Latest News

Monday, July 25, 2016

ဧရာဝတီမြစ်ရေ ညောင်တုန်းမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိ

နေလင်း(ညောင်တုန်း)

ညောင်တုန်း ဇူလိုင် ၂၃ ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့ တွင်
ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၅ ပေအထက်ကျော်လွန်ကာ
ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက ၂၄ ပေသို့ ရောက်ရှိနေ ပြီဖြစ်သည်။

ညောင်တုန်းမြို့၏ ရေကာတာကို ၃ဝ ဒသမ ၅ ပေအထိ
အကြီးစားမြှင့် တင်ခြင်း ကို ဆောင်ရွက်ထားသော်လည်း
မြို့လူထု အနည်းငယ် စိုးရိမ်ပူပန်နေသော နေရာများ ဖြစ်သည့်
၁၉ လမ်း၊ ၂၂ လမ်း၊ ၂၆ လမ်း၊ ၃၆ လမ်းနှင့်
၃၈ လမ်းတို့တွင် ကမ်းမပြိုစေရေး အတွက်
လှိုင်းကာများ ၊ ရေကာ များ၊ ရေတောင်ဝှေးများ ပြုလုပ်ထားသည်။

ဧရာဝတီ မြစ်ရေမြင့်တက်နေ မှုကြောင့်
ညောင်တုန်းမြို့ ၁၁ လမ်း နှင့် ၁၂ လမ်းကြား၌
ရေအနည်း ငယ် စိမ့်ဝင်နေသဖြင့်
ဆည်မြောင်းဦးစီးဌာနက ပြုပြင်မှုများ ဆောင် ရွက်လျက် ရှိသည်။

ညောင်တုန်းမြို့နယ်
သဘာဝဘေးအ္တရာယ် ကာကွယ်ထိန်းသိမ်းရေးကော် မတီ နှင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊
ဌာနဆိုင်ရာများ ကလည်း
ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို
ညှိနှိုင်းဆောင် ရွက်ထားကြောင်း သိရသည်။

အန္တရာယ်ရှိနိုင်သော
စံကင်းကျွန်း ဘက်ခြမ်း တာဝကျေးရွာနှင့်
အခြား လိုအပ်သော နေရာများတွင် လည်း
ကာကွယ်ထိန်းသိမ်းရေးများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

MOI

No comments:

Post a Comment