ ရေကာ များ၊ ရေတောင်ဝှေးများ ပြုလုပ်ထားသည်။
ဧရာဝတီ မြစ်ရေမြင့်တက်နေ မှုကြောင့်
ညောင်တုန်းမြို့ ၁၁ လမ်း နှင့် ၁၂ လမ်းကြား၌
ရေအနည်း ငယ် စိမ့်ဝင်နေသဖြင့်
ဆည်မြောင်းဦးစီးဌာနက ပြုပြင်မှုများ ဆောင် ရွက်လျက် ရှိသည်။
ညောင်တုန်းမြို့နယ်
သဘာဝဘေးအ္တရာယ် ကာကွယ်ထိန်းသိမ်းရေးကော် မတီ နှင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာများ ကလည်း
ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို
ညှိနှိုင်းဆောင် ရွက်ထားကြောင်း သိရသည်။
အန္တရာယ်ရှိနိုင်သော
စံကင်းကျွန်း ဘက်ခြမ်း တာဝကျေးရွာနှင့်
အခြား လိုအပ်သော နေရာများတွင် လည်း
ကာကွယ်ထိန်းသိမ်းရေးများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
MOI
ဧရာဝတီတိုင်း ငပုတောမြို့နယ် စပါးကြီးကျေးရွာအုပ်စု ဘုတ်ပင်ဆိပ်ရွာ ချောင်းကူးတံတား၏ အရုဏ်ဦး ။
1993 ခုနှစ်လောက်ဆီက ကြွေချိုင်ကျေးရွာအုပ်စု နတ်မော်ကျေးရွာအုပ်စု စပါးကြီးကျေးရွာအုပ်စု ပန်းမော်ကျေးရွာအုပ်စု ကွင်းဘက်ကျေးရွာအုပ်စု များမှ မပါမနေရ တာဝန်ဖြင့် ဗိုလ်မှူးသောင်းထိုက် (တပ်ရင်း မမှတ်မိ) ၏ ဦးဆောင်မှုဖြင့် ဤတံတားကို အချင်း ၁၅ပေ ရှိသော ခြံထဲတွင် ကျောက်ခဲများကို ထည့်ပြီး တံတားကို တိုင်အဖြစ် သုံးပြီး သစ်သားကြမ်းခင်းဖြင့် ကိုယ်ထူကိုယ်ထ တံတားကြီးကို တည်ဆောက်ခဲ့ကြပါသည် ။
၁၅ပေ အချင်းရှိသောတိုင်အဖြစ်သုံးထားသော ကျောက်ပုံ ခြံကြီးများရေတိုက်စားမှုများဖြစ်ပြီး ၂နှစ် ၃နှစ် အကြာ ပျက်စီး လာမှုကြောင့် ၁၉၉၇ (ခန့်မှန်း) တွင် ယခု ပုံပါလက်ရှိ တံတားကြီးကို ကျေးရွာအုပ်စုများမှ စုပေါင်းတည်ဆောက်ကြရပြန်ပါသည် ။ တံတားကို ပြန်လည်တည်ဆောက် နိုင်ရန် ထိန်းသိမ်းနိုင်ရေးအတွက် ပထမ နှစ်များတွင် တံတားကို ဖြတ်ကျော်ရသော စက်လှေများထံမှ ငွေကောက်ခံခြင်း နောက်ပိုင်းနှစ်များတွင် မောင်းတံ ဖြင့်တားပြီး ဆိုင်ကယ်များကို ကောက်ခံခဲ့ပြီး 2010 ခုနှစ်နောက်ပိုင်းတွင် မောင်တံကို ဖြုတ်ပြီး ကောက်ခံမှုများ မလုပ်ကြတော့ပါ ။ ထိုအချိန်မှ စပြီး ပြင်ဆင်ရင် ခက်ခဲ လာပါ၍ ဘုတ်ပင်ဆိပ် ရွာသူရွာသားများ မှ ပြင်ဆင် နေကြရာမှ 24.5.2016 တွင် တောင်ကျရေဖြင့် တံတားအလျှားပေ၁၀၀ ခန့် ရေထဲ မျာပါခဲ့ပါသည် ။
ယခုအခါ စက်လှေကူးတို့ဖြင့်ပို့နေရာ အခက်အခဲ များစွာ ဖြစ်နေကြရပါသည် ။ 22.7.2016 ရက်န့တွင် ဘုတ်ပင်ဆိပ်ရွာမှ ကိုသန်းထိုက် ဦးဆောင်သူ လူငယ် (၁၁) ဦးမှ တာဝန်ယူ ပြင်ဆင်မှုများကို ပြုလုပ်နေကြရာ ရွာသူရွာသား ကလေးသူငယ်များပါမကျန် ပုံပါအတိုင်းစည်းလုံးညီညွတ်စွာ ပြင်ဆင်နေကြပုံ မှာ ကြည်နူးစရာကောင်းလှပါသည် ။အလျှူငွေထည့်ဝင်သူများနှင့် စနစ်တကျ သုံးစွဲ ငွေစာရင်းများပြန်လည်ရှင်း ပေးမှာလည်းဖြစ်တယ် လို့ သိရပါသည်။
25.7.2016 ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဦးသန်းအောင် ၏ Ani Htet's facebook တွင် ပြည်ထောင်စု အစိုးရ၏ ကျေးလက်ဦးစီးဌာန ရန်ပုံငွေ ကျပ် သိန်းတစ်ရာ ဖြင့်ပြန်လည် ပြင်ဆင်ပေးမည်ဖြစ်ကြောင်းသိရပါသဖြင့် များစွာအံ့ဩ ကျေနပ် နေကြပါသည် ။ ဤတံတားမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမ ဆုံးအကြိမ် အစိုးရ၏ ထောက်ပံ့ပြင်ဆင်မှုများနှင့် ဂုဏ်ယူစွာ လျှောက်ကြမည့် ဒေသခံ ပြည်သူများ မှ ခြေထောက်များကို နံ့သာရည်ဖြင့်ဆေးပြီး သကာလ တံတားကြီးပြီးမည့်အချိန်ကို စောင့်စားရင်း ကိုခိုင်ထူး ရဲ့ " အခုညတော့အိပ်နိုင်မယ်မထင်ဘူး " သီချင်းကို သီဆိုနေကြမှာ သေချာပါသည် ။
တက်ညီလက်ညီဆောင်ရွက်ပေးကြပါသော ဦးသန်းအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးစိုးမိုး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဦးဖြိုးဇော်ရွှေ(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) တို့နှင့်အတူ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဒေသခံ များကိုယ်စား ပြောကြားလိုပါသည်။
ဓာတ်ပုံ Panti /Maung ko ko
U Win Soe
ဧရာဝတီတိုင်းဝန်ကြီးချုပ်၏ ကြံခင်း၊မြန်အောင်၊ထူးကြီး၊အင်္ဂပူ၊မဲဇလီကုန်းခရီး (22 July 2016 )
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးမန်းဂျော်နီဟာ ဇူလိုင် ၂၃၊၂၄ ရက်တွေမှာ ကြံခင်း၊မြန်အောင်၊ထူးကြီးအင်္ဂပူ၊မဲဇလီကိုတွေကိုသွားရောက်ခဲ့ပါတယ်။
