Latest News

Friday, July 29, 2016

မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် စိုးရိမ်ရေအမှတ်ကျော်လွန်လာပြီး သဲအိတ်များအဆင်သင့်ထားရှိ


မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် မြစ်ရေသည် ဇူလိုင် ၂၉-ရက်၊မွန်းတည့်ချိန်တိုင်းတာချက်အရ ၁၂၇၈-စင်တီ မီတာသို့ ရောက် ရှိနေပြီး စိုးရိမ်ရေအမှတ် ၁၂၆၀-အထက် ၁၈-စင်တီမီတာကျော်လွန်ပြီဖြစ်ပြီး မြို့တော်စည်ပင် သာယာမှ သဲအိတ်များနှင့် လူအင်အား အဆင်သင့် စီမံထားကြောင်းမြို့တော်စည်ပင်သာယာအတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။
၂၉-ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့တော်ဝန် နှင့် တာဝန်ရှိသူများက မြစ်ကမ်းဘေးတာရိုးများနှင့် သဲအိတ် များထားရှိရာသို့သွားရောက်ပြီး ကြည့်ရှုခဲ့သည်။
“သဲအိတ်တွေ စုဆောင်းထားတယ်။မြစ်ရေစိမ့်ပြီးနိုင်မယ့် ကတွတ်ပေါက်တွေ၊ချိုင့်ရှိတဲ့နေရာတွေမှာ လိုက် ကြည့်နေပြီး ရေစိမ့်လာတာနဲ့သဲအိတ်တွေဖို့ဘို့ လူအင်အားအဆင်သင့်လုပ်ထားတယ်။စိုးရိမ်စရာမရှိနိုင် ဘူးလို့ သုံးသပ်တယ်။”ဟု ၄င်းက ပြောသည်။
မြို့တော်စည်ပင်မှ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်လျက်ရှိပြီး မြို့နယ်၆-ခုတွင် သဲအိတ် ၃၀၀၀-စီနှင့် လူ အင်အား ၅၀-စီကို အဆင်သင့်ဖြစ်အောင်စီမံထားရှိပြီး အချိန်နှင့်အမျှ သတင်းထောက်လှမ်းလျက်ကာကွယ်
ရေးလုပ်ငန်များ အတွက်ဆောင်ရွက်ထားသည်ဟု ဆိုသည်။
“တစ်နာရီ တစ်ခါ မြစ်ရေမြင့်တက်နေလို့ ၂၈-ရက်ညပိုင်းမှာ စိုးရိမ်ရေအမှတ်ရောက်ခဲ့တယ်။မနက်ပိုင်းမှာ ၁၀-စင်တီမီတာကျော်လွန်ပြီး နောက် ၂-ရက်ခန့်မှန်းချက်အရ ၁၂၉၆ -ထိရှိနိုင်တယ်။မန္တလေးမှာ တာရိုး တွေက ခိုင်ခံ့လို့ စိုးရိမ်စရာ မရှိပါဘူး။နောက်ပိုင်းတွေမှာ မြစ်ရေကျသွားမှာပါ။"မိုး/ဇလ(မန္တလေး)ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းဇော်က ပြောသည်။
ယင်းကဲ့သို့ စိုးရိမ်ရေအမှတ်ကျော်လွန်သော်လည်း မန္တလေးမြို့၌မြစ်ရေအမှတ် ၁၀၀၀-စင်တီမီတာလောက် တွင် ရွေကြက်ယက်နှင့် ရှမ်းကလေးကျွန်း၊ညောင်ကွဲ စသည့်အနိမ့်ပိုင်းရပ်ကွက်များ၌ ရေ၀င်လျက်ရှိကြောင်း သိရ သည်။
“မြစ်ကြီးနားဘက်က ရေက အောက်ပိုင်းကို ဆင်းလာရင် နောက် ၄-ရက်လောက်မှာ မန္တလေးရောက် လာမယ်။ မြစ်ရေကြီးချိန်မှာကမ်းပြိုတာတွေမရှိတော့ဘဲ ရေကျရင်တော့ ကမ်းပြိုတာတွေ ဖြစ်လာမယ်။”ဟုရေအရင်း အမြစ်ဌာနမှ လက်ထောက်ဦးစီးမှူးဦးကျော်မြင့်သန်းက ပြောသည်။
မန္တလေးဆိပ်ကမ်းတွင် မွန်းတည့် ၁၂-နာရီခွဲ မြစ်ရေတိုင်းတာချက်များမှာဇူလိုင် ၂၆-ရက်က ၁၂၂၁-စင်တီ မီတာ၊၂၇-ရက်က ၁၂၃၄-စင်တီမီတာ၊နှင့်၂၈-ရက်တွင် ၁၂၅၄ စင်တီမီတာသို့ရောက်ရှိခဲ့ပြီး၊သြဂုတ်လ ပထမပတ် မိုး/ဇလထုတ်ပြန်ချက်တွင် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေသည် ပခုက္ကူ၊ညောင်ဦး၊ဟသာင်္တ
နှင့်ဇလွန်မြို့များတွင် စိုးရိမ်ရေအမှတ်အထက် တစ်ကြိမ်စီရောက်ရှိနိုင်ကြောင်းသိရသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment