Latest News

Tuesday, January 23, 2018

အမေရိကန် အစိုးရယန္တရား ပြန်လည် လည်ပတ်ပီ။


မနေ့နှောင်းပိုင်းက အထက်လွှတ်တော်မှာ ဖေဖေါ်ဝါရီ (၈)ရက်နေ့ထိ အစိုးရအတွက်
ရေတိုအသုံးစရိတ်ချပေးဖို့နဲ့ဒါကာ(DACA)အစီအစဉ်ကိုလည်း လာမယ့်အပတ်မှာ
မဲပေးကြဖို့ နှစ်ဖက်ပါတီ သဘောတူညီမှုရပီး၊ အောက်လွှတ်တော်ကပါ သဘောတူလို့၊
သမတ က လက်မှတ်ရေးထိုးလိုက်တဲ့အတွက် ဒီကနေ့ (အင်္ဂါ)နေ့ကစပီး (၃)ရက်ကြာ
ရပ်တန့်နေတဲ့ အစိုးရယန္တရား ပြန်လည် စတင် လည်ပတ်ပါပီ။

ဒါပေမဲ့ ဒါက ရေရှည်ခံမခံဆိုတာတော့ ပိတ်ကားပေါ် ဆက်လက်စောင့်ကြည့်နေရအုန်းမှာပါ။

အဓိက ထိပ်တိုက်တွေ့နေတဲ့ ကိစ္စကြီး ၂ခုဖြစ်တဲ့...

အစိုးရရဲ့ရေရှည်အသုံးစရိတ် ဘတ်ဂျက်နဲ့ ဒါကာ(DACA) အစီအစဉ်ကို မီးစိမ်းပြဖို့
နှစ်ဖက်ပါတီ အမတ်တွေ ဆွေးနွေးညှိနှိုင်း၊ မဲခွဲကြရအုန်းမှာပါ။

ဒီကိစ္စ ၂ခု သဘောတူညီမှု မရဘူးဆိုရင်တော့ ပြန်ရပ်အုန်းမယ့် အလားအလာတွေလည်း
ရှိနေပါသေးတယ်။
စောနောင်

No comments:

Post a Comment