1
Sunday, July 24, 2016
င၀န်မြစ်ရေတက် ရွာနှစ်ရာကျော် ရေဘေးသင့်
23 ဇူလိုင် 2016
အိမ်ခေါင်နီးပါး အထိ ရေလွှမ်းဒဏ်ခံနေရ
ငဝန်မြစ် ရေကြီးနေတဲ့အတွက် ငါးသိုင်းချောင်း မြို့နယ်ထဲက ကျေးရွာပေါင်း နှစ်ရာကျော်က အိမ်ခြေ တစ်သောင်း သုံးထောင်ကျော်လုံးမှာ ရေတွေ နစ်မြုပ်နေပါတယ်။
လောလောဆယ်မှာ ဒုက္ခသည် စခန်းတွေကို ပြောင်းရွှေ့နေထိုင်ရတာမျိုးတွေ မရှိသေးပေမယ့် မြစ်ရေ ဆက်တက်လာမယ် ဆိုရင်တော့ အစားအသောက်၊ နေရေးထိုင်ရေးအတွက် ကယ်ဆယ်ရေးတွေ ပေးဖို့ လိုအပ်နေပါတယ်။
င၀န်မြစ်ရေဟာ ပြီးခဲ့တဲ့ ဆယ့်တစ် ရက်နေ့ကတည်းက စိုးရိမ်ရေမှတ် ကျော်နေတာ အခုချိန်အထိလည်း ရေတွေမကျသေးပဲ အဲဒီ ဒေသတဝိုက်က လူတွေ ရေဘေးဒဏ် ခံစားနေရတာဖြစ်ပါတယ်။
အခုလိုသာ မြစ်ရေ ဆက်တက်လာမယ်ဆိုရင်တော့ ကျေးရွာတွေမှာ နေရေးထိုင်ရေးနဲ့ အစားအသောက် ကူညီမှုတွေ ပေးဖို့လိုတယ်လို့ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်းကတော့ ပြောပါတယ်။
လောလောဆယ်မှာ ရေဘေးသင့် ရွာသားတွေအနေနဲ့ ဒုက္ခသည်စခန်းတွေကို ပြောင်းရွှေ့နေထိုင်ရတာမျိုးတော့ မရှိသေးပေမယ့် ရေဘေးသင့် ကျေးရွာတွေမှာတော့ အစားအသောက်တွေ ဝေငှပေးနေတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။
လောလောဆယ်မှာ ချင်းတွင်းမြစ်ရေဟာ ကြီးနေပြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေးဝ မော်လိုက်၊ ကနီ မြို့တွေမှာ ဟာ စိုးရိမ်ရေအမှတ်ကျော်နေပြီး ဧရာဝတီမြစ်ရေဟာလည်း ရွှေဂူနဲ့ ညောင်ဦးမြို့တွေမှာ လာမယ့် ရက်တွေအတွင်း စိုးရိမ်ရေအမှတ် ကျော်လာနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
ဒီလို ဧရာဝတီနဲ့ ချင်းတွေ မြစ်ရေတွေ ကြီးလာနေတဲ့အတွက် ငဝန်မြစ်ရေဟာလည်း နောက်ရက်တွေအတွင်း စိုးရိမ်ရေအမှတ် အထက်မှာ ဆက်ရှိနေဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
ဘီဘီစီ
Saturday, July 23, 2016
မျိုးတုံးတော့မယ့်အန္တရယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့
မဇ္ဈိမ
07/23/2016
(ဂုံးကောက်ကြသူများနှင့် စန္ဒား ငါးဖမ်းလုပ်ငန်း)
အပိုင်း (၆)
ဒီမှာ အခုမြင်တွေ့နေရတာကတော့ ရွာသူရွာသားတွေက ဂုံးသွားကောက်ကြဖို့ လှေစောင့်နေတာလို့ ပြောပါတယ်။ သူတို့က ဂုံးကောက်ပြီးရင်တော့ ပြန်ရောင်းတယ်ပေါ့နော်။ ဈေးကောင်း ရတယ်လို့ ပြောကြပါတယ်။ သွားကောက်တဲ့အခါ အိပ်အကြီးတွေနဲ့ သွားကောက်ကြပါတယ်တဲ့။ အများကြီးလည်း ရပါတယ်တဲ့။ ပြောရင်းဆိုရင်း လှေရောက်လာပါပြီ။ သူတို့လည်း ထွက်သွားကြပါပြီ။
ဂုံးကောက်သူဆိုတာက ပင်လယ်ထွက်ပြီး ငါးမဖမ်းရလို့ အိမ်မှာကျန်ရစ်သူတွေက ပင်လယ်ထဲက သောင်ခုံမှာ ဂုံးကောက်ကြသူတွေကို ပြောတာပါ။ ကဒုံကနိအနားက ရွာကလေးမှာပါ။
ပင်လယ်ထဲမှာ ဂုံးကောက်တာ တစ်ခါမှ မမြင်ဘူးတာနဲ့ လိုက်ကြည့်မယ်ဆိုပြီး ဂုံးကောက်သူတွေနောက်က လိုက်လာခဲ့ပါတယ်။်။ ကမ်းနဲ့ ခပ်လှမ်းလှမ်းရောက်တော့ ခုနက ထွက်သွားတဲ့သူတွေက ဂုံးကောက်နေကြတာ တွေ့လာရပါတယ်။
ပင်လယ်ထဲက သောင်ခုံတစ်ခုပေါ်ရောက်တော့ ကမ်းနားကနေ လှမ်းကြည့်တဲ့အခါမှာ ကမ်းနဲ့ တော်တော်ဝေးတဲ့နေရာမှာ ရေထဲမှာ လမ်းလျှောက်နေကြတဲ့သူတို့ကို တွေ့ရပါတယ်။ ရင်ခေါင်းလောက်ပဲ ပေါ်တယ်။ အခု သူများတွေ ဂုံးစမ်းနေကြတယ်ဆိုတော့ ဘေးနားကလူတွေကိုမေးကြည့်တော့ ရေအောက်မှာ သဲနဲ့ ဂုံးပဲရှိတယ်တဲ့ ကျန်တာ ဘာမှမရှိဘူးတဲ့။ မာမာလေး စမ်းမိရင် အဲဒါ ဂုံးပဲတဲ့။ သူတို့တွေကလည်း လိုက်စမ်းပြီးတော့ ရတဲ့ဂုံးလေးတွေကို သူတို့ထဲမှာပါတဲ့ ပိုက်ခြင်းလေးတွေထဲကို ထည့်ကြပါတယ်။ ရောင်းကြပါတယ်တဲ့။
ပင်လယ်ထဲက သောင်ပြင်ပေါ်မှာရှိနေတဲ့အခိုက် ရေကလည်း အရမ်းမနက်ပါဘူး။ ဒူးအထက်လောက်ပဲ ရှိပါတယ်။ ဒူးထောက်ပြိးတော့ လိုက်စမ်းရပါတယ်။ ဂုံးတွေက အပေါ်ယံမှာတော့မရှိဘူး။ သဲထဲကို နဲနဲလေး နှိုက်ပြီးတော့ စမ်းရပါတယ်။ ပြောမယ်ဆို သဲအောက်ထဲမှာ ပုံးနေကြတာပေါ့။
ကမ်းနဲ့တော့ နဲနဲလှမ်းပါတယ်။ တချို့နေရာတွေမှာဆို ရေက ရင်ဆို့လောက်ထိ ရှိပါတယ်။ တစ်ချို့နေရာတွေမှာဆို အရပ်မမှီနိုင်ပါဘူး။ ဂုံးစမ်းတာ ရတဲ့ဂုံးကိုရောင်းတာ မေးမြန်းကြည့်ပါတယ်။
ဒါလေးတွေက ဘယ်လိုရောင်းရလဲအမ။
“အဲဒါတွေက အရင်တုန်းက အကြီးဆိုရင် တစ်ခြင်းကို ၆၀၀ ရပါတယ်။ အခုက ၁၂၀၀ ဖြစ်သွားပါပြီ”
အမတို့ အခုလိုမျိုး လာစမ်းတယ်ဆိုရင် တစ်နေ့ကို အချိန် ဘယ်လောက်လောက် ကြာသလဲ။
