Latest News

Monday, July 25, 2016

ဧရာဝတီတိုင်း ငပုတောမြို့နယ် စပါးကြီးကျေးရွာအုပ်စု ဘုတ်ပင်ဆိပ်ရွာ ချောင်းကူးတံတား၏ အရုဏ်ဦး ။



1993 ခုနှစ်လောက်ဆီက ကြွေချိုင်ကျေးရွာအုပ်စု နတ်မော်ကျေးရွာအုပ်စု စပါးကြီးကျေးရွာအုပ်စု ပန်းမော်ကျေးရွာအုပ်စု ကွင်းဘက်ကျေးရွာအုပ်စု များမှ မပါမနေရ တာဝန်ဖြင့် ဗိုလ်မှူးသောင်းထိုက် (တပ်ရင်း မမှတ်မိ) ၏ ဦးဆောင်မှုဖြင့် ဤတံတားကို အချင်း ၁၅ပေ ရှိသော ခြံထဲတွင် ကျောက်ခဲများကို ထည့်ပြီး တံတားကို တိုင်အဖြစ် သုံးပြီး သစ်သားကြမ်းခင်းဖြင့် ကိုယ်ထူကိုယ်ထ တံတားကြီးကို တည်ဆောက်ခဲ့ကြပါသည် ။
၁၅ပေ အချင်းရှိသောတိုင်အဖြစ်သုံးထားသော ကျောက်ပုံ ခြံကြီးများရေတိုက်စားမှုများဖြစ်ပြီး ၂နှစ် ၃နှစ် အကြာ ပျက်စီး လာမှုကြောင့် ၁၉၉၇ (ခန့်မှန်း) တွင် ယခု ပုံပါလက်ရှိ တံတားကြီးကို ကျေးရွာအုပ်စုများမှ စုပေါင်းတည်ဆောက်ကြရပြန်ပါသည် ။ တံတားကို ပြန်လည်တည်ဆောက် နိုင်ရန် ထိန်းသိမ်းနိုင်ရေးအတွက် ပထမ နှစ်များတွင် တံတားကို ဖြတ်ကျော်ရသော စက်လှေများထံမှ ငွေကောက်ခံခြင်း နောက်ပိုင်းနှစ်များတွင် မောင်းတံ ဖြင့်တားပြီး ဆိုင်ကယ်များကို ကောက်ခံခဲ့ပြီး 2010 ခုနှစ်နောက်ပိုင်းတွင် မောင်တံကို ဖြုတ်ပြီး ကောက်ခံမှုများ မလုပ်ကြတော့ပါ ။ ထိုအချိန်မှ စပြီး ပြင်ဆင်ရင် ခက်ခဲ လာပါ၍ ဘုတ်ပင်ဆိပ် ရွာသူရွာသားများ မှ ပြင်ဆင် နေကြရာမှ 24.5.2016 တွင် တောင်ကျရေဖြင့် တံတားအလျှားပေ၁၀၀ ခန့် ရေထဲ မျာပါခဲ့ပါသည် ။

ယခုအခါ စက်လှေကူးတို့ဖြင့်ပို့နေရာ အခက်အခဲ များစွာ ဖြစ်နေကြရပါသည် ။ 22.7.2016 ရက်န့တွင် ဘုတ်ပင်ဆိပ်ရွာမှ ကိုသန်းထိုက် ဦးဆောင်သူ လူငယ် (၁၁) ဦးမှ တာဝန်ယူ ပြင်ဆင်မှုများကို ပြုလုပ်နေကြရာ ရွာသူရွာသား ကလေးသူငယ်များပါမကျန် ပုံပါအတိုင်းစည်းလုံးညီညွတ်စွာ ပြင်ဆင်နေကြပုံ မှာ ကြည်နူးစရာကောင်းလှပါသည် ။အလျှူငွေထည့်ဝင်သူများနှင့် စနစ်တကျ သုံးစွဲ ငွေစာရင်းများပြန်လည်ရှင်း ပေးမှာလည်းဖြစ်တယ် လို့ သိရပါသည်။

25.7.2016 ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဦးသန်းအောင် ၏ Ani Htet's facebook တွင် ပြည်ထောင်စု အစိုးရ၏ ကျေးလက်ဦးစီးဌာန ရန်ပုံငွေ ကျပ် သိန်းတစ်ရာ ဖြင့်ပြန်လည် ပြင်ဆင်ပေးမည်ဖြစ်ကြောင်းသိရပါသဖြင့် များစွာအံ့ဩ ကျေနပ် နေကြပါသည် ။ ဤတံတားမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမ ဆုံးအကြိမ် အစိုးရ၏ ထောက်ပံ့ပြင်ဆင်မှုများနှင့် ဂုဏ်ယူစွာ လျှောက်ကြမည့် ဒေသခံ ပြည်သူများ မှ ခြေထောက်များကို နံ့သာရည်ဖြင့်ဆေးပြီး သကာလ တံတားကြီးပြီးမည့်အချိန်ကို စောင့်စားရင်း ကိုခိုင်ထူး ရဲ့ " အခုညတော့အိပ်နိုင်မယ်မထင်ဘူး " သီချင်းကို သီဆိုနေကြမှာ သေချာပါသည် ။
တက်ညီလက်ညီဆောင်ရွက်ပေးကြပါသော ဦးသန်းအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးစိုးမိုး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ဦးဖြိုးဇော်ရွှေ(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) တို့နှင့်အတူ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဒေသခံ များကိုယ်စား ပြောကြားလိုပါသည်။

ဓာတ်ပုံ Panti /Maung ko ko
U Win Soe




No comments:

Post a Comment