Latest News

Monday, July 25, 2016

ရထားလမ်းကူးဂုံးကျော် (Level Crossing) များတွင် အန္တရာယ် ကင်း ရှင်းရေး မြန်မာ့ မီးရထား သွားလာ ပို့ဆောင်ရေးဌာန တိုင်းအမှတ်(၉)၌ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ


ဟင်္သာတ ဇူလိုင် ၂၅

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့တွင် မြန်မာ့မီးရထား သွားလာပို့ဆောင် ရေးဌာန၊ တိုင်းအမှတ်(၉)၌ မီးရထား သွားလာစဉ် ခဲနှင့်ပစ်ပေါက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာများဖြစ်ပေါ်ရခြင်းနှင့် ရထားလမ်းကူး ဂုံးကျော် (Level Crossing) များတွင် ပြည်သူများဖြတ်သန်း သွားလာရာတွင် အန္တရာယ်ကင်းရှင်း ရေးစီစဉ် ဆောင်ရွက် ထားရှိမှုများကို မီဒီယာများနှင့် တွေ့ဆုံ၍ ဇူလိုင် ၂၄ ရက် နံနက်က တိုင်းအမှတ်(၉)မန်နေဂျာရုံးတွင်အသိပေး ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထား သွားလာ ပို့ဆောင်ရေးဌာန၊ တိုင်းအမှတ်(၉) တိုင်းမန်နေဂျာဦးဇော်လွင်က မီးရထား ခုတ်မောင်းစဉ် ခဲနှင့်ပစ်ပေါက်မှုဖြစ်စဉ်များ မကြာခန ဖြစ်ပွားနေမှုကြောင့် အပြစ်မဲ့ ပြည်သူများ ဒဏ်ရာ အနာတရဖြစ်ပေါ်ခြင်းကြောင့် ယခုလိုမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ရထား ပို့ဆောင်ရေး လုပ်ငန်း ဥပဒေပုဒ်မ(၇၉) အပိုဒ်ခွဲ(၁)နှင့် ပုဒ်မ(၈၄)တွင် ဖော်ပြပါရှိသည့် ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်)အခြား တစ်စုံတစ်ရာ ပြုလုပ်ခြင်း အတွက် ပြစ်မှုစီရင် ခြင်းခံရလျင် အနည်းဆုံး(၅)နှစ်မှ အများဆုံးနှစ်(၂၀)ထက် မပိုသော ထောင်ဒဏ်ချမှတ် ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းနှင့် လည်းကောင်း ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ဥပဒေ၊ နည်းဥပဒေများကို မီးထား ဘူတာရုံများတွင် ဗီနိုင်းများချိတ်ဆွဲပြီး အသိပညာပေး ဆောင်ရွက်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေနိုင်ရန်
ဆောင်ရွက်လျက် ရှိကြောင်းကို ပြောကြားသည်။

ဆက်လက်၍ တိုင်းမန်နေဂျာက ရထားလမ်းကူးဂုံးကျော် (Level Crossing)များ၌ ရထားလာနေစဉ် အလေး မထားခြင်းမရှိပဲ လမ်ဖြတ်ကူးခြင်းကြောင့် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီယာဉ် အစရှိသည့်စက်တပ်ယာဉ်များနှင့် စက်ဘီး၊ လူများအား ရထားနှင့်တိုက်မိခြင်း ဖြစ်စဉ်များကို ရှင်းလင်းပြောကြားပြီး ရထား လမ်းကူး ဖြတ်ကျော်စဉ် အလျင်စလိုဖြစ်ကူးခြင်း၊ ဖုန်းစကားပြောခြင်း၊ နားကြပ်များဖြင့် သီချင်းနားထောင်ခြင်း တို့ကို ရှောင်သင့်ကြောင်း
ပြောကြားသည်။

ဆက်လက်၍ မြန်မာ့မီးရထား တိုင်းအမှတ်(၉)အတွင်းရှိ လူစည်ကားသည့် ပုသိမ်၊ ဟင်္သာတ၊ ကြံခင်း ဘူတာများတွင် “‘ရထားလမ်းကူး ဂုံးကျော်(Level Crossing) များ၌ ထိခိုက်၊ ဒဏ်ရာရသေဆုံးခြင်းများ မဖြစ်ပေါ် စေရေးအတွက် ခြေလျင်ဖြတ်ကူးသူများ၊ ယာဉ်အမျိုးမျိုးမောင်းနှင့် သူများ သတိပြု လိုက်နာရန်’’ သတိပေး ဆိုင်းဘုတ် ဗီနိုင်းများကို ထင်သာမြင်သာသော နေရာများတွင် ချိတ်ဆွဲထားရှိပြီး ဖြစ်ကြောင်း၊(Level
Crossing) အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်း စာစောင်များကို လူစည်ကားသည့် မီးရထား ဘူတာရုံများတွင် ဖြစ်ဝေးပေလျက်ရှိကြောင်း တိုင်း(၉)မန်နေဂျာက ပြောသည်။ မြန်မာ့မီးရထားတိုင်း အမှတ်(၉)နယ်မြေ တရားဝင်ဂိတ်(၅၅)ဂိတ်နှင့် တရားမ၀င် ဂိတ်(၂၀၅)ဂိတ်၊ စုစုပေါင်း(၂၆၀)ဂိတ်ရှိပြီးတွင် တရားမ၀င် ဂိတ်များတွင် ဂိတ်စောင့်ဝန်ထမ်းများ ထားရှိပေးနိုင်ခြင်း မရှိသေးသည့် အတွက် အဆိုပါ ဂိတ်များနှင့် နှီးစပ်သည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပြည်သူများအား အသိ ညာပေး ဆောင်ရွက်လျက် ရှိကြောင်းပြောသည်။

ဧရာဝတီ တိုင်းဒေသကြီးအခြေစိုက် မြန်မာ့မီးရထား သွားလာ ပို့ဆောင်ရေးဌာန၊ တိုင်း အမှတ်(၉) နယ်မြေတွင် အမြန်ရထား အစုန်(၂)စင်း၊ အဆန်(၂)စင်း၊ လော်ကယ်ရထား(၂)စင်း စုစုပေါင်းရထား(၆)စင်းဖြင့် ခရီးသွား ပြည်သူများအား မိုင်ပေါင်း(၃၃၀)ကျော် နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)

မြန်မာအစိုးရသတင်း

No comments:

Post a Comment