“ရေတက် ရေကျကို ကြည့်ပြီး စမ်းပါတယ်။ နာရီဝတ် တစ်နာရီပေါ့”
အမတို့ အဲလို စမ်းတဲ့အချိန်မှာ အမတို့ဆီမှာပါလာတဲ့ ပိုက်ခြင်း တစ်ခြင်းလောက် ရလားအမ။
“ရပါတယ်။ စမ်းတတ်တဲ့သူတွေဆိုရင် ပီနန်အိတ်တွေနဲ့ အပြည့်ရပါတယ်”
အဲဒါဆို ပီနန်အိတ်နဲ့ဆို ဘယ်လောက်လောက် ရလဲအမ။
“တစ်နေ့ကို ၅၀၀၀ ကျော် ၆၀၀၀ ဖိုးလောက်ထိ ရပါတယ်။ အကြီးပါရင် ပါသလိုရပါတယ်။ အကြီးတွေက ပိုပြီး ဈေးကောင်းရပါတယ်”
ကမ်နဲ့ နဲနဲဝေးတော့ လှိုင်းလုံးတွေကလည်း နဲနဲကြီးနေပါတယ်။
နွေရာသီဖြစ်လို့ အရမ်း အန္တာရာယ်မများပေမယ့် မိုးရာသီဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ အနီးဆုံးရွာကလေးရဲ့ လုပ်ကိုင်စားသောက်မှုအခြေအနေကို မေးမြန်းကြည့်တော့ ရွာသူတစ်ဦးက အခုလိုရှင်းပြပါတယ်။
“ရွာမှာက ဘာအလုပ်မှမရှိဘူး။ ရွာက နဲနဲခေါင်သွားတော့ အလုပ်အကိုင် ရှားသွားတယ်။ ပိုက်တွေဘာတွေတော့ လုပ်တယ်။ ပိုက်ထောင်တယ်။ ပိုက်ထောင်လို့ နဲနဲပါးသွားပြီဆိုရင် အခုလိုမျိုး ရေထဲဆင်းပြီးတော့ ဂုံးကောက်ကြတယ်။ ဒီရွာမှာက မိန်းမတွေလုပ်တဲ့အလုပ်က အဲဒါပဲ ရှိပါတယ်။ ရေအတက်ကိုကြည့်ပြီးတော့ ကောက်ရတာပါ။ လေး ငါး ခြောက်ထောင်ဖိုးလောက် ရဖို့က ကိုယ့်လက်အပေါ်မှာပဲ မူတည်ပါတယ်။ ပိုက်ကကြတော့ အများကြီးကို တစ်နေကုန် ထောင်ရတယ်။ လေးငါးခြောက်မျိုး တစ်နေကုန်လုပ်မှ ပက်ဆံ သုံး လေးထောင်လောက်ပဲ ရပါတယ်။ ရာသီတိုင်းတော့ ကောက်လို့ရပါတယ်။ ဒါပေမယ့် ရေသေသွားရင် ဂုံးက မပေါ်တော့ဘူး။ မပေါ်တော့ ဂုံးက ငုတ်သွားတော့ ကောက်လို့မရတော့ဘူး”
အခု ရောက်နေ ကောက်နေတဲ့နေရာလေးကတော့ သောင်ခုံက မြင့်တော့ အိမ့်မျက်တို့ ကောက်ရတာ အဆင်ပြေပါတယ်။ အကျင့်မရှိတဲ့သူလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဟိုဘက်ပိုင်းတွေကြတော့ ရေနက်တယ်။ ဒါပေမယ့် ခရလေးတွေကို များများလိုချင်တဲ့အတွက်ကြောင့် ရေနက်ထဲထိ စွန့်စွန့်စာစား သွားကောက်ကြပါတယ်။ တချို့ ရေငုတ်ကျွမ်းကျင်တဲ့ အမျိုးသားတွေဆိုရင် ဒီသောင်ပြင်ရဲ့ ဟို့ဘက်ခြမ်းမှာ သွားစမ်းကြပါတယ်တဲ့။ ရေငုတ်ပြီးတော့ ကောက်ကြပါတယ်တဲ့။
ရေက တဖြည်းဖြည်းကျလာပါပြီ။ အဲဒါကြောင့် သောင်ခုံကြီးက တဖြည်းဖြည်း ပေါ်လာပါပြီ။ တချို့ ဂုံးကောက်သူတွေကတော့ အဲဒီသောင်ခုံဘေးမှာပဲ ကောက်နေကြတာ တွေ့ရပါတယ်။ တချို့ကလည်း ရေထဲမှာကောက်တယ်။ တချို့ကတော့ ပေါ်နေတဲ့ သောင်ခုံးပေါ်မှာကောက်ပါတယ်။ သောင်ခုံပေါ်မှာကတော့ သဲတွေက အ၇မ်းကို မာကျစ်နေတယ်။ အဲတော့ လက်ထိုးရတာ အရမ်းပင်ပန်းတယ်လို့ ပြောပါတယ်။
သဲထဲမှာ လက်ထိုးပြီးနှိုက်ရတာ လွယ်တော့မလွယ်ပါဘူး။ လက်တွေနာပါတယ်။ နေမဝင်သေးခင်အချိန်ထိတော့ သူတို့တွေ ကောက်နေကြဦးမှာပါ။ ပြီးရင်လည်း သူတို့တွေက ဒီဂုံးတွေကိုဝယ်တဲ့ အဝယ်ဒိုင်ဆီကို ပို့ရဦးမယ်လေ။
ခနနေတော့ ကျွန်တော်တို့လည်း ရွာထဲကိုဝင်ခဲ့ပြီးတော့ ဂုံးအဝယ်ဒိုင်လေးဆီကို လျှောက်သွားလိုက်တယ်။ ဂုံးကောက်ထားတဲ့သူတွေကလည်း ကောက်ထားတဲ့ဂုံးတွေကို အဝယ်ဒိုင်ဆီကို ပို့ဖို့အတွက် ဒိုင်ဆီကို လာနေကြပြီလေ။ အခုချိန်နေတဲ့ ခြင်းတစ်ခြင်းကို အခုချိန်မှာ ၁၀၀၀ ဈေးပေါက်ပါတယ်။ ဂုံးကောက်ကြတဲ့သူတွေက အခုဈေးနဲ့ဆို လေးငါးခြောက်ထောင်ဖိုးလောက် ရပါတယ်။
ဂုံးဒိုင်က ဒိုင်လုပ်ပြီးဝယ်တဲ့သူကို မေးကြည့်တော့ သူက အခုလို ရှင်းပြပါတယ်။
“ဂုံးတွေကို ကျွန်တော်တို့က ရန်ကုန်ကို ပို့ပါတယ်။ ဘုန်းကြီးလမ်း ကမ်းနားကို ပို့ပါတယ်။ သံဈေးတို့ ဘာတို့မှာ သွားရောင်းပါတယ်။ မပို့ခင်တော့ အောက်မှာ အခင်းခင်းပြီးတော့ အရိပ်အောက်မှာထားတယ်။ ပြီးတော့ နဲနဲ နဲနဲ ရေလေးတွေ ပေးရပါတယ်။ သောင်ကရေ နဲနဲ လောင်းပေးရပါတယ်။
ရေက ၁၄ ရက် ၁၅ ရက်လောက်ဆိုရင် ၁ သိန်းကျော် ၂ သိန်းဖိုးလောက် ဝယ်ရပါတယ်။ ဂုံးက ရာသီဥတုကိုကြည့်ပြီး သူကလည်း ပေါ်တာ။ မပေါ်တဲ့ရာသီဆို မပေါ်ပြန်ဘူး။ ရာသီဥတု ပြင်းလာပြီဆိုရင် ကောက်လို့လည်းမရဘူး။ အကုန်လုံးပျောက်တဲ့အခါ ပျောက်တယ်။ ပေါ်တဲ့အခါတော့ အဲလောက် ဝယ်ရတယ်”
ဒီ ဧရာကမ်းခြေက အခုနှစ် ၂၀၁၆ သင်္ကြန်မှ အပန်းဖြေကမ်းခြေအဖြစ် ဖွင့်လှစ်ခဲ့တာပါ။ ခရီးသွားဧည့်သည်တွေတောင် သိပ်မရောက်ကြသေးပါဘူး။ ဒီဧရာကမ်းခြေမှာ အပန်းဖြေရင်း ဂုံးကောက်တဲ့အကြောင်းတွေကို လေ့လာခြင်တယ်ဆိုရင်တော့ ဘိုကလေးမြို့နယ်ကနေ ကဒုံကနိ ကျေးရွာကိုလာပြီး ကဒုံကနိကနေမှ ဒီဧရာကမ်းခြေကိုလာပြီး လည်ပတ်နိုင်ပါတယ်။
Mizzima
ဧရာဝတီတိုင်း၏ အကြီးဆုံး အရက်ချက်စက်ရုံ လည်ပတ်မှု ရပ်ရန် ညွှန်ကြား
စည်သူမောင်မောင်
၂၃-ဇူလိုင်၊ ဧရာဝတီ
ဧရာဝတီတိုင်းအတွင်း အကြီးဆုံး အရက်ချက် စက်ရုံဖြစ်သော
မြန်အောင်မြို့နယ်၊ ရောင်နီ အရက်ချက်စက်ရုံသည် စွန့်ပစ်ပစ္စည်းများအား သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ခြင်း မပြုနိုင်သေးသည့် အချိန်အထိ စက်ရုံလည်ပတ်ခြင်းအားရပ်ဆိုင်းထားရန်
ဧရာဝတီတိုင်းဒေသကြီး အဖွဲ့က ဇူလိုင်လ၂၁ရက်တွင် ညွန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းဌေး ဇွန်လ ၅ ရက်က စက်ရုံသို့ သွားရောက်စစ်ဆေးပြီးနောက် “စက်ရုံကို ကျွန်တော်နဲ့အတူ ပြင်ပပညာရှင်တွေနဲ့
သွားရောက်စစ်ဆေးပြီး ဖြစ်ပါတယ်၊ရေသိုးများကို သန့်စင်မှုမလုပ်ပဲ ချောင်းမြောင်းထဲကို စွန့်ပစ်နေတာ တွေ့ရပါတယ်၊ စက်ရုံ သတ်မှတ်စံချိန် စံနှုန်းတွေနဲ့ မလုပ်လို့ လည်ပတ်မှုကို ခေတ္တရပ်ဆိုင်းခိုင်းတာပါ” ဟု
မဇ္ဈိမသို့ပြောသည်။
“စက်ရုံ ရေသိုးထုတ်လုပ်မှုတွေ ပြည်သူတွေ ထိခိုက်မှုမရှိအောင် စက်ရုံက ပြန်လုပ်ဆောင်မယ်၊ စံနှုန်းတွေလိုက်နာဆောင်ရွက်မယ်ဆို ပြန်လုပ်ပိုင်ခွင့်ရမှာပါ” ဟုလည်း ဝန်ကြီးကဆိုသည်။
မြန်အောင်မြို့နယ်၊ ရောင်နီ အရက်ချက်စက်ရုံအား စွန့်ပစ်ပစ္စည်းများအား သတ်မှတ်ထားသည့် စံချိန်စံနှုန်း များနှင့်အညီ ဆောင်ရွက်ခြင်းမပြုနိုင်သေးသည့် အချိန်အထိ စက်ရုံလည်ပတ်ခြင်းအား ရပ်ဆိုင်းထားရန် မြန်အောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က
ဇွန်လ ၃၀ရက် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရသို့ တောင်းဆို ခဲ့သေးသည်။
“ရောင်နီ အရက်ချက် စက်ရုံမှ ရေဆိုးအညစ်အကြေးများနှင့် အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် အနံဆိုးများ ထွက်ပေါ်နေမှု၊ ဓါတု အက်စက်များပါဝင်သည့် စွန့်ပစ်ပစ္စည်းများအား တာဝန်မဲ့ စွန့်ပစ်နေခြင်းများ သဘာဝပတ်ဝန်ကျင် အင်းအိုင်ချောင်းမြောင်းများ ညစ်ညမ်းမှု၊ မြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်ကျင်ကျေးရွာအုပ်စုများရှိ ပြည်သူများ လူနေမှုဘဝနှင့် ကျန်းမာရေးကို ထိခိုက်လျှက်ရှိသည့်
အခြေအနေများ ဖြစ်ပေါ်နေကြောင်း"ဟု မြန်အောင်မြို့နယ်တိုင်းဒေသကြိးကိုယ်စားလှယ်ဒေါ်စုစုအောင်က
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။
စက်ရုံလည်ပတ်ရန် စပါးခွံနှင့် ကျောက်မီးသွေးကို အသုံးပြုသဖြင့် မိုးစပါးအထွက်နှုန်းကျဆင်းခြင်း၊ ပတ်ဝန်ကျင်နေ ပြည်သူများ အသက်ရှုလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါများဖြစ်ပွားနေ
ကြောင်း ကိုယ်စားလှယ်ဒေါ်စုစုအောင်က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးသည်။
ရောင်နီအရက်ချက် စက်ရုံသည် ကြံခင်း မြန်အောင်ကားလမ်းဘေး မာလကာကုန်းကျေးရွာ၊ ကျခတ္တန်းရပ်ကွက် မှင်နီ တာရိုးအနီးမြေ၂၀ဧက ပေါ်တွင် တည်ဆောက်ထားပြီးဧရာဝတီတိုင်းဒေသကြီး အတွင်း အကြီးဆုံး အရက်ချက်စက်ရုံဖြစ်သည်။
တစ်နေ့လျှင် အရက်ဆီ ကုန်ချော ဂါလံ ၆၅၀၀ခန့်ထုတ်လုပ်လျက်ရှိပြီး စွန့် ပစ်ရေသိုး ဂါလံ ၃၅၀၀၀
ထွက်ရှိသည်ဟု သိရသည်။
Mizzima
စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း
စည်သူမောင်မောင်
07/23/2016
စည်းကမ်းလိုက်နာမှုမရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင် ဦးစိုးနိုင်ဝင်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ကန်ထရိုက်လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ အင်ဂျင်နီယာ လိုက်စင် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူလိုက်သည်ဟု ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။
ပုသိမ်​မြို့၊ အမှတ်​ ၅ရပ်​ကွက်​ ​ထောင်​ကုန်းလမ်းရှိ ပုသိမ်ထောင်​အနီးတွင် သုံးထပ်အမြင့်ရှိ အဆောက်အဦး ဆောက်လုပ်ရာတွင် အမြင့်ပေ ၂၈ ပေသာ ဆောက်လုပ်ရန် ခွင့်ပြုထားသော်လည်း ကျော်လွန် ဆောက်လုပ်ခြင်းကြောင့် အရေးယူရခြင်းဖြစ်သည်ဟု ဦးကျော်မြင့်က ပြောသည်။
“အစိုးရ တားမြစ်​​နေတာကိုသိလျက်​ ဆက်​​ဆောက်​လုပ်​လို့ အခုလိုမျိုးဖြစ်​သွားတယ်​၊ စစ်​​ဆေးတဲ့အခါ တာဝန် အရှိဆုံးလူက စည်​ပင်​​ကော်​မတီဝင်လည်း ဖြစ်​​နေတယ် အစိုးရက နှစ်​ကြိမ်​တိုင်​တိုင်​ တား​နေတဲ့ကြားက ဆက်​​ဆောက်​တဲ့ ကန်​ထရိုက်​က တာဝန်​အရှိဆုံးပဲ တားမြစ်​တဲ့ကြားက ဆက်​​ဆောက်​လို့ အ​ရေးယူဖို့ အ​နေအထား ရောက်​သွားတယ်” ဟု ပြောသည်။
အဆိုပါ အဆောက်အဦးကို ၂၈ ပေအမြင့်အထိသာ ဆောက်လုပ်ရန် ယခင်အစိုးရက တစ်ကြိမ်၊ ယခု တိုင်းအစိုးရသစ် လက်ထက်တွင်လည်း ဆက်မဆောက်ရန် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း တိုင်းအစိုးရသစ်၏ ဆုံးဖြတ်ချက် မချခင် ဆက်လက် ဆောက်လုပ်ခဲ့သည်ဟုလည်း ဦးကျော်မြင့်က ပြောသည်။
“ပြီးခဲ့တဲ့ တိုင်းအစိုးရက ၂၈​ပေအထိပဲ ​ဆောက်​လုပ်​ပါဆိုပြီး တကြိမ်​တားမြစ်​ခဲ့တယ်​၊ အစိုးရသစ်​ လက်​ထက်​မှာလည်း ၂၈​ပေ ထက် ကျော်​လွန်​သွားရင်​ ​ထောင်​လုံခြုံ​ရေးထိခိုက်​ပါတယ်​ ခွင့်​ပြုလို့မဖြစ်​ဘူး ကန့်​ကွက်​လို့ တိုင်းအစိုးရသစ်​ လက်​ထက်​မှာ သုံးထပ်​၂၈​ပေ​ ကျော်​တဲ့ဟာကို ဆက်​မ​ဆောက်​ဖို့နဲ့ ဖျက်​သိမ်း​ပေးဖို့ ဆုံးဖြတ်​ချက်​ချခဲ့တယ်​၊ အိမ်​ရှင်ဘက်​က အစိုးရ ဆုံးဖြတ်​ချက်​ မချခင်​အချိန်​မှာ ဆက်​​ဆောက်​လို့ ငါးထပ်​ဖြစ်​သွားတယ်” ဟုလည်း ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
ယင်းသို့သော အခြေအနေများကို တိုင်းစည်ပင်သာယာရေး ကော်မတီက စည်းကြပ်မှုအားနည်းခြင်းကြောင့် စည်ပင်ဝန်ထမ်း ငါးဦးကို ထုချေလွှာ တောင်းခံထားကြောင်းလည်း ဝန်ကြီးက ပြောသည်။
"စည်​ပင်​သာယာဘက်​က တိုင်းညွန်​မှူးကော၊ အရင်​ မြို့နယ်​ အလုပ်​အမှု​ဆောင်​​ကော အခုလက်​ရှိ အလုပ်​အမှု​ဆောင်​​ကော၊ တာဝန်​ခံအင်​ဂျင်​နီယာ​ကော ရပ်​​ကျေး အင်​ဂျင်​နီယာ​ကော ဝန်​ထမ်းငါးဦးကို ​သေ​သေချာချာ တားမြစ်​ထားတဲ့ကြားက ​ဆောက်​လုပ်​​နေတာကို မကြီးကြပ်​နိုင်​တဲ့အတွက်​ ထု​ချေလွှာ ​တောင်းထားတယ်” ဟု ပြောသည်။
ယခုအဆောက်အဦးကို အကျဉ်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အမြင့်ပေ ၂၈ ပေရှိ သုံးထပ် အထိသာ ပြုတင်းပေါက်များ တပ်ဆင်နိုင်မည်ဖြစ်ပြီး၊ သုံးထပ်နှင့်အထက် ပုသိမ်ထောင်ဘက်သို့ မျက်နှာမူထားသည့် အခြမ်းတွင် အလုံပိတ်ရန်၊ ငါးထပ်အမြင့်ရှိ ဝရန်တာနှင့် ထပ်ခိုးတို့ကို ဖျက်သိမ်းရန်၊ ငါးထပ်အပေါ်သို့ တက်သည့် လှေကားကို ဖျက်သိမ်းပေးရန်လည်း ဆုံးဖြတ်ခဲ့သည်ဟု ဦးကျော်မြင့်က ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးစိုးနိုင်ဝင်းထံ ကန်ထရိုက်ငှားကာ ဆောက်လုပ်စေခဲ့သူ မြေပိုင်ရှင် ဦးအောင်မျိုးဝင်းကမူ ယခင်အစိုးရ စည်ပင်ဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး “ကျွန်​​တော်​ဘက်​က ဘာမှန်းမသိပဲ ရပ်​ထားတာ ကြာပြီ” ဟု ပြောသည်။
Mizzima
ဒေါ်စုမွေးနေ့ ပြုလုပ်ရန် တားသည့် အုပ်ချုပ်ရေးဌာန ဒုဦးစီးမှူး ရာထူးတိုးရန် ရပ်ဆိုင်းကာ နယ်ပြောင်း
စည်သူမောင်မောင်
07/23/2016
နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ ဒေါ်​အောင်​ဆန်းစုကြည်​​မွေး​နေ့အား တားမြစ်​သည့်​ ဟင်္သာတမြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သူ ဦးအောင်သူရဖြိုးကို ၃နှစ်အတွင်း ရာထူးတိုးရပ်​ဆိုင်းပြီး နယ်​​ရွှေ့ပြောင်းရန်​ ဧရာဝတီတိုင်း ​ဒေသကြီး အစိုးရက ဆုံးဖြတ်လိုက်သည်။
"သူ့ကို စစ်​​ဆေးဖို့အတွက်​ ဘိုက​လေးမြို့နယ်​ကို ယာယီ​ ပြောင်း​ရွှေ့ထားတာပါ၊ အခု တိုင်းအစိုးရအစည်း အဝေး ဆုံးဖြတ်​ချက်​ချပြီးပြီ သူ့ကို ပြည်​နယ်​​ပြောင်းဖို့ရယ်​ ၃နှစ်​ရာထူးမတိုး ရပ်​ဆိုင်းဖို့ လုပ်​ပြီးပြီ”ဟု ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင်​ လမ်းပန်းဆက်​သွယ်​​ရေး လျှပ်​စစ်​စွမ်းအင်​ဝန်​ကြီး ဦးဝင်း​ဌေးက မဇ္ဈိမသို့​ပြောသည်​။
“ဝန်​ထမ်း စည်းကမ်းထဲက မလုပ်​ရင်​ ဥပ​ဒေအတိုင်း အ​ရေးယူ​ ဆောင်​ရွက်​တာ​တွေ လုပ်​​ဆောင်​သွားမှာ၊ အခု အ​ရေးယူတာ တိုင်း​ဒေသကြီးအတွင်းမှာ ပထမဆုံးအကြိမ်​ အ​ရေးယူ​ ဆောင်​ရွက်​ခြင်းဖြစ်​ပြီး၊ သူ့ကို​ပြောင်း​ရွှေ့မှာ တိုင်း​ဒေသကြီး​တွေမဟုတ်​ဘဲ ပြည်​နယ်​တခု​ပြောင်းမှာ” ဟု ဝန်​ကြီး ဦးဝင်း​ဌေးက ဆိုသည်​။
"ဝန်​ထမ်း​တွေအ​နေနဲ့ အစိုးရ​ဖော်​​ဆောင်​​မယ့်​ မူဝါဒ​တွေ လိုက်​နာ​ဆောင်​ရွက်​ဖို့ လိုပါတယ်​၊ အစိုးရ မူဝါဒ​တွေကို အခက်​အခဲဖြစ်​​အောင်​လုပ်​တာမျိုး မဖြစ်​ဖို့ အ​ရေးကြီးတယ်​၊ ဝန်​ထမ်း​တွေ ဥပ​ဒေကို လိုက်​နာ​ဆောင်​ရွက်​ပါ၊ ဥပ​ဒေကို ​ကျော်​လွန်​လုပ်​​ဆောင်​ရင်​ ဥပ​ဒေအတိုင်း​ ဆောင်​ရွက်​သွားမှာပါ” ဟုလည်း ဦးဝင်း​ဌေးက မဇ္ဈိမသို့​ပြောသည်​။
ဇွန်​လ ၁၉ ရက်​​နေ့တွင်​ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ ဒေါ်​အောင်​ဆန်းစုကြည်​​ မွေး​နေ့ကို ဟင်္သတမြို့ ရုံးကြီးရပ်​တွင်ပြုလုပ်ရာ ဦး​အောင်​သူဖြိုးက ခွင့်​ပြုမိန့်​တင်​ရန်​ ဖိအား​ပေး​ပြောဆိုခဲ့ရာမှ တိုင်းအစိုးရက စစ်ဆေးကာ ရာထူးမတိုးဘဲ နယ်ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
Mizzima
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဇွန်လ ၁၉ ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ - ယဉ်မွန်)
Friday, July 22, 2016
အဆီကျနေသော ဝမ်းဗိုက်သားလေးရရှိဖို့
ကျွန်ုပ် အမေးခံထိဆုံး မေးခွန်းတစ်ခုကို ပြောပြပါဆိုရင်တော့
"ဗိုက်မှာစုနေတဲ့ အဆီပိုတွေချဖို့ ဘယ်လိုလုပ်သင့်သလဲ"ဆိုတာပါပဲ။
ဗိုက်အဆီတွေဟာ ခန္ဓာကိုယ်တခုလုံးမှာ ဘေးရန်အပေးဆုံး အဆီပါ။
အလှပျက်တယ်ဆိုတာထက် တုတ်နေသောခါး(ပူနေသောဗိုက်)ဟာ
ရောဂါဖြစ်လွယ်တဲ့ လက္ခဏာပိုင်ဆိုင်သူလို့ ခေါ်လို့တောင်ရပါတယ်။
အဲဒီတော့ ကျန်းမာပေါ့ပါးချင်သူတိုင်း ဗိုက်အဆီလျှော့ဖို့ စဉ်းစားသင့်တယ်ဆိုပါတော့။
ဒီနေရာမှာ အိပ်ထမတင်လုပ်ရုံနဲ့တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
ဗိုက်အဆီက ဘယ်လိုစုလာတယ်ဆိုတာကို သဘောပေါက်သွားရင်တော့ ချက်ကောင်းကိုမိသွားမှာပါ။
တကိုယ်လုံးက အဲလောက်မဝတာတောင်
ဗိုက်က ပုံ့ပုံ့ကလေးပူနေရတဲ့ အကြောင်းကို အကျဉ်းလေး ရှင်းပြပါ့မယ်။
ဆေးပညာ ပညာရပ်ဆိုင်ရာ စကားနည်းနည်းပါပေမယ့်။ ဒီနှစ်ကြောင်းလောက်ကိုတော့
အနည်းငယ်သီးခံ ဖတ်ပေးပါ။ (လုံလောက်တဲ့ ဗဟုသုတမပါဘဲ အဆီကျဖို့နည်းလမ်း မသိနိုင်လို့ပါ။)
အကြောင်းရင်း-
ကျွန်ုပ်တို့ ကိုယ်ထဲမှာရှိတဲ့ cortisol level(ကော့တစ်ဆို ပမာဏ)မြင့်လာတာနဲ့ ဗိုက်အဆီတွေ စုပုံလာတော့တာပါပဲ။အဲဒိ cortisolကဘာလို့ မြင့်လာတာလဲ၊?
အဓိကတရားခံကိုပြခိုင်းရင်တော့ စိတ်ဖိစီးမှုလို့ပြောရမှာပါ။
လူတယောက် အလုပ်ကြောင့်၊ ပတ်ဝန်းကျင်ဆက်ဆံရေး..တစ်ခုခုကြောင့် စိတ်ဖိစီးနေပြီဆိုရင် cortisol က ထကြွပွားများလာပြီး ကယ်လိုရီတွေလောင်ကျွမ်းပေးတဲ့ ကြွက်သားတွေကို ဖျက်ဆီးလိုက်ပါတယ်၊ပြီးရင် ဝမ်းဗိုက်တစ်ဝိုက်မှာ အဆီတွေသိုလောင်အောင်ဖန်တီးလိုက်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှုက အဓိကရှင်းလင်းရမယ့် ဆရာကြီးဆိုပါတော့။
စိတ်ဖိစီးမှုဆိုတာကလဲ နေရထိုင်ရ အဆင်မပြေမှုကြီးမားလာတာနဲ့ ရောက်ရောက်လာတတ်တာပါ။
အကြောင်းရင်းဗဟုသုတကို အရင်မရှာဘဲနဲ
့ ဒီအတိုင်းပိန်အောင် စားနေကျထက်အစားလျှော့စားတာ။ ညစာလုံးလုံးမစားတာမျိုး တွေက စိတ်ဖိစီးမှုကို အဆိုးဆုံးအဆင့်ထိဖြစ်စေပါလိမ့်မယ်။
ဗိုက်ဆာလေ..စားဖို့သီးခံနေရလေလေ..စိတ်ဖိစီးလေ။ စိတ်ဖိစီးလေ cortisol မြင့်ပြီး ဗိုက်အဆီစုလေ ဖြစ်မှာပါ။
အဲဒီတော့ ကိုယ့်မှာတော့ သီးခံပြီး အစာမစားဘဲနေလိုက်ရပေမယ့် ဗိုက်ပူပူလေးက မပြောင်းမလဲ ကျန်နေတာမျိုးတွေ ကြုံပါလိမ့်မယ်။
အဲတော့ အခုဖော်ပြမယ့် ၆ချက်(လုံး)ကို လိုက်နာပါ။
အသိဥာဏ်ကြီးကြီးနဲ့ ဗိုက်အဆီကိုအောင်မြင်စွာ ချနိုင်သူ အဖြစ်ခံယူပါ။
အချက်၆ချက်က ဘာတွေလဲ မှတ်သားကြရအောင်-
၁။ ။အိပ်စက်ပါ။
ညဉ့်နက်တဲ့အထိကို မအိပ်ဘဲ နေဦးမယ်ဆိုရင် သင်သေချာပြန်စဉ်းစားပါ။
အိပ်ရေးမဝဘူးဆိုရင် ပင်ပန်းနေပြီး. အချိုနဲ့ အခြား အဆီတက်စေမယ့် အစာတွေကို
ခန္ဓာကိုယ်ကတောင့်တစေပါမယ်။
ပြီးတော့ အိပ်ရေးမဝတာဟာ ခုနကပြောခဲ့တဲ့ cortisolတွေကို မြင့်စေပါသေးတယ်။
ဒါကြောင့် အိပ်စက်ဖို့ ကို နံပါတ် ၁ ပြောရတာပါ။ တညကို ၇နာရီအိပ် တာ အကောင်းဆုံးပါပဲ။
၂။ ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
တညကို အိပ်ထမတင်လေ့ကျင့်ခန်း အခါ ၁၀၀၀ လောက်လုပ်တယ်ဆိုရင် ဗိုက်ကြွက်သားတွေ တက်လာစေမှာမှာပါ။
ဒါပေမယ့် အဲဒီပေါ်မှာတော့ အဆီတလွှာက အရင်အတိုင်းကျန်နေပါဦးမယ်။
အဲဒီ အိပ်ထမတင် နည်းလမ်းတွေထက်စာရင် နေရာအနှံ့က ကြွက်သားတွေလုပ်ရှားတဲ့ လေ့ကျင့်ခန်းကိုသာလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
လမ်းလျှောက်တာ ပြေးတာမျိုးဆိုရင် ကောင်းပါတယ်။
အပြင်မထွက်နိုင်လို့ အခန်းထဲမှာပဲ လေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင်
Planking ဆိုတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပါ။Planking ဆိုတာ
ခန္ဓာကိုယ်ကို မှောက်ရက်နေပြီး တံတောင်ဆစ်၊ ခြေဖျားထိပ်နဲ့ ထောက်ထားပြီး လုပ်တာမျိုးပါ။
သိချင်သူများ အတွက် ကိုယ်တိုင်အင်တာနက်မှာရှာကြည့်နိုင်သလို အခွင့်သင့် ရင် ဗီဒီယိုတင်ပေးပါ့မယ်။
၃။ ။သကြားကို ရန်သူလို့မှတ်ပါ။
ဗိုက်အဆီကို တိုက်ဖျက်ရာမှာ အစားဆင်ခြင်တာက ၈၀ရာခိုင်နှုန်း၊ လေ့ကျင့်ခန်းက ၂၀ရာခိုင်နှုန်းနဲ့
တိုက်ခိုက်ရတယ်ဆိုတာ သဘောပေါက်နေဖို့လိုပါတယ်။လေ့ကျင့်ခန်းပဲလုပ်ပြီး အစားအသောက်ဂရုမစိုက်ရင် အလကားပါပဲ။
ကျန်းမာရေးမညီညွတ်တဲ့ သရေစာထက်စာရင် အသားဓာတ်၊ ဟင်းသီးဟင်းရွက်၊ အစေ့အစံတွေကို အစားထိုးပါ။
ဥပမာ..အချိုတစ်ခုခုတောင့်တနေရင် ချိုတဲ့ သဘာဝအသီးကိုစားပါ။
ကော်ဖီသောက်ရင် သကြားမပါသလောက်ကိုသုံး ပါ။ ဒါမှမဟုတ် ကယ်လိုရီလျှော့ထားတဲ့ သကြားရှိရင် အဲဒါကိုသုံးပါ။
၎။ ။ဗီတာမင် C လိုအပ်ပါတယ်။
သင် စိတ်ဖိစီးမှု ကြီးစိုးလာရင် cortisolတွေ ထုတ်လွှတ်တော့တာပါပဲ။ ဗီတာမင်C က cortisol တွေကို အလွန်အကျွံမဖြစ်ရအောင်
ထိန်းပါလိမ့်မယ်။ ဗီတာမင် C ရဲ့ နောက်ထပ်ကောင်းတဲ့အချက်က ဖျားနာခြင်းကိုလဲ ကာကွယ်တတ်ပါသေးတယ်။
ဒါကြောင့် စိတ်ဖိစီးလွန်းလာရင် ဗီတာမင် C စားသုံးမှုကို မြှင့်ထားပါ။ ဗီတာမင်စီ မှာနာမည်ကြီးတာကတော့ လိမ္မော်သီးပါ။
ပန်းငရုတ်ပွ၊ ကိုက်လန် နဲ့ ကီဝီသီးကို လဲ စားကြည့်ပါ။
အဲဒီ့သုံးခုက နာမည်ကြီး လိမ္မော်သီးထက်တောင် ဗီတာမင် Cတွေပါနေပါတယ်။
၅။ ။အဆီစားပါ။
ဟုတ်ပါတယ်။ မှားဖတ်မိတာမဟုတ်ပါဘူး အဆီစားပါလို့ ပြောတာပါ။
အဆီပိုတွေ လောင်ကျွမ်းဖို့ အဆီဓာတ်လိုပါတယ်။ အထက်မှာပြောခဲ့သလို သကြားက အဆီပိုတွေဖြစ်စေပါတယ်။အဆီဓာတ်ကိုမရစေပါဘူး။
အဆီဓာတ်(ကောင်းတဲ့အဆီဓာတ် Omega 3) က ဘယ်ကရသလဲဆိုရင် ဆော်လမွန်ငါး၊
ထောပတ်သီး နဲ့သစ်ကြားသီးတွေကရနိုင်ပါတယ်။ဒါကြောင့် အဆီဓာတ်(Omega 3)လဲ စားသုံးဖို့လိုက်နာပါ။
၆။ ။အသက်ရှုနှုန်း ကိုမမြန်အောင်နေပါ။
ဝင်သက် ထွက်သက်ကို ခပ်ရှည်ရှည်ထားတာဟာ အလွန်လွယ်ကူလှပါတယ်။အလုပ်လဲမပျက်ပါဘူး။
စိတ်တွေတင်းကြပ်လာတယ်။ စိတ်ဖိစီးလွန်းလာတယ်ဆိုရင် ဝင်သက်ထွက်သက်တွေ
အလွန်တိုလွန်း မြန်လွန်းနေတတ်ပါတယ်။
ဝင်သက် ထွက်သက်မှာ သတိလေးနဲ့ ထားနိုင်မယ်ဆိုရင်
ဝမ်းဗိုက်ရော ကိုယ့်ကိုယ်ကိုရောကို အလွန်တရာ သက်တောင့်သက်သာ အခြေအနေမှာထားနိုင်ပါလိမ့်မယ်။
ဝင်သက်(ရှုသွင်းခြင်း)ထက် ထွက်သက်(ရှုထုတ်ခြင်း)ကို ခပ်ရှည်ရှည်ထားခြင်းဟာ အကောင်းဆုံးအခြေအနေပါပဲ။
ဒါဟာကိုယ့်ကိုယ်ကို တင်းကြပ်မှုကနေ သက်သာစေပြီး..စိတ်ဝင်းစားဖွယ်အကျိုးကိုပေးပါလိမ့်မယ်။
ကဲ အခုပြောခဲ့တဲ့ အချက်တွေအကုန်လုံးကို ယနေ့ကစပြီး အကုန်လိုက်နာကြည့်ပါ။
အောင်မြင်ပါလိမ့်မယ်။ဖန်တရာထေအောင် ကြားဖူးနေကျ အချက်တွေနဲ့ကွာခြားကောင်းကွာခြားနိုင်ပေမယ့်
ယခုအချက်တွေဟာ အလွန်ရိုးရှင်းပြီး..အံ့သြဖွယ်အကျိုးကိုပေးမှာပါ။
ဇွဲနဲ့ မဖောက်မပြားလိုက်နာဖို့တော့လိုပါတယ်။အားလုံး ဗိုက်အဆီပိုကို
ေxအာင်မြင်စွာ တိုက်ထုတ်နိုင်ပါစေ။
Credit - ကျန်းမာရေးအတွက်ဆေးတခွက်
ဆိတ်ကွယ်ရာလုပ်ငန်းရှင်ကြီးများ
Byမောင်သာချို
(တစ်)
အခုရက်ထဲမှာ ကျွန်တော့်ကို ညစ်ညူးစေတဲ့ သတင်းတစ်ပုဒ်က အလုံပိတ်တဲတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရပ်ကွက်၊ မြို့ရွာက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဖျက်သိမ်းပစ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ သတင်းက နယ်မြို့ ကြီးတစ်မြို့က သတင်းပေါ့။ တက္ကသိုလ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခြံ ကျယ်ကြီးတစ်ခုထဲမှာ အလုံပိတ် တဲကလေးတွေ တဲကလေးတွေ အစီအရီဆောက်ပြီး ငှားစားတာ ကို ၀င်ဖျက်တဲ့ သတင်းပါ။ ဓာတ်ပုံတွေ ဘာတွေလည်းပါတဲ့ သတင်း မို့ စိတ်မချမ်းမြေ့စရာသတင်းတစ် ပုဒ်ပဲပေါ့။
ဒါမျိုးတွေကို သတင်းစာ မျက်နှာပေါ်တွေမှာတင်မကဘဲနဲ့ ကိုယ်တိုင်ကိုယ်ကျလည်း မကြာ ခဏဆိုသလို တွေ့ခဲ့ဖူးပါတယ်။ အထူးသဖြင့်ကတော့ တက္ကသိုလ် တို့၊ ကောလိပ်တို့၊ သင်တန်း ကျောင်းတို့စ,တဲ့ ဆယ်ကျော် သက်လူငယ်တွေ စုပြုံတိုးဝှေ့နေ လေ့ရှိကြရာ ပတ်ဝန်းကျင်မှာ တွေ့ရလေ့ရှိတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တက္ကသိုလ်၊ ကောလိပ်တွေကို မြို့ ရွာဒေသများရဲ့ ဟိုးအဝေးဆုံးအ စွန်အဖျားအရပ်ဒေသများဆီကို ပို့ပစ်ခဲ့တာကို အားလုံးအသိပါ။ အ သွားခက်၊ အစားခက်၊ အနားခက်ကြရှာတဲ့ ငှက်ကလေးတွေပမာ လူငယ်လေးတွေဟာ အဲသည့်လူ့ အဖွဲ့အစည်းထောင်ချောက်ကြီး က ပါးစပ်ကို ဖြဲထားပေးတဲ့အခါ အစားခံဖို့ရာအတွက် ခုနက လုပ် ငန်းကိုင်ငန်းတွေထဲကို ၀င်သွား ကြတော့တာပါ။
အဲသည့်လို ခြံကျယ်ကြီးတွေ ထဲမှာ လက်ဖက်ရည်၊ ကော်ဖီလို၊ အအေးလို၊ အစားအသောက်လို ဟာမျိုးတွေ ရောင်းတယ်ဆိုပေ မယ့် အဲဒါက အဖြစ်ပါ။ ဟန်ပြပါ။ စိတ်ချရတဲ့ ဖောက်သည်လူငယ် တွေအတွက် ဘီယာရနိုင်ပါတယ်။ အရက်ရနိုင်ပါတယ်။ မူးယစ်ဆေး ၀ါးလို အရာမျိုးရနိုင်ပါတယ်။ ပြီး တော့ ဘယ်သူမှ မမြင်ရအောင် အလုံပိတ်ကာထားတဲ့ တဲကလေး တွေထဲမှာ စခန်းချနိုင်ပါတယ်။ အဆင်ပြေတဲ့အခါ ချစ်သူတွေ ဘာတွေနဲ့ပါ အဲသည့်အထဲမှာ အနား ယူနိုင်ပြီပေါ့။
တက္ကသိုလ်၊ကောလိပ်ပတ် ၀န်းကျင်က ခြံကျယ်ကြီးတချို့ဟာအဲသည့်လို ဆိတ်ကွယ်ရာကို ရောင်းစားတဲ့နည်းနဲ့ စီးပွားရှာကြ ပါတယ်။ (၁၆) နှစ်စွန်းစွန်းသာရှိကြသေးတဲ့ မိသားစုအသိုက် အမြုံကနေ ထွက်လာခါစ လူငယ်ကလေးတွေ၊ ဘာမှမရင့်ကျက်သေးတဲ့ လူငယ်ကလေးတွေဟာ အဲသည့်လိုလွတ်လပ်မှုကို အဟုတ်ကြီးထင်ပြီး ၀င်သွားမိကြရာက ဘ၀တွေ ပျက်ကုန်ခဲ့ကြရတာပါ။
ကျွန်တော့် မိတ်ဆွေနိုင်ငံ ရေးသမားတစ်ယောက်က ပြောဖူးပါတယ်။ ကမ္ဘာပေါ်မှာ တော်လှန် ရေးစိတ်ရှိတာ၊ တော်လှန်ရေးလုပ် ဖို့ စိတ်ကူးတတ်တာဟာ တက် သစ်စလူငယ်တွေပဲများတယ်တဲ့။ အဲသည့်လူငယ်တွေရဲ့ ငယ်ရွယ် စဉ် တစ်ခဏလေးငါးနှစ်လောက်ကို ဖျက်ပစ်နိုင်ရင် အာဏာရှင်တို့ ရဲ့ စီမံကိန်းအောင်မြင်လေ့ရှိတယ် တဲ့။ လူငယ်ကို ဖျက်ဖို့အတွက်က နှစ်မျိုးပဲရှိတယ်တဲ့။ အဲဒါမူးယစ် ဆေးဝါး၊ အရက်သေစာနဲ့ လိင်ကိစ္စ ပဲတဲ့။ အဲဒါကို လွတ်လွတ်လပ် လပ်ဖြစ်အောင် လုပ်ပေးထားတာ ဟာ အလွယ်ဆုံးဖျက်နည်းပဲတဲ့။ အဲသည့် ကိစ္စတွေအတွက် မခက် စေနဲ့တဲ့။
ကျွန်တော် အဲသည့်လို လုပ် ငန်းလုပ်တဲ့ ခြံကျယ်ကြီးတွေရဲ့ အပါးမှာ ဘယ်သူ့ကို မှန်းမသိ အခဲမကျေဖြစ်နေခဲ့မိဖူးပါတယ်။
(နှစ်)
ဟိုးတစ်ခါတုန်းဆီက စာ ဖတ်သူတို့ မှတ်မိကြဦးမလားမသိ ဘူး။
စီးပွားရေးလုပ်ငန်းတစ်ခုလို့ ပဲ ဆိုပါတော့။ သူတို့လုပ်ငန်းအ တွက် အရောင်းမြှင့်တင်တဲ့ ပရိုမိုး ရှင်း (Promotion) ကြော်ငြာကြီး တစ်ခု သတင်းစာထဲမှာပါလာတဲ့ အခါ စာဖတ်သူတွေ ကျွက်ကျွက် ညံသွားခဲ့တာလေ။
သူတို့ကြော်ငြာထားပုံက သူ တို့ ကုန်ပစ္စည်းကို ချစ်သူနှစ် ယောက်က အားပေးကြလို့ ကံစမ်း မဲပေါက်သွားတဲ့အခါ နှစ်ယောက် သား တစ်ညတာသွားပြီး အနားယူကြဖို့အတွက် ချောင်းသာကမ်းခြေ မှာ အခန်းတစ်ခန်းစီစဉ်ပေးမယ် ဆိုလား၊ အသွားအပြန်စရိတ်စက အပြီး တာဝန်ယူထားမှာဖြစ်ပြီး အဲသည့်လို ချစ်သူစုံတွဲက ဆယ်တွဲ လောက်ခေါ်သွားမှာဆိုလား။ ဇနီး မောင်နှံတွေကို လက်မခံဘဲ ချစ်သူအနေအထားသာရှိသေးတဲ့ သူ တွေကို ကံစမ်းမဲဖောက်ပေးတာ သာ ဖြစ်ကြောင်း ကြော်ငြာခဲ့တာ ကို တချို့စာဖတ်သူတွေ မှတ်မိနေကြလိမ့်မယ်လို့ ထင်ပါတယ်။
အဲသည့်ကံစမ်းမဲအစီအစဉ် အောင်မြင်သွားသလား၊ ပျက်ပြား သွားသလား ကျွန်တော်မသိပါဘူး။ဒါပေမဲ့ မီဒီယာပေါင်းစုံကနေ ၀ိုင်းဝန်းရှုတ်ချဆဲဆိုကာ ပက်ပက်စက်စက် ပျစ်ပျစ်နှစ်နှစ်ဝိုင်းပြောကြ တာကိုတော့ ကျွန်တော်မှတ်မိနေ ပါတယ်။
(သုံး)
လူဟာ ကိုယ်ရှင်သန်ဖို့ ကြိုး စားတဲ့အခါ ဘာကိုမှ ထည့်မတွက် ဘဲ လုပ်ချင်ရာလုပ်တာကို သည် နေ့ကမ္ဘာကြီးက ခွင့်မပြုတော့ပါ ဘူး။
People တဲ့။
Planet တဲ့။
Profit တဲ့။
အမြတ်အစွန်းက နောက်ဆုံး မှာပါ။ လူကိုထည့်တွက်ရပါ တယ်။ ကမ္ဘာကို ထည့်တွက်ရပါ တယ်။
မြတ်တော့မြတ်ပါရဲ့။ လူ တွေပျက်သွားတယ်။ ကမ္ဘာပျက် သွားတယ်။ ဒါကို သည်နေ့လူသားတွေက မနှစ်မြို့ပါဘူး။ ဒါကြောင့် လည်း အသက်ဘယ်လောက်ဆို စီးကရက်မရောင်းဘူးဆိုတာမျိုး၊ အရက်မရောင်းဘူးဆိုတာမျိုး၊ အခန်းထဲကို ၀င်ခွင့်မရှိဘူးဆိုတာ မျိုးတွေ ကန့်သတ်ထားခဲ့ကြလေ တာပေါ့။
(လေး)
ဆိတ်ကွယ်ရာမှာ အသိဉာဏ်နုံ့နဲ့သူတို့ မှောက်မှားလွယ်တတ် ကြပါတယ်။ အဲသည့် ဆိတ်ကွယ် ရာကို ရောင်းကုန်တစ်ခုအဖြစ် ဖန်တီးပြီး ပိုက်ဆံရှာတာဟာ လူငယ် တွေကို ဖျက်ဆီးတဲ့ စီးပွားရေးပါ။
လူငယ်တို့ရဲ့ အနာဂတ်ကို စိတ်ဝင်စားသူတိုင်း ဆန့်ကျင်ရ မယ်ဆိုတာပါပဲ။။
7daydaily